စစ်ပွဲမတိုင်ခင် အနားယူမူ…
Vol. 44 Ch. 659
မှော်ဆရာ ပြောလိုက်တဲ့..နှလုံးသား အသစ်က အထိုင်ကျဖို့ အချိန်လိုအပ်တယ်ဆိုတဲ့ စကားကို ဆန်နီ အပြည့်အဝနားမလည်ခဲ့ပေ..။ရုပ်ပိုင်းဆိုင်ရာ အရ သူက အဆင်ပြေပါတယ်..။ကောင်းမွန်နေတယ် လို့တောင် ပြောလို့ရတယ်..။သူ့ရဲ့ နှလုံး နှစ်ခုစလုံးက သူ့ရဲ့ ရင်ဘတ်မှာ မြဲမြံစွာ ခုန်နေကြပြီး..မရပ်မနားအလုပ်လုပ်နေကြတဲ့ စက်တွေလိုပါပဲ..။သို့ပေမယ့်..အိပ်မက်ဆိုးနဲ့ တိုက်ပွဲပြီးကတည်းက သူက ဘယ်ဖိအားကိုမှ မရင်ဆိုင်ခဲ့ရတာကြောင့်..အရေးကြုံလာတဲ့ အချိန်ကြရင် သူတို့က ဘယ်လိုတုန့်ပြန်လာကြမလဲ ဆိုတာကို မသိရှိရသေးပေ..။
သူ့ရဲ့ နှလုံးက မကြာခနပေးအပ်ခဲ့တဲ့ ကြောက်မက်ဖွယ်နာကျင်မူကို ပြန်တွေးကြည့်မိသွားတဲ့ အချိန်မှာတော့..ဆန်နီဟာ..အင်မော်တယ် ပြောတဲ့စကားကို နားထောင်ပြီး သူ့ကိုယ်သူ ရက်အနည်းငယ်လောက် အနားယူဖို့ လုပ်လိုက်ပါတယ်..။
ဘာပဲဖြစ်ဖြစ်..သူက အနားယူဖို့ လိုအပ်နေခဲ့တာပါ..။
သူ့ ရဲံ ခန္တာကိုယ်က ကောင်းမွန်နေခဲ့ပြီ ဆိုပေမယ့် သူ့ရဲ့ စိတ်က အဲလောက်ကြီး ခံနိုင်ရည် ရှိနေသေးတာ မဟုတ်ပါဘူး..။သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပုံမှန်မဟုတ်သေးဘူးလို့ ဆန်နီ ခံစားနေခဲ့ရတယ်..။သို့ပေမယ့်..ထူးဆန်းစွာပဲ..သူ ထင်ထားသလောက်လည်း ဆိုးဝါးနေခဲ့တာ မဟုတ်ပါဘူး..။
အယ်ယက်နဲ့ တူတူ အနီရောင် တိုက်ပွဲကွင်းပြင်မှာ နှစ်လလောက်..ငရဲခန်းတစ်ခုကို ဖြတ်သန်းခဲ့ရမူ ၊ သူတို့ရဲ့နောက်ပိုင်း လွတ်မြောက်မူ ၊ နဲ့ လူငယ်လေးရဲ့ သေဆုံးမူတွေက..ဆန်နီကို ထုံထိုင်းပြီး အတော်ကြာအောင် စိတ်မပါ လက်မပါ ဖြစ်နေစေခဲ့ပါတယ်..။သူက စိတ်ခံစားချက်တွေ အများကြီး မပါဝင်ပဲ..ရိုးရှင်းတဲ့ ပန်းတိုင်တစ်ခုကို ရောက်အောင် သွားခဲ့တယ်..။မျှော်လင့်ချက် နိုင်ငံအတွင်းမှာ ခရီးသွားနေတုန်း အမှောင်ထု အတွင်းမှာပဲ ပုန်းခိုနေခဲ့တယ်..။သူက အရမ်းကို နာကျင်ပြီး ခံစားခဲ့ရတာကြောင့် ဘာကိုမှကို မခံစားရတော့ပါဘူး..။
အရမ်းကို ထိခိုက်ခံရပြီး ခံစားနေရတဲ့ အချိန်မှာတောင်..သူက အဆုံးမရှိတဲ့ အိပ်မက်ဆိုးထဲကို ပို့ဆောင်ခြင်းခံရပြီး..ထိပ်လန့်ဖွယ်ရာ နိုပ်စက်မူတွေကို ထပ်ခါထပ်ခါ ခံစားရဖို့အတွက် တွန်းအား ပေးစေခဲ့ပါတယ်..။အဲ့အချိန်မှာတော့..ဆန်နီက လုံးဝ ကျိုးပဲ့သွားနိုင်ပေမယ့် အမှတ်မထင်စွာပဲ.. သူက ပြတ်သားတဲ့ စိတ်ဆန္ဒတွေ အတော်လေး များပြားနေတာကို တွေ့လိုက်ရပါတယ်..။
ဒီပြတ်သားမူတွေကပဲ… သူ့ကို စိုးမိုးနေတဲ့ ထိုင်းမိုင်းလေးလံမူတွေကို ပျောက်ပျက်စေပြီး..မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးတွေကို ခံနိုင်ရည် ရှိစေတာပါ..။ဒီအရာက…သူ့ကို ဘယ်အိပ်မက်ဆိုးမှ မကျန်တော့တဲ့ အထိအောင် တိုက်ခိုက်နိုင်စေခဲ့တယ်..။ဒီအရာက ကြောက်မက်ဖွယ်ရာနှစ်ခုကို တိုက်မိစေပြီး..သူ့ကို ကျန်းမာတဲ့ အခြေအနေတစ်ရပ်ကို ရောက်အောင် တွန်းပို့နိုင်ခဲ့တယ်..။
ဒါမှမဟုတ်..သူက ဆိုဗန်ရဲ့ လက်နဲ့ နာကျင် ခါးသက်စွာ ရှုံ့နိမ့်ခဲ့ရပြီး အိပ်မက်ဆိုးတွေထဲမှာ ပြန်လည် အနိုင်ရယူနိုင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်..။ဒီအောင်ပွဲက ..အတော်လေးကို ပေးဆပ်ခဲ့ရပေမယ့်..ပထမအကြိမ်ရှုံးနိုမ့်မူကို ပြေပျောက်စေခဲ့ပါတယ်..။
ကောင်းပြီလေ…ကျန်းမာတယ်ဆိုတာက ပြင်းထန်တဲ့ စကားတစ်လုံးပဲ..။သူ လုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာကပဲ ပိုပြီး သင့်တော်လိမ့်မယ်..။
တစ်ချို့ မပျောက်ကင်းနိုင်သေးတဲ့ ဒဏ်ရာတွေကိုတော့ သူ့ စိတ်ထဲမှာ ခံစားနေရတုန်းပါပဲ..။တစ်ခါတစ်ရံမှာ သူတို့ရဲ့ တည်ရှိနေမူကို သူ ခံစားနေခဲ့ရတဘ်..။ပြီးတော့..မျှော်လင့်ချက်ရဲ့ မမြင်နိုင်တဲ့ အဆိပ်တွေကလည်း..ထပ်မံပေါင်းစပ်နေခဲ့ပါသေးတယ်..။
…သူတို့ မနက်ခင်း စားသောက်ရင်း စကားပြောကြအပြီးမှာတော့…နိုတစ်က သူ့ကို ဇိမ်ခံအခန်းတစ်ခန်းမှာ နေဖို့ ကမ်းလှမ်းခဲ့တယ်..။သို့ပေမယ့်..ဒီလို ထူးဆန်းတဲ့ မှော်ဆရာရဲ့ အနားမှာ နေတာကငြိမ်ချမ်းစွာ အနားယူဖို့ အတွက် အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးလို့ ဆန်နီ ခံစားနေခဲ့ရပါတယ်..။ဒီတော့ သူ ယဉ်ကျေးစွာပဲ ငြင်းဆန်ခဲ့တယ်..။အဆုံးမှာတော့..သူက ကျောက်တိုင်တွေနဲ့ မျက်နှာချင်းဆိုင်နေရာတစ်ခုမှာသာ..နေရာပေးခြင်း ခံခဲ့ရပါတယ်..။ဒီနေရာက အနာဂတ်မှာ သူနေခဲ့တဲ့ သေးငယ်တဲ့ အခန်းလေးရဲ့ အနီးနား လေးမှာပါပဲ..။
သူ့ရဲ့ အခန်းအသစ်က အတော်လေးကို ကြီးမားပြီး..ကောင်းမွန်တဲ့ ပရိဘောဂတွေလည်း ရှိနေခဲ့တယ်..။ဒါက အတော်လေး သက်သောင့်သက်သာရှိပြီး..လှပကာ..လုံခြုံမူရှိပါတယ်…။သို့ပေမယ့်..ဆန်နီကတော့ အခန်းထဲမှာ အချိန်အကြာကြီး နေနေရတာကို သဘောမကြပေ..။ကျောက်တုံးနံရံတွေ ဝန်းရံထားတဲ့ နေရာတစ်ခုမှာ နေရတာက..သူ့အတွက်တော့..အနီရောင် အဆောက်အဦးကို ပြန်လည်အမှတ်ရစေပါတယ်..။သူက နေရက်တွေရဲ့ အချိန်အများစုကိုတော့…မြင့်မြတ်နယ်မြေရဲ့ အတွင်းဖက် ဉယျာဉ်မှာသာ အချိန်ကုန်ဆုံးလေ့ရှိပါတယ်..။
လဘုရားကျောင်းမှာ နေထိုင်ကြတဲ့ လူတွေကတော့..သူတို့ကြားထဲမှာ ဦးချိုနဲ့ နတ်မိစ္ဆာတစ်ကောင် လမ်းလျောက်နေတာနဲ့ ပတ်သက်ပြီး..စိတ်အနှောက်အယှက်ဖြစ်ကြတဲ့ ပုံမရှိပါဘူး..။ဒါက နိုးထခြင်းကမ္ဘာမှာရှိနေတဲ့ လူတွေရဲ့တုန့်ပြန်မူလိုပါပဲ..။အထူးသဖြင့် သူတို့က ဆန်နီဟာ..နိုတစ်ကိုယ်တိုင်နဲ့အတူ ရောက်လာခဲ့တယ် ဆိုတာကို သိထားခဲ့ကြတာပါ..။သို့ပေမယ့်..သူတို့က..နေရထိုင်ရခက်ခဲကာ..စိုးရိမ်ကြောင့်ကြမူ တစ်ချို့တော့ ရှိနေဆဲပါပဲ..။အဆုံးမှာတော့..ဆန်နီဟာ..လူတွေက သူ့ကို တတ်နိုင်သမျှရှောင်နေကြတယ် ဆိုတာကို သတိထားမိလိုက်တယ်..။ဒါက သူ့အတွက်လည်း သင့်တော်ပါတယ်..။
မလိုအပ်ပဲ တစ်ခြားဘယ်သူ့ကိုမှ မနှောက်ယှက်ချင်တာကြောင့်..သူက ဉယျာဉ်ရဲ့ လူနည်းတဲ့ ထောင့်တစ်နေရာမှာသာ..အချိန်ကုန်ဆုံးလေ့ရှိပါတယ်..။တိုက်ဆိုင်စွာပဲ..ဒီနေရာက ဆန်နီ အရင်က..ဝိဉာဉ်အမြုတေတွေ ရောင်းချခဲ့တဲ့ နေရာတစ်ခု ဖြစ်နေခဲ့တယ်..။စိတ်မကောင်းစရာက..သူ အကြိုက်ဆုံး ကျောက်တုံးကို အခုချိန်မှာ..ခန္တာကိုယ်နဲ့ ပုံပျက်နေတဲ့ မျက်နှာတစ်ခုလုံးကို ညစ်ပတ်တဲ့ ပတ်တီးတွေနဲ့ စည်းထားခဲ့တဲ့ အနာကြီး ရောဂါသည် တစ်ယောက်က နေရာယူထားခဲ့တာပါ..။
အိုး..ကောင်းပြီလေ…ဘဝက အမြဲတမ်းပြီးပြည့်စုံနေတာမှ မဟုတ်တာ..။
ပထမဆုံး ဆန်နီဟာ..အနာကြီး ရောဂါသည်နဲ့ မီတာ အနည်းငယ်ဝေးတဲ့နေရာမှာ ထိုင်ချလိုက်တယ်..။သူက လက်လေးချောင်းပါဝင်တဲ့ မွန်းစတားကို တစ်ချက်ကြည့်လိုက်ပြီး..ခနလောက်တွေဝေနေပြီးကာမှ..ဆိုးဝါးပြီး အက်ကွဲနေတဲ့ လေသံနဲ့ မေးလာခဲ့ပါတယ်..။
“မင်းက ဘယ်လို သတ္တဝါမျိုးလဲ..”
ဆန်နီဟာ.. အနာကြီးရောဂါသည်ကို ကြည့်လိုက်တယ်..။သူက အမှန်တကယ်စကားပြောချင်စိတ် မရှိပေမယ့်လည်း..မြစိမ်းရောင် အဆောင်ကိုထုတ်ယူကာ..ပြန်ဖြေလိုက်ပါသေးတယ်..။
“နတ်မိစ္ဆာတစ်ကောင်…။မင်းကရော ဘယ်လို သတ္တဝါမျိုးလဲ..”
ရောဂါသည်ဟာ..ပြုံးလိုက်တယ်..။ဒါက သူ့ရဲ့ မျက်နှာကို ဖုံးအုပ်ထားတဲ့..ပတ်တီးတွေအောက်ကနေ.. ပြည်တည်နာ အရည်တွေ စီးကျလာစေခဲ့ပါတယ်..။
“…မသန်စွမ်းတစ်ယောက်..”
ဆန်နီ လူကြီးကို လေ့လာကြည့်လိုက်တယ်..။ယင်းနောက် မျက်နှာရှုံ့မဲ့ပြီး စိတ်မပါစွာ မေးလိုက်ပါတယ်..။
“မင်းမှာ ရှိနေတဲ့ အရာတွေက ဘာပဲဖြစ်ဖြစ်..ငါ့ကိုတော့ မကူးစက်နိုင်ဘူးမလား..ဟုတ်တယ်နော်…”
ရောဂါသည်ဟာ..အသံထွက်သည်အထိ ရယ်မောနေခဲ့တယ်..။
“..ဟင့်အင်..ငါက ရောဂါဖြစ်နေတာ မဟုတ်ဘူး..။ဒီတိုင်း မီးလောင် ခံထားရတာ..”
ဆန််နီ အနည်းငယ်စိတ်ဝင်စားသွားခဲ့ပြီး ပုခုံးကို တွန့်ကာ..တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
ဒီတော့..မသန်စွမ်းက..အမှန်တကယ် အနာကြီးရောဂါသည်တစ်ယောက် မဟုတ်ဘူးပေါ့..။သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက မီးလောင်ခံထားခဲ့ရတာဖြစ်ပြီး..သူ့ကို ဖုံးအုပ်ထားတဲ့ ညစ်ပတ်နေတဲ့ ပတ်တီးတွေကလည်း တစ်ချိန်တုန်းက အဖြူရောင် ဖြစ်ခဲ့ကြတဲ့ပုံပါပဲ..။သူက ဆင်စွယ်ရောင် မြို့ကနေ…မြင့်မြတ်နယ်မြေကို ရောက်လာခဲ့တာ ဖြစ်နိုင်ပါတယ်..။နေနတ်ဘုရားရဲ့ ခံတပ်မြို့တော်က မြို့သားတစ်ယောက်ဟာ ဘယ်လိုဖြစ်ပြီး..မီးလောင်ကျွမ်းခံရတာကို သူ သိချင်ရဲ့လား ဆိုတာကို ဆန်နီ မသေချာပေ..။
…သူတို့ရဲ့ အရှင်သခင်က သူ့ကို ဘယ်လိုနိုပ်စက်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး အခုချိန်အထိ..သူ့ရဲ့ စိတ်ထဲမှာ..လတ်လတ်ဆတ်ဆတ်ရှိနေတုန်းပါပဲ..။
ပြီးတဲ့နောက်မှာတော့..သူတို့နှစ်ယောက်က စကားမပြောကြတော့ပဲ ..တိတ်ဆိတန်ပြီးသာ နေလိုက်ကြတယ်..။
သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လှပတဲ့ ဉယျာဉ်ရဲ့ ဘာမှမရှိတဲ့ ထောင့်နေရာတွေကို ကြည့်ရင်း..၊ ဖြတ်သန်းနေကြတဲ့ လူသားတွေရဲ့ ဝေးကွာသွားတဲ့ ပုံရိပ်တွေကို ကြည့်ရင်း..ဆန်နီဟာ..အကူအညီမဲ့စွာပဲ..အကယ်ဒမီမှာ ဖြတ်သန်းခဲ့ရတဲံ သူ့ရဲ့ ပထမနေ့ကို ပြန်အမှတ်ရလိုက်ပါတယ်..။အဲဒီမှာတုန်းက စွန့်ပစ်ခံနှစ်ယောက်ဖြစ်တဲ့ သူ နဲ့ ကတ်စီ တို့က အခုလိုမျိုးပဲ..တစ်ခြား အိပ်စက်သူတွေရဲ့ ဖယ်ကျဉ်ခြင်းကို ခံစားခဲ့ရတာပါ..။
ရုတ်တရက် ဝတ်လာတဲ့ စိတ်မကောင်းဖွယ် ခံစားချက်ကြောင့်..သူက မြစိမ်းရောင် ကျောက်ကို အဝေးမှာထားရင်း တွေးလိုက်တယ်..။
‘တစ်ချို့အရာတွေက ပြောင်းလဲလို့ မရဘူး..ဟုတ်တယ်မလား.’
..ဒါပေါ့..ရွံစရာကောင်းတဲ့ အနာကြီး ရောဂါသည်တစ်ယောက်နဲ့စာရင်..သူက လှပတဲ့ မျက်မမြင်တစ်ယောက်နဲ့ အဖော်ပြုရခြင်းကိုသာ ပိုပြီး နှစ်သက်မိပါတယ်..။သံသယဖြစ်စရာမလိုအောင်ပဲ..အနာကြီးရောဂါသည်ကလည်း..ကြောက်မက်ဖွယ် အသွင်အပြင်နဲ့ နတ်မိစ္ဆာတစ်ကောင်ထက်..ကတ်စီလို လူတစ်ယောက်နဲ့သာ အဖော်ပြုပြီး နေလိုမှာ အမှန်ပါပဲ..။ဒီလို နှစ်ဖက်မျှပြီး တွေးတောမှသာ မျှတမှာပါ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..ဒီအတွေးတွေကို ခေါင်းထဲကနေ ထုတ်လိုက်တယ်..။ပြီးတာနဲ့ မျက်လုံးတွေကို မှိတ်ပြီး တရားထိုင်ဖို့ ကြိုးစားလိုက်ပါတယ်..။
နှစ်ပတ်…ဒီအချိန်ကာလအတွင်းမှာ..သူက နီးကပ်လာပြီးဖြစ်တဲ့ ဖျက်ဆီးအားပြင်းတဲ့ စစ်ပွဲတစ်ခုရဲ့ ငရဲ အတွက် ပြင်ဆင်ထားရတော့မှာပါ..။