← Chapters

ရင်းနှီးသော မြင်ကွင်းများ..

Vol. 44 Ch. 646

ရင်းနှီးသော မြင်ကွင်းများ..

Vol. 44 Ch. 646

အင်မော်တယ် မှော်ဆရာကို ငြင်းဆန်တာက ဉာဏ်ရှိတဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာကို နားလည်လိုက်တဲ့ ဆန်နီဟာ..အိပ်ယာပေါ်ကနေ ကုန်းရုန်းထလိုက်ပြီး တစ်ခနလောက် တွေဝေနေခဲ့ပါတယ်..။အဲ့အချိန်မှာပဲ သူက လုံးဝကို ကိုယ်တုံးလုံးဖြစ်နေတာကို သတိထားမိလိုက်တယ်..။အနီရောင် တိုက်ပွဲကွင်းပြင် နဲ့..နောက်ပိုင်း အနက်ရောင် မြင်းနဲ့ တိုက်ပွဲတွေမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေက သူ့ရဲ့ အညိုရောင် အသားအရေကို အမာရွတ်တွေနဲ့ ပြည့်နှက်နေစေခဲ့တယ်..။ကြွက်သားတွေကလည်း အမြောင်းလိုက် ..အမြောင်းလိုက် ရှိနေခဲ့ပါတယ်..။

နိုတစ်က သူ့ကိုရယ်စရာ အခြေအနေမျိုးအဖြစ် လှမ်းကြည့်လိုက်ပြီးမှ..လည်ချောင်းရှင်းလိုက်ကာ..ကုလားထိုင်နောက်မှာ ချိတ်ထားတဲ့..အနက်ရောင် ကီမိုနို တစ်ထည်ကို လက်ညိုးထိုးပြလိုက်တယ်..။ဒီဝတ်စုံကို ပိုးချည်နဲ့ ရက်လုပ်ထားပြီး..သူနဲ့ ပြီးပြည့်စုံစွာ ကိုက်ညီမူ ရှိနေခဲ့ပါတယ်..။ဒါက လက်နှစ်ဖက် ပါရမယ့်အစား..လက်လေးဖက်တောင် ရှိနေခဲ့တယ်..။ဒါကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က သူ့အတွက် သီးသန့်ချုပ်ပေးထားတယ် ဆိုတာကို သိနိုင်ပါတယ်..။

သူ့ရဲ့ ကြမ်းတမ်းတဲ့ အရည်ပြားပေါ်ကို..ပိုးထည်စရဲ့ အေးမြပြီး နူးညံ့တဲ့ အထိအတွေ့ ကျရောက်လာတာကို ခံစားရင်း..သူက ကိုယ်တုံးလုံးဖြစ်နေတာကို ဖုံးကွယ်လိုက်ပါတယ်..။သူ့ရဲ့ ခါးမှာ ခါးပတ်ကို ပတ်လိုက်ပြီး..လည်သာ ကြိုးသိုင်းဖိနပ်တစ်စုံကို စီးလိုက်တယ်..။

နတ်မိစ္ဆာတစ်ကောင် ရဲ့ အသွင်သဏ္ဍာန်ထက် ..လူသားတစ်ယောက်ရဲ့ ပုံစံကို ပြန်ခံစားရင်း..သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို အနက်ရောင် သားရေကွင်းနဲ့ ချည်နှောင်လိုက်ကာ..နိုတစ် နောက်ကို လိုက်လာခဲ့ပါတယ်..။

သူတို့ အပေါ်ထပ်ကို တက်နေတုန်းမှာတော့..မှော်ဆရာဟာ..အကူအညီမဲ့စွာပဲ..သူ့ကို အကြိမ်အနည်းငယ် ကြည့်နေခဲ့တယ်..။ပြီးတာနဲ့..အဓိပ္ပာယ်မရှိတဲ့ အရာတစ်ချို့ကို တီးတိုးရေရွတ်နေလေ့ရှိပါတယ်..။

“…အံ့ဩစရာပဲ…အံ့မခန်းပဲ…။ငါ့အသားအရေက..မျှော်လင့်ချက် ဘုရင့်နိုင်ငံမှာ အဖြူဆုံးဆိုတာ သံသယဖြစ်စရာမ လိုတော့ဘူး..။ဒါပေမဲ့ ..အာ..အနက်ရောင်က ငါနဲ့ မလိုက်ဖက်ဘူး..။ငါက အနက်ရောင် ဝတ်ရင်းနဲ့လည်း သေဆုံးမှာ မဟုတ်ဘူး..။ဒါမှမဟုတ်..အသက်ရှင်နေတုန်းမှာလည်း ဝတ်မှာ မဟုတ်ဘူး.။ဒါပေမဲ့..ဒါကတော့ တကယ်အကောင်းဆုံးပဲ..။နောက်ဆုံးမှာ ငါ ယူလာခဲ့တဲ့ ဒီ ညပိုးချည်ကို တရားမျှတမူ ယူပေးမယ့်လူကို တွေ့ခဲ့ပြီလေ..။တကယ်ပဲ..အဲတာကိုတော့ သံသယဖြစ်စရာ မလိုတော့ဘူး..”

ဆန်နီဟာ..အင်မော်တယ် အထွတ်အထိပ်အဆင့်ကို စိုးရိမ်နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်..။

ဒီလူက ရူးနေတယ်ဆိုတာ သိသာပါတယ်..။နောက်ထပ် အရူးတစ်ယောက်…

“ဘာလို့ ဒီ သောက်ကျိုးနဲ အိပ်မက်ဆိုးထဲမှာ ရှိတဲ လူတိုင်းက ရူးသွပ်နေကြတာလဲ..’

သူတို့က သဘော်ပျံရဲ့ အပေါ်ထပ်ကို လမ်းလျောက်သွားနေတဲ့ အချိန်မှာတော့..ဆန်နီဟာ..ရင်းနီးတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရတယ်..။အဓိက ရွက်တိုင်ရဲ့ ပတ်ဝန်းကျင်မှာတော့ လှပတဲ့ သစ်ပင်တစ်ပင်က ပေါက်ရောက်နေခဲ့ပါတယ်.။သူ့ရဲ့ အကိုင်းအခတ်တွေက သဘော်ကို အေးမြတဲ့ အရိပ်တွေ အဖြစ်ဖန်တီး ပေးထားခဲ့တယ်..။သစ်ပင်ရဲ့ အခေါက်တွေက ဆင်စွယ်ရောင်လိုဖြူနေပြီး..သူ့ရဲ့ အရွက်တွေက မြစိမ်းရောင်လို ဖြစ်နေခဲ့တယ်..။

အနာဂတ်မှာရှိခဲ့တဲ့ သဘော်ပျံ နဲ့ အခု သူမြင်နေရတဲ့ မူလ သစ်ပင် တွေရဲ့ ကွာခြားချက်ကတော့..ဒီတစ်ခုက ပိုရှည် ၊ ပိုသန်မာပြီး..ပိုရှေးကျနေခဲ့တာပါပဲ..။

အခုက ဆန်နီက နှလုံးသားနတ်ဘုရားရဲ့ ဆိုးယုတ်မူ တောအုပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီ ဆိုတော့..လွယ်ကူစွာပဲ သူ့ရဲ့ မူလအခြေအနေကို မှတ်မိသွားခဲ့တယ်..။

..သူ အဖိုးအိုအဖြစ် မွေးဖွားခဲ့တဲ့ အိပ်မက်ဆိုးကို ပြန်မှတ်မိသွားတဲ့ အချိန်မှာတော့ အတော်လေး တုန်လှုပ်သွားခဲ့ပါတယ်..။ဒီတစ်ခု..ဒီတစ်ခုကလည်း အတော်လေးကို ဆိုးဝါးတာပဲ..။ဘာလို့လဲ ဆိုတော့ ဒီအိပ်မက်ဆိုးမှာ..သူက အတိတ်ကို ရော ၊သူ့ရဲ့ အမေကိုရော အကုန်မှတ်မိနေခဲ့တာပါ..။သူ့ရဲ့ ကိုယ်ပိုင် ဆုံးရှုံးမူကိုရောပါပဲ..။

နတ်မိစ္ဆာရဲ့ ကြည့်ရဆိုးတဲ့ မျက်နှာက အနည်းငယ်ပြောင်းလဲသွားတာကို သတိထားမိသွားတဲ့ နိုတစ်ဟာ..နားလည်မူလွဲမှားသွားခဲ့ပြီး ဂုဏ်ယူစွာ ပြုံးလိုက်တယ်..။

“အာ..ဟုတ်တယ်..။သူမကတကယ်လှပတာပဲ..။ဒီ ခမ်းနားတဲ့ သဘော်က..သူမရဲ့ မျိုးနွယ်ထဲမှာ နောက်ဆုံးတစ်စီးပဲ..။မူရင်း တစ်စီး..။ကျန်တဲ့လူတွေသုံးနေတဲ့..ပျံသန်းနိုင်တဲ့ အရာတွေက..ပုံတူကူးထားတဲ့ အတုအယောင်တွေချည်းပဲ..”

သူက မြင့်မြတ်သော သစ်ပင်ရဲ့ အခေါက်ကို လမ်းလျောက်နေရင်း ထိတွေ့လိုက်ကာ..သဘော်ရဲ့ ဦးပိုင်းကို ဦးတည်သွားလိုက်ပါတယ်..။

“အဲ့အချိန်လောက်တုန်းက မင်းအနေနဲ့ မှတ်မိဖို့ အရမ်းငယ်နေဦးမှာပဲ ဆန်းလပ်..ဒါပေမဲ့ အချိန်အတော်အကြာတုန်းက အောက်ဘက်ကောင်းကင် ဆိုတာ နတ်ဘုရားမီးတောက်တွေနဲ့ ပြည့်နှက်နေခဲ့တာ..။အဲဒီတုန်းက အကြောက်အလန့်ကင်းတဲ့ နတ်ဆိုး သူရဲကောင်းတွေက..ဒီ မီးတောက်ပင်လယ်ထဲကို ဆင်းသက်ပြီး ရိတ်သိမ်းဖို့ ကြိုးစားခဲ့ကြတယ်လေ..။ဒီ သဘော်က သူတို့တွေ ကျန်ရစ်ခဲ့တဲ့ နောက်ဆုံးသဘော်ပဲ..”

မှော်ဆရာဟာ ပြုံးလိုက်ပြီး..

“ကျန်တဲ့ သဘော်တွေအားလုံးကတော့..သူတို့တွေအားလုံးနဲ့အတူ ပြာဖြစ်သွားခဲ့ကြပြီ..။သူတို့တွေ အတွက် မှတ်ဉာဏ်တွေကတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီလေ..။ရှက်စရာပဲ..ဒီငနဲတွေက တကယ်ကို တစ်ခုခုပဲ..မီးစောင့်ရှောက်သူတွေ..။ပျော်စရာကောင်းတဲ့ အဖွဲ့ပဲ..။ဒါပေမဲ့..သူတို့က ဦးနှောက်တော့ သိပ်မကောင်းကြဘူး..။ဒါကြောင့်လည်း ငါက ဒီအလှလေးကို သူတို့လက်ထဲကနေ ရခဲ့တာ..။သူမကို ကတ် ကစားရင်း အနိုင်ယူပြီး..ပြန်လည်မွန်းမံခဲ့တာလေ..”

သူ ရယ်မောလိုက်တယ်..။

“ငါက မျှော်လင့်ချက် ဘုရင့်နိုင်ငံတစ်ခုလုံးမှာ..အတော်ဆုံး ကစားသမားတစ်ယောက်ပဲ..သိတယ်မလား..။မင်း သယ်ဆောင်ထားတဲ့ မီးတောင်ကျောက်ဓားကို တောင်..ငါက မြောက်ပိုင်းက တစ်ယောက်ဆီကနေ အနိုင်ရထားခဲ့တာ..။အိုး..သူမ အဲတာကို ငါ့ကို နိုင်ကြေးအဖြစ် ပေးတုန်းကဆိုရင်..သူမ မျက်နှာဘယ်လိုဖြစ်သွားသလဲ ဆိုတာ မင်းကို မြင်စေချင်သေးတယ်..။ဒါပေါ့ သူမက အရင်တုန်းကပဲ ဒီလို ကိစ္စတွေကို စိတ်ဝင်စားခဲ့တာလေ..”

ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..မှော်ဆရာကို စိုက်ကြည့်လိုက်တယ်..။

‘မ…မဖြစ်နိုင်တာ..။သူက ဓားခုနှစ်ချောင်းထဲက တစ်ချောင်းကို ကတ် ကစားပြီး အနိုင်ရခဲ့တာလား..။နေနတ်ဘုရား ဖန်တီးခဲ့တဲ့..ဓား ခုနှစ်လက် ကိုလေ..’

နိုတစ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး..မျက်လုံးမှိတ်ပြလိုက်တယ်..။

“အာ..ဟုတ်တယ်..ကျန်တဲ့ အရှင်တွေကလည်း..မင်းရဲ့ မျက်နှာအတိုင်း ဖြစ်သွားခဲ့တာချည်းပဲ..။သူတို့ကလည်း ငါတို့ နှစ်ယောက်ကို အတော်လေး စိတ်ဆိုးဒေါသထွက်ခဲ့ကြတာ..။ဒါက ကြီးမားတဲ့ ရှုပ်ထွေးမူကြီးပဲလေ..။အာ..နောက်ပိုင်းမှာ ငါ အဲဒီဓားကို ပျောက်သွားခဲ့တယ်..။ဒါကြောင့် သူတို့လည်း အေးဆေးသွားခဲ့တာလေ..”

သူ တစ်ခနလောက် တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလာခဲ့တယ်..။သူ့ရဲ့ အသံကတော့ အနည်းငယ် နက်မှောင်သွားခဲ့ပါတယ်..။

“ဒါပေမဲ့ ဒီဓားတွေ…သူတို့က ဘယ်တော့မှ အကြာကြီး ပျောက်နေလေ့မရှိဘူး..သိတယ်မလား..။တစ်ခုကို စွန့်ပစ်လိုက်ဖို့ ဆိုတာက တကယ်..တကယ်ကို ခက်ခဲတယ်..။အမှန်တော့ မဖြစ်နိုင်လောက်တဲ့ အရာပဲ..”

သူတို့က တိတ်တဆိတ်ပဲ ရှေ့ကို ဆက်ပြီးသွားနေခဲ့ကြတယ်..။ဆန်နီ တစ်ဖက်ကိုလှည့်ပြီး..သဘော်ပျံရဲ့ လက်ရန်းတွေကို ကြည့်လိုက်တယ်..။

ကြည့်ရတာတော့..နိုတစ်က..သူနဲ့ အနက်ရောင်မြင်းတိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာကနေ..အဝေးကို မရွေ့ရှားသွားခဲ့တဲ့ အတိုင်းပါပဲ..။အဲတာက အောက်မှာရှိနေသေးပြီး..ချွန်ထက်တဲ့ ကျောက်တုံးတွေကို ဟိုဟိုဒီဒီ တွေ့မြင်နေရသေးတယ်..။

တစ်ခုတည်းသော မတူညီမူက..အထီးကျန်နေတဲ့ မြင်း ရဲ့သွေးတွေ ကျဆင်းခဲ့တဲ့ နေရာမှာ အခုဆိုရင်..လှပတဲ့ အဖြူရောင် ပန်းပွင့်တွကို တွေ့မြင်နေခဲ့ရတာပါ..။

‘ကြီးမားတဲ့ ရှုပ်ထွေးမူ တစ်ခု..’

အလင်းနတ်ဘုရားက..မျှော်လင့်ချက်ကို ထိန်းသိမ်းဖို့…ဒါမှမဟုတ်..စောင့်ကြပ်ဖို့အတွက်..အင်မော်တယ် ခုနှစ်ယောက်ကို ဖန်တီးခဲ့တယ် ဆိုတာကို ဆန်နီ သိထားပါတယ်..။သူတို့ရဲ့ ကံတရား ကြိုးမျှင်ကို..ကံတရား ပန်းချီကား ထဲကနေ ဆွဲထုတ်ထားပြီး..အဆုံးမရှိတဲ့ အဝိုင်းပုံစံ ရစ်ပတ်မူတွေအဖြစ် ပြုလုပ်ကာ..ထူးဆန်းတဲ့ ဓားခုနစ်လက်ထဲမှာ ထည့်သွင်းပေးခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့..ဒီဓားတွေက..ချိန်းအရှင်သခင်တွေကို ထာဝရ အသက်ရှင်စေနိုင်တဲ့ အရာတွေ ဖြစ်ခဲ့ပြီး..သူတို့ကို သတ်ပစ်နိုင်တဲ့ အရာတွေအဖြစ်လည်း တည်ရှိနေခဲ့တယ်..။

မျှော်လင့်ချက်ကို စောင့်ရှောက်နေကြတဲ့ သူတွေက..တစ်ယောက်သေဆုံးမူအတွက်..သော့ကို တစ်ယောက်က ကိုင်ဆောင်ထားဖို့ အတွက် ယုံကြည်ခြင်းခံထားကြရတယ်..။ဒါက သူတို့တွေကြားထဲက ချိန်ခွင်လျှာဆိုရင်လည်း ဟုတ်ပါတယ်..။ဒီတော့ ..ဒါပေါ့..နိုတစ် ရဲ့ လက်ထဲကို ဒုတိယဓား ရောက်လာတဲ့ အချိန်မှာတော့ ကြီးမားတဲ့ ရှုပ်ထွေးမူကြီး ဖြစ်ပေါ်ခဲ့တာပါပဲ..။တစ်ခြား အရှင်သခင်တွေ ဒေါသထွက်ကြတာက အံ့ဩစရာကိစ္စတစ်ခု မဟုတ်ပေ..။

အရူးတစ်ယောက်ကသာ ဓားတွေကို ဆုံးရှုံးအောင် လုပ်မှာဆိုပေမယ့်..မှော်ဆရာက ဒီလိုအရာကို ခံစားနိုင်ခဲ့တဲ့ အထိ ကံကောင်းခဲ့ပါတယ်..။မဟုတ်ရင် သူက ပူလောင်နေတဲ ရေတွေ ၊ ဒါမှမဟုတ်..သံရည်ပူတွေထဲမှာ နစ်မြုပ်နေခဲ့ပါပြီ..။

ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..သူ့ရဲ့ မျက်လုံးတွေကို တစ်ခနလောက် မှိတ်ထားခဲ့တယ်..။

နောက်ဆုံးမှာတော့ သူတို့က သဘော်ရဲ့ ဦးပိုင်းကို ရောက်သွားခဲ့ပြီး လှေကားတွေအတိုင်း ဆင်းလိုက်တယ်..။နောက်ဆုံးမှာတော့..ရင်းနှီးပြီး လေးလံနေတဲ့ တံခါးတစ်ခုရှေ့မှာ ရပ်တန့်လိုက်ကြပါတယ်..။နိုတစ် တံခါးကို ဖွင့်ကာ..ဆန်နီကို ဖိတ်ခေါ်လိုက်တယ်..။

အထဲမှာတော့..ဆန်နီဟာ..အကာအကွယ် နံရံတွေ ၊ မြင့်မားတဲ့ မျက်နှာကျတ်တွေ နဲ့ အခန်းရဲ့ အလယ်မှာရှိနေတဲ့ သေတ္တာသုံးခုကို တွေ့နေခဲ့ရပါတယ်..။

သူတို့ထဲက တစ်ခုကို မြင်လိုက်တဲ့ အချိန်မှာတော့..သူက ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီ.. မသိစိတ်အလျောက် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတယ်..။

နိုတစ်ဟာ..သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး..ခေါင်းခါယမ်းလိုက်ပါတယ်..။

“မင်းက အတော်ထူးဆန်းတာပဲ..။မကြောက်ပါနဲ့ဟ..ဒါက ငါ့ရဲ့ ရတနာ သေတ္တာတွေပဲ..။သူတို့က ကိုက်မှာ မဟုတ်ဘူး..”

သူ တစ်ခနလောက်တွေးလိုက်ပြီးကာမှ..သေတ္တာတွေထဲက တစ်လုံးကို နောက်ပြောင်စွာ ကန်လိုက်တယ်..။

“ကောင်းပြီလေ...ဒီတစ်ခုက လွဲလို့ပေါ့..။ဒီတစ်ခုက မင်းကို အသက်ရှင်လျက် ကိုက်စားလိမ့်မယ်..”

All Chapters