အဖြေနှစ်ခု..
Vol. 44 Ch. 647
ဆန်နီဟာ..သူနဲ့ အတော်လေး ရင်းနှီးနေတဲ့ သေတ္တာကို စိုက်ကြည့်နေခဲ့တယ်..။သူ့ရဲ့ အနက်ရောင်မျက်လုံးတွေကတော့..ကြောက်ရွံ့မူတွေ ၊ ဒေါသထွက်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။ဒါပေါ့..သူ ဒီသေတ္တာကို ချက်ချင်းဆိုသလို တန်းပြီး မှတ်မိပါတယ်..။ဒါက သူ့ရဲ့ မိတ်ဆွေဟောင်းကြီးဖြစ်တဲ့..နာကျည်းသော ဟန်ဆောင်သူ ပါ..။အနာဂတ် အချိန်မှာတုန်းကဆိုရင် ဒီရွံစရာ သားရဲက သူ့ကို အသက်ရှင်လျက် စားသောက်လု နီးပါးပါပဲ..။
ဟုတ်ပါတယ်..နောက်ဆုံးမှာတော့..သူကပဲ..ဒီသတ္တဝါရဲ့ အသားကို ပြန်စားလိုက်ရတဲ့ အခြေအနေကို ရောက်သွားခဲ့တာပါ..။ဒါက သူကြုံတွေ့ရတဲ့ အတွေ့အကြုံတွေအားလုံးထဲမှာတောင် အတော်လေး စိတ်ဒဏ်ရာရစေတဲ့ အကြောင်းအရာပါပဲ..။
သို့ပေမယ့်..သူက ဒီ ကျရှုံးမူအဆင့် နတ်ဆိုးကို နောက်တစ်ကြိမ် ပြန်ပြီး သတ်နိုင်လိမ့်မယ်လို့ ဘယ်သူက အတိအကျပြောနိုင်မှာလဲ..။ဒါပေါ့..ဆန်နီက အခုချိန်မှာ ပိုသန်မာလာပြီး..အတွေ့အကြုံလည်း ပိုရှိနေခဲ့ပါပြီ..။သူ့မှာ ပိုများတဲ့ အမြုတေ ၊ ထောင်နဲ့ ချီတဲ့ အရိပ်အပိုင်းအစတွေ ပိုရှိပြီး..လက်နက်တွေလည်း ပြည့်စုံကာ..စစ်မှန်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ခန္တာကိုယ်ထဲမှာလည်း ဝင်ရောက်နေပါသေးတယ်..။သို့ပေမယ့်..ကျိုးပျက်ကျိန်စာ အလုပ်လုပ်နေတဲ့ အချိန်မှာ..ဒီသတ္တဝါကို ဖိနိုပ်ထားနိုင်ဖို့အတွက်..ဒီဘက်ခေတ်မှာ..အပေါ်က ဖိနိုပ်မူက ရှိမနေသေးပါဘူး..။
ကျေးဇူးတင်စွာပဲ..ဒီခွေးသားက အတော်လေး ရိုကျိုးနေခဲ့တယ်..။ဒါကလည်း…သူ့ရဲ့ သခင်ကို ကြောက်ရွံ့နေလို့ ဖြစ်နိုင်ပါတယ်..။အမှန်တကယ်တော့..
ဆန်နီ အနီးကပ်ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်မိတယ်..။ဒီ သေတ္တာမှာ ဝိဉာဏ်အမြုတေ သုံးခုသာ ရှိနေခဲ့ပြီး ပျက်ပြားခြင်းအဆင့်ကို ရောက်မနေသေးဘူး ဆိုတာကို သူ သတိထားမိလိုက်တာပါ..။သူတို့က အတော်လေးကို တောက်ပနေခဲ့ပြီး..တက်ရော်ကမူအဆင့်ကို လိုက်နေတဲ့ တစ်ခြား သတ္တဝါတွေနဲ့ အတူတူပဲ ဖြစ်နေခဲ့တယ်..။သို့ပေမယ့် ဒီအရာတွေက တက်ရောက်မူအဆင့်ကို ရောက်ဖို့အတွက်တော့ မှေးမှိန်နေပါသေးတယ်..။
ဟန်ဆောင်သူ က ကျရှုံးမူအဆင့် မဟုတ်သလို..နတ်ဆိုးတစ်ကောင်လည်း မဟုတ်သေးပေ..။ဒါက ရိုးရှင်းစွာပဲ..ရတနာသေတ္တာလို ဟန်ဆောင်နေတဲ့..နိုးထမူအဆင့် နတ်မိစ္ဆာတစ်ကောင်ပါ..။
ဒီအရာက အတိုင်းအတာတစ်ခုအထိ တိုးတက်မူ တစ်ခုဖြစ်ပေမယ့်..နိုတစ်က ဘာလို့ ..အားကောင်းတဲ့ နိုးထမူအဆင့် နတ်မိစ္ဆာတစ်ကောင်ကို..ရတနာသေတ္တာအဖြစ် ထုလုပ်ထားရတာလဲ ဆိုတာ မပြောနိုင်သေးပေ..။
‘အနာဂတ်မှာ ဟန်ဆောင်သူက ပိုပြီးသန်မာလာခဲ့တာလို့ ထင်တာပဲ..။ပြီးတော့..တစ်နည်းနည်းနဲ့ ပျက်ပြားခြင်းအဆင့်ကို ရောက်နိုင်ခဲ့တာ..’
ဆန်နီ အနည်းငယ်စိတ်သက်သာရ ရာသွားခဲ့ပေမယ့်..ခနအကြာမှာပဲ ပိုပြီး မျက်မှောင်ကျုတ်သွားခဲ့တယ်..။
နိုတစ်က တစ်ခြား သေတ္တာနှစ်ခုထဲက တစ်ခုကို စိတ်အားထက်သန်စွာ ဖွင့်နေတဲ့ အချိန်မှာ. အတွေးနှစ်ခုက သူ့ခေါင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်..။
တစ်ခုကတော့..အရမ်းကို ရိုးရှင်းတယ်..။
‘ဒဂ်ါးတွေ..’
သို့ပေမယ့်..ဒဂ်ါးတွေရဲ့ ပုံရိပ်က ဘယ်လောက်ပဲ သူ့ကို ဆွဲဆောင်နေနိုင်ပါစေ..ဒုတိယ ပေါ်လာတဲ့ အတွေးကတော့..သူ့ရဲ့ ပထမ ဦးစားပေးပါပဲ..။
‘ဘယ်လို..ငရဲမျိုးလဲ..’
နိုတစ်အစောတုန်းက ပြောခဲ့တဲ့ စကားတွေက..အဲတာတွေက..တပ်မက်ခြင်းသေတ္တာရဲ့ ဖော်ပြချက်တွေကို ညွှန်ပြနေခဲ့တာ မဟုတ်ဘူးလား..။ဟုတ်တယ်..ညွှန်ပြနေခဲ့တာ..။ဒီတော့..ဆန်နီကလည်း ဖော်ပြချက်ထဲမှာ ဖော်ပြထားခဲ့တဲ့ ဖြူဖတ်ဖြူရော် မိတ်ဆွေတစ်ယောက်လား..။
‘ဟင်..’
အခိုက်အတန့်က ဒီလိုတွေ ဖြစ်လာမယ်ဆိုတဲ့ ဇာတ်လမ်းအတိအကျကို အရင်ကတည်းက ဘယ်လိုလုပ်ပြီး သိနေခဲ့တာလဲ..။အရင်တုန်းကဆိုရင်..ဆန်နီက ဆင်စွယ်ရောင် တာဝါထဲမှာ အိပ်မက်ဆိုးမျိုးစေ့ရှိနေခဲ့တာကိုတောင် သိထားခဲ့တာ မဟုတ်ပါဘူး..။ဒီအထဲကို ဝင်ရောက်စိန်ခေါ်ဖို့ ဆိုတာက ပြောနေစရာတောင် မလိုအပ်တော့ပေ..။
ဒီနေရာမှာ ဖြစ်နိုင်တဲ့ အဖြေက နှစ်ခုရှိနေခဲ့ပြီး အဲဒီနှစ်ခုစလုံးကလည်း..တူညီစွာပဲ စိတ်မသက်မသာ ဖြစ်စေပါတယ်..။
တစ်ခုက အိပ်မက်ဆိုးဟာ..အတိတ်ကို ပြန်လည်ဖန်တီးထားတဲ့ အရာတစ်ခုမဟုတ်ပဲ..အမှန်တကယ်ပဲ အတိတ်တစ်ခု ဖြစ်နေခဲ့တာပါ..။အခိုက်အတန့်က နိုတစ် ဘာပြောမလဲဆိုတာကို သိနေတယ်ဆိုတာက ဒီအရာဟာ..လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက ဖြစ်ပျက်ပြီးခဲ့တဲ့ အရာဖြစ်နေလို့ပါပဲ..။ပြီးတော့..သူ့မှာ လူတွေကို အဲဒီအချိန်ကို ပြန်ပို့ပေးနိုင်တဲ့ စွမ်းအားလည်း ရှိနေခဲ့ပါတယ်..။
ဆန်နီက ဒီအရာကို ယုံကြည်ဖို့အတွက်တော့ အဆင်သင့်အဖြစ်သေးပေ..။အရာရာတိုင်းက ကိုက်ညီမူ မရှိကြပါဘူး..။တကယ်လို့ အိပ်မက်ဆိုးတစ်ခုချင်းစီ တိုင်းက..နိုးထသူတွေကို..အချိန်ခရီးသွားဖို့အတွက် ခွင့်ပြုပြီး အတိတ်ကို ပြန်ပို့ပေးနိုင်မယ် ဆိုရင်..သူတို့ရဲ့ လုပ်ရပ်တွေကနေတဆင့် ..လက်ရှိကာလကို အပြောင်းအလဲတွေ ဖြစ်သွားစေနိုင်မှာပါ..။အခိုက်အတန့်ပေါ်လာပြီးကတည်း.အိပ်မက်ဆိုးတွေက အများကြီး ရှိနေတာမျိုးတော့ မဟုတ်ပါဘူး..။သို့ပေမယ့်..အရမ်း နည်းပါးနေတာလည်း မဟုတ်ပေ..။အနည်းဆုံးတော့ ရာနဲ့ချီပြီး ရှိပါတယ်..။ဒါက ထောင်ဂဏန်းလောက်ေတာင် ဖြစ်နိုင်ပါတယ်..။
ဒီတော့..သူက တစ်ခြား အဖြေကိုသာ ပိုပြီးတော့ စဉ်းစားချင်နေခဲ့တယ်..။
ဒုတိယ အဖြေကတော့ အခိုက်အတန့်ရဲ့ သဘာတရား နဲံ..သူ့ကို တည်ထွင့်ခဲ့သူရဲ့ နယ်ပယ် နဲ့ သက်ဆိုင်ပါတယ်..။ဘာပဲဖြစ်ဖြစ်..ဝီဗာကို ကံတရားရဲ့နတ်ဆိုး လို့ခေါ်တာက အကြောင်းမဲ့ မဟုတ်ပါဘူး..။သူ့ရဲ့ မျက်နှာဖုံးက..ဆန်နီကို ကံတရားရဲ့ ပန်းချီကားကို ခိုးကြည့်ခွင့်ပေးခဲ့ပြီး..အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်အားလုံးကို မြင်တွေ့စေခဲ့ပါတယ်..။ဒါတွေ အားလုံးကို တစ်ချိန်တည်းမှာ သိလိုက်ရတာပါ..။တစ်စက္ကန့်အပိုင်းအခြားလေးမှာတင်..များပြားလွန်းတဲ့ အသိဉာဏ်တွေကို ရရှိလိုက်တာကြောင့် သူ့အနေနဲ့ ရူးသွပ်သွားလု နီးပါးပါပဲ..။
ဖြစ်နိုင်တာက..ကံတရား ကြိုးမျှင်တွေနဲ့ ရက်လုပ်ထားတဲ့ အခိုက်အတန့်က..ဒီ ပန်ချီကားချပ်ကို နက်နက်ရှိုင်းရှိုင်း မြင်တွေ့နိုင်စွမ်း ရှိနေနိုင်တာပါ..။ဒါကြောင့် သူက..ဆန်နီဟာ..အိပ်မက်ဆိုးထဲမှာ နိုတစ်နဲ့တွေ့ဆုံးပြီး..သဘော်ပျံရဲ့ ရတနာ သိုလှောင်ခန်းထဲမှာ ဒီစကားတွေကို ပြောမယ်ဆိုတာ သိနေခဲ့တာ ဖြစ်နိုင်ပါတယ်..။
…ဒီဖြစ်နိုင်ချေက ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းတယ်..။
‘ချီးတဲ့ မှပဲ..ငါ့ခေါင်းတွေ နာလာပြီ..’
တပ်မက်ခြင်း သေတ္တာရဲ့ ဖော်ပြချက်မှာ ပါဝင်နေတဲ့ ဆန်းကျယ်မူတွေက..ခမ်းနားတဲ့..ပဟေဠိကြီး တစ်ခုရဲ့ သော့ချက်ကို ကိုင်ဆောင်ထားရသလို ခံစားလိုက်ရတယ်..။ဒီအရာက..မြန်မြန်စဉ်းစားရလောက်အောင် အထိ အရေးကြီးတဲ့ အရာတစ်ခုပါပဲ။ဆန်နီ သိရှိထားတဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ သဘာဝတရားတစ်ခုလုံးက..ဒီအဖြေက မှန်ရဲ့လား ဆိုတဲ့ အပေါ်မှာမူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်..။သူက ဒီအရာကို ပိုပြီးစဉ်းစားရတော့မှာ အသေအချာပါပဲ..။နောက်ပိုင်းမှာ..မုန်းစရာကောင်းလောက်အောင်ကို အသေးစိတ်စဉ်းစားရတော့မှာပါ..။
ပြီးတော့..မုန်းစရာအကြောင်းကို ပြောမှပဲ…
ဆန်နီဟာ..တွေဝေနေပြီးကာမှ..နိုတစ်ကို ကြည့်လိုက်တယ်..။သူက သူခံစားခဲ့ရတဲ့ ဝေဒနာတွေ ၊ နာကျင်မူတွေ အားလုံးက..ဒီအရှက်မရှိတဲ့ လူလိမ်ကြောင့်ဆိုတာကို ထပ်ပြီး မှတ်မိလိုက်တာပါ..။သူ အံကိုကြိတ်ထားရင်း..ဒီခွေးသားကို ဘယ်လိုပြန်ပေးဆပ်ရအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားကြည့်လိုက်တယ်..။တကယ်လို့ သူ လုပ်နိုင်မယ် ဆိုရင်ပေါ့..
အဲ့အချိန်မှာပဲ.ဒီလူလိမ်ဟာ..သေတ္တာအတွင်းက တောက်ပနေတဲ့ မြစိမ်းရောင် အဆောင်တစ်ခုကို ကြီးမားတဲ့ အပြုံးနဲ့ ဆွဲထုတ်ယူလိုက်ပြီး..ဆန်နီကို ပစ်ပေးလာခဲ့ပါတယ်..။
“ဟားဟား..ဒီမှာတွေ့ပြီ..ရော့ ..ဖမ်းထားလိုက်..”
ဆန်နီ အဆောင်ကို ဖမ်းလိုက်ပြီး သံသယဖြစ်တဲ့ အမူအရာနဲ့ လေ့လာလိုက်တယ်..။ဒီ တန်ဖိုးကြီးပုံရတဲ့ ကျောက်တုံးမှာတော့..ရှုပ်ထွေးပြီး မမြင်ရသလောက်နီးပါး ဖြစ်နေတဲ့ ရူးနစ် ကြိုးမျှင်လေးတွေကို ထွင်းထုထားခဲ့ပါတယ်..။
“ဒီလူလိမ်က အခု ဘာလုပ်ဖို့ကြံစည်နေတာလဲ ငါ သိချင်မိတယ်..။အာ..ငါ ဒီကောင်ရဲ့ ခန္တာကိုယ်ကို တစ်စစီ ဆုပ်ဖြဲပြီး သူ့ရဲ့အော်သံကို နားထောင်ရရင် သိပ်ကောင်းမှာပဲ..။ငါ သူ့ရဲ့ လက်ချောင်းတွေကို အရင်ဖြတ်ပြီးမှ..ကျန်တာ ဆက်လုပ်ရမယ် ထင်တယ်..။တစ်ခါ ဖြတ်ရင်..တစ်ဆစ်ချင်းစီ ဖြတ်ရမယ်..”
နိုတစ်ဟာ..သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။သူ့မျက်နှာကတော့ အေးခဲနေခဲ့ပါပြီ..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ဒီ အရူးက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ..။ဘုရားရေ..ဘယ်လိုအရူးမျိုးလဲ..။ဟင်..ခနလေး..”
သူ မျက်တောင်ခတ်လိုက်တယ်..။
“ငါ့လို့ ငါ့ပုံစံက အသံထွက်ပြီး ပြောနေတဲ့ ပုံစံဖြစ်နေရတာလဲ..။ချီးပဲ..ငါလည်း ရူးသွားတာလား မသိဘူး..။ငါ ဆိုလိုတာက ပိုရူးသွားပြီထင်တယ်..”
မှော်ဆရာဟာ..လည်ချောင်းကို ရှင်းလိုက်ပြီး..သူ့ရဲ့ လက်တွေကို အလျင်စလို နောက်ကို ပို့ထားလိုက်တယ်..။
“အာ..ဟုတ်တယ်..။မင်းကိုင်ထားတဲ့..ထားတဲ့ မြစိန်းရောင် အဆောင်လေးက..အရမ်းရှားပါးပြီး..အဖိုးတန်တဲ့ မှော်ရတနာ အဆောင်တစ်ခုပဲ..။ဒါက တစ်စုံတစ်ယောက်ရဲ့ အတွေးတွေကို အပြင်ကို ထွက်လာစေပြီး..အသံအဖြစ် ပြန်ဖန်တီးပေးနိုင်တယ်..။အတွေးတွေကို အသံအဖြစ်ပြောင်းလိုက်တာပေါ့..။ဒီတော့…အင်း..ကျေးဇူးပြုပြီး..ငါ့ လက်ချောင်းတွေနဲ့ ဝေးဝေးမှာနေပေးပါလား..။ငါက ငါ့လက်ချောင်းတွေကို အရမ်းသံယောဇဉ်ရှိတာ..တစ်ချို့ လူတွေလို မဟုတ်ဘူး..”
ဆန်နီ ဖြူဖျော့သွားခဲ့တယ်..။
“ဘာလဲဟ..။မဟုတ်ဘူး..သူက ဒီအရာတွေ အားလုံးကို ကြားနေရတာလား..။ခနလေး..ချီး..သူက ဒါကိုလည်း ကြားနေရမှာပဲ..”
သူ တုန်လှုပ်သွားခဲ့ပြီး..မြစိမ်းရောင် အဆောင်ကို ချက်ချင်း ကြမ်းပြင်ပေါ်ကိုပစ်ချလိုက်တယ်..။ပြီးတာနဲ့ ဒီအရာကို ထိပ်လန့်တကြား ကြည့်နေခဲ့ပါတယ်..။
နိုတစ် ပြုံးလိုက်ပြီး..
“အိုး..ဆန်းလပ်စ်…စိတ်မပူပါနဲ့..မိတ်ဆွေလေး..။မင်းက မိတ်ဆွေအချင်းချင်း စနောက်နေတယ် ဆိုတာ ငါသိပါတယ်..။ဘာပဲဖြစ်ဖြစ်..ငါက ဒီထက်ဆိုးတာတွေတောင် ကြားဖူးတယ်လေ..။နတ်မိစ္ဆာတစ်ကောင် အနေနဲ့တော့ မင်းက တကယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ သူတစ်ယောက်ပဲ..”
သူ အဆောင်ကို ကုန်းကောက်လိုက်ပြီး..ရိုးသားတဲ့ အပြုံးတစ်ခုနဲ့ အတူပဲ..ဆန်နီကို ကမ်းပေးလာခဲ့ပါတယ်..။
“ဒီတော့..ငါတို့..နွေးနွေးထွေးထွေး စားသောက်ရင်း စကားပြောကြရင်ရော ဘယ်လိုလဲ..။ငါ တို့ပြောစရာအကြောင်းတွေ အများကြီး ရှိနေသေးတယ်..”