← Chapters

ဖြူစင်သော စိတ်ထားများနဲ့

Vol. 44 Ch. 648

ဖြူစင်သော စိတ်ထားများနဲ့

Vol. 44 Ch. 648

မိနစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီက အရသာရှိတဲ့ အစားအသောက်တွေ စုံလင်တဲ့ စားပွဲကို စိုက်ကြည့်နေခဲ့တယ်..။ဒီစားပွဲက သဘော်ပျံရဲ့ အပေါ်ထပ်မှာရှိနေခဲ့တာကြောင့်..အောက်ဘက်မှာရှိနေတဲ့ မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်ရဲ့ အသက်ရူမှားလောက်ဖွယ် ရူခင်းကို ခံစားဖို့ ခွင့်ပြုပေးထားခဲ့ပါတယ်..။

ကောင်းကင်ပေါ်ကို ဒီလောက်အမြင့်ထိ ရောက်နေတာကြောင့် သူက အကူညီကင်းမဲ့စွာပဲ..မသက်မသာဖြစ်မူကို ခံစားနေခဲ့ရတဘ်..။ဖိနိုပ်မူကို ကြောက်နေတဲ့ စိတ်က သူ့ရဲ့ အရိုးတွေထဲအထိ စွဲဝင်နေခဲ့တာပါ..။သို့ပေမယ့် ဒီဆိုးဝါးတဲ့ ကျိန်စာက ချိန်းကျွန်းစုပေါ်မှာ အခုထိ အသက်မဝင်သေးပေ..။သူက ဘာမှ စိုးရိမ်းစရာ မလိုပါဘူး..။

ဒါမှမဟုတ် သူက ဖိနုပ်မူကို စိုးရိမ်စရာ မလိုအပ်သေးပေ..။သို့ပေမယ့် သူ့ပတ်ဝန်းကျင်မှာ..သူ့ရဲံ တည်ရှိမူကို ခြိမ်းခြောက်နိုင်တဲ့ အရာတွေ အများကြီးပါပဲ..။

အစားအသောက်တွေကိုတော့ ပိုးချည်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သစ်သား အရုပ်တွေက လာရောက်ချပေးနေခဲ့တယ်..။ဒီ အသက်ဝင်နေတဲ့ အရုပ်တွေက တစ်ချိန်တုန်းက သက်ရှိတွေဖြစ်ခဲ့ဖူးမယ် ဆိုတာကို ဆန်နီ အတော်လေး သေချာပြောနိုင်ပါတယ်..။သူ့ရှေ့မှာထိုင်နေတဲ့ သူက ဒီလူတွေရဲ့ ဝိဉာဉ်တွေကို ခန္တာကိုယ်ကနေ ဆွဲထုတ်ပြီး..အရုပ်တွေထဲကို ထည့်ထားခဲ့တဲ့ ပုံပါပဲ..။

ဒီလူက အရသာ ရှိတဲ့ ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး..တောက်ပစွာပြုံးကာ..အစားအသောက်တွေကို လက်ညိုးထိုးပြလိုက်တယ်..။

“လာ…ဆန်းလပ်စ်…သုံးဆောင်ပါဦး..”

ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..စားပွဲပေါ်က သွားရည်ယိုစရာ ဟင်းလျာတွေထဲက တစ်ချို့ကို သူ့ရဲ့ ပန်းကန်ထဲကို ထည့်လိုက်တယ်..။သူ့ရဲ့ အတွေးအတွေအားလုံးက သောက်ကျိုးနဲ မှော်ဆရာ ဆီကို ရောက်သွားမှာ သိနေတာကြောင့်..သူက စားပွဲပေါ်မှာတင်ထားတဲ့..မြစိမ်းရောင် အဆောင်ကို မထိမိအောင် ကြိုးစားနေခဲ့ပါတယ်..။

ဒီအရာ…ဒါက သူ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး..အန္တရာယ်တောင် ဖြစ်နိုင်ပါတယ်..။လူတွေနဲ့ ပြောဆိုဆက်ဆံနိုင်စွမ်းက ဆန်နီ အိပ်မက်ဆိုးထဲကို ဝင်ရောက်လာတဲ့ ပထမဆုံးနေ့မှာတင် လိုချင်ခဲ့တဲ့ အရာဖြစ်ပေမယ့်..သူ့ရဲ့ အတွေးတွေကို အားလုံးနဲ့ မျှဝေးရတဲ့ အရာကတော့..ဆန်နီ ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး..။

အချိန်အကြာကြီးကတည်းက သူ့ရဲ့ အားနည်းချက်က သူပြောနိုင်တဲ့ စကားလုံးတွေကို ကန့်သတ်ထားတဲ့ အတွက် ဆန်နီ အတွက်တော့..သူ့ရဲ့ အတွေးစိတ်က လုံခြုံတဲ့ ကောင်းကင်ဘုံတစ်ခုလို အမြဲတမ်း ခံစားခဲ့ရတာပါ..။ဒီ အကြောင်းပြချက်ကြောင့်ပဲ..သူက အတွေးတွေကို လွတ်လွတ်လပ်လပ် ဖြစ်ပေါ်ခွင့်ပေးထားခဲ့ပါတယ်..။ဒီအတွေးတွေ အားလုံးကို မှော်ဆရာ အရူးတစ်ယောက် သိခွင့်ပေးထားတာက..ကောင်းမွန်တဲ့ အကြံဉာဏ်တော့ မဟုတ်ပေ..။

နိုတစ်ကတော့..သူ စားသောက်နေတာကို လွတ်လပ်ပေါ့ပါးတဲ့ အပြုံးလေးနဲ့ ကြည့်နေခဲ့တယ်..။ပြီးမှ ရင်းနှီးတဲ့ လေသံနဲ့ပြောလာခဲ့ပါတယ်..။

“စကားမစပ်..အဲ့ငနဲမြင်းကို သတ်နိုင်ခဲ့တာ တကယ်ကောင်းတယ်..။ဘယ်လောက် ကြီးကျယ်တဲ့ အရာလဲ..။ဘယ်လောက် ရဲရင့်တဲ့ ဆောင်ရွက်မူလဲ..။သူ့ကို အောင်မြင်လိုက်တာက..ဂုဏ်ပြုသီချင်း ဖန်တီးသီဆို ပေးဖို့တောင် ထိုက်တန်တယ်..။ဒါပေမဲ့ ..ဆန်းလပ်စ်…”

မှော်ဆရာဟာ..တစ်ခနလောက်တွေဝေနေပြီးကာမှ..ရှေ့ကို တိုးလာခဲ့ပြီး..စိတ်ဓာတ်ကျခြင်း အနည်းငယ်နဲ့အတူ မေးလာခဲ့ပါတယ်..။

“ကျေးဇူးပြုပြီး ငါ့ကို ပြောပါဦး…မင်းက…ဘာလို့…ဘာလို့…၊ နတ်ဘုရားတွေရဲ့ ကျေးဇူးတောင်အတွက် ၊ အဲဒီ မြင်းကို သတ်ခဲ့တာလဲ..”

ရေခွက်တစ်ခွက်ကို ယူပြီး သောက်နေတဲ့ ဆန်နီဟာ…ချက်ချင်းပဲ ရေတွေပါးစပ်ထဲက ပြန်ထွက်သွားခဲ့တယ်..။

ချောင်းဆိုးလိုက်ရင်း..သူက နိုတစ်ကို စိုက်ကြည့်လိုက်တယ်..။သတ်ဖြတ်လိုတဲ့ ဒေါသစိတ်တွေကတော့..သူ့ရဲ့ အနက်ရောင် မျက်လုံးထဲမှာ တောက်ပနေခဲ့ပါပြီ..။ပြီးတဲ့နောက်မှာတော့..သူ့ရဲ့ လက်ကို မြစိမ်းရောင် အဆောင်ပေါ်ကို တင်လိုက်တယ်..။

“…ငါက အဲဒီမြင်းကို ဘာလို့သတ်ခဲ့တာလဲ ဆိုတာ မင်းက ဘယ်လို သောက်ကျိုးနဲကို ဆိုလိုတာလဲ..။မင်းကိုယ်တိုင်ပဲ..ငါ့ကို အဲဒီသောက်ကျိုးနဲ နေရာကို ပို့လိုက်တာလေ..။အဲ့မြင်းက..ငါ့ကို စမုန်တုံးအောင် လုပ်တော့မယ့် အချိန်မှာ..ငါ့အတွက် တစ်ခြား ဘာရွေးချယ်စရာ ရှိနေသေးလို့လဲ..”

ပြီးတာနဲ့..သူ့ရဲ့ လက်သီးတွေကို ဆုပ်လိုက်ပြီး..အော်ဟစ်လိုက်တယ်..။

“ ခွေးသားလေး…”

ဒါပေါ့ ဆန်နီက နောက်ဆုံးအတွေးကိုတော့ ထုတ်မပြောချင်ခဲ့ပါဘူး..။သို့ပေမယ့် စိတ်မကောင်းစရာက သူ့ရဲ့ လက်သီးတွေက အဆောင်နဲ့ ထိတွေ့နေဆဲဖြစ်နေခဲ့ပါတယ်..။

နိုတစ်က သူ့ကို စိုက်ကြည့်ပြီး..အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။ပြီးတဲ့နောက်မှ သူ့လက်တွေကို လေပေါ်ဝေ့ယမ်းလိုက်ပြီး..

“ငါက မင်းကို ဘယ်တုန်းကမှ မတိုက်ခိုက်စေချင်ခဲ့ဘူး..။ငါ့ပုံစံက အရူးနဲ့ တူနေလို့လား..။အဲဒီမြင်းက မင်းထက် ကြောက်ဖို့ကောင်းတဲ့ သတ္တဝါတွေကို ရာနဲ့ချီပြီး ဖျက်ဆီးခဲ့တာလေ..။ငါက သူ့ကို တိုက်ခိုက်ဖို့ ဘာလို့ ဘာမဟုတ်တဲ့ နတ်မိစ္ဆာတစ်ကောင်ကို ပို့ရမှာလဲ..”

ဆန်နီ ပါးစပ်ကို ဖွင့်လိုက်ပြီးမှ..ပြန်ပိတ်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့ ပြန်ဖွင့်လိုက်ပါတယ်..။နောက်ဆုံးမှာတော့.သူ ပြောလိုက်တယ်..။

“ဟုတ်တယ်…။ငါ မသိဘူး…။ဘာလို့ ငါ့ကို အဲဒီ ခံတပ်ဆီ လွှတ်လိုက်တာလဲ..”

မှော်ဆရာ ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။ပြီးတဲ့နောက်မှ..ခါးသက်စွာ သက်ပြင်းချလိုက်ပြီး..

“အိုး..ကောင်းပြီလေ…သိတယ်မလား..ငါ ထင်ထားတာက..မင်းတို့နှစ်ယောက်စလုံး အရိပ်သားရဲတွေဆိုတော့..သူက မင်းကို သဘောကျလိမ့်မယ်လို့ ထင်လိုက်တာ..။မင်းတို့ရဲ့ မာစတာ ရှိနေစဉ်းတုန်းက မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူးလား..”

ဆန်နီဟာ..လှပတဲ့ အင်မော်တယ်ကို တစ်ခနလောက် ကြည့်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့..အနည်းငယ်တုန်ရီသွားခဲ့ပြီး..သူ့ရဲ့မျက်နှာကိုလက်နှစ်ဖက် နဲ့ အုပ်ထားခဲ့ပါတယ်..။

‘သောက်ကျိုးနဲ အရူး..’

ဒီတစ်ကြိမ်တော့..သူက အဆောင်ကို မထိမိဖို့အတွက် ဂရုစိုက်နိုင်ခဲ့ပါပြီ..။

အဆိုးဆုံး အပိုင်းကတော့..အနက်ရောင် မြင်းက ဆန်နီကို မတိုက်ခိုက်ဘူး ဆိုတဲ့ နိုတစ်ရဲ့ ယူဆချက်က အကြောင်းမဲ့တော့ မဟုတ်ပေ..။လတ်တလော သူ ဝင်ရောက်နေထိုင်နေတဲ့ ခန္တာကိုယ်က..အမှန်တကယ်တော့..လွန်ခဲ့တဲ့ ရာစုနှစ်တွေ တုန်းက..အဲဒီ စစ်မြင်းနဲ့ သိကျွမ်းခဲ့ဖူးပါတယ်..။ဒါက အရှင်သခင် အသက်ရှင်နေတဲ့ အချိန်တုန်းကပါ..။

ပြသနာက ဆန်နီ အနေနဲ့ လက်လေးချောင်း နတ်မိစ္ဆာရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်လာခဲ့တာကြောင့် အနက်ရောင် မြင်းနဲ့ သိကျွမ်းခဲ့ဖူးတဲ့ အမှတ်တရတွေ သူ့ဆီမှာ ရှိမနေခဲ့ပါဘူး..။မြင်း ကိုယ်တိုင်ကလည်း..နှဏ်ပေါ်ငးရာနဲ့ ချီအောင် တစ်ကိုယ်တည်းနေထိုင်နေရတဲ့ အတောအတွင်းမှာ ရူးသွပ်သွားခဲ့ပြီး မသေခင် သူ့ရဲ့ သခင်ကိုသာ မှတ်မိနေခဲ့ပါတယ်..။

ဒီတော့ သူ အိပ်မက်ဆိုးထဲမှာ ကြုံတွေ့ခဲ့ရတဲ့ ထိပ်လန့်ဖွယ်ရာတွေ ၊ နာကျင်စရာတွေ နဲ့ နိုပ်စက်မူတွေ အားလုံးက..ဝမ်းနည်းစရာကောင်းပြီး ၊ ရက်စက်လွန်းတဲ့ ကံတရားရဲ့ ပြောင်းလဲမူတွေကြောင့်ပါပဲ..။ဒီအိပ်မက်တွေက ရက်စက်ပြီး ၊ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ဖြစ်ရပ်တွေ အစဉ်လိုက်ဖြစ်ပေါ်နေခြင်းသာဖြစ်ပြီး…ဒီထက်ပိုလည်းမပို ၊ လျော့လည်း မလျော့ပေ..။

ဆန်နီ အသံတစ်ချို့ ပြုလုပ်လိုက်တယ်..။

‘…ထားလိုက်တော့..။ဘာပဲဖြစ်ဖြစ် ဒါက အရေးမကြီးတော့ဘူး..။အခုမဟုတ်သေးဘူး…ထပ်တွေးစရာမလိုသေးဘူး..။အရေးကြီးဆုံး အပိုင်းက..နိုတစ်ရဲ့ ပုံစံက တကယ်ကို အရူးတစ်ယောက်နဲ့ တူနေတာပဲ..။ဒါပေမဲ့ သူက အရူးတစ်ယောက်မဟုတ်ဘူး..။တကယ်လို့ သူက ငါနဲ့ အရိပ်အရှင်သခင်ရဲ့ မြင်းကို ပြန်လည်ပေါင်းစည်းစေချင်တယ်ဆိုရင် သူ့မှာ ဒီအတွက် အကြောင်းပြချက် ရှိမှာပဲ..။သူတကယ်ပဲ ဘာကို လိုချင်တာလဲ..”

သူ တွေဝေနေပြီးကာမှ သူ့ရဲ့ လက်ကို အဆောင်ပေါ် ပြန်တင်လိုက်တယ်..။

“…မင်းက ဘာလို့ ငါ့ကို အဲဒီအရာနဲ့ တွေ့စေချင်တာလဲ..”

မှော်ဆရာဟာ..တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ဆွဲဆောင်မူရှိစွာ ပြုံးလိုက်တယ်..။

“အိုး..ဟုတ်သားပဲ..။ဖြစ်နိုင်ချေအရ…မင်း အဲဒီအရာကို မသတ်ခင်တုန်းက…အိပ်မက်ဆိုးက မင်းနဲ့ တစ်ခုခု မျှဝေခဲ့တာများ ရှိသေးလား..။ဉပမာအနေနဲ့.. ဖန်နဲ့ပြုလုပ်ထားတဲ့ ဓားတစ်ချောင်းရဲ့ တည်နေရာတို့ ဘာတို့ ပေါ့..”

ဆန်နီ နှာခေါင်းရှုတ်လိုက်တယ်..။

“အာ..ဒီတော့..အဲဒီအကြောင်းကြောင့်ပေါ့..”

သူက လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပေါင်မုန့်တစ်လုံးကို ကိုက်လိုက်ပြီး..အလျင်မလိုပဲ ဝါးစားနေခဲ့တယ်..။ပြီးတဲ့နောက်မှာမှ တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။

“သေချာတာပေါ့.. ငါ သိခဲ့တာ တစ်ချို့တော့ ရှိတယ်..။ဘာဖြစ်လို့လဲ..”

နိုတစ် လည်ချောင်းရှင်းလိုက်ပြီး မြင်ကွင်းတွေကို ကြည့်လိုက်တယ်..။ပြီးတဲ့နောက်မှ ဆန်နီကို ပြန်ကြည့်လိုက်ပါတယ်..။နောက်ဆုံးမှာတော့..သူက သိသာလွန်းလောက်အောင် ကွဲပြားတဲ့ အမူအရာနဲ့ ပြောလာခဲ့တယ်..။

“အိုး…ကောင်းပြီလေ…မင်းသာ စိတ်မရှိရင် ငါ့ကို ပြန်မျှဝေပေးပါလား..”

ဆန်နီ သူ့ကို တစ်ခနလောက်ကြည့်ပြီး..ပြုံးလိုက်တယ်..။

…သူ့ရဲ့ သားရဲတစ်ကောင်မျက်နှာနဲ့..ထက်ရှတဲ့ အစွယ်တွေကြောင့်..ဒီအပြုံးက အတော်လေး ကြောက်ဖို့ကောင်းနေမှာ အသေအချာပါပဲ..။

“စိတ်မရှိရင်တဲ့လား..ဟမ့်..။အဲတာက အခြေအနေပေါ် မူတည်တယ်လေ..။မင်းက အဲဒီဓားနဲ့ ဘာလုပ်ချင်တာလဲ..”

နိုတစ်က သူ့ရဲ့ ပုံမှန်လွတ်လပ်တဲ့ အမူအရာနဲ့ ပြုံးပြလာခဲ့ပြီးမှ..ဘာမှမဖြစ်သလို လက်ဝေ့ယမ်းပြလိုက်တယ်..။

“..အာ…အဲတာက ဘာမှမဟုတ်ပါဘူး..။တကယ်ကို အသေးအဖွဲလေးပဲ..။သိတယ်မလား..ငါက ဒီတိုင်း ဓားတွေကို စုဆောင်းပြီး..ဆင်စွယ်ရောင် မြို့ နဲ့ အနီရောင် အဆောက်အဦးက လူတွေနဲ့ စစ်ပွဲတစ်ခုကို စတင်ချင်နေတာ..။ချိန်း အရှင်သခင်တွေကို သတ်မယ် ၊ အလင်းနတ်ဘုရားကို ဆန့်ကျင်မယ် ၊ နတ်ဘုရားတွေရဲ့ ဆန္ဒကို ချိုးဖျက်မယ် ပြီးတော့..အလိုရမ္မက် နတ်ဆိုးကို အကျဉ်းထောင်ကနေ လွှတ်ပေးမယ်..။ပြီးရင်တော့..လဖက်ရည် တစ်ခွက်လောက် သောက်တာလည်း ဖြစ်နိုင်တယ်လေ..”

မှော်ဆရာဟာ ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ပြီးတဲ့နောက်မှာ..အတွေးနက်စွာ ထပ်ပြောလာခဲ့ပါတယ်..။

“တကယ်တော့…နောက်တစ်ခါ ပြန်စဉ်းစားကြည့်ရင်..လဖက်ရည်ကို အရင်သောက်ထားလိုက်တာ ပိုကောင်းမယ် ထင်တယ်..”

All Chapters