← Chapters

ရူးသွပ်မူ နိုင်ငံတော်..

Vol. 44 Ch. 649

ရူးသွပ်မူ နိုင်ငံတော်..

Vol. 44 Ch. 649

ဆန်နီဟာ..အင်မော်တယ် မှော်ဆရာကို စိုက်ကြည့်နေရင်း သူ့ရဲ့ စကားလုံး တွေကြောင့် အံ့ဩသင့်နေခဲ့ရတယ်..။နိုတစ် ဖန်တီးဖို့ ကြိုးစားနေခဲ့တဲ့..သွေးချောင်းစီးမူ နဲ့ ဆင်းရဲဒုက္ခတွေရဲ့ အတိုင်းအတာ ပမာဏက နားလည်နိုင်ဖို့ ဆိုတာတောင် မဖြစ်နိုင်ပါဘူး..။ဒါတောင်မှ..သူက ဒီ ဆိုးဝါးတဲ့ အလိုရမ္မက်တွေကို လွတ်လွတ်လပ်လပ် နဲ့ ဘာမှမဖြစ်သလိုမျိုး..ဖွင့်ဟဝန်ခံသွားခဲ့ပါသေးတယ်..။သူရဲ့ပုံစံက မသေဆုံးနိုင်တဲ့ သူတော်စင်တွေ ၊ သူတို့ရဲ့ စစ်တပ်တွေနဲ့ စစ်ပွဲဖြစ်ပွားမယ့် အကြောင်းပြောနေတာထက်..လဖက်ရည်တစ်ခွက် သောက်ဖို့အကြောင်းကို ပြောနေတာနဲ့တောင် ပိုပြီး တူနေပါသေးတယ်..။

ဆန်နီဟာ..သူ နိုတစ်ကို မြင်တွေ့ခဲ့ရတဲ့ အချိန်ကို ပြန်ပြီး မှတ်မိလိုက်တယ်..။သူက သွေးတွေပေကျံကာ မီးပုံတစ်ခုရဲ့ ရှေ့မှာထိုင်နေခဲ့တယ်..။..သူ့ရဲ့ဘေးနားက တံစဉ်ဓားသွားမှာလည်း ကြက်သွေးရောင် သွေးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်..။

အပြုံးတစ်ခုနဲ့အတူပဲ..နောက်ထပ် အတွေးစတစ်ခုက သူ့ရဲ့ စိတ်ထဲကို အလိုလိုဝင်ရောက်လာခဲ့တယ်..။

“ရူးနေပြီး…မင်းက ရူးနေပြီပဲ…။မင်းတို့အားလုံးက အရူးတွေချည်းပဲ..”

သူ တုန်လှုပ်သွားပြီး..သူ့ရဲ့တုန်ရီနေတဲ့ လက်ကို မြစိမ်းရောင် အဆောင်ပေါ်ကနေ အမြန်ဖယ်ရှားလိုက်ပါတယ်..။

နိုတစ်ကတော့ ကမ္ဘာပေါ်မှာ အရယ်ရဆုံးဟာသ တစ်ခုကို ကြားလိုက်ရတဲ့အလား..အားရပါးရ ရယ်မောပါတော့တယ်..။တိတ်ဆိတ်နေတဲ့ သဘော်သား အရုပ်တွေကတော့..သူ့ရဲ့ ပတ်ဝန်းကျင်မှာ ရပ်နေကြပြီး..ဘာမှမရှိတဲ့ အရာကိုသာ စိုက်ကြည့်နေခဲ့ကြပါတယ်..။ဒီ မြင်းကွင်းက ထူးဆန်းပြီး အတော်လေး စိတ်ကူးယဉ်ဆန်တယ် ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ အတော်လေး ကြောက်ဖို့ကောင်းနေခဲ့ပါတယ်..။

အတော်ကြာပြီးနောက်မှာမှ မှော်ဆရာဟာ..တိတ်ဆိတ်ဿွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..သူက ဆန်နီကို ကြည့်လိုက်ပြီး လှည့်စားတဲ့ အပြုံးနဲ့ပြုံးကာ မေးလာခဲ့တယ်..။

“ဟုတ်တယ်…အမှန်တကယ်ပဲ..။ငါ့ကိုယ်ငါ ဆိုရင်တောင် ဒီလိုပြောနိုင်မှာ မဟုတ်ဘူး..။ငါ တို့အားလုံးက ရူးသွပ်နေကြပြီ..။ဒါပေမဲ့..မင်း…မင်း မသိသေးဘူးလား..ဆန်းလပ်စ်..။ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ ဆိုတာ မင်း နားမလည်ဘူးလား..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

‘သူက ဘယ်လို ငရဲမျိုးကို ပြောဖို့ ကြိုးစားနေတာလဲ..’

ဒီ သောက်ကျိုးနဲ အိပ်မက်ဆိုးထဲက လူတိုင်းက..လုံးဝကို ရူးသွပ်နေကြတဲ့ ပုံပေါက်နေတာကို ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ…

ပြီးတဲ့နောက်မှာတော့..သူ့စိတ်ထဲမှာ တစ်ခုခုက လှုပ်ရှားသွားခဲ့တယ်…။အတွေးတစ်ခု..နားလည်သဘောပေါက်မူ တစ်ခု…

သူ့ မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး..

မျှော်လင့်ချက် နိုင်ငံတော်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အရာတစ်ခုခု ရှိနေခဲ့ပါတယ်..။သူက အနီရောင် အဆောက်အဦးကနေ လွတ်မြောက်ပြီး ဆိုဗန်နဲ့ တွေ့ဆုံတဲ့ အချိန်မှာကလည်းက ပထမဆုံး ခံစားမိလိုက်တာပါ..။အဲဒီလှပတဲ့ အမျိုးသမီး ရဲ့ လုပ်ရပ်တွေက ပြီးပြည့်စုံပြီး..အဓိပ္ပာယ်ရှိတယ် ဆိုပေမယ့်လည်း..သူမနဲ့ ပတ်သက်ပြီး တစ်ခုခုက မှားယွင်းနေတုန်းပါပဲ..။

အဲံအချိန်တုန်းကတော့..သူက မရေရာတဲ့ သံသယစိတ်အဖြစ်ပဲ ရှိနေခဲ့တာပါ..။တစ်ခုခုက နေရာမကျ ဖြစ်နေခဲ့ပြီး တစ်ခုခုက သိပ်ပြီး အဓိပ္ပာယ်မရှိပေ..။ပြီးတော့..သူ အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေကို အပို့ခံလိုက်ရတဲ့ အချိန်မှာ ဒီ ခံစားချက်က ပိုပြီးတော့ သေချာသွားခဲ့ပါတယ်..။သူက ဒီအကြောင်းကို တွေးဖို့ အချိန်ပဲ မရခဲ့တာပါ..။

ဒီမှာ ရှိနေတဲ့လူတိုင်းက အနည်းနဲ့ အများတော့ ပုံမှန်မဟုတ်သလို ဖြစ်နေခဲ့တယ်..။ခံစားချက်တိုင်းက ပိုမိုချွန်ထက်ပြီး နက်ရှိုင်းကာ..၊ မကောင်းမူတွေ ၊ ကောင်းမူတွေ အားလုံးက ထိန်းချုပ်မူကင်းမဲ့တဲ့ အဆင့်တွေအထိရောက်သွားကြပြီး..စွဲလမ်းမူတွေ ဖြစ်သွားခဲ့ကြပါတယ်..။သူက ဒီအရာတွေကို ထပ်ခါထပ်ခါ ဖြစ်ပေါ်နေတဲ့ အိပ်မက်ဆိုးထဲမှာ ကြုံတွေ့ခဲ့ပြီးသွားပါပြီ..။

နာကျင်မူ ၊ ဝမ်းနည်းမူ ၊ ကပ်ဆိုးနဲ့ ရူးသွပ်မူတွေ…။

ဆန်နီ ကိုယ်တိုင်တောင်..ဒီလို လှည့်စားတတ်တဲ့ ထူးဆန်းမူရဲ့ သက်ရောက်မူကို ခံခဲ့ရတယ်..။ရက်လုပ်မူကို သင်ယူချင်ခဲ့တဲ့ သူ့ရဲ့ စွဲလမ်းမူ ၊ အယ်ယက်အပေါ်မှာ ထားရှိတဲ့ သူ့ရဲံ ပြင်းထန်တဲ့ ချစ်ခြင်းမေတ္တာ ၊ လူငယ်လေး သေဆုံးမူကြောင့် သူ့နှလုံးသား တစ်ခုလုံး နာကျင်ရမူ ၊ အနက်ရောင်စစ်မြင်း အပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အမုန်းတရားတွေ …ဒါတွေအားလုံးက သူ့ရဲ့ စရိုက်လက္ခဏာနဲ့ လုံးဝ မကွဲပြားပေမယ့်..ဖြစ်သင့်တာထက်တော့ အနည်းငယ် ပိုနေခဲ့ပါတယ်..။

လွန်ခဲ့တဲ့ လတွေကို ပြန်တွေးကြည့်လိုက်တဲ့ အချိန်မှာတော့..ဆန်နီ ကြက်သီးထသွားခဲ့တယ်..။

‘ခနလေး…ခနလေး..’

သူက ဒီ အိပ်မက်ဆိုးနဲ့ ပတ်သက်ပြီး သူမှတ်မိထားတဲ့ အရာမှန်သမျှကို ပြန်ပြီး စဉ်းစားကြည့်လိုက်တယ်..။ဓား ခုနှစ်လက် ၊ အင်မော်တယ် ခုနှစ်ယောက် …၊ နှစ်တစ်ထောင်ကြာတဲ့ တာဝန်တွေ ၊ ဆင်စွယ်ရောင်မြို့ရဲ့ စည်းမျဉ်းတွေကြောင့် သူ့ရဲ့ ညီကိုယ်တိုင်က နိုပ်စက်ခဲ့တာ ၊ မြင့်မြတ်သော တောအုပ်ပျက်စီး ခဲ့တာ ၊ အရိပ်အရှင်သခင်က တစ်ခုခု မတိုင်ခင်မှာ..သွေးကြောင်တဲ့ ရွေးချယ်မူတစ်ခုကို ပြုလုပ်ခဲ့တာ…

ဘယ်အရာ မတိုင်ခင်လဲ…။

ရုတ်တရက် ဆန်နီရဲ့ မျက်နှာပေါ်မှာ နားလည်သဘောပေါက်မူကြောင့် အံ့ဩသင့်တဲ့ အမူအရာ ပေါ်လာခဲ့ပါတဘ်..။

သူက နိုတစ်ကို အတော်ကြာအောင် စိုက်ကြည့်ပြီးကာမှ..မြစိမ်းရောင် အဆောင်ကို ကောက်ကိုင်လိုက်တယ်..။သူ့စိတ်ထဲက အတွေးတွေက စကားလုံးတစ်လုံးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်..။

“မျှော်လင့်ချက်လား..”

မှော်ဆရာဟာ..ပြုံးလိုက်ပြီး ခေါင်းညိမ့်လိုက်ကာ..သူတို့ရဲ့အောက်ဘက်မှာရှိနေတဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတော်ကြီးကို ကြည့်လိုက်ပါတယ်..။

“…အမှန်ပဲ…။မျှော်လင့်ချက်…”

နိုတစ်ဟာ..ဝိုင်ကို တစ်ငုံလောက်သောက်ပြီးနောက်မှာ သူ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့ပါတယ်..။ခနအကြာမှာတော့..သူက မတူကွဲပြားစွာ ပြောလိုက်တယ်..။

“အလင်းအရှင်သခင်က..မျှော်လင့်ချက်ကို ခြေကျင်း ခုနှစ်ခုနဲ့ ချုပ်နှောင်ထားခဲ့တာ..။ပြီးတော့ အဲဒီခြေကျင်းတွေက အဆုံးမရှိအောင် ဖန်တီးထားခြင်း ခံရတာပဲ..။အဲတာက ငါတို့ပဲ….ငါနဲ့ တစ်ခြား ချိန်း အရှင်သခင်တွေ…။သူက ငါတို့ရဲ့ ကံကြမ္မာတွေကို တစ်ယောက်နဲ့ တစ်ယောက် ချည်နှောင်ထားပြီး..နတ်ဆိုးကို ဘယ်တော့မှ လွတ်မသွားစေဖို့ အတွက် တာဝန်ပေးအပ်ထားခဲ့တာ..။ပြီးတော့..ရာစုနှစ်အနည်းငယ်ကြာအောင် အရာအားလုံးက အဆင်ပြေပြေ ရှိနေခဲ့သေးတယ်..”

သူ့မျက်နှာက နက်မှောင်ပြီး အေးစက်သွားခဲ့ပါတယ်..။မှော်ဆရာ ဟာ..တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ဆက်ပြောလိုက်တယ်..။

“ဒါပေမဲ့..ဖြည်းဖြည်းချင်းနဲ့ ငါတို့က အတော်လေး ပင်ပန်းလာကြတယ်..။သံသယစိတ်တွေက ငါတို့ရဲ့ နှလုံးသားထဲကို တိုးဝင်လာခဲ့ကြတယ်လေ..။ထာဝရ…အဲဒိ ထာဝရ ဆိုတဲ့ အရာက အရမ်းကို လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပဲ..ဆန်းလပ်စ်..။ပြီးတော့ ..သူ့ရဲ့ ဖိအားအောက်မှာပဲ..ငါတို့ထဲက တစ်ယောက်က သတိမထားမိပဲ ဖောက်ပြားသွားခဲ့တယ်..။ဒါကြောင့် နောက်တစ်ယောက်က ဒီ ဖောက်ပြန်မူကို အမြစ်ဖြတ်ချေမှုန်းဖို့ ဆုံးဖြတ်ခဲ့တယ်လေ..။ဒီလိုနဲ့..ပထမဆုံး ချိန်းအရှင်သခင်က သေဆုံးသွားခဲ့တာပဲ..။ငါ့ရဲ့ အချစ်ရဆုံး သူငယ်ချင်းဖြစ်တဲ့ အီဒါ…သူမကို ဆိုဗန် ဆိုတဲ့ စုန်းမက သတ်သွားခဲ့တာပဲ..။သူမရဲ့ လှပတဲ့ တောအုပ်လေးကလည်း..လောင်ကျွမ်းပြာကျသွားခဲ့တယ်..”

နိုတစ်က ငြိမ်သက်နေဆဲဖြစ်ပေမယ့်..သူတို့ရဲ့ ဘေးနားမှာရှိနေကြတဲ့ သစ်သားရုပ်ထုတွေကတော့ ရုတ်တရက် လက်သီးတွေ ဆုပ်လာခဲ့ကြပါတယ်..။သူတို့ရဲ့ လက်ချောင်းတွေက ဖြစ်ပေါ်လာတဲ့ ဖိအားကြောင့် အက်ကွဲသွားခဲ့ကြတယ်..။သူတို့ရဲ့ သစ်သား မျက်နှာတွေက မလှုပ်ရှားနိုင်ပေမယ့်..သူတို့ရဲ့ ပုံရိပ်တွေကနေ ထွက်ပေါ်လာတဲ့ ဒေါသလှိုင်းတွေကို ဆန်နီ ခံစားနေခဲ့ရပါပြီ..။

မှော်ဆရာက သက်ပြင်းချလိုက်ပြီး…

“ပြီးတော့…အဲလိုနဲ့ပဲ..ငါတို့ အားလုံးရဲ့ ကံတရားတွေက ချိတ်ပိတ်ခံထားကြရတာ..။ဟုတ်တယ်..ခြေကျင်း ခြောက်ခုက ကျန်ရှိနေတုန်းပဲ..။ဒါပေမဲ့.. မျှော်လင့်ချက်ရဲ့ အကျဉ်းထောင်က ပြီးပြည့်စုံမူ မရှိတော့ဘူး..။သူမရဲ့ စိတ်ဆန္ဒတွေ ၊ သူမရဲ့ သွယ်ဝိုက်တဲ့ လွှမ်းမိုးမူတွေက တဖြည်းဖြည်းနဲ့ စိမ့်ထွက်လာနေခဲ့ပြီ..။ဒီအရာက ငါတို့အပေါ်ကို နည်းနည်းချင်းစီ သက်ရောက်လာပြီး နောက်ဆုံး တစ်နိုင်ငံလုံးကို ဝါးမြိုသွားလိမ့်မယ်..။ဒီ နိုင်ငံအထဲက သေးငယ်တဲ့ ပိုးကောင်လေးကနေ စပြီး အင်မော်တယ်အထိ အားလုံးရဲ့ စိတ်ဆန္ဒတွေကို နိုးဆွပေးပြီး..ကြောက်မက်ဖွယ်ကောင်းပြီး မတူညီတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲပေးလိမ့်မယ်..”

သူ ရယ်မောလိုက်တယ်..။

“အိုး…ဒါပေါ့..ငါတို့ထဲက ဘယ်သူကမှ အချိန်အတော်..အတော်ကြာအောင် သတိမထားမိခဲ့ကြဘူး..။နှစ်ပေါင်းရာနဲ့ချီပြီးတောင် ဖြစ်နေနိုင်တယ်..။အဲတာကို ငါတို့ နားလည်သွားခဲ့တဲ့ အချိန်မှာတော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီ..။မျှော်လင့်ချက် ဘုရင့်နိုင်ငံတစ်ခုလုံးက အရင်အုပ်စိုးသူ ကြောင့် ရူးသွပ်နေခဲ့ကြပြီလေ..။ရက်စက်တဲ့ ငရဲတစ်ခု အဖြစ် ပြောင်းလဲခြင်း ခံလိုက်ရပြီ..။ငါတို့အားလုံးကို..မျှော်လင့်ချက်က သိမ်းသွင်းသွားခဲ့တာ..”

နိုတစ် ပြုံးလိုက်ပြီး..ဝိုင်ကို တစ်ငုံသောက်ကာ ရယ်မောလိုက်တယ်..။

“ဒီတော့..ဟုတ်တယ် ဆန်းလပ်စ်…။ငါတို့အားလုံးက အရူးတွေချည်းပဲ…။ငါက မင်းခန္တာကိုယ်ပေါ်က ဒဏ်ရာတွေကြောင့် မင်းသိထားပြီးလိမ့်မယ်လို့ ထင်ထားခဲ့တာ..။စစ်ပွဲကို ကိုးကွယ်တဲ့လူတွေက အရူးတွေပဲ..ပြီးတော့..သူတို့ရဲ့ ခေါင်းဆောင် ဆိုဗန်လည်း ဒီအတိုင်းပဲ..။ဆင်စွယ်ရောင်မြို့က မြို့သားတွေကလည်း သူတို့ရဲ့ ခေါင်းဆောင်နှစ်ယောက်လိုမျိုး အရူးတွေချည်းပဲ..။မြောက်ဖက်ပိုင်းမှာ ရှိနေတဲ့ တစ်ယောက်ကတော့ ငါတို့ထဲမှာ အရူးဆုံးတစ်ယောက်ဖြစ်လိမ့်မယ်..။ကောင်းပြီလေ..ငါကတော့..ဒါပေါ့..ငါက မျှော်လင့်ချက်ဘုရင့် နိုင်ငံတော်ထဲမှာ အရူးဆုံးလူတစ်ယောက်ပဲ..။အဲတာတော့ ငါ မင်းကို သိစေချင်တယ်..”

ဆန်နီဟာ..ပျော်ရွှင်စွာ ပြုံးနေတဲ့ မှော်ဆရာကို ကြည့်နေရင်း ရုတ်တရက် ကြောက်ရွံ့စိတ်တွေ ဖုံးလွှမ်းသွားခဲ့တယ်..။

“အဲဒီ သောက်ကျိုးနဲ မျိုးစေ့…အဲဒီ သောက်ကျိုးနဲ မော်ဒရက်…ဒီလိုမျိုးစေ့က ဘယ်လောက်တောင် ရှားပါးပြီး အဖိုးတန်တယ် ဆိုတာကို ပြောပြခဲ့တဲ့ နေ့လည်း ချီးပဲ…”

မှော်ဆရာက ရယ်မောလိုက်တယ်..။

“အာ..ကောင်းပြီလေ..မင်းပြောနေတဲ့ မော်ဒရက် နဲ့ မျိုးစေ့က ဘာတွေလည်း ဆိုတာကိုတော့ ငါ မသိဘူး..။ဒါပေမယ့် ငါ သိထားတဲ့ အရာတစ်ခုတော့ ရှိတယ်..။တကယ်တော့ အဲတာက မေးခွန်းတစ်ခုပဲ..။အဲဒီမေးခွန်းက..ငါ့ကို နိုပ်စက်နေခဲ့တာ ရာစုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ ဆန်းလပ်စ်..။အဲ့မေးခွန်းက ဘာလဲဆိုတာ မင်းသိလား..။အဲတာက ငါ့ရဲ့ ကိုယ်ပိုင်ရူးသွပ်မူရဲ့ အစက ဘာလဲ ဆိုတာပဲ..”

ဆန်နီ မျက်မှောင်ကျုတ်ပြီး ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။

နိုတစ် ခနလောက်တွေးနေပြီးကာမှ..အဝေးကိုကြည့်ပြီး ဝမ်းနည်းတဲ့ အပြုံးနဲ့ ပြောလာခဲ့ပါတယ်..။

“အဲတာက အီဒါ ငါ့ကို မေးခဲ့တဲ့ မေးခွန်းပဲ..။အချိန်အတော် ကြာခဲ့ပြီ…။သိတယ်မလား..တကယ်လို့ အလင်းအရှင်သခင်က ..ငါတို့ ခုနစ်ယောက်လုံးနဲ့ မျှော်လင့်ချက်ကို ထာဝရ အကျဉ်းချစေချင် ခဲ့တယ်ဆိုရင်…”

သူ့ရဲ့ အပြုံးက..အနည်းငယ်ကြီးမားလာခဲ့တယ်..။ပြီးတဲ့နောက်မှာတော့ ရုတ်တရက် မှေးမှိန်သွားခဲ့ပါတယ်..။

“…ဒါဆိုရင် ဘာလို့..သူမ လွတ်မြောက်ဖို့အတွက် သော့တွေကို ငါတို့ တစ်ယောက်ချင်းစီတိုင်းဆီမှာ ထားထားခဲ့ရတာလဲ…”

All Chapters