ပြင်းထန်သော တိုင်းတာမူများ..
Vol. 44 Ch. 650
ဆန်နီ တတ်နိုင်သမျှ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။နောက်ဆုံးမှာတော့ အားနည်းချက်က သူ့ကို အဖြေပေးဖို့အတွက် တွန်းအားပေးလာခဲ့ပါတယ်..။
သူက နိုတစ်ကို စိတ်မကောင်းဖွယ် ကြည့်ကာ ပြောလိုက်တယ်..။ဒါမှမဟုတ်..အက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်မိတာပါ..။
“ဖြစ်နိုင်တာက..သူ ဒီတိုင်း မင်းတို့ ခံစားနေရတာကို ကြည့်ချင်လို့ဖြစ်မယ်..”
နိုတစ် တောက်ပစွာပြုံးပြီး ပြောလိုက်တယ်..။
“အိုး..အမှန်ပဲ..။မင်း ပြောတာလည်း မှန်နိုင်တာပဲ..။နတ်ဘုရားတွေ ဆိုတာက တစ်ခါတစ်လေမှာ အရမ်းကို ရက်စက်ကြတယ်..။ဘာပဲဖြစ်ဖြစ်..သူတို့က ကြင်နာမူ တွေ ၊ သနားဂရုဏာ တွေ ထက် အများကြီး ပိုရှေးကျပြီး ကျယ်ပြန့်ကြတယ်လေ..။ဒါမှမဟုတ်..ငါတို့ရဲ့ အသက်တွေက..နတ်ဆိုးကို ချုပ်နှောင်ထားတာ မဟုတ်ပဲ..ငါတို့ရဲ့ အလိုဆန္ဒတွေကသာ သူမကို ချုပ်နှောင်ထားတာ ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်..။ဒါမှမဟုတ်..ငါတို့ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို စမ်းသပ်ထားတာပဲ..။အနည်းဆုံးတော့..ဒါက နေနတ်ဘုရား ယုံကြည်ထားတဲ့ အရာပဲလေ..။ဒါမှမဟုတ်..ဖြစ်နိုင်တာက…ဖြစ်နိုင်တာက..သူလည်း..သူမကို လွတ်မြောက်စေချင်နေတာပဲ..။ဘယ်သူ သိနိုင်မှာလဲ..”
သူ ပြုံးလိုက်ပြီးကာမှ..နောက်ဆုံးမှာ ထပ်ပြောလိုက်တယ်..။
“တကယ်လို့..ငါတို့လို သေမျိုးတွေကသာ..နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒတွေကို သိနိုင်နေမယ်ဆိုရင်..ငါတို့ကလည်း နတ်ဘုရားတွေ ဖြစ်နေတော့မှာပေါ့..”
ပြီးတဲ့နောက်မှာတော့..ပျံသန်းနေတဲ့ သဘော်ရဲ့ အပေါ်မှာ တိတ်ဆိတ်မူကသာ ကြီးစိုးသွားခဲ့ပါတယ်..။
ဆန်နီဟာ..သူ့ရှေ့မှာ ရှိနေတဲ့ အရသာ ရှိတဲ့ အစားအသောက်တွေကို စိုက်ကြည့်နေရင်း..သူ စားသောက်ချင်စိတ်ပျောက်သွားပြီ ဆိုတာကို နားလည်လိုက်ပါတယ်..။
မျှော်လင့်ချက်….အလိုဆန္ဒ နတ်ဆိုး…
သူမက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ..။
ဖြည်းညှင်းစွာနဲ့ပဲ..အရင်က ဗရမ်းဗတာ နဲ့..အဓိပ္ပာယ်မဲ့နေတဲ့ အရာတစ်ချို့က…နေရာတစ်ကျ ဖြစ်သွားခဲ့ပါပြီ..။
အနီရောင် အဆောက်အဦးထဲက..ဝမ်းသားအားရဖြစ်နေတဲ့ ပရိတ်သတ်တွေ ၊ မိန်းမလှလေး ဆိုဗန် ရဲ့ ယုံကြည်ချက် ၊ နေ မင်းသားလေးရဲ့ နိုပ်စက်မူတွေ နဲ့ အနက်ရောင် မြင်းရဲ့ ရူးသွပ်နေတဲ့ မျက်လုံးတွေ အားလုံးက..မျှော်လင့်ချက်ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေကြောင့် ဖြစ်ပေါ်လာတာပါပဲ..။
ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်က..အလိုဆန္ဒ ( တဏှာ ) ကို ချုပ်ကိုင်ထားတဲ့ သူတစ်ယောက်ပါ..။ပြီးတော့ ဒီ စွမ်းအားနဲ့ပဲ..သူမက အကျဉ်းထောင်ရဲ့ သေးငယ်တဲ့ အက်ကွဲကြောင်းလေးကနေတဆင့်..စကြဝဠာ တစ်ခုလုံးကို ရူးသွပ်တဲ့ ငရဲတစ်ခုဖြစ်သွားအောင် လုပ်နိုင်ပါတယ်..။မျှော်လင့်ချက်တိုင်း ၊ လိုအင်ဆန္ဒတိုင်း ၊ အိပ်မက်တိုင်း က လှည့်စားခြင်းခံနေရပြီး..လက်နက်တစ်ခုအသွင် ပြောင်းလဲသွားခဲ့တယ်..။ဒီအရာက လူသားတွေရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာ..စိုက်ဝင်နေတဲ့ မမြင်ရတဲ့ လက်နက်တစ်ခုဖြစ်နေခဲ့တာပါ..။
သူမရဲ့ စွမ်းအားကို ဘယ်သူကမှ ခုခံနိုင်မှာ မဟုတ်ပေ..။သာမာန် လူတွေပဲဖြစ်ဖြစ်..နိုးထသူတွေပဲဖြစ်ဖြစ် ခုခံနိုင်မှာမဟုတ်ပါဘူး..။သူတော်စင်တွေတောင် မတွန်းလှန်နိုင်ကြပေ..။အနီးမှာရှိနေတဲ့ လူတွေရော …အဝေးမှာရောက်နေတဲ့ လူတွေရော..နတ်ဆိုးရဲ့ ကျိန်စာကို ခံစားကြရမှာပါပဲ..။
ပြီးတော့..သူမရဲ့ ကိုယ်ပိုင်မျှော်လင့်ချက်ကရော ဘာဖြစ်နိုင်မလဲ..။လိုအင်ဆန္ဒ နတ်ဆိုးကရော ဘယ်အရာကို တောင့်တနေခဲ့တာလဲ..။
ကောင်းပြီလေ…ဒါက လွယ်ကူပါတယ်..။
မျှော်လင့်ချက်က လွတ်မြောက်ချင်နေခဲ့တာပါ..။
…ဒါက ဆန်နီ အမှန်တကယ် လွတ်မြောက်ချင်နေသလိုပါပဲ..။
သူမက သူ့မကို စောင့်ကြပ်ရတဲ့ ထောင်စောင့်တွေကို ရူးသွပ်ပြီး အချင်းချင်း ပြန်တိုက်ခိုက်အောင် လုပ်နေခဲ့တယ်..။ပြီးတော့ အခြေအနေကို ကြည့်ရသလောက်တော့ သူမရဲ့ကျိန်စာက အတော်လေးကို အလုပ်ဖြစ်နေခဲ့တာပါ..။ဆိုဗန်က သေခြင်းတရားကို ရှာဖွေနေပြီး…ဆင်စွယ်ရောင် မှာရှိတဲ့ အထွတ်အထိပ်အဆင့် နှစ်ဦးဟာလည်း..တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်လုနီးပါးဖြစ်နေခဲ့တယ်..။ပြီးတော့..နိုတစ်ကလည်း သူတို့အားလုံးကို သတ်ဖို့ အစီစဉ်ချနေခဲ့ပါတယ်..။
မြောက်ဘက်က တစ်ယောက်ကတော့…ဆန်နီအနေနဲ့ နောက်ဆုံး ချိန်းအရှင်သခင်အကြောင်းကို ဘာမှမသိထားခဲ့ပေ..။သို့ပေမယ့်..မှော်ဆရာပြောပုံ အရဆိုရင်တော့..သူမလည်း စိတ်အခြေအနေ မမှန်ပါဘူး..။
ရုတ်တရက် ဆိုသလိုပဲ..သူက အိပ်မက်ဆိုး စတင်တုန်းက အချိန်တွေ နောက်ပြန်ဆုတ်နေတာကို ပြန်သတိရသွားခဲ့တယ်..။ဆင်စွယ်ရောင် တာဝါက ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး..သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အပျက်အစီးတွေက လှပတဲ့ မြို့တစ်ခုအဖြစ် ဖြစ်ပေါ်သွားခဲ့တာပါ..။
..ဆိုလိုတာကတော့..တစ်နေ့မှာ..၊ မကြာခင်မှာ..ဆင်စွယ်ရောင် မြို့က မီးလောင်ကျွမ်းသွားပြီး..မျှော်လင့်ချက်ရဲ့ အကျဉ်းထောင်က ချိန်း ခုနစ်ခုကနေ လွတ်မြောက်ကာ..ချိန်းကျွန်းစုရဲ့အပေါ်ကို မြောက်တက်သွားတာ ဖြစ်နိုင်ပါတယ်..။
ပြီးတဲ့နောက်မှာတော့..အပေါ်က ဖိနိုပ်မူက တစ်နည်းနည်းနဲ့ ပေါ်လာတော့မှာပါ..။
အေးစက်ပြီး..ဆိုးဝါးတဲ့ ခံစားချက်တစ်ခုက သူ့ရဲ့ နှလုံးသား နှစ်ခုထဲကို တိုးဝင်လာခဲ့တယ်..။
‘အိုး…နိုး….’
ဆန်နီ ရုတ်တရက် စိတ်ထိခိုက်ဖွယ် တစ်ခုခုကို နားလည်သဘောပေါက်သွားခဲ့ပါတယ်..။သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး..နိုတစ်ကို ကြောက်လန့်တကြားး ကြည့်လိုက်တယ်..။
ဒါက…ဒါက…သူ ၊ ကတ်စီ ၊ အယ်ဖီ ၊ ကိုင်နဲ့..မော်ဒရက်တို့ ဖြေရှင်းရမယ့် ပြသနာပဲ..။အိပ်မက်ဆိုးကို အနိုင်ယူဖို့အတွက် ဖြေရှင်းရမယ့် အရာပါ..။သူတို့က ရူးသွပ်နေတဲ့ မှော်ဆရာကို ကူညီပြီး ထိပ်လန့်ဖွယ်ကောင်းတဲ့ နတ်ဆိုးကို လွတ်မြောက်အောင် လုပ်ပေးတာ ဒါမှမဟုတ်..သူမကို ဘယ်တော့မှ မလွတ်မြောက်အောင် လုပ်ရမှာပါ..။
သူတို့ငါးယောက်က..အင်မော်တယ် သူတော်စင် ငါးယောက်နဲ့ ရင်ဆိုင်ရပါတော့မယ်..။
သူ့ နှုတ်ခမ်းကနေ အသံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…အခိုက်အတန့်က အမြဲတမ်း မျှတတယ် ဆိုတဲ့အချက်က ဘယ်ရောက်သွားတာလဲ..။ဒါက ဘယ်လိုလုပ် မျှတတော့မှာလဲ..’
နောက်ထပ် သဘောပေါက်မူတစ်ခုက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။ဆိုဗန်ရဲ့ စိန်ခေါ်မူကို လက်မခံခင်မှာ အီဒါ ပြောခဲ့တဲ့ စကားတွေ..။သူမ ဖော်ပြခဲ့တဲ့ ကျေးဇူးတင်စကား..။ဆိုဗန်က အမှန်တကယ်ပဲ..နှလုံးသား နတ်ဘုရား ကြောင့်..အီဒါကို အပြစ်ပေး သုတ်သင်ခဲ့တာလား..။
ဒါမှမဟုတ်..ချိန်းအရှင်သခင်တွေထဲက တစ်ယောက်သေဆုံးသွားမယ် ဆိုရင် ဘာဖြစ်လာမလဲ ဆိုတာကို..လှပတဲ့ စစ်သည်တော်က အစောကတည်းက သိနေခဲ့တာလား..။ဒါက သူမ အပါအဝင် ကျန်တဲ့ လူတွေအားလုံးကို သေခြင်းတရား ထက် ဆိုးဝါးတဲ့ အခြေအနေကို ခေါ်ဆောင်သွားတော့မှာပါ..။ဖြည်းညှင်းစွာပဲ အားလုံးက ရူးသွပ်သွားကြရလိမ့်မယ်..။ဒါတွေအားလုံးကို..မျှော်လင့်ချက် အကျဉ်းထောင်က လွတ်မြောက်ဖို့နဲ့..သူမကိုယ်တိုင် အဆုံးမရှိတဲ့ ထာဝရ ဘဝကြီးကနေ လွတ်မြောက်ဖို့အတွက် လုပ်ခဲ့တာလား..။
ဒီလို ဆိုရင်တော့..သူမက အားလုံးထဲမှာ အရဲရင့်ဆုံး သူတစ်ယောက်ပါပဲ..။ပြီးတော့..မုန်းစရာ အကောင်းဆုံး လူတစ်ယောက်ဆိုရင်လည်း ဟုတ်ပါတယ်..။
ဒါမှမဟုတ်…လေးစားစရာ လူတစ်ယောက်..။ဒါက သူ့ကို ဘယ်လို အမြင်နဲ့ ကြည့်တယ်ဆိုတာနဲ့ မူတည်မှာပါ..။
ဒါပေမဲ့..အမှန်တော့ ဒါက သိပ်ပြသနာ မရှိပေ..။
ဆန်နီ မြစိမ်းရောင် အဆောင်ကို ကိုင်လိုက်ပြီး သူ့ရဲ့ အတွေးတွေကို ထည့်သွင်းကာ အသံအဖြစ် ပြောင်းလဲစေလိုက်တယ်..။
ဒီနေရာမှာ သူ နားမလည်သေးတဲ့ အရာတစ်ခု ရှိနေခဲ့ပါသေးတယ်..။
“ငါ သယ်ဆောင်ထားတဲ့ မီးတောင်ကျောက်ဓား..အဲဒါမရှိပဲနဲ့ မင်းက ချိန်း အရှင်သခင်တွေကို ဘယ်လိုသွားပြီး သတ်မှာလဲ..။ပြီးတော့..အနက်ရောင်မြင်းဆီကနေ ငါ ရရှိခဲ့တဲ့ ဖန် ဓား နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မရှိပဲနဲ့ ပေါ့..”
နိုတစ် သူ့ကို ကြည့်ပြီးနက်မှောင်စွာ ပြုံးလိုက်တယ်..။
“အာ…အဲတာလား..ငါ လုပ်တော့မယ့် ကြီးကြီးမားမား အရာတစ်ခုပေါ့..။ကောင်းပြီလေ..ဒါက တကယ်ကို ဆိုးဝါးတဲ့ ရွေးချယ်မူပဲ..။ငါ လုပ်တော့မယ့် အချိန်မှာပဲ..ကံတရားက မင်းကို ငါ့ဆီ ပို့ပေးတဲ့အတွက် ဝမ်းသာမိတယ် ဆန်းလပ်စ်..”
သူ ရယ်မောလိုက်ပြီး..
“မင်း သိတဲ့ အတိုင်းပဲလေ ဆန်းလပ်စ်…တဏှာ ဆိုတာက အရမ်းကိုအားကောင်းတဲ့ အရာတစ်ခုပဲ..။အမှန်တော့ ဒါက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး အရာတစ်ခုတောင် ဖြစ်နေနိုင်တယ်..။ဘာပဲဖြစ်ဖြစ်..ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ဗရမ်းဗတာဖြစ်နေတဲ့ အာကာသထဲမှာ နတ်ဘုရားတွေက မွေးဖွားလာခဲ့တာလေ..။ဒါပေမဲ့..တဏှာ ( လိုအင်ဆန္ဒ ) ထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ခုက ရှိနေသေးတယ်..။အဲတာက..ကံတရား ပဲ..”
မှော်ဆရာဟာ သုန်မုန်တဲ့အမူအရာနဲ့ အဝေးကို ကြည့်နေခဲ့တယ်..။
“နတ်ဘုရားတွေတောင် ကံတရားကို ကြောက်ရွံ့ကြရတယ် ဆန်းလပ်စ်..။ဒီတော့..ငါက သတ္တဝါတစ်ကောင်နဲ့ အပေးအယူလုပ်တော့မှာ..။ဆိုးယုတ်ပြီး..ကြံစည်တတ်တဲ့ မွန်းစတား တစ်ကောင်နဲ့ပေါ့..။အဲဒီ နတ်ဆိုးကို ဝီဗာ လို့ခေါ်တယ်..။သူက ကံကြမ္မာ ကို ချုပ်ကိုင်ထားတာ..။အဲဒီဓားတွေနဲ့ ငါတို့ကို သတ်နိုင်တယ် ဆိုတာက..ဒီဓားတွေက ငါ့တို့ရဲ့ ကံတရား ကြိုးမျှင်တွေကို သယ်ဆောင်ထားလို့ပဲလေ..။ဒီတော့..တကယ်လို့ တစ်စုံတစ်ယောက်သာ..ဓားတွေမရှိပဲ ငါတို့ရဲ့ အသက်တွေကို အဆုံးသတ်ပေးနိုင်မယ် ဆိုရင် အဲတာက ဝီဗာပဲ ဖြစ်လိမ့်မယ်..”
နိတစ်က ဝီဗာရဲ့ နာမည်ကို ထုတ်ပြောလိုက်တဲ့ အချိန်မှာတော့..သူက တုန်လှုပ်သွားခဲ့တယ်..။ယင်းနောက် သူ အားတင်းပြုံးလိုက်ပြီး…
“ဒါပေမဲ့..ကံတရားရဲ့ နတ်ဆိုးက..ငါ့ဆီကနေ..ဆိုးဝါးတဲ့ တန်ကြေးတစ်ခုကို တောင်းဆိုမှာပဲ..။ငါ သေချာပြောနိုင်တယ်..။ဒီတော့..မင်း ရောက်လာတာက ငါ့အတွက် ကံကောင်းမူတစ်ခုပဲလေ..။စဉ်းစားကြည့်စမ်းပါဦး…အဲဒီ မကောင်းဆိုးဝါးက ..ငါ့ကို ရုပ်ဆိုးပြီး..ပိုမိုဆိုးဝါးတဲ့ အရာတစ်ခု ဖြစ်အောင် လုပ်လိုက်မှာပဲ..။တကယ်ကြောက်ဖို့ကောင်းတယ်..”
နိုတစ် ရယ်မောလိုက်ပြီး..သဘော်သား အရုပ်တစ်ရုပ်ကို အချက်ပြလိုက်ကာ..သူတို့အတွက် နောက်ထပ် ဝိုင်တစ်အိုး ယူလာခိုင်းလိုက်ပါတယ်..။
သူက ဆန်နီရဲ့ မျက်လုံးတွေထဲမှာ ရုတ်တရက် ပေါ်လာတဲ့ စိုးရိမ်မူ ၊ တင်းမာမူတွေကို သတိမထားမိတာ ဒါမှမဟုတ် တမင်တကာ လျစ်လျူရူလိုက်တယ်..။
‘ဒီတော့..မျှော်လင့်ချက် လွတ်မြောက်ဖို့အတွက်..နိုတစ်က..ဝီဗာနဲ့ အပေးအယူလုပ်ချင်နေတာပေါ့..။အဲ့နောက်မှာပဲ ငါက ရုတ်တရက် ပေါ်လာခဲ့တယ်..’
သူ့ကျော်ရိုးတစ်လျောက်လုံး ချမ်းးစိမ့်သွားသလို ခံစားလိုက်ရတယ်..။
‘ဒါက ဘာကို ဆိုလိုချင်တာလဲ..’