← Chapters

မမြင်ရတဲ့ ချည်နှောင်မူများ..

Vol. 44 Ch. 651

မမြင်ရတဲ့ ချည်နှောင်မူများ..

Vol. 44 Ch. 651

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..ဆန်နီက ဇိမ်ခန်းအခန်းထဲကို ပြန်ရောက်လာပြီး နူးညံ့တဲ့ ကုတင်ပေါ်မှာထိုင်နေခဲ့ပါတယ်..။ပြီးတာနဲ့..သူ့ရဲ့ သားရဲတစ်ကောင်လို မျက်နှာနဲ့ နံရံကို စိုက်ကြည့်နေခဲ့တယ်..။

ခြောက်ခြားမူတွေ တစ်ခုပြီးတစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ညစာစားပွဲအပြီးမှာတော့..သူက အဖြေမပေးခင် စဉ်းစားဖို့ လိုအပ်သေးတဲ့ အကြောင်းကို နိုတစ်ကို ပြောခဲ့ပါတယ်..။အခုချိန်မှာ ဆန်နီက နေနတ်ဘုရားရဲ့ ဓားတွေထဲက နှစ်လက်ကို ပိုင်ဆိုင်နိုင်မယ့် သော့တွေကို ကိုင်ဆောင်ထားခဲ့တယ် ဆိုပေမယ့် မှော်ဆရာက သူ့ကို လုံးဝ ဖိအားမပေးခဲ့ပါဘူး..။ပြီးတော့..သူ့ရဲ့ သာမန် လွတ်လပ်တဲ့ အမူအရာနဲ့ပဲ..သဘောတူခဲ့ပါတယ်..။

တကယ်လို့ ထာဝရအသက်ရှင်နိုင်တဲ့ အင်မော်တယ်တွေမှာ..ကျေးဇူးတင်စရာကောင်းတဲ့ စွမ်းရည်တစ်ခု ရှိနေမယ် ဆိုရင်..အဲတာက သူတို့ရဲ့ စိတ်ရှည်နိုင်မူပဲ ဖြစ်ပါလိမ့်မယ်..။

အခုချိန်မှာတော့…သဘော်ပျံက ရွေ့လျားနေခဲ့ပြီး..နိုတစ် မြင့်မြတ်နယ်မြေဆီကို ကောင်းကင်ထက်ကနေ..ရွက်လွင့်နေခဲ့ပါတယ်..။သူတို့က တစ်ရက် နှစ်ရက်ဆိုရင် အဲဒီကို ရောက်တော့မှာပါ..။အဲ့အချိန်မတိုင်ခင်မှာ..ဆန်နီအနေနဲ့ သူ ဘာလုပ်ချင်တာလဲ..ဘယ်လိုလုပ်မှာလဲ ဆိုတာကို သိနေဖို့ လိုအပ်ပါတယ်..။

သူက တစ်ခြားလူတွေကို ရှာဖွေပြီး..ဒီ အိပ်မက်ဆိုးကို တစ်နည်းနည်းနဲ့ အနိုင်ယူရပါလိမ့်မယ်..။

နိုတစ်ကို ကူညီပြီး..မျှော်လင့်ချက်ကို လွှတ်ပေးရမှာလား..ဒါမှမဟုတ်..သူမကို ထာဝရ အကျဉ်းချခံနေရအောင် လုပ်ရမှာလား..။

သူ့ မျက်နှာပေါ်မှာ ဖြူဖျော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

မျှော်လင့်ချက်…ဒီကမ္ဘာကြီးတစ်ခုလုံးက..အလိုဆန္ဒ နတ်ဆိုးရဲ့ မခံမရပ်နိုင်မူ ၊ မလွတ်မြောက်နိုင်မူ ၊ ထိန်းချုပ်မူတွေကြောင့် ရူးသွပ်နေခဲ့ကြပြီ ဆိုတာကို သိရတာက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ..။ဒီမှာရှိနေတဲ့ လူတိုင်းက..သူမရဲ့ အံ့ဩဖွယ် ၊ ကြောက်မက်ဖွယ် စွမ်းရည်တွေရဲ့ အောက်မှာ ရောက်ရှိနေခဲ့ကြတာပါ..။သူကိုယ်တိုင်လည်း အတူတူပါပဲ..။

အနက်ရောင်မြို့တော်ထဲမှာ..အနိမ့်ကျဆုံးအချိန်တုန်းက..ဆန်နီဟာ..အစစ်အမှန်ကမ္ဘာထဲကို ပြန်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို စွန့်ပယ်ထားခဲ့ပါတယ်..။အမှန်တော့..မျှော်လင့်ချက်ဆိုတာက..အန္တရာယ်အများဆုံး ၊ အဆုံးအပြင်းဆုံး အရာတစ်ခုလို့ ကိုယ့်ကိုကို ယုံကြည်အောင် လုပ်ထားခဲ့တာပါ..။သူက ရူးသွပ်မူတွေကနေ ရုန်းထွက်ပြီး အစစ်အမှန်ကမ္ဘာကို ပြန်ရောက်လာတဲ့ အချိန်ကြမှပဲ..ဒီလို လွဲမှားနေတဲ့ ယုံကြည်မူက ဘယ်လောက်တောင် ထိခိုက်နိုင်လဲဆိုတာ သဘောပေါက်ခဲ့ပါတယ်..။

ဆန်နီဟာ..သူ့အတွက် သာမန်ဘဝတစ်ခုကို တည်ဆောက်ပြီးတဲ့ အချိန်မှာ သူ့ကို အမှန်တကယ် ဂရုစိုက်တဲ့ လူတွေ ရှိနေခဲ့တယ် ဆိုတာကို သိလိုက်ရတယ်..။ပြီးတော့ ပိုပြီးအရေးကြီးတာက..သူ့ကိုယ်သူ ထက်တောင် ပိုပြီး ဂရုစိုက်တဲ့ လူတွေ သူ့မှာ ရှိနေခဲ့တာပါပဲ..။မျှော်လင့်ချက်ဆိုတာက ကြောက်ရွံ့ရမယ့် အရာတစ်ခု မဟုတ်ပေ..။အဲဒီအစား..မျှော်လင့်ချက်ဆိုတာက ခွန်အားတွေ ထုတ်ယူရမယ့် အရာတစ်ခုပါ..။တစ်ခါတစ်လေ ဆိုရင် မျှော်လင့်ချက်မရှိရင်..ရှင်သန်ဖို့နည်းလမ်း မရှိပဲ ၊ စစ်မှန်တဲ့ အဓိပ္ပာယ်မရှိလောက်အောင် အရေးပါပါတယ်..။

..ဒီတော့..အခုချိန်မှာ သူ့ရဲ့ စိတ်တွေက မျှော်လင့်ချက် ကြောင့် အဆိပ်မိနေခဲ့တယ် ဆိုတာကို သိလိုက်ရတာက..မယုံနိုင်စရာ တွေ ၊ ခါးသက်မူတွေနဲ့ ပြည့်နက်နေခဲ့ပါတယ်..။

‘ဘယ်လောက် ကိုက်ညီမူရှိလိုက်လဲ..’

ဆန်နီ သက်ပြင်းချလိုက်ပြီး..သူ့ရဲ့ လက်လေးဖက်စလုံးကို ကြည့်လိုက်တယ်..။

မီးတောင်ကျောက်ဓား ၊ ဆင်စွယ်ရောင် ဓား …ဖန်သားရောင် ဓား ၊ သစ်သားဓား..နဲ့…သူ ဘာမှမသိထားသေးတဲ့ နောက်ထပ် ဓားတစ်လက်..။သူတို့ တကယ်ပဲ..ဒီဓားအားလုံးကို စုဆောင်းနိုင်ပါ့မလား..။နိုတစ် ၊ ဆိုဗန် ၊ နေနတ်သား အမွှာနှစ်ယောက် နဲ့ မြောက်ဘက်က တစ်ယောက်…သူ့အနေနဲ့ ဒီလူတွေအားလုံကို ကျော်လွှားပြီး ရှင်သန်နိုင်ပါ့မလား..။

သူ ကြိုက်ကြိုက်မကြိုက်ကြိုက် ရှောင်လွှဲလို့ မရနိုင်တဲ့ နည်းလမ်းကတော့ တစ်ခုတည်းသာ ရှိပါတယ်..။

ပထမဆုံးလုပ်ရမယ့် အရာကတော့..သူ့အနေနဲ့ သံလက်ဝါး ကျွန်းကိုသွားပြီး..တစ်ခြားလူတွေက သူတို့ရဲ့ သဲလွန်စတွေကို ချန်ထားရစ်ခဲ့လားဆိုတာကို စစ်ဆေးဖို့ပါပဲ..။ကံကောင်းချင်တော့ အဲဒီနေရာက နိုတစ် မြင့်မြတ်နယ်မြေနဲ့ သိပ်မဝေးပေ..။နိုတစ် ရဲ့ ပြောကြားချက်အရတော့ ဆန်နီ ရဲ့ နှလုံးအသစ်က အသားကျဖို့အတွက် တစ်ပတ် ..နှစ်ပတ်လောက် အချိန်ယူရပါဦးမယ်..။ဒီတော့ သူ့အနေနဲ့ အဲဒီနေရာကို ချက်ချင်းကြီးသွားနိုင်ဦးမှာ မဟုတ်ပေ..။သို့ပေမယ့်..ပန်းတိုင်ကတော့ မျက်စိရှေ့မှာ ရောက်နေခဲ့ပါပြီ..။

အဖွဲ့သားတွေ ပြန်ဆုံစည်းပြီးသွားရင်..ဘယ်ဘက်ခြမ်းကို ရွေးချယ်သွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတော့မှာပါ..။

ကျန်တဲ့လူတွေက ဘယ်နေရာကိုရောက်ပြီး..ဘာတွေ လုပ်နေကြသလဲ ဆိုတာကို ဆန်နီ စိတ်ဝင်စားနေမိတယ်..။သူတို့က အသက်ရော ရှင်နေကြသေးရဲ့လား..။အိပ်မက်ဆိုးဆီကို ဝင်လာတဲ့ သူတို့ရဲ့ ခရီးလမ်းက သူ့လောက် ခက်ခဲကြရဲ့လား..။

သူ့ရဲ့ အခက်အခဲတွေကို ပြန်တွေးကြည့်မိလိုက်တဲ့ အချိန်မှာတော့ ဆန်နီ ကြက်သီးထသွားခဲ့တယ်..။

အိပ်မက်ဆိုးတွေ…အများစုက သူ့ရဲ့ မှတ်ဉာဏ်တွေထဲကနေ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေမယ့်..တစ်ချို့ အသေးစိတ်တွေကတော့..မှုန်ဝါးတဲ့ ပုံရိပ်တွေ ၊ ဖိအားတွေ နဲ့ ထိရှလွယ်တဲ့ စိတ်ခံစားချက်တွေအဖြစ် ရှိနေတုန်းပါပဲ..။တစ်ချို့ အိပ်မက်ဆိုးတွေကတော့..အခုချိန်ထိ ဆိုးဆိုးဝါးဝါးနဲ့ ထင်ထင်ရှားရှား ရှိနေတုန်းပါပဲ..။အထူးသဖြင့်..သူ ပထမဆုံး ရှင်သန်ခဲ့ရတဲ့ အိပ်မက်ဆိုးတွေပါ..။

သူ အစောပိုင်း အားလုံးကို မှတ်မိနေခဲ့တယ်..။ သား ၊ မိန်းမ နဲ့ မမွေးဖွားရသေးတဲ့ ကလေး တွေ မီးတောက်ထဲမှာ လောင်ကျွမ်းနေတာကို ကြည့်နေရတဲ့ အဖေတစ်ယောက် ၊ သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးတစ်ခုလုံး မီးလောင်ပြာကျသွားတာကို ကြည့်နေရတဲ့ လူအိုကြီးတစ်ယောက်..၊ ညီအစ်ကို ဖြစ်သူကိုယ်တိုင်ရဲ့ အဆုံးမရှိ နိုပ်စက်မူတွေကို ခံစားနေရတဲ့ အင်မော်တယ် စစ်သည်တော်တစ်ယောက် ၊ ပြီးတော့..အရမ်းပင်ပန်းပြီး ဘဝကိုတောင် ဂရုမစိုက်တဲ့ အရိပ်တစ်ခု အဖြစ် ..ကြုံတွေ့ခဲ့ရတဲ့ ဘဝတွေကိုပါ..။

နောက်ဆုံးတစ်ခုကတော့..သောက်ကျိုးအနဲဆုံး ဘဝတစ်ခုတောင် ဖြစ်လောက်ပါတယ်..။ဒါက..ထူးထူးခြားခြားကြီး နိုပ်စက်ခံရလို့ မဟုတ်ပါဘူး..ဆန့်ကျင်ဖက် အနေနဲ့ အရိပ်အရှင်သခင်က သူ့ရဲ့ နောက်ဆုံးဘဝမှာ ငြိမ်းချမ်းပြီး အေးဆေးနေခဲ့တာပါ..။သို့ပေမယ့် ထာဝရအသက်ရှင်နိုင်တဲ့ သူတွေ သေဆုံးသွားတဲ့ အခါမှာဖြစ်ပေါ်တဲ့နာကျင်မူ နဲ့ ဝမ်းနည်းမူတွေကို ဆန်နီ ခံစားခဲ့ရတယ်..။

ဒီ နားလည်မူကို ပိုပြီး ဆိုးဝါးသွားစေတာက..အရိပ်ရဲ့ အချစ်ရဆုံး စီးတော်မြင်း က..အထီးကျန်မူ ၊ ကျိုးပျက်မူ ၊ ရူးသွပ်မူ တွေနဲ့ ဖုံးလွှမ်းပြီး..သူ့သခင်ဘယ်တော့မှ ပြန်မလာတော့မယ့် ရဲတိုက်မှာ နောက်ဆုံးအချိန်အထိ သစ္စာရှိစွာ စောင့်ကြပ်နေတာကို ကိုယ်တိုင်မြင်လိုက်ရတဲ့ အချိန်မှာပါ..။

သို့ပေမယ့် ဒါက ဘဝရဲ့ သဘာဝတရား တစ်ခုပါပဲ..။လူတစ်ယောက်က ဘဝတစ်ခုကို ဖြတ်သန်းပြီဆိုရင်..တစ်ခြားလူတွေနဲ့ ဆက်သွယ်ပေးထားတဲ့ ကြိုးတွေ ၊ ချည်နှောင်ပေးတဲ့ ကြိုးတွေ ကို ပိုင်ဆိုင်ကြရပါလိမ့်မယ်..။လူတိုင်းရဲ့ ကံတရားတွေက ဆက်နွယ်နေကြပြီး..လူတိုင်းက ဒီဆက်နွယ်မူတွေကြောင့်ပဲ..ချည်နှောင်မူတွေကို ခံစားနေကြရတာပါ..။တစ်ချို့ကတော့..တစ်ခနတာ အတွက်ပဲ ဖြစ်ပေမယ့် တစ်ချို့ကတော့..နက်ရှိုင်းပြီး တန်ဖိုးရှိတဲ့ ချက်ချင်းတွေကို တည်ဆောက်ကြပါတယ်..။အခုဆိုရင် ဆန်နီ ကိုယ်တိုင်လည်း..ချည်နှောင်ခံထားရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပါပြီ..။

ဆိုလိုတာကတော့ သူ သေဆုံးသွားခဲ့ရင် ဒါမှမဟုတ် အသတ်ခံလိုက်ရရင်..ပျက်ဆီးသွားမယ့် ကံတရားက သူ့တစ်ယောက်တည်းရဲ့ ကံတရား မဟုတ်တော့ပါဘူး..။သူ နဲ့ဆက်နွယ်နေတဲ့ လူတိုင်းကလည်း နာကျင်ခံစားရပါလိမ့်မယ်..။ ဒါက တစ်နည်းအားဖြင့်တော့..သူ့တစ်ယောက်တည်း အတွက်တင်မဟုတ်တော့ပဲ..သူ့ဘေးနားမှာရှိနေတဲ့ လူတွေအတွက်ပါ သူ့မှာ တာဝန်ရှိနေတယ်လို့ ဆိုလိုတာပါ..။ဒီလို မရင်းနှီးတဲ့ တာဝန်ဝတ္တရားတွေက သူ့ရဲ့ ပုခုံးပေါ်မှာတော့ ကြီးမားတဲ့ ဖိအားကြီးတစ်ခုလိုပါပဲ..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။

လွတ်လပ်မူ…လွတ်လပ်မူ ဆိုတဲ့ အရာက အမှန်တကယ်ရော တည်ရှိနေရဲ့လား..။ပြီးတော့ တကယ်လို့ ရှိတယ်ဆိုရင်ရော..လူတိုင်းက တကယ်ပဲ ဒါကို ပိုင်ဆိုင်ချင်ကြရဲ့လား..။

သူ တစ်ခနလောက် မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး..ဒီ ဖြေရှင်းရခက်ခဲတဲ့ အတွေးတွေရဲ့ လွှမ်းမိုးခြင်းတွေကို ခံယူနေခဲ့ပါတယ်..။သူက အိပ်မက်ဆိုးအများစုကို မေ့သွားခဲ့ပြီဆိုပေမယ့်လည်း..သူတို့က သူ့ကို ပြောင်းလဲသွားစေခဲ့တာတော့ အမှန်ပါပဲ..။သူက..ပို ရင့်ကျတ်လာသလို ခံစားလိုက်ရတယ်..။တစ်နည်းအားဖြင့်..ပိုပြီးအသိဉာဏ်ရှိလာသလို ခံစားလိုက်ရတာပါ..။သူက ပိုရင့်ကျတ်ပြီး..ဒေါသကို ထိန်းလာနိုင်သလို…ပိုပြီးလည်း ထိလွယ်ရှလွယ် ဖြစ်လာခဲ့ပါတယ်..။

သူက..ပျံသန်းနေတဲ့ သဘော်ရဲ့ ကိုယ်ထည် အသံမြည်နေတာ ၊ သူ့ရင်ဘတ်ထဲက နှလုံးသားနှစ်ခုက တဒုတ်ဒုတ် ခုန်နေတာတွေကို အချိန်အတော်ကြာအောင် ငြိမ်သက်ပြီး နားထောင်နေခဲ့တယ်..။

ယင်းနောက် ဆန်နီဟာ..အသက်ကို ရူထုတ်လိုက်ပြီး..မျက်လုံးတွေကို ဖွင့်လိုက်တယ်..။

ကိုယ့်ကိုကို နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်နေဖို့အတွက် သူ့မှာ အချိန်မရှိပါဘူး..။အိပ်မက်ဆိုး ဆိုတာက လက်တွေ့လုပ်ဆောင်မူတွေ လုပ်ရမယ့် နေရာဖြစ်ပြီး..အတွေးအခေါ်တွေ ဖန်တီးနေရမယ့် နေရာ မဟုတ်ပေ..။

သူ့ နှုတ်ခမ်းထောင့်စွန်းက အပေါ်ကို တွ့န်ကွေးသွားခဲ့တယ်..။

‘ကောင်းပြီလေ…လက်တွေ့လုပ်ဆောင်လိုက်ကြတာပေါ့..။ပထမဆုံး …ငါက..အဲဒီသောက်ကျိုးနဲ မြင်းရဲ့ ကျေးဇူးနဲ့ ရခဲ့တဲ့ ဆုလာဒ်တွေကို အရင်စစ်ဆေးကြည့်သင့်တယ်..’

ပြီးတော့..ဆုလာဒ်တွေက အများကြီးပါပဲ….

All Chapters