များပြားလှတဲ့ ရရှိမူများ..
Vol. 44 Ch. 652
ဆန်နီဟာ..အိပ်ယာထက်မှာ သက်သောင့်သက်သာ ထိုင်နေခဲ့တယ်..။ယင်းနောက်..ဘေးနားမှာရှိနေတဲ့ စားပွဲပေါ်က အသီးဗန်းထဲကနေ..စားပျစ်သီးတစ်ချို့ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်ပါတယ်..။ပြီးတဲ့နောက်မှာတော့ အချက်အလက် ရူးစ်တွေကို ထုတ်ဖော်ကြည့်လိုက်တယ်..။
‘ကြည့်လိုက်ရအောင်..’
သူ ပထမဆုံး ကြည့်လိုက်မိတဲ့ အရာကတော့ အရိပ်အပိုင်းအစတွေပါ..။နိုးထမူအဆင့် တယ်ရာဖြစ်တဲ့ အနက်ရောင်မြင်းကို သတ်လိုက်ပြီးတဲ့ နောက်မှာ အပိုင်းအစ ခြောက်ခုထက် ပိုပြီး ရရှိခဲ့တယ် ဆိုတာကိုတော့ သူ ဝိုးတဝါး မှတ်မိနေခဲ့ပါတယ်..။ဒီတော့…ဆန်နီဟာ..တကယ်ကို ကောင်းမွန်တဲ့ နံပါတ်တွေကို မျှော်လင့်နေခဲ့တယ်..။
သို့ပေမယ့် သူ မြင်လိုက်ရတဲ့ အရာကြောင့်..ပါးစပ်ထဲမှာ ရှိနေတဲ့ စပျစ်သီး အရည်တွေတောင် ပြန်ထွက်မလို ဖြစ်သွားခဲ့တယ်..။
‘ဘယ်…ဘယ်လိုတောင်လဲ…။ဘာလဲဟ..’
သူ အမြင်မှားနေမှာစိုးလို့ မျက်လုံးတွေကို ပွတ်လိုက်ပေမယ့်လည်း..အဲလို မဟုတ်ခဲ့ပါဘူး..။သူ တွေ့နေရတဲ့ အရာက အတူတူပါပဲ..။
အရိပ် အပိုင်းအစ - ၂၈၂၃ / ၃၀၀၀
ဆန်နီ မယုံကြည်နိုင်စွာပဲ စိုက်ကြည့်နေခဲ့တယ်..။
‘ခြောက်ရာ…ငါ အဲဒီသောက်ကျိုးနဲ မြင်းကို သတ်လိုက်တာက..အပိုင်းအစ ခြောက်ရာ နီးပါးတောင် ရခဲ့တာလား..’
သူက နောက်ထပ် စ◌ပျစ်သီးတစ်လုံးကို မသိစိတ်အလျောက် ပါးစပ်ထဲကို ထည့်လိုက်တဲ့ အချိန်မှာ..သူ့ရဲ့ လက်ချောင်းတွေကိုတောင် ပြန်ကိုက်မိမလို ဖြစ်သွားခဲ့ပါတယ်..။
‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..’
သူ နည်းနည်းလောက် တွေးလိုက်မိတဲ့ အချိန်မှာတော့..အံ့ဩသင့်သွားခဲ့တယ်..။ယင်းနောက် အနည်းငယ်စိတ်ဝင်စားသွားခဲ့ပါတယ်..။
‘ဖြစ်နိုင်တာက..’
အားသားချက်တစ်ခုဖြစ်သလို..အားနည်းချက်တစ်ခုလည်း ဖြစ်နေတဲ့ ဆန်နီ ရဲ့ စွမ်းရည်က..တစ်ခြားလူတွေလို ဝိဉာဉ် အမြုတေတွေနဲ ့အလုပ်လုပ်တာ မဟုတ်ပဲ..အရိပ်အပိုင်းအစတွေနဲ့ အလုပ်လုပ်တာပါ..။ဒီတော့..ဆန်နီ အနေနဲ့ ပိုမိုသန်မာလာဖို့အတွက်.အမြုတေတွေကို.စုဆောင်းတာတွေ..စုပ်ယူတာတွေ လုပ်စရာ မလိုခဲ့ပေ..။ဒီအကြောင်းပြချက်ကြောင့်ပဲ..သူက သူကိုယ်တိုင်သတ်လိုက်တာ မဟုတ်တဲ့ သတ္တဝါတွေရဲ့ အပိုင်းအစတွေကို ဆိုရင် မရရှိပါဘူး..။
နောက်တစ်ချက်က..သူ့အနေနဲ့ တစ်ခြား လူသားနိုးထသူတွေလိုမျိုး..ကိုယ့်မျိုးနွယ်ထဲက လူကို ပြန်သတ်လိုက်ရင်..သူ့တို့ရဲ့ ဝိဉာဉ်အပိုင်းအစ စွမ်းအားတွေထဲက တစ်ချို့တစ်ဝက်ကို ရရှိတာမျိုး မရှိပါဘူး..။အဲဒီအစား သူတို့ရဲ့ အဆင့်ပေါ် မူတည်ပြီး တစ်ခု နှစ်ခုလောက်သာ ရရှိတာပါ..။
ဖြစ်နိုင်တာက..အခိုက်အတန့်က ဒါမှမဟုတ် ကမ္ဘာကြီးကိုယ်တိုင်ကကို..သူ့ကို လူသားတစ်ယောက် အဖြစ် ထည့်သွင်း မစဉ်းစားထားခဲ့တာလား..။ဘာပဲဖြစ်ဖြစ်..သူက နတ်ဘုရား အရိပ်တစ်ခုပါ..။ပြီးတော့..အရိပ်တွေကလည်း.သူတို့ရဲ့ မျိုးနွယ်ဝင်အဖြစ်..သူ့ကို အသိအမှတ်ပြုထားကြပါတယ်..။ဒီတော့..သူ့ရဲ့ မျိုးနွယ်က ..လူသားတွေ မဟုတ်ပဲ..အရိပ်တွေဖြစ်နေတယ်လို့ ပြောမယ်ဆိုရင်..လွန်မယ်မထင်မိပေ..။
အနက်ရောင်မြင်း ဆိုတာက..ချိန်းအရှင်သခင်တွေထဲက တစ်ယောက်က ဖန်တီးထားခဲ့တဲ့ ..အရိပ်တစ်ခုပါ..။နိုးထမူအဆင့် တယ်ရာက..အမြုတေ ခြောက်ခု နဲ့ နှစ်ထောင်ချီကြာအောင် သွေးစွန်းတိုက်ပွဲတွေကို ကျော်ဖြတ်ထားခဲ့တာကြောင့်..အရိပ်အပိုင်းအစတွေ အများကြီးရရှိထားခဲ့ပါတယ်..။
သူ့ရဲ့ ရှည်လျားပြီး ခက်ခဲတဲ့ ဘဝတစ်လျောက်လုံးမှာ ရရှိခဲ့တဲ့..စွမ်းအားတွေထဲက တစ်စိတ်တစ်ပိုင်းက ဆန်နီက ရရှိခဲ့တာလား..။ဒါက သာမန် နိုးထသူတစ်ယောက်က..တစ်ခြား လူသားနိုးထသူ တစ်ယောက်ကို သတ်ပြီးရင်..စွမ်းအားတစ်စိတ်တစ်ပိုင်း ရရှိသလိုမျိုးပေါ့..။
သချာ်သဘောတရား အရဆိုရင်တော့..ဒီ သီအိုရီက လက်ခံနိုင်ဖွယ်ရှိပါတယ်..။
ဆန်နီ ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်..။
‘ဒါ..ဒါပဲလေ…’
သူက မှန်ကန်ရုံသာမကပဲ..သူ့ရဲ့ ဂဏ္ဍစွမ်းရည် ၊ စွမ်းအား နဲ့ အနာဂတ်တွေရဲ့ လျိုဝှက်ချက်နောက်တစ်ခုကို ထပ်မံတွေ့ရှိသွားခဲ့တာပါပဲ..။
သူ့ရဲ့ ဂဏ္ဍစွမ်းရည်က အမြုတေအသစ်တွေကို ဖန်တီးခွင့်ပေးထားတယ်ဆိုတာကို သိတဲ့အချိန်ကစပြီး..ဆန်နီဟာ..လုံလောက်တဲ့ အိပ်မက်ဆိုးသားရဲတွေကို အမဲလိုက်ရမှာနဲ့ ပတ်သက်ပြီး စိုးရိမ်နေခဲ့တာပါ..။အိပ်စက်သူတစ်ယောက် ဒါမှမဟုတ် နိုးထသူတစ်ယောက် အနေနဲ့ သူက အရမ်းကို သေးငယ်ပြီး အားနည်းနေပါသေးတယ်..။အားကောင်းတဲ့ သတ္တဝါတိုင်းက သူ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ တင် သူက သေသွားနိုင်တာပါ..။
သူက တက်ရောက်မူ အဆင့်လမ်းကြောင်းနဲ့ ပိုပြီး နီးကပ်လာလေလေ..ဒီလို တည်ရှိမူတွေက နည်းပါးလာလေလေဖြစ်ပါလိမ့်မယ်..။ဒါဆိုရင်..သူ အသက်ရှင်သန်နိုင်ချေကလည်း ပိုမို များပြားလာခဲ့မှာပါ..။သို့ပေမယ့် ဒါကလည်း..သူ့အနေနဲ့ အမြုတေ အသစ်တွေဖန်တီးဖို့အတွက်..အမဲလိုက်နိုင်မယ့် သတ္တဝါတွေ နည်းပါးလာတော့မယ် လို့ ဆိုလိုတာပါပဲ..။ဘာလို့လဲ ဆိုတော့..သူ့အဆင့်အောက် နိမ့်ကျတဲ့ သတ္တဝါတွေကို သတ်ဖြတ်တာက..သူ့ကို ဘာ အရိပ်အပိုင်းအစမှ မပေးတော့တာကြောင့်ပါ..။
သို့ပေမယ့်..အခုချိန်မှာ..စစ်မှန်တဲ့ အရိပ်သတ္တဝါတွေကို သတ်ရင်..အပိုင်းအစတွေကို ပိုရရှိနိုင်တာကို သိရှိသွားခဲ့တာကြောင့်..သူ့အနေနဲ့ မာစတာ တစ်ယောက်ဖြစ်လာရင်တောင်..ဘယ်လိုလျင်လျင် မြန်မြန် အဆင့်ထပ်တက်နိုင်မလဲ ဆိုတဲ့ နည်းလမ်းကို သိရှိသွားခဲ့တာပါ..။
ဘာပဲဖြစ်ဖြစ်..သူ့ရဲ့ တိုးတက်မူက အတော်လေးကို မြန်ဆန်နေခဲ့ပြီးပါပြီ..။ပထမဆုံးအနေနဲ့..အနီရောင် အဆောက်အဦးရဲ့ သွေးစွန်းတိုက်ပွဲတွေထဲမှာ..သူက အပိုင်းအစ တစ်ထောင်လောက်ရရှိခဲ့ပါတယ်..။ပြီးတော့..အခုလည်း အိပ်မက်ဆိုး မြင်း ကို သတ်လိုက်တာကနေ..နောက်ထပ် ခြောက်ရာ ထပ်ရလိုက်တယ်..။ဒီနှစ်ခုထဲက တစ်ခုကမှတော့ အလွယ်တကူ ရခဲ့တာမျိုး မဟုတ်ပါဘူး..။အမှန်တော့..နှစ်ခုစလုံးက သူ့ကို မယုံနိုင်လောက်တဲ့ နာကျင်မူတွေ ၊ နိုပ်စက်မူတွေ နဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမူတွေကို ယူဆောင်လာခဲ့ကြတာပါ..။သို့ပေမယ့်..ရလာဒ်ကို ကြည့်ရသလောက်တော့ ထိုက်တန်နေခဲ့သလိုပါပဲ..။
…ထိုက်တန်လုနီးပါးပဲ…။
အိပ်မက်ဆိုး စတင်ချိန်တုန်းက..လေးခုမြောက်အမြုတေကို ဖန်တီးဖို့အတွက် လုံလောက်တဲ့ အပိုင်းအစတွေကို ရရှိဖို့ ဆိုတာက ..အရမ်းကို ဝေးကွာလွန်းပြီး..လက်လှမ်းမမှီနိုင်သလို ဖြစ်နေခဲ့တာပါ..။သို့ပေမယ့် အခုတော့..လအနည်းငယ် အတွင်းမှာတင်ပဲ..ဆန်နီက ပြည့်မြောက်ဖို့ အနီးကပ်ဆုံးမှာ ရောက်နေခဲ့တယ်..။ဒီ အချက်က စိတ်လှုပ်ရှားပြီး မယုံနိုင်စရာကောင်းတာ အမှန်ပါပဲ..။ဒီရလာဒ်ရဲ့ ထူးခြားချက်ကတော့ ခရီးတစ်လျောက်လုံးမှာ သူ ရရှိခဲ့တဲ့..ကြောက်မက်ဖွယ် ဒဏ်ရာဒဏ်ချက်တွေ ၊ အမာရွတ်တွေ အားလုံကိုတောင် မှေးမှိန်သွားနိုင်စွမ်း ရှိပါတယ်..။
‘မဟုတ်ဘူး..မဟုတ်ဘူး…ဒါက ဆက်ပြီး အံ့ဩစရာကောင်းနေတုန်းပဲ..။ငါ အသက်ရှင်နေသေးတယ်..ဟုတ်တယ်မလား..’
စိတ်ကျေနပ်မူတွေ ရော …အိပ်မက်ဆိုးအတွင်း ကြုံတွေ့ခဲ့ရတဲ့ ထိပ်လန့်မူတွေရော ရောထွေးရင်း..ဆန်နီဟာ..မယုံနိုင်စရာ နံပါတ်တွေကို အချိန်တစ်ချို့ကြာအောင်..စိုက်ကြည့်နေခဲ့ပါတယ်..။ယင်းနောက် သူ့ရဲ့ အကြည့်တွေကို တစ်နေရာရာကို ရွေ့လျားလိုက်တယ်..။
ဒုတိယ ဆုလာဒ်က သူ့ကို ကြိုဆိုနေခဲ့ပါပြီ..။အမှန်တော့..ဆန်နီဟာ..သူ့ရဲ့ အရိပ်တွေကို ဖော်ပြတဲ့ စာသားတွေကို ရှာရင်း ဒီအရာကို မတော်တဆ တွေ့လိုက်ရတာပါ..။အဲဒီမတိုင်ခင်လေးမှာပဲ..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က အနည်းငယ် ကွဲပြားပြီး တောက်ပနေတာကို သူတွေ့လိုက်ရတဘ်..။
သူ စိတ်ရှုပ်ထွေးသွားခဲ့တာကြောင့်..သူ့အပေါ်မှာ အာရုံစိုက်လိုက်ပြီး..မဟူရာအကာအကွယ်ရဲ့နောက်ဆုံး ဖော်ပြချက် စာသားကို ဖတ်ကြည့်လိုက်တယ်..။ဒါကတော့..မြေအောက်ကမ္ဘာရဲ့ မင်းသားနဲ့အတူ အနိုင်ရရှိခဲ့တဲ့ အောင်ပွဲတွေကို ရေတွက်ထားခဲ့တာပါ..။
အခု ဒီမှာရေးထားတာက…
အနိုင်ယူခဲ့သော ရန်သူများ - ၃၂၉၁ / ၆၀၀၀
သူ မျက်တောင်ခတ်လိုက်တယ်..။
‘ဟင်..’
တစ်နည်းနည်းနဲ့..သူက ဒီအရေအတွက်ကို တစ်ထောင်နီးပါးလောက်တောင် တိုးမြင့်နိုင်ခဲ့ပါတယ်..။အနီရောင်တိုက်ပွဲကွင်းပြင်မှာ သူ သတ်ခဲ့တဲ့ သတ္တဝါတွေ နဲ့ လူသားတွေကိုထည့်ပြီး ရေတွက်မှာ မဟုတ်ဘူးဆိုတာကို သူ သိထာပြီးသားပါ..။သူက အဲအချိန်မှာတုန်းက မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို ဝတ်ဆင်ထားခြင်း မရှိပါဘူး..။
ဒီတော့..နောက်ထပ်အနိုင်ရယူ တစ်ထောင်က ဘယ်ကနေ ရောက်လာခဲ့တာလဲ..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
‘သေချာတွေးကြည့်လိုက်မှပဲ..ငါ ခံတပ်ထဲမှာ အိပ်နေတုန်းက..အကာအကွယ် အက်ျီကို ဝတ်ဆင်ထားခဲ့တာပဲ..။ငါ အိပ်မက်ဆိုးထဲမှာ အနိုင်ရရှိခဲ့တဲ့ တိုက်ပွဲတိုင်းကို အမှန်တကယ်ပဲ..အောင်နိုင်မူအဖြစ် ရေတွက်ခြင်း ခံလိုက်ရတာလား..’
အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေထဲမှာ သူ သတ်ခဲ့တဲ့ အရာတွေက..အနက်ရောင်မြင်းက စိတ်ကူးတွေနဲ့ ခေါ်ဆောင်ထားခဲ့ပြီး အစစ်အမှန်မဟုတ်တာကြောင့်..ဒီလို ရေတွက်တယ် ဆိုရင် အတော်လေးထူးဆန်းပါတယ်..။သိုပေမယ့် ဒါက အဓိပ္ပာယ်လည်း ရှိနေခဲ့တယ်..။ဘာပဲဖြစ်ဖြစ်..ဝတ်ရုံတော်က စစ်မှန်တဲ့ ရန်သူကို သတ်လား မသတ်လားကို စိတ်မဝင်စားပါဘူး..။သူက စွမ်းအားအပြည့်နဲ့ ရန်သူကို အနိုင်ယူလိုက်တာကိုပဲ..ထည့်တွက်တာပါ..။ဒီလိုဆိုရင်တော့..ရန်သူက အစစ်အမှန် ဟုတ်လား မဟုတ်လား ဆိုတာ
အရေးမပါတော့ပေ..။
အိပ်မက်ရူခင်းထဲက တိုက်ပွဲတွေတုန်းကလည်း..အစစ်အမှန်တွေအဖြစ် မှတ်ယူခဲ့တယ် ဆိုရင်..အိပ်မက်ဆိုးထဲက သတ္တဝါတွေကလည်း ဘာတွေများ ကွာခြားနေမှာ မို့လို့လဲ..။
‘ဝိဉာဉ် တစ်ထောင်…သူ တကယ်ပဲ အဲလောက် အများကြီး သတ်ခဲ့လို့လား..’
ရုတ်တရက် သူက အေးစက်သွားခဲ့တယ်..။
အဲဒီ ဆိုးဝါးတဲ့ နာရီအနည်းငယ် အတွင်းမှာ..သူက အတိအကျ အိပ်မက်ဆိုးတွေ ဘယ်လောက်များများတောင် ဖြတ်ကျော်ခဲ့ရတာလဲ..။
သိချင်စိတ်တွေ အပြည့်နဲ့ သူက ခေါင်းခါယမ်းကာ..တစ်ခြားစာသားတွေ ဖက်ကို လှည့်လိုက်ပါတယ်..။သူက ဒီ အကာအကွယ်ရဲ့ ဆန်းကျယ်မူကို ဖော်ထုတ်ဖို့ လမ်းတစ်ဝက်လောက်ရောက်နေပြီ ဆိုတာကပဲ အတော်လေး ကောင်းမွန်နေခဲ့ပါပြီ..။
နောက်ဆုံးမှာတော့..ဆန်နီဟာ..စိတ်အဝင်စားဆုံး နေရာကို ကြည့်ရူလိုက်တယ်..။
..သူ အရိပ်တွေ…။
စာသားတစ်ချို့က..အမှောင်ထုထဲမှာ လှပစွာ တောက်ပနေခဲ့ပါတယ်..။
အရိပ်များ - [ ကျောက်တုံး သူတော်စင် ] ၊ [ ဝိဉာဉ်မြွေ ]…
ပြီးတော့ နောက်ထပ် အသစ်တစ်ခု..
[ အိပ်မက်ဆိုး ]