← Chapters

ချစ်စရာ မြွေငယ်လေး..

Vol. 44 Ch. 653

ချစ်စရာ မြွေငယ်လေး..

Vol. 44 Ch. 653

ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ဖြူဖျော့တဲ့ အပြုံးတစ်ခုက သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်..။သူ့အခန်းရဲ့ ပြတင်းပေါက် အပြင်ဘက်မှာတော့ ကောင်းကင်ဟာ..တဖြည်းဖြည်း နက်မှောင်လာနေခဲ့ပြီး..ကြယ်များနဲ့ တောက်ပကာ..ထပ်မံရောက်ရှိလာတဲ့ လမင်းကြီးကို ကြိုဆိုနေခဲ့ကြပါတယ်..။

‘အိပ်မက်ဆိုး..ဒီတော့ ဒါက မင်းရဲ့ နာမည်ပေါ့..’

လူသားတွေရဲ့ အိပ်မက်တွေထဲမှာ ဖြတ်သန်းသွားလာပြီး..ထိပ်လန့်စရာ အမြင်အာရုံတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အရိပ်တစ်ခုအတွက်..ဒီထက်ပိုကောင်းတဲ့ နာမည်ဆိုတာ ရှိနိုင်ပါဦးမလား..။

သူ ခနလောက်တွေဝေနေပြီးကာမှ..တစ်ခြား စာသားတစ်ခုကို ကြည့်လိုက်ပါတယ်..။

သူ့ရဲ့ နောက်ထပ်အရိပ်တစ်ခုက ပြောင်းလဲနေခဲ့ပါတယ်..။ဒါကတော့ ဝိဉာဉ်မြွေပါ..။ဆန်နီ အမျိုးအစား အဆင့်တစ်ခုကို တက်ရောက်တဲ့ အချိန်တိုင်း..ဝိဉာဉ်မြွေကလည်း အဆင့်တက်ပါတယ်..။ပြီးတော့ ဆန်နီ အရိပ်ကခုန်မူကို တစ်ဆင့်တက်ကာ ကျွမ်းကျင်တဲ့ အချိန်တိုင်းမှာ..ဝိဉာဉ်မြွေက တစ်ဆင့်လိုက်တက်ပါတယ်..။

…အနည်းဆုံးတော့ အခြေအနေတွေက ဒီလိုမျိုး သွားနေတာပါပဲ..။

အရိပ် - ဝိဉာဉ်မြွေ

အရိပ် အဆင့် - တက်ရောက်မူ

အရိပ် အမျိုးအစား - နတ်မိစ္ဆာ

အရိပ်စွမ်းရည် - [ အရိပ် လမ်းညွှန်မူ ] [ ဝိဉာဉ်လက်နက် ] [ ဝိဉာဉ်သားရဲ ]

ဆန်နီ သက်ပြင်းချလိုက်တယ်..။

‘တက်ရောက်မူ အဆင့်’

အခုချိန်မှာ..သူက အရိပ်ကခုန်မူရဲ့ တတိယမြောက်အဆင့်ကို ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်တာကြောင့်..ဝိဉာဉ်မြွေကလည်း အမှန်တကယ်ပဲ အဆင့်တက်သွားခဲ့ပါတယ်..။ဒီသတ္တဝါကလည်း အခုချိန်မှာ..သူတော်စင်လိုမျိုး တက်ရောက်မူအဆင့် နတ်မိစ္ဆာတစ်ကောင် ဖြစ်သွားခဲ့တာပါ..။သူတို့နှစ်ယောက်စလုံးက ဆန်နီကို နောက်မှာချန်ထားနိုင်ခဲ့လိုက်ကြပါတယ်..။

သူ့ရဲ့ အရိပ်တွေက သူ့ထက်ပိုပြီး အားကောင်းနေကြတယ် ဆိုတာက ဂုဏ်သိက္ခာတော့ အနည်းငယ် ထိခိုက်စေတာ အမှန်ပါပဲ..။သို့ပေမယ့် ဒီလိုကြောက်မက်ဖွယ်သတ္တဝါ နှစ်ကောင်က..သူ့ရဲ့ အမိန့်ပေးနိုင်မူ အောက်မှာ ရောက်ရှိနေတယ် ဆိုတာ အတော်လေး အကူအညီဖြစ်စေမှာပါ..။အထူးသဖြင့်..ဒီစမ်းသပ်မူမှာ သူ ရင်ဆိုင်ရမယ့် ရန်သူတွေ ကို ထည့်စဉ်းစားလိုက်ရင် အသိသာကြီးပါပဲ..။

သူက သူ့ရဲ့ ခန္တာကိုယ် နဲ့ လက်မောင်းမှာ ရစ်ပတ်နေတဲ့..တက်တူးပုံကို လှမ်းကြည့်လိုက်တယ်..။သူ့ ကြည့်ရတာ ပိုပြီး ကြီးမားလာသလိုပါပဲ..။ဆန်နီဟာ..သူ့ခန္တာကိုယ်ထဲမှာ အဆီအနှစ်တွေ စီးဆင်းနေခဲ့တာကို ခံစားနေခဲ့ရတယ်..။သူ့ရဲ့ စီးဆင်းမူနှုန်း နဲ့ ပြန်လည်ဖြည့်တင်းနိုင်မူ နှုန်းက အတော်လေးကို မြန်ဆန်နေခဲ့တာပါ..။

အခုချိန်မှာ..ဝိဉာဉ်မြွေက သားရဲပုံစံအဖြစ် ပြောင်းလဲလိုက်ရင် ပိုပြီး အားကောင်းလာရုံတင်မကပဲ..ဆန်နီ အသုံးပြုချင်တဲ့ ဝိဉာဉ်လက်နက် ပုံစံတိုင်းကလည်း..တက်ရောက်မူ အဆင့်ဖြစ်နေပါလိမ့်မယ်..။

အခြေခံအားဖြင့်တော့..သူ့ရဲ့ လက်နက်တိုက်ထဲမှာ ရွေးချယ်စရာ လက်နက်တွေ အများကြီး ရှိသွားခဲ့သလိုပါပဲ..။

‘ကောင်းပြီလေ…ဒါက ပိုကောင်းသွားတာပေါ့..’

ဆန်နီ တစ်ခနလောက် တွေဝေသွားခဲ့တယ်..။ယင်းနောက် စာသားတွေကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါတယ်..။ဝိဉာဉ်မြွေက အဆင့်တက်ရောက်သွားတာကြောင့် စွမ်းရည်အသစ်တွေ ထပ်မံရရှိလာတာမျိုးတော့ မဟုတ်ပါဘူး..။သို့ပေမယ့် ဒီ ဆက်ခံသူ အရိပ်က အနည်းငယ်ထူးဆန်းပါတယ်..။သူက [ ဝိဉာဉ်သားရဲ ] စွမ်းရည် နဲ့ [ ဝိဉာည်ရိပ်သိမ်းသူ ] အရည်အသွေး တွေကို အမွေအနှစ်ရဲ့ ပထမအဆင့်ကို အောင်မြင်တဲ့ အချိန်ကြမှ ရရှိခဲ့တာပါ..။

ဘယ်သူသိနိုင်မှာလဲ…။ဒီတစ်ကြိမ်မှာလည်း..အားလုံးအောင်မြင်ပြီးကာမှ ရရှိတာ ဖြစ်နိုင်ပါတယ်..။

ဆန်နီ မျှော်လင့်နေစဉ်အတွင်းမှာပဲ..နောက်ထပ် စာသားတစ်ခုက အမှောင်ထုထဲမှာ ထွက်ပေါ်လာခဲ့တယ်..။

အရိပ်စွမ်းရည် - [ သံမဏိ မြွေနဂါး ] [ ဝိဉာဉ် ရိတ်သိမ်းသူ ] [ အရိပ်များ၏ ကြင်နာမူ ]

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

‘ဟင်…အရိပ်များရဲ့ ကြင်နာမူ လား..’

ဆန်နီ စွမ်းရည် အသစ်ကို အာရုံစိုက်ပြီး ဖတ်လိုက်တယ်..။

စွမ်းရည် ဖော်ပြချက် - [ ဝိဉာဉ်မြွေ၏ သခင်သည် အရိပ်လမ်းညွှန်မူ၏ ယုံကြည်မူ ၊ မိတ်ဆွေဖွဲ့မူ ဖြင့် တစ်ခြား တစ်စုံတစ်ယောက်အား ကြင်နာသနားနိုင်သည်..။တစ်စုံတစ်ယောက်သည် ကြင်နာသနားမူကို ပြသသည့် အခါတွင် အထူးသတိထားသင့်သည်။တစ်ခြားလူများအား..အရိပ်များရဲ့ သစ္စာစောင့်သိမူကို ပေးထားခြင်းသည် ကိုယ့်ရဲ့ ဝိဉာဉ်ကို မျှဝေပေးသည်နှင့် တူညီသောကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ ]

သူ စိတ်ဝင်စားသွားခဲ့တယ်..။

‘အာ…ဘာလဲဟ..’

ဒီတော့ အခြေခံအားဖြင့်..ဆန်နီက ဒီ ဝိဉာဉ်မြွေကို တစ်ခြားတစ်ယောက်ယောက် ဆီကို ပေးလိုက်လို့ ရတယ်ပေါ့..။ဒါက ထိပ်တူညီမူတွေလိုမျိုးပဲ..။မဟုတ်ဘူး…ထပ်တူညီမူတွေကိုက တစ်ခြားနိုးထသူတွေဆီကိုပဲ ပေးအပ်နိုင်တယ် ဆိုပေမယ့်..အရိပ်တွေရဲ့ ကြင်နာ ကတော့ အရိပ်ရှိတဲ့ ဘယ်သူ့ကို မဆိုပေးလို့ရနိုင်ပါတယ်..။

တကယ်လို့ ဆန်နီသာ ပေးချင်တယ်ဆိုရင်..သူက ဝိဉာဉ်မြွေကို ကြုံရာ အိပ်မက်ဆိုးသားရဲတစ်ကောင်ကို ပေးခဲ့လိုက်လို့ ရပါတယ်..။ဉပမာ အနေနဲ့ နာကျည်းသော ဟန်ဆောင်သူကိုပါ..။ဒါက အတော်လေးကို ရယ်စရာကောင်းလိမ့်မယ်…။

‘ဘာလဲ..မဟုတ်ဘူး..မဖြစ်နိုင်ဘူး..’

ဘာလို့ သူ့ရဲ့ အဖိုးတန် မြွေလေးကို သူများကို ပေးပစ်ရမှာလဲ..။အထူးသဖြင့် ဖော်ပြချက်မှာရေးသားထားပုံအရ သူ့ကို အားနည်းသွားစေဦးမှာပါ..။ဒါက ဘယ်လို အဓိပ္ပာယ်မရှိတာမျိုးလဲ..။

ဆန်နီ မျက်နှာရှုပ်မဲ့သွားခဲ့တယ်..။ကောင်းပြီလေ..စွမ်းရည်တိုင်းကလည်း..အကောင်းချည်းပဲ မဟုတ်ပါဘူး..။ဒီတစ်ခုကတော့ အတော်လေးကို အသုံးမဝင်ဖြစ်နေခဲ့ပါတယ်..။အဖွဲ့သားတွေထဲက တစ်ယောက်ကို ဝိဉာဉ်မြွေ ခနငှားပေးတာမျိုးကို သူ တွေးကြည့်နိုင်ပေမယ့်..ဒါက အနည်းငယ်လောက်ပဲ အကျိုးရှိစေမှာပါ..။ဒီ သတ္တဝါကို သူကိုယ်တိုင် အမိန့်ပေးတာကသာ ပိုပြီး လွယ်ကူနိုင်ပါလိမ့်မယ်..။

သူ သက်ပြင်းချလိုက်ပြီး..ဝိဉာဉ်မြွေကို သူ့ရဲ့ အရည်ပြားကနေ ထွက်ခွာကာ..စစ်ဆေးကြည့်ရူဖို့ ထွက်ပေါ်လာစေလိုက်တယ်..။

ခနအကြာမှာတော့..ဆန်နီ ချက်ချင်း နောက်ကို ဆုတ်လိုက်ပါတယ်..။

“ဘာလဲဟ…ငါ့ရဲ့ ငါ့ရဲ့ ချစ်စရာ မြွေလေးက ဘယ်ကို ရောက်သွားတာလဲ..’

အရိပ်က အမှန်တကယ်ပဲ အတော်လေးကို ပြောင်းလဲသွားခဲ့တယ်..။အရင်တုန်းကလည်း ဝိဉာဉ်မြွေက ချစ်စရာ မြွေလေးတစ်ကောင် မဟုတ်ခဲ့ပေမယ့်..သူ့ရဲ့ အရွယ်အစားကတော့ အနည်းဆုံး ဒီလောက်မဆိုးဝါးပါဘူး..။သူ့ရဲ့ အရှည်က ခြောက် မီတာ ထက်ပိုပြီး မရှည်ခဲ့ပေ.။သိုပေမယ့် အခုချိန်မှာတော့..ဒီ အနက်ရောင် သတ္တဝါက..အနည်းဆုံး ဒီ အခန်းရဲ့ နှစ်ဆလောက်ကို အရွယ်အစားရှိပါတယ်..။သူ့ရဲ့ သန်မာလွန်းတဲ့ ခန္တာကိုယ်ကို အနက်ရောင် ကြေးခွံတွေနဲ့ ဖုံးအုပ်ထားခဲ့ပြီး.. သူ့ရဲ့ ကိုယ်ထည်ကလည်း ကြီးမားတဲ့ သစ်ပင်တစ်ပင်ရဲ့ ပင်စည်တစ်ခုလောက်ကို ရှိနေခဲ့ပါတယ်..။

သူ့ရဲ့ ကြောက်မက်ဖွယ် ပါးစပ်ကြီးကလည်း ဆန်နီကို အကောင်လိုက် မြိုချဖို့အတွက် လုံလောက်‌ေအာင် ကျယ်နေခဲ့တယ်..။ကောင်းပြီလေ..အနည်းဆုံးတော့ သူ့ရဲ့ စစိမှန်တဲ့ လူသား ခန္တာကိုယ်ကိုပေါ့..။ပြီးတော့..သူ့ရဲ့ တြိဂံပုံစံ ဦးခေါင်းက မျက်နှာကျတ်နားကို ကပ်နေခဲ့ပြီး..တောက်ပနေတဲ့ မျက်လုံးနှစ်လုံးနဲ့ သူ့ကို ကြည့်နေခဲ့ပါသေးတယ်..။

ဝိဉာဉ်မြွေရဲ့ အရွယ်အစားက အတော်လေးကြီးမားတာကြောင့်..အခန်းတစ်ခုလုံးကို ပြည့်ကြပ်သွားပြီး သေးငယ်သွားသယောင်တောင် ဖြစ်သွားခဲ့တယ်..။

ဆန်နီ တံတွေးမြိုချလိုက်ပါတယ်..။

‘ဘာလိုလဲ..မင်းက လူကောင်းလေးပါ..။ကြည်နူးစရာ မြွေလေး..အာ…မင်း…မင်း အခု ပြန်လာလို့ရပြီ..’

အရိပ်က သူ့ကို စက္ကန့်အနည်းငယ် ကြာအောင် စိုက်ကြည့်နေပြီးကာမှ..နက်ရှိုင်းစွာ နှာမှုတ်လိုက်ပြီး..ရွေ့လျားသွားခဲ့ပါတယ်..။သူ့ရဲ့ ကြေးခွံတွေက ကြမ်းပြင်တွေနဲ့ ထိတွေ့သွားတဲ့ အချိန်မှာ..အသံတွေ ထွက်ပေါ်လာခဲ့တယ်..။မကြာခင်မှာပဲ..ဒါက..ရှုပ်ထွေးဆန်းကျယ်ပြီး လှပတဲ့ တက်တူး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။

ဆန်နီ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..တုန်လှုပ်သွားပြီး ဖြည်းညှင်းစွာ ပြုံးလိုက်တယ်..။

‘ကောင်းတယ်…ပြီးပြည့်စုံတယ်..။ငါတောင် မှ အဲဒီအကောင်ကို ကြောက်မိနေသလိုပဲ..။ရန်သူတွေသာ ဆိုရင် ဘယ်လို ခံစားရမလဲ ဆိုတာ စဉ်းစားကြည့်စမ်း..’

…..

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..ဆန်နီက ဝိဉာဉ်မြွေကို အနက်ရောင် အိုဒါချီ ဓားအဖြစ် ပြောင်းလဲခိုင်းလိုက်ပြီး..အတော်ကြာအောင် လေ့လာကြည့်နေခဲ့ပါတယ်..။ဒီ လက်နက်ရဲ့ စင်တီမီတာတစ်ခုစီ တိုင်းက သူ့နဲ့ ရင်းနှီးနေခဲ့ပေမယ့်..ကွဲပြားနေသလို ခံစားနေခဲ့ရတယ်..။ဒီ ကြီးမြတ်တဲ ဓားက..ပို ထက်ရှ ၊ ပိုသန်မာပြီး ပိုဖျက်ဆီးအား ပိုကောင်းလာခဲ့ပါပြီ..။

ဒီလက်နက်နဲ့သာ ဆိုရင်..တောင်တန်းကြီးတစ်ခုလုံးကိုတောင် ဖြတ်ပိုင်းနိုင်ဖို့ ယုံကြည်ချက် ရှိလာပါလိမ့်မယ်..။

သူက ဝိဉာဉ်မြွေကို..လှံရှည် ၊ တန်ဒေါင် ၊ ပြီးတော့ တာချီဓား နဲ့ နောက်ဆုံးမှာ တိုက်ပွဲပုဆိန်အဖြစ် အမျိုးမျိုး ပြောင်းလဲကြည့်နေခဲ့တယ်..။အားလုံးက အတော်လေးကို အားကောင်းပြီး သေစေနိုင်တဲ့ အမှောင်စွမ်းအင်တွေနဲ့ ပြည့်နှက်နေသလို ခံစားနေခဲ့ရပါတယ်..။ပုဆိန်တစ်ခုတည်းကပဲ..အနည်းငယ် လွဲမှားသလို ဖြစ်နေခဲ့တာပါ..။

ဝိဉာဉ်မြွေက ဘယ်လိုပုံစံကို မဆို ပြောင်းလဲနိုင်တယ်ဆိုပေမယ့်..ဆန်နီရဲ့ အသိပညာပေါ်ကို မူတည်ပြီး ကန့်သတ်မူတွေတော့ ရှိပါတယ်..။သူက လက်နက်အကြောင်းကို ပိုပြီး သိလေလေ..အသေးစိတ်အချက်အလက် လေးတွေကို စိတ်ကူးယဉ်ကြည့်နိုင်လေလေပါပဲ..။ဒီလိုဆိုရင် သူ ဖန်တီးလိုက်တဲ့ လက်နက်ကလည်း ပိုပြီး ကောင်းမွန်လာမှာပါ..။ဒီတော့ သူက ဒီအရာကို လက်နက်ပုံစံအမျိုးမျိုး ဖန်တီးနိုင်တယ် ဆိုရင်တောင်..သူ့ရဲ အတွေ့အကြုံပေါ်မူတည်ပြီးမှသာ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာပါလိမ့်မယ်..။

သူက ဖြူဖျော့နေတဲ့ သံမဏိကို ကြည့်ရူပြီးတဲ့နောက်မှာမှ..အရိပ်ကို ဘေးဖယ်ထားလိုက်တယ်..။

ဒီအခုတော့..သူ့ရဲ့ ဆုလာဒ်တွေကို စစ်ဆေးကြည့်ဖို့ အချိန်ရောက်ပါပြီ..။

ဒီနောက်ဆုံးမိနစ်အနည်းငယ် အတွင်းမှာ ဆန်နီရဲ့ စိတ်ကို..ဝိဉာဉ်မြွေ နဲ့ စွမ်းရည် အမွေအနှစ်တွေက နေရာယူထားခဲ့တာကြောင့်..သူက ဒီအရာနဲ့ပတ်သက်ပြီးသာ ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်..။

သူက အချက်အလက်ဇယားတွေကို နောက်ထပ်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး အောက်ဘက်နားမှာ တလက်လက် တောက်ပနေတဲ့ စာသားတွေကို အာရုံစိုက်လိုက်ပါတယ်..။

အမွေအနှစ် စွမ်းရည် - [ အရိပ် ကခုန်မူ ]

အရိပ်ကခုန်မူ ကျွမ်းကျင်ခြင်း အဆင့် - [ ၃ / ၇ ]

ပထမအမွေအနှစ် - ရယူပြီး..

ဒုတိယ အမွေအနှစ် - ရယူပြီး..

တတိယ အမွေအနှစ် - [ ရယူရန်.. ]

ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ..သူ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

တကယ်လို့ တတိယ အမွေအနှစ်ကသာ..နောက်ထပ် ဆားငံရည်စက် တစ်ခုဖြစ်လာခဲ့ရင် သူ ဘာလုပ်ရမလဲ..။နောက်တစ်ကြိမ် အချည်းနှီးဖြစ်သွားမှာလား..။

‘ချီးတဲ့မှပဲ..’

နောက်ဆုံးမှာတော့..သူ အသက်ကို ပြင်းပြင်းရူပြီး တွေးလိုက်တယ်..။

‘ ရယူမယ်..’

တစ်ခနလောက် ကြာတဲ့အထိ ဘာမှဖြစ်မလာခဲ့ပေ..။ပြီးတဲ့နောက်မှာတော့..အခိုက်အတန့်က သူ့ရဲ့ နားနားကို တီးတိုး ပြောလာခဲ့ပါတယ်..။

[ သင်က အမွေအနှစ် စွမ်းရည်ကို ရယူခဲ့ပါပြီ.. ]

[ ..သင်က မှတ်သားမူ တစ်ခု ရရှိခဲ့သည်.. ]

ဆန်နီ အံကိုကြိတ်ထားလိုက်ပြီး..မှတ်သားမူတွေ ရှိနေတဲ့ အပေါ်ကို ကြည့်လိုက်တယ်..။ယင်းနောက် သူ့ ပါးစပ်ကနေ စိတ်သက်သာရာရစွာပဲ သက်ပြင်းချလိုက်ပါတယ်..။

ဒါက အရိပ် နတ်ဘုရားရဲ့ သွေးစက်တစ်ခု မဟုတ်တော့ပါဘူး..။

အဲဒီအစား..စာရင်းရဲ့ အဆုံးမှာ မရင်းနှီးတဲ့ ရူးနစ် ဘာသာစကားတွေနဲ့ ရေးသားထားတဲ့ စာသားတစ်ချို့ကို တွေ့နေခဲ့ရပါတယ်..။

မှတ်သားမူ - [ အရိပ် မီးအိမ်..]

All Chapters