← Chapters

အရိပ် မီးအိမ်…

Vol. 44 Ch. 654

အရိပ် မီးအိမ်…

Vol. 44 Ch. 654

ဆန်နီ ရူးစ်‌ တွေကို သိချင်စိတ် အပြည့်နဲ့ ဖတ်ကြည့်လိုက်တယ်..။

မှတ်သားမူ - အရိပ်မီးအိမ်

မှတ်သားမူ အဆင့် - နတ်ဘုရား..

..သူ အိပ်ယာပေါ်က ပြုတ်ကျသွားခဲ့တယ်..။

‘ဘာ…’

နောက်ထပ်…နောက်ထပ် နတ်ဘုရား မှတ်သားမူ တစ်ခုလား..။

သူ့ မျက်နှာပေါ်မှာ အေးစက်တဲ့ ချွေးတွေ ကျဆင်းလာခဲ့ပါပြီ..။ဆန်နီ တုန်ရီနေတဲ့ လက်နဲ့ ချွေးတွေကို သုတ်လိုက်ပြီး လက်သီးဆုပ်ထားခဲ့တယ်..။

‘စိတ်…စိတ်ဝင်စားစရာပဲ..’

သူ စာသားတွေကို ပြန်ကြည့်လိုက်ပြီး..သူ့ရဲ့ စိတ်တွေကို အတတ်နိုင်ဆုံးတည်ငြိမ်ဖို့အတွက် ကြိုးစားလိုက်ပါတယ်..။

သူက ဘယ်လို အမွေအနှစ်မျိုးကို ရရှိခဲ့တာလဲ..။

ဆန်နီ ကိုယ့်ကိုကို ထိန်းချုပ်ပြီး..ဖော်ပြချက်ကိုသာ ဆက်လက်ဖတ်လိုက်တယ်..။

မှတ်သားမူ အဆင့် - ၁

မှတ်သားမူ အမျိုးအစား - လက်နက်

‘လက်နက်တစ်ခု…အဓိပ္ပာယ်ရှိတယ်..။ဘာပဲဖြစ်ဖြစ် ဒါက မီးအိမ်တစ်ခုပဲ..။ဒါပေမဲ့ ဒီဟာနဲ့ ဘာလုပ်ရမှာလဲ..။မီးအိမ်တွေဆိုတာက အလင်းရောင် ကို ထုတ်ဖော်ပြီး တစ်ခြားအရာတွေကို မြင်တွေ့စေနိုင်တာလေ..။ဒါက အရိပ်တွေအတွက် သင့်တော်တဲ့အရာတစ်ခု မဟုတ်ဘူး..ဟုတ်တယ်မလား..’

သူ စိုးရိမ်စွာ မျက်မှောင်ကျုတ်လိုက်ပြီး စာသားတွေကို ပြန်ဖတ်လိုက်တယ်..။

မှတ်သားမူ ဖော်ပြချက်..

[ “သေဆုံးခြင်းဆိုတာ အသက်ရှင်သန်ခြင်း ရဲ့ အရိပ်တစ်ခုပဲ..” အသက်နတ်သမီးက ထိုသို့ပြောခဲ့သည်။ “ပြီးတော့ ငြိမ်းချမ်းမူ ဆိုတာ စစ်ပွဲရဲ့ ရှုံးနိမ့်မူ တစ်ခုပဲ..”။မင်းက ခိုးယူခံရတာ ၊ ဆင်းရဲမွဲတေတာ နဲ့ ယုတ်ညံ့တာတွေ မရှိပဲ..တစ်စုံတစ်ခု ဖြစ်လာခဲ့ဖူးလား..။မင်းက အဓိပ္ပာယ်မရှိတဲ့အရာကို မလုပ်ပဲ..တစ်စုံတစ်ခုကို ဖြစ်မြောက်‌ေအာင်လုပ်ခဲ့ဖူးလား..။မင်းက တစ်ခြားတစ်စုံတစ်ယောက်ရဲ့ ကြည့်ရူပေးခြင်း မရှိပဲ နဲ့တောင် အသက်ရှင်နိုင်ရဲ့လား..။မင်းက ဘယ်လောက်အားနည်းပြီး..သေးငယ်လည်း ဆိုတာကို ကိုယ့်ကိုကို ပြန်ကြည့်ပါဦး..။ငါက သေးငယ်တဲ့ အရိပ်ကလေး တစ်ခုကို ကြောက်ရွံ့နေရဦးမှာလား..” ]

နေရောင်ရဲ့ အလင်းရောင်ကြောင် ဖြူဖျော့နေတဲ့ အရိပ်က ရယ်မောပြီး မြေကြီးပေါ်ကနေ ထလာခဲ့တယ်..။သူ ထလာတဲ့အချိန်မှာတော့ သူ့ရဲ့ ပုံရိပ်က.. မြေပြင်တစ်ခုလုံးကို ဝါးမြို ပြီး ၊ ကောင်းကင်တစ်ခုလုံကို..သိမ်းပိုက်ကာ နေရောင်ရဲ့ အလင်းရောင်ကိုတောင ်မှေးမှိန်သွားစေပါတယ်..။မကြာခင်မှာတော့..သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ဘာမှမရှိတော့ပဲ..အမှောင်ထုတစ်ခုတည်းသာ ရှိနေပါတော့တယ်..။ပြီးတော့ အမှောင်ထုထဲကနေ တုန်လှုပ်ခြောက်ခြားဖွယ် အသံတစ်ခုက ထွက်ပေါ်လာခဲ့တယ်..။

“အသက်ရှင်သန်ခြင်းဆိုတာက..သေဆုံးခြင်း အတွက် အစပျိုးမူ တစ်ခုဖြစ်ပြီး..စစ်ပွဲတွေဆိုတာက..သေဆုံးခြင်း တံခါးကို ဖွင့်ပေးမယ့် သော့တွေပဲ..။မင်း ချစ်မြတ်နိုးတဲ့ အရာတွေ ၊ မင်း ပျိုးထောင်တဲ့ အရာတွေ ၊ မင်း စတင်ခဲ့တဲ့ အရာတွေ တိုင်းက တစ်နေ့ကြရင် ငါ့အပိုင်တွေဖြစ်လာလိမ့်မယ်..။ငါ့ရဲ့ ကြိုဆိုခြင်းကို ခံရမယ် ၊ ငါ့ရဲ့ သိမ်းပိုက်ခြင်းကို ခံရမယ်..ပြီးတော့..ငါနဲ့ အတူ ငြိမ်းချမ်းခြင်းကို ရလိမ့်မယ်..။ဒါက အရိပ်ရဲ့ သနားညှာတာမူပဲ..။အနှစ်မရှိ…အဓိပ္ပာယ်မရှိတဲ့..နင်က အရင်ဆုံး လာရလိမ့်မယ်…ငါ့ရဲ့ ညီအစ်မလေး..။ဒါပေမဲ့ နင့်ရဲ့ ရက်စက်မူတွေ ပြီးဆုံးသွားတဲ့ အချိန်ကျရင်တော့…ငါတစ်ယောက်တည်းပဲ ကျန်နေရစ်ခဲ့မယ်…”]

ဆန်နီ ကြက်သီးထသွားခဲ့တယ်..။

‘ချီးပဲ…အရိပ်နတ်ဘုရားက အမြဲတမ်း ကြောက်ဖို့ကောင်းတာလား..’

အရိပ်တွေနဲ့ သူ့ရဲ့ ရင်းနှီးမူ ၊ ဆက်နွယ်မူတွေကြောင့် သူက အရိပ်နတ်ဘုရားကို ကြောက်စရာတစ်ခုအဖြစ် ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါဘူး..။ဘာပဲဖြစ်ဖြစ်..တစ်ခြားနတ်ဘုရားတွေတောင်..အရိပ်နတ်ဘုရားကို မြင့်မြတ်မူတစ်ခုအဖြစ် မမှတ်ယူခဲ့ပေ..။အနည်းဆုံးတော့ ဆန်နီ ဒီအတိုင်းပဲ သိထားခဲ့တာပါ..။သူ့ရဲ့ ဘုရားကျောင်းက လောင်ကျွမ်း ဖျက်ဆီးခံခဲ့ရပြီး..သူ့ရဲ့ နောက်လိုက်တွေက ကျွန်တွေ ဖြစ်သွားခဲ့ကြတယ်..။သူ့ရဲ့ စွမ်းရည် နဲ့ အရည်အသွေးတွေတောင်မှ တစ်ခြားနတ်ဘုရားတွေနဲ့ ယှဉ်ရင် နိမ့်ကျနေသလိုပါပဲ..။

ငြိမ်းချမ်းမူ ၊သေဆုံးမူ ၊ နှစ်သိမ့်မူ ၊ ဆန်းကျယ်မူ နတ်ဘုရား..။ဒီအရာက အနက်ရောင်ကောင်းကင် နတ်ဘုရားမ ၊ မုန်တိုင်း …နက်ရှိုင်းမူ ၊ သမုဒ္ဒရာ ၊ အမှောင်ထု ၊ ကြယ် ၊ ခရီးသွား ၊ လမ်းညွှန်မူ ၊ ကပ်ဆိုး နတ်ဘုရား တွေနဲ့ ယှဉ်ရင် အတော်လေးကို အားပျော့နေခဲ့တာပါ..။

…သို့ပေမယ့်..မမြင် ၊ မကြားရပဲ နေရတာကို နှစ်သက်တဲ့ အရာတွေက ပိုပြီး အန္တရာယ် များတတ်ကြတာပါ..။ဟုတ်တယ်မလား..။

ဆန်နီ ကိုယ်တိုင်လိုမျိုးပါပဲ..။

သူ ခေါင်းခါယမ်းလိုက်ပြီး..ဖော်ပြချက်ကို နည်းနည်းထပ်ကြည့်လိုက်တယ်..။ယင်းနောက် အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“စစ်ပွဲနတ်ဘုရားက အရိပ်နတ်ဘုရားကို လုံးဝကြိုက်မှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်းလိုက်မယ်..။ကောင်းပြီလေ ဒါက အံ့ဩစရာတော့လည်း မဟုတ်ပါဘူး..။နည်းလမ်းတွေအများကြီးနဲ့ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်နေကြတာ မဟုတ်ဘူးလား..။စစ်ပွဲနတ်ဘုရား ဘက်က လူတွေကို တွေ့တဲ့ အချိန်တိုင်း သူတို့က ငါ့ရဲ့ နှလုံးသားကို ထုတ်ယူတာ ဒါမှမဟုတ်..အဆိုးဆုံး ကျိန်စာသင့် အိပ်မက်ဆိုးတွေကို ပြသတာက အံ့ဩစရာ မရှိတော့ဘူး..’

သူသက်ပြင်းချလိုက်ပြီး..အချက်အလက်တွေကို ဆက်ဖတ်လိုက်တယ်..။

မှတ်သားမူ တိုးမြင့်ချက် - အရိပ်၏ထွက်ပေါက်များ

တိုးမြင့်မူ ဖော်ပြချက် - ဒီ မီးအိမ်က အလင်းကို ဝါးမြိုပြီး ထိန်းသိမ်းထားနိုင်သည်..။ယင်းနောက် အဆုံးမရှိတဲ့ အရိပ်တွေ အဖြစ် ပြန်လည် ထုတ်လွှတ်ပေးနိုင်သည် ။

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

‘ဟင်..’

ဒီ တိုးမြင့်မူ စွမ်းရည်က နတ်ဘုရားအဆင့် အမွေအနှစ်တစ်ခု အတွက် ဆိုရင် သိပ်ပြီး များပြားပုံမရပါဘူး..။သို့ပေမယ့် ဒါက လူတစ်ယောက်က ဒီစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သေချာမစဉ်းစားနိုင်တဲ့ အချိန်မှာသာ ဒီလိုအတွေးကို ဝင်မှာပါ..။

အဆုံးမရှိ…

ဒီမှာ ဖော်ပြထားတဲ့ အနန္တဆိုတဲ့ စကားလုံးက..အဆုံးမရှိ စမ်းချောင်းလို အတုအယောင် တစ်ခုမဟုတ်ပဲ..အမှန်တကယ် အဆုံးမရှိ ပမာဏကို ရည်ညွှန်းထားတယ် လို့ သူ သံသယရှိပါတယ်..။တကယ်လို့ ဒါသာ အမှန်ဆိုရင်..ဟုတ်ပါတယ်..အဆုံးမရှိတဲ့ အနန္တပမာဏကို ထိန်းသိမ်းထားတဲ့ တဲ့ အရာတစ်ခုက နတ်ဘုရားအဆင့်ဖြစ်ဖို့ ထိုက်တန်မူရှိပါတယ်..။ဒါက ရိုးရှင်းစွာပဲ ကျိုးကြောင်းဆီလျော်မူ ဉပဒေသတွေအားလုံးကို ချိုးဖောက်ထားခဲ့တာပါ..။

သို့ပေမယ့်..ဒါက ဆန်နီကို ဘယ်လို ကူညီနိုင်မှာလဲ..။

သူ မျက်မှောင်ကျုတ်ပြီး..အနည်းငယ် စိတ်ပျက်သွားခဲ့တယ်..။

‘ဘာလို့ အရာအားလုံးကို ဖျက်ဆီးနိုင်တဲ့ ဓားတစ်ချောင်း မပေးလိုက်တာလဲ..’

သူ မှတ်သားမူကို ထုတ်ယူလိုက်တဲ့ အချိန်မှာတော့..သူ့လက်ထဲမှာ အမှောင်ထုထဲကနေ ပေါ်ထွက်လာခဲ့တဲ့ မီးအိမ်တစ်ခုကို တွေ့လိုက်ရတယ်..။ဒီ အရာက အရမ်းမကြီးပဲ..သူ့လက်ဝါး အရွယ်အစားလောက်ပဲ ရှိပါတယ်..။ပြီးတော့ အနက်ရောင် အရာတစ်ခုခုနဲ့ ပြုလုပ်ထားခဲ့တယ်..။ဒါက သူမြင်ဖူးခဲ့တဲ့ အရာတွေနဲ့ မတူသလို ၊ ခံစားချက်လည်း မတူညီခဲ့ပေ..။ဒါက တစ်ခြားအရာတွေထက် ကျောက်တုံးနဲ့ပဲ ပိုတူပါတယ်..။

မီးအိမ်ရဲ့ ဘောင်ကို ရှုပ်ထွေးစွာ ထွင်းထုထားပြီး..မြွေရဲ့ ကြေးခွံတွေနဲ့တောင် တူနေခဲ့တယ်..။သူ့ရဲ့ နံရံတွေကိုတော့..တောင်ပနေတဲ့ အနက်ရောင် မီရီယွန်တွေနဲ့ ပြုလုပ်ထားခဲ့ပါတယ်..။သူ့ရဲ့ ထိပ်ပိုင်းမှာ..အနက်ရောင် သတ္တုကွင်းဆက်တစ်ခုရှိနေခဲ့ပြီး..သေးငယ်တဲ့ ချိန်းကြိုးလေးနဲ့ ဆက်သွယ်ပေးထားခဲ့တယ်..။လိုအပ်ရင် ဒီချိန်းကြိုးလေးကို လက်နဲ့ဆွဲတာဖြစ်ဖြစ်..ခါးပတ်မှာ ချိတ်ထားတာဖြစ်ဖြစ် လုပ်လို့ရပါတယ်..။

မီး အိမ်ပေါ်ထွက်လာတာနဲ့ ဆန်နီရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမှောင်ထုက ပိုမိုနက်ရှိုင်း ၊ ပိုမိုအေးစက် ၊ ဖိနိုပ် ပြီး မထိုးဖောက်နိုင်လောက်အောင် ဖြစ်လာခဲ့တယ်..။ကြယ်တွေရဲ့ အလင်းရောင်တိုင်းက ဝါးမြိုခြင်းခံလိုက်ရပြီး..အခန်းရဲ့ အတွင်းပိုင်းကို လုံးဝကို နက်မှောင်သွားစေခဲ့ပါတယ်..။ဒါပေါ့..သူကတော့ အမှောင်ထုထဲမှာ ထိုးဖောက်ပြီး မြင်နိုင်ပါတယ်..။သို့ပေမယ့် တစ်ခြားလူတွေဆိုရင်တော့ အတော်လေး ပြသနာများမှာ အသေအချာပါပဲ..။

ဆန်နီဟာ ကျေနပ်မူတွေ အပြည့်နဲ့ ဆန်နီဟာ..လှပတဲ မီးအိမ်ကို လှည့်ပတ်ကြည့်ရူလိုက်တဲ့ အချိန်မှာ..သေးငယ်တဲ့ တံခါးပေါက်လေတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်..။သူ တွေဝေနေပြီးကာမှ..တံခါးကို ပွင့်သွားစေဖို့အတွက် စိတ်နဲ့ အမိန့်ပေးလိုက်ပါတယ်..။

ဒါက ချက်ချင်းဆိုသလို ရှေ့ကို ရွေ့လျားသွားခဲ့ပြီး..ဘာမှမရှိတဲ့ စတုရန်းနေရာလွတ်တစ်ခုကို သာ ဖော်ပြနေခဲ့တယ်..။ခနအကြာမှာတော့..ဆန်နီဟာ..သူ့ရဲ့ ဆံပင်တွေ ထောင်မတ်လာပြီး..သူ့ရဲ့ ရင်ခုန်သံတွေ မြန်လာသလို ခံစားလိုက်ရတယ်..။သူက ရုတ်တရက် အေးစက်ပြီး..မသက်မသာ ဖြစ်တဲ့ ခံစားချက်တွေနဲ့ လွှမ်းမိုးကာ ကြောက်ရွံ့လာခဲ့တယ်..။ဒါက သတ္တဝါတစ်ကောင်ဟာ..သူ့ထက် အရွယ်အစားကြီးမားတဲ့ သတ္တဝါတစ်ကောင်နဲ့ ရင်ဆိုင်နေရပြီး..ဒီ အရွယ်အစားကွာခြားမူက ဘယ်လောက်အထိ ကြီးမားနေလဲဆိုတာကို မသိသလိုပါပဲ..။

သူ ဖြည်းညှင်းစွာ အသက်ကို ရူထုတ်လိုက်တဲ့ အချိန်မှာတော့..သူ့ ပါးစပ်ထဲကနေ အခိုးအငွေ့တွေတောင် ထွက်လာခဲ့တယ်..။

‘…အနန္တ ဆိုတဲ့ ပမာဏက ဒီလိုမျိုး ခံစားရတာ ထင်တယ်..’

ဒီ မီးအိမ်က အလွတ်ကြီး ဖြစ်နေတာကြောင့်..သူက ဘယ်အရိပ်ကိုမှ..အထဲကနေ ထွက်လာဖို့ အတွက် အမိန့်ပေးလို့ မရနိုင်ပါဘူး..။ဒီတော့ အဲဒီအစား..သူက ပျော်ပျော်နေတတ်တဲ့ အရိပ်ကိုသာ လှမ်းကြည့်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။

‘မင်း အထဲကို သွားချင်လား..’

အရိပ်ဟာ..သူ့ကို ထိပ်လန့်စွာ ကြည့်လိုက်ပြီး..အလျင်အမြန်ပဲ..ခေါင်းခါယမ်းပြနေခဲ့ပါတယ်..။ဆန်နီ မျက်လုံးကျဉ်းမြောင်းသွားခဲ့ပြီး..ကြောက်စရာကောင်းတဲ့ အရိပ်ဆီကို ထပ်ကြည့်လိုက်တယ်..။

‘မင်းရော..’

ကြောက်စရာ အရိပ်က သူ့ကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ..ဂရုမစိုက်သလိုမျိုး ပုခုံးတွန့်ပြလိုက်တယ်..။ပြီးတာနဲ့..သူက ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသလိုမျိုး..တံခါးလေးထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်…။

ဆန်နီ ကတော့ သူတို့ကြားက ဆက်နွယ်မူကို ခံစားနေရတုန်းပါပဲ..သိုပေမယ့် ခါတိုင်းလိုမျိုးတော့ မဟုတ်တော့ပေ..။သူက အရိပ် မြင်နေ ၊ ကြားနေ ၊ ခံစားနေရတာတွေကို မြင်နိုင် ၊ ကြားနိုင် ၊ ခံစားနိုင်စွမ်း မရှိတော့ပါဘူး..။သူ သိတာအကုန်ဆိုလို့ အရိပ်က ကျယ်ပြန့်ပြီး..မှောင်မိုက် ၊ အေးစက်တဲ့ တစ်နေရာရာမှာ ရှင်သန်နေနေသေးတယ် ဆိုတာပါပဲ..။

သူ့မျက်နှာက သုန်မုန်သွားခဲ့တယ်..။ပြီးတာနဲ့..သူက ကြောက်စရာ အရိပ်ကို ပြန်လာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်..။

ဒီ ထူးဆန်းတဲ့ အရိပ်က မီးအိမ်ထဲကနေ ပြန်ထွက်လာခဲ့ပြီး ဘာမှမဖြစ်သလို ပုခုံးတွန့်ပြလိုက်ကာ သူ့နေရာကိုသူ ပြန်သွားနေလိုက်တယ်..။

..ယင်းနောက်..သူ့ကို ဘယ်သူမှ ကြည့်မနေတော့တဲ့ အချိန်ကြမှ..သူက တုန်ရီသွားခဲ့ပြီး..ကိုယ့်ကိုကို ခနလောက် ပြန်ဖက်ထားခဲ့ပါတယ်..။

‘ဘယ်လို ထူးဆန်းတဲ့ မှတ်သားမူ မျိုးလဲ..’

ဒါက ဘယ်လို အသုံးဝင်တာလဲ…။

ဆန်နီ သူတောင်စင်ကို ခေါ်ယူပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်ခဲ့ပေမယ့် လည်း မအောင်မြင်ခဲ့ပေ..။အနက်ရောင် စစ်သည်တော်က မီးအိမ်ထဲကို ဝင်ဖို့ပြောတဲ့ အချိန်မှာ အမိန့်ကို မနာခံတတ်တဲ့ သူတစ်ယောက် အလား မလှုပ်မယှက်သာ ရှိနေခဲ့ပါတယ်..။

‘..အရိပ်တွေနဲ့ကတော့ အလုပ်မဖြစ်ဘူး ထင်တယ်..’

သူ မျက်မှောင်ကျုတ်လိုက်တယ်..။ပြီးတာနဲ့ မီးအိမ်ကို မြေကြီးပေါ်ကို ချလိုက်ပြီး..ထောင့်မှာ ပုန်းအောင်းနေတဲ့ အရိပ်တွေနဲ့ နီးကပ်တဲ့ နေရာမှာ ထားထားလိုက်ပါတယ်..။ယင်းနောက် အတော်ကို ရူးမိုက်တဲ့ ခံစားချက်နဲ့ အတူပဲ..ဆန်နီ စိတ်ထဲကနေ ကျယ်လောင်စွာ ရေရွတ်လိုက်တယ်..။

‘အာ..မင်းတို့ အထဲကို မဝင်ချင်ကြဘူးလား..’

အရိပ်တွေက ဖြည်းညှင်းစွာ ပဲ မီးအိမ်ဆီကို ရွေ့လျားသွားခဲ့ကြပါတယ်..။ပြီးတာနဲ့ အနက်ရောင် တံခါး

ကို ဖြတ်သန်းသွားခဲ့ကြတယ်..။

ဆန်နီရဲ့ ကြမ်းတမ်းတဲ့ မျက်နှာပေါ်မှာ..အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

‘အာ…အခု ငါတို့ စကားပြောနိုင်ပြီပေါ့..။ဒါက..ဒါက ငါ လုပ်နိုင်တဲ့ အရာပဲ..’

သူ ကျေနပ်သွားခဲ့ပြီး မီးအိမ်တံခါးကို ပိတ်ကာ..ပြန်ရုတ်သိမ်းလိုက်တယ်..။

သူ ရရှိလိုက်တဲ့ အမွေအနှစ်က ဖျက်ဆီးအားပြင်းတဲ့ လက်နက်တစ်ခု ဟုတ်မနေတာကြောင့် ဆန်နီ အနည်းငယ်တော့ ဝမ်းနည်းနေတုန်းပါပဲ..။သို့ပေမယ့် သူ့ရဲ့ စိတ်ပျက်မူတွေက အနည်းငယ် လျော့နည်းသွားခဲ့တယ်..။ဒီ မီးအိမ်က ချက်ချင်းကြီး အသုံးမဝင်ဘူးဆိုပေမယ့်လညး်..သူ့ရဲ့ မိတ်ဆွေအရိပ်တွေကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်..။ဒါက သူနဲ့ အတူ အရေအတွက် မကန့်သတ်ထားပဲ..တစ်ချိန်လုံး ရှိနေနိုင်ကြမှာပါ..။ဒီအရာက သူ့ရဲ့ ကြီးမားတဲ့ အားနည်းချက်ကိုလည်း..အတော်လေးကို လျော့ချပေးနိုင်ပါလိမ့်မယ်..။သူ့ရဲ့ စွမ်းရည် အများစုက အမှောင်ထဲမှာသာ အလုပ်လုပ်နိုင်တာပါ..။

ပြီးတော့ ..သံသယဖြစ်စရာ မလိုလောက်အောင်ပဲ..သူ့ရဲ့ စွမ်းရည်တွေက ပိုပြီး အားကောင်းလာတဲ့အချိန်မှာ…နက်ရှိုင်းတဲ့ အရိပ်တွေကို လက်ထဲမှာ ထားနိုင်ခြင်းက ပိုပြီး အသုံးဝင်ပါလိမ့်မယ်..။

ထပ်ပြောရရင်..သူက အရိပ်မီးအိမ် ရဲ့ လျို့ဝှက်ချက်တွေ အကုန်လုံးကို အခုချိန်ထိ မသိထားသေးဘူးလို့ ခံစားနေရပါတယ်…

သို့ပေမယ့် အခုချိန်မှာတော့..သူ့ရဲ့နောက်ဆုံး နဲ့ အရေးကြီးဆုံး ဖြစ်တဲ့ ဆုလာဒ်ကို လေ့လာရမယ့် အချိန်ပါပဲ..။

မိတ်ဆွေဟောင်းကြီးနဲ့ တွေ့ဖို့ အချိန်ကျပြီ..။

အိပ်မက်ဆိုး…လို့ခေါ်တဲ့ အနက်ရောင် မြင်းတစ်ကောင်ရဲ့ အရိပ်….။

All Chapters