← Chapters

အောင်မြင်ဖို့ အခွင့်အရေး..

Vol. 44 Ch. 657

အောင်မြင်ဖို့ အခွင့်အရေး..

Vol. 44 Ch. 657

အရသာရှိစွာ စားသောက်ကြပြီးတဲ့နောက်မှာတော့..သူတို့နှစ်ယောက်က အတော်ကြာအောင် သောက်စရာတစ်ချို့ကို တိတ်ဆိတ်စွာ သောက်နေခဲ့ကြတယ်..။နိုတစ်က ဝိုင်ပမာဏ အများကြီဂကို အပြုံးတစ်ချက် မပျက်ပဲနဲ့ သောက်နေခဲ့တာပါ..။ဆန်နီကတော့..လဖက်ရည်ကိုသာ သောက်နေခဲ့တယ်..။လှပပြီးတောက်ပြောင်နေတဲ့ ခွက်က သူ့ရဲ့ ကြီးမားတဲ့ လက်သည်းတွေကြားထဲမှာ..သေးငယ်နေပုံရတယ်..။နေရောင်ခြည်ကတော့..ခွက်ရဲ့ မျက်နှာပြင်ပေါ်ကနေ တဆင့် အလင်းပြန်နေခဲ့ပါတယ်..။

ဒီလို ရှားပါးတဲ့ ငြိမ်းချမ်းမူ အခိုက်အတန့်လေးမှာတော့..သူက ရုတ်တရက် သနားစရာကောင်းပြီး..စိတ်ဓာတ်ကျနေသလိုပါပဲ..။ဆန်နီက..နှလုံးမြန်မူ ၊ ဒေါသထွက်မူ ၊ ကြောက်လန့်မူ ၊ နောင်တရမူတွေနဲ့ပဲ အမြဲတမ်း အသားကျနေတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့်..ဒီ ထူးဆန်းတဲ့ ခံစားချက်က အသစ်ဖြစ်ပြီး..သူနဲ့ မကိုက်ညီသလိုဖြစ်နေခဲ့တယ်..။သူက ဒီအရာကို လုံးဝ မကြိုက်နှစ်သက်ပါဘူး..။

သူ့ကိုယ်သူ..ခံစားချက်ကောင်းမွန်စေဖို့ နဲ့..ဒီခံစားချက်တွေကို မောင်းထုတ်ပစ်ဖို့အတွက် ..သူက အင်မော်တယ် မှော်ဆရာကို..အန္တရာယ်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်တယ်..။ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..မြစိမ်းရောင် အဆောင်ကို ကောက်ယူပြီး မေးလိုက်ပါတယ်..။

“အရှင် နိုတစ်…အရှင်က ကျွန်တော်အတွက်တော့..တကယ်ကို ကြီးမြတ်လွန်းတဲ့ အိမ်ရှင်တစ်ယောက်ပါပဲ..။ကျွန်တော်ကို နေထိုင်စရာ ပေးတယ်. .၊အရသာရှိတဲ့ အစားအသောက်တွေ ပေးတယ် ပြီးတော့၊ လက်ဆောင်တွေ ပေးခဲ့တယ်။ဒီတော့ ကျွန်တော့်မှာရှိတဲ့ ရိုးရာ အစားအသောက်လေးကို လည်း ပြန်ပြီး မျှဝေပါရစေ..။ဒီလိုဆိုရင် ကျွန်တော်ရဲ့ ခံစားချက်က ပိုကောင်းလာမှာပါ..”

အင်မော်တယ် မှော်ဆရာရဲ့ မျက်ခုံးတွေက ပင့်တင်သွားခဲ့တယ်..။ပြီးတာနဲ့ သူ့ကို သံသယတွေနဲ့ ကြည့်လိုက်ပါတယ်.။ယင်းနောက် သူ့မျက်နှာပေါ်မှာ သိချင်တဲ့ အပြုံးတစ်ခုက ပေါ်လာခဲ့ပါတယ်..။

“အိုး..အစားအသောက်လား…ဘယ်လောက် အံ့ဩဖို့ကောင်းလဲ..။အဲတာကို ချက်ပြုတ်ဖို့ ပါဝင်ပစ္စည်းတွေ လိုသေးလား..”

ဆန်နီ တည်ငြိမ်စွာ ခေါင်းခါယမ်းလိုက်ပြီး တပ်မက်ခြင်း သေတ္တာကို ထုတ်ဖော်လိုက်ပါတယ်..။လေးထောင့်ပုံစံ သေတ္တာလေးက..အလင်းစက်တွေကနေ တဆင့် စားပွဲပေါ်မှာ ပေါ်လာခဲ့တယ်..။ယင်းနောက်..ဒီအရာက မှော်ဆရာကို မြင်လိုက်တဲ့အချိန်မှာ တုန်ရီသွားပြီး ဆန်နီ ရဲ့ လက်နောက်ဖက်နားကို သွားပုန်းနေခဲ့ပါတယ်..။

နိုတစ်က တပ်မက်ခြင်း သေတ္တာကို ကြည့်ကာ..ရိုးသားစွာ ပြုံးလိုက်ပြီး..

“ဟ…ဒီသေးငယ်တဲ့ သတ္တဝါလေးကြောင့် တစ်ယောက်ယောက်ကိုတောင် သတိရမိသွားတယ်..။ချစ်စရာလေးပဲ..”

ဆန်နီ သေတ္တာဆီကို လက်လှမ်းလိုက်ပြီး ဆီသွပ်ဗူးတစ်ဗူးကို လှမ်းယူလိုက်ပါတယ်..။ပြီးတာနဲ့ အင်မော်တယ် ဆီကို ယဉ်ကျေးတဲ့ အပြုံးနဲ့ ပြုံးကာ ပေးလိုက်တယ်..။နိုတစ်က ဆီသွပ်ဗူးကို ယူပြီး စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့တယ်..။ပြီးတာနဲ့ သူ့ မျက်နှာနားကို နီးကပ်စွာ ယူလိုက်ပြီး အနံ့ခံကြည့်လိုက်ပါတယ်..။

“ဒီလိုမျိုး…ထူးဆန်းတဲ့…သိုလှောင်မူ တစ်ခုလား..။ဒါက ဘာအနံ့မှ မရဘူး..”

ဆန်နီ ခေါင်းညိမ့်လိုက်ပြီး သူ့ရဲ့ လက်ကို လှည့်ပတ်တဲ့ ပုံစံပြုလုပ်လိုက်ပါတယ်..။

“အရှင် ..အပိတ်ကို လှည့်ဖွင့်ပြီး..အမှေးပါးလေးကို ထိုးဖောက်လိုက်ပါ..။ပြီးရင်တော့..ပါးစပ်နဲ့ တေ့ပြီး စားလို့ရပါပြီ..။ဒါပေမဲ့ သတိထားပါ…တစ်ချို့လူတွေက သူ့ရဲ့ အရသာကို ပြိုင်ဖက်ကင်းတယ်လို့တောင် ပြောကြတယ်..။ပြီးတော့ ဒီကမ္ဘာတစ်ခုလုံးမှာ..ဒီလိုအစားအသောက်မျိုး ဆိုတာက နောက်ထပ် ရှိနိုင်မှာ မဟုတ်တော့ဘူး..။လူတွေအများကြီး ဆိုရင် ဒီအရာကို စားသောက်ပြီး မျက်ရည်တွေ ကျကြရတာ..”

မှော်ဆရာဟာ..ဒီစကားတွေကို ကြားပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပါတယ်..။အမှေးပါး…ပါးစပ်နဲ့ တေ့ထား ရမှာ..ပြီးတော့..ဗူးကို လှည့်ဖွင့်ပြီး အမှေးပါးကို ထိုးဖောက်လိုက်…။နောက်ဆုံးမှာတော့ သူက ဗူးကို စိတ်အားထက်သန်စွာ ဖွင့်လိုက်ပြီး..အရောင်မရှိတဲ့ အစားသောက်တွေကို ပါးစပ်ထဲထည့်လိုက်ပါတယ်..။

နိုတစ် ပါးစပ်ကို ပြန်ပိတ်ပြီး အကြိမ်အနည်းငယ် ဝါးလိုက်တယ်..။ယင်းနောက် အေးခဲသွားခဲ့ပါတယ်..။ဖြည်းညှင်းစွာပဲ သူ့မျက်နှာက ပြောင်းလဲသွားခဲ့ပြီး ဖြူဖျော့ကာ ထိပ်လန့်တဲ အမူအရာ ဖြစ်လာခဲ့တယ်..။သူက ဆန်နီကို မျက်လုံးပြူကျယ်စွာ ကြည့်လိုက်ပြီးကာမှ..နောက်ထပ် တစ်ချို့ကို ထပ်မံဝါးစားလိုက်ပါတယ်..။ပြီးတာနဲ့..ကြိုးစားပြီး မြိုချနေခဲ့တယ်..။

ဆန်နီကတော့ သူ့ကိုပဲ ဆက်တိုက်စောင့်ကြည့်နေခဲ့တာပါ..။

“အသိအမှတ်ပြုလောက်တယ်…ဟုတ်တယ်မလား..”

အင်မော်တယ်ဟာ ကျောချမ်းသွားခဲ့ပြီး အားနည်းတဲ့ အပြုံးတစ်ခုကို ဖန်တီးလိုက်ပါတယ်..။

“ဒါက ..အာ…တကယ်ကို မမေ့နိုင်လောက်တဲ့ အရသာပဲ..။တကယ်…တကယ်ကိုပဲ…သေဆုံးခြင်း နတ်ဘုရားရဲ့ နောက်လိုက်တွေ စားဖို့ ထိုက်တန်တယ်..။ကျေးဇူး..ကျေးဇူး အများကြီး တင်ပါတယ် ဆန်းလပ်စ်..။ငါ တကယ်ကို ကျေနပ်မိပြီ..”

ဆန်နီ ပြုံးလိုက်ပြီး..

“ဒါဆိုလည်း..မျက်နှာမပူပါနဲ့.။နည်းနည်း ထပ်ပြီး စားလိုက်ပါဦး..”

နိုတစ်က ဆီသွပ်ဗူးကို စားပွဲပေါ်ချလိုက်ပြီး..ခေါင်းခါယမ်းလိုက်ပါတယ်..။

“တော်ပြီ တော်ပြီ…စိတ်မကောင်းစရာပဲ..။ငါက အတော်ဗိုက်ပြည့်နေပြီလေ..။မင်းရဲ့ ကမ်းလှမ်းမူအတွက်တော့ ကျေးဇူးပါ..”

သူက တုန်ရီနေတဲ့ လက်တွေကို ဆန့်ထုတ်ပြီး ဖန်ခွက်ကို ဆုပ်ကိုင်လိုက်တယ်..။ယင်းနောက် ဝိုင်တွေကို တစ်ချိုင့်တည်း ကုန်စင်အောင် သောက်လိုက်ပါတယ်..။

ဆန်နီ ကျေနပ်တဲ့ အမူအရာနဲ့ လဖက်ရည်တစ်ငုံသောက်လိုက်တယ်..။

‘မင်းကို ကျွေးလိုက်တာ မှန်သွားတယ် ခွေးသားလေး..’

မှော်ဆရာက သူ့အတွက် ဝိုင်တစ်ချို့ ထပ်ငှဲ့လိုက်ပြီး..ဆီသွပ်ဗူးကို ထိပ်လန့်စွာ ကြည့်နေခဲ့ပါတယ်..။ယင်းနောက် သူနဲ့ အနည်းငယ် ဝေးတဲ့ နေရာကို တွန်းပို့ထားလိုက်တယ်..။နောက်ဆုံးမှာတော့..သူ ဆန်နီကို ကြည့်လိုက်ပြီး..တစ်ခနလောက် တွေဝေနေခဲ့ပါတယ်..။

ယင်းနောက် အင်မော်တယ်က မေးလိုက်တယ်..။

“ဒီတော့…ဆန်းလပ်စ်..။အခု ငါတို့လည်း မမေ့နိုင်လောက်တဲ့ မနက်စာကို စားသောက်ပြီးသွားပြီ ဆိုတော့….ဖန်သားရောင် ဓားက ဘယ်မှာလည်း ဆိုတာ ငါ့ကို ပြောပြတော့မှာလား…”

…..

ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..ကျေနပ်တဲ့ အတွေးတစ်ချို့နဲ့ ပြန်ဖြေလိုက်ပါတယ်..။

“ကျွန်တော် ပြောနိုင်ပါတယ်…။ဒါပေမဲ့.. ကျွန်တော်အနေနဲ့ ကိစ္စတစ်ချို့ကို အရင်သိထားမှ ရလိမ့်မယ်..”

နိုတစ် ..စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး..ပုခုံးတွန့်ကာ ပြောလိုက်ပါတယ်..။

“မင်း ငါ့ကိုမေးရင်..သိရမယ့် အရာတွေက အရမ်းကြီးမားတယ်နော်..။ဒါပေမဲ့ ငါ နားလည်ပါတယ်.. အရိပ်သတ္တဝါတွေက..ဆန်းကျယ်မူတွေကို နားလည်နိုင်ဖို့အတွက်ပဲ ဖန်တီးထားကြတာလေ..။မင်းက ဘာများသိချင်တာလဲ ပြောပါဦး..”

ဆန်နီ ဖြည်းညှင်းးစွာပဲ အသက်ကို ရူသွင်းပြီး…စဉ်းစားလိုက်တယ်..။သူ သိချင်တဲ့အရာတွေက အများကြီး ရှိပါတယ်..။သို့ပေမယ့်..အရေးကြီးဆုံးအရာက အရိုးရှင်းဆုံးပါပဲ..။ဒါက သူ့မှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပြီး..သူ့ရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေခဲ့တယ်..။နိုတစ်က အမှန်တကယ်ပဲ တစ်ခြား အင်မော်တယ်တွေကို အနိုင်ယူပြီး…မျှော်လင့်ချက်ကို ချိန်းကြိုးတွေကနေ လွှတ်ပေးနိုင်မှာလား..။

ချိန်းအရှင်သခင်ရဲ့ အနေအထားတွေကို ကြည့်ရသလောက်တော့ ဒီလိုပုံစံမျိုး မတွေ့မြင်ရတာ ကျိန်းသေပါတယ်..။မှော်ဆရာက..အသန်မာဆုံးနဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးလူတစ်ယောက် မဟုတ်ပါဘူး..။အမှန်တော့..သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ စိတ်နေစိတ်ထားက..အတော်လေးကို နူးညံ့သိမ်မွေ့နေခဲ့တယ်..။ဒါပေါ့ ဒီအရာက မျက်နှာဖုံးတစ်ခုသာ ဖြစ်တယ် ဆိုတာကိုတော့ ဆန်နီ သိထားပြီးသားပါ..။ပြီးတော့ ဒီအရာရဲ့ နောက်ဖက်မှာလည်း..ကြောက်မက်ဖွယ် စွမ်းအားတွေ ဖုံးကွယ်နေပါသေးတယ်..။ဒါပေမဲ့..အဲဒီ စွမ်းအားတွေက..ဆိုဗန် နဲ့ ဆင်စွယ်ရောင်မြို့ရဲ့ အုပ်ချုပ်သူတွေကို စိန်ခေါ်ဖို့အထိ လုံလောက်ပါ့မလား..။

နှစ်ဖွဲ့စလုံးက..စစ်တပ်တွေ ၊ မရေမတွက်နိုင်တဲ့ နိုးထသူတွေ နဲ့ ရာစုနှစ်တစ်ခုစာလောက် စစ်ဖြစ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားကြပါတယ်..။နိုတစ်မှာကတော့..သူကိုယ်တိုင်နဲ့..သဘော်သား ရုပ်ထုတစ်ချို့ပဲ ရှိတာပါ..။ဒီတော့..ပြိုကွဲနေတဲ့ မျှော်လင့်ချက် နိုင်ငံတော်ကို ငရဲအဖြစ် ပြောင်းလဲချင်တဲ့ သူ့ရဲ့စိတ်ဆန္ဒက..ရူးသွပ်မူတစ်ခုပဲလား..ဒါမှမဟုတ်..သူ့မှာ အောင်မြင်ဖို့ ယုံကြည်မူရှိလောက်တဲ့ အကြောင်းပြချက်တွေ ရှိနေလို့ပဲလား..။

ဆန်နီက မှော်ဆရာရဲ့ ရူးသွပ်မူတွေထဲမှာ ပါဝင်မှာလား မပါဝင်ဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတာကို လုပ်သွားတော့မှာပါ..။ဘာပဲဖြစ်ဖြစ် အဖြေကို သိရဖို့ ဆိုတာက အရေးအကြီးဆုံး အချက်ပါပဲ..။သူ့ရဲ့ ဘဝက ဒီအပေါ်မှာ မူတည်နေခဲ့တာပါ..။

သူ တွေဝေနေခဲ့ပြီးကာမှ..ပြောလိုက်တယ်..။ဒါမှမဟုတ်..အတွေးတွေကို ထည့်သွင်းပေးလိုက်တာပါ..။

“အရှင့်မှာ အခု ဓားဘယ်နှစ်လက် ပိုင်ဆိုင်ထားပြီးပြီလဲ..”

နိုတစ် တောက်ပစွာ ပြုံးလိုက်တယ်..။ယင်းနောက် လွတ်လပ်တဲ့ အသံနဲ့ ပြန်ဖြေလာခဲ့ပါတယ်..။သို့ပေမယ့် သူ့ရဲ့ အဖြေကတော့..ဆန်နီ မျှော်လင့်ထားတဲ့ အရာမဟုတ်သလို…ဒီအဖြေကြားရမယ်လို့လည်း မထင်ထားခဲ့ပါဘူး..။

“မင်းက ဘာကို ဆိုလိုတာလဲ..။ငါ့မှာ ဓားတစ်ချောင်းမှ မရှိဘူးလေ..”

ဆန်နီ ရဲ့ မျက်နှာက လှုပ်ရှားသွားခဲ့တယ်..။ယင်းနောက်သူ့လက်ထဲမှာကိုင်ထားတဲ့ ဖန်ခွက်က ရုတ်တရက် ကွဲထွက်သွားခဲ့ပါတယ်..။သို့ပေမယ့် အရမ်းအံ့ဩသင့်နေတာကြောင့် ဒီအရာကိုတောင် ဂရုမစိုက်နိုင်တော့ပါဘူး..။

“ဘာလဲဟ..။ဘယ်လို…ဘယ်လို ဖြစ်ပြီး …မင်းမှာ ဓားတစ်ချောင်းမှတောင် မရှိရတာလဲ..။အနည်းဆုံးတော့ မင်းကို ပေးအပ်ထားတဲ့ ဓားတစ်ချောင်းတော့ မင်းမှာ ရှိနေသင့်တယ်လေ…”

မှော်ဆရာဟာ လက်ဝေ့ယမ်းလိုက်တယ်..။

“အိုး…အမှန်တော့ ငါ့မှာတစ်ချောင်းရှိခဲ့ဖူးတယ်..။ဒါပေမဲ့ …အဲတာက….ကောင်းပြီလေ..ကိစ္စတစ်ချို့ဖြစ်ပြီးတဲ့နောက်မှာ..ငါ့မှာ ဓားတစ်ချောင်းမှ မရှိတော့ဘူး..”

ဆန်နီဟာ အင်မော်တယ် သူတော်စင်ကို ကြောင်အနေတဲ့ အမူအရာနဲ့သာ ကြည့်နေခဲ့ပါတယ်..။သူက နားလည်နိုင်ဖို့အတွက် ဉာဏ်မမှီတော့တာကြောင့်..မြစိမ်းရောင် အဆောင်ကနေ လက်ပြန်ဖယ်ဖို့တောင် သတိမရတော့ပါဘူး..။

“ဒီငနဲက ဒီလောက်တော့ရူးမနေသင့်ဘူးလေ…ဟုတ်တယ်မလား..။သူ့မှာ ဓားတစ်ချောင်းမှတောင် မရှိပဲနဲ့ မျှော်လင့်ချက်နိုင်ငံတော်တစ်ခုလုံးကို ဘယ်လိုလုပ် စစ်ကြေငြာချင်နေရတာလဲ..။ငါ့မှာရှိနေတဲ့ ဓားကတောင် သူ့ထက်ပိုများနေသေးတယ်…ချီးတဲ့မှပဲ..”

နိုတစ် ရယ်မောလိုက်တယ်..။

“တကယ် တည့်တည့်ပဲ…အရမ်းကို တည့်တိုးဆန်တယ်..။အာ..ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဆန်းလပ်စ်..”

သူ တစ်ခနလောက် တိတ်ဆိတန်နေပြီးကာမှ..ဝိုင်ကို သောက်ကာ..သက်ပြင်းချလိုက်ပါတယ်..။

“မင်းသိတဲ့အတိုင်းပဲ…အစတုန်းကတော့..ဓား ခုနစ်လက်ရှိခဲ့တယ်..။ဒီအရာက ငါတို့ခုနစ်ယောက်ကို ပေးအပ်ထားပြီး တစ်ယောက်ရဲ့ ကံကြမ္မာကို တစ်ယောက်ကို ဆုပ်ကိုင်ထားစေခဲ့တာလေ..။သံမဏီ ဓား ၊ သစ်သား ဓား ၊ မီးခဲ ဓား ၊ ဖန်သားရောင် ဓား ၊ ဆင်စွယ်ရောင် ဓား ၊ မီးတောင်ကျောက်ဓား နဲ့ ပတ္တမြား ဓား တွေပဲ..”

မှော်ဆရာဟာ အဝေးကိုကြည့်ရင်း တစ်ခုခုကို ပြန်ပြီး လွှမ်းဆွတ်တမ်းတနေတဲ့ပုံစံဖြစ်နေခဲ့ပါတယ်..။သူ့မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။

“သံမဏိဓားကတော့ အသုံးပြုပြီးတာကြောင့် ပျက်ဆီးသွားခဲ့ပြီ..။မီးခဲ ဓားကလည်း ဒီအတိုင်းပဲ..။ဒီတော့ ဓားက ငါးချောင်းပဲ ကျန်ခဲ့တော့တယ်..။ဒါပေမဲ့ တိုက်ဆိုင်တာလား ဒါမှမဟုတ် ကံတရားကြောင့်ပဲလား..အခုချိန်မှာ ဆိုဗန်ကလွဲပြီး ကျန်တဲ့ ချိန်းအရှင်သခင်တွေမှာ ဓားပိုင်ဆိုင်ထားတာ မရှိကြဘူး..။ဆိုဗန်ကလည်း သူမရဲ့ ကံတရားကို ချုပ်ကိုင်ထားတဲ့ ဓားကိုပဲ ပိုင်ဆိုင်ထားခဲ့တာ..”

သူ ပြုံးလိုက်ပြီး..

“မင်းသိတယ်မလား…အရိပ်က သူမသေခင်မှာ ဖန်သားရောင်ဓားကို ဝှက်ထားခဲ့တယ်လေ..။အဲ့ဓားက ဘယ်နေရာမှာလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး..။မီးတောင်ကျောက်ဓားက မြောက်ဖက်က တစ်ယောက်ဆီမှာ အပ်နှင်းထားခဲ့တာ..။ဒါပေမဲ့..သူမက မိုက်မဲစွာပဲ..ငါ့ဆီကို ဂိမ်းကစားရင်း ဆုံးရှုံးခဲ့ရတယ်..”

ဆန်နီ အော်ဟစ်လိုက်တယ်..။

“ခနလေး..မင်းက အဲဒီတစ်ခုကိုပါ ပျောက်ခဲ့တာတော့ မဟုတ်ပါဘူးနော်..။သောက်ကျိုးနဲ မင်းက ဓားနှစ်ချောင်းစလုံး ပျောက်ရလောက်အောင်အထိ ဘာတွေ လုပ်နေခဲ့တာလဲ..”

နိုတစ် ရယ်မောလိုက်တယ်..။

“အိုး…တကယ်တော့..ငါ ဓားသုံးချောင်းတောင် ပျောက်ခဲ့တာ..။အဲ့အချိန်တုန်းက ငါ့မှာ ဆင်စွယ်ရောင်ဓားလည်း ရှိနေခဲ့သေးတယ်..”

ဆန်နီသူ့ရဲ့ ခေါင်းကို ဆုပ်ကိုင်ပြီး အော်ဟစ်နေခဲ့တယ်..။

“မင်းက ဘာတွေမှားယွင်းနေတာလဲ…ဘာလို့ ဒါတွေအားလုံးက စိတ်ရှုပ်ဖို့ကောင်းနေရတာလဲ..”

မှော်ဆရာဟာ တိတ်ဆိတ်နေပြီးကာမှ..ယဉ်ကျေးစွာ ပြုံးလိုက်တယ်..။နောက်ဆုံးမှာတော့ သူ သက်ပြင်းချလိုက်ပြီး..

“အိုး..မင်းပြောတာမှန်ပါတယ်..။ဒါက နားလည်နိုင်ဖို့အတွက် ခဲယဉ်းလွန်းတယ်..။အထူးသဖြင့် ရာစုနှစ်ပေါင်းများစွာ ကြာအောင် မနေထိုင်ခဲ့ဖူးတဲ့ လူတစ်ယောက်အတွက်ပေါ့..။ဒီတော့ ငါ အစကနေပြီး ရှင်းပြပေးမယ်…ပြီးတော့ ဓားတစ်ချောင်းချင်းစီတိုင်းရဲ့ ကံတရားကိုလည်း ရှင်းပြပေးမယ်..။ပြီးသွားရင်တော့ ငါက ဘာလို့ တစ်ခြား ချိန်းအရှင်သခင်တွေကို စိန်ခေါရဲပြီး အနိုင်ယူဖို့ မျှော်လင့်နေရတာလဲ ဆိုတာကို မင်းနားလည်သွားလိမ့်မယ်..”

ဆန်နီ မျက်နှာရှုံ့မဲ့နေခဲ့ပြီး ခေါင်းညိမ့်လိုက်ပါတယ်..။နိုတစ် ဟာ သူ့အတွက် ဝိုင်တစ်ခွက်ငှဲ့လိုက်ပြီး အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့တယ်..။ပြီးတဲ့နောက်မှ စကားပြောလာခဲ့ပါတယ်…။

“ဖန်သားရောင် ဓားကတော့..ခြေရာခံဖို့အတွက် အလွယ်ကူဆုံးပဲ…”

All Chapters