← Chapters

ဓားခုနှစ်လက်

Vol. 44 Ch. 658

ဓားခုနှစ်လက်

Vol. 44 Ch. 658

နိုတစ်ဟာ..နူးညံ့တဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး..ဝိုင်ခွက်ကို လက်နဲ့ကိုင်ထားကာ..နတ်ဘုရား ဓား ခုနစ်လက်အကြောင်းကို ပြန်ပြောနေခဲ့ပါတယ်..။

“လေဒီ အီဒါ အသတ်ခံလိုက်ရတဲ့ အချိန်မှာ ဆင်စွယ်ရောင်ဓားက ပျက်ဆီးသွားခဲ့တယ်..။ပြီးတော့..မီးခဲ ဓားက အခိုးခံလိုက်ရပြီး..အရိပ်အရှင်သခင်က အဲဒီဓားနဲ့ပဲ ကိုယ့်ကိုကို ပြန်သတ်သေသွားတယ်လေ..။ပြီးတော့ ကျန်တဲ့ ဓားငါးချောင်းထဲမှာ ဖန်သားရောင် ဓားက ခြေရာခံလိုက်ဖို့အတွက် အလွယ်ကူဆုံးပဲ..။ဒီအရာကို အရိပ်က ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး..အခုချိန်မှာ အဲတာက အရိပ် ဝှက်ထားခဲ့တဲ့ နေရာမှာပဲ ရှိနေလိမ့်မယ်..”

သူ ရပ်တန့်လိုက်ပြီး..ဆက်ပြောလိုက်တယ်..။

“ပတ္တမြားရောင်ဓား..အဲဒီတစ်ခုက ငါ့ဆီကို ပေးအပ်ထားခဲ့တာ..။အရင်တုန်းက…ကောင်းပြီလေ…ငါက ငါ့ရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီဂ နည်းနည်း စိုးရိမ်မိခဲ့တယ်..။မျှော်လင့်ချက်ရဲ့ ရူးသွပ်မူက အရမ်းကို လှည့်စားလွန်းတယ်လေ ဆန်းလပ်စ်..။ပြီးတော့ ငါ့လို လူတစ်ယောက်တောင် ဒီအရာကို မတောင့်ခံနိုင်ဘူး..။ဒီတော့..ငါ ဘာလုပ်မိမယ်ဆိုတာကို ကြောက်ရွံ့တာကြောင့် ငါ့ရဲ့ အခင်ရဆုံး သူငယ်ချင်းဆီမှာ ပေးထားတယ်…အဲလိုမျိုးပဲ…လုံခြုံရေးအတွက်ပေါ့..။ဆိုလိုတာက..မင်း နဲ့ ငါက ဓားနှစ်ချောင်းရဲ့ တည်နေရာကို သိထားပြီးသွားပြီ ဆိုတာပဲ..”

မှော်ဆရာဟာ ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး..မျက်မှောင်ကျုတ်လိုက်တယ်..။

“ပြီးတော့ မီးတောင်ကျောက်ဓားလည်း ရှိနေသေးတယ်..။အဲတာကို ငါက မြောက်ဘက်က တစ်ယောက်ဆီကနေ ပြိုင်ပွဲတစ်ခု ကစားပြီး အနိုင်ရခဲ့တာလေ..။တစ်ခြားလူတွေက ငါ့ဆီမှာ ဓားနှစ်ချောင်းရှိနေတာကို လုံးဝမပျော်ရွှင်ကြဘူး..။ဒီတော့..ငါက..အာ…အဲတာကို မြင့်မြတ်နယ်မြေရဲ့ ယဇ်ပုလ္လင်ပေါ်မှာ တင်ထားလိုက်တယ်..။ပြီးတာနဲ့.. ငါ့ရဲ့ ဒဂ်ါးပြားတွေကို လုံလောက်အောင် စုဆောင်းနိုင်တဲ့ ဘယ်သူမဆို..ဒီဓားကို ယူဆောင်နိုင်တယ် လို့ ကြေငြာခဲ့တယ်လေ…”

ဆန်နီ ရဲ့ နှုတ်ခမ်းကနေ သက်ပြင်းချသံထွက်ပေါ်လာခဲ့တယ်..။

“မင်းက..ဘာလုပ်ခဲ့တာ…”

ဒီငနဲက ဘာတွေ မှားယွင်းနေတာလဲ..။သူတို့ ပြောနေတာက နေနတ်ဘုရား ဖန်တီးထားခဲ့တဲ့..အမွေအနှစ်တစ်ခု မဟုတ်ဘူးလား..။အင်မော်တယ် တစ်ယောက်ရဲ့ သေဆုံးမူအတွက် သော့ တစ်ချောင်း..။သူက ဒီလိုအရာကို ဘာလို့ လူတိုင်းမြင်နိုင်တဲ့ နေရာမှာ ထားထားပြီး..စေ◌ျးနှုန်းတောင် တပ်ထားလိုက်သေးတာလဲ..။ဒါက ဘယ်လို ရူးသွပ်မူမျိုးလဲ..။

နိုတစ် သုန်မုန်တဲ့ အကြည့်နဲ့ ပုခုံးတွန့်လိုက်တယ်..။

“နားထောင်ဦး..အဲဒီ ဒဂ်ါးပြားတွေက အတော်လေးကို ရှားပါးတယ်..။ငါ မင်းကို ပြောပြမယ်..ဘယ်သူက ဒီလိုအရာအားလုံးကို စုဆောင်းနေရလောက်တဲ့ အထိ ရူးသွပ်မယ်လို့ ထင်ထားရမှာလဲ..။ဒါပေမဲ့..အာ…တစ်စုံတစ်ယောက်က စုဆောင်းနိုင်ခဲ့တယ်..။အရမ်းကို စိတ်ဓာတ်ပြတ်သားလွန်းတဲ့ လူငယ်လေးတစ်ယောက်ပေါ့..။အမှန်တော့..အဲဒီ သူရဲကောင်းလေးက ဓားကို ယူပြီးတာနဲ့ ပျောက်ကွယ်သွားခဲ့တာ..။သူက ဓားအတွက်နဲ့ သတ်ခံလိုက်ရတာလဲ ဖြစ်နိုင်ယ်..။ဒါပေမဲ့..ဘယ်နေရာမှာလဲ..ဘယ်လိုမျိုးလဲ ဆိုတာကို တော့ ဘယ်သူမှ မသိခဲ့ဘူး..။မီးတောင်ကျောက်ဓားက ပျောက်သွားခဲ့ပြီ…ဒါပေမဲ့ ငါ ပြောခဲ့တဲ့ အတိုင်းပဲ..။ဒီဓားတွေက..ဘယ်တော့မှ အချိန်အကြာကြီး ပျောက်ဆုံးမနေကြဘူး..။ပြီးတော့…အခုပဲကြည့်လေ…မင်းက ဒီဓားကို ကိုင်ဆောင်ထားခဲ့တယ် မဟုတ်လား ဆန်းလပ်စ်..။ဒီတော့…”

မှော်ဆရာဟာ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး..ဆန်နီကို လက်သုံးချောင်းထောင်ပြလာခဲ့ပါတယ်..။

“အဲတာဆို သုံးချောင်းရှိပြီ..။နောက်ထပ်တစ်ခုက..တကယ်ကို သိချင်စရာ အကောင်းဆုံးပဲ..။ဆင်စွယ်ရောင် ဓား..။အဲတာက နေအရှင်သခင် ဆီဗာရက် ကို အပ်နှင်းထားခဲ့တယ်..။သူက သူ့ရဲ့ အမွှာညီအစ်ကို ဖြစ်တဲ့ နေ မင်းသားကို ပေးအပ်ခဲ့တယ်လေ..။ပြီးတော့ အဲဒီနေရာမှာ အကြောင်းအရာတွေက ထူးဆန်းနေတာပဲ..။နေ မင်းသားက..တစ်နေ့မှာ ငါ့ဆီကို ရောက်လာပြီး ထူးဆန်းတဲ့ တောင်းဆိုမူတစ်ခုကို ပြုလုပ်ခဲ့တယ်..။မင်း သိတဲ့အတိုင်းပဲ…သူက ဆင်စွယ်ရောင်ဓားကို ဝှက်ထားခဲ့တာ..။ပြီးတော့…သူ့စိတ်ထဲမှာ ရှိနေတဲ့ အဲဒီ မှတ်ဉာဏ်ကို ဖျက်ပစ်ချင်နေခဲ့တယ်လေ..။သူက ငါ့ကိုတောင်းဆိုခဲ့တယ်ဆိုတာကိုလည်း ဖျက်ပစ်ပေးစေချင်ခဲ့တယ်..။

ဆန်နီ ပုခုံးတွန့်လိုက်ပြီး…

‘သူ…သူက ဒီမှတ်ဉာဏ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခဲ့တာလား..။ဆိုးဝါးတဲ့ နိုပ်စက်မူတွေ မတိုင်ခင်မှာလေ..’

နိုတစ် သက်ပြင်းချလိုက်ပြီး…

“ငါ့ စွမ်းရည်က စိတ်ဝိဉာဉ်တွေနဲ့ ဆက်နွယ်နေပြီး…နှလုံးသားဘုန်းတော်ကြီး အီဒါ နဲ့လည်း အရမ်းရင်းနှီးခဲ့တယ်..။သူမ ကို ဆိုဗန်က မသတ်ခင်တုန်းကပေါ့..။အဲဒီ လူသတ်သမား…။ဒီတော့ ငါက သူမဆီကနေ အမွေအနှစ်နဲ့ အသိပညာတစ်ချို့ ရရှိခဲ့တယ်လေ..။ဒါကြောင့်ပဲ..နေမင်းသားက ငါ့ဆီကို ရောက်လာခဲ့တာ..။ငါက သူ့ရဲံ ရည်ရွယ်ချက်ကို မသိပေမယ့်လည်း..သူ့ကို ကူညီပြီး ဆင်စွယ်ရောင် ဓားရဲ့ တည်နေရာကို သူ့စိတ်ထဲကနေ ဖယ်ရှားပေးလိုက်တယ်လေ..။ဒါပေမဲ့…”

မှော်ဆရာ ပြုံးလိုက်ပြီး..

“…ငါက အဲဒီ မှတ်ဉာဏ်ကို ဖျက်ဆီးပစ်ခဲ့တာ မဟုတ်ဘူး..။အဲတာက အရမ်းကို ပျင်းစရာကောင်းသွားလိမ့်မယ်..။မင်း အဲလို မထငိဘူးလား..။ဒါကြောင့် အဲဒီအစား ငါက မှတ်ဉာဏ်ကို သိမ်းထားပြီး..နောက်ဆုံးမှာ..ဆင်စွယ်ရောင် ဓားကို ပြန်ယူထားခဲ့တယ်လေ..”

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

“ဒီတော့..အဲတာက ဘယ်နေရာမှာလဲ..။မင်းက အဲဒီဓားကိုရော ဘယ်လိုလုပ် ဆုံးရှုံးခဲ့တာလဲ..”

အင်မော်တယ်ဟာ..ပုခုံးတွန့်လိုက်ပြီး…

“ကောင်းပြီလေ…မြောက်ဘက်က တစ်ယောက်က ငါ့ကို ဒေါသထွက်နေတုန်းဖြစ်ပြီး..နောက်တစ်ပွဲ ပြန်ကစားချင်နေခဲ့တာ..။အဲ့တစ်ကြိမ်ကလည်း ကြေးက အရမ်းမြင့်တယ်လေ..။စိတ်မကောင်းစွာနဲ့ ငါက အနိုင်မရခဲ့ဘူး..။သူမက ဆင်စွယ်ရောင်ဓားကို ရသွားပြီး အောက်ဘက်ကောင်းကင်ထဲကို ပစ်ချလိုက်တယ်..။သူမက အတော်လေး ရူးမိုက်တာပဲ..။ဓားတွေထဲက တစ်ချောင်းကို ထာဝရ ဆုံးရှုံးရဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာတစ်ခုပဲ..။ဒီတော့ တစ်နေ့မှာ ဒီဓားက ပြန်ရောက်လာဦးမှာ…။ပြီးတော့ လတ်တလောမှာ အဲ့ဓားက ပြန်ရောက်နေခဲ့ပြီလေ..။အဲတာက ဘယ်နေရာမှာလဲ ဆိုတာတော့ ငါ မသိဘူး..။ဒါပေမဲ့ အဲတာက ပြန်ရောက်လာနေပြီ ဆိုတာတော့ သေချာတယ်..”

ဆန်နီ ဟာ သုန်မုန်တဲ့ မျက်နှာ အမူအရာနဲ့ သူ့ကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့တယ်..။

ဆင်စွယ်ရောင် ဓားက ဘယ်သူ့ဆီမှာ ရှိနေတာလဲ ဆိုတာကို သူ ကျိန်းသေ သိပါတယ်..။အဲတာက ဘာမှမရှိတဲ့မင်းသား …မော်ဒရက် ဆီ ရောက်နေခဲ့တာပါ..။ပြီးတော့..တကယ်လို့ အဲဒီသားရဲသာ ဓားကို ကိုင်ဆောင်ထားမယ် ဆိုရင်..နောက်ဆက်တွဲ ဘယ်လိုအရာတွေ ဖြစ်လာမလဲ ဆိုတာကို နတ်ဘုရားတွေတောင် ကြိုတင်ခန့်မှန်းနိုင်ကြမှာ မဟုတ်ပါဘူး..။

သို့ပေမယ့် နိုတစ်ကတော့ စိတ်ပူတဲ့ ပုံစံမရှိပေ..။သူက ဝိုင်ကို တစ်ငုံသောက်ကာ ပြုံးလိုက်ပြီး…

“အဲတာက ဘယ်နေရာမှာပဲဖြစ်ဖြစ်..မကြာခင်မှာပဲ ပြန်ပေါ်ထွက်လာလိမ့်မယ်..။ဒီတော့..ကျန်ရှိနေတဲ့တစ်ခုတည်းသော ဓားက ဆိုဗန် ပိုင်ဆိုင်ထားတဲ့ သစ်သားဓားပဲ ရှိတော့တယ်..။အဲဒီတစ်ခုက ရရှိဖို့ အလွယ်ကူဆုံး မဟုတ်ပေမယ့် အရိုးရှင်းဆုံး တစ်ခုပဲလေ..။အဲဒီ လူသတ်သမား စုန်းမက..သူမကို သတ်ဖို့ထိုက်တန်တယ်လို့ ထင်ရတဲ့ လူတိုင်းကို ဓားပေးအပ်ဖို့အတွက် အဆင်သင့်ဖြစ်နေတာထက်တောင် ပိုနေပြီ..။ဒီတော့..ငါတို့က အဲတာကို လိုက်ရှာနေစရာတောင် မလိုဘူး..။စောပြီးတော့ပဲ ဖြစ်ဖြစ်..နောက်ကျပြီးတော့ပဲဖြစ်ဖြစ် အဲဒီဓားက အလိုလို ငါတို့လက်ထဲကို ရောက်လာမှာပဲ..”

ဆန်နီ တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..သုန်မုန်နေတဲ့ လေသံနဲ့ပြောလိုက်တယ်..။

“ဒီတော့ တည့်တည့်ပဲပြောလိုက်တော့မယ်..။ဓားက ငါးချောင်းရှိတယ်…မီးတောက်ကျောက်ဓားက ငါ ကိုင်ဆောင်ထားတယ်..။ပြီးတော့ ဖန်သားရောင် ဓားရဲ့ တည်နေရာကို ငါတစ်ယောက်တည်းပဲ သိတယ်..။ပတ္တမြားရောင် ဓားက မင်းပဲ သိတဲ့နေရာမှာ ဝှက်ထားတယ်..။သစ်သားဓားက..ငါတို့ ဆိုဗန်ကို အနိုင်ယူနိုင်တဲ့ အချိန်ကြရင် ငါတို့ကို ပေးအပ်လိမ့်မယ်..။ပြီးတော့ ဆင်စွယ်ရောင်ဓားက ဒီအရှုပ်ထုပ်ထဲကို သူ့ အလိုလိုရောက်လာလိမ့်မယ်..”

မှော်ဆရာဟာ..အပြုံးလေးနဲ့ ခေါင်းညိမ့်လိုက်တယ်..။

“အမှန်ပဲ…။ဒီတော့ မင်းသိတဲ့အတိုင်းပဲ…ငါက အခုထိ ဓားတစ်ချောင်းမှ မပိုင်ဆိုင်ထားသေးပေမယ့်..ငါးချောင်းမှာ သုံးချောင်းကို ရဖို့အတွက်က မခက်ခဲဘူး..။ပြီးတော့..လေးခုမြောက်က ငါတို့ရဲ့ လမ်းကြောင်းပေါ်မှာ ပေါ်ထွက်လာလိမ့်မယ်..။ဓားငါးချောင်းမှာ လေးချောင်း ပိုင်ဆိုင်ထားတယ် ဆိုတာက.. သိပ်ပြီး ရူးသွပ်ပုံ မရတော့ဘူးလေ..ဟုတ်တယ်မလား..”

ဆန်နီ တွေဝေနေခဲ့တယ်..။

ဟုတ်ပါတယ်…ဒါက လုံးဝ ရူးသွပ်နေတာကနေ..အတော်လေး ရူသွပ်မူအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ..။သို့ပေမယ့်..သူ သိဖို့လိုအပ်တာဆိုလို..အောင်မြင်ဖို့ အခွင့်အရေး ရှိနေလား ဆိုတာပါပဲ..။ပြီးတော့ အခုချိန်မှာ အခွင့်ရေး ရှိနေပုံ ရနေခဲ့တယ်..။ထူးဆန်းတဲ့ နိုတစ်ကလည်း..မြင်နေရသလောက်တော့ ယုံကြည်ရတဲ့ပုံ မရှိပါဘူး..။သူက ဘာမှမရှိတာကို အခြေခံပြီး ဆုံးဖြတ်ချက်တွေကို ချမယ့်ပုံမဟုတ်ပေ..။

မှော်ဆရာဟာ..သူ့ကို ကြည့်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။

“ဒီတော့…ဆန်းလပ်စ်…မင်းက ဖန်သားရောင်ဓားရဲ့ တည်နေရာကို ငါနဲ့ မျှဝေပြီး မျှော်လင့်ချက်ကို လွတ်မြောက်အောင် လုပ်မှာလား..။ငါတို့ သူမရဲ့ ချိန်းကြိုးတွေကို ဖြတ်တောက်ပြီး ကုန်းမြေကြီးနဲ့ သေဆုံးတာထက် ဆိုးဝါးတဲ့ ကံတရားကို ပိုင်ဆိုင်ထားတဲ့ ငါတို့ကိုယ်တိုင်ကို လွတ်လပ်သွားအောင် လုပ်ကြမလား..။မင်းဘယ်လိုထင်လဲ..”

ဆန်နီ သက်ပြင်းချလိုက်တယ်..။

ဒါက အတော်လေးကို ပြသနာတက်တဲ့ မေးခွန်းတစ်ခုပဲ…။ပြီးတော့…လွတ်မြောက်နိုင်စွမ်းလည်း မရှိပေ..။သို့ပေမယ့်..သူက အခုချိန်ပြန်ဖြေလို့ မရသေးပါဘူး..။သူက အင်မော်တယ် မှော်ဆရာကို ကြည့်ပြီး ပြောလိုက်တယ်..။

“ကျွန်တော်က ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း ချလို့ မရဘူး..။ကျွန်တော်ရဲ့ သူငယ်ချင်းတွေနဲ့အရင်ဆုံး တိုင်ပင်ဖို့ လိုအပ်သေးတယ်..”

နိုတစ် မျက်တောင်ခတ်လိုက်တယ်..။

“အိုး…ကောင်းပြီလေ…ဘာလို့ မရရမှာလဲ..။သစ္စာရှိတဲ့ သူငယ်ချင်းတွေ ရှိတာက အမြဲတမ်းကောင်းမွန်တဲ့အရာတစ်ုခပဲ..။သူတို့က ဘယ်မှာလဲ..”

ဆန်နီ အနည်းငယ် လှုပ်ရှားသွားခဲ့တယ်..။

“အဲတာက..အာ..ကျွန်တော် မသိဘူး…”

မှော်ဆရာဟာ..စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ ခေါင်းကို ကုတ်လိုက်တယ်..။

“ငါတို့ သူတို့ကို အရင်ရှာရဦးမယ် ထင်တာပဲ..။ပြောပါဦး..သူတို့ရဲ့ နာမည်တွေက ဘာတွေလဲ..”

ဆန်နီ အဝေးကို ကြည့်လိုက်ပြီး…ရှက်ရွံ့စွာ လည်ချောင်းရှင်းလိုက်တယ်..။

“အာ…အဲတာလည်း…ကျွန်တော် မသိထားဘူး..”

အဖွဲ့သားတွေက အိပ်မက်ဆိုးထဲကို ဝင်ရောက်လာပြီးနောက်မှာ ဘယ်လိုနာမည်တွေရထားကြလဲ ဆိုတာကို ဘယ်သူက သိမှာလဲ..။

နိုတစ်က သူ့ကို တစ်ခနလောက် စိုက်ကြည့်လိုက်ပြီး..သာမန် အသံနဲ့မေးလိုက်တယ်..။

“…မင်းက မင်းသူငယ်ချင်းတွေရဲ့ နာမည်ကို မသိဘူးလား..။ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲ..။ကောင်းပြီလေ…ဒါဆို သူတို့ရဲ့ ပုံစံက ဘယ်လိုမျိုးလဲ..”

ဆန်နီ ရှက်ရွံ့စွာ ပြုံးလိုက်တယ်..။ဒါမှမဟုတ် အဲလို ပြုံးဖို့ကြိုးစားလိုက်ပါတယ်..။သူ့ရဲ့ ကြောက်မက်ဖွယ် မျက်နှာ နဲ့ ချွန်ထက်တဲ့ အစွယ်တွေကြောင့်…ရလာဒ်က ရိုးသားပြီး တောင်းပန်တဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာလောက်မှာ မဟုတ်ပါဘူး..။

“အမှန်တော့…သူတို့ ဘယ်လိုပုံစံလဲ ဆိုတာလည်း ကျွန်တော် မသိသေးဘူး..”

အထွတ်အထိပ်အဆင့် အင်မော်တယ်ဟာ..ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး အတော်ကြာအောင် ငြိမ်သက်နေခဲ့တယ်..။ပြီးတဲ့နောက်မှ ပြောလာခဲ့ပါတယ်..။

“ဒီတော့…ငါ နားလည်တာ မမှားဘူးဆိုရင်…မင်က မင်းရဲ့ သူငယ်ချင်းတွေနဲ့ မဆွေးနွေးရသေးပဲ..ဖန်သားရောင်ဓားက ဘယ်မှာလဲ ဆိုတာကို ပြောပြမှာ မဟုတ်ဘူးပေါ့..။ဒါပေမဲ့ မင်းရဲ့ သူငယ်ချင်းတွေရဲ့ တည်နေရာ ၊ သူတို့ရဲ့နာမည် နဲ့ သူတို့ရဲ့ ပုံစံကို လည်း မသိထားပြန်ဘူး..။ငါ နားလည်ထားတာ မှန်ရဲ့လား..”

ဆန်နီ ရှက်ရွံ့စွာ လှုပ်ရှားလိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။

“ဟုတ်တယ်..ဒါပေမဲ့…သူတို့က..ဘယ်နေရာမှာ ရှိနေကြသလဲ ဆိုတာကို..သံလက်ဝါး ကျွန်းမှာ..သဲလွန်စ ချန်ထားရစ်ခဲ့ကြလိမ့်မယ်..။အဲတာက တစ်ခုခုပဲ ဟုတ်တယ်မလား..”

နိုတစ်..သူ့ရဲ့ ဖန်ခွက်ကို..ကုန်အောင်သောက်လိုက်ပြီး..ထူးဆန်းတဲ့ အပြုံးတစ်ခုကို ဖန်တီးလိုက်ပါတယ်..။

“ဆန်းလပ်စ်…ငါ ဒါကို ဘယ်လိုပြောပြရမလဲ…။မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်မှာ အဲဒီနာမည်နဲ့…ကျွန်းဆိုတာက ရှိမနေဘူးလေ…”

‘အိုး..ဟုတ်သားပဲ…’

သံမဏိ သတ္တဝါကြီးက အသက်ရှင်သန်နေဆဲဖြစ်ပြီး..သူ့ရဲ့ လက်နှစ်ဖက်ကိုလည်း ပိုင်ဆိုင်ထားလောက်ဦးမှာပဲ..။ဒီတော့..သံလက်ဝါး ဆိုတဲ့ နာမည်နဲ့ ကျွန်းတစ်ကျွန်းက မရှိလောက်သေးပါဘူး..။ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး…

“အာ…အရှင်က တစ်ခြားနာမည်နဲ့ သိထားခဲ့တာပဲဖြစ်ရမယ်..။အဲတာက တကယ်ရှိပါတယ် မစိုးရိမ်ပါနဲ့..။အမှန်တော့ အဲတာက မြင့်မြတ်နယ်မြေရဲ့ အနီးနားလေးမှာတင် ရှိတယ်..။ဒီတော့..ကျွန်တော် အဖြေမပေးခင်မှာ အဲဒီနေရာကို သွားကြည့်ချင်သေးတယ်..”

နိုတစ် သူ့ကို ကြည့်ပြီး အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။ယင်းနောက် သက်ပြင်းချလိုက်ပြီး..

“ကောင်းပြီလေ..ဒါဆိုလည်း..ဘာပဲဖြစ်ဖြစ်…မင်းရဲ့ နှလုံသား အသစ်အထိုင်ကျသွားအောင် တစ်ပတ် နှစ်ပတ်လောက်တော့ စောင့်လိုက်ဦး..။အဲဒီမတိုင်ခင် ခရီးသွားတယ်ဆိုတာက..ဉာဏ်ကောင်းရာ မကျဘူးလေ..။ပြီးရင်တော့ မင်းရဲ့ သူငယ်ချင်းတွေကို သွားရှာလို့ရပြီ..။သူတို့ကို ဒီကို ဖိတ်ခေါ်ခဲ့ပေါ့…အမှန်တော့..မင်းဆီမှာ..ငါ့ထက် ပိုကောင်းမွန် ၊ ပိုဉာဏ်ကောင်း ပြီး ပိုလှပတဲ့ သူငယ်ချင်းတေွ ရှိနေလိမ့်မယ် ဆိုတာကိုတော့ ငါသံသယဖြစ်မိတယ်..။ဒါပေမဲ့…သူတို့အားလုံးက လူကောင်းတွေဖြစ်မယ်ဆိုတာ တော့ သေချာတယ်….အာ..ဒါမှမဟုတ် နတ်မိစ္ဆာကောင်းတွေပေါ့…ဒါမှမဟုတ် ဘယ်သတ္တဝါပဲဖြစ်ဖြစ်…”

သူ ပြုံးလိုက်ပြီး..ဆန်နီကို လှည့်စားတဲ့အကြည့်နဲ့ကြည့်ကာ မျက်လုံးမှိတ်ပြလိုက်ပါတယ်..။

“…သူတို့ကို တွေ့ဖို့ ငါ မစောင့်နိုင်တော့ဘူး..”

All Chapters