ချီသွေးအသွင်ပြောင်းခြင်း အဆင့်ကိုး။ ကြာနက်ဂိုဏ်းခေါင်းဆောင်။ (၅)
Vol. 23 Ch. 331
ဟုန်ကျန်းရှန့်နှင့် သူ၏လူများနောက်တွင် အဝေးကနေ လိုက်ပါလာသော တာ့ဖုန်းသံမဏိမြင်းတပ်သား တစ်သောင်းနီးပါးရှိသည်။
“ရှေ့နားတင်ပဲ။”
တာ့ဖုန်းပြည်နယ်မြို့မှ ဝေးကွာသော လူသူကင်းမဲ့သော တောင်တန်းတစ်ခု၏ ဆင်ခြေဖုံးတွင် စူးချန်ခုန်းနှင့် သူ၏ခုနစ်ဦးအဖွဲ့သည် မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပြသနေကြသည်။
သူတို့ရရှိထားသော အချက်အလက်များအရ ထိုသူပုန်စခန်းသည် ဤတောင်အတွင်း၌ တည်ရှိသည်။ သူတို့အားလုံးသည် ထိပ်တန်းတပ်ဖွဲ့အဖြစ် ဟုန်ကျန်းရှန့်ပါဝင်သည့် အင်အားကြီးပုဂ္ဂိုလ်များဖြစ်သော်လည်း ရန်သူ့ဘက်တွင် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်များရှိမရှိကို သူတို့မသိကြသောကြောင့် သတိထားရမည်ဖြစ်သည်။
“သွားကြစို့။”
အညိုရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်စားထားသော ဟုန်ကျန်းရှန့်က အပြုံးတစ်ခုဖြင့် ဦးဆောင်ကာ တောင်ပေါ်သို့ ပြေးဝင်သွားသည်။ စူးချန်ခုန်းနှင့် အခြားလူခြောက်ဦးသည် လူသူကင်းမဲ့သော တောင်ကုန်းပေါ်သို့ လူခွဲကာ ဦးတည်သွားလိုက်ကြသည်။
ဆိတ်ငြိမ်သော ညအခါ၌ အရာအားလုံးသည် အထူးတလည်တိတ်ဆိတ်နေပုံရသည်။
လူသူကင်းမဲ့သော တောရိုင်းတစ်ခုအတွင်း သစ်ပင်ကြီးတစ်ပင်၏ သစ်ရွက်များကြားတွင် သားရေသံချပ်ကာဝတ်ထားသော ဆံပင်တိုတိုနှင့်လူတစ်ဦးသည် တိတ်တဆိတ်နှင့် ဆောင့်ကြောင့်ထိုင်နေ၏။
“ငါ ဒီမှာ ပုန်းနေရတာ တစ်လလောက်ရှိနေပြီ။ ဘယ်တော့ ထပ်ပြီး လှုပ်ရှားကြမှာလဲ။”
ဆံပင်တိုတိုနှင့်လူက ပျင်းရိငြီးငွေ့မှုကြောင့် တီးတိုးရေရွတ်လိုက်သည်။ စိတ်ရှိတိုင်း သတ်ဖြတ်ခဲ့တာတွေ လုယက်ခဲ့တာတွေကို ပြန်တွေးရင်း နှုတ်ခမ်းကိုသပ်ကာ သူ့မျက်လုံးများသည် မျှော်လင့်စောင့်စားမှုများနှင့် သွေးဆာလောင်မှုများဖြင့် တောက်ပလာလေ၏။
‘တော်လှန်ရေးတပ်မတော်’ အဖွဲ့ဝင်များအနေဖြင့် *မီးပွားတစ်ခုလေးကစ၍ မြက်ခင်းပြင်ကြီးကို လောင်ကျွမ်းစေနိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော် သူတို့အများစုမှာ ရက်စက်ကြမ်းကြုတ်ပြီး အဆင်အခြင်မဲ့ကာ ရှုပ်ထွေးနေတဲ့အခြေအနေကြားမှာ သတ်ဖြတ်တာ၊ လုယက်တာတွေကို အနှစ်သက်ဆုံးဖြစ်ပြီး ယခင်က မရှိနိုင်သောအရာများကို သိမ်းပိုက်၍ တရားမျှတမှုခံစားချက်ကို ခံစားကာ ဒီလိုလုပ်တာတွေကို တော်လှန်ပုန်ကန်သည့်ဖြစ်စဉ်တွင် လိုအပ်သည်ဟု ယုံကြည်ထားကြသည်။
သူတို့သည် စည်းစိမ်ဥစ္စာများကို စိတ်အားထက်သန်စွာ စုဆောင်းကာ ‘စိတ်တူကိုယ်တူ’ ပုဂ္ဂိုလ်များ ပိုမိုပါဝင်လာစေရန် ရန်ပုံငွေအဖြစ် အသုံးပြုကြသည်။
“ဟင်”
ရုတ်တရက် ဆံပင်တိုတိုနဲ့လူရဲ့ မျက်လုံးတွေ ကျုံ့သွားပြီး အဝေးက ဝင်ပေါက်ကနေ အရိပ်ကြီးတစ်ခု ပြေးထွက်လာတာကို တွေ့လိုက်ရသည်။ သူကမြန်လွန်းသောကြောင့် အနောက်၌ ပုံရိပ်တန်းကြီး ကျန်ရစ်ခဲ့ကာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင် အပြေးရောက်လာသည့်နှယ်။
“ရန်သူ…”
ဆံပင်တိုတိုနဲ့လူက အလျင်အမြန်အော်ဖို့ ကြိုးစားလိုက်သည်။
ဒါပေမယ့် နောက်တစ်စက္ကန့်မှာ ထိုအရိပ်ကြီးက လေထဲမှာ ဆယ်ပေကျော်လောက် ပျံတက်သွားပြီး လူရဲ့ ကော်လာကို ဆုပ်ကိုင်ကာ လက်တစ်ဖက်နဲ့ ပစ်ချလိုက်သည်။
“ဘုန်း”
ဆံပင်တိုတိုနဲ့လူက အမြောက်ဆန်လို မြေပြင်ပေါ် ပြုတ်ကျပြီး မျက်လုံး၊ နား၊ နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးတွေထွက်ကာ အတွင်းအင်္ဂါတွေနဲ့ အရိုးတွေ ကျိုးကြေပြီး ထိုအခိုက်မှာပဲ ချက်ချင်း သေဆုံးသွားခဲ့သည်။
“ရန်သူတွေလာပြီ။ ရန်သူတွေလာပြီ။”
တောင်ထဲက သူပုန်တွေလည်း နိုးကြားလာပြီး သူတို့ရဲ့ အော်ဟစ်သံတွေက လေထဲမှာ မြည်ဟီးနေလေ၏။
ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားတဲ့ စူးချန်ခုန်းက တောင်၏အနက်ရှိုင်းဆုံးနေရာထဲသို့ တိုးဝင်သွားသည်။ လမ်းတစ်လျှောက်က ကင်းသမားတွေကို လျစ်လျူရှုပြီး လက်တစ်ချက်လှုပ်ရုံနဲ့ သူ့ကို တားဖို့ ကြိုးစားသူတိုင်းကို သတ်ပစ်လိုက်သည်။
တောင်အတွင်းပိုင်းတွင် ယာယီတည်ဆောက်ထားသော စခန်းတစ်ခုရှိပြီး ကင်းမျှော်စင်များနှင့် တဲကြီးတဲငယ်များရှိသည်။ ဤတဲများ၏ အရေအတွက်နှင့် အရွယ်အစားအရ ဤသူပုန်များသည် အနည်းဆုံး နှစ်ထောင် သို့မဟုတ် သုံးထောင်ခန့်ရှိသည်။
“ရန်သူတွေ လာတိုက်တာလား။ ဘယ်သူလဲ။”
ဤအချိန်တွင် စခန်းရှိ သူပုန်အားလုံးသည် ဆူညံသံကြောင့် တုန်လှုပ်သွားပြီး လက်နက်များကိုင်ဆောင်ကာ တဲထဲမှ ပြေးထွက်လာကြသည်။
“ဘုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟုန်ကျန်းရှန့်သည် အံ့မခန်းဖွယ်ရာ နတ်ဘုရား တန်ခိုးဖြင့် ပေါက်ကွဲထွက်လာပြီး ပေခြောက်ဆယ်မှ ခုနစ်ဆယ်နီးပါးအမြင့်သို့ ခုန်တက်ကာ သူ၏သန်မာသော ခန္ဓာကိုယ်သည် သူပုန်စခန်းထဲသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။ ဧရာမဆင်ကြီးတစ်ကောင်လို သူ၏ လေးလံသော ခန္ဓာကိုယ်ကြောင့် လေပြင်းတစ်ချက်ကို ဖြစ်ပေါ်စေပြီး အနီးနားရှိ သူပုန်ငါးယောက် ခြောက်ယောက်၏ အရိုးများနှင့် အကြောများကို ကြေမွသွားစေကာ လွင့်ထွက်သွားစေခဲ့သည်။
“အဲ့ဒါ… ဟုန်ကျန်းရှန့်ပဲ။”
သူပုန်အချို့က ဟုန်ကျန်းရှန့်ကို မှတ်မိသွားကြပြီး အံ့အားသင့်ကာ ဒေါသထွက်နေကြသည်။
ဟုန်ကျန်းရှန့်သည် တာ့ဖုန်းပြည်နယ်မြို့အနီးရှိလူများ၏ နှလုံးသားထဲသို့ ကြောက်ရွံ့ထိတ်လန့်စေသော အမည်နာမတစ်ခုဖြစ်သည်။
"ဒူးထောက်ပြီး အရုံးပေးလိုက်တော့။ မင်းတို့ အသက်ရှင်ကောင်းရှင်လိမ့်မယ်။"
ဟုန်ကျန်းရှန့်သည် ကောင်းကင်ဘုံ နတ်ဘုရားသခင်၏ ကြီးကျယ်မြင့်မြတ်လှသည့် ကျယ်လောင်သော အသံဖြင့် လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်လိုက်သည်။
"ဟုန်ကျန်းရှန့်.. မင်း နယ်ကျော်လာတာမဟုတ်ဘူးလား။ ဒီနေရာက တာ့ဖုန်းပြည်နယ်မြို့တော်ကနေ မိုင်နှစ်ထောင်ကွာတယ်။ ငါတို့အချင်းချင်း မနှောင့်ယှက်ခဲ့ဘူး။ မင်းဘာလို့ ဝင်စွက်ဖက်နေတာလဲ။"
ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးသည် ဖြူဖျော့ဖျော့မျက်နှာနှင့် ဆိုးယုတ်သောမျက်နှာထားဖြင့် တဲထဲမှ ပြေးထွက်လာပြီး ဟုန်ကျန်းရှန့်ကို စိုက်ကြည့်နေလေ၏။ သူ့ဘေးမှာ ထူးထူးခြားခြား အရှိန်အဝါတွေ ရှိတဲ့ သိုင်းပညာရှင်တွေ အများကြီး ရှိလေ၏။
“မင်းက ဘယ်သူလဲ”
ဟုန်ကျန်းရှန့်က အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့လူကို ကြည့်လိုက်ပြီး အဲဒီလူရဲ့ အရှိန်အဝါက အားမနည်းဘူးဆိုတာ ခံစားမိပြီး ရှားပါးပညာရှင်တစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေသည်။ ဒါကြောင့် သူက မေးလိုက်သည်။
အသံဩဩနှင့် ထိုလူဆိုးက “ငါက တာ့ဖုန်းပြည်နယ်ဌာနခွဲရဲ့ ကြာနက်ဂိုဏ်းခေါင်းဆောင် တင်းချိုးပဲ။” ဟု ပြန်ဖြေသည်။
“ကြာနက်ဂိုဏ်းခေါင်းဆောင် တင်းချိုးလား။ ဒီတစ်ခါတော့… ငါးကြီးတစ်ကောင် ဖမ်းမိပြီထင်တယ်။”
အနှီအချိန်မှာ ဟုန်ကျန်းရှန့်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းတွေ လက်ကနဲ ပေါ်လာလေ၏။
ကြာနက်ဂိုဏ်းဟာ မဟာမီးလျှံအင်ပါယာမှာ အမြစ်တွယ်နေတဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပြီး ပုန်ကန်မှုနဲ့ ဧကရာဇ်အာဏာကို ဖြုတ်ချဖို့ မရပ်မနား လှုံ့ဆော်နေခဲ့သည်။ ချင်းရွှေမြို့ဟာ ကြာနက်ဂိုဏ်းကြောင့် တစ်ချိန်က ဖရိုဖရဲဖြစ်ခဲ့ပြီး မိသားစုများစွာ ပျက်စီးဆုံးရှုံးခဲ့ရကာ အသက်တွေလည်း သေကြေပျက်စီးခဲ့ရသည်။
တာ့ဖုန်းပြည်နယ်မြို့တော်ကဲ့သို့သော အဓိကနေရာတစ်ခုတွင် ကြာနက်ဂိုဏ်းသည် ဌာနခွဲတစ်ခု တည်ထောင်ထားသည်။
အမှန်တော့ သူပုန်အများစုကို ကြာနက်ဂိုဏ်းမှ ရန်ပုံငွေထောက်ပံ့ပေးခဲ့သည်။
ယခု တင်းချိုးသည် ကြာနက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အဖြစ် မိမိကိုယ်ကိုယ် ဖော်ထုတ်လိုက်လေပြီ..
“ဟုန်ကျန်းရှန့်၊ မင်းနဲ့ တာ့ဖုန်းသံမဏိမြင်းတပ်က ပြည်ပရန်သူတွေကို တွန်းလှန်သင့်တယ်။ အဲဒါက မင်းရဲ့တာဝန်ပဲ။ ငါတို့က တာ့ဖုန်းပြည်နယ်မြို့တော်ကို မကျူးကျော်ခဲ့သလို တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ တပ်စခန်းတွေကိုလည်း ခြိမ်းခြောက်ခဲ့တာ မဟုတ်ဘူး။ သွေးချောင်းစီးဖို့လည်း မလိုအပ်ဘူး။ နှစ်ဖက်စလုံး ဆုံးရှုံးရလိမ့်မယ်။” တင်းချိုးက အသံဩဩဖြင့် ဆိုလေ၏။
“ပြင်ပရန်သူတွေက ငါတို့ရဲ့မြေနဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်။ မင်းတို့သူပုန်တွေနဲ့ မကောင်းဆိုးဝါးဂိုဏ်းတွေက မကောင်းဆိုးဝါးကောင်တွေနဲ့ အယူလွဲသူတွေပဲ။ မင်းတို့လုပ်နေတာတွေက ငါတို့ကို အမြစ်ဖြုတ်ဖို့ပဲလေ။ မင်းတို့က အဲဒီပြင်ပရန်သူတွေထက် ပိုရွံရှာစရာကောင်းတယ်။ မင်းတို့ကို သတ်ပစ်ရမယ်။”
ဟုန်ကျန်းရှန့်က ဆက်ပြောချင်စိတ် မရှိတော့ပါ။ ကြာနက်ဂိုဏ်းဟာ အင်ပါယာကို လျှို့ဝှက် ဖြိုခွင်းနေတဲ့ နောက်ဆုံးတော်လှန်ရေးတပ်မတော်ခေါင်းဆောင် ဝေ့ချောင်ကို လှည့်စားခဲ့ပြီး ဒုစစ်သူကြီး ချိုင်ကျန့်သည်လည်း သူတို့နဲ့ ပါဝင်ပတ်သက်ခဲ့ဖွယ်ရှိသည်။
ကြာနက်ဂိုဏ်းက တာ့ဖုန်းပြည်နယ်မြို့တော်ကို ထိခိုက်အောင် မလုပ်ခဲ့ဘူးလို့ ပြောခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူတို့ရဲ့ သြဇာအာဏာကို ချဲ့ထွင်ပြီးသွားလေပြီ။
ထပ်လောင်းပြောရရင် ကြာနက်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရပ်သားတွေ မရေမတွက်နိုင်အောင် ပျက်စီးဆုံးရှုံးမှုတွေနဲ့ သေဆုံးမှုတွေ ကြုံတွေ့ခဲ့ရသည်။ သူတို့ဟာ တာ့ဖုန်းပြည်နယ်မြို့တော်အတွက် တိုက်ရိုက်ခြိမ်းခြောက်မှု မရှိရင်တောင် သူတို့နဲ့ ကြုံတဲ့အခါ သူတို့ကို သတ်ပစ်ရမှာပင်။ မေးခွန်းတွေ မေးစရာမလိုပါ။
“ဒုန်း”
သတ်ဖို့ အမိန့်ပေးသံနဲ့အတူ ဟုန်ကျန်းရှန့်ဟာ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့ရဲ့ ဆုပ်ထားတဲ့ လက်သီးဟာ လေထဲကနေ မိုးကြိုးပစ်သလို ထွက်ပေါ်လာပြီး လက်ချောင်းတွေကြားမှာ စုဆုံသွားခဲ့သည်။ မိုးကြိုးပစ်သလို လက်သီးတစ်ချက် ပေါက်ကွဲထွက်လာပြီး အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ တင်းချိုးကို တိုက်ရိုက် ထိုးချလိုက်လေတော့သည်..