← Chapters

ဓားစွမ်းအင်က ဓားစွမ်းအင်ကို ဖြိုခွင်းခြင်း။ မိစ္ဆာစစ်သည်တော်။ (၃)

Vol. 23 Ch. 337

ဓားစွမ်းအင်က ဓားစွမ်းအင်ကို ဖြိုခွင်းခြင်း။ မိစ္ဆာစစ်သည်တော်။ (၃)

Vol. 23 Ch. 337

ထောင်ထောင်မားမားပုံရိပ်တစ်ခုက ဧရာမအမွေးရှည်ဆင်ကြီးတစ်ကောင်ကဲ့သို့ ပြေးထွက်လာပြီး တစောင်းမှ အရိပ်နတ်ဆိုးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ သူ၏ဧရာမလက်သီးသည် အံ့မခန်းနတ်ဘုရားစွမ်းအားဖြင့် စုစည်းထားပြီး အတော်ကြာအောင် အသင့်ဖြစ်နေပုံရကာ စူးချန်ခုန်းနှင့် တိုက်ခိုက်နေသော အရိပ်နတ်ဆိုးဆီသို့ ရပ်ရက်စက်စက် ထုရိုက်လိုက်သည်။

“ဘုန်း”

အရိပ်နတ်ဆိုးသည် ထိုထောင်ထောင်မောင်းမောင်း ပုံရိပ်ကို ခုတ်ထစ်ရန် ဓားကို ချက်ချင်း ဝှေ့ယမ်းလိုက်သော်လည်း အရင်ကတည်းက ပြင်ဆင်ထားသော လက်သီးချက်က အရိပ်နတ်ဆိုး၏ရင်ဘတ်ကို ဦးစွာထိသွားခဲ့သည်။

“ဘုန်း”

လက်သီး၏အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ပြီး တောင်ကိုလှုပ်ခါနေသော ဆင်ရိုင်းတစ်ကောင်နှင့်တူပြီး မြေပြင်ကြီး မိုးကြိုးပစ်ခံရသည့်နှယ်။ အရိပ်နတ်ဆိုး၏ခန္ဓာကိုယ်သည် လှိမ့်ဘီးဖြင့် ပြားချပ်သွားသော ရော်ဘာပြားကဲ့သို့ ပြင်းထန်စွာ တွန့်လိမ်သွားပြီး နောက်သို့လွင့်စင်ကာ အပိုင်းပိုင်းကွဲသွားခဲ့သည်။

“ဒုန်း ဒုန်း ဒုန်း”

ကြီးမားသောအားကို သယ်ဆောင်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ရိုက်ခတ်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ရိုက်မိပြီး အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။

အနှီလက်သီးချက်က ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိလေ၏။

“စစ်သူကြီးဟုန်”

ရုတ်တရက် ပြေးထွက်လာပြီး အရိပ်နတ်ဆိုးကို အပိုင်းပိုင်းကြေမွအောင် လုပ်လိုက်တဲ့လူကိုမြင်တော့ စူးချန်ခုန်းဟာ အံ့အားသင့်သွားမိသည်။ အခုမှရောက်လာသူက ဟုန်ကျန်းရှန့်ပင်ဖြစ်သည်။

ဟုန်ကျန်းရှန့်ဟာ ကြာနက်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် တင်းချိုးကို ကိုင်တွယ်ပြီးသွားသည့်ပုံပင်။ စူးချန်ခုန်းက ရှောင်ပေါလီနောက်ကို လိုက်သွားတဲ့အခါ အခြေအနေကို စိုးရိမ်နေတဲ့ ဟုန်ကျန်းရှန့်လည်း လိုက်လာခဲ့ပြီး စူးချန်ခုန်းနဲ့ အရိပ်နတ်ဆိုးတို့ ပြင်းထန်စွာ တိုက်ခိုက်နေတာကို မြင်လိုက်ရသည်။ သူ တွန့်ဆုတ်မနေဘဲ အရိပ်နတ်ဆိုးကို ဖျက်ဆီးဖို့ ကြိုးစားလိုက်သည်။

“မိစ္ဆာနတ်ဆိုးလား ဟမ်”

ဟုန်ကျန်းရှန့်ရဲ့ အကြည့်က တည်ကြည်တဲ့ အရိပ်အယောင်ကို ပေါ်လွင်နေပေမယ့် တော်တော်လေး စိတ်လှုပ်ရှားနေတာဖြစ်သည်။

အဝေးက သစ်ပင်အပျက်အစီးတွေကြား၌ ဟုန်ကျန်းရှန့်ရဲ့ လက်သီးနဲ့ အပိုင်းပိုင်းကွဲအောင် ချေမှုန်းခံခဲ့ရတဲ့ ဪနတ်ဆိုးဟာ တွန့်လိမ်ပြီး မြန်မြန်ဆန်ဆန် ပြန်လည်စုစည်းကာ အနက်ရောင်အရိပ်လူသားအဖြစ် ပြန်ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ် မျက်နှာပြင်ဟာ အနက်ရောင်စီးကြောင်းတွေနဲ့ လှည့်ပတ်နေပြီး ညှိုးနွမ်းပျက်စီးနေတဲ့ စွမ်းအားတွေနဲ့ ဆူပွက်နေကာ ပတ်ဝန်းကျင်က မြက်ခင်းတွေနဲ့ သစ်ပင်တွေကို မြန်မြန်ညှိုးနွမ်းစေသည်။

“မင်းကိုသတ်… ငါ… မင်းကို… စားရမယ်… အသွင်ပြောင်း…”

အရိပ်နတ်ဆိုးဟာ အမှောင်ထဲမှာ သွေးနီရောင်အလင်းတန်းတွေ တလက်လက်တောက်ပနေပြီး ရက်စက်ကြမ်းကြုတ်မှုတွေ လောဘတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ဟုန်ကျန်းရှန့်ကို စိုက်ကြည့်နေလေ၏။

အရိပ်နတ်ဆိုးရဲ့ အာရုံထဲမှာ ထိုလူသားရဲ့ ချီနဲ့သွေးဟာ အလွန်အစွမ်းထက်ပြီး နှလုံးခုန်နှုန်းလည်း ပြင်းထန်လှသည်။ ဒါဟာ သူ့ဘဝမှာ ကြုံခဲတဲ့ အရာတစ်ခုဖြစ်ပြီး သူ့ကို အသက်ရှင်လျက် စားသုံးနိုင်မယ်ဆိုရင် နောက်ထပ်အသွင်ပြောင်းမှုတစ်ခု ကြုံတွေ့ရနိုင်သည်။

“မင်းက တခြားသူတွေရဲ့ သိုင်းပညာကို တုပနိုင်တယ်ပေါ့။ ဒါဆိုလည်း လာစမ်းပါ။ မင်းရဲ့ အကန့်အသတ်ကို ကြည့်ရအောင်။”

ဟုန်ကျန်းရှန့်ဟာ တိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ ပြည့်နှက်နေပြီး သူ့ရဲ့ချီနဲ့သွေးဟာ ပူပြင်းပေမယ့် မပေါ်လွင်ဘဲ အချိန်မရွေး ပေါက်ကွဲထွက်ဖို့ အသင့်ဖြစ်နေကာ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေခဲ့သည်။

“ဝူး ဝူး ဝူး”

ဒါပေမယ့် သူတို့နှစ်ယောက်လုံး စာရင်းရှင်းပြီး အသေအကြေတိုက်ဖို့ လုပ်နေတဲ့အချိန်မှာပဲ အဝေးကနေ သာယာတဲ့ ပလွေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပလွေသံဟာ ကြည်လင်ပြီး သာယာလှသည်။ နားထဲမှာ တည့်တည့်ကြားနေရသလိုပင်။ ဒါပေမယ့် ကောင်းကင်ဘုံရဲ့ အပြင်ဘက်က လာနေသလိုပါပင်။

ပလွေရဲ့ ကြည်လင်ပြီး သာယာတဲ့ အသံကြားနေရပေမယ့် စူးချန်ခုန်းဟာ သူ့ရဲ့ချီနဲ့ သွေးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လှိုင်းလုံးလှိမ့်တွေ တက်လာခဲ့ပြီး သူ့နှလုံးခုန်သံတွေ မြန်လာခဲ့လေ၏။ အလွန်အမင်း မသက်မသာဖြစ်ရသည်။

"ဆရာတစ်ဆူပဲ"

ဟုန်ကျန်းရှန့်၏ မျက်လုံးများပင် လေးနက်မှုအရိပ်အယောင်ကို ပြသနေ၏။ ပလွေသံသည် မိုင်ပေါင်းများစွာအကွာမှ ထွက်ပေါ်လာပြီး ကျယ်လောင်ခြင်းမရှိသော်လည်း ထိုလူသည် သူတို့၏ အတွင်းအားကို ထိုအကွာအဝေးအတွင်း ရှင်းရှင်းလင်းလင်း ခံစားစေနိုင်ခဲ့ရာ သူ၏ သိုင်းပညာတွင် နားမလည်နိုင်လောက်အောင် နက်နဲမှုလှသော ဆရာသခင်များထဲမှ ဆရာတစ်ဆူဖြစ်ကြောင်း ညွှန်ပြနေသည်။

ပလွေသံကို ကြားလိုက်ရသောအခါ အရိပ်နတ်ဆိုးပေါ်ရှိ ဆူပွက်နေသော နတ်ဆိုးစွမ်းအားများ ငြိမ်သက်သွားပြီး မျက်လုံးများရှိ ကြက်သွေးနီရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ ထို့နောက် ခေါင်းကို မလှည့်ဘဲ အမှောင်ထဲသို့ ပေါင်းစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။

"သူ့ကို လွှတ်ပေးလိုက်"

ဟုန်ကျန်းရှန့်က လိုက်ဖို့ ရည်ရွယ်ချက်မရှိဘဲ နက်ရှိုင်းသော အသံဖြင့် ဆိုလိုက်သည်။

"အင်း..."

စူးချန်ခုန်းသည် အနည်းငယ် ခေါင်းညိတ်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ခုနက အရိပ်နတ်ဆိုးသည် တစ်မျိုးဖြစ်ပြီး ၎င်း၏ နည်းလမ်းများမှာ အန္တရာယ်များလှသည်။ မိစ္ဆာနတ်ဆိုးအများစု ကဲ့သို့ပင်။ အဝေးမှ သူ၏ ပလွေဖြင့် အရိပ်နတ်ဆိုးကို ခေါ်ထုတ်သွားခဲ့သော လူသည်လည်း မယုံနိုင်လောက်အောင် အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်နိုင်သည်။ သူက နတ်ဆိုးနဲ့ ရောနှောနေတာဆိုတော့ ဘယ်သူဖြစ်နိုင်မည်နည်း။

တစ်ဖက်လူက သေတဲ့အထိ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိသလို ဟုန်ကျန်းရှန့်ကလည်း သူစိမ်းရဲ့ မူလအစနဲ့ ခွန်အားကို သတိထားနေတဲ့အတွက် သူ အလောတကြီး လိုက်မသွားခဲ့ပါ။ တစ်ခုခု မှားယွင်းသွားရင် တော်တော်လေး အန္တရာယ်များလှသည်။

“ပြန်ရောက်ပြီလား။” ငါးလီ ခြောက်လီအကွာမှာ အနီရောင်ဝတ်ထားတဲ့ လူငယ်တစ်ယောက်က သူ့နှုတ်ခမ်းကနေ ပုလွေကို ချလိုက်ပြီး မျက်နှာမှာ အပြုံးချိုချိုလေး ပြုံးပြလိုက်သည်။

အနီရောင်ဝတ်ထားတဲ့ လူငယ်လေးရဲ့ မျက်နှာအမူအရာက လှပပြီး ထူးခြားဆန်းပြားတာကြောင့် အနီရောင်အဝတ်အစားတွေနဲ့ ချောမွေ့ပြီး ရှည်လျားတဲ့ ဆံပင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကျားလား မလား ခွဲခြားရခက်သွားစေသည်။

“အင်း…”

အနက်ရောင်အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတဲ့ အရိပ်နတ်ဆိုး မော့ယင်က အနီရောင်ဝတ်ထားတဲ့ လူငယ်ရှေ့မှာ ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဘယ်လိုခံစားရလဲ”

အနီရောင်ဝတ်စုံနှင့်လူငယ်လေးက မေးလိုက်သည်။

မော့ယင်က အတိုချုံး တွေးတောရင်း “အဲ့ဒီငွေသံချပ်ကာ… အရမ်းသန်မာတယ်… ဒါပေမယ့် ကျွန်တော် သူ့ကို သတ်နိုင်တယ်။ နောက်တစ်ယောက်… လူသန်ကြီးက ကြောက်စရာကောင်းတယ်… အစွမ်းကုန် တိုက်ရင်တောင်.. အနိုင်ရဖို့ အခွင့်အရေး တစ်ဝက်တောင် ရမှာမဟုတ်ဘူး။”

မော့ယင်က ယုံကြည်မှုရှိနေခဲ့တာဖြစ်သည်။ စူးချန်ခုန်းသည် အလွန်သန်မာသော်လည်း ပြိုင်ဘက်၏ လှုပ်ရှားမှုကို အတုယူနိုင်စွမ်းကို အားကိုးပြီး မသေနိုင်သော ခန္ဓာကိုယ်တစ်ခုအနေဖြင့် အကယ်၍ တိုက်ပွဲကို အချိန်ဆွဲသွားပါက ရှေ့ဆုံးမှ ပြိုလဲမည့်သူက စူးချန်ခုန်းဖြစ်မည်မှာ သေချာပါသည်။

ဟုန်ကျန်းရှန့်ကတော့ မော့ယင်ကို သိသိသာသာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ထိုလက်သီးချက်က အလွန်တရာ လွှမ်းမိုးမှုရှိသည်။ အသေအကြေ တိုက်ပွဲတစ်ခုဖြစ်လာပါက မော့ယင်သည် အောင်ပွဲရမည်ဟု အာမမခံနိုင်ကြောင်း ခံစားခဲ့ရသည်။

အနီရောင်ဝတ်စုံနှင့် လူငယ်လေးက နူးညံ့သိမ်မွေ့စွာ ပြုံးပြီး ပြောလိုက်သည်။ “အဲဒီလူက တာ့ဖုန်းပြည်နယ်မြို့တော်က ဟုန်ကျန်းရှန့် ဖြစ်ရမယ်။ မင်းက အခုချိန်မှာ သူ့ထက် နည်းနည်းသာ သာနေပေမယ့် မင်းကို ခြိမ်းခြောက်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ။”

“မင်းရဲ့နှလုံးသားထဲမှာ နတ်ဆိုးအမြုတေကို ပြီးပြည့်စုံအောင် ပေါင်းစပ်ဖို့ လိုသေးတယ်။ အပြည့်အဝ ပေါင်းစပ်ပြီးတာနဲ့ ဂိုဏ်းက မင်းအတွက် အသင့်တော်ဆုံး ‘နတ်ဆိုးပုံစံစွမ်းအားအတတ်’ ကို သင်ပေးလိမ့်မယ်။ အဲဒီအချိန်မှာ မင်းရဲ့ခွန်အားက အဆပေါင်းများစွာ မြင့်လာမှာ။ ဒီဟုန်ကျန်းရှန့်က မင်းအတွက် အစားအစာတစ်ခုပဲ ဖြစ်လာလိမ့်မယ်။ မင်းက အသွင်ပြောင်းပြီးရင် ပြီးပြည့်စုံဆုံး သတ္တဝါ ဖြစ်လာလိမ့်မယ်။ သိုင်းပညာရှင်နဲ့ မိစ္ဆာနတ်ဆိုး နှစ်ခုစလုံးရဲ့ အထက်မှာ အုပ်စိုးနိုင်လိမ့်မယ်။”

အနီရောင်ဝတ်စုံနှင့် လူငယ်လေးက အပြုံးချိုချိုဖြင့် ပြောလိုက်သည်။

“အင်း” မော့ယင်က စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်နေပုံရကာ ပိုမိုအားကောင်းလာပြီး ပိုမိုပြီးပြည့်စုံလာရန် တော်တော်လေး မျှော်လင့်နေမိသည်။

ထိုအချိန်တွင် သူသည် သေချာပေါက် အရသာရှိသော ဟုန်ကျန်းရှန့်ကို စားသုံးနိုင်လိမ့်မည်။

"သွားကြစို့။ ရှောင်ပေါလီက ငါတို့နဲ့ ပူးပေါင်းချင်ပေမယ့် အင်းဆက်တစ်ကောင်ရဲ့လက်ထဲမှာ သေသွားခဲ့ပြီ။ သူက မထိုက်တန်ဘူးဆိုတာ ရှင်းနေတာပဲ။"

အနီရောင်ဝတ်ထားတဲ့လူက စကားပြောသည်နှင့် မော့ယင်နဲ့အတူ ထွက်သွားခဲ့သည်။ သူတို့က ရှောင်ပေါလီကြောင့် ဒီနေရာကို ရောက်လာတာဖြစ်သည်။

ရှောင်ပေါလီက သူတို့နဲ့ ပူးပေါင်းဖို့ လျှောက်ထားရန် ဆုံးဖြတ်ခဲ့ပြီး သူတို့နှစ်ယောက်က သူ့ကို စမ်းသပ်ကာ အရည်အချင်းပြည့်မီမှု ရှိမရှိ သိဖို့ ရောက်လာခဲ့ကြတာဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ ရှောင်ပေါလီက သေဆုံးသွားခဲ့ပြီဖြစ်သည်။ အဲဒီအချိန်မှာပဲ မော့ယင်က စူးချန်ခုန်းကို ရင်ဆိုင်ဖို့ ရောက်လာခဲ့တာပင်။

"ဟုန်ကျန်းရှန့်က အလားအလာကောင်းတဲ့ ပျိုးပင်တစ်ခုပဲ။ သူ ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိရင် သူ့ရဲ့ အလားအလာက ဖြုံလောက်စရာကောင်းလာမှာ။ သူ့ရဲ့ ခွန်အားက အချိန်တိုအတွင်းမှာ အမြင့်ဆုံးကို မြင့်တက်သွားနိုင်တယ်။ ဒါပေမယ့် သူ့ရဲ့ စရိုက်အရ သူ ဒီလိုလုပ်ဖို့ လိုလားမှာ မဟုတ်လောက်ဘူး..."

အနီရောင်ဝတ်စုံနဲ့လူက ရေရွတ်လိုက်သည်။ သူတို့ရဲ့ အရိပ်တွေက အဝေးသို့ ပိုပိုပြီး မှိန်ဖျော့ခဲ့လေသည်။

သူတို့ရဲ့ စကားဝိုင်းမှာ ဟုန်ကျန်းရှန့်ကို သားကောင်တစ်ခုလို ထက်မြက်တဲ့ ဓားသွေးကျောက်တုံးတစ်တုံးအဖြစ်သာ မြင်ကြသည်။

စူးချန်ခုန်းကိုတော့.. ဘယ်သူကမှ သူတို့ထက် အားနည်းတဲ့ သတ္တဝါတွေကို သိပ်အာရုံမစိုက်ကြပါ။ သူတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် သာမန်သိုင်းပညာရှင်တွေ ယှဉ်နိုင်သည်ထက် ကျော်လွန်နေဝာာဖြစ်သည်။ သူတို့ထက် အားနည်းတဲ့သူတွေက သူတို့ကို ဘယ်တော့မှ မကျော်နိုင်ပါ။ သူတို့ရဲ့ ကြီးထွားမှုကလည်း တူညီမှာ မဟုတ်ပါ။

သူတို့ရဲ့အမြင်မှာ စူးချန်ခုန်းက သေဆုံးသွားပြီဖြစ်တဲ့ ရှောင်ပေါလီနဲ့ ဘာမှမကွာတဲ့ ပုရွက်ဆိတ်တစ်ကောင်ပင်။

All Chapters