ကျန်းမာရေးထိန်းသိမ်းသည့် နည်းပညာ။ ကျန်းမာရေးထိန်းသိမ်းခြင်းလက်သီးနည်းစနစ်နှင့် ကျန်းမာရေးထိန်းသိမ်းခြင်းစွမ်းရည်များ။ (၄)
Vol. 23 Ch. 341
ကျန်းမာရေးကို အာရုံစိုက်သည့် ရှားပါးသိုင်းပညာအတွက် သွေးမြူခိုးမျှော်စင်သို့ အဘယ်ကြောင့် လာရသနည်း။
စူးချန်ခုန်းက သူ၏ တောင်းဆိုချက်ကို "ကျုပ်လိုအပ်တဲ့ ကျန်းမာရေး ထိန်းသိမ်းတဲ့ သိုင်းပညာက အဆင့်မြင့်ရမယ်။ ရှားပါးရမယ်။ ပုံမှန် ကျန်းမာရေး ထိန်းသိမ်းတဲ့ လက်သီးပညာနဲ့ အတွင်းအားနည်းပညာနဲ့ ကွဲပြားရမယ်" ဟု ဖော်ပြခဲ့သည်။
စူးချန်ခုန်းက သူ၏ လိုအပ်ချက်များကို အသေးစိတ်ဖော်ပြခဲ့သည်။ သူလိုတာက အလွန်တရာ ရှားပါးပြီး မတူကွဲပြားသည့် ကျန်းမာရေး ထိန်းသိမ်းသည့် သိုင်းပညာမျိုးဖြစ်သည်။
သူ၏ တောင်းဆိုချက်များသည် အတော်လေး တင်းကျပ်သည်။ ကျန်းမာရေး ထိန်းသိမ်းသည့် သိုင်းပညာများမှာ အလွန်ရှားပါးနေပြီဖြစ်ပြီး မတူကွဲပြားသည့် ရှားပါး ကျန်းမာရေး ထိန်းသိမ်းသည့် သိုင်းပညာမျိုးဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပြီ။
သို့သော် ခဏတာ စဉ်းစားပြီးနောက် အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးက စူးချန်ခုန်းကို မော့ကြည့်လိုက်သည်။ “တကယ်တော့ မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခု ရှိတယ်။ မျှော်စင်မှာရှိတဲ့ တစ်ယောက်ယောက်က အလုပ်တစ်ခုအပ်ထားပြီး ဆုလာဘ်က ကျန်းမာရေးထိန်းသိမ်းမှုအတွက် တော်တော်ရှားပါးတဲ့ နည်းလမ်းတစ်ခုပဲ။ ဒါပေမယ့် အလုပ်ကို ဖွင့်ထားတာ သုံးလကြာပြီ လက်ခံသူမရှိသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့က အလုပ်ရဲ့ခက်ခဲမှုက ဆုလာဘ်နဲ့ မညီမျှဘူးလို့ ခံစားရလို့ပဲ။ ပိုပြီးသိချင်လား။”
“တကယ်ကို တစ်ခုတော့ ရှိတာပဲ။”
စူးချန်ခုန်းရဲ့ မျက်နှာအမူအရာက မပြောင်းလဲပေမယ့် သူ့နှလုံးသားက ဝမ်းသာအားရနဲ့ ခုန်ပေါက်နေလေ၏။
“နားထောင်ကြည့်မယ်။”
စူးချန်ခုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲ့ဒီလူဆီက တာဝန်က တာ့ဟုန်ရွှေဂိုဏ်းရဲ့ ဒုတိယဂိုဏ်းခေါင်းဆောင် လော့ဖေးကို သတ်ဖို့ပဲ။” အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးက စူးချန်ခုန်းကို ရှင်းပြလိုက်သည်။
“လော့ဖေးဆိုတာ ဘယ်သူလဲ” စူးချန်ခုန်းက မျက်နှာထားတည်တည်နှင့် မေးလိုက်သည်။
သူက တာ့ဟုန်ရွှေဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးသလို လော့ဖေးဆိုတဲ့ နာမည်ကိုလည်း မသိပါ။
“တာ့ဟုန်ရွှေဆိုတာ ဟုန်လင်မြို့က အခြေစိုက်အဖွဲ့တစ်ခုပါ။ ဒေသခံ အုပ်ချုပ်ရေးမှူးကို တော်တော် သစ္စာရှိတဲ့ အင်အားကြီး ဂိုဏ်းတစ်ခုဖြစ်ပြီး ဒေသခံ ဧကရာဇ်တစ်ပါးလို အာဏာရှင်ဆန်တယ်လို့ ယူဆနိုင်တယ်။ အဲ့ဒီ ဒုဂိုဏ်းခေါင်းဆောင် လော့ဖေးကိုယ်တိုင်ကလည်း ချီသွေးနဂါးရှည်နယ်ပယ်ကို မှာရှိတာကြောင့် တော်တော်လေး စွမ်းအားကြီးတယ်” ဟု အစိမ်းရောင် ဝတ်စုံနှင့် အဘိုးကြီးက ဆက်ပြောပြသည်။
“ဟုန်လင်မြို့က ဂိုဏ်းတစ်ခုလား” စူးချန်ခုန်းက အနှစ်ချုပ်ကို နားလည်သွားသည်။
တာ့ဟုန်ရွှေဂိုဏ်းဆိုတာ ဒေသခံ အုပ်ချုပ်ရေးမှူးက ပြုစုပျိုးထောင်ထားတဲ့ ခရိုင်မြို့တစ်မြို့ရဲ့ ဒေသခံ ဂိုဏ်းတစ်ခုဖြစ်ပြီး တစ်မြို့လုံးရဲ့ ကျောထောက်နောက်ခံနဲ့ ဂိုဏ်းဝင်အများအပြားနဲ့ ရန်စလို့ပင်မရအောင် အလျင်အမြန် ကြီးထွားလာခဲ့သည်။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဟုန်လင်မြို့မှာ တာ့ဟုန်ရွှေဂိုဏ်းကို တောနက်စီရင်စုမြို့က ဧရာမဝေလငါးဂိုဏ်းနဲ့ ဆင်တူတယ်လို့ ယူဆနိုင်ပေမယ့် တာ့ဟုန်ရွှေဂိုဏ်းက ဟုန်လင်မြို့ အုပ်ချုပ်ရေးမှူးရဲ့ ကျောထောက်နောက်ခံကြောင့် ပိုအားကောင်းလာတာ ဖြစ်နိုင်ပါသည်။
တာဝန်ပေးထားတဲ့ သတ်ရမယ့်သူကတော့ တာ့ဟုန်ရွှေဂိုဏ်းရဲ့ ဒုဂိုဏ်းခေါင်းဆောင် လော့ဖေးဖြစ်ပြီး တကယ်ကို စိန်ခေါ်မှုကြီးတစ်ရပ်ပင်ဖြစ်သည်။
လော့ဖေးဟာ တာ့ဟုန်ရွှေဂိုဏ်းက စွမ်းအားကြီးတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ရုံသာမက ချီသွေးနဂါးရှည်နယ်ပယ်ကိုရောက်ရှိပြီး ခွန်အားလည်း အတော်အသင့်ရှိသည်။ သူ့ကိုသတ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါ။
တာဝန်ရဲ့ဆုလာဘ်က အလွန်ရှားပါးတဲ့ ကျန်းမာရေးထိန်းသိမ်းမှုစွမ်းရည်ထက် မပိုပါ။ ဒီကျန်းမာရေးထိန်းသိမ်းတဲ့နည်းပညာကို စိတ်ဝင်စားသူတွေဟာ လော့ဖေးလို သခင်တစ်ယောက်ကို သတ်နိုင်မှာမဟုတ်ပေမယ့် အဲဒီလိုလုပ်နိုင်တဲ့သူတွေကတော့ စိတ်မဝင်စားကြပါ။
ဒါကြောင့် ထိုအလုပ်ကို မြူခိုးတိမ်တိုက်အိမ်တော်မှာ တောင်းဆိုသူမရှိဘဲ သုံးလကြာအောင် ကျန်ရှိနေခဲ့သည်။
"ချီသွေးနဂါးရှည်နယ်ပယ်ကလား" စူးချန်ခုန်းက သူ့စိတ်ထဲမှာ ခဏလောက် စဉ်းစားနေခဲ့သည်။ ချီသွေးနဂါးရှည်ဟာ သာမန်လူတွေအတွက် မရောက်ရှိနိုင်တဲ့ စွမ်းအားတစ်ခုဖြစ်ပြီး တောနက်စီရင်စုမြို့မှာ လူအနည်းငယ်သာ တွေ့ရပေမယ့် အခု စူးချန်ခုန်းအတွက်တော့ ဒါက သိပ်စဉ်းစားစရာ မဟုတ်ပါ။ လော့ဖေးကိုသတ်ဖို့ဆိုတာ သူ့အတွက် မခက်ခဲပါပေ။
"ဒီအလုပ်ကို ကျုပ်လက်ခံမယ်။" စူးချန်ခုန်းက တည်ငြိမ်တဲ့လေသံနဲ့ဆိုပြီး အလုပ်ကိုလက်ခံလိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးပြောသလိုပဲ ထိုကျန်းမာရေးထိန်းသိမ်းတဲ့နည်းပညာဟာ သာမန်ကျန်းမာရေးထိန်းသိမ်းသည့်လက်သီးပညာ၊ အတွင်းအားစွမ်းရည်တို့နှင့် ကွဲပြားပြီး အလွန်တရာ ရှားပါးပါသည်။ စူးချန်ခုန်းအတွက် အသုံးဝင်သလားဆိုတာတော့ ရလာပြီး လေ့ကျင့်မှသာ ပေါ်လာမှာဖြစ်သည်။
“ကောင်းပြီ၊ ခဏစောင့်ပါဦး ဆရာနျို၊ လော့ဖေးအကြောင်း အချက်အလက်တွေ ပြန်ယူလိုက်ပါဦးမယ်” အလုပ်ကို လက်ခံလိုက်တဲ့အခါ အစိမ်းရောင်နှင့် အဘိုးကြီးက ပြုံးပြီး ပြောလိုက်သည်။
ကြန့်ကြာနေတဲ့ တာဝန်ကို တစ်ယောက်ယောက်က တာဝန်ယူလိုက်တာက သတင်းကောင်းပင်ဖြစ်သည်။ အပြင်လူတွေက သွေးမြူခိုးမျှော်စင်ရဲ့ ထိရောက်မှု အားနည်းနေတယ်လို့ ထင်မှာစိုးသောကြောင့်ပင်။
အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးက လက်ထဲမှာ စာလိပ်တစ်လိပ်နဲ့ ပြန်လာခဲ့ပြီး သူ့ဆီ ပေးတဲ့အထိ စူးချန်ခုန်း အချိန်အကြာကြီး မစောင့်လိုက်ရပါ။
“ဆရာနျို အောင်အောင်မြင်မြင်နဲ့ ချောချောမွေ့မွေ့ ပြီးမြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟူ၍ အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးက ပြောလိုက်သည်။
စာလိပ်ကိုလက်ခံရရှိပြီးနောက် စူးချန်ခုန်းသည် အပိုစကားတစ်ခွန်းမဆိုဘဲ ထရပ်ကာ ထွက်လာခဲ့ပြီး ဖုန်းစုန့်မြို့ကနေ ထွက်ခွါကာ ဟုန်လင်မြို့သို့ ဦးတည်သွားခဲ့သည်။
ဟုန်လင်မြို့သည် လီသုံးထောင်မှ လေးထောင်ခန့်အကွာတွင်ရှိပြီး စူးချန်ခုန်း၏အမြန်နှုန်းဖြင့် ရောက်ရှိရန် နှစ်ရက်မှ သုံးရက်အထိသာ ကြာမည်ဖြစ်သည်။
(တစ်လီ=၀.၅ကီလိုမီတာ၊ အကြမ်းဖျင်း တစ်မိုင်၏ သုံးပုံတစ်ပုံ)
လမ်းတွင် စူးချန်ခုန်းသည် အစိမ်းရောင် အဘိုးကြီးထံမှ စာလိပ်ကိုဖွင့်ကာ သူ၏ပစ်မှတ် လော့ဖေးအကြောင်း အချက်အလက်များကို လေ့လာနေခဲ့သည်။
ချီသွေးနဂါးရှည်နယ်ပယ် သိုင်းပညာရှင်ဖြစ်ပြီး တာ့ဟုန်ရွှေဂိုဏ်း၏ ဒုတိယဂိုဏ်းခေါင်းဆောင် လော့ဖေးသည် ဟုန်လင်မြို့တွင် အင်အားအကြီးဆုံးသူများထဲမှ တစ်ဦးဖြစ်သည်။
သတင်းအချက်အလက်များအရ လော့ဖေးသည် အမျိုးသမီးများနှင့် အဖော်ပြုကာ မွေ့လျော်တတ်သည့်အကျင့်ရှိပြီး သာမန် ယောကျာ်းသားများ၏ အကျင့်ဆိုးတစ်ခုလို သူသည် တဏှာရာဂစိတ်ကြီးသည်။
မည်မျှပင်အလုပ်များနေပါစေ လော့ဖေးသည် ဟုန်လင်မြို့ရှိ နွေဦးလအဆောက်အအုံ၏ ဆောင်ကြာမြိုင်သို့ အပတ်တိုင်းလိုလို သွားရောက်လည်ပတ်လေ့ရှိသည်။
လော့ဖေးမှာလည်း အမွှာညီ လော့ဖန်းရှိပြီး သူ့ရုပ်ရည်က သူနဲ့ တစ်ထေရာတည်းနီးပါးတူပေမယ့် အောင်မြင်နေတဲ့ လော့ဖေးနဲ့မတူဘဲ လော့ဖန်းက အကျင့်ပျက် မျိုးဆက်တစ်ခုသာဖြစ်ပြီး ခြိမ်းခြောက်မှုလုံးဝမရှိပါ။
“အဲဒီလိုဆိုရင် နွေဦးလအဆောက်အအုံမှာ လော့ဖေးကို စောင့်ပြီး သူရောက်လာရင် သတ်ပစ်မယ်။ ပြဿနာအနည်းဆုံး၊ ဆူညံမှုအနည်းဆုံးနဲ့ အပြီးသတ်နိုင်တယ်” စူးချန်ခုန်းက သူ့ဘာသာသူ တွေးပြီး သူ့ချဉ်းကပ်မှုကို စီစဉ်နေလေ၏။
သူ့ရဲ့အစီအစဉ်က နွေဦးလအဆောက်အအုံကို ဦးတည်ပြီး သားကောင်သူ့ဆီလာဖို့ စောင့်နေဖို့ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ရက်အကြာမှာ စူးချန်ခုန်းက ညအချိန်မှာ ဟုန်လင်မြို့ကို ရောက်လာခဲ့သည်။
စီရင်စုတစ်ခုအတွင်း အချမ်းသာဆုံးမြို့ကြီးဖြစ်တဲ့ ဟုန်လင်မြို့ဟာ တောနက်စီရင်စုမြို့တော်လောက် မနိမ့်ကျဘဲ ဖွံ့ဖြိုးတိုးတက်နေ၏။
ညဘက်မှာ ဟုန်လင်မြို့က လူချမ်းသာတွေအတွက် ဘဝက စတင်နေပါပြီ။ စည်ကားတဲ့ လမ်းတစ်လမ်းမှာ မီးရောင်တွေ တလက်လက်နှင့် လူအုပ်ကြီးကလည်း သွားလိုက်လာလိုက်နှင့်ပင်။ ရောက်လာတဲ့သူတွေကတော့ လူချမ်းသာတွေ ဒါမှမဟုတ် အာဏာရှိတဲ့ သူဌေးကြီးတွေပင်။ အားလုံးရောက်လာကြတာက နွေဦးလအဆောက်အအုံက ဒီမှာရှိလို့ဖြစ်သည်။
ဒီစည်ကားတဲ့ ပန်းခင်းလမ်းမှာ တောက်ပြောင်စွာ အလှဆင်ထားတဲ့ နွေဦးလအဆောက်အဦဟာ လူအများ တောင့်တနေကြတဲ့ နေရာတစ်ခုဖြစ်ပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို မရောင်းစားကြတဲ့ အလှမယ်ကနေစပြီး အပြည့်အဝ ညှို့ယူဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတွေအထိ တည်ရှိရာ အဆောက်အဦလည်း ဖြစ်သည်။
ရွှေဖြုန်းတီးရာနေရာတစ်ခုလည်း ဖြစ်သည်။ ဘာလို့လဲဆိုတော့ အဲဒီကုန်ကျစရိတ်တွေက သာမန်လူတွေ မတတ်နိုင်လို့ပင်။
“ဘေးဖယ်ကြစမ်း။”
အဲဒီအချိန်မှာ လမ်းပေါ်မှာ တိုက်ခိုက်ရေးဝတ်စုံဝတ်ထားတဲ့ သိုင်းပညာရှင်နှစ်ယောက်က လမ်းသွားလမ်းလာတွေကို အော်ဟစ်နေကြသောကြောင့် ဆူညံသံတွေနဲ့ ပြည့်နှက်နေလေ၏။
ဒီလို အော်ဟစ်ပြောဆိုခံရရင် ဒေါသထွက်ကြမှာပင်။ ဘာလို့လဲဆိုတော့ ဒီမှာ ရှိနေနိုင်တဲ့သူတွေအားလုံးမှာ အာဏာ ဒါမှမဟုတ် ရာထူးတစ်ခုခု ရှိကြသည်။ သူတို့ တုံ့ပြန်တော့မယ့်အချိန်မှာ ဘယ်သူလဲဆိုတာကို မြင်တော့ သူတို့ရဲ့ မျက်နှာတွေက ချက်ချင်းပဲ လေးစားမှုအဖြစ် ပြောင်းလဲသွားပြီး ခေါင်းငုံ့ပြီး အပြုံးတွေဝေဝေဆာဆာနဲ့ နှုတ်ဆက်လိုက်ကြသည်။ “အရှင်လော့”