ထွက်ပေါ်လာခြင်း
Vol. 35 Ch. 512
ဗစ်တိုးရီးယား မြို့သားများ၏ သစ္စာဖောက်မှုကို စိတ်မကောင်းဖြစ်နေရန် အချိန် မဟုတ်ပေ။ အဆုံး မရှိသော မြေအောက်လောက သတ္တဝါများ၊ ကြီးမားသော စစ်လက်နက်ပစ္စည်း ကိရိယာများနှင့် မှော်အမြောက် များစွာ ရှိနေခဲ့၏။ ပေါက်ကွဲမှု များစွာက စစ်မြေပြင်ကိုပင် တုန်လှုပ်စေခဲ့သည်။
ဤသတ္တဝါများ ဤမျှ များပြားသော ပေါက်ကွဲစေတတ်သော ပစ္စည်းများကို မည်သို့ မည်ပုံ ရရှိခဲ့ကြသနည်း။
နတ်ဘုရား တိုင်းပြည်မှ စစ်သားများမှာ ကြောက်ရွံ့ခြင်း မရှိခဲ့ကြပေ။ မြင့်မြတ်သော အရှင်သခင်၏ ကာကွယ်ပေးမှုဖြင့် သူတို့က ရန်သူ အားလုံးကို အနိုင်ယူ ကြပေလိမ့်မည်။
နတ်ဘုရား တိုင်းပြည်မှ မဟာမှော်အရှင် များစွာက မန္တန်ရွတ်ဖတ်စ ပြုလာ ခဲ့ကြသည်။
မဟာမှော်အရှင်များ၏ ဆုတောင်းမှုများကြောင့် ရှုပ်ထွေးသော သင်္ကေတများနှင့် ဂဏန်း များစွာက အဖြူရောင် မြင့်မြတ်သော အလင်းတန်းအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ မရေမတွက်နိုင်သော သင်္ချာအိုလံပစ် မာနာဘောလုံးများ အကောင်အထည် ပေါ်လာပြီး ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဆီသို့ ထိမှန် ခဲ့ကြသည်။ မာနာဘောလုံးများက ပေါက်ကွဲထွက်ကာ လူတိုင်းကို သင်္ချာအိုလံပစ် ကမ္ဘာအတွင်းသို့ စုပ်ယူ သွားခဲ့သည်။ စစ်သားများက ဘာမှ လုပ်ဆောင်ရန်ပင် မလိုအပ်ဘဲ ထိုသတ္တဝါများမှာ သင်္ချာအိုလံပစ်မာနာဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၎င်းမှာ ကြောက်မက်ဖွယ် မြင်ကွင်း တစ်ခုပင်။
...
ဘောင်းဘီမဝတ်သူက ထိုကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်နေသည်။ သူ၏ ရဲဘော် များစွာက မြေပြင်ပေါ်တွင် လဲကျနေပြီး သင်္ချာအိုလံပစ် မေးခွန်းများကို ရေရွတ်ရင်း သွေးများ ထွက်နေခဲ့ကြသည်။ ရန်သူက သင်္ချာအိုလံပစ် မာနာဘောလုံးများ လွှတ်တင် လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ယင်းအတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ ပြင်းထန်သော ထိခိုက်သေဆုံးမှုများကို ခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာပင် မြင့်မြတ်သော အလင်းတန်း မာနာဘောလုံးများမှာ အကန့်အသတ် ရှိနေခဲ့သည်။ ရန်သူမှာ မာနာဘောလုံး နှစ်ကြိမ်သာ လွှတ်တင် ခဲ့သည်။ အမ်ပီစီများ နောက်ထပ် ဘာတွေ ထုတ်လွှတ်မည်ကို မည်သူမျှ မသိနိုင်ပေ။
"ရင်မွှေး။"
ဘောင်းဘီမဝတ်သူက သူ၏ ပုဆိန်နှင့် ဒိုင်းကို ကိုင်ဆောင်ကာ ဓားမြောင် နှစ်ချောင်း ကိုင်စွဲထားသော အော့ခ်တစ်ဦး ဆီသို့ ပြေးဝင်သွားသည်။ ဘောင်းဘီမဝတ်သူက အော်ပြော လိုက်သည်။ "ဒီအတိုင်း ဆက်သွားရင် ငါတို့ ရှုံးသွားလိမ့်မယ်။ ငါတို့ အဲ့ဒီ ဗိုလ်ချုပ်ရှီဒန်ကို သတ်ဖြတ်ဖို့ ဒါမှမဟုတ် ဖမ်းဆီးဖို့ အခွင့်အရေး တစ်ခု ရှာနိုင်မှ ရမယ်။"
ရင်မွှေးမီးလောင်က လူသားဂိမ်းမာ တစ်ဦးကို ထိုးသတ်လိုက်ပြီး သူ၏ ပါးစပ်မှ သွေးများ ထွေးထုတ် လိုက်သည်။ ထို့နောက် သူက အော်ပြော လိုက်သည်။ "ငါ သိတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ရှီဒန်ကို သတ်ဖို့က မလွယ်နေဘူး။ ငါတို့ ထပ်ခါထပ်ခါ ကြိုးစားခဲ့ပေမဲ့ သူ့ကို ကာကွယ်နေတဲ့ အစောင့်တွေ အရမ်း များနေတယ်။ ငါတို့ အဲ့ကာကွယ်ရေး စည်းတွေကို မထိုးဖောက်နိုင်ဘူး။"
"သစ္စာဖောက်ကရော။ ငါတို့ ဗစ်တိုးရီးယား စခန်းမှာ သစ္စာဖောက် တစ်ယောက် ဝယ်ထားတယ် မဟုတ်လား။ ဝါး၊ ငါ ရန်မင်ဘီယွမ် ၁၀၀,၀၀၀ တောင် ရင်းနှီးမြှုပ်နှံခဲ့တာကို။"
ဘောင်းဘီမဝတ်သူက အော်ဟစ် ညည်းညူ လိုက်သော်လည်း ရင်မွှေးမီးလောင်မှာ ခံစားချက် ကင်းမဲ့စွာ ပြန်ပြောလိုက်သည်။ "ငါ့ကို အဲ့ဒါလာမပြောနဲ့။ ငါ သစ္စာဖောက် ရာနဲ့ချီ ပိုက်ဆံပေးခဲ့ပေမဲ့ သူတို့က ငါတို့ကို ကူညီဖို့ဆို အသက်ရှင်နေမှ ရမယ်။ အဲ့ဒီ သစ္စာဖောက်တွေက အရည်အသွေး ညံ့တယ်ဟ။ လူဆိုးလေးက ကိုယ်တွယ်ရ မလွယ်နေဘူး။ ငါ သစ္စာဖောက်တွေ အများကြီးကို လာဘ်ထိုးခဲ့ပေမဲ့ သူက သူတို့ကို ပြန်ဖျောင်းဖျနိုင်ခဲ့တယ်။ ဒါကြီးက Mission Impossible လိုပဲ။"
ဘောင်းဘီမဝတ်သူ လျင်မြန်စွာ ပြန်ပြောလိုက်သည်။ "ဒါဆို မင်း Mission Possible ဖြစ်အောင် ဖန်တီးရမယ်။"
"ငါ Mission Possible II & III ဖန်တီးနေတုန်းပဲဟ။" ရင်မွှေးမီးလောင် မျက်လုံးလှန်ကာ ပြန်ပြော လိုက်သည်။ ဘောင်းဘီမဝတ်သူမှာ သူတို့၏ သစ္စာဖောက်များ ရှုံးနိမ့်ခဲ့ကြောင်း သိသွားလေပြီ။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ အရေအတွက် နိမ့်ကျပြီး အားနည်းချက် ရှိသော အခြေအနေတွင် ရှိနေကြ၏။ သူတို့ ဤတိုက်ပွဲကို ရှုံးနိမ့်ရတော့မည်။
သူတို့တွင် အထက်တန်းစား လက်နက်များနှင့် ပစ္စည်း ကိရိယာများ ရှိနေ ခဲ့သော်လည်း နတ်ဘုရား တိုင်းပြည်မှ စစ်သားများမှာလည်း ပစ္စည်း ကိရိယာများအရ ပုခုံးချင်း ယှဉ်နိုင်ခဲ့ကြသည်။ ထို့အပြင် နတ်ဘုရား တိုင်းပြည်တွင်တော့ မြင့်မြတ်သော အလင်းတန်းမာနာ လွှတ်တင်နိုင်သည့် အားကောင်းသော မဟာမှော်အရှင် များစွာ ရှိနေ၏။ သို့သော် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဘက်တွင်မူ လျှော်ကြိုးနည်းပညာရှင် တစ်ဦးတည်းသာ ရှိနေခဲ့သည်။
အခြေအနေမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အပေါ် တစ်ပန်းရှုံး နေခဲ့သည်။ သူတို့လည်း နတ်ဘုရား တိုင်းပြည်စစ်တပ်က တိုက်ပွဲတွင် ပါဝင်လာလိမ့်မည်ဟု ကြိုခန့်မှန်း မိခဲ့ကြသည်။ သို့သော် သူတို့၏ ဗိုလ်ချုပ်ရှီဒန်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများနှင့် သစ္စာဖောက်များ အသုံးပြုခြင်း အစီအစဉ်မှာ ကျရှုံးခဲ့သည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဒုတိယ အုပ်စုစစ်ပွဲကို ရှုံးနိမ့် ရတော့မည်လော။
အကယ်၍ အာသာ,သာ ရှိနေပါက သူ့တွင် အစီအစဉ်ကောင်း တစ်ခု ရှိပေလိမ့်မည်။ ဘောင်းဘီမဝတ်သူမှာ ဤအတွေး ရှိနေခဲ့သည်။ ဆယ်ဗားနပ်စ်က လေထဲသို့ ခုန်တက်ကာ မြားသုံးစင်း ပစ်သည်။ ဆယ်ဗားနပ်စ်တွင် အထက်တန်းစား လေးပစ်စွမ်းရည်များ ရှိနေပြီး ခြေလှမ်းတစ်ရာ အတွင်းရှိ မည်သည့် အရာကိုမဆို ထိမှန်အောင် ပစ်နိုင်သည်။
သို့သော် သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်များမှာ ဗစ်တိုးရီးယား မြို့သားများနှင့် နတ်ဘုရား တိုင်းပြည်မှ စစ်သားများ၏ ပေါင်းစပ်စွမ်းအားနှင့် နှိုင်းယှဉ်လိုက်လျှင် မှေးမှိန် နေခဲ့သည်။
ဗစ်တိုးရီးယားမြို့သား တစ်ဦးက ဆယ်ဗားနပ်စ်ဆီသို့ ပြေးဝင် တိုက်ခိုက်ခဲ့သည်၊ ၎င်းမှာ ပုံပျက်နေသော လူဆိုးလေးပင်။ သူက ဆယ်ဗားနပ်စ်ကို မှတ်မိသည်။ အကြောင်းမှာ သူမ,မှာ ထင်ရှားသော ဂိမ်းမာ တစ်ဦး ဖြစ်ပြီး ဂိမ်းမာ များစွာက သူမ အကြောင်း ပြောဆိုကာ သူမ၏ ဓာတ်ပုံကိုလည်း မြင်ဖူး ခဲ့ကြသောကြောင့်ပင်။ အော့ခ် အများစုမှာ အသွင်အပြင်အရ ဆင်တူသော်လည်း သူတို့၏ ပစ္စည်း ကိရိယာများမှာတော့ အလွန် ကွာခြားလှ၏။ ထိုအရာမှာ ဂိမ်း၏ ဆွဲဆောင်မှု ရှိသော အစိတ်အပိုင်း တစ်ခုပင်။ ၎င်းစနစ်က ဂိမ်းမာများအား ရင်ကာချပ်ဝတ်ပေါ်တွင် ဝက်တစ်ကောင် ပုံဆွဲခြင်း ကဲ့သို့သော အသေးစိတ် အရာများအထိ သူတို့၏ ပစ္စည်း ကိရိယာများကို စိတ်ကြိုက်မွမ်းမံ အလှဆင်ခွင့် ပြုထားသည်။
ဆယ်ဗားနပ်စ်မှာ သူမ၏ ရင်ကာချပ်ဝတ်ပေါ်တွင် ဝက်တစ်ကောင်ပုံ မရေးဆွဲ ထားခဲ့သော်လည်း လူဆိုးလေးမှာ သူမကို ချက်ချင်း မှတ်မိနိုင်ခဲ့သည်။
လူဆိုးလေး ခုန်တက်ကာ သူမ၏ မြားများကို ကာကွယ် ခဲ့သည်။ သူ လေထဲမှ ပြန်အကျတွင် သူ၏ ဓားတိုကို သူမ၏ လည်ပင်းဆီသို့ ကရုဏာမဲ့စွာ ခုတ်ပိုင်း လိုက်သည်။ လူဆိုးလေး၏ လက်နက်အဆင့်မှာ ဆယ်ဗားနပ်စ်ထက် အဆင့်နှစ်ဆင့်မျှ မြင့်နေသည်။
ဆယ်ဗားနပ်စ် ဘေးသို့ ယိမ်းကာ ရှောင်ခဲ့သော်လည်း သူမ၏ လက်မှာ ခုတ်ပိုင်းခြင်း ခံခဲ့ရသည်။ သူမ ပြန်တုံ့ပြန်ရန် အချိန် မရခဲ့ပေ။ လူဆိုးလေးမှာ လက်တစ်ဖက် ခုတ်ပိုင်းရုံမျှဖြင့် မကျေနပ်ဘဲ သူ၏ ဓားတိုကို သူမ၏ လည်ပင်းသို့ လျင်မြန်စွာ ပြန်ခုတ်ပိုင်းလိုက်သည်။
ဆယ်ဗားနပ်စ်က ရွှံ့ဗွက်ထူသော မြေပြင်ပေါ်သို့ လှိမ့်ချကာ မုဆိုးဒူးထောက် ပြန်ထထိုင်ရင်း အော်ပြော လိုက်သည်။ "လူဆိုးလေး၊ နင်က ရက်စက်တယ်။ ဒါပေမဲ့ သိပ်မောက်မာ မနေနဲ့၊ ဒီနေ့အောင်ပွဲက ငါတို့အတွက်ပဲ။"
ဆယ်ဗားနပ်စ် ရန်စအော်ဟစ် ခဲ့သော်လည်း လူဆိုးလေး အတွက်မူ ၎င်းမှာ အရည်အချင်းမရှိမှု နှင့် ဒေါသထုတ်ပြခြင်း တစ်ခုသာ ဖြစ်၏။ တိုက်ပွဲ ပြီးဆုံးရန် နာရီဝက်မျှသာ ကျန်တော့သည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ဤအချိန်တိုအတွင်း အမှောင်ဝင်ပေါက်ကို ပြန်လည် ထိန်းချုပ်မှု ရယူရန်မှာ မဖြစ်နိုင်တော့ပေ။ နတ်ဘုရား တိုင်းပြည် စစ်တပ် အများစုပင်လျှင် မြေအောက်လောကသို့ ဝင်ရောက်နှင့်ပြီး ဖြစ်နေသည်။
တိုက်ပွဲချိန်ခွင်လျှာမှာ ဗစ်တိုးရီးယား မြို့သားများ၏ ဘက်တွင် အလေးသာနေသည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သား လူပင်လယ်ပြင်ကို လှမ်းကြည့်ရင်း ဆယ်ဗားနပ်စ်မှာ မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။
ထိုအချိန်တွင်ပင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ် လာခဲ့သည်။ ကြီးမားသော အရာဝတ္ထု တစ်ခုက မြေပြင်ပေါ်သို့ ကျဆင်းလာပြီး တွင်းနက် တစ်ခုအား ဖန်တီး ခဲ့သည်။ ဖုန်မှုန့်များနှင့် မီးခိုးမြူများ ရှင်းလင်း သွားသည့်အခါတွင်တော့ ဂန်ဒမ် တစ်ခုက လူတိုင်း၏ ရှေ့တွင် ထွက်ပေါ် လာခဲ့သည်။