အကျဉ်းသားများ
Vol. 35 Ch. 513
"ဘုရားရေ... အဲ့ဒီ မွန်းစတားက ဘာကြီးလဲ။"
ဂျော့ခ်ျက အော့ခ် တစ်ဦးနှင့် တိုက်ခိုက် နေခဲ့သည်။ သူ သူ၏ ခေါင်းကို မော့လိုက်သည့်အခါ စစ်မြေပြင်၏ အလယ်တွင် ဂန်ဒမ် ဆင်းသက်လာသည်ကို မြင်လိုက် ရသည်။ ဂန်ဒမ် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မြေအောက်လောက သတ္တဝါအားလုံးက အားပေးကြွေးကြော် ခဲ့ကြသည်။ အမှောင်ဝင်ပေါက် အထက်တွင် ယာဉ်ပျံကြီး တစ်စင်းလည်း ပျံဝဲနေခဲ့၏။ အမှောင်အမြောက်များမှာ အောက်မှ ဗစ်တိုးရီးယား မြို့သားများဆီသို့ ချိန်ရွယ် ထားခဲ့သည်။
ဂျော့ခ်ျမှာ ထိုသို့သော ကြောက်မက်ဖွယ် လက်နက်များကို ဘယ်တော့ကမှ မမြင်ဖူးခဲ့ပေ။ သူက ယင်းတို့ အားကောင်းသည်ကို စိတ်ကူးကြည့်နိုင်သည်။
"အိုး ဘုရား၊ အဲ့ဒါက ဂန်ဒမ်ပဲ။ ငါတို့ကျ စစ်ကူတွေ ရှာတွေ့ခဲ့ပြီး သူတို့ကျတော့ ဂန်ဒမ်ကို ရခဲ့ကြတယ်။ ဒါကြီးက မတရားဘူး။"
"ဒါက ဟာသပဲ။ ဂန်ဒမ်က ငါတို့အတွက် လာနေတာဟ။ ငါတို့ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ။"
"ကန့်ကွက်တယ်၊ ကန့်ကွက်တယ်ဗျို့။ ငါတို့ကို ထာဝရဝက်တွေဆီ အမှောင်ဝင်ပေါက်ကို စွန့်လွှတ်ဖို့ အတင်းအကျပ် စေခိုင်းနေကြပါတယ်။"
ဂျော့ခ်ျမှာ ဂန်ဒမ် ထွက်ပေါ်လာသည့်အခါ ဗစ်တိုးရီးယား မြို့သားများ၏ စိတ်ဓာတ် ကျဆင်းသွားသည်ကို အံ့ဩတကြီး တွေ့ရှိ ခဲ့ရသည်။
သူတို့က မကျေမနပ် ပြောဆိုကာ မိမိကိုယ်ကို သတ်သေလို နေခဲ့ကြသည်။ အချို့ဗစ်တိုးရီးယား မြို့သားများမှာမှာမူ လှဲအိပ်ချလိုက် သကဲ့သို့ မြေပြင်ပေါ်တွင်ပင် ဆန့်ဆန့်ကြီး လဲနေခဲ့ကြသည်။
သူတို့မှာ လူနည်းစုသာ ဖြစ်၏။ ဗစ်တိုးရီးယားမြို့သား အများစုမှာတော့ ဆက်လက် တိုက်ခိုက်နေကြဆဲပင်။
ဆယ်ဗားနပ်စ်ကို သတ်ဖြတ်ရန် ကြိုးစားနေသော လူဆိုးလေးမှာ သူ၏ အစီအစဉ်ကို ရပ်တန့် လိုက်သည်။ သူ ဆယ်ဗားနပ်စ်ကို သတ်ဖြတ်ပစ်ခြင်းဖြင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများကို စိတ်ဓာတ် ကျဆင်းစေနိုင်မည်ဟု တွက်ဆထားခဲ့သည်။ အကြောင်းမှာ ဆယ်ဗားနပ်စ်မှာ နာမည်ကြီး တပ်မှူးများထဲမှ တစ်ဦး ဖြစ်သောကြောင့်ပင်။ သို့သော် ဂန်ဒမ် ထွက်ပေါ်လာသည်နှင့် လူဆိုးလေးမှာ ပြန်ဆုတ်ခဲ့တော့သည်။
ဆယ်ဗားနပ်စ် သူမ၏ ခေါင်းကို မော့ကာ ဖြည်းညင်းစွာ ပွင့်လာသော ဂန်ဒမ် ယာဉ်မောင်းခန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဂိမ်းမာများက ယာဉ်မောင်းခန်းတွင် အာသာနှင့် လျှော်ကြိုးနည်းပညာရှင်ကို တွေ့လိုက်ကြသည်။
"အစ်ကို အာသာ။" ဆယ်ဗားနပ်စ် ဂန်ဒမ်ကို စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်စဉ် ဂိမ်းမာများမှာတော့ အာသာနှင့် လျှော်ကြိုးနည်းပညာရှင် အတွက် အားပေးကြွေးကြော် ခဲ့ကြသည်။
ဂန်ဒမ်က ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ယာဉ်မောင်းခန်းမှာ ပြန်ပိတ် သွားခဲ့သည်။ ထို့နောက် ၎င်းက လက်ထဲမှ ဧရာမ ဓားရှည်တစ်လက်ကို ထုတ်လိုက်သည်။
ဓားရှည်ပေါ်မှ မာနာစွမ်းအင်မှာ အပြာရောင် ရောင်ခြည်များဖြင့် တောက်ပ နေခဲ့သည်။
ဂန်ဒမ်က သူ၏ ဓားကို မြှောက်ကာ ခုတ်ပိုင်းချလိုက်၏။
အာသာမှာ နတ်ဘုရား တိုင်းပြည်မှ စစ်သားများ ရှိသော နေရာများအား ခုတ်ပိုင်းမိခြင်းကို ရှောင်ရန် ကြိုးစားခဲ့ပြီး ဗစ်တိုးရီးယား မြို့သားများ ရှိသော နေရာများကိုသာ အာရုံစိုက် တိုက်ခိုက်ခဲ့သည်။ ဗစ်တိုးရီးယား မြို့သားများမှာ ဂန်ဒမ်၏ တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ဘဲ သူတို့ထဲမှ ရာပေါင်း များစွာ ကျဆုံး ခဲ့ကြရသည်။ သူတို့၏ ပစ္စည်း ကိရိယာများပင် ပျက်စီး သွားခဲ့သည်။ ထိုအရာမှာ အနာကျင်ရဆုံး အပိုင်းပင်။
ဗစ်တိုးရီးယား မြို့သား များစွာ ပြန်ထွက်ပြေးစ ပြုလာ ခဲ့ကြသည်။ တိုက်ပွဲစစ်ဆင်ရေး တစ်ခုအား ရှုံးနိမ့်ရခြင်းမှာ ကိစ္စမရှိသေး။ သူတို့၏ ပစ္စည်း ကိရိယာများ အားလုံး ဆုံးရှုံးသွားရပါမူ ၎င်းမှာ ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်သွားပေလိမ့်မည်။ အကယ်၍ သူတို့သာ အော့ဖ်လိုင်း ဆင်းခြင်းဖြင့် သူတို့၏ ဇာတ်ကောင်များကို ချက်ချင်း ပျောက်ကွယ် စေနိုင်ခဲ့ပါက သူတို့ ထိုသို့ပင် ပြုလုပ်ခဲ့ကြ ပေလိမ့်မည်။ သို့သော် ဒီဂိမ်း၏ အော့ဖ်လိုင်း ဆင်းခြင်းမှာ သူတို့၏ ထွက်ပြေးနိုင်ခြေကို ပယ်ဖျက်သွား ပေလိမ့်မည်။
ဗစ်တိုးရီးယား မြို့သားများ ထိန်းသိမ်း နေရာယူထားသော ခံစစ်စည်းများ ပြိုကွဲသွားပြီးနောက် နတ်ဘုရား တိုင်းပြည်မှ စစ်သားများလည်း လိုက်ပြိုလာ ခဲ့ကြသည်။ ဗိုလ်ချုပ်များက သူတို့၏ စစ်သားများကို တပ်ဖွဲ့ပြန်စုစည်းရန် ကြိုးစား ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
"ဆုတ်ခွာကြ။ လူတိုင်း၊ ဆုတ်ခွာကြတော့။"
ဗိုလ်ချုပ်ရှီဒန် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့ရှိ ခဲ့သည်။ ဂန်ဒမ် ထွက်ပေါ်လာသည်နှင့် ဗစ်တိုးရီးယား မြို့သားများနှင့် နတ်ဘုရား တိုင်းပြည်မှ စစ်သားများအဖို့ မြေအောက်လောက သတ္တဝါများကို အနိုင်ယူရန်မှာ မဖြစ်နိုင်တော့ပေ။ သူတို့၏ အင်အားကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဗိုလ်ချုပ်ရှီဒန်က ပြန်ဆုတ်ရန် ဆုံးဖြတ်ခဲ့သည်။
ဗိုလ်ချုပ်ရှီဒန်က အမှောင်ဝင်ပေါက်ဆီသို့ ချီတက်သွားစဉ် ဂန်ဒမ်မှာ ဝင်ပေါက်ဆီသို့ ပြေးဝင် တိုက်ခိုက်ကာ သူ့လမ်းတစ်လျှောက်ရှိ ရန်သူများကို ခုတ်ပိုင်း နေခဲ့သည်။
ဂန်ဒမ်မှာ အမှောင်ဝင်ပေါက်ဆီသို့ သွားရာလမ်းကို ပိတ်ဆို့ ထားခဲ့သောကြောင့် ဗစ်တိုးရီးယား မြို့သားများနှင့် နတ်ဘုရား တိုင်းပြည်မှ စစ်သားများအဖို့ မြေပေါ်ကမ္ဘာသို့ ပြန်နိုင်ခြင်း မရှိတော့ပေ။
ထို့နောက် မြေအောက်လောက သတ္တဝါများက စစ်သားများကို ဖမ်းဆီးရန် အမျိုးမျိုးသော ကိရိယာများကို အသုံးပြု လာခဲ့ကြသည်။ သူတို့က ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကို မမြင်တွေ့ဟန်ပင် ဆောင်ခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အားလုံးက နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို ဖမ်းဆီးရန် စနစ်မစ်ရှင် တစ်ခု ရရှိခဲ့ကြပြီး သူတို့ စစ်သားများကို ဆုများဖြင့် ပြန်၍ လဲလှယ် နိုင်ပေမည်။ ထာဝရတိုင်းပြည်မှ သတ္တဝါများက တိုက်ပွဲကို အနိုင်ရခဲ့ပြီး သူတို့ ဆုများ ပိုရလိုကြသည်။ ဖမ်းဆီးခံထားရသော စစ်သားများကို နောက်တန်းသို့ ပို့ဆောင်လိုက်သည်။ စစ်သားများကို လမ်းဆုံလမ်းခွ ကင်းစခန်းသို့ ပြန်သယ်ဆောင်သွားရန် ဘီးတယ်လ်မွန် များစွာ စောင့်ဆိုင်း နေခဲ့ကြ၏။ ထို့နောက် စစ်သားများကို ကင်းစခန်း နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် ထာဝရတိုင်းပြည်သို့ လိုက်ပါ ပို့ဆောင်ခြင်း ခံရ ပေလိမ့်မည်။
ထိုစစ်သားများမှာ မှော်ကျောက်တုံး များစွာ တန်ဖိုး ရှိနေခဲ့၏။ ရှားလော့ခ်မှာ ထိုစစ်သားများကို ဘယ်တော့မှ ထွက်ပြေးခွင့်ပြုမည် မဟုတ်ပေ။
ရှားလော့ခ်မှာ စစ်သားများကို သတ်ဖြတ်ပစ်ခြင်းမှာ အဓိပ္ပာယ်မရှိဟု ခံစားခဲ့ရသည်။ သူက အသက်ရှင်နေသော လူသားများထံမှသာ မှော်ကျောက်တုံးများ ထုတ်ယူနိုင်မည် မဟုတ်ပါလော။
စစ်သားများ၏ အကာအကွယ်ဖြင့် ဗိုလ်ချုပ်ရှီဒန်မှာ ပိတ်ဆို့မှုကို ထိုးဖောက်၍ လွတ်မြောက်နိုင်ခဲ့သည်မှာ ကံကောင်းလှ၏။ သူ အမှောင်ဝင်ပေါက်ကို ဖြတ်ကျော် သွားပြီးသည့်အခါ သူ အသက်ရှင်နေဆဲ ဖြစ်သည့် အတွက် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ သူ၏ နောက်မှ စစ်သားများ အားလုံးလိုလို ဖမ်းဆီးခြင်း ခံခဲ့ရသည်။ သူတို့ အသတ်မခံ ခဲ့ရသော်လည်း ဗိုလ်ချုပ်ရှီဒန် အတွေ့အကြုံအရဆိုလျှင် ၎င်းမှာ အချိန်ကာလ တစ်ခုသာ ကြာမည် ဖြစ်၏။
...
ဒုတိယ အုပ်စုစစ်ပွဲမှာ ဂန်ဒမ်၏ ပြဇာတ်ဆန်ဆန် ထွက်ပေါ်လာမှုဖြင့် အဆုံးသတ်ခဲ့သည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ဗစ်တိုးရီးယား မြို့သားများနှင့် နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို လွှမ်းမိုး နိုင်ခဲ့ကြသည်။ နတ်ဘုရား တိုင်းပြည်မှ အားကောင်းသော စစ်သား များစွာ ရှိနေ ခဲ့သော်လည်း ဂန်ဒမ်မှာ အလွန် အားကောင်းလွန်း နေသည်။ စစ်သားများမှာ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသောကြောင့် သူတို့ ဗစ်တိုးရီးယား မြို့သားများကဲ့သို့ပင် ပြန်ဆုတ်ခွာခဲ့မိသည်။ အကယ်၍ သူတို့သာ လက်မလျှော့ဘဲ မြင့်မြတ်သော အလင်းတန်းစွမ်းအားကို ဆက်အသုံးပြုခဲ့ပါက သူတို့ ဂန်ဒမ်ကို အနိုင်ယူနိုင် ပေလိမ့်မည်။
သို့သော် အချိန်ကို နောက်ပြန်လှည့်ရန် နည်းလမ်း မရှိပေ။
ဂျော့ခ်ျမှာ မူးဝေ နေခဲ့သည်။ ဗိုလ်ချုပ်ရှီဒန်ကို ကာကွယ်ပေးနိုင်ရန် သူသည်လည်း စစ်သားများ နှင့်အတူ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ဂျော့ခ်ျကို ထိခိုက်စေခြင်း မရှိခဲ့ကြပေ။ ယင်းအစား သူ့ကို ထာဝရတိုင်းပြည်သို့ မပို့ဆောင်မီ ချည်နှောင် ထားခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ထာဝရတိုင်းပြည်သို့ ဒုတိယအကြိမ် ရောက်လာသော ဂျော့ခ်ျအပေါ် ဖော်ရွေကြ၏။ သူတို့က ဂျော့ခ်ျတွင် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရှိလိမ့်မည်ဟု မျှော်လင့်ထားသောကြောင့် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။ အကယ်၍ သူတို့သာ သူ့ကို ထာဝရတိုင်းပြည်မှ ထွက်ပြေး လွတ်မြောက်အောင် ကူညီပေးခဲ့ပါက နောက်ပိုင်းတွင် သူတို့ ရက်ရောသော ဆုအချို့ ရနိုင်လောက်မည်။
ဒန်ဂျင်အရှင် ခန်းမဆောင်တွင်တော့ ရှားလော့ခ်နှင့် ဘရုတို့ လူသားအကျဉ်းသားများ အတွက် စီစဉ်မှုများ ပြုလုပ်ရန်အတွက် ဆွေးနွေး နေခဲ့ကြသည်။