ဂနိုင်သား၏ ထူးဆန်းသော တွေ့ကြုံမှု
Vol. 35 Ch. 516
ယခင်တိုက်ပွဲ အပြီးတွင် ဂနိုင်သားမှာ အလွန် ပျော်ရွှင် နေခဲ့သည်။ သူက နတ်ဘုရား တိုင်းပြည်မှ အကျဉ်းသားများကို ကယ်တင်ရန်နှင့် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ဖြစ်ပေါ်စေရန် ကြက်ဥခေါင်းကို လိမ်လည် လှည့်ဖြားနိုင်ခြင်း မရှိ ခဲ့သော်လည်း သူ ဂိမ်းစနစ်မှ ရက်ရောသော ဆုများကိုတော့ ရရှိခဲ့သည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက တိုက်ပွဲ စစ်ဆင်ရေးတွင် အောင်ပွဲ ရရှိခဲ့သည့် အတိုင်းပင် ထာဝရတိုင်းပြည်မှ ဂိမ်းမာများကလည်း အမှောင်ဝင်ပေါက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲစစ်ဆင်ရေး အောင်ပွဲ တစ်ခုကို ရရှိ ခဲ့ကြသည်။ သူတို့က ရက်ရောသော ဆုများလည်း ရရှိခဲ့ကြ၏။ သူတို့က လမ်းဆုံလမ်းခွ ကင်းစခန်း သို့မဟုတ် မြေပေါ်ကမ္ဘာရှိ ဗစ်တိုးရီးယား တောအုပ်တွင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကို ချုံခို တိုက်ခိုက်ရန် အမှောင်ဝင်ပေါက်ကို အသုံးပြု နိုင်ပေသည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကို တိုက်ခိုက်ခြင်းမှာ ပစ္စည်း ကိရိယာကောင်းများနှင့် ပစ္စည်းများလဲလှယ်ရန် အသုံးပြုနိုင်သော အလွန် အရေးပါသည့် ဂုဏ်သတင်း ရမှတ်များလည်း ရရှိစေ ပေလိမ့်မည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ အမြတ်အစွန်းကြီး တစ်ခု ရရှိ ခဲ့ကြသည်။
သူတို့က နတ်ဘုရား တိုင်းပြည်မှ အကျဉ်းသားများကို လိုက်ပါပို့ဆောင်နေစဉ် အတောအတွင်းတွင်လည်း ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် များစွာ လက်ခံခဲ့ရသည်။ ဤအကျဉ်းသား အများစုမှာ ဂိမ်းမာများအား သူတို့ကို မြေအောက်လောကမှ ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးရန် တောင်းဆို ခဲ့ကြပြီး ရက်ရောသောဆုများ ပေးအပ်မည်ဟု ကတိ ပေးခဲ့ကြသည်။
ဂိမ်းမာများမှာ အကျဉ်းသားများ အမှန်အတိုင်း ပြော နေ၊ မပြော နေသည်ကို ဂရုမစိုက်ကြပေ။ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များ ရရှိရန်မှာ တကယ် မလွယ်ကူပေ။ ဂိမ်းမာများမှာ ယင်းတို့ကို စမ်းသပ်ကြရမည်သာ။ အကယ်၍ မစ်ရှင်များသာ အစစ်အမှန် ဖြစ်နေခဲ့ပါက မည်သို့လုပ်မည်နည်း။
သို့သော် ဂနိုင်သားမှာ မျှော်လင့်ချက် များများစားစား မထားခဲ့ပေ။ သူနှင့် ဂိမ်းမာများက အကျဉ်းသားများကို လွှတ်ပေးနိုင်ရန် ကြက်ဥခေါင်းအပေါ် မန္တန် တစ်ခု ရွတ်ရန် ကြိုးစားခဲ့ကြသေးသည်။ သို့သော် ထိုအစီအစဉ်လည်း ကျရှုံးခဲ့ရပြီးနောက် ဂနိုင်သားမှာ ထိုကိစ္စအပေါ်တွင် နောက်ထပ် ကြိုးပမ်းမှု တစ်စုံတစ်ရာ မပြုလုပ်တော့ပေ။ သူက နေ့စဉ် မစ်ရှင်များ ပိုမို ပြီးမြောက်အောင် လုပ်ဆောင်ရန်၊ ကန့်သတ်ဒန်ဂျင်နယ်မြေကို စိန်ခေါ်ရန်၊ ဆောင်းတောင်ကုန်းမြို့တွင် စျေးဝယ်ထွက်ရန်၊ အာသာ နှင့်အတူ ဗစ်တိုးရီးယား တောအုပ်တွင် ဗစ်တိုးရီးယား မြို့သားများကို လုယက်ရန်၊ ပြိုင်ဘက် အစည်းအရုံးဝင်များနှင့် တိုက်ခိုက်ရန်၊ အစည်းအရုံးဝင် အသစ်များကို လမ်းညွှန်ရန်နှင့် သူ၏ ပစ္စည်း ကိရိယာများကို တိုးတက်အောင် ပြုလုပ်ရန်သာ ဆန္ဒရှိခဲ့သည်။ ဖြစ်နိုင်ပါက သူ အမိုက်စား ပရိဘောဂပစ္စည်း အချို့နှင့် ထူးဆန်းသော အလှဆင်ပစ္စည်း အချို့ကိုလည်း ရလိုခဲ့သည်။
ဂနိုင်သားမှာ များများစားစား မတောင့်တခဲ့ပေ။
တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက် များများစားစား မလိုလားသည့်အခါ ကံကောင်းခြင်းက သူတို့ ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာတတ်သည်။ ဂနိုင်သားမှာလည်း ထိုသို့သော အခြေအနေနှင့် ကြုံတွေ့ ခဲ့ရသည်။
သူက အာသာနှင့်သူ၏ အဖော်များနှင့် တွေ့ဆုံရန် သွားနေစဉ် ကျောက်စရစ်ခဲ တစ်လုံးက သူ၏ ဦးခေါင်း နောက်စေ့ကို လာထိမှန်ခဲ့သည်။ ထို့နောက် သူ၏ အမြင်အာရုံမှာ မှောင်မိုက်သွားပြီး သူ သတိလစ် လဲကျ သွားခဲ့သည်။ သတိပြန်လည် လာသည့် အခါတွင်တော့ သူက ဂိမ်းဝင်ရောက်ရေး မျက်နှာပြင်တွင် ရှိနေတော့သည်။
"သောက်ကျိုးနည်းပဲ။ ဘာအခြေအနေလဲဟ။"
ဂနိုင်သားမှာ ထိတ်လန့်မှုကို ခံစားခဲ့ရသည်။ သူ အော့ဖ်လိုင်း ဆင်းသွား ရသကဲ့သို့လည်း ခံစားခဲ့ရ၏။ သူက သေဆုံးသွားခြင်းတော့ မဟုတ်ပေ။ အကြောင်းမှာ အကယ်၍ သူသာ သေဆုံးခဲ့ပါက သူ့ကို ဇာတ်ကောင် အသစ် ဖန်တီးရန် တစ်ခု သို့မဟုတ် ပြန်လည် ရှင်သန်ရန် ရွေးချယ်စရာ တစ်ခုခု ပေးထားခြင်း ခံရ ပေလိမ့်မည်။
သူက သတိလစ်အောင် ရိုက်နှက်ခြင်း ခံခဲ့ရခြင်းသာ။
သူ သူ၏ ခေါင်းပေါ်သို့ အေးစက်စက် ခံစားမှုတစ်ခု တွားတက်လာသည်ကို ခံစားခဲ့ရပြီး ထိတ်လန့် သွားခဲ့သည်။ သူက ထာဝရတိုင်းပြည်၏ လုံခြုံရေးဇုန်တွင် ရှိနေခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ တခြား ဂိမ်းမာများ သူ့ကို ဝင်ရောက် မတိုက်ခိုက်နိုင်ကြောင်း အဓိပ္ပါယ် ရသည်။ ထို့ကြောင့် သူ့ကို ရိုက်နှက်ခဲ့သော သတ္တဝါမှာ ဂိမ်းမာ တစ်ဦး မဟုတ်နိုင်ပေ။ ဖြစ်နိုင်သည်မှာ ၎င်းမှာ ထူးဆန်းသော တွေ့ကြုံမှု တစ်ခုလား။
ဂနိုင်သားမှာ စိတ်လှုပ်ရှား နေခဲ့သည်။ သူ ဂိမ်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစား ခဲ့သော်လည်း မျက်နှာပြင်မှာ အနက်ရောင် သက်သက်သာ ဖြစ်နေခဲ့သည်။ သူ သတိလစ်နေဆဲပင်။
သူ တိုးတက်မှု တစ်စုံတစ်ရာမရှိဘဲ မိနစ်ဆယ်ဂဏန်းကြာ စောင့်ဆိုင်းပြီးနောက် သူ အာသာနှင့် ဘောင်းဘီမဝတ်သူကို ဝီချက်ဖြင့် အဆက်အသွယ် ပြုရန် ဆုံးဖြတ် လိုက်သည်။
ဝီချက်အုပ်စု [ဒန်ဂျင်မွန်းစတားများ စကားဝိုင်း အုပ်စု]:
[ဆယ့်ခုနစ်နှစ်အတွင်း(ဂနိုင်သား)]: အမလေး။ ငါ ကိစ္စကြီး တစ်ခုခု ရှာတွေ့ခဲ့ပြီ။
[အရေးမပါသော သူရဲကောင်းဆန်သော သူရဲကောင်း(ဘောင်းဘီမဝတ်သူ)]: စကား ကောင်းကောင်း ပြောစမ်းပါ။ ငါတို့ကို လာမကလိနေနဲ့။ မင်း ဘာကို ပြောချင်တာလဲ။
[အမျိုးသားရတနာ(ရင်မွှေးမီးလောင်)]: ဘာကိစ္စလဲ။ မင်း ဘာဖြစ်လို့ ဂိမ်းမဆော့ဘဲ ဝီချက်စာတွေ ပို့နေ တာလဲ။
ဂနိုင်သားမှာ သူ၏ ရဲဘော်များထံမှ ချက်ချင်း တုံ့ပြန်မှုများ ရရှိခဲ့သည်။
သူ၌ စနောက်နေရန် အချိန်မရှိခဲ့ဘဲ သူ၏ တွေ့ကြုံမှုကို သူတို့အား လျင်မြန်စွာ ပြောပြခဲ့သည်။ လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။ သူက မည်သို့ဖြင့် သတိလစ်အောင် ရိုက်နှက်ခြင်း ခံခဲ့ရသနည်း။ ဖြစ်နိုင်သည်မှာ ၎င်းမှာ ထူးဆန်းသော တွေ့ကြုံမှု တစ်ခုလား။
ဂနိုင်သားမှာလည်း သေချာ မသိပေ။ သူတို့ သူ့ကို စစ်ဆေး ကြည့်ရှုနိုင်စေရန် သူ သတိလစ် သွားခဲ့သော နေရာကို လူတိုင်းအား အသိပေးခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် သူက ဂိမ်းအတွင်းသို့ ထပ်ခါထပ်ခါ ပြန်ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သည်။ သူ စိတ်လှုပ်ရှားပြီး စိုးရိမ် နေခဲ့သည်။
မိနစ်ဆယ်ဂဏန်းမျှ ကြာပြီးနောက် သူ နောက်ဆုံးတွင် ဂိမ်းအတွင်းသို့ ဝင်ရောက်နိုင်သွားကာ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူက မှိန်ဖျော့သော အလင်းရောင်နှင့် အမှောင်ထဲမှ မျက်လုံးတစ်စုံကို သတိပြု မိလိုက်သည်။
"မင်း နိုးလာပြီ၊ အရေးမပါတဲ့ ခွေးခေါင်းလူသား။" မျက်လုံးတစ်စုံ၏ ပိုင်ရှင်က အသံအက်ကွဲစွာဖြင့် ပြောလိုက်သည်။ ဂနိုင်သား တံတွေး မျိုချလိုက်သည်။ သူ စိတ်ထဲတွင်တော့ ပျော်နေလေပြီ။ နောက်ဆုံးတွင်တော့ သူလည်း ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရရှိခဲ့ပြီ။
"ဟုတ်တယ်၊ ငါပဲ။ မင်း ငါ့ အကူအညီကို လိုနေတာ ဖြစ်ရမယ်။ ဒါကြောင့် မင်း ငါ့ကို သတိလစ်အောင် ရိုက်ခဲ့တာ။ ကိစ္စ မရှိပါဘူး။ ငါ ဘယ်လို ကူညီနိုင်ပေးနိုင်မလဲသာ ပြောပြပေး။ ငါ မင်းကို သေချာပေါက် ကူညီပေးမယ်။" ဂနိုင်သားက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သော်လည်း ပုန်းအောင်းနေသော ပုံရိပ်မှာ ပြန်တုံ့ပြန်ရန် အလျင်လိုခြင်း မရှိပေ။
ထိုပုံရိပ်မှာ ဂနိုင်သားကို ခဏမျှ အကဲဖြတ်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "မင်း ဖော်ရွေတာကို မြင်တွေ့ရလို့ ငါ စိတ်သက်သာရာ ရတယ်။ စိတ်မပူနဲ့၊ ငါ မင်းရဲ့ အကူအညီကို လိုနေတာ မဟုတ်ဘူး။ ငါ မင်းကို ကူညီပေးဖို့ ဒီကို ရောက်လာတာ ခွေးခေါင်းလူသား။ ဒါက မင်းရဲ့ ကံကောင်းတဲ့ နေ့ပဲ။"
ပုန်းအောင်းနေသော ပုံရိပ်မှာ လူလိမ် တစ်ဦးကဲ့သို့ ကွေ့ပတ် ပြောဆို နေခဲ့သည်။ သူ၏ လေသံအရ ထိုသူမှာ လူလိမ် တစ်ဦးနှင့် ဘာမှ မခြားနားခဲ့ပေ။ သို့သော် ဂနိုင်သားမှာ ဂရုမစိုက်ပေ။ ၎င်းမှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ဖြစ်နေသရွေ့ သူဘာပြောပြော သဘောတူမည်သာ။ သူက ခေါင်းညိတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါ မင်းရဲ့ အကူအညီ လိုတယ်။ မင်းက ငါ့ဆန္ဒ တစ်ခုကို ဖြည့်ဆည်း ပေးမှာလား။ ငါ ဘယ်ပစ္စည်း ကိရိယာကိုမဆို လက်ခံရယူဖို့ ဆန္ဒ ရှိပါတယ်။"
"မဟုတ်ဘူး၊ ဒါက အဲ့ကိစ္စ မဟုတ်ဘူး။ ငါ မင်းရဲ့ သူငယ်ချင်းတွေကို ကယ်ပေးချင်တယ်။" အမှောင်ပုံရိပ် ပြောလိုက်သည်။
ဂနိုင်သား ခဏမျှ စဉ်းစားပြီးနောက် စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။ "မင်းက အာသာနဲ့ သူ့ အဖော်တွေ အန္တရာယ် ရှိနေတယ်လို့ ပြောချင်တာလား။"
သူ အာသာနှင့် သူ့ အဖွဲ့ဝင် အဖော်များကိုသာ စဉ်းစားမိသည်။ မည်သို့ဆိုဆို ဂနိုင်သားတွင် သူငယ်ချင်း များများစားစား မရှိနေပေ။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အစည်းအရုံးဝင်များမှ လွဲ၍ သူက တခြား ဂိမ်းမာများနှင့် ဂိမ်းတွဲ မကစားခဲ့ပေ။
"မဟုတ်ဘူး၊ သူတို့က မင်း ခုနက ပြောခဲ့တဲ့ သူငယ်ချင်းတွေ ဆိုတာလေ။ သူတို့က ကျေးလက်ဒေသက မင်းရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ဆိုလားပဲ။ မင်း ခုနက နဂါးနက်ကို ပြောခဲ့တာကို ငါ ကြားတယ်။" အမှောင်ပုံရိပ်က အမှောင်ထဲမှ ဖြည်းညင်းစွာ ထွက်လာရင်း ပြောလိုက်သည်။ သူ၏ ခေါင်းမှာ ပြောင်ချောနေပြီး အရေးအကြောင်းများ ထနေခဲ့ကာ သူ၏ မျက်လုံးများမှာလည်း အမှောင်ထဲမှ မျက်လုံးများနှင့် အလွန် ကွာခြားပြီး အရောင် မှေးမှိန် နေခဲ့သည်။ ခေါင်းနောက်တွင် မာကျောသော လိပ်အခွံ တစ်ခု ရှိနေခဲ့သည်။
ဂနိုင်သား အရှေ့တွင် ရပ်နေသည်မှာ လိပ်အို တစ်ကောင်ပင်။ တိတိကျကျ ပြောရလျှင် ၎င်းမှာ ရေလိပ်အို တစ်ကောင်ပင်။ ကုန်းလိပ်နှင့် ရေလိပ်တို့ ကြားတွင် ကွာခြားချက်များ ရှိသည်။
ဤသည်မှာ သာမန် လိပ်တစ်ကောင်တော့ မဟုတ်ပေ။ ဂနိုင်သားမှာ ထိုသူက အရှင်ရှားလော့ခ်၏ အိမ်မွေးတိရစ္ဆာန် တစ်ဖြစ်လည်း အသစ် ထည့်သွင်းထားသော အမ်ပီစီ တစ်ဦး ဖြစ်ကြောင်းကို မှတ်မိနေသည်။
"သူ့ နာမည်က ဖရန်ဂျီပန်နီပဲ။ ငါက ဖရန်ဂျီပန်နီရဲ့ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို ဖြစ်ပေါ် စေခဲ့တယ်ရော။ ငါ အရမ်း ကံကောင်းနေတာပဲ။"