← Chapters

အစီအစဉ် အောင်မြင်ပြီ။

Vol. 35 Ch. 518

အစီအစဉ် အောင်မြင်ပြီ။

Vol. 35 Ch. 518

ဂနိုင်သား ဝီချက်ပေါ်တွင် တင်ပြ ဆွေးနွေးပြီးနောက် တခြား ဂိမ်းမာများမှာလည်း နည်းလမ်း အမျိုးမျိုးဖြင့် ဂနိုင်သား၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်အကြောင်း သတင်း အချက်အလက်များ ရရှိ ခဲ့ကြသည်။ ဤပုန်ကန်မှုကို တားဆီးနိုင် သင့်သော်လည်း ဒန်ဂျင်မှာ လုံခြုံရေးဇုန် တစ်ခု ဖြစ်နေသောကြောင့် ဂိမ်းမာများမှာ သူ့ကို အင်အားသုံး မတားဆီး နိုင်ခဲ့ကြပေ။ သူတို့ အတိုင်းသား ကြည့်ရှုနေရုံမှ တစ်ပါး ဘာမှ ဝင်မလုပ်နိုင် ခဲ့ကြပေ။ ရှားလော့ခ်အား အကြောင်းကြားခြင်းမှာလည်း အသုံးမဝင်ပေ။ အကြောင်းမှာ သူက ထိုကိစ္စကို ဂရုမစိုက်သောကြောင့်ပင်။ သူတို့ပ ကြက်ဥခေါင်းအား ဝင်ရောက် အကြောင်းကြား လိုခဲ့ကြသော်လည်း သူတို့က လိုဏ်ဂူထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။ ထို့အပြင် ကြက်ဥခေါင်းမှာလည်း နားကြပ်တပ်ကာ ကွန်ပျူတာ ဂိမ်းများ ဆော့နေခဲ့သည်။ သူတို့ အော်ခေါ်နေလျှင်ပင် ကြက်ဥခေါင်းမှာ သူတို့ကို အသံကို မကြားနိုငိပေ။

ဂနိုင်သား၏ မစ်ရှင်မှာ အောင်မြင်ခဲ့သည်။ တခြား ဂိမ်းမာများ၏ စောင့်ကြည့်မှုများနှင့် အတားအဆီးများ အောက်တွင်ပင် သူ အကာအရံ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုကို ဖျက်ဆီး ပစ်နိုင်ခဲ့သည်။ သူ ပြဿနာများနှင့် ကြုံတွေ့သည့်အခါတိုင်း ဖြတ်သွားဖြတ်လာ လမ်လျှောက်နေသော ဖိုးဉာဏ်ကျယ်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ တသီးတသန့် နေသော ဖိုးဉာဏ်ကျယ်ပင်လျှင် သူ၏ သဘောထားကို ပြောင်းလဲကာ ဂနိုင်သားသူ၏ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် သူ့အား လမ်းညွှန်မှုတချို့ ပေးအပ်ခဲ့သည်။

ဂနိုင်သားမှာ အလွန် ကံကောင်းသည်နေဟု ခံစားရသည်။ သူ မပြီးမြောက် နိုင်လောက်သော မစ်ရှင်၏ ခက်ခဲသော အစိတ်အပိုင်း များစွာ ရှိနေ ခဲ့သော်လည်း ယင်းတို့ကို လျင်မြန်စွာ ဖြေရှင်းခြင်း ခံခဲ့ရသည်။ အရှင်ရှားလော့ခ်ပင်လျှက် သူ့ အပေါ် လုံးဝ ယုံကြည်မှု ပေးထားခဲ့ပြီး သူက ထာဝရတိုင်းပြည်၏ ဂုဏ်သတင်းကို ပျက်စီးစေမည် မဟုတ်ဟု ယုံကြည် နေသည်။ ဂနိုင်သားမှာ ထိုအရာကို စဉ်းတောင် မစဉ်းစားမိခဲ့ပေ။

ဂနိုင်သားက သူ၏ မစ်ရှင်ကို ပြီးမြောက်ပြီးနောက် ဖရန်ဂျီပန်နီကို ရှာဖွေရန် သွားခဲ့သည်။ ဖရန်ဂျီပန်နီမှာ သတ်မှတ်ထားသော အချိန်နှင့် နေရာတွင် ဂနိုင်သားကို စောင့်နှင့်နေပြီး ဖြစ်သည်။

"မစ်ရှင် ပြီးသွားပြီလား။"

ဖရန်ဂျီပန်နီမှာ အရိပ်များထဲတွင် ပုန်းအောင်း နေခဲ့သည်။ သူတို့၏ ယခင်တွေ့ဆုံရာ နေရာကသာ သူတို့ နောက်တစ်ကြိမ် တွေ့ဆုံနေသော နေရာပင်။

"အင်း၊ ငါ မင်းရဲ့ ညွှန်ကြားချက် တွေအတိုင်း လိုက်နာပြီး အကာအရံရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုကို ဖျက်ဆီးပစ်ခဲ့တယ်။"

ဖရန်ဂျီပန်နီ၏ လွှမ်းမိုးမှုကို ခံနေရ သကဲ့သို့ ဂနိုင်သား၏ အသံမှာ တိုးညင်းသွားပြီး သူ ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်နေ ခဲ့သည်။

"ကောင်းပြီ၊ မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ သိမ်မကြာခင် ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး မင်းရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ကယ်တင် ပေးမယ်။ ဒါပေမဲ့..."

ဖရန်ဂျီပန်နီ စကားမဆုံးမီ ဂနိုင်သား ကြားဖြတ်ကာ မေးလိုက်သည်။ "ဒါပေမဲ့ ဘာပြန်ပြီလဲ။ ငါ မင်း ပြောခဲ့တဲ့ အတိုင်း အားလုံး လုပ်ခဲ့တယ်။ ဟုတ်တယ်၊ မင်း ငါ့ကို ဘာဆုတွေ ပေးမယ်ဆိုတဲ့အကြောင်း မပြောဘူး။ ငါ့ အတွက် မင်းကို အလကား ဆက်ကူညီပေးဖို့ ခက်နေပြီ။"

"ဆုတွေလား။ ဘာဆုတွေလဲ။ ငါ မင်းကို ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ တောင်းဆိုခဲ့တယ်ဟ။" ဖရန်ဂျီပန်နီ စိတ်မရှည်စွာ ပြောလိုက်ပြီး ဂနိုင်သားဆီသို့ ပြေးဝင်ကာ သူ၏ လက်သည်းကို အသုံးပြု၍ ဂနိုင်သား၏ ခေါင်းကို ကုပ်ကိုင်လိုက်သည်။ ထို့နောက် သူ ဂနိုင်သား၏ ခေါင်းကို နောက်ဘက်သို့ ဆွဲလှည့်ကာ မေးလိုက်သည်။ "မင်း နောက်က သတ္တဝါတွေကို ကြည့်စမ်း။ မင်းက လျှို့ဝှက်ချက် တစ်ခုကို အဲ့လိုမျိုး ထိန်းသိမ်းတာလားကွ။ ဘာဖြစ်လို့ သူတို့က အခန်းအပြင်ဘက် ကနေ ငါတို့ကို လာကြည့်နေတာလဲ။"

ဂနိုင်သား ပြုံးကာ ပြန်ရှင်းပြ လိုက်သည်။ "အိုး၊ စိတ်မပူပါနဲ့။ သူတို့ကလည်း ငါ့ သူငယ်ချင်းတွေပဲလေ။ သူတို့က ငါ့ကို ဒီမစ်ရှင် အောင်မြင်နိုင်အောင် ကူညီ ပေးခဲ့ကြတယ်။"

ဖရန်ဂျီပန်နီမှာတော့ စိုးရိမ် နေခဲ့သည်။ ဂနိုင်သားနောက်မှ ဂိမ်းမာများ အော်ဟစ် လိုက်သည်။

"ဂနိုင်သား ပြောတာ မှန်တယ်၊ ငါတို့ ကူညီပေးဖို့ ဒီကို ရောက်နေကြတာ။"

"စိတ်မပူပါနဲ့၊ ငါတို့ ဒုက္ခမပေးပါဘူး၊ ငါတို့က မင်းရဲ့ အစီအစဉ်မှာ ပါဝင်ချင်လို့ပါ။"

"ငါတို့က ဂနိုင်သားနဲ့ ညီအစ်ကိုတွေပဲ။ သူ့ ပြဿနာတွေက ငါတို့ ပြဿနာတွေပဲ။"

"ငါတို့ ဆုတွေကို မျှဝေလို့ ရမလား။"

ဂိမ်းမာများမှာ စိတ်လှုပ်ရှား နေခဲ့ကြပြီး ဆုများ အတွက် လောဘတက် နေခဲ့ကြသည်။ ဖရန်ဂျီပန်နီမှာ ထိုဂိမ်းမာများကို အသုံးချနိုင်မည်ကို သေချာသွားသည်။ မည်သို့ဆိုဆို သူတို့က ရှားလော့ခ်အပေါ် လုံးဝကြီး သစ္စာရှိနေခြင်းတော့ မဟုတ်နေကြပေ။

ဖရန်ဂျီပန်နီမှာ စိတ်လှုပ်ရှား နေခဲ့သည်။ သူက ထိူဂိမ်းမာများ ရှားလော့ခ်နှင့် ပူးပေါင်းကာ သူ့ကို အကောက်ကြံမည်ဟု မထင်ပေ။ အားကောင်းသော ရှားလော့ခ်အတွက် ဤဂိမ်းမာများကို လိုပင် မလိုအပ် သောကြောင့်ပင်။ အကယ်၍သာ သူက ဖရန်ဂျီပန်နီ၏ အစီအစဉ် အကြောင်းကို သိပါက ချက်ချင်း ပြစ်ဒဏ် ပေးပြီး သူ၏ အစီအစဉ်ကို လာဖျက်ဆီး ပေလိမ့်မည်။ ၎င်းမှာ ရှားလော့ခ်က သူ့ကို ပြစ်ဒဏ်ပေးခဲ့သည့် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ သူ၏ အခွံမှာ အကြိမ် များစွာ ကျိုးပဲ့ခဲ့ရသည်။ အကယ်၍ ဖရန်ဂျီပန်နီ၏ ပြင်းထန်သော စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ရှေးဦးနတ်ဆိုး၏ စွမ်းအား မရှိခဲ့ပါက သူ သေဆုံး သွားနိုင်ခဲ့သည်။

ရှေးဟောင်း နတ်ဘုရားများ တပ်မှူးအဖြစ် သူ၏ ဘဝမှာ အလွန် ခက်ခဲလှ၏။

ဂိမ်းမာ များစွာ သူ့ကို ကူညီပေးရန် ဆန္ဒရှိ နေသောကြောင့် ဖရန်ဂျီပန်နီမှာ သူတို့၏ ကမ်းလှမ်းချက်များကို ငြင်းပယ်နေမည် မဟုတ်ပေ။ သူက ဤဂိမ်းမာများကို အထက်တန်းစား နတ်ဆိုးရှားလော့ခ်အား သစ္စာဖောက်စေရန် ပြင်ဆင် နေသည်။

"ကောင်းပြီ၊ မင်းတို့ အားလုံး ဉာဏ်အလင်း ရသွားကြပြီ။ ငါ့ အတွက် အလုပ်,လုပ်ကြ၊ အဲ့ကျ မင်းတို့ ရှေးဟောင်း နတ်ဘုရားများရဲ့ ကောင်းချီးပေးမှု ရကြလိမ့်မယ်။"

ဖရန်ဂျီပန်နီ ထရပ်ကာ သူ၏ လက်များကို ပွေ့ဖက်သောဟန်ပန်ဖြင့် ဖွင့်ရန် ကြိုးစား ခဲ့သည်။ သို့သော် သူက လိပ်တစ်ကောင် ဖြစ်သည်ကို မေ့လျော့မိသွားသည်။ သူက သူ၏ ပုံသဏ္ဌာန်ကို မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူက ထိုခက်ခဲသော အနေအထားကို အောင်အောင်မြင်မြင် ပြုလုပ်ရန် ကျရှုံးခဲ့သည်။

ဂိမ်းမာများမှာတော့ ဖရန်ဂျီပန်နီ၏ အမည်ကို စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရှားလော့ခ်ကို ဖြုတ်ချရန် ဟစ်ကြွေး နေခဲ့ကြသည်။

ဖရန်ဂျီပန်နီမှာ စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသည်။

သူက ရှားလော့ခ် ဒန်ဂျင်မှ ထွက်သွားကြောင်း သိထားသောကြောင့် စိုးရိမ်နေခြင်း မရှိပေ။ ဖရန်ဂျီပန်နီက နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို အကျဉ်းချ ထိန်းသိမ်းထားသော အကျဉ်းထောင်ဆီသို့ လျှောက်သွားသည်။ ဂိမ်းမာများ ပိုမို များပြားစွာဖြင့် သူ့ကို ထောက်ခံရန် ရောက်လာကြပြီး ဆောင်ပုဒ်များပင် ဟစ်ကြွေး နေခဲ့ကြသည်။ ဖရန်ဂျီပန်နီမှာ အချုပ်အနှောင် ကင်းမဲ့မှုကို ခံစားရသည်။ ရှားလော့ခ် ပြန်ထွက်ပေါ်လာလျှင်ပင် ထာဝရတိုင်းပြည်မှ ဤလက်ရွေးစင် စစ်သည်တော်များ နှင့်အတူဆိုပါက သူ ရှားလော့ခ်ကို ပြတ်သားစွာ အနိုင်ယူနိုင် ပေလိမ့်မည်။

မိမိကိုယ်ပိုင် ယုံကြည်ချက်ဖြင့် စုံလုံးကန်းနေသော ဖရန်ဂျီပန်နီ သူ၏ ထောက်ခံသူများ နှင့်အတူ အကျဉ်းထောင် အတွင်းသို့ လမ်းလျှောက် ဝင်ရောက် သွားခဲ့သည်။

သူက မိုက်မဲသော နဂါးနက် ကြက်ဥခေါင်းကို လျှပ်တပြတ် သတ်ဖြတ်ရန် ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်။ ဖရန်ဂျီပန်နီမှာ သူ ကြက်ဥခေါင်းကို မည်သည့် အသံမျှ မထွက်စေဘဲ ၁၀ မိနစ်အတွင်း သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။ ထို့နောက် သူက အကျဉ်းသားများကို လွှတ်ပေးခြင်း မပြုမီ အကာအရံကို လုံးဝ ဖျက်ဆီးပစ်နိုင် ပေလိမ့်မည်။

ထို့အပြင် သူ့၌ နောက်လိုက် ထောက်ခံသူ အုပ်စု တစ်စု ရှိနေခဲ့၏။ သူ့အစီအစဉ် အောင်မြင်ပေတော့မည်။

ရှားလော့ခ်ကို သတ်ဖြတ်ပြီးနောက်တွင်တော့ သူက ထာဝရတိုင်းပြည်၏ သယံဇာတများကို အသုံးပြု၍ ချိတ်ပိတ် ခံထားရသော ရှေးဟောင်း နတ်ဘုရားများနှင့် အကျဉ်းကျနေသော ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ကို ကယ်တင် နိုင်ပေလိမ့်မည်။

ထို့နောက်တွင်တော့ သူက မြေအောက်လောက,ကို နယ်ချဲ့ သိမ်းပိုက်ခြင်း မပြုမီ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်မှူးအဖြစ် သူ၏ ရာထူး အဆင့်အတန်းကို ပြန်လည် ရရှိ ပေလိမ့်မည်။ ရှေးဟောင်း နတ်ဘုရားများမှာလည်း မြေအောက်လောက၏ အထွတ်အထိပ်နေရာတွင် ရှိနေကြ ပေလိမ့်မည်။

ဖရန်ဂျီပန်နီက ရှားလော့ခ် လက်ပ်တော့ကွန်ပျူတာ ရှေ့တွင် ထိုင်နေရင်း မောက်စ်ကို အသုံးပြုကာ သဲကြီးမဲကြီး စာရိုက်နေသည်ကို မြင်လိုက် ရသည်။

ရှားလော့ခ်က ဒန်ဂျင်အပြင်ဘက်တွင် ရှိနေသင့်သည် မဟုတ်ပါလော။

"အာ၊ မင်းတောင် ရောက်လာပြီပဲ။" ရှားလော့ခ် မောက်စ်ကို ကလစ်နှိပ်ရင်း ပြောလိုက်သည်။

"မင်းရဲ့ ပုန်ကန်မယ့် အကြံအစည်က ပျက်စီးသွားပြီ။ ငါ အံ့ဩမိတယ်။ ငါ မင်း အပေါ် ချမှတ်ထားတဲ့ တားမြစ်ချက်တွေကို မင်း ဘယ်အချိန်ကတည်းက ဖယ်ရှား နိုင်ခဲ့တာလဲ။"

All Chapters