ဘယ်သူက ပိုရက်စက်လဲ
Vol. 1 Ch. 212
"ဂလု ... "
"ဂလု ... "
ကျန်းရီ၏ စကားအား ကြားပြီးနောက် ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ငြိမ်စေရန် ပြိုင်တူ တံတွေး မျိုချ မိလိုက်ကြသည်။
တကယ်တမ်းတွင် သူတို့ နှစ်ယောက်လုံးသည် ထိတ်လန့်၍ ကိုယ်ပါ တုန်လှုပ်နေကြလေပြီ။ ရွှေယို့လန်က ဘယ်သူလဲ ... ... နယ်မြေရဲ့ နံပါတ်တစ် သိုင်းသမားလေ ... ... မိုးပြာနဂါး အင်ပါယာ၏ ဧကရာဇ်နှင့် နိုင်ငံခြောက်ခုမှ ဘုရင်များတောင် သူမကို အလေးထား ဆက်ဆံကြရ၏။ ကျန်းရီမပြောနှင့် သူ့အဖေ ကျန်းပိုင်လီတောင် သူမကို ထိုသို့ ပြောရဲမည် မဟုတ်ချေ။
တကယ်တမ်းတွင် ရွှေချမ်လော့သည် အားမကောင်းပေ။ သိုင်းကွက် များမှာလည်း ပေါက်ကရ ဖြစ်နေပြီး တိုက်ခိုက်ရာတွင်လည်း ဦးနှောက်ကို မသုံးတတ်ပေ။ ရွှေချမ်လော့ မြောက်ဘက် လျန်နိုင်ငံက လာတဲ့ လမ်းတစ်လျှောက် ဘာကြောင့် အရှုံးမရှိတာလဲ ... ... သူမ လူအများကြီးကို မသန်မစွမ်း ဖြစ်အောင် လုပ်ခဲ့သော်လည်း ဘာကြောင့် တစ်ယောက်မှ ပြဿနာ မရှာကြသလဲ ... သူမသာ အခြား တစ်ယောက်ဆိုလျှင် အကြိမ် တစ်သောင်းခန့် သေနေပြီး ဖြစ်လေသည်။ အားလုံးသည် သူမ အမေ ရွှေယို့လန်ကြောင့်သာ မဟုတ်ပါလော ...
ရွှေယို့လန်သည် လက်ဝါး တစ်ချက်ဖြင့် ရာစုနှစ်ပေါင်းများစွာ ရှင်သန် နေထိုင်လာခဲ့သည့် ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီး၏ သင်္ကန်းကို ပျက်စီး သွားအောင် လုပ်နည်းသူတည်း။
"မောက်မာလိုက်တာ ... "
"ရဲတင်းလိုက်တာ ... "
"မင်းသေချင်နေတာလား ... "
ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများသည် ကျန်းရီ၏ စကားပြောပုံကြောင့် ဒေါသတကြီး ဖြစ်လာကြသည်။ ကျန်းရီ ရွှေယို့လန်ကို မလေးမစား လုပ်နေခြင်းသည် ရွှေယွဲ့လျန် မျှော်စင် တစ်ခုလုံးကို ရန်စနေခြင်းသာ ဖြစ်လေသည်။ ရွှေချမ်လော့သာ သူ့လက်ထဲတွင် မဟုတ်လျှင် သူတို့ သည်းခံနေမည် မဟုတ်ပေ။
"ခစ် ... ခစ် ... "
ကောင်းကင်ထက်မှ ရွှေယို့လန်၏ ပုံရိပ်သည် ဒေါသ အရိပ်အယောင် တစ်စွန်းတစ်စတောင် မရှိပါဘဲ အပြုံးတစ်ခုနှင့် ကျန်းရီကို စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည်။
"ကောင်လေး ... မင်းမှာ သတ္တိရှိပေမယ့် ခေါင်းမာလွန်းတာက အသေစော စေတတ်တယ်၊ 'မာကျော လွန်းပေမယ့် ကြွပ်ဆတ်တယ်' ဆိုတဲ့ ရှေးစကားက မှန်တယ် ... နောက်တစ်လှမ်း ဆုတ်ပြီး လောကကြီးကပေးတဲ့ အခွင့်အရေးတွေကို ခံစားလိုက်စမ်းပါ ... စောစောက ပေးတဲ့ ငါ့ကတိက အကျုံးဝင်သေးတယ်"
ရွှေယို့လန်၏ အသံသည် တောအုပ်တစ်ခုလုံးတွင် ဟိန်းထွက်နေခဲ့သည်။ ထူးဆန်းသည်မှာ ရွှေကျင်းရှီ လွင်ပြင်တစ်ခုလုံးသည် သူမပုံရိပ်ကိုသာ မြင်ကြရ၍ အသံကိုမူ ကြားရခြင်း မရှိချေ။
လူအမြောက်အများ အံ့အားသင့် နေကြသည်။ ရွှေယို့လန်၏ ပုံရိပ် ထွက်ပေါ်လာခြင်းသည် ရွှေချမ်လော့ အန္တရာယ် ရှိနေသည် ဟူသော အဓိပ္ပာယ်ပင်။ ယွင်ဟဲသည် ရွှေချမ်လော့ကို ကူညီရန် စစ်သည် ထောင်ချီ စုစည်းသွားသည်မှာ လူတိုင်းသိသော ကိစ္စဖြစ်သည်။ ပြဿနာသည် ထိုစစ်တပ်၏ အစိတ်အပိုင်း ဖြစ်သော ရွှေချမ်လော့ကို မည်သူက အန္တရာယ် ပေးရဲလေသနည်း ...
"ခွီ ... "
ကျန်းရီသည် ထပ်မံ ရယ်ချ လိုက်ပြန်သည်။ ရွှေယို့လန်သည် တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း သူ့အမြင်တွင် သူမလေသံမှာ ခြိမ်းခြောက်သံ ပေါက်နေသည်။ မာကျောပေမယ့် ကျွပ်ဆတ်တယ် ... ... သူမက သူ့ကို ဒီလို ဆက်လုပ်နေမယ် ဆိုရင် စောစောစီးစီး သေသွားရမယ်လို့ ပြောချင်နေတာ မဟုတ်ဘူးလား ...
ကျန်းရီ၏ လက်ထဲမှ မီးဝိညာဉ်ပုလဲသည် လင်းလက်နေဆဲသာ။ ရွှေယို့လန် တစ်ခုခု လုပ်လာလျှင် သူမသေခင်တွင် မီးဝိညာဉ် ကျောက်တုံး တစ်ခုကို ရအောင် ထုတ်သွား နိုင်သေးသည်မှာ သေချာလေသည်။
ရွှေယို့လန်သည် အားကောင်းလွန်းသော်လည်း လက်ရှိတွင် ပုံရိပ်တစ်ခုသာ ဖြစ်လေသည်။ သူမ ရွှေချမ်လော့ကို ကယ်နိုင်မည်ဟု ကျန်းရီမယုံချေ။
ကျန်းရီသည် ခဏရပ်နေပြီးနောက် စကားဆက်လိုက်သည်။
"သခင်မရွှေ ... ကျွန်တော် စောစော သေမလားဆိုတာ မသိပေမယ့် ကျွန်တော်သေရင် သခင်မလေးရွှေလည်း သေချာပေါက် သေမှာဆိုတာတော့ ကျွန်တော်သိတယ် ... မယုံရင် စမ်းကြည့်ပါလား ... "
ကျန်းရီ၏ ခေါင်းမာမှုသည် ရွှေယို့လန်၏ ဒေါသကို သွားစခဲ့လေပြီ။ သူမမျက်လုံးများ အေးစက် သွားခဲ့ပြီး အားကောင်း လှသော ဖိအားကြီးတစ်ခု ကျဆင်းလာခဲ့သည်။ တစ္ဆေတောအုပ်၏ ငါးဆယ် ကီလိုမီတာအတွင်းမှ လူတိုင်းသည် ကောင်းကင်ကြီး ပြိုကျလာ၍ မြေပြင်များ ကွဲအက် သွားတော့မတတ် ဖြစ်လာသည်ဟု ခံစားနေကြရသည်။ အထူးသဖြင့် ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့သည် အရိုးများ ကျိုးကြေ၍ အချိန်မရွေးလဲကျ သေသွားနိုင်သည်ဟု ခံစားလာကြရသည်။
ရွှေချမ်လော့၏ ကိုယ်သည် ဖိအားကြောင့် တုန်ယင် ဖြူဖျော့နေလေသည်။ သူမနောက်တွင် ရှိနေသော ကျန်းရီဆိုလျှင် ဒူးများပျော့ခွေနေပြီး အသက်ရှူရပ်မတတ် ဖြစ်နေခဲ့လေပြီ။ သို့သော် သူသည် ခံရခက်သည့် အမူအရာမှ တစ်ပါး မည်သည့်အမူအရာမှ မပြဘဲ အားယူ၍ ပါးစပ်ဟကာ ပြောလိုက်သည်။
"တစ် ... "
"ခရက် ... "
သူမအော်ဘဲ နေလျှင် တော်သေးသည်။ သူအော်လိုက်သည့် အခါ ဖိအားသည် ပိုဆိုးလာခဲ့ပြီး အရိုးကျိူးသံများပင် ပေါ်ထွက် လာခဲ့ပေပြီ။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ ရွှေချမ်လော့၏ လည်တိုင်ထက် တတောက်တောက် ကျဆင်းနေလေသည်။
သို့သော် ကျန်းရီသည် ရွှေယို့လန်ကို စူးစိုက်၍သာ ကြည့်နေခဲ့ပြီး ထပ်အော် လိုက်ပြန်သည်။
"နှစ် ... "
ရွှေယို့လန်သည် မည်သည့် အမူအရာမှ ပြမလာသည်ကို သူမြင်သောအခါ သူ့နှုတ်ခမ်းစွန်းများ တွန့်ကွေးသွားကာ ရက်စက်သည့် အပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။ မီးဝိညာဉ် ပုလဲသည် ပိုမိုလင်းလက်လာကာ သူထပ်မံ အော်ဟစ်လိုက်သည်။
"သုံး ... " ... "သေစမ်း ... "
"ကောင်းပြီ ... ... ကောင်လေး ... မင်းနိုင်တယ် ... "
ထိုခဏတွင် ရွှေယို့လန် စကား ပြောလာခဲ့သည်။ သူမမျက်နှာသည် ပုံမှန်အတိုင်း ပြန်ဖြစ် သွားပြီး ကြောက်စရာ ဖိအားကြီးလည်း ကွယ်ပျောက် သွားခဲ့သည်။
ရွှေချမ်လော့သည် ရူးသွားတော့မတတ် တဆတ်ဆတ် တုန်ယင်နေ၍ သူမမျက်နှာမှာ ဖြူလွန်း၍ စိမ်းလိုက် ဖြူလိုက်ပင် ဖြစ်နေချေပြီ။ သူမသည် သေခြင်း၏ အငွေ့အသက်များကို ခံစားနေခဲ့ရသည်။ ရွှေယို့လန်သာ မညှိုနှိုင်းလျှင် အရူးကျန်းရီသည် သူမကို သူနှင့်အတူ ဆွဲချ သွားမည်ကို လုံးဝ သံသယမဝင်မိချေ။
"ကောင်လေး ... ချမ်လော့ကို မင်းလွှတ်ပေးဖို့ ငါဘာလုပ်ပေးရမလဲ ... ... မင်းလိုချင်တာကို ပြောပါ"
ရွှေယို့လန်၏ အသံသည် မြန်ဆန်စွာ ထွက်လာခဲ့သည်။ သူမ စကားများထဲတွင် တောင်းပန်သံများ ပါဝင်နေခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ ဆွံ့အနေကြသည်။ နယ်မြေ၏ နံပါတ်တစ် စစ်သည်တော်သည် ကျန်းရီကို တောင်းပန်နေခဲ့သည်။ ဤသတင်းသာ ပျံ့သွားလျှင် အုတ်အော်သောင်းနင်း ဖြစ်သွားကြမှာ သေချာသည်။
ကျန်းရီသည် စိတ်သက်သာရာ ရသွားခဲ့သည်။ ရွှေယို့လန်သည် ရွှေချမ်လော့ကို ကိုင်တိုင် မကယ်နိုင်၍ ညှိုနှိုင်းလာမည်ဟု သူခန့်မှန်းထားပြီး ဖြစ်လေသည်။ ရွှေယို့လန် တစ်စက္ကန့် နောက်ကျသည်နှင့် ရွှေချမ်လော့ သေဆုံး သွားလိမ့်မည်။ ထိုသို့ ဖြစ်လာလျှင် ဘာမှ အဖတ်ဆယ် နိုင်မည် မဟုတ်ပေ။ ရွှေချမ်လော့ သေသွားလျှင် ရွှေယို့လန်၏ ဒေါသအောက် သူလည်း သေသွားမည်သာ။
သူအသက်ကို ရင်း၍ အလောင်းအစား လုပ်ခဲ့သည်။ နောက်ဆုံးတွင် သူအနိုင်ရသွားခဲ့သည်။
ဘယ်သူ ပိုရက်စက်လဲ ဟူသော ပြိုင်ပွဲမှ ညှိုနှိုင်းခြင်းသို့ ရောက်ရှိ သွားခဲ့သည်။ သူ ရွှေယို့လန်ကို အသာစီး ရသွားပြီ ဖြစ်ရာ လိုချင်သော အခြေအနေအား တောင်းဆိုခွင့် သူ့တွင် ရှိလေသည်။
သူသည် ဘေးပတ်လည်ကို ကြည့်၍ စကားစလိုက်သည်။
"အရင်ဆုံး ... ဒီနေ့ကစပြီး ရွှေချမ်လော့ကလွဲလို့ ရွှေယွဲ့လျန်မျှော်စင်က ဘယ်သူမှ ကျွန်တော့်ကို တိုက်ခိုက်ခွင့် မရှိဘူး ... ရွှေချမ်လော့မှာ ကျွန်တော့်ကို သတ်နိုင်တဲ့ အစွမ်းရှိလာရင် ကျွန်တော် ဘာမှ ပြောစရာ မရှိဘူး ... "
ရွှေယို့လန်သည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"မျှတတယ် ... မင်းဒီလို မတောင်းဆိုရင်တောင် ငါမင်းနောက်ကို လိုက်သတ်ဖို့ လူမလွှတ်ပါဘူး ... ငါရွှေယို့လန်က အဲဒီလောက် သဘောထားမသေးဘူး ... "
ကျန်းရီသည် ခဏရပ်လိုက်ပြီး စကားဆက်လိုက်သည်။
"ကျွန်တော်နဲ့ ရွှေချမ်လော့ကြားက ရန်ငြိုးက ကျွန်တော့်အမှား မဟုတ်ဘူး ... ခင်ဗျား သမီးကပဲ ကျွန်တော့်ကို လာရှာပြီး ကျွန်တော့်ကို သတ်ဖို့လုပ်တာ ... ဒါကြောင့် ကျွန်တော့်ကို အလျော် ပေးရမယ်"
ရွှေယို့လန်သည် အသာ ရယ်လိုက်သည်။ သူမသမီး၏ စိတ်နေစိတ်ထားကို သူမ ကောင်းကောင်း နားလည်ရာ ကျန်းရီ အမှန်ကို ပြောနေမှန်း သူမသိလေသည်။ သူမသည် အများကြီး မပြောဘဲ ခေါင်းညိတ်လိုက်သည်။
"မင်း ဘာလိုချင်လဲ ... အရမ်းကြီး လွန်ကဲတာ မဟုတ်သရွေ့ ညှိုနှိုင်းလို့ရတယ်"
ရွှေယို့လန်၏ အဖြေကို ကြားသော် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ မျက်လုံးများ တောက်ပ လာကြသည်။ နယ်မြေ၏ နံပါတ်တစ် စစ်သည်တော်တွင် ရတနာများ မည်မျှ ရှိနေမည်နည်း ... ကျန်းရီ သူတော်စင်အဆင့် လက်နက်တစ်ခု တောင်းလျှင်တောင် သူမ ထုတ်ပေးလိမ့်မည်သာ။
ကျန်းရီ၏ နောက်ထပ် တောင်းဆိုချက်သည် သူတို့၏ မျှော်မှန်း ထားမှုများအား ဆွဲချ သွားခဲ့သည်။ ကျန်းရီသည် ခေါင်းရမ်းကာ ပြန်ဖြေ လိုက်သည်။
"ကျွန်တော် ဘာမှမလိုချင်ဘူး ... ... နိုင်ငံအဆင့် ပြိုင်ပွဲအတွင်း ဒီအုပ်စု ကျွန်တော့် စကားကို နားထောင်ဖို့ပဲ ကျွန်တော် လိုအပ်တယ် ... နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ပထမအဆင့်ကို ကျွန်တော် ရချင်တယ် ... "
"ကောင်းပြီ ... "
ရွှေယို့လန်၏ မျက်လုံးများတွင် လေးစား ချီးကျူးသည့် အရိပ်အယောင်များ ပေါ်လွင် နေခဲ့သည်။ သူမသည် ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေး လေးဆယ်ကျော်အား လှည့်ကြည့်ကာ အမိန့် ပေးလိုက်သည်။ (ငါးယောက်က သေသွားတယ်နော်)
"ဒီနေ့ကစပြီး မင်းတို့ သူ့အမိန့်ကို နာခံပြီး နိုင်ငံ အဆင့်ပြိုင်ပွဲမှာ သူပထမရအောင် ကူညီရမယ် ... ပြိုင်ပွဲ ပြီးသွားတာနဲ့ မင်းတို့ သခင်မလေးကို ချက်ချင်း ပြန်ခေါ်လာခဲ့ ... "
ညွှန်ကြားချက်များ ပြုလုပ်ပြီးနောက် ရွှေယို့လန်သည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး သူသာ ကြားနိုင်သော စကားတစ်ခွန်းကို ပြောကာ ကောင်းကင်ထက်မှ ကွယ်ပျောက် သွားခဲ့သည်။ သူမ ပြောခဲ့သည်မှာ
"မင်းက ကျန်းရီ ... ဟုတ်တယ်မလား ... ... မင်းရဲ့ စိတ်နေစိတ်ထားက မိန်းကလေး ဖျောင်ဖျောင်နဲ့ တော်တော် တူတယ် ... မင်းအချိန်ရရင် ကြယ်တံခွန်ကျွန်းကို အလည် တစ်ခေါက် လာခဲ့ပါဦး ... မိန်းကလေး ဖျောင်ဖျောင်က ရွှေယွဲ့လျန် မျှော်စင်မှာ တစ်စုံတစ်ခုကို ထားခဲ့တယ် ... မင်းအဲဒါကို စိတ်ဝင် စားလိမ့်မယ်လို့ ငါထင်တယ်"
*****