← Chapters

ဂိမ်းဗားရှင်းအသစ်

Vol. 35 Ch. 521

ဂိမ်းဗားရှင်းအသစ်

Vol. 35 Ch. 521

ဂျော့ခ်ျ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မည်သို့ ရှင်သန်ခဲ့သည်ကို မသိခဲ့ပေ။ နေ့ရက်တိုင်းမှာ တစ်နှစ်မျှ ကြာနေ ကဲ့သို့ပင်။

၎င်းမှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ဘဲ အစစ်အမှန် အတွေ့အကြုံ တစ်ခုပင်။ သူက မြေအောက်လောက သတ္တဝါများမှ ဆွဲထုတ်သွားခြင်း ခံခဲ့ရပြီး ထူးဆန်းသော ကိရိယာ တစ်ခု အတွင်းသို့ ထည့်သွင်းခြင်း ခံခဲ့ရသည်။ သူတို့က သူ့ကို တပ်မှူး တစ်ဦးကဲ့သို့ပင် မဆက်ဆံခဲ့ကြပေ။ သူသည်လည်း တခြား စစ်သားများ ကဲ့သို့သာ ဆက်ဆံခြင်း ခံခဲ့ရသည်။

စစ်ဆေးမေးမြန်းခြင်း အတွင်းတွင်လည်း အတူတူပင်။

မာနာကိရိယာ အတွင်းတွင် ရှိနေစဉ်တွင် ဂျော့ခ်ျက သူ၏ ခန္ဓာကိုယ်မှာ အမည်မသိအရည် တစ်ခု အတွင်း နစ်မြုပ်နေသည်ကိုတော့ သိခဲ့ရသည်။

အားကောင်းသော ဂျော့ခ်ျပင်လျှင် ငိုကြွေးချလု နီးပါး ဖြစ်သွားခဲ့သည်။ သူ မာနာကိရိယာ အတွင်းမှ ဘဝအတွေ့အကြုံကို ပြန်စဉ်းစား မိသည့်အခါ မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားရသည်။

သူက ၎င်းကို ဘဝအတွေ့အကြုံဟု သတ်မှတ်သည်။ ၎င်းမှာ မြေအောက်လောက သတ္တဝါများက ဖန်တီးထားသော ပုံရိပ်ယောင်ကမ္ဘာ တစ်ခုသာ ဖြစ်ကြောင်း သိသော်လည်း ယင်း၏ အလွန် လက်တွေ့ကျမှုမှာ ဘဝ အသစ်တစ်ခုတွင် ရှင်သန်နေထိုင် နေရသကဲ့သို့ပင်။ ၎င်းမှာ အလွန်ပင် လက်တွေ့ဆန် လွန်းနေခဲ့သည်။

လက်တွေ့ကမ္ဘာရှိ တစ်ရက်မှာ ပုံရိပ်ယောင်ကမ္ဘာရှိ တစ်နှစ်နှင့် ညီမျှသည်။

အချိန်တိုင်း သူက ၎င်းမှာ ပုံရိပ်ယောင်ကမ္ဘာ တစ်ခုသာ ဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးခဲ့သည်။ သို့သော် ရက်များ ကုန်လွန်လာသည် နှင့်အမျှ သူက ၎င်းမှာ ပုံရိပ်ယောင်ကမ္ဘာ တစ်ခု ဖြစ်ကြောင်းကို မေ့လျော့ သွားသည်။ ယင်းအစား သူက ၎င်းမှာ ပိုပို၍ လက်တွေ့ဆန်လာသည်ဟု ခံစားခဲ့ရသည်။

သူက ပုံရိပ်ယောင်ကမ္ဘာမှ ပျော်ရွှင်မှု၊ ဒေါသနှင့် ဝမ်းနည်းမှု တို့ကို ကွက်ကွက်ကွင်းကွင်း ပြန်သတိရမိသည်။

ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျမှာ သူ၏ အိပ်ပျော်နေသော ခန္ဓာကိုယ် အရည်အတွင်း နစ်မြုပ် နေစဉ်အတွင်း ထူးဆန်းသော စိတ်ကူးစိတ်သန်းများ ရှိနေခဲ့သည်။

ကြီးမားသော ကိရိယာ အပြင်ဘက်တွင်တော့ ရှားလော့ခ်မှာ သူ၏ လက်များကို နောက်ပစ်ကာ ကြည့်နေခဲ့သည်။ သူ၏ စိတ်ထဲတွင်တော့ ဘရုက သူ့အား ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင်က ဉာဏ်ကြီးရှင် တစ်ယောက်ပဲ။ သုံးရက်အတွင်းမှာတင် အရှင်က လူသား တစ်ဦးစီ တိုင်းဆီကနေ မှော်ကျောက်တုံး ထောင်ပေါင်း များစွာ ထုတ်ယူ နိုင်ခဲ့တယ်။ ဒါက ဂိမ်းမာတွေရဲ့ ဝင်ငွေ ရှာနိုင်နှုန်းထက် အများကြီး ပိုမြန်တယ်။ အကျဉ်းသား ထောင်ပေါင်း များစွာနဲ့ဆို ကျွန်တော်တို့ မှော်ကျောက်တုံး သန်းပေါင်း များစွာကို အလွယ် ရနိုင်ပါတယ်။ ဒါက အပေးအယူကောင်း တစ်ခုပဲ။ ဘာဖြစ်လို့ ကျွန်တော်တို့ ဂိမ်းမာ အုပ်စုနှစ်ခုကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ခိုင်းပြီး နတ်ဘုရား တိုင်းပြည်က စစ်သားတွေ ပိုများများ ဖမ်းမိအောင် မလုပ်ရမှာလဲ။ ဒီအတိုင်းသာဆို မကြာခင်မှာ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ စစ်ရေးကြိုးပမ်းမှု အတွက် ငွေအလုံအလောက် စုဆောင်း နိုင်ပါလိမ့်မယ်။"

ဘရု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သို့သော် ရှားလော့ခ်မှာ ထိုမျှ စိတ်အားထက်သန်နေခြင်း မရှိပေ။ သူ စိတ်ကျေနပ်စွာဖြင့် ပြောလိုက်သည်။ "ရလဒ်တွေက ကျေနပ်စရာ ကောင်းသားပဲ။ ငါ နောက်ထပ် နှစ်ရက်လောက် လေ့လာကြည့်ဦးမယ်။ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိရင် ငါတို့ မှော်ကျောက်တုံးတွေ ထုတ်ယူဖို့ မာနာကိရိယာ အစုံ ၁၀၀၀ ထပ်ဝယ်ကြတာပေါ့။"

"ဟုတ်ကဲ့။ ကျွန်တော် စီစဉ်မှုတွေ ပြုလုပ်လိုက်ပါ့မယ်။ အရှင် ဒီအရာအားလုံး ပြီးသွားရင် နတ်ဘုရား တိုင်းပြည်က စစ်သားတွေကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားလဲ။ အရှင် သူတို့ရဲ့ ဝိညာဉ်တွေကနေ မှော်ကျောက်တုံးတွေ ထုတ်ယူလို့ ကုန်သွားရင် သူတို့ကို သတ်ဖြတ်လိုက်ဖို့ ရည်ရွယ်ထားလား။ အရှင် သူတို့ကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားရင်တော့ လူ့အသားတွေကို ဂိမ်းမာတွေဆီ ပြန်ရောင်းချဖို့ ကျွန်တော် အားမပေးပါဘူး။ လူသားစားတာက ကောင်းပုံရပေမဲ့ ကျွန်တော်တို့ အဲ့အကြောင်း ဖော်ထုတ်ခံရရင် အကျိုးဆက်တွေက ဆိုးရွား သွားပါလိမ့်မယ်။"

ရှားလော့ခ်က ပြန်ပြောသည်။ "မင်း ဘာဖြစ်လို့ ငါ သူတို့ကို သတ်လိမ့်မယ်လို့ ထင်နေတာလဲ။ လူသားတွေက စာရိတ္တပျက်ပြားတာတော့ မှန်ပေမဲ့ သူတို့က အသိဉာဏ် ရှိတဲ့ သတ္တဝါတွေ ဖြစ်နေဆဲပဲ။ ငါတို့မှာ အသိဉာဏ် ရှိတဲ့ သတ္တဝါတွေကို စားသုံးတဲ့ အလေ့အထ မရှိဘူး။"

ရှားလော့ခ် ခဏမျှ ရပ်တန့်ပြီးနောက် ပြောလိုက်သည်။ "ငါ့မှာ နတ်ဘုရား တိုင်းပြည်က စစ်သားတွေအတွက်လည်း အစီအစဉ်တွေ ရှိတယ်။ ဒါက ဂိမ်းလုပ်ဆောင်ချက် အသစ် တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။"

"နေဦး။ ဂိမ်းလား။ အရှင် ဘာဖြစ်လို့ ဂိမ်းကို စိတ်ဝင်စားနေသေးတာလဲ။ အရှင်ရှားလော့ခ်၊ ကျွန်တော်တို့ အခု စစ်ဖြစ်နေပြီလေ။ မြေပေါ်ကမ္ဘာ ဒါမှမဟုတ် မြေအောက်လောက တိုက်ခိုက်တာကို ရပ်ပစ်ဖို့ မဖြစ်နိုင်တော့ဘူး။ အရှင့်ကို ထောက်ခံဖို့ စစ်ကူတွေ သန်းပေါင်း များစွာ ရောက်လာနိုင်ခြေ ရှိတယ်။ အဲ့ဒီ လေ့လာသူတွေနဲ့ သတင်းထောက်တွေက အပျော်ခရီးထွက်ဖို့ ဒီကို ရောက်နေကြတာ မဟုတ်ဘူး။ သူတို့က ထာဝရတိုင်းပြည်ကနေ သတင်း အချက်အလက်တွေကို ပြန်ယူဆောင် သွားကြလိမ့်မယ်။ ဒီက အခြေအနေကို မြေအောက်လောက တစ်ခုလုံးကို သတင်းပို့ ဖြန့်ဝေပေးတာ ခံရလိမ့်မယ်ဗျ။"

ဘရု စိတ်လှုပ်ရှားစွာ ထပ်ပြောလိုက်သည်။ "ဒါက အရှင့်ရဲ့ ဂုဏ်သတင်းကို တည်ဆောက်ပြီး အရှင့်ရဲ့ အစွမ်းအစကို ထုတ်ဖော်ပြသဖို့ အချိန်ပဲ။ အရှင်က ဒီအခွင့်အရေးကို အသုံးချပြီး ထာဝရတိုင်းပြည်ရဲ့ အစွမ်းကို အများသိအောင် ပြသနိုင်ခဲ့ရင် အရှင် မြေအောက်လောက,ကို သိမ်းပိုက် နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

ဘရု ပြတ်သားစွာ ပြောဆို ခဲ့သော်လည်း ရှားလော့ခ်မှာ ခေါင်းညိတ်ရုံသာ ပြုလုပ်ပြီး သူ၏ ရုံးခန်းသို့ ပြန်သွားခဲ့သည်။

ဘရုက ရှားလော့ခ် သူ၏ အဆိုကို စိတ်မဝင်စားကြောင်း သိသွားသည့်အခါ ရှားလော့ခ်မှာ သူ၏ ကွန်ပျူတာ စားပွဲတွင် ထိုင်နေပြီး ဖြစ်နေခဲ့သည်။ ဘရုက မေးလိုက်သည်။ "အရှင်ရှားလော့ခ်၊ ကျွန်တော့်ကို တစ်ခုလောက် မေးခွင့်ပြုပါ။ အရှင် အဲ့ဒီ ဘဝပုံစံခွက် ဇာတ်လမ်းတွေကို ဘယ်ကနေ ရခဲ့တာလဲ။ အရှင် ဒီဘဝ ပုံစံခွက်တွေကို ဖန်တီးနေတာကို ကျွန်တော် သတိမထားမိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် လူသား စစ်သားတွေဆီကနေ မှော်ကျောက်တုံး ထုတ်ယူခြင်း နည်းစနစ်ကြောင့် ကျွန်တော် အံ့ဩမိပါတယ်။"

"ငါ ဖိုရမ်ပေါ်မှာ အကူအညီ တောင်းခဲ့တယ်လေ။" ရှားလော့ခ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ဖိုရမ်က အဖွဲ့ဝင်တွေက အကြံဉာဏ်ကောင်းတွေ ရှိကြပြီး သူတို့က စွမ်းဆောင်ရည်လည်း ရှိကြတယ်။ ငါ ငါ့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ လိုအပ်ချက်တွေကို ဖော်ပြလိုက်ရုံပဲ၊ အဲ့နောက် သူတို့က ဝတ္ထုတွေ အများကြီး အကြံပြု ခဲ့ကြတယ်။ ဝတ္ထုကောင်း နည်းနည်းတော့ ရှိသားပဲ။"

"မဟုတ်ဘူး... ဝတ္ထုတွေလား။"

ဘရု သူ၏ အသံကိုမြှင့်တင်ကာ ပြောလိုက်သည်။ "နေဦး အရှင်ရှားလော့ခ်။ အရှင် ဘယ်အချိန်ကတည်းက ဝတ္ထုတွေ စဖတ် နေတာလဲ။ အရှင့်ရဲ့ ပထမ အတွင်းရေးမှူး၊ အကြံပေး တစ်ဦး အနေနဲ့ ပြောရရင် ကွန်ပျူတာ ဂိမ်းတွေ ကစားတာက အဆင်ပြေပါတယ်၊ သူတို့က တစ်ချိန်ချိန်ကျ အဆုံးသတ်သွားလိမ့်မယ် ဆိုတာ အရှင့်ကို သတိပေးရပါမယ်။ ဒါပေမဲ့ အရှင် ဝတ္ထုတွေ စွဲလမ်းသွားရင်တော့ အဲ့ဒါကြီးက တစ်သက်လုံး ပါသွားမှာ။ အရှင် ကျွန်တော့် စကားကို နားမဝင်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဝတ္ထုတွေက စွဲတယ်ဗျ။ ကျွန်တော် ကျောင်းတက်နေတုန်းကဆို ကျွန်တော့် နောက်မှာထိုင်တဲ့ ကျောင်းသားက ထိပ်တန်း ကျောင်းသား တစ်ယောက်ပဲ။ သူ နေ့တိုင်း ဝတ္ထုတွေ ခိုးဖတ်နေခဲ့ပေမဲ့ သူ့ စာမေးပွဲ ရလဒ်တွေက ထူးချွန်တယ်။ အဲ့ဒါက ကျွန်တော့်ကို ဒေါသထွက်စေတယ်... ဟုတ်သား၊ သူတို့ အရှင့်ကို ဘယ်ဝတ္ထုတွေ အကြံပြုခဲ့တာလဲ။"

ရှားလော့ခ်မှာ ဘရု ဘာတွေ ကြုံတွေ့ ခဲ့ရသည်ကို မသိခဲ့ပေ။ ဘရု၏ စကားများအရ ရှားလော့ခ်မှာ ဘရုက ဝတ္ထုများ အပေါ် ပြင်းပြင်းထန်ထန် အမြင်မကြည်ကြောင်းတော့ နားလည်သည်။

"သူတို့ Qidian၊ QQ အွန်လိုင်းဝတ္ထု ဝက်ဘ်ဆိုက်တွေနဲ့ တခြား အများကြီးကို အကြံပြုခဲ့ကြတယ်။ ဒါပေမဲ့ ပထမ အွန်လိုင်းဝတ္ထု ဝက်ဘ်ဆိုက် နှစ်ခုကိုတော့ လူတော်တော်များများက ညွှန်းကြတယ်။ သူတို့က အမျိုးအစား အစုံနဲ့ ဖတ်သင့်တဲ့ ဝတ္ထုကောင်းတွေ အများကြီး ရှိတယ်လို့လည်း ပြောခဲ့ကြတယ်။ ငါ အားနေတုန်းက နည်းနည်း ဖတ်ကြည့်သေးတယ်။ ဝတ္ထုတွေက သိပ်မဆိုးလှဘူး။"

ရှားလော့ခ်က ကီးဘုတ်ဖြင့် ပြင်းထန်စွာ စာရိုက်ရင်း တုံ့ပြန်ခဲ့သည်။ သူ၏ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင်တော့ စာလုံးများ ရှိနေသည်-

[ဗားရှင်းအသစ် ၀.၉၁ အပ်ဒိတ်များ ကြေညာချက်]

All Chapters