← Chapters

"ဖိုးဉာဏ်ကျယ်"၏ သုတေသန ပြီးမြောက်ခြင်း"

Vol. 35 Ch. 524

"ဖိုးဉာဏ်ကျယ်"၏ သုတေသန ပြီးမြောက်ခြင်း"

Vol. 35 Ch. 524

"မင်းတို့က ဝိုင်ဗန်နဂါးကို စောင့်ကြည့်နေတာလား။" ခရမ်းချဉ်သီး ဖယ်ရီ စကားကို ကြားပြီးနောက် မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။

ခရမ်းချဉ်သီးမှာ ဖယ်ရီများက နဂါးမျိုးနွယ်သားနှင့် သူ့ နောက်သို့သာ လိုက်နေသည်ဟု ထင်ခဲ့သော်လည်း ကိစ္စရပ်များမှာ ထိုမျှ ရိုးရှင်းနေခြင်း မရှိပေ။ သူတို့က နဂါးမျိုးနွယ်သားကို အထူးပစ်မှတ်ထား နေခဲ့ကြသည်။

နဂါးမျိုးနွယ်သားတွင် တန်ဖိုး ရှိသော ပစ္စည်းများ ဟူ၍ တစ်စုံတစ်ရာမျှ မရှိပေ။ သူပိုင်သည့် တစ်ခု တည်းသော တန်ဖိုးကြီး အရာမှာ နဂါးမျိုးနွယ်သား နောက်သို့ တကောက်ကောက် လိုက်နေသော ဝိုင်ဗန် နဂါးငယ်လေးပင်။

"ဝိုင်ဗန်နဂါးလား။"

ဖယ်ရီက ခေါင်းခါကာ ပြန်ပြောသည်။ "ငါတို့က ဝိုင်ဗန်နဂါးကြောင့် နင့်တို့ နောက်ကို လိုက်နေတာ မဟုတ်ဘူး။ ငါတို့ မင်းသမီးလေး အတွက်ပဲ။"

"မင်းတို့က မင်းသမီး တစ်ယောက်ကို ရှာနေတာဆိုရင် ငါ အနည်းအကျဉ်းတော့ သိတယ်။ နတ်ဘုရား တိုင်းပြည်နဲ့ အင်ပါယာမှာဆို သံတမန်ရေးရာ အိမ်ထောင်ပြု ဖို့အတွက် မင်းသမီးတွေ အများကြီး ရှိတယ်။ မင်းတို့ သူတို့ကို လိုချင်နေရင် ငါ စီစဉ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းတို့ ငါတို့ကို အရင်ဆုံး လွှတ်ပေးရမယ်။"

ခရမ်းချဉ်သီး၏ အမူအရာမှာ စိုးရိမ်နေပုံ မရသော်လည်း သူ၏ ခန္ဓာကိုယ်မှာတော့ တိုက်ပွဲဝင်ရန် အဆင်သင့်ပင်။

ဖယ်ရီမှာလည်း ခရမ်းချဉ်သီးကို မကြောက်ရွံ့ပေ။ သူက နဂါးမျိုးနွယ်သား ဘက်ကို ငဲ့ကြည့်ကာ ပြောလိုက်သည်။ "နင် ဒီလူသားရဲ့ ခေါင်းပေါ်က အစိမ်းရောင် သင်္ကေတတွေကို မြင်တယ်မလား။ သူက မြေအောက်လောက သတ္တဝါတွေနဲ့ နက်ရှိုင်းတဲ့ ဆက်သွယ်မှု ရှိနေနိုင်တယ်။ ငါတို့ မင်းသမီးက မြေအောက်လောက သတ္တဝါတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ဒီလူသားက မြေအောက်လောက,ကနေ လာတယ်ဆိုတာ ငါတို့ သေချာသိတယ်။ သူ လူသားတစ်ယောက်နဲ့ ဆင်တူပေမဲ့လို့ သူ့သရုပ်မှန်က တကယ်တမ်းကျ ဘာလဲ ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ နင် ဒီကိစ္စထဲ ဝင်မပတ်သက်ချင်ရင် နင့်ရဲ့ တောဝံပုလွေတွေနဲ့ အတူ ထွက်သွားလို့ ရတယ်။ ဒါပေမဲ့ သူကတော့ ထွက်သွားလို့ မရဘူး။"

ဖယ်ရီမှာ နဂါးမျိုးနွယ်သားကို ရည်ညွှန်း ပြောနေခဲ့ပြီး နဂါးမျိုးနွယ်သားမှာတော့ စိတ်ရှုပ်ထွေး နေခဲ့သည်။ ဖယ်ရီမှာ သူက မြေအောက်လောက အုပ်စုမှ ဗစ်တိုးရီးယားမြို့သို့ ရောက်လာခဲ့ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ဤအချက်ပင်လျှင် ဇာတ်လမ်းတွဲ၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေနိုင်သည်။ ဤဂိမ်းမှာ အလွန် အမိုက်စားပင်။

နဂါးမျိုးနွယ်သားမှာ သူဒုက္ခရောက်နေပြီ ဆိုသည်ကို သတိမထားမိပေ။ သူက ဖယ်ရီ ပြောနေသော မင်းသမီးကိုလည်း မသိပေ။ နေဦး၊ မင်းသမီးတဲ့လား။

"မင်းတို့ မင်းသမီးက ဟော့ဒီလောက် အရပ်ရှည်ပြီး ဖောက်ထွင်းမြင်နိုင်တဲ့ အတောင်ပံ တစ်စုံ ရှိလား။ သူက အရမ်း မာနကြီးပြီး တံတွေး မကြာခဏ ထွေးတတ်တဲ့ အကျင့်ရှိလား။"

နဂါးမျိုးနွယ်သား သူ၏ လက်များဖြင့် သရုပ်ဖော်ပြကာ ထိုဖယ်ရီများအား လှမ်းပြောလိုက်သည်။

ခရမ်းချဉ်သီးကတော့ မျက်မှောင် ကြုတ်ပြီး နဂါးမျိုးနွယ်သားအား ခပ်တိုးတိုး ကပ်မေးလိုက်သည်။ "မင်းက သူတို့ မင်းသမီးနဲ့ တကယ် ပတ်သက်နေတာလား။"

နဂါးမျိုးနွယ်သား ခေါင်းညိတ် ပြလိုက်သည်။ ခရမ်းချဉ်သီး၏ စိတ်ပျက်နေသော မျက်နှာအမူအရာကို မြင်တွေ့ပြီး နောက်တွင်တော့ သူ အလျင်စလို ပြန်ရှင်းပြ လိုက်သည်။ "ဆရာ၊ အထင်မလွဲနဲ့ဦး။ ကျွန်တော်က ကျွန်ကုန်သည် တစ်ယောက် မဟုတ်သလို သူတို့ မင်းသမီးကိုလည်း ဖမ်းဆီးခဲ့တာ မဟုတ်ဘူး။ ထာဝရတိုင်းပြည်လို့ ခေါ်တဲ့ ဒန်ဂျင် တစ်ခု ရှိတယ်ဗျ၊ အဲ့ဒီမှာ သူတို့ မင်းသမီးက အကျဉ်းကျနေတာ။ သူက အဲ့ဒီက ဒန်ဂျင်သတ္တဝါတွေ အတွက် ဆေးဖော်စပ်ရေးနည်းပြပဲ။"

"ဆေးဖော်စပ်ရေးနည်းပြလား။"

"နေဦး၊ နင် တကယ်ပဲ ငါတို့ မင်းသမီးကို သိတာလား။"

"မင်းသမီး ဘယ်မှာလဲ။ ယုတ်ညံ့တဲ့လူသား၊ နင်က မြေအောက်လောက သတ္တဝါတွေနဲ့ ပူးပေါင်း ကြံစည်နေတာပဲ ဖြစ်ရမယ်။"

အခြေအနေမှာ ထိန်းချုပ်မှုမှ လွတ်ကင်း သွားခဲ့သည်။ ဒေါသထွက် နေသော ဖယ်ရီ များစွာက ရှေ့သို့ ပြေးဝင် တိုက်ခိုက် လိုခဲ့ကြသော်လည်း ဖယ်ရီခေါင်းဆောင်မှာ သူ၏ လက်ကို မြှောက်ကာ သူတို့အား တားဆီး လိုက်သည်။

"ဘာပြောချင်တာလဲ။ လူသား၊ နင်ရဲ့ ခေါင်းပေါ်မှာ အစိမ်းရောင် သင်္ကေတတွေ ရှိနေတာ တစ်ခုတည်းနဲ့တော့ နင်က မြေအောက်လောက သတ္တဝါတွေနဲ့ ဆက်စပ်နေ၊ မဆက်စပ်နေတာကို ငါတို့ သေချာ မပြောနိုင်ဘူး။ ဒါပေမဲ့ နင့်ရဲ့ ခုနကစကားကို ကြားရတော့ နင်က ငါတို့ မင်းသမီးအကြောင်း သိထားတယ် ဆိုတာ သေချာသွားပြီ။ နင် ငါတို့ကို အမှန်အတိုင်း ပြောပြတာ မှန်ရင် ငါတို့ နင့်ကို ငါတို့ ရန်သူအဖြစ် မဆက်ဆံတော့ဘူး၊ ဒါပေမဲ့ နင်က ငါတို့ကို မင်းသမီးကို ရှာဖွေရာမှာ ကူညီပေးရမယ်။"

နဂါးမျိုးနွယ်သားမှာလည်း ဖယ်ရီများ၏ တောင်းဆိုချက်ကို ငြင်းမည် မဟုတ်ပေ။ သူက ထာဝရတိုင်းပြည်နှင့် ပတ်သက်နေတော့သည် မဟုတ်တော့ပေ။ အကယ်၍ သူနှင့် ပတ်သက်နေဆဲ ဖြစ်ခဲ့လျှင်ပင် ဤထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်နှင့် ကြုံတွေ့ပြီး နောက်တွင်တော့ သူက ယင်းတောင်းဆိုချက်ကို သေချာပေါက် လက်ခံ ပေလိမ့်မည်။ သူက ခေါင်းညိတ်ကာ ဖယ်ရီများအား ပြန်တုန့်ပြန်လိုက်သည်။ "မင်းတို့က မင်းတို့ရဲ့ မင်းသမီးကြောင့် ငါတို့နောက် လိုက်နေတယ် ဆိုတာ သိနေခဲ့ရင် ငါတို့ ထွက်ပြေးနေမှာတောင် မဟုတ်ဘူး။ ငါတို့ မင်းတို့ကို ကူညီပေးမယ်လေ။ ငါ မင်းတို့ကို အကုန် ပြောပြမယ်။"

ဂိမ်းဇာတ်လမ်းအား လက်တွေ့ကျ ပီပြင်စေရန် နဂါးမျိုးနွယ်သားက ယုံကြည်နိုင်လောက်သော ဇာတ်လမ်း တစ်ပုဒ် ဖွဲ့စည်း၍ ပြောခဲ့သည်။ သူ ဂိမ်းမာများ အကြောင်းကို ဇာတ်လမ်းထဲမှ ဖယ်ရှားခဲ့သည်။ သူသာ ထိုအကြောင်းအား ထည့်ပြောမိပါက အရူးတစ်ယောက်အဖြစ်သာ သတ်မှတ် ဆက်ဆံခြင်း ခံရ ပေလိမ့်မည်။ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရရှိရန်မှာ ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်သောကြောင့် နဂါးမျိုးနွယ်သားက အဓိပ္ပာယ် မရှိသော စကားများ ပြောဆိုပြီး ထိုမစ်ရှင်ကို အကျအရှုံး ခံစေမည် မဟုတ်ပေ။

နဂါးမျိုးနွယ်သားက သူ့ကိုယ်သူ ဗစ်တိုးရီးယားမြို့၏ ဒေသခံ မြို့သား တစ်ဦး အဖြစ် ပုံဖော်ခဲ့သည်။ သူက ထာဝရတိုင်းပြည်မှ မြေအောက်လောက သတ္တဝါများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ အကြိမ်များစွာ ကြိုးပမ်း၍ အပြီးတွင်မှ သူက သူ၏ သူငယ်ချင်းများ နှင့်အတူ ထွက်ပြေး လွတ်မြောက်လာကာ ဗစ်တိုးရီးယားမြို့သို့ ပြန်လည် ရောက်ရှိ လာနိုင်ခဲ့သည်။ သူက ထာဝရတိုင်းပြည်တွင် အကျဉ်းကျနေစဉ် ဖယ်ရီမလေးအကြောင်း သိခဲ့ရသည် ဟူ၍ပင်။

ထိုဇာတ်လမ်းတွင် ဟာကွက် များစွာ ရှိနေခဲ့သည်၊ သူက ထိုဒန်ဂျင်ကို ထာဝရတိုင်းပြည်ဟု ခေါ်ဆိုကြောင်း မည်သို့ သိရှိခဲ့သနည်း နှင့် သူက မြေအောက်လောကမှ မည်သို့မည်ဖုံ ထွက်ပြေးလွတ်မြောက်ခဲ့သနည်း ဟူကဲ့သို့သော အချက်များကဲ့သို့ပင်။ သူ့စွမ်းဆောင်ရည် အရဆိုလျှင် သူ ထွက်ပြေး လွတ်မြောက်နိုင်ရန်မှာ အတော်အတန် မဖြစ်နိုင်ပေ။ သူ အဖမ်းခံနေရစဉ်တုန်းကရော မြေအောက်လောက သတ္တဝါများက အဘယ်ကြောင့် သူ့ကို မစားသုံး ခဲ့ကြသနည်း။ သို့သော် မည်သူမျှ နဂါးမျိုးနွယ်သားကို ထိုအချက်များ ပြန်မထောက်ပြခဲ့ပေ။ အကြောင်းမှာ သူ၏ ဒန်ဂျင်နှင့် မင်းသမီးအကြောင်း ဖော်ပြချက်မှာတော့ ဆီလျော်နေသောကြောင့်ပင်။ ထိုအရာမှာ ဖယ်ရီများ သူတို့၏ စိတ်ထဲတွင် ခံစားခဲ့ရသော အရာပင်။

ဖယ်ရီများက ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြသည်။ ပြီးမှသာ ဖယ်ရီခေါင်းဆောင်က နဂါးမျိုးနွယ်သားအား လေးနက်စွာ ပြန်ပြောသည်။ "ငါတို့ကို မင်းသမီးဆီကို လမ်းပြပေးပါ။"

...

ဂိမ်းအကြောင်းအရာ အပ်ဒိတ် လုပ်ပြီးနောက်တွင် နဂါးမျိုးနွယ်သားမှာ ဖယ်ရီများ၏ မင်းသမီးကို ရှာဖွေပေးရန် နောက်ထပ် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရရှိခဲ့သည်။ ထိုမင်းသမီးဆိုသူမှာ ရှားလော့ခ် ဖမ်းဆီးခဲ့သော အကျဉ်းသား ဖယ်ရီမလေးပင်။

နဂါးမျိုးနွယ်သား သူ၏ ထူးဆန်းသော တွေ့ကြုံမှု အကြောင်းကို ဖိုရမ်ပေါ်တွင် မျှဝေခဲ့သည်။ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ စိတ်လှုပ်ရှား နေခဲ့ကြပြီး အထူးသဖြင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများပင်။ သူတို့က တိုက်ပွဲစစ်ဆင်ရေး တစ်ခုကို မကြာသေးခင်ကမှ အနိုင်ရခဲ့သည်ဖြစ်၍ သူတို့၏ စိတ်ဓာတ်မှာ မြင့်မား နေခဲ့သည်။ သူတို့က နဂါးမျိုးနွယ်သားကို ဖိုရမ်ပေါ်တွင် အသရေဖျက် ဝေဖန်ခဲ့ကြပြီး သူတို့ဘက်မှ မကြောက်ရွံ့ကြောင်း ကြေညာ ခဲ့ကြသည်။ သူတို့က ဖယ်ရီမလေးကို သူတို့၏ အသက်များဖြင့် လဲ၍ ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပြီး မင်းသမီးကို ဖယ်ရီများ နှင့်အတူ ထွက်ခွာခွင့် ပြုလိမ့်မည် မဟုတ်ပေ။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာလည်း စိတ်လှုပ်ရှား နေခဲ့ကြသည်။ ဤမစ်ရှင်မှာ နဂါးမျိုးနွယ်သား အတွက်သာ ပြီးမြောက်အောင် လုပ်ဆောင်ရန် ကန့်သတ်ထားခြင်း မရှိပေ။ အကယ်၍သာ ဗစ်တိုးရီးယား မြို့သားများ ဘက်မှ ဖယ်ရီမလေးကို ထာဝရတိုင်းပြည်မှ ကယ်တင်ပြီး ဖယ်ရီများထံသို့ ပြန်အပ်နိုင်ခဲ့ပါက သူတို့သည်လည်း ဤထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် အတွက် ဆုများ ရနိုင်ပေသည်။ ထို့ကြောင့်ပင်လျှင် ဂိမ်းမာ များစွာက ဖယ်ရီမလေးကို ကယ်တင်ရန် အားစိုက်ကာ ထာဝရတိုင်းပြည်ကို တိုက်ခိုက်ရန် ကြိုးစား ခဲ့ကြသည်။

ဖယ်ရီမလေးကို အကြောင်းပြု၍ အုပ်စုနှစ်ခု ကြားမှ ပဋိပက္ခမှာ ပိုမို၍ အခြေအနေ ဆိုးရွား လာခဲ့သည်။ သူတို့ ကြားမှ တိုက်ပွဲများမှာ အချိန်ပြည့်ဖြစ်ပွားနေခဲ့၏။

အရှင်ရှားလော့ခ်မှာ ဂိမ်းမာများ နှင့် ပတ်သက်၍ အချိန် မရှိနေပေ။ သူက တွေ့ဆုံမေးမြန်းမှုများ နှင့် အကူအညီ ပေးအပ်လာသော ဒန်ဂျင်အရှင်များနှင့် အဆက်အဆံ ပြုနေရသည်။ သူက ဘောလုံးပွဲများ နှင့် ညီလာခံများကိုလည်း တက်ရောက် ပေးနေရသည်။ သူက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအား စာအုပ်ထုတ်ဝေရန်ပင် ချဉ်းကပ်ခြင်း ခံခဲ့ရသေးသည်။

ရှားလော့ခ်မှာ သူ၏ စစ်သည်တော်များက မြေပေါ်ကမ္ဘာမှ စစ်သည်တော်များကို အနိုင်ယူ နိုင်ခဲ့သောကြောင့် အလွန်ပင် အလုပ်ရှုပ် နေခဲ့သည်။ ထိုသတင်းမှာ မြောက်ပိုင်း မြေအောက်လောက တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး သူ အကူအညီများ ဆက်တိုက် ရခဲ့သည်။ ရှားလော့ခ်မှာ ရလာသည့် အကူအညီများ အတွက် အလွန် ပျော်ရွှင် နေခဲ့သည်။

ဤအချိန်တွင်ပင် ဖိုးဉာဏ်ကျယ် သူ၏ သုတေသနကို ပြီးမြောက်ခဲ့သည်။

"အရှင်ရှားလော့ခ်၊ ကျွန်တော် အင်တာနက်တီဗီကို တီထွင်ခဲ့ပါပြီ။ အရှင်က ဘာဖြစ်လို့ ဒါကို အင်တာနက်တီဗီလို့ ခေါ်တာလဲ။" ဖိုးဉာဏ်ကျယ်က လေးထောင့်ပုံ အရာဝတ္ထု တစ်ခုကို ယူလာရင်း ရှားလော့ခ် ရှေ့တွင် ရပ်ကာ သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။

All Chapters