← Chapters

ပါရမီရှင်များ၏ တိုက်ပွဲ (၂)

Vol. 19 Ch. 282

ပါရမီရှင်များ၏ တိုက်ပွဲ (၂)

Vol. 19 Ch. 282

~လိန်ချင်းဖုန်းသည် ဖုန်းဝူချန်၏ အာရုံကို အောင်မြင်စွာ လွှဲပြောင်းနိုင်ခဲ့ပြီး တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးကို ဆုပ်ကိုင်ထားလိုက်နိုင်၏။

ဤမျှ အနီးကပ်တိုက်ခိုက်မှုအပြင် ဖုန်းဝူချန်သည် လက်ဝါးချက် ထုတ်နေဆဲ အနေအထားဖြစ်သောကြောင့် ရှောင်တိမ်းရန် နည်းလမ်း လုံးဝ မရှိတော့ချေ။

သူ၏ လက်ဝါးချက်သည် ဖုန်းဝူချန်ကို မုချ ထိမှန်လိမ့်မည်ဟု လိန်ချင်းဖုန်းက အပြည့်အဝ ယုံကြည်ထားလေသည်။

သို့သော်ငြားလည်း... လိန်ချင်းဖုန်း နားလည်နိုင်စွမ်းမရှိသော အံ့ဖွယ်ဆန်ပြီး ထူးဆန်းလှသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်သွားခဲ့၏။

"တော်တော် ကပ်သွားတာပဲ"

အဝေးရှိ ကောင်းကင်ယံတွင် ဖုန်းဝူချန်သည် သက်ပြင်းတစ်ချက်ကို ချလိုက်မိ၏။ သူ၏ တုံ့ပြန်မှု အချိန်မီခဲ့သည့်အတွက် ကျေးဇူးတင်နေမိသည်။ သို့မဟုတ်ပါက လိန်ချင်းဖုန်း၏ လက်ဝါးချက်ကို သူ အမှန်တကယ် ရှောင်တိမ်းနိုင်ခဲ့မည် မဟုတ်ပါ။

လိန်ချင်းဖုန်းသည် အဝေးမှ ဖုန်းဝူချန်ကို ကြောင်ငေးကြည့်နေမိ၏။ သူ၏ လက်ဝါးအောက်မှ ချက်ချင်း ပျောက်ကွယ်သွားပြီး မီတာရာချီအကွာတွင် ပြန်ပေါ်လာခဲ့သည်။ သည်အဖြစ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်း ဖြစ်သနည်း။

ဖုန်းဝူချန်သည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းအောင် မြန်ဆန်နိုင်လိမ့်မည်ဟု လိန်ချင်းဖုန်းက မယုံကြည်ပါ။ ၎င်းသည် အစွမ်းထက်သော ခြေလှမ်းသိုင်းပညာ တစ်မျိုးမျိုး ဖြစ်ရမည်။

မျက်တောင်တစ်ခတ် လှုပ်ရှားခြင်းပင်။

"မင်းဆီမှာ ဒီလောက်တောင် အံ့မခန်းဖြစ်တဲ့ ခြေလှမ်းသိုင်းပညာ ရှိနေလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး"

ခဏအကြာတွင် လိန်ချင်းဖုန်းသည် သတိပြန်ဝင်လာပြီး ပြောလိုက်လေသည်။

ဖုန်းဝူချန်က ပြုံးလျက် ဆို၏။

"မင်းရဲ့ လက်ဝါးချက်က ငါ့ကို တကယ်ပဲ မိတော့မလို့ပဲ။ မင်းရဲ့ အရိပ်ယောင်နဲ့ လှည့်စားခံလိုက်ရတယ်။ ဒါပေမဲ့ နောက်တစ်ခါတော့ ဒီလို အလိမ်ခံရတော့မှာ မဟုတ်ဘူး"

"နောက်တစ်ခါ ဆိုတာ မလိုပါဘူး။ ဒီလို အရိပ်ယောင်မျိုးကို တစ်ခါပဲ သုံးရတယ်။ အကြိမ်များများ သုံးမိရင် ပြိုင်ဘက်ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်"

ထိုသို့ ပြောကာ လိန်ချင်းဖုန်းသည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်သည်။

လိန်ချင်းဖုန်း စကားပြောနေရင်းမှာပင် ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်၏။ ၎င်းသည် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်၏။ သေသပ်စွာ ထုလုပ်ထားသော ဓားသွားမှ အပြာရောင်အလင်းတန်းများ ဖြာထွက်နေကာ၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒများက လေထုထဲတွင် ပျံ့နှံ့နေသည်။

လိန်ချင်းဖုန်း၏ ဓားစိတ်ဆန္ဒသည် အလွန်တရာ ပြင်းထန်လှ၏။ လှောင်အိမ်ထဲမှ ရုန်းကြွ‌နေသော သားရိုင်း တစ်ကောင်ကဲ့သို့ပင်။

နတ်ဘုရားဓား ထွက်ပေါ်လာသည်နှင့် လိန်ချင်းဖုန်း၏ အရှိန်အဝါသည် ထိုးတက်လာပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပို၍ပင် တစ္ဆေ သရဲဆန်လာတော့သည်။

"ဒီဓားကို ချင်ဟုန်ဓားလို့ ခေါ်တယ်။ ငါ ဒီဓားကို မသုံးတာ သုံးနှစ်ရှိပြီ။ ဒါပေမဲ့ မင်းနဲ့ ဒီတိုက်ပွဲအတွက်တော့ ငါ အစွမ်းကုန် ထုတ်တိုက်တော့မယ်"

လိန်ချင်းဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

သုံးနှစ်တိတိ မသုံးခဲ့သော ချင်ဟုန်ဓားကို ဖုန်းဝူချန်နှင့် တိုက်ပွဲအတွက် ထုတ်ယူလာခြင်းကပင် သူသည် ဖုန်းဝူချန်ကို မည်မျှ လေးစားကြောင်း ပြသနေလေသည်။

"သုံးနှစ်တောင် မသုံးဘူး ဟုတ်လား...။ ဒီဓားမှာ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ ဓားစိတ်ဆန္ဒတွေ ရှိနေတာ မဆန်းတော့ပါဘူး။ မင်းလို ပြိုင်ဘက်မျိုး ရင်ဆိုင်ရတာ ငါ့အတွက်လည်း ဂုဏ်ယူစရာပါပဲ"

ဖုန်းဝူချန်သည် အနည်းငယ် အံ့အားသင့်သွားသလို၊ တစ်ချိန်တည်းမှာပင် လိန်ချင်းဖုန်းအပေါ် လေးစားမှုများဖြင့် ပြည့်နှက်သွား၏။

"ဖုန်းဝူချန်... ငါကြားဖူးတယ်။ ပေမင်ခုံနဲ့ မင်းရဲ့တိုက်ပွဲမှာ မင်းက အလွန်တရာ အစွမ်းထက်တဲ့ ဓားသိုင်းတစ်ခုကို ပြသခဲ့တယ်ဆို။ အခု ငါ့ကို အဲ့ဒီပညာကို မျက်ဝါးထင်ထင် မြင်ခွင့်ပေးနိုင်မလား"

လိန်ချင်းဖုန်းက သူ၏ ယုံကြည်မှုများ ပြန်လည်ရရှိလာသလို ပြုံးလျက် ပြောလိုက်သည်။

"ဝုန်း..ဝုန်း"

ပြောပြောဆိုဆိုပင်၊ သူက သူ၏ အစစ်အမှန်ယွမ်ကို အပြည့်အဝ နှိုးဆွလိုက်ပြီး ချင်ဟုန်ဓားထဲသို့ လောင်းထည့်လိုက်၏။ ဓားသည် တုံ့ပြန်မှုအဖြစ် တဝီဝီ မြည်ဟည်းလာပြီး၊ အလွန်တရာ ပြင်းထန်သော

စွမ်းအားများ ပေါက်ကွဲ

ထွက်လာတော့သည်။

သူ ဖုန်းလန်ဂိုဏ်းတွင် ရှိစဉ်က၊ သူ၏ ဖခင်က ဖုန်းဝူချန်၏ ဓားသိုင်း မည်မျှ ထက်မြက်ကြောင်း သူ့ကို ပြောပြခဲ့ဖူးလေသည်။ ၎င်းက လိန်ချင်းဖုန်းကို မျှော်လင့်တကြီး ဖြစ်စေခဲ့၏။

ထိုအခိုက်၊ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည်လည်း လေထဲတွင် ဘွားခနဲ ပေါ်လာပြီး ပြင်းထန်သော အရှိန်အဝါများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

"ကျိုကျိုးရဲ့ နံပါတ်တစ် ပါရမီရှင် တစ်ယောက်အနေနဲ့ မင်းရဲ့ ဓားသိုင်း လမ်းစဉ်အပေါ် နားလည်နိုင်စွမ်းကလည်း နက်ရှိုင်းလှမှာ သေချာပါတယ်"

သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားစိတ်ဆန္ဒများ တိုးထွက်လာပြီး၊ ဝိညာဉ်ကိုပင် ဆွဲဆောင်နိုင်လုမတတ် ဖြစ်နေလေ၏။

'...ဒီဓားစိတ်ဆန္ဒက ကျယ်ပြောလိုက်တာ။ ဖုန်းဝူချန်ရဲ့ ဓားသိုင်းလမ်းစဉ်အပေါ် နားလည်မှုက ငါ့အောက် လုံးဝမနိမ့်ဘူး။ သူ့ဓားက အစွမ်းထက်တယ်။ အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်တစ်ခုလိုပဲ။ ဒါပေမဲ့... သူ့ရဲ့ စွမ်းအားက ချင်ဟုန်ဓားထက် သိပ်ပြီး အားနည်းနေပုံ မရဘူး'။

လိန်ချင်းဖုန်းသည် စိတ်ထဲမှ တွေးလိုက်ရင်း သူ၏ မျက်နှာအမူအရာက ပိုမို လေးနက်သွားသည်။

"ဝုန်း..ဝုန်း"

ဖုန်းဝူချန်က သွေးမျိုးဆက် စွမ်းအားများကို နဂါးနတ်ဘုရားဓားထဲသို့ လွှဲပြောင်းလိုက်၏။ ကြမ်းတမ်းပြီး တရိပ်ရိပ်တက်လာသော ဓားအလင်းရောင်များ ပျံ့နှံ့ထွက်လာပြီး၊ ကောင်းကင်ယံတွင် သွေးရောင်အလင်းများက ရောင်ပြန်ဟပ်နေကာ ခြိမ်းခြောက်နိုင်စွမ်းများဖြင့် ပြည့်နှက်နေသည်။

"နတ်ဘုရား နဂါး အရိပ်"

ဖုန်းဝူချန်က တိုးညင်းစွာ ကြွေးကြော်လိုက်ပြီး နဂါးနတ်ဘုရားဓားကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးဝင်သွားသည်။

သူ၏ ခြေလှမ်းသိုင်းပညာသည် အလွန်တရာ ဆန်းကြယ်ပြီး၊ သူက ဘယ်ညာ ရှေ့နောက် လှုပ်ရှားလိုက်တိုင်း ရှင်းလင်းသော အရိပ်များကို ချန်ထားခဲ့ကာ၊ သူ့ကို ခြေရာခံရန် ခက်ခဲစေသည်။

"ဝှစ်"

လိန်ချင်းဖုန်း၏ ပုံရိပ်သည် ရုတ်တရက် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် လျှပ်စီးကဲ့သို့ ရှေ့သို့ ပစ်ထွက်သွားသည်။

တစ်စုံတစ်ခုကို ခံစားမိလိုက်သည်နှင့် ဖုန်းဝူချန်၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွား၏။ သူသည် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် နဂါးနတ်ဘုရားဓားကို မြှောက်ကာ ခုခံလိုက်၏။

"ချွင်"

အပြာရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး၊ စူးရှသော သတ္တုချင်း ထိခတ်သံနှင့်အတူ မီးပွားများ လွင့်စင်သွားသည်။ အလွန် အားပြင်းသော စွမ်းအား လေပွေတစ်ခုက ကြမ်းတမ်းစွာ ပျံ့နှံ့သွား၏။ ထိခတ်မိသည့် ခဏမှာပင် ဖုန်းဝူချန်သည် နောက်သို့ ဝရုန်းသုန်းကား လွင့်စင်သွားတော့သည်။

သူ၏ ခြေဖဝါးများက ကောင်းကင်ယံကို ပွတ်တိုက်သွားသဖြင့် အဖြူရောင် မီးခိုးတန်းရှည်နှစ်ခု ချန်ထားခဲ့ပြီး၊ မီတာရာပေါင်းများစွာ လွင့်စင်သွားပြီးမှ ဖုန်းဝူချန်သည် ရပ်တန့်နိုင်ခဲ့သည်။

'...သုံးနှစ်တောင် မသုံးဘဲထားတဲ့ ဓားက ဒီလောက်တောင် စွမ်းအားကြီးနေရလား'။

ဖုန်းဝူချန်သည် စိတ်ထဲမှ အံ့အားသင့်စွာ ချီးကျူးလိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် သူ၏ ညာဘက်လက်သည် ထုံကျင်သွားပြီး၊ သူ၏ သွေးများကလည်း ခန္ဓာကိုယ်ထဲတွင် ပြင်းထန်စွာ ဆူပွက်သွားခဲ့သည်။

"အလိုလေး.."

ဖုန်းဝူချန်တစ်ယောက် လိန်ချင်းဖုန်း၏ ဓားချက်တစ်ချက်တည်းဖြင့် အဟုန် ပြင်းပြင်း လွင့်စင်သွားသည်ကို မြင်လိုက်ရသောအခါ ဖုန်းကျိန့်ရှုံးနှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်မှုဖြင့် အသက်ရှူမှားသွားကြ၏။

လိန်ချင်းဖုန်း၏ ဓားသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းလှသည်။

"သူ... သူ တကယ် ကြောက်စရာ ကောင်းလောက်အောင် သန်မာတာပဲ"

လျိုချင်းယန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး တအံ့တဩ ရေရွတ်လိုက်သည်။

"အဲ့ဒီ ဓားချက်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"

ဖုန်းကျိန့်ရှုံးကလည်း လေးနက်စွာ မှတ်ချက်ချလိုက်သည်။ သူ၏ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။

လိန်ချင်းဖုန်းသည် ဖုန်းဝူချန်ကို ဓားတစ်ချက်တည်းဖြင့် လွင့်စင်သွားအောင် လုပ်နိုင်ရန် လိုအပ်သော အစွမ်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

"သုံးနှစ်ကြာအောင် ပျိုးထောင်ထားရတော့ ချင်ဟုန်ဓားရဲ့ စွမ်းအားက အများကြီး တိုးတက်လာခဲ့တာပဲ"

လိန်ချင်းဖုန်းက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ ချင်ဟုန်ဓား၏ ကြောက်မက်ဖွယ် စွမ်းအားသည် လိန်ချင်းဖုန်း၏ မျှော်လင့်ထားမှုအတိုင်းပင် ဖြစ်လေသည်။

လိန်ချင်းဖုန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ချင်ဟုန်ဓားကို သူ၏ ရင်ဘတ်ရှေ့တွင် ထားပြီး၊ သူ၏ ဘယ်ဘက်လက်က ဓားပုံစံ လက်ဟန်ပြုကာ၊ ဓားရိုးမှ ဓားသွားထိပ်အထိ လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။

သူ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်နှင့် လိန်ချင်းဖုန်း၏ အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်သွား၏။ ညာဘက်လက်ကို လှည့်လိုက်သည်နှင့် ဓားသည် အပြင်ဘက်သို့ မျက်နှာမူသွားပြီး၊ ဓားသွားမှ အပြာရောင်အလင်းများ ဝင်းလက်သွားကာ၊ အလွန်တရာ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

"ကောင်းကင်ပြာကို ခွင်းမယ့် အပြာရောင် သက်တန့်"

လိန်ချင်းဖုန်းက အော်ဟစ်လိုက်ရင်း ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။

"ဝှစ်" "ဝုန်း..ဝုန်း"

မီတာ ဆယ်ချီခန့် ကြီးမားသော အပြာရောင် ဓားအလင်းတန်းကြီး

တစ်ခုသည် ကြီးမားသော အပြာရောင် လကြမ်းကဲ့သို့ ပစ်ထွက်သွား၏။ ၎င်းတွင် ကမ္ဘာမြေကို တုန်ခါစေနိုင်သော စွမ်းပကားနှင့် ကောင်းကင်ကိုပင် အမှန်တကယ် ခွဲခြမ်းနိုင်ပုံရသော ပြင်းထန်လှသည့် စွမ်းအားများ ပါဝင်နေသည်။

"ဒါက မြေကမ္ဘာအဆင့် သိုင်းပညာ ဓားသိုင်းပဲ"

ဖုန်းဝူချန်က မျက်ခုံးများ အနည်းငယ် တွန့်ချိုးလိုက်သည်။

ဖုန်းဝူချန်သည် သူ၏ ပြိုင်ဘက်ကို အထင်မသေးရဲပါ။ နဂါးနတ်ဘုရားဓားသည် ကခုန်သွားပြီး၊ ၎င်း၏ အလင်းတန်းများ လက်သွားကာ၊ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများက ကောင်းကင်သို့ ထိုးတက်သွားသည်။

"ဝိညာဉ် ချေမှုန်း ဓားသိုင်း။ ဝိညာဉ်ချေမှုန်း နတ်ငိုသရဲအော်သံ"

ပြင်းထန်သော အော်ဟစ်သံနှင့်အတူ ဖုန်းဝူချန်၏ လက်များက သွေးရောင်အလင်းတန်းများ လက်နေသော နဂါးနတ်ဘုရားဓားကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး၊ တုံ့ဆိုင်းမှုမရှိဘဲ ဝှေ့ယမ်းလိုက်သည်။

“ဝှစ်”

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် ဓားချီသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသော အငွေ့အသက်ကို သယ်ဆောင်လျက် တိုးထွက်သွား၏။

"ဝုန်း..ဝုန်း”

ပေါက်ကွဲသံက စူးရှလှပြီး၊ ထို ဖျက်ဆီးနိုင်စွမ်းရှိသော ဓားချီက လူတိုင်းကို အံ့အားသင့်စေကာ၊ ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါက စိတ်ကို ဆွဲဆောင်သွားလေသည်။

"ဒါ ... အင်မော်တယ် အဆင့် သိုင်းလား"

လိန်ချင်းဖုန်း၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး၊ သူ၏ ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် တုန်ရီသွားသည်။

ဖုန်းဝူချန် ပြသလိုက်သော ဓားချီနှင့် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားက လိန်ချင်းဖုန်းကို ကြီးမားသော စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်သွားစေသည်။

၎င်းကို အင်မော်တယ် အဆင့် ပညာရပ်ဟု တွေးတောခြင်းမှလွဲ၍၊ အခြား မည်သည့် ဓားသိုင်းကမျှ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကား ပိုင်ဆိုင်နိုင်လိမ့်မည်ဟု လိန်ချင်းဖုန်း စိတ်ကူး၍ပင် မရနိုင်ခဲ့ချေ။

တောင်ထိပ်တွင် မျက်လုံးမှိတ် တရားထိုင်နေသော ပေမင်ခုံသည်ပင် ထိုဓားချီ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသောအခါ မျက်လုံး ဖွင့်ကြည့်မိသွားသည်။

"အစ်ကို ပေမင်... ဖုန်းဝူချန် သုံးနေတာ ဘာဓားသိုင်းလဲ ခင်ဗျား ပြောနိုင်မလား။ ဒါက မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ ဖြစ်နိုင်မလား"

နန်းကုန်းကျင်းသည် ကြောက်လန့်မှုများ ဖုံးလွှမ်းနေသော မျက်နှာဖြင့် ကြောင်ငေးကာ မေးလိုက်သည်။

"ငါလည်း မသိဘူး။ ဒါပေမဲ့ ဒါ တော်တော် ကြောက်စရာကောင်းတယ်"

ပေမင်ခုံက ပို၍ပင် လေးနက်သော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

တံတွေးကို ခြောက်ပ်စွာ မျိုချလိုက်ရင်း နန်းကုန်းကျင်းက ထိတ်လန့်တကြား မေးလိုက်၏။

"ဒီလောက် ကြောက်စရာ ကောင်းတဲ့ ဓားချီကို... ထျန်းယွမ်ဘုံ ပဉ္စမအလွှာတောင်မှ တားဖို့ ခက်ခဲလိမ့်မယ် မဟုတ်လား"

ပေမင်ခုံကို ကြောက်လန့်နေသော အကြည့်ဖြင့် ကြည့်ရင်း နန်းကုန်းကျင်းက ဆက်၍ မေးလိုက်သည်။

"အစ်ကိုပေမင်... ခင်ဗျား ဖုန်းဝူချန်ကို အနိုင်တိုက်နိုင်ပါ့မလား"

"ကိုးထပ် ချန်ခွန်း မျှော်စင် မရှိဘဲနဲ့ ဖုန်းဝူချန်မှာ ဘာအစွမ်း ရှိလို့လဲ။ တစ်ပိုင်း အဆင့်ပဲ ရှိတဲ့ အင်မော်တယ် လက်နက်ကို အားကိုးပြီး တိုက်ခိုက်နေတာ... ဒါ ဘာအစွမ်းရှိလို့လဲ။ တိုက်ပွဲကို အချိန်ကုန်ခံပြီး ကြည့်နေမယ့်အစား၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ဘယ်လို လုယူရမလဲဆိုတာ မင်း စဉ်းစားထားတာက ပိုကောင်းဦးမယ်"

ပေမင်ခုံက မထီမဲ့မြင် ပြန်ပြောလိုက်သည်။

"ဖုန်းဝူချန် အခု အပြင်းအထန် ဒဏ်ရာရနေပြီ။ ဒါ အခွင့်အရေး မဟုတ်ဘူးလား။ သူ့ကို သတ်ပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူလိုက်လေ။ လိန်ချင်းဖုန်းလည်း အပြင်းအထန် ဒဏ်ရာရနေတာပဲ။ သူ ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး"

နန်းကုန်းကျင်းက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

"မင်း အရမ်းတော့ မတုံးသေးပါဘူး။ ဒါပေမဲ့ ဖုန်းဝူချန်ကို ငါတို့ သတ်လို့ မဖြစ်သေးဘူး။ အနည်းဆုံးတော့ အခုအချိန်မှာ မဖြစ်သေးဘူး။ သူက ငါ့အတွက် အသုံးဝင်သေးတယ်"

ပေမင်ခုံက ခေါင်းခါလိုက်သည်။

"ကောင်းပြီ။ ငါတို့ ခဏနေရင် လှုပ်ရှားကြတာပေါ့"

နန်းကုန်းကျင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

ဓားချီ နှစ်ခုသည် ကောင်းကင်ယံကို ဆုတ်ဖြဲသွား၏။ ၎င်းတို့သည် ခမ်းနားထည်ဝါသော ရှုခင်းတစ်ခုနှယ်၊ ကမ္ဘာကြီးကို လင်းထိန်သွားစေသည်။

၎င်းတို့ ထိပ်တိုက် တွေ့ဆုံသည့်အခါ၊ ကမ္ဘာကြီးသည် ရပ်တန့်သွားသကဲ့သို့ ရှိပြီး၊ အရာအားလုံးသည် ထိုအခိုက်အတန့်တွင် ရပ်တန့်သွားကြသည်။

"ဘုန်း"

ကောင်းကင်ကို တုန်ဟည်းစေပြီး မြေကြီးကို သိမ့်သိမ့်တုန်စေသော ပေါက်ကွဲသံကြီး ကောင်းကင်ယံမှ ထွက်ပေါ်လာသည့်အခါ၊ ၎င်းသည် တိတ်ဆိတ်မှုကို ချက်ချင်း ဖြိုခွင်းလိုက်၏။ ကမ္ဘာပျက်မတတ် စွမ်းအင်များက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားလေ၏။ ထို့နောက် လှိုင်းဂယက်များ ဖြစ်ပေါ်ကာ ဖုန်းဝူချန်နှင့် လိန်ချင်းဖုန်း နှစ်ဦးစလုံးကို သွေးများ အန်ကျစေလျက် တစ်ဦးစီ တစ်ဖက်တစ်ချက်သို့ ပစ်လွင့်သွားစေသည်။

ဓားချီများ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် နှစ်ဦးစလုံး ဒဏ်ရာရရှိသွားကြ၏။

"ဝုန်း..ဝုန်း"

အရူးအမူး ပျံ့နှံ့နေသော အားလှိုင်း အကြွင်းအကျန်များသည် ကောင်းကင်ယံကိုပင် ဖျက်ဆီးပစ်တော့မည့်အလား၊ မရပ်မနား တိုက်ခတ်လာပြီး၊ လူတိုင်း၏ ခြေဖဝါးအောက်ရှိ မြေကြီးကိုပင် တုန်ခါသွားစေသည်။

လိန်ချင်းဖုန်း အလွန်အမင်း တုန်လှုပ်သွား၏။ သုံးနှစ်ကြာ ပျိုးထောင်ထားသော ချင်ဟုန်ဓားသည် အလွန်တရာ အစွမ်းထက်သော်လည်း၊ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ဓားချီနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းသည် အသာစီး မရခဲ့သည့်အပြင် သူ့ကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်။

လိန်ချင်းဖုန်း၏ မျက်နှာသည် ဖြူဖျော့နေပြီး၊ သူ၏ ဒဏ်ရာများမှာ ပြင်းထန်လှ၏။ သူ့ ညာဘက်လက်သည် သွေးချင်းချင်းနီနေပြီး၊ သူ၏ ပုံစံမှာ အလွန်တရာ စုတ်ပြတ်သတ်

နေလေသည်။

'...ဒါက ဒဏ္ဍာရီထဲက အင်မော်တယ် အဆင့် ပညာရပ်ပဲ ဖြစ်ရမယ်။ သေချာတယ်။ ဒါမှမဟုတ်ရင် ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ကိုးထပ် ချန်ခွန်း မျှော်စင်က ငါ့စွမ်းအားကို ဖိနှိပ်မထားဘူး ဆိုရင်တောင်မှ... ဒါကို တားဖို့ မလွယ်ဘူး'။

လိန်ချင်းဖုန်းသည် စိတ်ထဲမှ အခိုင်အမာ ယုံကြည်လိုက်ပြီး၊ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာ၏။

ယခင်က လိန်ချင်းဖုန်းသည် ဤအကြောင်းကို သူ၏ ဖခင်ထံမှ ကြားဖူးရုံသာ ကြားဖူးခဲ့သည်။

သို့သော် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားလိုက်ရပြီးနောက်၊ ဖုန်းဝူချန်၏ ဓားတာအိုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ အမှန်တကယ် နားလည်သွားခဲ့သည်။

ဖုန်းဝူချန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ၊ သူ၏ ဒဏ်ရာများမှာလည်း ပြင်းထန်လှ၏။ သူ၏ မျက်နှာသည် ဖြူဖျော့နေသည်။ သန်မာသော ခန္ဓာကိုယ်နှင့် ချီလင် ချပ်ဝတ်တို့ ရှိနေသော်ငြားလည်း၊ လိန်ချင်းဖုန်း၏ ကြောက်မက်ဖွယ် ဓားချီက သူ့ကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်ပင်။

ဒဏ်ရာများကို အခြေခံ၍ ကြည့်လျှင် လိန်ချင်းဖုန်း၏ ဒဏ်ရာက ပို၍ ပြင်းထန်လေသည်။

ဤတိုက်ပွဲကို နှစ်ဦးစလုံး အပြင်းအထန် အထိနာခဲ့သည်ဟု ဖော်ပြနိုင်လေ၏။

ပါရမီရှင်နှစ်ဦးကြားက ပြိုင်ပွဲတွင် မည်သူကမျှ အခြားတစ်ဦးကို အလျှော့မပေးခဲ့ကြချေ။

"သုံးနှစ်ကြာ ပျိုးထောင်ထားတဲ့ ဓားက တကယ်ကို ကြောက်စရာကောင်းတာပဲ"

ဖုန်းဝူချန်က သူ၏ ပါးစပ်ထောင့်မှ သွေးများကို သုတ်ရင်း ထုတ်ဖော် ချီးကျူးလိုက်သည်။

'...ဖုန်းဝူချန်ကို အနိုင်ယူဖို့က တကယ်ကို မလွယ်တဲ့ အလုပ်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်က အသာစီး ရနေတယ်'။

ဖုန်းဝူချန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်ရင်း လိန်ချင်းဖုန်းက စိတ်ထဲမှ တွေးလိုက်မိသည်။

"ဝှစ် ဝှစ် ဝှစ်"

ကြောက်မက်ဖွယ် အားလှိုင်း အကြွင်းအကျန်များ လုံးဝ မပျောက်ကွယ်သေးမီမှာပင် ဖုန်းဝူချန်သည် သူ၏ ခြေလှမ်းသိုင်းကို အသုံးပြုကာ ရှေ့သို့ လျင်မြန်စွာ တိုးဝင်သွားပြီး ဖြစ်နေသည်။ သူ၏ အမြန်နှုန်းသည် လိန်ချင်းဖုန်းနှင့် တူညီနေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းဝူချန်သည် ရောက်ရှိလာပြီး၊ နဂါးနတ်ဘုရားဓားက စူးရှသော ထိုးဖောက်သံနှင့်အတူ ပြိုင်ဘက်အား ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

လိန်ချင်းဖုန်းသည် နဂါးနတ်ဘုရားဓားကို အာရုံစိုက်ထား၏။ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး၊ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုက သူ၏ ရှေ့မှောက်တွင် ချက်ချင်း စုစည်းသွားကာ၊ သူ၏ ဓားကို ဖုန်းဝူချန်ထံသို့ ပြန်၍ ထိုးစိုက်လိုက်သည်။

“ချွင်”

တစ်ခဏချင်းမှာပင် ဖုန်းဝူချန်၏ နဂါးနတ်ဘုရားဓားသည် ထိုစွမ်းအင်ကို ထိမှန်သွား၏။ စူးရှသော သတ္တု မြည်သံနှင့်အတူ ၎င်းသည် ခေတ္တမျှ တားဆီးခံလိုက်ရသော်လည်း နောက်ပိုင်း၌ ထိုးဖောက်သွားပြီး လိန်ချင်းဖုန်း၏ လည်ပင်းပေါ်တွင် တင်နေတော့သည်။

တစ်ချိန်တည်းမှာပင်၊ နဂါးနတ်ဘုရားဓား တားဆီးခံလိုက်ရသော ထိုစက္ကန့်ပိုင်းအတွင်း၌၊ လိန်ချင်းဖုန်း၏ ချင်ဟုန်ဓားသည်လည်း ဖုန်းဝူချန်၏ ရင်ဘတ်ကို ထိတွေ့သွားခဲ့သည်။

သူတို့၏ လှုပ်ရှားမှုများသည် တစ်ပြိုင်နက်တည်းနီးပါး ရောက်ရှိသွားကြပြီး၊ မည်သူကမျှ ရှေ့သို့ တစ်လက်မ၏ တစ်ဝက်မျှပင် ဆက်မတိုးခဲ့ကြချေ။

"ယန်ဟော်အင်ပါယာရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်ရတာနဲ့ ထိုက်တန်ပါပေတယ်။ ဖုန်းဝူချန်... မင်းရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းလောက်အောင် သန်မာတာပဲ"ဟု လိန်ချင်းဖုန်းက ချီးကျူးလိုက်သည်။

သူ၏ ဖြူဖျော့နေသော မျက်နှာတွင် အပြုံးအရိပ်အယောင်လေး ပေါ်လာပြီး၊ သူ၏ ချင်ဟုန်ဓားကို အနည်းငယ် နှိမ့်ချလိုက်သည်။

ဖုန်းဝူချန်လည်း နဂါးနတ်ဘုရားဓားကို ပြန်သိမ်းလိုက်ပြီး၊ ခါးသက်စွာ ပြုံးလိုက်သည်။

"မင်းရဲ့ ခွန်အားက ပိုကြီးမားပါတယ်။ ကိုးထပ် ချန်ခွန်း မျှော်စင်က မင်းရဲ့ ခွန်အားကို ဖိနှိပ်မထားဘူးဆိုရင်၊ ငါက ဘယ်လိုလုပ် မင်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"

ပါရမီရှင်များ၏ တိုက်ပွဲသည် နှစ်ဦးစလုံး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး၊ ရှင်းလင်းသော အောင်နိုင်သူ မရှိဘဲ ပြီးဆုံးသွားလေသည်။

All Chapters