← Chapters

နန်းကုန်းမိသားစု၏ အမျက်ဒေါသ။

Vol. 19 Ch. 285

နန်းကုန်းမိသားစု၏ အမျက်ဒေါသ။

Vol. 19 Ch. 285

~လေလံခန်းမကြီးတစ်ခုလုံးသည် ဆေးပညာရှင်များ၏ တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားလေ၏။

သူတို့၏ အလွန်အမင်း တုန်လှုပ်နေသော မျက်နှာထားများကို မြင်လိုက်ရသည်နှင့် ယန်ထျန်းရှန်ရော စစ်ထူကျန့်ထျန်းပါ အခြေအနေကို သဘောပေါက်လိုက်ကြသည်။

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည်လည်း မီးအဆိပ်၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရဖူးသူများ ဖြစ်သည်။ မြားပေါင်းထောင်သောင်းချီ၍ နှလုံးသားကို ထိုးစိုက်ခြင်းထက် ပိုဆိုးသော ထိုဝေဒနာကို သူတို့ ကောင်းကောင်းကြီး သိရှိနားလည်ကြ၏။

ထိုသို့သော နာကျင်မှုမျိုးသည် သာမန်လူများအတွက်မူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထို့အပြင်၊ ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူ အများအပြားသည်လည်း မီးအဆိပ်များ ပေါက်ကွဲထွက်မှုကြောင့် သေဆုံးခဲ့ကြပြီး ဖြစ်သည်။

ပြန်တွေးကြည့်လိုက်တိုင်း အကြီးအကဲနှစ်ဦးလုံး ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲ ဖြစ်လေ၏။

"နန်းတွင်းအကြံပေးကြီး... မင်းသားကြီး... ကျွန်တော်တို့ကို ကူညီဖို့ တောင်းပန်ပါတယ်... ဆေး ဧကရာဇ်ကြီးကို မီးအဆိပ်တွေ ကုသပေးဖို့ ကူညီလျှောက်ထားပေးပါ"

ချူချန်ခုံးက အလျင်အမြန် ဒူးထောက် တောင်းပန်လိုက်သည်။

"မီးအဆိပ်ရဲ့ ညှဉ်းပန်းမှုက ကျွန်တော့်ကို ဆယ်စုနှစ်ချီပြီး နှိပ်စက်လာတာပါ။ ဒါက ဖြစ်ပွားလာတိုင်း မယုံနိုင်လောက်အောင် နာကျင်ခံစားရခက်ပြီး... သေတာထက်တောင် ပိုဆိုးပါတယ်"

"နန်းတွင်းအကြံပေးကြီးနဲ့ မင်းသားကြီး... ခင်ဗျားတို့ ကျွန်တော်တို့ကို ကူညီရပါမယ်။ ကျွန်တော်တို့ မီးအဆိပ်ရဲ့ ညှဉ်းပန်းမှုကို ဆက်ပြီး မခံနိုင်တော့ပါဘူး"

"နန်းတွင်းအကြံပေးကြီးနဲ့ မင်းသားကြီးတို့ ကျွန်တော်တို့ကို ကယ်တင်ပေးဖို့ အလေးအနက် တောင်းပန်အပ်ပါတယ်"

ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများအားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။ မီးအဆိပ်ကြောင့် သူတို့ ခံစားနေရသော ဝေဒနာမှာ ဖော်ပြ၍မရနိုင်အောင် ဆိုးရွားလှပြီး၊ သေခြင်းထက် ဆိုးသော ထိုနာကျင်မှုကို ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ ကိုယ်တိုင်သာ နားလည်နိုင်ကြပေမည်။

"ဒါကတော့..."

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် ချူချန်ခုံးတို့အားလုံး ဒူးထောက်နေကြသည်ကို ကြည့်ရင်း ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ အံ့အားသင့်သွားကြသည်။

"နတ်ဘုရား ဆေးလုံး သခင်ကြီးတို့... ဥက္ကဋ္ဌ ချူ... ကျေးဇူးပြုပြီး ထကြပါ...။ ကျွန်တော်တို့ ဒီလို အရိုအသေပြုတာကို မခံယူနိုင်ပါဘူး"

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည် ဤသို့သော အခေါ်အဝေါ်ကို လက်မခံနိုင်ဘဲ အလျင်အမြန် ဝင်တားကြ၏။

"နန်းတွင်းအကြံပေးကြီးနဲ့ မင်းသားကြီးတို့ကို ဒီ ကြောက်စရာကောင်းတဲ့ အခြေအနေကနေ ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်"

နတ်ဘုရား ဆေးလုံး သခင်ကြီးများက ဆက်လက် ဒူးထောက်ထားကြပြီး၊ အကြီးအကဲနှစ်ဦးကို နတ်ဘုရားများသဖွယ် ဆက်ဆံနေကြသည်။

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့၏ မျက်နှာများပေါ်တွင် ကူကယ်ရာမဲ့သော ခပ်မဲ့မဲ့ အပြုံးများ ပေါ်လာသည်။ ဤသို့သော ကိစ္စမျိုးသည် သူတို့က ရိုးရိုးရှင်းရှင်း ကူညီပေးနိုင်သည့် အရာမဟုတ်ဘဲ၊ ဖုန်းဝူချန် ဆန္ဒရှိမရှိအပေါ်တွင်သာ မူတည်နေလေသည်။

ဖုန်းဝူချန် ဆန္ဒရှိမရှိ ဆိုသည်မှာ သူတို့ ဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ပေ။ ထို့အပြင်၊ အကြီးအကဲနှစ်ဦးသည် ဖုန်းဝူချန်ထံသို့ ဤသို့သော တောင်းဆိုမှုမျိုး ပြုလုပ်ရန် မဝံ့ရဲကြချေ။

ဖုန်းဝူချန်၏ တပည့်များအဖြစ် လက်ခံခံရခြင်းသည်ပင် သူတို့အတွက် ကြီးမားသော ဂုဏ်ကျက်သရေတစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။ နတ်ဘုရား ဆေးလုံး သခင်ကြီးများ၏ မီးအဆိပ်ကို ကူညီကုသပေးရန် သူတို့က မည်သို့ တောင်းဆိုဝံ့မည်နည်း။

"နတ်ဘုရား ဆေးလုံး သခင်ကြီးတို့... ခင်ဗျားတို့ကို ပွင့်ပွင့်လင်းလင်း ပြောရရင်... ဆရာက ကျွန်တော်တို့ကို ပါရမီ ဒါမှမဟုတ် ကျင့်ကြံခြင်းဘုံကြောင့် ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူ့အပေါ် ကြွေးတင်ခဲ့လို့ပါ...။ ဆရာ့ရဲ့ အဆင့်အတန်းက ထူးကဲလွန်းပြီး ခင်ဗျားတို့နဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပါတယ်။ ကျွန်တော်တို့က သူ့ကို ဘယ်လိုလုပ်ပြီး တောင်းဆိုမှုတွေ လုပ်ဝံ့မှာလဲ"

ယန်ထျန်းရှန်က ကူကယ်ရာမဲ့စွာ မချိတင်ကဲ ..ပြုံးရင်း ပြောလိုက်သည်။

မီးအဆိပ်၏ ညှဉ်းပန်းမှုသည် အကြီးအကဲ နှစ်ဦးအတွက် အလွန် ရှင်းလင်းလွန်းလှပြီး၊ သူတို့သည် နတ်ဘုရား ဆေးလုံး သခင်ကြီးများကို အမှန်တကယ် သနားစာနာမိကြ၏။ ကူညီပေးလိုသော်လည်း၊ ၎င်းသည် သူတို့ ဆုံးဖြတ်နိုင်သော ကိစ္စ တစ်ခု မဟုတ်ခဲ့ပေ။

"ဒါဆို ဘယ်လို လုပ်ကြမလဲ...။ ကျွန်တော်... ကျွန်တော်က ဆေး ဧကရာဇ်ကြီးကို အရင်က ပြစ်မှားမိခဲ့ဖူးပါတယ်"

နတ်ဘုရား ဆေးလုံး သခင်ကြီး တစ်ဦးက ဘာလုပ်ရမှန်းမသိဘဲ ထိတ်လန့်တကြား ဆိုလိုက်သည်။

ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများအားလုံး ထိတ်လန့်နေကြ၏။ သူတို့သည် လေလံပွဲအတွင်း ဖုန်းဝူချန်ကို သံသယဝင်ခဲ့ကြပြီး၊ ထိုသို့ဖြင့် သူ့ကို ပြစ်မှားမိခဲ့ကြသည်။

ဖုန်းဝူချန်ကို ပြစ်မှားမိပြီးမှ၊ သူက သူတို့၏ မီးအဆိပ်များကို ကူညီကုသပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်လား။

သူတို့ ရူးနေကြသလော။ ကမ္ဘာပေါ်တွင် ဤမျှ ကောင်းမွန်သော ကံတရားကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

"နန်းတွင်းအကြံပေးကြီး... ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ"

ချူချန်ခုံးက နောင်တများဖြင့် ပြည့်နှက်ကာ ထိတ်လန့်တကြား မေးလိုက်သည်။

ဖုန်းဝူချန်၏ ဆေး ဧကရာဇ်တစ်ပါးအဖြစ် ကြောက်မက်ဖွယ် အဆင့်အတန်းကိုသာ သူတို့ ကြိုသိခဲ့လျှင်၊ သူတို့တွင် သတ္တိ အဆတစ်သောင်း ရှိလျှင်ပင် သူ့ကို မေးခွန်းထုတ်ဝံ့ကြမည် မဟုတ်ပေ။

"ခင်ဗျားတို့က ဆရာ့ကို ပြစ်မှားဝံ့တယ် ဟုတ်လား"

ဤစကားကို ကြားသောအခါ ယန်ထျန်းရှန်သည် ဒေါသထွက်လာတော့သည်။

ဤလူများသည် ဖုန်းဝူချန်ကို ပြစ်မှားခဲ့ကြပြီး၊ သူတို့ကို ကူညီရန် မျှော်လင့်နေကြသေးသည်လား။

အကယ်၍ ဖုန်းဝူချန်သာ သိသွားပါက၊ ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည် မည်သို့ ရှင်းပြရမည်ကိုပင် သိကြမည် မဟုတ်တော့။

"နန်းတွင်းအကြံပေးကြီး... ကျွန်တော်တို့က အဲ့ဒီအချိန်တုန်းက ဆေး ဧကရာဇ်ကြီးရဲ့ သရုပ်မှန်ကို တကယ် မသိခဲ့ကြပါဘူး။ တမင်တကာ ပြစ်မှားခဲ့တာ မဟုတ်ပါဘူး။ သာ သိခဲ့ရင်၊ ကျွန်တော်တို့ ဘယ်လိုလုပ် ပြစ်မှားဝံ့မှာလဲ"

ယန်ထျန်းရှန်၏ အမျက်ဒေါသကို မြင်သောအခါ၊ နတ်ဘုရား ဆေးလုံး သခင်ကြီးများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။

"ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ လုပ်ပေးနိုင်တာ မရှိဘူး"

ယန်ထျန်းရှန်က ဒေါသတကြီး ပြောလိုက်ပြီး၊ လူတိုင်းကို ကျောခိုင်းကာ၊ ဤကိစ္စထဲ ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။

ယန်ထျန်းရှန်က မည်သို့ ဝင်စွက်ဖက်ဝံ့မည်နည်း။ သူ ဖုန်းဝူချန်ထံမှ တပည့်အဖြစ် အထုတ်မခံချင်လျှင်ပေါ့။

"မင်းသားကြီး... မင်းသားကြီး... ကျွန်တော်တို့အားလုံးက ဆေးပညာရှင်တွေနဲ့ လက်နက်သန့်စင်သူတွေ ဖြစ်ကြတဲ့ အချက်ကို ထောက်ထားပြီးတော့... ပြီးတော့ ကျွန်တော်တို့က ဆေး ဧကရာဇ်ကြီးကို တကယ်ပဲ တမင်တကာ ပြစ်မှားလိုစိတ် မရှိခဲ့တာကိုလည်း ထောက်ထားပြီးတော့... မင်းသားကြီးရဲ့ အကူအညီကို အလေးအနက် တောင်းခံပါတယ်"

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် အခြားသူများက စစ်ထူကျန့်ထျန်းဘက်သို့ လှည့်သွားကြသည်။

စစ်ထူကျန့်ထျန်းသည် သူ၏ နှလုံးသားထဲမှ ဒေါသကို ဖိနှိပ်လိုက်ပြီး၊ တင်းမာစွာ ဆိုလိုက်သည်။

"ခင်ဗျားတို့ သခင့်ကို ပြစ်မှားခဲ့ပြီးမှတော့... ကျွန်တော်လည်း ခင်ဗျားတို့ကို မကူညီနိုင်ဘူး"

"ဒါကတော့..."

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် ချူချန်ခုံးတို့သည် ချက်ချင်းပင် မျှော်လင့်ချက်မဲ့ခြင်းထဲသို့ ကျဆင်းသွားကြသည်။

သူတို့သည် ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ကို ဤနေရာသို့ ဖိတ်ကြားခဲ့ခြင်းမှာ မျက်နှာချိုသွေးရန်နှင့် ဖုန်းဝူချန်နှင့် သူတို့၏ ဆက်ဆံရေးကို ပြန်လည် ပြုပြင်ရန် ကြိုးစားဖို့ ဖြစ်သည်။

ယခု အကြီးအကဲနှစ်ဦးက လုံးဝ အကူအညီမပေးနိုင်တော့သည့်အခါ၊ နတ်ဘုရား ဆေးလုံး သခင်ကြီးများ မျှော်လင့်ချက် ကုန်ဆုံးသွားကြရှာ၏။

သူတို့၏ ခန္ဓာကိုယ်ထဲမှ မီးအဆိပ်များ ကိစ္စကိုရော ဘယ်သို့ လုပ်မည်နည်း။

မီးအဆိပ်များကို ဖယ်ထုတ်ခြင်း မပြုနိုင်ပါက၊ သူတို့သည် နောက်ဆုံးတွင် ပေါက်ကွဲမှု တစ်ခုကြောင့် သေဆုံးကြရပေလိမ့်မည်။

"နတ်ဘုရား ဆေးလုံး သခင်ကြီးတို့... ဥက္ကဋ္ဌ ချူ... မီးအဆိပ်တွေကို မောင်းထုတ်ဖို့ နည်းလမ်း တစ်ခုတော့ ရှိပါသေးတယ်။ ဒါပေမဲ့ ဒါက ခင်ဗျားတို့ရဲ့ စေတနာ မှန်ကန်မှုအပေါ်မှာ မူတည်လိမ့်မယ်။ ခင်ဗျားတို့ ကိုယ်တိုင် ဆရာ့ကို သွားတောင်းပန်ရမယ်...။ အဲ့ဒါဆိုရင်တော့ မျှော်လင့်ချက် အလင်းတန်းလေးတစ်ခု ရှိလာနိုင်ပါတယ်...။ ဒါက ကျွန်တော် ခင်ဗျားတို့ကို ကူညီနိုင်တဲ့ တစ်ခုတည်းသော အရာပဲ"

စစ်ထူကျန့်ထျန်းက ဆက်လက် မကြည့်ရှုနိုင်တော့ဘဲ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဆရာသာ ငြင်းဆိုခဲ့ရင်တော့... ကျွန်တော်လည်း ဘာမှ ထပ်လုပ်ပေးနိုင်တာ မရှိတော့ဘူး နော်"

စစ်ထူကျန့်ထျန်းက ခေါင်းခါလိုက်သည်။

"ဟုတ်တယ်...။ မှန်တယ်...။ ကျွန်တော်တို့ရဲ့ စေတနာကို ပြသဖို့ ဆေး ဧကရာဇ်ကြီးကို ကိုယ်တိုင် သွားတောင်းပန်ရမှာပါ၊ ဒါဆိုရင် ဆေး ဧကရာဇ်ကြီးက ကျွန်တော်တို့ကို တကယ် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်လောက်တယ်"

နတ်ဘုရား ဆေးလုံး သခင်ကြီး တစ်ဦးက မျှော်လင့်ချက် မီးပွားလေးတစ်ခု လင်းလက်လာကာ အရူးအမူး ခေါင်းညိတ်လိုက်သည်။

ဒါကသာ သူတို့၏ တစ်ခုတည်းသော နည်းလမ်းကလေး ဖြစ်လေ၏။

ဖုန်းဝူချန်က သူတို့၏ မီးအဆိပ်များကို ဖယ်ထုတ်ပေးရန် ကူညီမလား ဆိုသည်မှာ သူတို့၏ စေတနာ မှန်ကန်မှုအပေါ်တွင်သာ မူတည်နေတော့သည်။

"ဆရာကို လွယ်လွယ်

သဘောမထားကြနဲ့နော်..။ ခင်ဗျားတို့ သူ့ကို ဒေါသထွက်အောင် လုပ်မိရင်တော့... အကျိုးဆက်တွေကို ခင်ဗျားတို့ သိထားသင့်တယ်ဗျ"

ယန်ထျန်းရှန်က လေးနက်စွာ သတိပေးလိုက်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ...။ ကျွန်တော်တို့ ဆေး ဧကရာဇ်ကြီးကို ဒေါသထွက်အောင် လုံးဝ လုပ်မှာ မဟုတ်ပါဘူး...။ လမ်းညွှန်မှုအတွက် နန်းတွင်း

အကြံပေးကြီးနဲ့ မင်းသားကြီးကို ကျေးဇူးတင်ပါတယ်"

နတ်ဘုရား ဆေးလုံး သခင်ကြီးများ အားလုံး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြပြီး၊ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

ယန်ထျန်းရှန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး၊ သူ၏ အတွင်းဒေါသကို ဖိနှိပ်ကာ ဖြည်းညင်းစွာ ဆိုလိုက်၏။

"ဆရာက အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ လက်နက်သန့်စင်တဲ့ ကုန်ကြမ်းတွေ၊ ကောင်းကင်နဲ့ မြေကြီးက ရတနာတွေကို သဘောကျတယ်။ ဆရာသာ စိတ်ဝင်စားသွားရင်... ခင်ဗျားတို့ကို ကူညီကောင်း ကူညီပါလိမ့်မယ်။ ဒါ ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်ပဲ"

"သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် ၊ နန်းတွင်းအကြံပေးကြီး"

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် အခြားသူများက တစ်ဖန် ကျေးဇူးတင်စကား ဆိုကြပြန်သည်။

ယန်ထျန်းရှန် အဆိုပြုလိုက်သော နည်းလမ်းသည် လေလံပွဲအတွက် အရာရာကို ပိုမို လွယ်ကူသွားစေသည်။

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် သူတို့၏ အဖွဲ့သည် ကြီးမားသော အရှက်တရားကို ခံခဲ့ရသကဲ့သို့ သက်ပြင်းများ ချလိုက်ကြပြီ၏။

ထိုအခါမှ သူတို့၏ ကျောပြင်များ ချွေးစေးများဖြင့် ရွှဲနစ်နေသည်ကို သတိပြုမိကြတော့သည်။

လွန်ခဲ့သော ခဏလေးက သူတို့ မည်မျှ ထိတ်လန့်တုန်လှုပ်ပြီး စိုးရိမ်ပူပန်နေခဲ့ကြသည်ကို ခန့်မှန်းကြည့်နိုင်ပေ၏။

"ထကြပါတော့...။ ကျွန်တော်တို့ အကြီးအကဲတွေက ခင်ဗျားတို့ရဲ့ ဒူးထောက်တာကို မခံနိုင်ပါဘူး"

ယန်ထျန်းရှန်က သူ၏ မျက်နှာပေါ်မှ ဒေါသများ ပြေလျော့သွားကာ လက်ကာပြရင်း ပြောလိုက်၏။

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် အခြားသူများက နဖူးပြင်မှ ချွေးများကို သုတ်ရင်း မတ်တပ်ရပ်လိုက်ကြပြီး၊ အလွန်အမင်း အရှက်ရသလို ခံစားလိုက်ကြရသည်။

သို့သော် သူတို့အတွက်မူ၊ ဖုန်းဝူချန်၏ ခွင့်လွှတ်မှုကိုသာ ရရှိနိုင်မည်ဆိုလျှင်၊ မည်သို့သော အရှက်ရမှုမျိုးမဆို တန်ဖိုးရှိလှပေသည်။

'ဆရာက သူတို့ကို နေရာမှာတင် မသန်စွမ်းအောင် လုပ်မပစ်ခဲ့ဘူး...။ ဒါ... ဒါဆိုရင် ဆရာ သူတို့ကို အသုံးချစရာများ ရှိနေသေးလို့လား...'။

ယန်ထျန်းရှန်က သူ၏ နှလုံးသားထဲတွင် တွေးတောလိုက်မိ၏။

စစ်ထူကျန့်ထျန်းက ထပ်ဖြည့် ပြောလိုက်သည်။

"နတ်ဘုရား ဆေးလုံး သခင်ကြီးတို့... အစည်းအရုံး ဥက္ကဋ္ဌ ချူ... ခင်ဗျားတို့ ယန်ဟော်အင်ပါယာကို ကိုယ်တိုင် သွားရပါမယ်။ ကျွန်တော်တို့ ဆရာရဲ့ အဖေ.. ဖုန်းကျိန့်ရှုံးက ဖြောင့်မတ်ပြီး စိတ်သဘောထား ပြည့်ဝတဲ့ လူကြီးလူကောင်း တစ်ယောက်ပဲ။ သူသာ ဝင်ပြောပေးရင်... သခင်က မုချ ကူညီပါလိမ့်မယ်"

"သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် မင်းသားကြီး။ ကျွန်တော်တို့ ဖုန်းမိသားစုကို ကိုယ်တိုင် မဖြစ်မနေ သွားကြပါ့မယ်"

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် အခြားသူများက အကြီးအကျယ် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်ကာ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြသည်။

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့၏ စကားလုံးများသည် နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် သူတို့အဖွဲ့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပြီး၊ စကားတစ်ခွန်းမျှ မေ့လျော့သွားရန် မဝံ့ရဲကြတော့ချေ။

...

နန်းကုန်း မိသားစု အိမ်တော်။

မုရုန်ထျန်းသည် နန်းကုန်း အိမ်တော်သို့ ပြင်းထန်သော ဒဏ်ရာများဖြင့် တစ်ယောက်တည်း ပြန်လာခဲ့သည်။

"သခင်လေး"

အပြင်းအထန် ဒဏ်ရာရထားသော မုရုန်ထျန်း ပြန်လာသည်ကို မြင်သောအခါ၊ နန်းကုန်း အိမ်တော်မှ အစောင့်များ တုန်လှုပ်သွားကြပြီး သူ့ကို ကူညီရန် အလျင်အမြန် ပြေးသွားကြသည်။

"မိသားစုခေါင်းဆောင်...။ အရေးကြီးကိစ္စ ဖြစ်ကုန်ပါပြီ။ သခင်လေး မုရုန် အပြင်းအထန် ဒဏ်ရာရလာပါတယ်"

အခြား အစောင့်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်ရင်း အထဲသို့ ပြေးဝင်သွားသည်။

ပင်မခန်းမဆောင်ထဲတွင်၊ အစောင့်များ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရသဖြင့်၊ နန်းကုန်းလီနှင့် အခြား အဆင့်မြင့် အဖွဲ့ဝင်များ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် အပြင်သို့ လျှပ်တပြက် ထွက်လာကြသည်။

'...ပေမင်ခုံ... ဒီ သောက်@#$ကောင်...။ ငါက အသာအယာပဲ လုပ်ပါလို့ ပြောထားရက်သားနဲ့... သူက ဒီလောက် ပြင်းပြင်းထန်ထန် ရိုက်ရတယ်လို့...'။

မုရုန်ထျန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ၏ ပြင်းထန်သော ဒဏ်ရာများမှာ ဟန်ဆောင်ထားခြင်း မဟုတ်ပေ။

နန်းကုန်း အိမ်တော်၏ ယုံကြည်မှုကို ရရှိရန်အတွက်၊ မုရုန်ထျန်းသည် ပေမင်ခုံကို သူ့အား အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

"ထျန်းအာ"

နန်းကုန်းလီက ထိတ်လန့်တကြား ရှေ့သို့ ပြေးသွားပြီး မေးလိုက်သည်။

"ထျန်းအာ... ဘာဖြစ်တာလဲ...။ မင်းကို ဘယ်သူက ဒဏ်ရာရအောင် လုပ်တာလဲ"

"ဖုန်း... ဖုန်းဝူချန်ပါ"

မုရုန်ထျန်းက ခက်ခက်ခဲခဲ ပြောနိုင်ခဲ့သည်။

မုရုန်ထျန်း၏ ဒဏ်ရာများမှာ အမှန်တကယ် ပြင်းထန်လှ၏။ ပေမင်ခုံ၏ တိုက်ခိုက်မှုများက လုံးဝ မပေါ့ပါးခဲ့ပေ။

"ထျန်းအာ... ဒီဆေးလုံးကို မြန်မြန်သောက်လိုက်"

နန်းကုန်းလီက မုရုန်ထျန်း မျိုချနိုင်ရန် ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်သည်။

"နန်းကုန်းကျင်း ဘယ်မှာလဲ"

အကြီးအကဲ အကြီးဆုံးက စိုးရိမ်တကြီး မေးလိုက်ပြီး၊ မုရုန်ထျန်းမှလွဲ၍ အခြား မည်သူမျှ မရှိသည်ကို တွေ့မြင်ရန် နောက်သို့ လှည့်ကြည့်လိုက်သည်။

နန်းကုန်းကျင်းကို မတွေ့သောအခါ၊ အကြီးအကဲ အကြီးဆုံးသည် ချက်ချင်း ထိတ်လန့်သွားတော့သည်။

"နန်းကုန်းကျင်း... အဲ့ဒီ ငတိမလေး လက်ချက်နဲ့ သေသွားပြီ။ ကျွန်တော်က ဖုန်းဝူချန်နဲ့ တိုက်ခိုက်နေတုန်း ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ ဖိနှိပ်တာကို ခံလိုက်ရတယ်။ နန်းကုန်းကျင်းကို ကယ်တင်ဖို့ လုံးဝ အစွမ်းမရှိခဲ့ဘူး။ သူ အဲ့ဒီ ငတိမလေး လက်ချက်နဲ့ သေသွားတာကို မျက်စိရှေ့မှာတင် ကူကယ်ရာမဲ့ ကြည့်နေခဲ့ရပါတယ်"

မုရုန်ထျန်းက အားယူ ပြောလိုက်ပြီး၊ သူ၏ ဖြူဖျော့သော မျက်နှာတွင် ဝမ်းနည်းပူဆွေးနေသော အသွင် ပေါ်လာသည်။

"ဘာ...။ ကျင်းအာ သေသွားပြီ ဟုတ်လား"

ဤစကားကို ကြားသောအခါ၊ အကြီးအကဲ အကြီးဆုံးသည် ချက်ချင်းပင် တည်ငြိမ်မှု ပျောက်ဆုံးသွားတော့သည်။

"ကျင်း... ကျင်းအာ သေပြီ..."

နန်းကုန်းကျင်း၏ ဖခင်၊ နန်းကုန်းဝူဟန်သည် တုန်ရီသွားပြီး၊ သူ၏ စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်ကာ၊ သူ၏ ဝိညာဉ် လွင့်ထွက်သွားသကဲ့သို့ ဖြစ်နေသည်။

"ရိုင်းစိုင်းလှချည်လား။ ငါ့ နန်းကုန်း အိမ်တော်က လူကို သတ်ဝံ့တယ် ဟုတ်လား"

နန်းကုန်းလီက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ ကြောက်မက်ဖွယ် လူသတ်အရှိန်အဝါများက ချက်ချင်း ပေါက်ကွဲထွက်လာသည်။

"အဲ့ဒီ ငတိမလေးက နန်းကုန်းကျင်းထက် ပိုသန်မာတယ်။ ကံကောင်းတာက... ကျွန်တော် ဖုန်းဝူချန်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်ယူလာနိုင်ခဲ့တယ်"

မုရုန်ထျန်းက ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောနှောကာ ပြောလိုက်ပြီး၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ဖြည်းညင်းစွာ ထုတ်ယူကာ နန်းကုန်းလီထံသို့ ပေးလိုက်သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်"

မြင့်မြတ်သော မျှော်စင်ကို မြင်သောအခါ၊ နန်းကုန်းလီနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

မုရုန်ထျန်း ထုတ်ယူလိုက်သော ကိုးထပ် ချန်ခွန်း မျှော်စင်က သူ လိမ်ညာနေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။

မုရုန်ထျန်းသည် သူ၏ အကောင်းဆုံးကို ကြိုးစားခဲ့ပြီး၊ သူသည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်လည် ရယူရန် သူ၏ အသက်ကိုပင် စွန့်စားခဲ့သည်။ သည်အဖြစ်က မည်သူမျှ သူ့ကို အပြစ်တင်ရန် မဝံ့ရဲလောက်အောင်ပင် ချီးကျူးထိုက်ပေသည်။

"ကျွန်တော် တာဝန်ကို မကျရှုံးခဲ့ပါဘူး...။ ပြီးတော့ ကျွန်တော့် အဘိုးကိုလည်း ဂုဏ်မညှိုးစေခဲ့ပါဘူး။ ကံမကောင်းတာက ဖုန်းဝူချန်ကို ကျွန်တော် မသတ်နိုင်ခဲ့တာပဲ။ အဲ့ဒီ ကောင်မလေးက အစွမ်းထက်တဲ့ အကာအရံတစ်ခုကို ဖွဲ့စည်းနိုင်တယ်။ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်။ အဲ့ဒီ အကာအရံကပဲ ကျွန်တော့်ကို ဒဏ်ရာရစေခဲ့တာပါ။ ကျွန်တော်သာ ဖုန်းဝူချန်ကို အပြင်းအထန် ဒဏ်ရာရအောင် မလုပ်ခဲ့ဘူးဆိုရင်... ပြီးတော့ သူ့ကို ခြိမ်းခြောက်ဖို့ အသုံးမပြုခဲ့ဘူးဆိုရင်... ဒီကို ပြန်လာနိုင်ခဲ့မှာ မဟုတ်ပါဘူး"

မုရုန်ထျန်းက ဝမ်းနည်းပူဆွေးစွာ ဟန်လုပ်၍ ပြောလိုက်သည်။

မဟာ အကြီးအကဲကို ကြည့်ရင်း မုရုန်ထျန်းက နောင်တရစွာ တောင်းပန်လိုက်သည်။

"မဟာ အကြီးအကဲ... ကျွန်တော် တောင်းပန်ပါတယ်...။ ကျွန်တော် နန်းကုန်းကျင်းကို မကာကွယ်နိုင်ခဲ့ဘူး... ပြီးတော့ အကြီးအကဲကိုလည်း စိတ်ပျက်စေခဲ့ပါတယ်"

အကြီးအကဲ အကြီးဆုံးသည် မုရုန်ထျန်း၏ စကားများကို မကြားမိသကဲ့သို့၊ မလှုပ်မယှက်ဘဲ ကျောက်ရုပ် တစ်ရုပ်နှယ် ထိုနေရာတွင် ရပ်နေခဲ့ပြီးဖြစ်သည်။

နန်းကုန်းကျင်း သေဆုံးခြင်း သတင်းသည် မဟာ အကြီးအကဲ အတွက် လက်ခံရန် အလွန် ခက်ခဲလွန်းလှသည်။

'...အဘိုးကြီး...။ ဒီပုံစံနဲ့တောင် ငါ့ကို ပစ်မှတ်ထားဖို့ ကြိုးစားကြည့်ဦးလေ...။ ခင်ဗျားကို ကျုပ်က မကြာခင် ဒါမှမဟုတ် နောက်ကျ သတ်ပစ်မှာ၊ ဟင်းး...'။

အကြီးအကဲ အကြီးဆုံး၏ ပျက်သုဉ်းသွားသော အသွင်ကို ကြည့်ရင်း မုရုန်ထျန်းက စိတ်ထဲမှ မဲ့ပြုံး ပြုံးလိုက်သည်။

"ခွင့်လွှတ်စရာ အကြောင်းမရှိဘူး"

ဟု နန်းကုန်းလီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဖုန်းဝူချန်... ပြီးတော့ အဲ့ဒီ ကောင်မစုတ်လေး...။ သူတို့ကို ဘယ်တော့မှ ခွင့်လွှတ်လို့ မဖြစ်ဘူး"

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက ပြင်းထန်စွာ ပျံ့နှံ့သွားပြီး၊ ထျန်းယွမ်ဘုံ ဆဌမအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါက ကျယ်ပြောလှသော နန်းကုန်း အိမ်တော်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

နန်းကုန်း အိမ်တော်သည် အမျက်ထွက်ခဲ့လေပြီ။

နန်းကုန်း အိမ်တော်၏ စွမ်းပကားသည် ကြမ်းတမ်းလှပြီး၊ ကျန့်လင်တောင်ကြားထက် အများကြီး ပို၍ ကြောက်မက်ဖွယ်ကောင်း၏။ ဖုန်းဝူချန်သည် နန်းကုန်း အိမ်တော်ကို လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ယခု ကိုးထပ် ချန်ခွန်း မျှော်စင်က သူတို့၏ လက်ထဲတွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့်တည်း။

ကြောက်မက်ဖွယ် ကျားတစ်ကောင်ဖြစ်သော နန်းကုန်း အိမ်တော်ကို ဆွပေးလိုက်မိသဖြင့်၊ ဖုန်းဝူချန်သည် ယခုအခါ ကြီးမားသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်လေ၏။

All Chapters