← Chapters

ပါရမီရှင်များ၏ တိုက်ပွဲ (၁)

Vol. 19 Ch. 281

ပါရမီရှင်များ၏ တိုက်ပွဲ (၁)

Vol. 19 Ch. 281

~"ဝှစ် ဝှစ်"

ပြိုင်ဘက်ကင်းမြို့၏ ကောင်းကင်ယံတွင် ဖုန်းဝူချန်နှင့် လိန်ချင်းဖုန်းတို့သည် အလင်းတန်းအသွင် ပေါ်ထွက်လာခဲ့ကြ၏။ သူတို့နှစ်ဦးထံမှ ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များက ပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားလေသည်။

"ဝုန်း..ဝုန်း"

လိန်ချင်းဖုန်းသည် သူ၏ အစစ်အမှန်ယွမ်ကို လည်ပတ်စေလိုက်ရာ၊ ချက်ချင်းပင် ဖိနှိပ်လွှမ်းမိုးနိုင်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။

တောက်ပသော အပြာရောင်အလင်းတန်းက ကောင်းကင်တစ်ခုလုံးကို လင်းချင်းသွားစေပြီး၊ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးကြီးများက အရပ်မျက်နှာအားလုံးဆီသို့ ပျံ့နှံ့သွား၏။

လိန်ချင်းဖုန်းသည် သူ၏ စွမ်းအားအပြည့်ကို တစ်ချက်တည်း ထုတ်ဖော်လိုက်ခြင်းဖြစ်ရာ၊ ၎င်းက သူ ဖုန်းဝူချန်အပေါ် မည်မျှလေးစားမှုထားသည်ကို ဖော်ပြနေလေသည်။

'ကျိုကျိုးရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတာနဲ့ ထိုက်တန်ပါပေတယ်။ တကယ်ကို အားကြီးတာပဲ... ပေမင် ဘိုးဘေးထက်တောင် အများကြီး ပိုသန်မာသေးတယ်' ဖုန်းဝူချန်က စိတ်ထဲမှ တိတ်တိတ်ကလေး အံ့အားသင့်သွားမိသည်။

လိန်ချင်းဖုန်း၏ အစွမ်းသည် ပေမင် ဘိုးဘေးထက်ပင် သာလွန်နေပါသေး၏။

"တကယ် ကြောက်စရာကောင်းတာပဲ။ ကျိုကျိုးရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တကယ်ကို ထိုက်တန်တာပဲ"

ဖုန်းကျိန့်ရှုံးက အသံထွက်၍ ချီးကျူးလိုက်သည်။

"လိန်ချင်းဖုန်းက ဒီလောက်တောင် အစွမ်းထက်နေတော့... အစ်ကိုကြီးဖုန်း သူ့ကို နိုင်ပါ့မလားမသိဘူး"

လျိုချင်းယန်က မျက်မှောင်ကြုတ်လျက် ဆို၏။ သူသည် ဖုန်းဝူချန်အပေါ် သိပ်ပြီး ယုံကြည်မှု မရှိလှချေ။

ပြိုင်ဘက်ကင်းမြို့အပြင်ဘက်ရှိ တောင်ထိပ်တစ်ခုတွင် နန်းကုန်းကျင်းက တရားထိုင်နေသော ပေမင်ခုံကို လှမ်းကြည့်ရင်း မေးလိုက်သည်။

"ပေမင်ခုံ... တိုက်ပွဲ စတော့မယ်။ မင်း မကြည့်တော့ဘူးလား"

"ဟင့်အင်း၊ ကြည့်ထိုက်တာ ဘာမှမရှိဘူး"

ပေမင်ခုံက စိတ်ဝင်စားမှုမရှိသော လေသံဖြင့် ဖြေလိုက်သည်။

ဤအရာသည် သူနှင့် လုံးလုံး သက်ဆိုင်ခြင်းမရှိသလိုပင်။

နန်းကုန်းကျင်းလည်း ဆက်မပြောတော့ဘဲ သူ၏ အကြည့်များကို ကောင်းကင်ယံဆီသို့ ပြန်ပို့လိုက်၏။

"ဖုန်းဝူချန်... မင်းရဲ့ အစွမ်းအကုန်ထုတ်သုံးလိုက်တော့။ ငါလည်း လက်မလျှော့တမ်း တိုက်မှာ"

လိန်ချင်းဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ၏ တိုက်ခိုက်လိုစိတ်က ကောင်းကင်ထက်သို့ ထိုးတက်နေလေ၏။

"ဝုန်း..ဝုန်း

ဖုန်းဝူချန် သူ၏ အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့် စွမ်းအားကို နှိုးဆွလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတန်းများ ရစ်သိုင်းလာ၏။ သူ့ပတ်လည်တွင် သွေးစွမ်းအင် ချီများက တက်ကြွလာပြီး၊ ကျယ်ပြောလှသော စွမ်းအားများအား ထုတ်လွှတ်လိုက်သည်။

သွေးမျိုးဆက် စွမ်းအားကို နှိုးဆွလိုက်သည်နှင့် ဖုန်းဝူချန်၏ အစွမ်းသည် တစ်ဖန် မြင့်တက်လာပြန်၏။ သူ၏ အရှိန်အဝါက ပို၍ပင် သည်းထန်လာတော့သည်။

'ဒါ ဘယ်လို စွမ်းအားမျိုးလဲ။ ဖုန်းဝူချန်ရဲ့ အရှိန်အဝါကို ဒီလောက်တောင် မြှင့်တင်ပေးလိုက်ပါလား'။ လိန်ချင်းဖုန်းသည် စိတ်ထဲမှ အလွန်အမင်း တုန်လှုပ်သွားသည်။

"ချီလင် ချပ်ဝတ်"

စိတ်ထဲမှ အသံပြုလိုက်သည်နှင့် ဖုန်းဝူချန်သည် ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်၏။ ထိုချပ်ဝတ်မှ အလွန်တရာ အားပြင်းသော အငွေ့အသက်များ လေထုတွင်း စီးဆင်းလာသည်။ ၎င်းသည် နှလုံးသားထဲထိ စိမ့်ဝင်စေနိုင်လောက်အောင်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။

ဤပြင်းထန်ပြီး ကြမ်းတမ်းရက်စက်ကာ သွေးဆာနေသော အငွေ့အသက်ကို ခံစားမိသည်နှင့် လိန်ချင်းဖုန်းသည် အနည်းငယ် တုန်လှုပ်သွားပြီး ထိတ်လန့်တကြားရေရွတ်မိသည်။

'ဒါ ဘယ်လို ရတနာမျိုးလဲ။ ဒီလောက် ကြမ်းတမ်းပြီး သွေးဆာနေတဲ့ အငွေ့အသက်က တကယ့်ကို ကြောက်စရာ ကောင်းလွန်းပါလား'။

ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပြီးနောက် ဖုန်းဝူချန်၏ စွမ်းအားသည် တစ်ဖန် ထိုးတက်သွားပြန်ပြီး သူ၏ အရှိန်အဝါကလည်း အဆမတန် မြင့်တက်လာ၏။

ကောင်းကင်ယံသည် ပြင်းထန်စွာ တုန်ခါသွား၏။ စွမ်းအင်လှိုင်းလုံးများက ဒေါသထွက်နေသော လှိုင်းလုံးကြီးများသဖွယ် လိပ်တက်

လာကြသည်။

"ထျန်းယွမ်ဘုံ စတုတ္ထ အလွှာ အထွတ်အထိပ်"

လိန်ချင်းဖုန်းသည် အကြီးအကျယ် တုန်လှုပ်သွား၏။ ဖုန်းဝူချန်၏ အရှိန်အဝါက ထျန်းယွမ်ဘုံ ဒုတိယအလွှာမှ စတုတ္ထအလွှာ အထွတ်အထိပ်သို့ ချက်ချင်း ခုန်တက်သွားသည်ကို သူ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။

ဤသို့ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှုနှုန်းမျိုးကို လိန်ချင်းဖုန်း တစ်ခါမှ မမြင်ဖူးခဲ့ချေ။

"အိုး…..ချန်အာရဲ့ ကျင့်ကြံမှုက အများကြီး တိုးတက်လာပြန်ပြီ"

ဖုန်းကျိန့်ရှုံးသည် အံ့အားသင့်မှုဖြင့် မျက်လုံးများ ကျယ်သွားရင်း ရေရွတ်လိုက်၏။

"အစ်ကိုဖုန်းရဲ့ ကျင့်ကြံမှုက တကယ်ကြီး တိုးတက်လာပြန်ပြီ"

လျိုချင်းယန်နှင့် ကျန်လူများအားလုံး ထိတ်လန့်သွားကြပြီး ချွေးအေးများပင် ပျံလာကြ၏။

တောင်ထိပ်တွင် နန်းကုန်းကျင်း၏ မျက်နှာသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

'ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှုက တိုးတက်လာပြန်ပြီ။ ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် တိုးတက်နိုင်ရတာလဲ။ ရက်အနည်းငယ်လေးအတွင်းမှာ သူ့အစွမ်းက ဒီလောက်တောင် တိုးတက်သွားရလား'။

"တကယ့်ကို သဘာဝလွန် သတ္တဝါပဲ"

လိန်ချင်းဖုန်းသည် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း မျက်လုံးများ ကျယ်သွား၏။

လိန်ချင်းဖုန်းကို ကြည့်ကာ ဖုန်းဝူချန်က ပြုံးလျက် ပြောလိုက်သည်။

"ပေမင်ကျန်းနဲ့ ပေမင် ဘိုးဘေးတို့နဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ ငါ့ရဲ့ ကျင့်ကြံမှုက အများကြီး တိုးတက်သွားတာပါ"

ထိုအခါ၊ လိန်ချင်းဖုန်းက သူ၏ တုန်လှုပ်မှုကို ထိန်းချုပ်ရန် အသက်ကို

ပြင်းပြင်း ရှူလိုက်ပြီးနောက် တုံ့ပြန်လိုက်၏။

"မယုံနိုင်စရာပဲ။ မင်းလို ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး"

"ကိုးထပ် ချန်ခွန်း မျှော်စင်"

ဖုန်းဝူချန်က တိုးညင်းစွာ အော်ဟစ်လိုက်ရင်း ကိုးထပ် ချန်ခွန်း မျှော်စင်ကို ဆင့်ခေါ်လိုက်သည်။

ဂရွှေရောင်အလင်းတန်းတစ်ခု သူ၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်သွားပြီး ကောင်းကင်ထက်သို့ တက်သွားကာ ပေပေါင်း ဆယ်ချီမြင့်သော မျှော်စင်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်း၏ အရှိန်အဝါသည် ခမ်းနားထည်ဝါလှပြီး ရွှေရောင်အလင်းတန်းများက ဗုဒ္ဓ၏ မြင့်မြတ်သော အလင်းတန်းများကဲ့သို့ ဖြစ်နေသည်။

ကြီးမားသော ရွှေရောင် အခင်းအကျင်းတစ်ခုက အောက်ဖက်ရှိ အရာအားလုံးကို ဖုံးလွှမ်းသွား၏။ လိန်ချင်းဖုန်း၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ကောင်းကင်မှ ဖိနှိပ်မှု စွမ်းအားတစ်ခု ကျဆင်းလာသည်ကို သူ ခံစားလိုက်ရပြီး၊ တောင်တစ်သိန်းလောက်က သူ့ခေါင်းပေါ် ဖိချလိုက်သလို ခံစားလိုက်ရသည်။

'ဒါက ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ ဖိနှိပ်မှု စွမ်းအားလား။ တကယ်ကို ကြောက်စရာကောင်းတာပဲ... ဒါက အစွမ်းထက်တဲ့ တစ်ပိုင်း အင်မော်တယ် လက်နက်ပဲ။ ဒါ ငါ့ရဲ့ အစွမ်းကို အဆင့်တစ်ဆင့်လုံး ဖိနှိပ်ချလိုက်ပါလား။ ပေမင် ဘိုးဘေး သူ့လက်ထဲမှာ သေသွားတာ မဆန်းတော့ဘူး'။

လိန်ချင်းဖုန်းက ရုန်းကန်ရင်း ဆိုလိုက်သည်။ ဤဖိနှိပ်မှု စွမ်းအားကို သူ မည်သို့မျှ ခုခံနိုင်စွမ်း မရှိသည်ကို တွေ့လိုက်ရ၏။

ဤဖိနှိပ်မှု စွမ်းအားသည် လုံးဝ ကြီးစိုးလွန်းလှသည်။

လိန်ချင်းဖုန်း၏ မူလ ကြောက်မက်ဖွယ် အရှိန်အဝါသည် ချက်ချင်းပင် ထျန်းယွမ်ဘုံ စတုတ္ထအလွှာအဆင့်သို့ ဖိနှိပ်ချခံလိုက်ရတော့သည်။

အင်မော်တယ် လက်နက်၏ စွမ်းပကားကို မည်သူမျှ မတုန်လှုပ်စေဘဲ မနေနိုင်ပါ။

"မင်းကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား"

ဖုန်းဝူချန်က အနည်းငယ် စနောက်သလို ပြုံးရင်း မေးလိုက၏။

ယခင်ကသာဆိုလျှင် ဖုန်းဝူချန်သည် လိန်ချင်းဖုန်းကို ရင်ဆိုင်ရန် အမှန်တကယ် ယုံကြည်မှု ရှိမည်မဟုတ်ပေ။ သို့သော် ယခု သူ၏ ကျင့်ကြံမှု အကြီးအကျယ် တိုးတက်လာပြီးနောက် ဖုန်းဝူချန်သည် အတော်လေး ယုံကြည်မှု ရှိနေလေသည်။

"တကယ် အစွမ်းထက်တာပဲ"

လိန်ချင်းဖုန်းက ပြုံးလျက် ဆိုသည်။ ဖုန်းဝူချန်၏ အစွမ်းကြောင့် သူ၏ သွေးများက ဆူပွက်လာ၏။

အင်ပါယာကြီးလေးခု၏ နံပါတ်တစ် ပါရမီရှင်နှင့် ကျိုကျိုး၏ နံပါတ်တစ် ပါရမီရှင်တို့၏ တိုက်ပွဲ။

တိုက်ပွဲက စတင်တော့မည်။

"ဘုန်း"

ဖုန်းဝူချန်သည် မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ရုတ်တရက် ပစ်ထွက်သွား၏။ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါသည် ကြမ်းတမ်းကာ ခြိမ်းခြောက်နိုင်စွမ်း ရှိလှ၏။

လူ လှုပ်သည်နှင့် အရိပ်က လိုက်ပါလာပြီး ချက်ချင်းပင် ရောက်ရှိလာသည်။

ထိုလှုပ်ရှားမှုကို ခံစားမိသည်နှင့် လိန်ချင်းဖုန်းသည် ဖုန်းဝူချန် ရောက်လာသည်နှင့် တစ်ပြိုင်နက် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။

"ဘုန်း"

"ဝုန်း..ဝုန်း"

လက်သီးချင်း ထိပ်တိုက်တွေ့ဆုံမှုကြောင့် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

ပြင်းထန်သော စွမ်းအင်များက အားလှိုင်း အကြွင်းအကျန်များအဖြစ် ပျံ့နှံ့သွားပြီး ကောင်းကင်ယံကို တုန်ခါသွားစေသည်။

ထိပ်တိုက် လက်သီး တစ်ချက်တည်းကပင် ကမ္ဘာမြေကြီးနှင့် ကောင်းကင်ဘုံ၏ စွမ်းအားကို သယ်ဆောင်လာသလို ဖြစ်နေ၏။

"တကယ်ကို ကြမ်းတမ်းတဲ့ ခွန်အားပဲ။ မင်းရဲ့ ခန္ဓာကိုယ်က ငါထင်ထားတာထက်တောင် ပိုပြီး သန်မာတယ်"

လိန်ချင်းဖုန်းက အံ့အားသင့်စွာ ဆိုလိုက်သည်။ ထိပ်တိုက်တွေ့ဆုံမှုက သရေကျသလို ထင်ရသော်လည်း၊ လိန်ချင်းဖုန်းက သူ၏ လက်တွင် အနည်းငယ် နာကျင်သွားသည်ကို ခံစားလိုက်ရသည်။

၎င်းက မပြောပလောက်သော်လည်း၊ အနည်းဆုံးတော့ ဖုန်းဝူချန်၏ စွမ်းအားက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေ၏။

ထိုသို့ပြောရင်း လိန်ချင်းဖုန်းသည် ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သော တိုက်ခိုက်မှုကို စတင်လိုက်၏။ သူ၏ လက်သီးချက်များနှင့် ခြေကန်ချက်များက ရေစီးသလို ချောမွေ့ကာ အလွန် ထက်ရှလှပြီး၊ တိုက်ပွဲအတွေ့အကြုံလည်း အလွန် ကြွယ်ဝလှသည်။

"ဘုန်း ဘုန်း ဘုန်း"

"ဝုန်း..ဝုန်း"

ပြင်းထန်မှု အဆင့် မြင့်မားသော အနီးကပ် တိုက်ပွဲတွင်၊ ကြောက်မက်ဖွယ် စွမ်းအားများက ကောင်းကင်ယံမှ ပျံ့နှံ့လာသည်။ ကမ္ဘာမြေကို တုန်ခါစေသော ပေါက်ကွဲသံကြီးများက လူတိုင်း၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေ၏။

တိုက်ခိုက်သူနှစ်ဦးလုံး၏ အမြန်နှုန်းက အလွန် မြန်ဆန်လှသည်။

သူတို့သည် ခြေလှမ်းသိုင်းများကို အသုံးပြုထားပြီး ဖြစ်သောကြောင့်၊ သူတို့၏ ပုံရိပ်များကို မျက်စိဖြင့် မမြင်နိုင်တော့ဘဲ၊ ကြောက်မက်ဖွယ် စွမ်းအားကိုသာ ခံစားမိကြတော့သည်။

ပြိုင်ဘက်ကင်းမြို့ ပတ်ဝန်းကျင်ရှိ အင်အားစုများနှင့် မိသားစုများစွာသည် အထက်မှ သက်ရောက်လာသော စွမ်းအားကြောင့် ထိတ်လန့်တကြား ဖြစ်နေကြသည်။

"ထျန်းယွမ်ဘုံရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းတာပဲ။ ငါတို့တော့ ဘယ်အချိန်မှ ထျန်းယွမ်ဘုံကို တက်လှမ်းနိုင်မလဲ မသိဘူး"

လျိုချင်းယန်က အားကျစွာ ညည်းညူလိုက်သည်။

သူသည် ထျန်းယွမ်ဘုံ ကျွမ်းကျင်သူများ တိုက်ခိုက်သည်ကို ကြည့်လေလေ၊ စွမ်းအားအပေါ် သူ၏ တောင့်တမှုက ပိုမို ပြင်းထန်လာလေ ဖြစ်သည်။

"ကြိုးစားပြီး ကျင့်ကြံပါ။ မင်းလည်း ထျန်းယွမ်ဘုံကို မုချ ချိုးဖြတ်နိုင်မှာပါ"

ဟု ဖုန်းချန်ယန်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရယ်လျက် ပြောလိုက်သည်။

"မင်းရဲ့ ပါရမီနဲ့ဆိုရင် ထျန်းယွမ်ဘုံကို ရောက်ဖို့ သိပ်မကြာတော့ပါဘူး"

"ဟုတ်ကဲ့"

လျိုချင်းယန်က ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများက ပြင်းထန်သော တောင့်တမှုများဖြင့် ပြည့်နှက်နေ၏။

ကောင်းကင်ယံတွင်၊ သန့်စင်သော ခွန်အားချင်း ပြင်းထန်စွာ ယှဉ်ပြိုင်မှု၌ လိန်ချင်းဖုန်းသည် ဖုန်းဝူချန်ထက် လုံးဝ အရေးနိမ့်မနေချေ။ ဖုန်းဝူချန်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း လိန်ချင်းဖုန်းက ပို၍ပင် ရက်စက်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။

သို့သော်ငြားလည်း၊ ဤမျှ ပြင်းထန်သော တိုက်ပွဲသည် သူတို့နှစ်ဦးအတွက် သွေးပူလေ့ကျင့်ခန်းမျှသာ ဖြစ်ပြီး၊ သူတို့၏ တိုက်ပွဲ စိတ်လှုပ်ရှားမှုကို နှိုးဆွရန်သာ အသုံးပြုနေခြင်း ဖြစ်သည်။

တကယ့်တိုက်ပွဲက အခုထိ မစတင်သေးပါ။

"ဘုန်း"

ပြင်းထန်သော အနီးကပ် တိုက်ပွဲသည် နှစ်မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက်၊ အားပြင်းသော လက်သီး တစ်ချက်ဖြင့် အဆုံးသတ်သွားခဲ့သည်။

အနီးကပ် တိုက်ပွဲတွင် နှစ်ဦးစလုံး သရေကျခဲ့လေ၏။

"စိတ်လှုပ်ရှားစရာပဲ။ မင်းလို အစွမ်းထက်တဲ့ ပြိုင်ဘက်မျိုးနဲ့ မတွေ့ရတာ ကြာပြီ"

လိန်ချင်းဖုန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ တိုက်ပွဲ၏ ခံစားမှုက သူ့ကို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်စေ၏။

'လိန်ချင်းဖုန်းရဲ့ အစွမ်းက ငါ့ထက် သာတယ်။ သူ့ကို အနိုင်ယူဖို့ မလွယ်လောက်ဘူး'။

ဖုန်းဝူချန်က စိတ်ထဲမှ တွေးလိုက်သည်။

ပြင်းထန်သော အနီးကပ် တိုက်ပွဲတွင် လိန်ချင်းဖုန်းက သူ့အောက် လုံးဝ မနိမ့်ကျခဲ့ခြင်းကပင် သူ၏ စွမ်းအားက ဖုန်းဝူချန်ထက် ပိုကြီးကြောင်း သက်သေပြနေသည်။

ကျိုကျိုး၏ နံပါတ်တစ် ပါရမီရှင်ဆိုသည်မှာ နာမည်ကြီးရုံ သက်သက် မဟုတ်ချေ။

"ဝုန်း..ဝုန်း"

လိန်ချင်းဖုန်းသည် သူ၏ အစစ်အမှန်ယွမ်ကို စုစည်းလိုက်ရာ တောက်ပသော အပြာရောင်အလင်းများ ထွက်ပေါ်လာသည်။ သူသည် လက်ဟန်များ ဖော်ထုတ်လိုက်ပြီး၊ ကြောက်မက်ဖွယ် မိုးကြိုးဓာတ် စွမ်းအားများကို စုစည်းလိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးမျှင်များက ရစ်ပတ်ထားသည်။

"ဖုန်းဝူချန်... တကယ့်တိုက်ပွဲက အခုမှ စတာ"

လိန်ချင်းဖုန်းက ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည်။ သူ၏ အရှိန်အဝါက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။

"ရွှမ် အဆင့် အဆင့်မြင့် သိုင်းပညာ။ အဆုံးမဲ့ ကောင်းကင် မိုးကြိုး လက်ဝါး"

လိန်ချင်းဖုန်းက ရုတ်တရက် အော်ဟစ်လိုက်၏။ ကြောက်မက်ဖွယ် မိုးကြိုးဓာတ် စွမ်းအားများက သူ၏ လက်ဝါးထဲတွင် စုစည်းသွားပြီး၊ ဖုန်းဝူချန်ထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ အရှိန်အဝါက လွှမ်းမိုးနိုင်လွန်းလှသည်။

"ဝုန်း..ဝုန်း"

မီတာ ဆယ်ချီခန့် ကြီးမားသော မိုးကြိုးလက်ဝါးကြီးက လေထုကို ဆွဲခွဲလာသည်။ တောက်ပသော အပြာရောင်အလင်းတန်းက ကောင်းကင်ယံကို ဖုံးလွှမ်းသွား၏။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေဟာနယ်သည် ပြင်းထန်စွာ လှုပ်ခါသွားပြီး၊ စုတ်ပြဲသွားမတတ် ဖြစ်နေသည်။

လိန်ချင်းဖုန်း၏ လက်ဝါးချက် စွမ်းအားသည် အလွန်တရာ ကြီးမားလှပြီး၊ မြေကမ္ဘာအဆင့် အစောပိုင်း သိုင်းပညာကဲ့သို့ အထင်အမြင်ကို ဖြစ်စေသည်။

ဖုန်းဝူချန်၏ မျက်နှာထားသည် လေးနက်သွားပြီး သူ၏ သွေးကြောစွမ်းအားကို လှုံ့ဆော်လိုက်ရာ၊ သူ၏ အရှိန်အဝါသည် ရုတ်တရက် အဆမတန် မြင့်တက်လာသည်။

"ကြောက်မက်ဖွယ် သွေးကြောစွမ်းအားများက သူ၏ လက်ချောင်းထိပ်တွင် စုစည်းသွား၏။ နတ်သတ် ဝိညာဉ်ဖြတ် လက်ညှိုး”

ဖုန်းဝူချန်က တိုးညင်းစွာ အော်ဟစ်လိုက်ပြီး၊ သူ၏ သွေးရောင်လွှမ်းနေသော လက်ချောင်းထိပ်မှ သွေးနီရောင် စွမ်းအင်တစ်ခု ရုတ်တရက် ပစ်လွှတ်လိုက်သည်။

"ဝှစ်"

"ဝုန်း..ဝုန်း"

ပြင်းထန်သော အသံလှိုင်း ပေါက်ကွဲသံ ပျံ့နှံ့သွား၏။ လက်တစ်ဖက်စာ လုံးပတ်ရှိသော ကြောက်မက်ဖွယ် သွေးရောင်အလင်းတန်းသည် သွေးရောင် လျှပ်စီးကဲ့သို့ ပစ်ထွက်သွားသည်။ ၎င်း၏ စွမ်းအားသည် အလွန်ကြီးမားလှပြီး၊ ကောင်းကင်နှင့် မြေကြီးကိုပင် ထွင်းဖောက်နိုင်မည့်ပုံ ရှိသည်။

သွေးရောင်အလင်းတန်းသည် လက်တစ်ဖက်စာသာ ရှိသော်လည်း၊ ၎င်းတွင် ပါဝင်သော စွမ်းအင်ကမူ မည်သူမျှ မငြင်းနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

"မြေကမ္ဘာအဆင့် သိုင်းပညာ"

လိန်ချင်းဖုန်းက ထိုသွေးရောင် အလင်းတန်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိသည်နှင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"ဂျုန်း...ဂျုန်း"

"ဝုန်း..ဝုန်း"

တစ်ခဏချင်းမှာပင် ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုသည် ထိပ်တိုက် ဝင်တိုက်မိသွား၏။ ထိမိသည်နှင့် မိုးကြိုးပစ်သကဲ့သို့ ပေါက်ကွဲသွားပြီး၊ ကြည့်ရှုနေသူများ၏ နားစည်များကို နာကျင်စွာ စူးရှသွားစေသည်။ တောက်ပသော ပေါက်ကွဲမှု အလင်းရောင်က ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး၊ နေမင်းကဲ့သို့ ထွန်းလင်းနေကာ မျက်လုံးများ ဖွင့်ကြည့်ရန်ပင် မဖြစ်နိုင်တော့ချေ။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ပျံ့နှံ့သွား၏။ လိန်ချင်းဖုန်းသည် မီတာ ဆယ်ချီခန့် နောက်သို့ ဆုတ်သွားရပြီး၊ မြေကမ္ဘာအဆင့် သိုင်းပညာ၏ ပြင်းထန်မှုကို တစ်ဖန် အံ့အားသင့်သွားပြန်သည်။

ဖုန်းဝူချန်လည်း အလားတူပင် မီတာ ဆယ်ချီခန့် နောက်သို့ ဆုတ်သွားရသည်။ မြေကမ္ဘာအဆင့် သိုင်းပညာကို သုံးပြီးသည့်တိုင် သူသည် လိန်ချင်းဖုန်းကို ထိခိုက်မှု မပေးနိုင်ဘဲ တန်းတူ ယှဉ်နိုင်ရုံသာ ရှိခဲ့သည်။

"ဝှစ်"

သူ၏ ပုံရိပ် တည်ငြိမ်သွားသည်နှင့် လိန်ချင်းဖုန်းသည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပြီး၊ ဖုန်းဝူချန်၏ ခေါင်းပေါ်တွင် ပြန်ပေါ်လာကာ ပြင်းထန်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်၏။

လိန်ချင်းဖုန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်က သိရှိသွားပြီး အားနည်းဟန် မပြဘဲ ပြန်လည် တိုက်ခိုက်လိုက်သည်။

"ဘုန်း"

"ဝုန်း..ဝုန်း

"သူတို့၏ လက်ဝါးများ ထိပ်တိုက်တွေ့ဆုံသွားပြီး၊ ကြောက်မက်ဖွယ် စွမ်းအားက နှစ်ဦးသားကို တစ်ဖန် ခွဲခွာသွားစေပြန်၏။ ကြောက်မက်ဖွယ် စွမ်းအင်များက တစ်ဖန် လှုပ်ခတ်သွားပြန်၏။

'သူ့အမြန်နှုန်းက ငါ့အောက် မနိမ့်ကျဘူး'။ လိန်ချင်းဖုန်းက စိတ်ထဲမှ အံ့အားသင့်စွာ ဆိုလိုက်သည်။

"ဝင်္ကပါ လျှပ်ပြက် ခြေလှမ်း"

လိန်ချင်းဖုန်းက တိုးညင်းစွာ အော်ဟစ်ရင်း သူ၏ ခြေလှမ်းသိုင်းကို အသုံးပြုလိုက်၏။ သူ၏ နောက်ဆုတ်သွားသော ပုံရိပ်သည် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။

"ဝှစ်"

နောက်တစ်စက္ကန့်တွင် လိန်ချင်းဖုန်း၏ ပုံရိပ်သည် ဖုန်းဝူချန်၏ နောက်တွင် ပေါ်လာပြီး ပြင်းထန်သော လက်ဝါးခ်ျတစ်ခု ပစ်သွင်းလိုက်သည်။

ဖုန်းဝူချန်က ပြန်တိုက်ခိုက်ရန် လှည့်လိုက်သော်လည်း၊ ထိုသို့ လှည့်လိုက်စဉ်မှာပင် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ လိန်ချင်းဖုန်း၏ ပုံရိပ်သည် တဖြည်းဖြည်း အရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်၏။

'အရိပ်ယောင်'။

ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သည်အဖြစ်က အရိပ်ယောင်တစ်ခုသာဖြစ်ပြီး၊ လိန်ချင်းဖုန်း အစစ် မဟုတ်ချေ။

ဖုန်းဝူချန် တိုက်ခိုက်ရန် လှည့်လိုက်သည်နှင့် သူ၏ နောက်ကျောဘက်တွင် လိန်ချင်းဖုန်း၏ ပုံရိပ်အစစ် ပေါ်လာသည်ကို သူ ခံစားလိုက်ရသည်။ သူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ဖြစ်နေ၏။

"ဖုန်းဝူချန်။ မိပြီ"

လိန်ချင်းဖုန်းက အော်ဟစ်လိုက်၏။ ဤတိုက်ကွက်ကို ဖုန်းဝူချန် ရှောင်နိုင်မည် မဟုတ်တော့။

"ဘုန်း"

"ဝုန်း..ဝုန်း"

လိန်ချင်းဖုန်း၏ လက်ဝါးက ရိုက်ခတ်လိုက်ရာ ကောင်းကင်ယံတွင် ပြင်းထန်သော လှုပ်ခတ်မှုများ ဖြစ်ပေါ်လာသည်။ သို့သော် ထိမိသွားသည့်အခါတွင် လိန်ချင်းဖုန်း၏ မျက်နှာသည် အံ့အားသင့်မှုများ ခြုံလွှမ်းသွားဂ၏။

'သူ... သူ တကယ်ကြီး ရှောင်သွားတယ်။ ဒါ..ဘယ်လို လှုပ်ရှားမှု သိုင်းပညာမျိုးလဲ'။

လိန်ချင်းဖုန်းသည် အကြီးအကျယ် တုန်လှုပ်သွားပြီး၊ သူ၏ မျက်နှာသည် အံ့အားသင့်မှုများဖြင့် ကြောင်ငေးသွားတော့သည်။

All Chapters