← Chapters

သခင်လေး ကျန်း

Vol. 20 Ch. 299

သခင်လေး ကျန်း

Vol. 20 Ch. 299

~စစ်ပွဲကြီးကား ပြီးဆုံးသွားခဲ့လေပြီ။ နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်း နှစ်ဖက်စလုံးမှ အထက်ပိုင်း ပုဂ္ဂိုလ်များသည် သူတို့၏ ဒဏ်ရာများကို ကုသရန် ရုတ်ချည်းပင် တံခါးပိတ် ကျင့်ကြံကြတော့သည်။

ဤသို့ ဆိုးရွားလှသော ဆုံးရှုံးမှုကြီးသည် သူတို့ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်မှာ ရှင်းလင်းလှ၏။ ပေမင်ခုံနှင့် မုရုန်ထျန်းတို့အား အမြန်ဆုံး လက်စားချေနိုင်ရန်... သူတို့ အမြန်ဆုံး ပြန်လည် အခြေအနေ ကောင်းမွန်လာစေရန်သာ ဆန္ဒရှိနေကြတော့သည်။

ဒါက အခြားသော အဓိက အင်အားစုကြီးများက သူတို့၏ အင်အားချည့်နဲ့နေသော အခြေအနေကို အခွင့်ကောင်း မယူနိုင်စေရန် ကာကွယ်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

ပေမင်ခုံက နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းကို အဘယ်ကြောင့် အမြစ်ပြတ် မရှင်းလင်းခဲ့သနည်းဟု အားလုံး အံ့ဩနေကြသည်မှလွဲ၍... ဖုန်းဝူချန် ပေါ်မလာခြင်းအပေါ်တွင်လည်း လူတိုင်း ပဟေဠိ ဖြစ်နေကြသည်။

ဤမျှ ကြီးမားသော တိုက်ပွဲကြီးတွင် ဖုန်းဝူချန် ပျောက်ကွယ်နေခြင်းမှာ ထူးဆန်းလှပါ၏။

...'သူ နန်းကုန်းမိသားစုကို ကြောက်သွားတာများလား...'

... မဟုတ်ပါပေ။ ဖုန်းဝူချန်က နန်းကုန်းမိသားစုကို ကြောက်ရွံ့စရာ အကြောင်း ဘယအဘယ်မှာ ရှိမည်နည်း။ ဤအခိုက်အတန့်တွင်... သူသည် အရူးအမူး ကျင့်ကြံခြင်းထဲ၌ နစ်မြောနေဆဲ ဖြစ်သည်။

စစ်ပွဲ ပြီးဆုံးသွားသည့် နောက်တစ်နေ့သည် ဖုန်းဝူချန်၏ ပြင်းထန်သော ကျင့်ကြံမှု စတုတ္ထမြောက်နေ့သို့ ဝင်ရောက်လာခဲ့၏။

လေးရက်တည်းသော အချိန်အတွင်း ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့်သည် ကမ္ဘာမြေကို တုန်ခါစေလောက်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆင့် ဆယ်ဆင့် ခွဲခြားထားလျှင်... လေးရက်ကြာ ကျင့်ကြံပြီးနောက် ဖုန်းဝူချန်သည် အဆင့် လေးဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်၏။ တစ်ရက်လျှင် တစ်ဆင့်နှုန်း...။ ဒါက အခြား မည်သည့် ဝေါဟာရဖြင့်မှ ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော နှုန်းထားတစ်ခုပင်။

တစ်ရက်လျှင် တစ်ဆင့် တက်နေသည်ဖြစ်ရာ... ဆယ်ရက် ပြည့်လျှင် ဖုန်းဝူချန်သည် ထျန်းယွမ်ဘုံ တတိယအလွှာသို့ ခြေချနိုင်ပေတော့မည်။ ဤကျင့်ကြံမှု အမြန်နှုန်းမှာ အလွန်တရာ အားကောင်းလှသဖြင့်... အခြားသူ အားလုံးကို ဖုန်မှုန့်များအဖြစ် ချန်ထားခဲ့နိုင်လေသည်။

ဟုတ်သည်။ ပေမင်ခုံက ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်းကို သုံးပြီး ကျင့်ကြံမှု တိုးတက်သွားသည်နှင့် ယှဉ်လျှင်တော့...သူက အများကြီး နောက်ကျကျန်နေသေးပါသည်။

သို့ရာတွင် ဖုန်းဝူချန်၏ ခိုင်မာသော ကျင့်ကြံမှုသည်... ပေမင်ခုံ၏ ကောက်ကျစ်သော နည်းလမ်းများကို အသုံးပြု၍ တိုးတက်လာခြင်းနှင့် လုံးဝ မတူညီပေ။ ဤနှစ်ခုကို ရောထွေး၍ မရနိုင်ချေ။

လေးရက်အတွင်း... များပြားလှသော ကောင်းကင်နှင့် မြေကြီးမှ ရတနာများသည် တစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းဝူချန် အတွင်းမှ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း၏ ကြီးမားလှသော စွမ်းအင်များလည်း လုံးဝ စုပ်ယူပြီးစီးသွားခဲ့လေပြီ။ ဤသန့်စင်မှု အမြန်နှုန်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

...

ကျိုကျိုးရှိ နေရာတစ်ခုမှ ရေတံခွန်တစ်ခု၏ ရေမျက်နှာပြင်ထက်တွင်... မုရုန်ထျန်းနှင့် ပေမင်ခုံတို့ ရပ်နေကြ၏။ သူတို့၏ ခြေဖဝါးအောက်၌ ရေလှိုင်းဂယက် တစ်ချက်မျှပင် မထခဲ့ပေ။

"ပေမင်ခုံ... ငါ့ကို အမှန်အတိုင်း ပြောစမ်း...။ မင်း အတိအကျ ဘာကြံစည်နေတာလဲ။ ငါ ဘယ်လိုမှ တွေးလို့မရတော့ဘူး"

မုရုန်ထျန်းက သူ၏ အကြည့်ကို ပေမင်ခုံထံတွင် စူးစိုက်ထားရင်း မေးလိုက်သည်။

"စိတ်မပူပါနဲ့...။ နန်းကုန်းကျန့်ကျန့်ရဲ့ စွမ်းအားကို မင်းနဲ့ မလုပါဘူး"

ပေမင်ခုံက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြန်ပြောလိုက်၏။

သူ့စကားကို ကြားသောအခါ၊ မုရုန်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး တွေးဆလိုက်သည်။

'...သူ... ကျန့်လင်တောင်ကြား ဘိုးဘေးတွေရဲ့ စွမ်းအားကို နိုးထသွားခဲ့ပြီးပြီလား...'

ပေမင်ခုံက သူ့အတွေးကို သိသလိုပင် ခေါင်းခါလိုက်၏။

"အခုထိတော့ မနိုးထသေးဘူး"

"ဒါပေမဲ့... မကြာတော့ဘူး။ နန်းကုန်းမိသားစုနဲ့ ဖုန်းလန်ဂိုဏ်းတို့ရဲ့ တိုက်ပွဲက ငါ့ကို ဧရာမ စွမ်းအားတွေ ပေးခဲ့တာတော့ အမှန်ပဲ...။ ဒါပေမဲ့ ငါ အချိန်နည်းနည်း လိုသေးတယ်။ အများဆုံး... လတစ်ဝက်ပဲ...။ အဲ့ဒီအချိန်ကျရင် ကျန့်လင်တောင်ကြား ဘိုးဘေးတွေရဲ့ စွမ်းအားကို ငါ နိုးထနိုင်လောက်ပြီ"

"မင်းရဲ့ အစွမ်းအစနဲ့ နန်းကုန်းမိသားစုရော ဖုန်းလန်ဂိုဏ်းကိုရော အမြစ်ပြတ် ရှင်းပစ်နိုင်ရဲ့သားနဲ့... မင်း မလုပ်ခဲ့ဘူး။ သူတို့ ပြန် နာလန်ထူလာပြီး မင်းကို လက်စားချေမှာ မကြောက်ဘူးလား"

မုရုန်ထျန်းက ပေမင်ခုံ၏ အတွေးများကို ပို၍ နားမလည်နိုင် ဖြစ်လာကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"သူတို့ ငါ့ကို လက်စားချေနိုင်လောက်တဲ့ အချိန်ရောက်လာတဲ့အခါ... ငါက သူတို့ကို ကြောက်နေရဦးမယ် ထင်လို့လား"

ဟု ပေမင်ခုံက ပြန်မေးလိုက်၏။ သူ၏ နှုတ်ခမ်းထောင့်များတွင် မောက်မာသော အေးစက်သည့် လှောင်ရယ်သံတစ်ခု ကွေးတက်သွားသည်။

ပေမင်ခုံသည် နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းကို အမြစ်ပြတ် မရှင်းလင်းခဲ့ခြင်းမှာ... သူတို့ကို ထိုသို့ ကြိုးစားပမ်းစား လုပ်ဆောင်ရလောက်အောင်ပင် ထိုက်တန်သည်ဟု မယူဆသောကြောင့်သာ ဖြစ်၏။

ကျိုကျိုး၏ အင်အားအကြီးမားဆုံး အဖွဲ့အစည်းကြီး နှစ်ခုကိုပင် အလေးမထား စဉ်းစားခြင်း မရှိသော ပေမင်ခုံသည်... မည်မျှ မောက်မာလိုက်ပါသနည်း။

"မင်းရဲ့ နောက်အစီအစဉ်ကို ပြော"

ပေမင်ခုံက မုရုန်ထျန်းကို ကြည့်ရင်း မေးလိုက်သည်။

မုရုန်ထျန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပခုံးတွန့်လိုက်ကာ၊

"ငါတို့နှစ်ယောက်ရဲ့ ကျင့်ကြံ စွမ်းအား နဲ့... ဘာအစီအစဉ်တွေ လိုသေးလို့လဲ။ အထီးကျန် နယ်မြေ ဖွင့်တာကို စောင့်မယ်...။ ဖုန်းဝူချန်ရဲ့ သိုင်းပညာတွေကို လုယူမယ်...။ ပြီးတော့... ဒီခြိမ်းခြောက်မှုကို အဲ့ဒီ လုပ်ငန်းစဉ်ထဲမှာပဲ တစ်ခါတည်း ရှင်းပစ်လိုက်မယ်...။ ဒါပဲ"

"ဒါဆိုလည်း... အထီးကျန် နယ်မြေ မဖွင့်ခင်မှာ... ငါ ဖုန်းဝူချန်ကို ဖမ်းပြီး ရှီဟွမ်နဲ့ ငါ့ရဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ရှီဝမ်ဂိုဏ်းကို ခေါ်သွားရမယ်"

ပေမင်ခုံက အသိအမှတ်ပြု ခေါင်းညိတ်လိုက်သည်။

ပေမင်ခုံက ဤစကားကို... ဖုန်းဝူချန်ကို ကိုင်တွယ်ရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ လွယ်ကူရိုးရှင်းသည့်အလား... သာမန်ကာလျှံကာပင် ပြောလိုက်လေသည်။

...

နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ... ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ ပို၍ ပို၍ အားကောင်းလာခဲ့ပြီး... သူသည် သတ္တမအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်၏။

ကောင်းကင်နှင့် မြေကြီးမှ ရတနာ ထောင်ပေါင်းများစွာမှာ လုံးဝ ကုန်ဆုံးသွားခဲ့လေပြီ။ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် စိတ်ကူးပင် မကြည့်ဝံ့လောက်သော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့သည်။

ဝိညာဉ်ရေကန်၏ အလယ်ဗဟို... ဖုန်းဝူချန်၏ ဦးခေါင်းအထက်တွင်... "ပန်းသုံးပွင့် ထိပ်တွင် စုဝေးခြင်း" အခြေအနေသည် တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်ပြီး... ကြီးမားလှသော ဝိညာဉ်စွမ်းအင်များသည် သူ့ထံသို့ ဘယ်တော့မှ ကုန်ဆုံးသွားမည် မဟုတ်သကဲ့သို့... အဆုံးမရှိ စီးဝင်နေသည်။

ကောင်းကင်နှင့် မြေကြီးမှ ရတနာများအားလုံး ကုန်ဆုံးသွားသောအခါ... ဖုန်းဝူချန်သည် သူ၏ စိတ်ဝိညာဉ် ဆယ့်နှစ်ခုက ဝိညာဉ်စွမ်းအင်များကို သန့်စင် စုပ်ယူလိုက်ပြီးနောက်... သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် အမှန်တကယ်ပင် သိသိသာသာ တိုးတက်လာသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။

'...အံ့ဩစရာပဲ...။ ဝိညာဉ်ရေကန်ရဲ့ ဝိညာဉ်စွမ်းအင်က... ကောင်းကင်နဲ့ မြေကြီးက ရတနာတွေထက်တောင် ပိုပြီး မြင့်မားနေပါလား...'

ဒါက ဖုန်းဝူချန်အတွက် အံ့အားသင့်ဖွယ် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့၏။

'...ဒါပေါ့... တကယ်တမ်းတော့ ဒီလို မဟုတ်လောက်ဘူး...။ ဝိညာဉ်စွမ်းအင်က အဆက်မပြတ်ဘဲ ကြီးမားလွန်းနေလို့သာ... ငါက ပိုမြန်တဲ့ နှုန်းနဲ့ ကျင့်ကြံနိုင်နေတာ ဖြစ်ရမယ်...'

'နောက်ထပ် သုံးရက်...။ ဒါမှမဟုတ်... သုံးရက်တောင် မကြာလောက်ဘူး...။ ငါ ထျန်းယွမ်ဘုံ တတိယအလွှာကို ခြေချနိုင်မှာ သေချာတယ်'

ထိုအတွေးကပင် သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။

ဖုန်းဝူချန်သာ ထျန်းယွမ်ဘုံ တတိယအလွှာသို့ ရောက်ရှိသွားပါက... ကိုးထပ် ချန်ခွန်း မျှော်စင် မရှိလျှင်ပင်... သူ နန်းကုန်းမိသားစုကို ရင်ဆိုင်ရန် အင်အား ရှိသွားပေလိမ့်မည်။

ဖုန်းဝူချန်သည် ပေမင်ခုံကို အနိုင်ယူပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်လည် ရယူနိုင်ရန် ယုံကြည်မှု ရရှိလာချိန်တွင်... ပေမင်ခုံသည် ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ တက်လှမ်းသွားခဲ့ပြီး ဖြစ်သည်ကိုမူ သူ မသိရှိခဲ့ပေ။

အကယ်၍သာ ပေမင်ခုံ၏ စကားအတိုင်း မှန်ကန်ခဲ့ပြီး... နောက်ထပ် ဆယ့်ငါးရက်အတွင်း ကျန့်လင်တောင်ကြား ဘိုးဘေးများ၏ စွမ်းအားကို နိုးထနိုင်ခဲ့ဦးမည်ဆိုလျှင်... ပေမင်ခုံ၏ ကျင့်ကြံ စွမ်းအား သည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။

ဤအရာအားလုံးကို... ဖုန်းဝူချန် လုံးဝ သတိမမူမိခဲ့ချေ။

ဤအချိန်တွင်... ပေမင်ခုံသည် ယန်ဟော်အင်ပါယာဆီသို့ တစ်ဖန် အလျင်အမြန် ခရီးနှင်လာခဲ့၏။.. ဤတစ်ကြိမ်တွင်မူ သူသည် ဖုန်းဝူချန်ကို ကိုယ်တိုင် ဖမ်းဆီး ခေါ်ဆောင်သွားရန် စိတ်ပိုင်းဖြတ်ထားခဲ့လေသည်။

...

တစ်ချိန်တည်းမှာပင်... ကျိုကျိုး၌ စစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက်... အရေးပါသော ပုဂ္ဂိုလ်ကြီး တစ်ဦး ပေါ်ထွက်လာခဲ့သည်။

သတင်းသည် ကျိုကျိုးရှိ မြို့ကြီးများ အနှံ့သို့ တောမီးလို ပျံ့သွား၏။

ကျိုကျိုးတစ်ခွင်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး လေလံရုံသို့ အလုအယက် သွားနေကြသည်။

ထို ထင်ရှားသော ပုဂ္ဂိုလ်ကြီး၏ ရုပ်သွင်ကို သူတို့အားလုံး သိချင်နေကြသည်။

သတင်း ရရှိသည်နှင့်... ကျိုကျိုးမှ အဓိက အင်အားကြီး လေးခုမှ အထက်ပိုင်း ပုဂ္ဂိုလ်များသည် လေလံရုံသို့ အလျင်စလို သွားရောက်ကြသည်။

လေလံရုံ အခမ်းအနားသည် အလွန်တရာ ကြီးကျယ်ခမ်းနားလှ၏။ အဆင့်မြင့် အရာရှိများအားလုံး မြို့တံခါးဝတွင် ဧည့်သည်များကို ကိုယ်တိုင် ကြိုဆိုရန် စုရုံးနေကြသည်။ ကြိုဆိုသော လူတန်းကြီးသည် လေလံရုံ ကျင်းပရာ နေရာမှသည် တံခါးဝအထိ ရှည်လျားလျက်ရှိပြီး... လမ်းများတစ်လျှောက်တွင် အနီရောင် ကော်ဇောရှည်ကြီးကို ခင်းကျင်းထားသည်။

လေလံရုံမှ အဆင့်မြင့် အရာရှိများအပြင်... ဖုန်းလန်ဂိုဏ်း၊ နန်းကုန်းမိသားစု၊ ရှီဝမ်ဂိုဏ်းနှင့် ရှောင်မိသားစုကဲ့သို့သော အဓိက အင်အားစုကြီးများမှ ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်များအားလုံးသည်လည်း မြို့တံခါးဝတွင် ရိုသေစွာ စုရုံး ကြိုဆိုနေကြသည်။

မြို့တွင်းရှိ လမ်းများပေါ်တွင် လူများဖြင့် စည်ကားနေသော်လည်း... မည်သူတစ်ဦးတစ်ယောက်မျှ အနီရောင် ကော်ဇောပေါ်သို့ ခြေတစ်လှမ်းမျှ တက်ရန် မဝံ့ရဲကြပေ။ လမ်းတိုင်းတွင် များပြားလှသော လေလံရုံ အစောင့်များ ချထားလျက်ရှိသည်။

ဤသို့သော ခမ်းနားထည်ဝါသော ခင်းကျင်းမှုကို ကျိုကျိုးရှိ မည်သူတစ်ဦးတစ်ယောက်မျှ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

'...အတိအကျ ဘယ်လို အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး ရောက်လာလို့... ကျိုကျိုးက အင်အားကြီး အဖွဲ့အစည်းတွေတောင် ဒီလောက် တုန်လှုပ်ခြောက်ခြားပြီး... ဒီလောက် ရိုသေနေကြရတာလဲ...'

"ဘယ်သူပါလိမ့်...။ ကျိုကျိုးက အင်အားကြီး လေးဖွဲ့လုံးက တစ်စုံတစ်ယောက်ကို ဒီလောက် ရိုသေလေးစားစွာနဲ့ ကြိုဆိုတာမျိုး တစ်ခါမှ မမြင်ဖူးဘူး"

"ဟုတ်ပါ့...။ နန်းကုန်းမိသားစုနဲ့ ဖုန်းလန်ဂိုဏ်းက လူတွေတောင် ဒဏ်ရာတွေက မပျောက်သေးဘဲ... ထွက်လာပြီး ကြိုဆိုနေရတုန်းပဲ။ ဒီလူရဲ့ နောက်ခံက အရမ်းကို ကြီးကျယ်ခမ်းနားနေမှာ သေချာတယ်"

"ဒါ... ဒါမှမဟုတ်... ကောင်းကင်ဘုံ လူသား ဘုံက ကျွမ်းကျင်သူများလား။ ဒါမှမဟုတ်... ဆဌမအဆင့် ဆေးပညာရှင်ကြီးလား"

"မဖြစ်နိုင်ပါဘူး။ ကောင်းကင်ဘုံ လူသား ဘုံက ကျွမ်းကျင်သူနဲ့ ဆဌမအဆင့် ဆေးပညာရှင်က ကျိုကျိုးကို ဘာလာလုပ်မှာလဲ"။

ကျိုကျိုးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အပြင်းအထန် ဆွေးနွေးနေကြ၏။ လေလံရုံက မည်သူ့ကိုမျှ ဤမျှ မြင့်မားသော လေးစားမှုဖြင့် ဆက်ဆံခဲ့သည်ကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

မြို့တံခါးဝတွင်... နတ်ဘုရား ဆေးလုံး သခင်ကြီးများသည် လေးနက်သော မျက်နှာထားများဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။

"ဥက္ကဋ္ဌကြီး... 'သခင်လေး ကျန်း' က ရုတ်တရက် လာလည်တာ... ဘာကိစ္စများ ရှိလို့ပါလဲ"

ရှီဟွမ်က သိလိုစိတ်အား ထုတ်ဖော်လိုက်၏။

ရှီဟွမ်ကဲ့သို့ အဆင့်အတန်း ရှိသူပင်လျှင်... ရောက်ရှိလာမည့်သူကို "သခင်လေး ကျန်း" ဟု ရိုသေစွာ ခေါ်ဝေါ်ရခြင်းက... သူတို့ ကြိုဆိုရမည့် ပုဂ္ဂိုလ်၏ အရေးပါမှုကို ဖော်ပြနေသည်။

ချူချန်ခုံးက ခေါင်းခါလိုက်ပြီး ပြန်ဖြေ၏။

"ဒီအဘိုးကြီးလည်း မသိပါဘူး။ ကျွန်တော်တို့ မနေ့ကမှ သတင်းစကား လက်ခံရရှိတာ...။ အကြောင်းရင်းကိုတော့ သတ်သတ်မှတ်မှတ် မပြောထားဘူး...။ 'သခင်လေး ကျန်း' က ကျိုကျိုးကို ဖြတ်သန်းသွားမှာ ဆိုတာပဲ ပြောတယ်"

"ကျိုကျိုးကို ဖြတ်သန်းသွားရုံ ဟုတ်လား"

လိန်ဝူယဲ့နှင့် အခြားသူများ အနည်းငယ် ကြောင်အသွားကြသည်။

ချူချန်ခုံး၏ စကားကို ကြားသောအခါ... အစောင့်များပင် ထိတ်လန့်သွားကြ၏။

'...ဖြတ်သန်းသွားရုံ သက်သက်နဲ့... လေလံရုံနဲ့ အဓိက အင်အားကြီး လေးဖွဲ့လုံးက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ပြင်ဆင်မှုကြီးနဲ့ ကြိုဆိုနေကြရတယ် ဟုတ်လား...'

'...သူတို့ ရည်ညွှန်းနေတဲ့ 'သခင်လေး ကျန်း' ဆိုတာ... ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ...'

တစ်ဦးချင်းစီသည် ဤ 'သခင်လေး ကျန်း' ဆိုသူတွင် အမှန်တကယ်ပင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်များ ပါရှိနေသလားဟု အလွန် သိချင်နေကြသည်။

"ဝှစ်... ဝှစ်... ဝှစ်"

နာရီဝက်ခန့် ကြာပြီးနောက်... လေခွင်းသံ သုံးခု ရုတ်တရက် အထက်ဆီမှ ပဲ့တင်ထွက်လာ၏။ ပုံရိပ်သုံးခုသည် ကောင်းကင်ယံတွင် သူတို့ထံသို့ သက်သောင့်သက်သာ ပျံသန်းလာကြ၏။

ဦးဆောင်လာသူမှာ အသက် ၁၈ သို့မဟုတ် ၁၉ နှစ်ခန့်ရှိ လူငယ်တစ်ဦး ဖြစ်ပြီး... ထျန်းယွမ်ဘုံ ပထမအလွှာ ကျင့်ကြံမှုသာ ရှိနေ၏။ သို့သော်... သူ၏ အရှိန်အဝါမှာ ထူးကဲစွာ သန်မာပြီး ကျင့်ကြံ စွမ်းအား ထက်လှသည်။

ထိုလူငယ်သည် ဇာမဏီ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး... အတော်ပင် ချောမောခန့်ညား၏။ အနက်ရောင် ဆံနွယ်များက သူ၏ ပခုံးများပေါ်သို့ ဝဲကျနေသည်။ သူ၏ ဓားကဲ့သို့သော မျက်ခုံးများအောက်တွင်... နက်မှောင်သော မျက်လုံးတစ်စုံက ရိုသေလေးစားမှုကို ဖြစ်စေသော ထက်ရှသည့် အလင်းရောင်များဖြင့် တောက်ပနေ၏။

ထိုလူငယ်၏ နောက်မှ အလယ်အလတ်တန်းစား လူကြီးနှစ်ဦးမှာမူ... ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျင့်ကြံ စွမ်းအား ထက်လှ၏။

ထို လူလတ်ပိုင်း နှစ်ဦးလုံးတွင်... ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ၏ နက်ရှိုင်းသော ကျင့်ကြံမှု အဆင့်များ ရှိနေကြသည်။ သူတို့ထဲမှ တစ်ဦးဦးကပင် စိတ်ကူးလိုက်ရုံမျှဖြင့်... ကျိုကျိုး တစ်ခုလုံးကို ချေမွပစ်နိုင်ပေသည်။

မြို့တံခါးဝ အပြင်ဘက်တွင်... မရေမတွက်နိုင်သော ကျင့်ကြံသူများ ထိုသုံးဦးကို ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။

သူတို့ ၏ အရှိန်အဝါမှ ထွက်ပေါ်လာသော ခုခံနိုင်စွမ်းမရှိသော ဖိနှိပ်မှု စွမ်းအားက... လူတိုင်းကို သတိလစ်မတတ် ထိတ်လန့်သွားစေခဲ့သည်။

"သခင်လေး ကျန်းကို ဂါရဝပြုပါတယ်"

အသစ်ရောက်ရှိလာသူများကို မြင်သည်နှင့်... မြို့တံခါးဝတွင်... ချူချန်ခုံးနှင့် ကျိုကျိုးမှ အဓိက အင်အားစုကြီးများမှ အခြား ကျင့်ကြံ စွမ်းအား ထက် ပုဂ္ဂိုလ်များအားလုံး... တစ်ဖက်ဒူးထောက်ကာ... မရိုမသေ ပြုမူရန် မဝံ့ရဲဘဲ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

အဋ္ဌမအလွှာ ထျန်းယွမ်ဘုံ၏ ကြောက်မက်ဖွယ် ကျင့်ကြံ စွမ်းအား သည် လိန်ဝူယဲ့ကဲ့သို့သော သူများကိုပင် ကြောက်ရွံ့မှု ထိုးသွင်းပေးရန် လုံလောက်လှ၏။

"သခင်လေး ကျန်းကို ဂါရဝပြုပါတယ်"

လေလံရုံနှင့် အဓိက အင်အားကြီး လေးဖွဲ့မှ ကျင့်ကြံသူများအားလုံး ရိုသေစွာ ဒူးထောက်လိုက်ကြ၏။ သူတို့၏ နှုတ်ဆက်သံများက မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး... နား အူစေလှသည်။

မြို့တွင်း၌... လေလံရုံသို့ ဦးတည်သော လမ်းများတစ်လျှောက်တွင်... မိုးခြိမ်းသံကဲ့သို့ ဟစ်အော်သံများကို ကြားသောအခါ... အစောင့်များ၏ မျက်နှာအမူအရာများ ချက်ချင်းပင် တက်ကြွသွားကြသည်။

"သူ ရောက်လာပြီ။ သခင်လေး ကျန်း ရောက်လာပြီ"

"သခင်လေး ကျန်း ဟုတ်လား။ ဘယ် သခင်လေး ကျန်းလဲ...။ ဘယ်သူမှန်းတော့ မသိဘူး...။ ဒါပေမဲ့ တကယ် အားကျစရာပဲဗျာ"

"သူ့မှာ ကြောက်စရာကောင်းတဲ့ နောက်ခံ ရှိရမယ်...။ ဒါကတော့ သေချာတယ်"

မြို့တွင်းရှိ လူတိုင်း မျှော်လင့်တကြီး ဖြစ်နေကြပြီး... သူတို့၏ မျက်နှာများ စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်နေကြသည်။

မြို့တံခါးဝတွင်... ကျိုကျိုး အင်အားစုများ၏ ကြီးကျယ်ခမ်းနားသော ခင်းကျင်းမှုကြောင့် 'သခင်လေး ကျန်း' အံ့အားသင့်သွား၏။ ဒါက သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေခဲ့သည်။

"...ဒါတွေ မင်းတို့ စီစဉ်လိုက်တာလား..."

သူက မျက်မှောင်အနည်းငယ် ကြုတ်ရင်း... သူ၏ နောက်မှ လူနှစ်ဦးကို လှည့်မေးလိုက်သည်။

'သခင်လေး ကျန်း' သည် အနည်းငယ် မကျေမနပ် ဖြစ်နေပုံရ၏။ ဤသို့သော ဟန်ပြ ပွဲလမ်းသဘင်များကို သူ မနှစ်သက်ဘဲ... ပွဲကြီးလမ်းကြီး ဖြစ်ခြင်းကို ရှောင်ရှားလိုသည်မှာ ထင်ရှားပေသည်။

သူတို့ထဲမှ တစ်ဦးက ရိုသေစွာ ရှင်းပြသည်။

"ဒါ ကျွန်တော်တို့ စီစဉ်တာ မဟုတ်ပါဘူး သခင်လေး။ ကျွန်တော်တို့က ကျိုကျိုးကို သခင်လေး ဖြတ်သန်းသွားမယ့်အကြောင်း သတင်းစကား ပါးလိုက်ရုံပါပဲ...။ ပြီးတော့ သူတို့ကို ဘာ အနှောင့်အယှက်မှ မဖြစ်စေဖို့ပဲ တောင်းဆိုခဲ့တာပါ"

'သခင်လေး ကျန်း'က တိတ်ဆိတ်နေဆဲ ဖြစ်၏။ နတ်ဘုရား ဆေးလုံး သခင်ကြီးများမှာမူ စကားတစ်ခွန်းမျှ မပြောဝံ့ကြသလို... မတ်တပ်ရပ်ရန်လည်း မဝံ့ရဲကြပေ။

"ထကြ"

'သခင်လေး ကျန်း'က ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။

"ကျေးဇူးပြုပြီး ကြွပါ သခင်လေး ကျန်း...။ အရာအားလုံး ခင်ဗျားအတွက် ပြင်ဆင်ပြီးပါပြီ"

ချူချန်ခုံးက 'သခင်လေး ကျန်း'ကို မြို့တွင်းသို့ ကိုယ်တိုင် လမ်းပြ ပို့ဆောင်ရင်း... ကြောက်ခမန်းလိလိ ရိုသေစွာဖြင့် ဖိတ်ကြားလိုက်သည်။

'သခင်လေး ကျန်း' ခေါင်းညိတ်လိုက်ပြီး... စကားများများ မပြောတော့ဘဲ... သူတို့နောက်သို့ လိုက်ပါသွား၏။

'...လေလံရုံကသာ ဒါတွေအားလုံးကို စီစဉ်ခဲ့တာဆိုရင်... ဒါက သူတို့ ငါ့ကို အလွန်အမင်း အလေးထားတယ်ဆိုတဲ့ သဘောပဲ...။ သာမန် ကြိုဆိုမှုတစ်ခုတည်းကတော့ ငါ့ကို မလေးစားရာ ကျသွားလိမ့်မယ်...။ အခုမှ သူတို့ကို ဖျက်သိမ်းခိုင်းဖို့ ဆိုတာကလည်း ကသိကအောက်နိုင်လွန်းတယ်...။ ဘယ်လိုပဲဖြစ်ဖြစ်... သူတို့ရဲ့ ရည်ရွယ်ချက်က ကောင်းတာပဲ...။ သူတို့ မျက်နှာကို မထောက်ထားဘဲ နေလိုက်တာကလည်း မယဉ်ကျေးရာ ကျသွားလိမ့်မယ်... မဟုတ်လား...'

"အဲ့ဒါ သခင်လေး ကျန်း ဆိုတာလား။ နတ်ဘုရား ဆေးလုံး သခင်ကြီးတွေနဲ့ ဥက္ကဋ္ဌကြီးကတောင် သူ့ကို ကိုယ်တိုင် ကြိုဆိုနေရတယ်"

"အဲ့ဒီ ကောင်လေးက ဘယ်လို အဆင့်အတန်းမျိုး ရှိနေလို့လဲ"

"သခင်လေး ကျန်း ဟုတ်လား။ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ နောက်ခံနဲ့... ဘာလို့ သူ့ကျင့်ကြံမှုက ထျန်းယွမ်ဘုံ ပထမအလွှာမှာပဲ ရှိနေရတာလဲ။ သူက နန်းကုန်းကျန့်ကျင်းလောက်တောင် အဆင့်မရှိပါလား"

မြို့တွင်း၌... လမ်းများပေါ်တွင် လူများ တီးတိုး ပြောဆိုနေကြပြီး... မျက်လုံးတိုင်းက 'သခင်လေး ကျန်း' ထံတွင် စူးစိုက်နေကြသည်။

နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် ချူချန်ခုံးတို့ ကိုယ်တိုင် သူ့ကို ကြိုဆိုနေကြပြီး... အဓိက အင်အားစုကြီးများမှ ထိပ်တန်း ကျွမ်းကျင်သူများက သူ့အနောက်မှ လိုက်ပါနေကြသည်ကို မြင်တွေ့ရသောအခါ... လူတိုင်း ရင်သပ်ရှုမော ဖြစ်သွားကြတော့သည်။

All Chapters