← Chapters

ကျန်းကျွင့်လန်

Vol. 20 Ch. 300

ကျန်းကျွင့်လန်

Vol. 20 Ch. 300

~သခင်လေး ကျန်း ဆိုသူသည် အမှန်တကယ် မည်သို့သော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသနည်း။

ကျိုကျိုး၏ ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားများအားလုံးသည် သခင်လေး ကျန်း၏ နောက်မှ အလွန်အမင်း ရိုသေလေးစားစွာ လိုက်ပါနေကြရ၏။

လိန်ဝူယဲ့ကဲ့သို့သော ပုဂ္ဂိုလ်များပင် ဤမျှလောက် သတိထား ကြောက်ရွံ့နေရအောင်... သခင်လေး ကျန်း၏ နောက်ကွယ်မှ အင်အားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

သခင်လေး ကျန်းသည် ခမ်းနားထည်ဝါသော အရှိန်အဝါဖြင့် အနီရောင် ကော်ဇောပေါ်တွင် လျှောက်လှမ်းနေ၏။ သူ၏ ထူးကဲသော အဆင့်အတန်းကို မရေမတွက်နိုင်သော လူများက အားကျ မက်မောနေကြသည်။

"သခင်လေး ကျန်း... ဒီဘက်ကို ကြွပါခင်ဗျာ...။ လေလံရုံက ရှေ့နားတင် ရောက်ပါပြီ"

ချူချန်ခုံးက ရိုသေစွာ ပြုံးရင်း လမ်းညွှန်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ ချူ"

သခင်လေး ကျန်းက ခေါင်းညိတ်ပြ၏။

သူတို့၏ ရှေ့မှောက်မှ ဤလူငယ်လေးသည် အစွမ်းထက်လှသည် မဟုတ်သော်ငြား... သူကား အလွန်တရာ ငယ်ရွယ်လှသေးသည်။ နန်းကုန်းကျန့်ကျန့်ရော လိန်ချင်းဖုန်းပါ သူ့ကို လျှော့မတွက်ရဲခဲ့ကြပါ။

သူ၏ နောက်ကွယ်တွင် ခြိမ်းခြောက်နိုင်စွမ်းရှိသော အင်အားစုနှင့် အတိုင်းအဆမရှိ နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိနေသဖြင့်... နောင်နှစ်အနည်းငယ်အတွင်း သခင်လေး ကျန်း၏ ကျင့်ကြံမှုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလာမည်ကို မည်သူ သိနိုင်မည်နည်း။

အရေးကြီးဆုံး အချက်မှာ... သခင်လေး ကျန်းတွင် လက်နက်သန့်စင်သူ ဟူသော အခြားသော ဂုဏ်ပုဒ် တစ်ခုလည်း ရှိနေသေးခြင်းပင်။

ထိုမျှမက... သာမန် လက်နက်သန့်စင်သူ တစ်ဦး မဟုတ်ဘဲ... ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ဦး ဖြစ်နေခဲ့သည်။ ဤနယ်ပယ်တွင် သူ၏ ကျွမ်းကျင်မှုမှာ အလွန်တရာ မြင့်မားလှပြီး... မကြာသေးမီကပင် သူသည် ပြည်မကြီး (ဝါ) တိုက်ကြီး၏ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင်အဖြစ် ချီးကျူးခံခဲ့ရသည်။

ဤ သခင်လေး ကျန်းမှာ အမှန်စင်စစ် ကျန်းကျွင့်လန် ပင် ဖြစ်လေသည်။

ဖုန်းဝူချန်၏ လမ်းညွှန်မှုအောက်တွင်... ဖုန်းဝူချန် ပေးအပ်ခဲ့သော "လက်နက်သန့်စင် ကျမ်း" (လက်နက်သန့်စင်ခြင်း ဆုံးဖြတ်ချက်( နှင့်အတူ... ကျန်းကျွင့်လန်သည် မဆုတ်မနစ် ကြိုးစား

အားထုတ်မှုများကြောင့် မကြာသေးမီကပင် ပဉ္စမအဆင့် လက်နက်သန့်စင်သူ ဘုံသို့ တက်လှမ်း ဝင်ရောက်နိုင်ခဲ့သည်။

သူ၏ အားကောင်းလှသော လက်နက်သန့်စင်ခြင်း နည်းပညာများဖြင့်... သူ၏ ပြိုင်ဘက်များကို အနိုင်ယူခဲ့ပြီး... ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင် ဟူသော ဘွဲ့ကို ရယူနိုင်ခဲ့ခြင်း ဖြစ်၏။

ကျန်းကျွင့်လန်၏ လာရောက်ခြင်းမှာ ဖုန်းဝူချန်ကို ရှာဖွေရန် ဖြစ်ပြီး... သူသည် လမ်းခရီးတွင် ကျိုကျိုး၌ ယာယီ တည်းခိုရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ပြည်မကြီး၏ လက်နက်သန့်စင်ခြင်း နယ်ပယ်မှ ထိပ်တန်း ပါရမီရှင် ဟူသော ဘွဲ့သည်... မရေမတွက်နိုင်သော ပါရမီရှင်များကို မျှော်လင့်ချက်ကင်းမဲ့စွာ မော့ကြည့်စေရန် လုံလောက်လှ၏။

နန်းကုန်းကျန့်လီနှင့် လိန်ချင်းဖုန်းတို့၏ အောင်မြင်မှုများနှင့် ဂုဏ်ပကာသနများသည်... ကျန်းကျွင့်လန်၏ ရှေ့မှောက်တွင် ဘာမှ ပြောပလောက်စရာ မရှိတော့ချေ။

ကျိုကျိုး၏ နံပါတ်တစ် ပါရမီရှင် ဆိုသည်မှာ အမှန်တကယ်တော့ ဘာမျှ မဟုတ်ပေ။ ပြည်မကြီး၏ နံပါတ်တစ် ပါရမီရှင်... ထိုသူသာလျှင် စစ်မှန်သော ပါရမီရှင် ဖြစ်ပေသည်။

ချူချန်ခုံးနှင့် အခြားသူများသည် ကျန်းကျွင့်လန်ကို လေလံခန်းမကြီးထဲသို့ ရိုသေလေးစားစွာ ကြိုဆို ခေါ်ဆောင်သွားကြ၏။ ထိုနေရာတွင် ငယ်ရွယ် လှပသော အစေခံမလေးတစ်ဦးက လက်ဖက်ရည်ကို အဆင့်သင့် တည်ခင်းပေးနေသည်။

"ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင်ဆိုတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဘွဲ့ကို ရရှိသွားတဲ့အတွက်...ဂုဏ်ယူပါတယ် သခင်လေး ကျန်းခင်ဗျာ"

မဟာအကြီးအကဲ ကျောက်ယွင်ချန်က ကျန်းကျွင့်လန် ထိုင်လိုက်သည်နှင့် ချက်ချင်း ဆိုလိုက်သည်။

"အာ၊ ကျွန်တော့်မှာ ရှိတဲ့ ဒီ အရည်အချင်း နည်းနည်းလေးကတော့ တကယ် ဘာမှ မဟုတ်သေးပါဘူး"

ကျန်းကျွင့်လန်က ကျိုးနွံစွာ ခေါင်းခါလိုက်၏။ သို့သော် သူ၏ စကားများမှာ အမှန်တရားပင် ဖြစ်သည်။

ကျန်းကျွင့်လန်သည် နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင် ဘွဲ့ကို ရရှိထားခဲ့သော်လည်း... သူ၏ အရည်အချင်းများသည် ဖုန်းဝူချန်နှင့် နှိုင်းယှဉ်လိုက်ပါက... ကလေးကစားစရာမျှသာ ဖြစ်နေသေးသည်။

"အားလုံးလည်း ထိုင်ကြပါ...။ ဒီလောက် ကြီးကြီးကျယ်ကျယ်တွေ လုပ်နေစရာ မလိုပါဘူး"

ကျန်းကျွင့်လန်က လိန်ဝူယဲ့၊ နန်းကုန်းလီနှင့် အခြားသူများကို ပြုံးရင်း ဖိတ်ခေါ်လိုက်သည်။ သူ၏ အမူအရာတွင် သခင်လေး တစ်ဦး၏ မောက်မာမှု လုံးဝ ကင်းမဲ့နေပြီး... အတော်ပင် ဖော်ရွေပျူငှာလှ၏။

"သခင်လေး ကျန်းကို ကျေးဇူးတင်ပါတယ်…"

လိန်ဝူယဲ့နှင့် အခြားသူများက သူတို့၏ မျက်နှာများတွင် လေးစားမှုများ ပြသလျက် ကျေးဇူးတင်စွာ ဆိုလိုက်ကြသည်။

...သူ့နောက်တွင် ကြောက်မက်ဖွယ် ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ တိုက်ခိုက်ရေးသမားကြီး နှစ်ယောက်တောင် ရပ်နေသည်.. လိန်ဝူယဲ့တို့က အဘယ်သို့ မလေးစားဘဲ နေနိုင်မည်နည်း...။

"သခင်လေး ကျန်း... ဒီတစ်ကြိမ် ကျိုကျိုးကို ဖြတ်သန်းသွားတာ... ဘာ အရေးကြီး ကိစ္စများ ရှိလို့ပါလဲ"

နတ်ဘုရား ဆေးလုံး သခင်ကြီး တစ်ဦးက ပြုံးရင်း စူးစမ်းမေးမြန်းလိုက်သည်။

ဤစကားကို ကြားသောအခါ... ကျန်းကျွင့်လန်သည် သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဆိုလိုက်၏။

"ဆရာ တစ်ယောက်ကို လာတွေ့တာပါ"

"ဆရာ…"

နတ်ဘုရား ဆေးလုံး သခင်ကြီးနှင့်

အခြားသူများ အံ့အားသင့်စွာ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။

'...ကျန်းကျွင့်လန်လို လူကတောင် ဆရာလို့ ခေါ်ရတယ်ဆိုမှတော့... လက်နက်သန့်စင်ခြင်း ပညာမှာ သူတို့ရဲ့ ကျွမ်းကျင်မှုက အလွန်တရာ ကြောက်ဖို့ ကောင်းနေရမှာပေါ့...။ မဟုတ်ရင်... ကျန်းကျွင့်လန်လို လက်နက်သန့်စင်ခြင်း ပါရမီရှင် တစ်ယောက်ကို ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်မှာလဲ...'

'...ဒါပေမဲ့... ကျန်းကျွင့်လန်ကို ကျန်းမိသားစုက မွေးထုတ်ပေးခဲ့တာ မဟုတ်ဘူးလား။ သူ့မှာ နောက်ထပ် ဆရာတစ်ယောက် ဘယ်လို ရှိနိုင်မှာလဲ...'

'...ကျန်းကျွင့်လန်ရဲ့ ဆရာက ဘယ်သူဖြစ်မလဲ...'

လူတိုင်း အလွန်အမင်း သိချင်နေကြသော်လည်း... ပွင့်ပွင့်လင်းလင်း မေးမြန်းရန် မဝံ့ရဲခဲ့ကြပေ။

ကျန်းကျွင့်လန် ရည်ညွှန်းလိုက်သော "ဆရာ" ဆိုသူမှာ... သူ ဖွင့်မပြောခဲ့သော်လည်း... သံသယရှိဖွယ်မရှိ ဖုန်းဝူချန်ပင် ဖြစ်လေသည်။

"ဥက္ကဋ္ဌ ချူ... ကျွန်တော့်အတွက် ဥက္ကာခဲ သံတုံး နည်းနည်းလောက် ပြင်ဆင်ပေးပါ...။ ကျွန်တော် ဝိညာဉ်လက်နက်တွေ သန့်စင်တာကို ပိုပြီး လေ့ကျင့်ဖို့ ဒီမှာ ရက်အနည်းငယ် နေမလို့ စီစဉ်ထားတယ်။ ဒီရက်ပိုင်းတွေမှာ တော်တော် ထူးဆန်းနေတယ်...။ တစ်ရက်ကို ဝိညာဉ်လက်နက် သုံးလေးခုလောက်ပဲ သွန်းလောင်းနိုင်တော့တယ်။ အခြေအနေကောင်း တစ်ခု ပြန်မရဘူးဆိုရင်... အဲ့ဒီဆရာ့ကို တွေ့ဖို့ ကျွန်တော် မျက်နှာပူရလိမ့်မယ်"

ကျန်းကျွင့်လန်က တောင်းဆိုလိုက်သည်။

'...တစ်ရက်ကို ဝိညာဉ်လက်နက် သုံးလေးခု ဟုတ်လား...'

ထိုစကား အနည်းငယ်ကို ကြားလိုက်ရသောအခါ... လူတိုင်း၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြပြီး... မျက်နှာများတွင် တုန်လှုပ်မှုများ ထင်ဟပ်လာသည်။

ထိုအခိုက်အတန့်တွင်... ကျောက်ယွင်ချန်ထက် ပို၍ တုန်လှုပ်သွားသူ မရှိတော့ပေ။ သူ၏ မျက်နှာအိုကြီးမှာ တောင့်တင်းသွားပြီး... လုံးဝ ငြိမ်သက်သွား၏။

'...တစ်ရက်ကို ဝိညာဉ်လက်နက် သုံးလေးခု သွန်းလောင်းနိုင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ...။ ငါ့အတွက်တော့... ဒါက ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခုပဲ...'

ကျောက်ယွင်ချန်သည် စတုတ္ထအဆင့် လက်နက်သန့်စင်သူ တစ်ဦး ဖြစ်သောကြောင့်... ဝိညာဉ်လက်နက်များ သန့်စင်ရန် လိုအပ်ချက်များနှင့် ပြည့်မီပြီး ဖြစ်သည်။ သို့သော်... တစ်နှစ်ပတ်လုံးတွင်... သူ နှစ်ခုပင် မသွန်းလောင်းနိုင်ခဲ့ဘဲ... ထိုလုပ်ငန်းစဉ်တွင် ဥက္ကာပျံ သံတုံး အမြောက်အမြားကို ဖြုန်းတီးပစ်ခဲ့ရသည်။

ဒါက... ဝိညာဉ်လက်နက်များ သန့်စင်ရန် မည်မျှ ခက်ခဲသည်ကို သက်သေပြနေပါလေ၏။

တစ်ရက်တည်းတွင် ဝိညာဉ်လက်နက် အများအပြား သန့်စင်နိုင်သော ကျန်းကျွင့်လန်က... ရှားပါးသည်ဟု ဆိုနေလေသည်။

...ပြီးတော့ ဒါက ကျန်းကျွင့်လန် အခြေအနေ မကောင်းသေးသည့် အချိန်တွင် ဖြစ်သည်။

သူသာ အခြေအနေ ကောင်းနေပါက... တစ်ရက်လျှင် ခုနစ်ခု သို့မဟုတ် ရှစ်ခု ဖန်တီးနိုင်မည် မဟုတ်လော...။

အကယ်၍သာ သူ တစ်ရက်လျှင် ဝိညာဉ်လက်နက် ခုနစ်ခု၊ ရှစ်ခု သွန်းလောင်းနိုင်ခဲ့ပါလျှင်... ၎င်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

အကယ်၍သာ ၎င်းတို့ကို ကျိုကျိုးရှိ အင်အားစု အသီးသီးသို့ ပံ့ပိုးပေးနိုင်ခဲ့ပါလျှင်... သူတို့၏ တိုက်ခိုက်ရေး အစွမ်းသည် သံသယရှိဖွယ်မရှိ အကြီးအကျယ် တိုးတက်လာပေလိမ့်မည်။

လုံးဝ မှင်သက်နေကြသော လူအုပ်ကြီးကို ကြည့်ရင်း... ကျန်းကျွင့်လန်မှာမူ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်နိုင်ရုံသာ ရှိတော့သည်။

"ကောင်း... ကောင်းပါပြီ...။ ကျွန်တော် ချက်ချင်း ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"

ချူချန်ခုံးသည် အချိန်အတော်ကြာပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်နိုင်တော့၏။

"အထီးကျန် နယ်မြေက မကြာခင် ဖွင့်တော့မယ်လေ...။ ကျွန်တော့်ဆရာကို တွေ့တဲ့အပြင်... ကျွန်တော် အဲ့ဒီမှာ လေ့ကျင့်ချင်သေးတယ်။ အချိန်က နည်းနေပြီ...။ ဒီတော့ လူကြီးမင်းတို့နဲ့ စကားများများ မပြောတော့ဘူး။ စိတ်မရှိကြဘူးလို့ မျှော်လင့်ပါတယ်"

ကျန်းကျွင့်လန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။

"သခင်လေး ကျန်းက တကယ် အလေးထားလွန်းနေပါပြီ...။ ခင်ဗျားရဲ့ တည်ရှိနေမှုကပဲ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာ တစ်ခုပါ"

နတ်ဘုရား ဆေးလုံး သခင်ကြီးက အလျင်အမြန် ပြုံးရင်း ပြန်ဖြေသည်။

"သခင်လေး ကျန်း... ကျိုကျိုးမှာ ခင်ဗျား လိုအပ်တာ တစ်ခုခု ရှိခဲ့ရင်... စကား တစ်ခွန်းသာ ပြောလိုက်ပါ...။ ကျွန်တော် အစွမ်းကုန် ကူညီပေးပါ့မယ်"

နန်းကုန်းလီသည်လည်း အလျင်အမြန်ပင် မျက်နှာချိုသွေးလိုက်၏။

'...ဒီနတ်ဘုရား ဆေးလုံး သခင်ကြီးကတော့ မျက်နှာလို မျက်နှာရ လုပ်တာ ဘယ်သူ့ထက်မဆို ပိုမြန်တာပဲ...'

လိန်ဝူယဲ့က ကဲ့ရဲ့ကာ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး... ရိုသေစွာ ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော်တို့ ဖုန်းလန်ဂိုဏ်းကလည်း အစွမ်းကုန် ကူညီပါ့မယ်"

"အကြီးအကဲတို့ကို ကျေးဇူးတင်ပါတယ်"

ဟု ကျန်းကျွင့်လန်က ယဉ်ကျေးစွာ ဆိုလိုက်၏။

ထိုအခါ၊ ရှောင်မိသားစုမှ ရှောင်ထျန်းချန်သည်လည်း အလျင်အမြန် ဝင်ပြောလိုက်သည်။

"သခင်လေး ကျန်း... ကျွန်တော့် ရှောင်မိသားစုမှာ တတိယအဆင့် လက်နက်သန့်စင်သူ တစ်ယောက် ရှိပါတယ်...။ ခင်ဗျား အချိန်ရတဲ့အခါ... လမ်းညွှန်မှုလေး ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

'...မြေခွေးအိုကြီး...'

ရှောင်ထျန်းချန်၏ စကားကို ကြားသောအခါ... ကျန်လူများအားလုံး စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။

ကျန်းကျွင့်လန်က ခပ်ရေးရေး ပြုံးလိုက်ပြီး ဆို၏။

"ကြည့်ကြတာပေါ့"

"သခင်လေး ကျန်းကို ကျေးဇူးတင်ပါတယ်"

ရှောင်ထျန်းချန်သည် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွား၏။ ကျန်းကျွင့်လန် မငြင်းဆိုခဲ့ခြင်းမှာ... အခွင့်အရေး ရှိနေသည်ဟု အဓိပ္ပာယ်ရသည်။

"သခင်လေး ကျန်း... ခင်ဗျားရဲ့ နေအိမ်ကို ပြင်ဆင်ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ"

ချူချန်ခုံးက ယဉ်ကျေးသော အပြုံးဖြင့် ဆိုလိုက်ပြီး... တစ်ချိန်တည်းမှာပင် ဖိတ်ခေါ်သော အမူအရာတစ်ခု ပြုလုပ်လိုက်သည်။

သူ၏ ရိုသေလေးစားသော သဘောထားမှာ တစ်ချက်ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

ကျန်းကျွင့်လန် ထွက်ခွာသွားပြီးနောက်... အင်အားစု အသီးသီးမှ အဆင့်မြင့် အဖွဲ့ဝင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

"ကျန့်အာ... အထီးကျန် နယ်မြေဆီ ဒီခရီးစဉ်မှာ... မင်း သခင်လေး ကျန်းကို သေသေချာချာ ကာကွယ်ရမယ်။ ဒါက ငါတို့ နန်းကုန်းမိသားစုရဲ့ အင်အားကို ခိုင်မာအောင် လုပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ ငါတို့ ကျန်းမိသားစုနဲ့ မဟာမိတ် ဖွဲ့နိုင်ခဲ့ရင် အကောင်းဆုံးပဲ"

နန်းကုန်းလီက အပြန်လမ်းတွင် မှာကြားလိုက်သည်။

"အဘိုး... စိတ်ချပါ"

နန်းကုန်းကျန့်ကျန့်က ခေါင်းညိတ်လိုက်သည်။

"ချင်းဖုန်း... အထီးကျန် နယ်မြေဆီ ဒီခရီးစဉ်အတွင်းမှာ... သခင်လေး ကျန်းကို ကာကွယ်ဖို့ မမေ့နဲ့။ ပေမင်ခုံနဲ့ မုရုန်ထျန်းတို့လည်း အထီးကျန် နယ်မြေထဲကို ဝင်လာမှာ သေချာတယ်...။ ဒီတော့ အသေအချာ သတိထားပါ"

လိန်ဝူယဲ့သည်လည်း လိန်ချင်းဖုန်းကို သတိပေးလိုက်သည်။

လိန်ချင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး မှတ်ချက်ချ၏။

"ဒီ သခင်လေး ကျန်းသာ သူ့အချိန်တွေကို ကျင့်ကြံမှုဘက်မှာ မြှုပ်နှံထားခဲ့မယ်ဆိုရင်... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ကျွန်တော့်ထက် နိမ့်ကျနေမှာ မဟုတ်ပါဘူး...။ နန်းကုန်းကျန့်ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းလာနိုင်တာပါပဲ"

ကျန်းကျွင့်လန်သည် ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင်... သူ၏ နောက်ကွယ်တွင် အလွန်တရာ ဩဇာပြင်းသော အင်အားစုကြီး ရှိနေသဖြင့်... လူတိုင်းက သူနှင့် ဆက်သွယ်မှုတစ်ခု ထူထောင်လိုကြ လေသည်။

အကယ်၍သာ သူတို့ ကျန်းမိသားစုနှင့် မဟာမိတ် ဖွဲ့နိုင်ခဲ့ပါလျှင်... သူတို့၏ အဆင့်အတန်းသည် အရူးအမူး ထိုးတက်သွားမည်မှာ သေချာပြီး... သူတို့၏ အစွမ်းသည်လည်း လျင်မြန်စွာ ကြီးထွားလာပေလိမ့်မည်။

...

နှစ်ရက် ကြာပြီးနောက်... နတ်ဘုရား တောင်ကြားရှိ ဝိညာဉ်ရေကန်၌၊

ဖုန်းဝူချန်၏ အရူးအမူး ကျင့်ကြံမှုနှင့်အတူ... ကိုးရက်အတွင်း... ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့်သည် အဆင့် ဆယ်ဆင့် တိုးတက်လာခဲ့ပြီး... ထျန်းယွမ်ဘုံ တတိယအလွှာသို့ တက်လှမ်းရန် အခြေအနေများနှင့် ပြည့်မီသွားခဲ့သည်။

ကိုးရက်တည်းသော အချိန်အတွင်းမှာပင်... ဖုန်းဝူချန်သည် အဆင့်ချိုးဖြတ်မှုတစ်ခုအတွက် အခြေအနေများနှင့် ပြည့်မီခဲ့လေပြီ။

"ကိုးရက်အတွင်း တက်လှမ်းနိုင်ခဲ့တာ...။ 'စိတ်ဝိညာဉ် ခွဲဖြာခြင်း' ပညာရပ်နဲ့ တကယ် ထိုက်တန်တာပဲ"

ဖုန်းဝူချန်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး... ကောင်းကင်ကြီးကို ဟိန်းဟောက်လိုက်ချင်စိတ်များ ပေါက်သွားမိသည်။

ပြည်မကြီးပေါ်တွင်... ထျန်းယွမ်ဘုံ ဒုတိယအလွှာမှ တတိယအလွှာသို့ ကိုးရက်အတွင်း အဆင့်ချိုးဖြတ်နိုင်သော... ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်... အခြား မည်သူ ရှိနိုင်ဦးမည်နည်း။

ဖုန်းဝူချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး... သူ၏ နှလုံးသားထဲမှ ပြင်းပြသော ဝမ်းမြောက်မှုကို ဖိနှိပ်လိုက်ကာ... သူ့ကိုယ်တွင်းမှ တိုးမြင့်လာသော၊ ကျယ်ပြောလှသည့် အစစ်အမှန်ယွမ်ကို ရုတ်တရက် နှိုးဆွလိုက်သည်။

"ဝှစ်…ဝှစ်"

ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး... ဝိညာဉ်ရေကန်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ အလွန်တရာ အားပြင်းသော စွမ်းအားတစ်ခု ပြင်းထန်စွာ တိုးမြင့်လာပြီး... ရေကန်ကို တရကြမ် သိမ့်ခါသွားစေသည်။ ရေများ အရူးအမူး ဆူပွက်လာပြီး... ရေတိုင်ကြီးများ ကောင်းကင်သို့ ဝုန်းခနဲ ထိုးတက်သွားသည်။

"တက်လှမ်းမယ်"

ဖုန်းဝူချန်က ပြင်းထန်စွာ ဟစ်အော်လိုက်ပြီး... ကြီးစိုးနိုင်သော အစစ်အမှန်ယွမ်ကို ထိန်းချုပ်ကာ... ထျန်းယွမ်ဘုံ တတိယအလွှာ၏ အဟန့်အတားအား အရူးအမူး တိုက်ခိုက်လိုက်သည်။

"ဘုန်း"

ကြောက်မက်ဖွယ် စွမ်းအင်သည် အဟန့်အတားအား ထိမှန်သွားပြီး... ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် ပေါက်ကွဲထွက်သွား၏။ ဖုန်းဝူချန်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး... စူးရှသော လှိုင်းလုံးတစ်ခု သူ၏ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားကာ... သူ၏ မျက်နှာကို ရှုံ့မဲ့သွားစေသည်။

ပထမဆုံး တိုက်ခိုက်မှု မအောင်မြင်ခဲ့ပါ။

"နောက်တစ်ခါ"

ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ပြီး... အစစ်အမှန်ယွမ်ကို တစ်ဖန် နှိုးဆွလိုက်ကာ... ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှုရင်း... အဟန့်အတားကို ဆက်လက် ထိုးနှက် တိုက်ခိုက်လိုက်သည်။

"ဘုန်း ဘုန်း ဘုန်း"

ဖုန်းဝူချန်သည် အဟန့်အတားကို အကြိမ်ကြိမ် ထိုးနှက် တိုက်ခိုက်လိုက်ရာ... မရပ်မနား ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ခါနေသော အခြေအနေတွင် ဆက်လက် ရှိနေပြီး... တိုက်ခတ်မှုတိုင်းမှ သူ၏ သွေးကြောများဆီသို့ ကူးစက်လာသော စူးရှသည့် နာကျင်မှုကို ကြံ့ကြံ့ခံနေရသည်။

ဖုန်းဝူချန်အတွက်... အဆင့်ချိုးဖြတ်ခြင်းသည် မည်သည့် စိန်ခေါ်မှုမျှ မရှိခဲ့ပေ။ နတ်ဆိုး နဂါး နတ်ဘုရား၏ စွမ်းအား တစ်ခုလုံးကို သူ ပိုင်ဆိုင်ထားသဖြင့်... သူ၏ သွေးကြောများထဲမှ ပြင်းထန်လှသော နာကျင်မှုကို ခံနိုင်ရည်ရှိခြင်းမှ လွဲ၍... သူ၏ တိုးတက်မှုအတွက် စစ်မှန်သော အန္တရာယ် တစ်စုံတစ်ရာ မရှိခဲ့ချေ။

အရူးအမူး ထိုးနှက် တိုက်ခိုက်မှုအောက်တွင်... အဟန့်အတားသည် တဖြည်းဖြည်း အားနည်း၍... အားနည်းလာသည်။

ဖုန်းဝူချန် အံကြိတ်လိုက်ပြီး... နောက်ဆုံး တစ်ကြိမ် အရှိန်တင်ရန် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို စုစည်းလိုက်သည်။

"ဘုန်း"

"ခွမ်း"

သူ၏ အစွမ်းရှိသမျှဖြင့် ပြင်းထန်စွာ တိုးဝင်လိုက်သည်နှင့်... ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာပြီး... အားနည်းနေသော အဟန့်အတားသည် ချက်ချင်းပင် ကြေမွသွားတော့သည်။

အဟန့်အတား ကြေမွသွားသည့် အခိုက်အတန့်တွင်... ဖုန်းဝူချန်သည် သူ၏ ခန္ဓာကိုယ်အနှံ့မှ သွေးကြောများ ကျယ်ပြန့်သွားသည်ကို ခံစားလိုက်ရပြီး... သူ၏ ချီပင်လယ်သည်လည်း အဆများစွာ ပိုမို ကြီးမားလာ၏။ ကြီးမားလှသော သက်သာရာ ရသွားသည့် ခံစားမှုတစ်ခု သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

မကြာမီ... ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ချီပင်လယ် အတွင်း၌... ပို၍ ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန်ယွမ် စွမ်းအားများ စီးဆင်းသွားသည်။

ထျန်းယွမ်ဘုံ တတိယအလွှာ၏ အရှိန်အဝါ။

"ငါ... အဆင့်ချိုးဖြတ်သွားပြီ"

ဖုန်းဝူချန်က သူ၏ မျက်နှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်ကာ ကျယ်လောင်စွာ ပြုံးရင်း ဆိုလိုက်သည်။

ထို့အပြင်... ဖုန်းဝူချန်၏ ရုပ်ခန္ဓာသည်လည်း ထျန်းယွမ်ဘုံ တတိယအလွှာသို့ အဆင့်ချိုးဖြတ်မှုနှင့်အတူ... တိုး၍ ပို၍ အစွမ်းထက်လာခဲ့သည်။

သူ၏ လက်သီးကို တင်းတင်း ဆုပ်လိုက်ရင်း... ပို၍ပင် အားကောင်းမောင်းသန် ဖြစ်လာသော စွမ်းအားကို ခံစားမိကာ... ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ထျန်းယွမ်ဘုံ တတိယအလွှာ။ တကယ် အစွမ်းထက်တဲ့ စွမ်းအားပဲ"

ဖုန်းဝူချန် ထျန်းယွမ်ဘုံ တတိယအလွှာသို့ အဆင့်ချိုးဖြတ်သွားသည်နှင့်... သူ၏ တိုက်ခိုက်ရေး အစွမ်းသည် သိသိသာသာ တိုးတက်လာတော့မည် ဖြစ်သည်။

"ငါ့ရဲ့ ကျင့်ကြံမှုက အဆင့်ချိုးဖြတ်သွားခဲ့ပေမဲ့... 'စိတ်ဝိညာဉ် ခွဲဖြာခြင်း' ပညာရပ်ကို သုံးလိုက်တာက... နောက်ပိုင်း ကျင့်ကြံမှု အဆင့်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိတယ်...။ ဒါသာ တခြားလူ ဖြစ်ခဲ့ရင်... ခြောက်လအတွင်းမှာ သူတို့ရဲ့ ကျင့်ကြံမှုက တစ်စက်လေးမှ တိုးတက်နိုင်တော့မှာ မဟုတ်ဘူး...။ ဒါပေမဲ့... ငါ့အတွက်တော့... ဒါက ဘာ ပြဿနာမှ မဟုတ်ဘူး"

ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးရင်း သုံးသပ်လိုက်သည်။

သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး... အေးစက်သော သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာကာ... ဖုန်းဝူချန် မဲ့ပြုံးလိုက်သည်။

"ပေမင်ခုံ... မင်း ငါ့မျှော်စင်ကို ယူသွားရုံနဲ့... ငါ့အစွမ်းကို ချိုးနှိမ်နိုင်ပြီ ထင်နေတာလား။ မကြာခင် မင်းကို ရှာဖို့ ကျိုကျိုးကို ငါ လာပြီ ၊ဒီစွမ်းအားသစ်က မင်းကို စိတ်ပျက်စေရဘူး၊ ဆန့်ကျင်ဘက်ပဲ... မင်းကို မျှော်လင့်ချက် ကုန်ဆုံးသွားစေလိမ့်မယ်"

ထျန်းယွမ်ဘုံ တတိယအလွှာသို့ အဆင့်ချိုးဖြတ်သွားသည်နှင့်... ဖုန်းဝူချန်သည် ပေမင်ခုံကို အနိုင်ယူနိုင်ရန်... သူ့ကို တစ်ဖန် ထပ်မံ သတ်ဖြတ်နိုင်ရန်... အကြွင်းမဲ့ ယုံကြည်မှု ရှိသွားခဲ့သည်။

သို့သော်... ဖုန်းဝူချန်သည် မကြာသေးမီက ကျိုကျိုးတွင် ဖြစ်ပျက်ခဲ့သည်များကို လုံးဝ သတိမမူမိခဲ့ပေ။

သူသည် ပေမင်ခုံ ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ တက်လှမ်းသွားခဲ့သည်ကိုလည်း မသိခဲ့။ သူ၏ ကိုယ်ပိုင် ကျင့်ကြံမှု ထျန်းယွမ်ဘုံ တတိယအလွှာဖြင့်... ဖုန်းဝူချန်သည် ပေမင်ခုံနှင့် ယှဉ်ပြိုင်နိုင်ဦးမည်လော ဆိုသည်ကို သူ မသိခဲ့ပေ။

သူ၏ လက်သီးကို တစ်ဖန် ဆုပ်လိုက်ရင်း... ဖုန်းဝူချန်က ဂုဏ်ယူစွာ ဆိုလိုက်၏။

"ကိုးထပ် ချန်ခွန်း မျှော်စင် မရှိရင်တောင်... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အမြန် တက်နိုင်သေးတာပဲ။ ကိုးထပ် ချန်ခွန်း မျှော်စင်ထဲက နှစ်ဆ ကျင့်ကြံချိန်ဆိုတာ... 'စိတ်ဝိညာဉ် ခွဲဖြာခြင်း' ပညာရပ်နဲ့ ယှဉ်လိုက်ရင် ဘာမှ ပြောပလောက်တာ မဟုတ်ဘူး"

All Chapters