← Chapters

ပေမင်ခုံနှင့် တစ်ဖန်ပြန်တွေ့ခြင်း

Vol. 21 Ch. 301

ပေမင်ခုံနှင့် တစ်ဖန်ပြန်တွေ့ခြင်း

Vol. 21 Ch. 301

~"ဝိညာဉ်ရေကန်ရဲ့ ဝိညာဉ်စွမ်းအင်တွေက နည်းနည်းလေးတောင် အားပျော့မသွားဘူးလား"

ဖုန်းဝူချန် တစ်ယောက် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ ဤကဲ့သို့ အံ့ဖွယ်အစွမ်း ရှိသည့် ကျင့်ကြံခြင်း မြင့်မြတ် နယ်မြေမျိုးသည် ဤမြေတွင် အလွန်တရာ ရှားပါးလှ၏။

ချီလင်မျိုးနွယ်စုသာ ယနေ့ထက်တိုင် ရှိနေသေးမည်ဆိုလျှင်၊ ဒီဝိညာဉ်ရေကန်ဟာ အခုထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေဦးမည် ဖြစ်သည်။

'ဒီဝိညာဉ်ရေကန် အောက်ခြေမှာ ချီလင်ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အစွမ်းထက် အခင်းအကျင်း တစ်ခု ရှိနေလောက်တယ်။ ဒါမှမဟုတ်ရင် အရင် ချီလင်မျိုးဆက်တွေရဲ့ စွမ်းအား တစ်ခုတည်းနဲ့တော့ ဒီလိုမျိုး မရပ်မနား ဝိညာဉ်စွမ်းအင်တွေ ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး'

ဖုန်းဝူချန်တစ်ယောက် တိတ်တဆိတ် တွေးခေါ်သုံးသပ်နေမိသည်။

နတ်ဆိုး နဂါး နတ်ဘုရား၏ မှတ်ဉာဏ်ထဲတွင် ဖုန်းဝူချန်သည် ချီလင်မျိုးနွယ်စုနှင့် ပတ်သက်သော သတင်းအချက်အလက် အနည်းငယ်ကိုသာ ရှာတွေ့ခဲ့ပြီး၊ ၎င်းမှာလည်း များများစားစား မဟုတ်လှချေ။

သူ သိထားသည်မှာ ချီလင်တို့သည် ရှေးဟောင်း နတ်သားရဲများထဲမှ တစ်မျိုးဖြစ်ပြီး အလွန်တရာ ကြမ်းတမ်းခက်ထန်သော စွမ်းအားများ ပိုင်ဆိုင်ကြသည်ဟူ၍သာ။ နတ်ဆိုး နဂါး နတ်ဘုရားကိုယ်တိုင်က ချီလင်မျိုးနွယ်စုနှင့် သိပ်ပြီး ပတ်သက်ဆက်နွယ်မှု မရှိခဲ့ဘဲ၊ ချီလင်မျိုးနွယ်စု၏ အပေါ်ယံ အချက်အလက်များကိုသာ သိရှိထားခဲ့ခြင်း ဖြစ်၏။

သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ၊ ရှေးဦးဝိညာဉ် (၁၂) ခုသည် လေထဲတွင်ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်သွားပြီးနောက်၊ ဖုန်းဝူချန်သည် ပြိုင်ဘက်ကင်း မြို့သို့ ချက်ချင်း ပြန်လာခဲ့သည်။ အကြောင်းမှာ သူ၏ စိတ်ဝိဉာဉ် ခွဲဖြာခြင်း ပညာရပ်ကို အသုံးပြုခဲ့ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို ဖြေရှင်းရန်အတွက် ဆေးလုံးအချို့ ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်၏။

ခြောက်လတိတိ ကျင့်ကြံခွင့်မရှိတော့မည်ဆိုသည့် အဖြစ်မှာ သူ့အတွက် သေခြင်းတရားထက်ပင် ဆိုးရွားလှသည်။

ကံကောင်းထောက်မစွာပင် ဖုန်းဝူချန်ထံတွင် ဖြေဆေးရှိနေခဲ့သည်။ သို့မဟုတ်ပါက၊ သူသည် ဤ စိတ်ဝိဉာဉ်

ခွဲဖြာခြင်းပညာရပ် ကို စွန့်စားပြီး အသုံးပြုလိမ့်မည် မဟုတ်ပေ။

'ငါပြန်ရောက်ရင် အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်လာအောင် အဆင့်မြှင့်တင်ရမယ်။ ပြီးတော့ နဂါးနတ်ဘုရားဓားရဲ့ စွမ်းအားကို မြှင့်တင်နိုင်ဖို့ လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံးတစ်ချို့ ရှာရမယ်'

ဖုန်းဝူချန်သည် ပြန်လမ်းတစ်လျှောက်လုံး တွေးတောလာခဲ့သည်။

သူ၏ စွမ်းအားကို မြှင့်တင်ခြင်းသည် ဖုန်းဝူချန်အတွက် အရေးအကြီးဆုံး ဦးစားပေး ဖြစ်သည်။

လက်နက်သန့်စင်ခြင်း ဆိုသည်မှာ အဘယ်နည်း။

လက်နက်သန့်စင်ခြင်းဆိုသည်မှာ နတ်ဘုရားလက်နက်များ၏ စွမ်းအားကို မြှင့်တင်သည့် လုပ်ငန်းစဉ် ဖြစ်လေသည်။ လက်နက်သန့်စင်ခြင်းကို ခံယူပြီးသော နတ်ဘုရား

လက်နက်များသည် ၎င်းတို့၏ မူလအဆင့်ထက် စွမ်းအားများစွာ ပိုမိုမြင့်တက်လာကြသည်။

စွမ်းအား မည်မျှ တိုးလာမည်ဆိုသည်မှာ လက်နက်သန့်စင်သူ သခင်၏ စွမ်းအားအပေါ် မူတည်သည့်အပြင်၊ နတ်ဘုရားလက်နက်၏ သန့်စင်ခြင်း အစီအစဉ် အပေါ်တွင်လည်း မူတည်လေသည်။

လက်နက်သန့်စင်ခြင်းကို အဆင့် ကိုးဆင့် အထိ ခွဲခြားထား၏။ အဆင့် တစ်ခုစီသည် နတ်ဘုရား လက်နက် တစ်လက်၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး၊ သန့်စင်ခြင်းအဆင့် မြင့်မားလေလေ၊ လက်နက်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်မှုက ပို၍ ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်သည်။

သန့်စင်ခြင်းအဆင့် မြင့်မားလေ၊ ကျင့်ကြံသူတစ်ဦးသည် သူ၏ အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်လေဟု ဆိုလိုခြင်း ဖြစ်သည်။

ဤနယ်မြေတွင်၊ အဆင့်နိမ့် သန့်စင်ထားသော ကနဦး အရည်အသွေး ဝိညာဉ်လက်နက် အများအပြားသည် အလယ်အလတ် အဆင့် သို့မဟုတ် အဆင့်မြင့် ဝိညာဉ်လက်နက်များနှင့်ပင် နှိုင်းယှဉ်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ကြရာ၊ ၎င်းမှာ လက်နက်သန့်စင်ခြင်း၏ အားသာချက်ပင် ဖြစ်တော့သည်။

လက်နက်သန့်စင်သူ သခင်များကို အဆင့် ပထမမှ နဝမ အဆင့်အထိ အနိမ့်မှ အမြင့်သို့ အဆင့်သတ်မှတ်ထားသည်။

သို့ရာတွင်၊ လက်နက်သန့်စင်သူ သခင်များမှာ အလွန်တရာ ရှားပါးလှပြီး၊ လက်နက်ဖန်တီးသူများထက်ပင် ရှားပါးသေးသည်။

ကျိုကျိုး တစ်ခုလုံးတွင်ပင် လက်နက်သန့်စင်သူ သခင် တစ်ယောက်မျှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသေးပေ။

ကျိုကျိုးတွင်သာ လက်နက်သန့်စင်သူ သခင်တစ်ဦး ပေါ်ပေါက်လာခဲ့ပါလျှင်၊ ၎င်းသည် အလွန်ကြီးမားသော လှုပ်ခတ်မှုကြီး တစ်ခုကို ဖြစ်စေမည်မှာ ပြောစရာမလိုပေ။

ဟုတ်ပါသည်။ လက်နက်သန့်စင်သူ သခင်များအပြင်၊ အင်းကွက်ရေးဆွဲသူ သခင်များလည်း ရှိသေးသည်။

အင်းကွက်ရေးဆွဲသူ သခင်များသည် မှော်ရတနာအမျိုးမျိုးပေါ်တွင် အင်းကွက်အမျိုးမျိုးကို ရေးထွင်းနိုင်သည်။ လူကြိုက်အများဆုံးမှာ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် တိုက်ခိုက်ရေး အင်းကွက်များ ဖြစ်ကြသည်။

၎င်းအပြင်၊ ကာကွယ်ရေး၊ အမြန်နှုန်း၊ ပေါ့ပါးသွက်လက်မှု၊ အာရုံခံနိုင်စွမ်း စသည်ဖြင့် အဆုံးအစမရှိသော အင်းကွက် အမျိုးအစားများစွာလည်း ရှိသေး၏။

အင်းကွက်ရေးဆွဲသူ သခင်များနှင့် လက်နက်သန့်စင်သူ သခင်များ၏ ဂုဏ်ဒြပ်သည် ဆေးပညာရှင်များနှင့် လက်နက်ဖန်တီးသူများထက် မနိမ့်ကျဘဲ၊ ဤပြည်မကြီးတွင် အလွန်တရာ လေးစားရသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားကြသည်။

အကယ်၍ ဖုန်းဝူချန်သာ လက်နက်သန့်စင်ခြင်းပညာကို နားလည်ပါက၊ သူသည် စတုတ္ထအလွှာသို့ မတက်လှမ်းနိုင်သေးလျှင်ပင်၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားက ဆက်လက် တိုးတက်နိုင်သေးသည်ဟု ဆိုလိုခြင်းပင်။

လက်နက်သန့်စင်ခြင်းသည်လည်း ကုန်ကြမ်းပစ္စည်းများစွာ လိုအပ်ပြီး၊ အရေးအကြီးဆုံးမှာ လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကာ၊ ၎င်းတို့သည်လည်း မယုံနိုင်လောက်အောင် ရှားပါးလှသည်။ လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံး၏ သက်တမ်းရင့်လေ၊ သန့်စင်မှု အောင်မြင်နိုင်ခြေ မြင့်မားလေဖြစ်ပြီး၊ သဘာဝကျကျပင် စွမ်းအားမြှင့်တင်ပေးနိုင်မှုက ပို၍ အစွမ်းထက်လေ ဖြစ်သည်။

ယန်ဟော် အင်ပါယာတွင် လက်နက်သန့်စင် ဝိညာဉ် ကျောက်တုံးများ ရှိသော်လည်း၊ ၎င်းတို့အများစုမှာ သက်တမ်းနုကြပြီး၊ ပထမအဆင့် သန့်စင်ခြင်း အတွက်သာ အများဆုံး အသုံးပြုနိုင်ကြသည်။

သို့သော် ဖုန်းဝူချန်ထံတွင် သက်တမ်းမနုလှသော လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံး တစ်တုံး ရှိနေသည်။ ၎င်းကို သူ နတ်ဘုရားတောင်ကြား၌ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ရရှိခဲ့စဉ်က ရတနာများစွာထဲမှ ရရှိခဲ့ခြင်း ဖြစ်လေသည်။

သူထံ၌ လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံး တစ်တုံး ပိုင်ဆိုင်ထားသောကြောင့်သာ ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရားဓား၏ စွမ်းအားကို မြှင့်တင်ရန် အစီအစဉ်ဆွဲခဲ့ခြင်း ဖြစ်၏။

လက်နက်သန့်စင်ပြီး၍ အရည်အသွေး တိုးမြင့်လာပြီးနောက်၊ နဂါးနတ်ဘုရားဓား၏ စွမ်းအားသည် အမှန်တကယ်ပင် ဖိစီးနိုင်လာပေလိမ့်မည်။

'အဲ့ဒီအချိန်ကျရင် နဂါးနတ်ဘုရားဓားက တစ်ပိုင်း အင်မော်တယ် လက်နက် အဆင့် စွမ်းအားတွေ ပိုင်ဆိုင်သွားမလား မသိဘူး'

ဖုန်းဝူချန်သည် တွေးလေလေ စိတ်လှုပ်ရှားလာလေဖြစ်ပြီး၊ သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ပေါ်လာ၏။

နာရီဝက်ပင် မကြာလိုက်ဘဲ၊ ဖုန်းဝူချန်သည် ပြိုင်ဘက်ကင်းရှိ ဖုန်းမိသားစုထံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"တတိယ သခင်လေး ပြန်ရောက်လာပြီ"

ဖုန်းဝူချန် ဆင်းသက်လာသည်ကို မြင်သောအခါ၊ ဖုန်းမိသားစု အစောင့်များသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာကြသည်။

'ဒီအရှိန်အဝါက'

သူ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ဖုန်းဝူချန်၏ မျက်ခုံးများ ရုတ်တရက် အလိုမကျစွာ တွန့်ချိုးသွားသည်။ ထူးဆန်းပြီး၊ ရင်းနှီးသလိုလို ၊ မရင်းနှီးသလိုလို ဖြစ်နေသော အရှိန်အဝါ တစ်ခုကို သူ အာရုံခံလိုက်မိ၏။

ဖုန်းဝူချန်၏ တည်ငြိမ်သွားသော မျက်နှာအမူအရာကို မြင်သောအခါ၊ အစောင့်များသည်လည်း ထိုကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသွားကြပြီး၊ သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

"တတိယ သခင်လေး ..ရန်.. ရန်သူလားဟင်"

အစောင့်တစ်ဦးက အကြောက်တရား လွှမ်းသောလေသံဖြင့် မေးလိုက်ရာ၊ သူ၏ အသံများပင် တုန်ယင်နေသည်။

"အင်း၊ အားလုံး သတိထားကြပါ"

ဖုန်းဝူချန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

ဖုန်းကျိန့်ရှုံးနှင့် အခြား ဖုန်းမိသားစုမှ အကြီးအကဲများလည်း ဤအခြေအနေကို သတိပြုမိသွားကြပြီး၊ လျှပ်တပြက်အတွင်း ပေါ်ထွက်လာကြသည်။ သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ၊ ခန္ဓာကိုယ်များပင် တုန်ယင်နေကြ၏။

သူတို့ ရင်ဆိုင်နေရသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦး ဖြစ်သည်။

ဤအရှိန်အဝါသည် ဖုန်းဝူချန်ကို အတိအကျ ပစ်မှတ်ထားနေပုံရ၏။ ဤအရှိန်အဝါသည် ဖုန်းဝူချန် ပေါ်လာပြီးမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

"ထျန်းယွမ်ဘုံ ဆဌမအလွှာ"

ဖုန်းကျိန့်ရှုံး၏ မျက်မှောင်များ တင်းကြပ်စွာ ကျုံ့သွားပြီး၊ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထျန်းယွမ်ဘုံ ဆဌမအလွှာတဲ့။ ဒါ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးလဲ။

ဖုန်းမိသားစုဝင်များအားလုံး ကြောက်လန့်တကြားဖြင့် ကမ္ဘာပျက်သွားကြသည်။

'ဒီအရှိန်အဝါက ပေမင်ခုံနဲ့ နည်းနည်းဆင်တယ်။ ဒါပေမဲ့ မကောင်းဆိုးဝါး အရှိန်အဝါတွေ ပိုရောနေသလိုပဲ ၊မုရုန်ထျန်းနဲ့လည်း နည်းနည်းဆင်တယ် ၊ဒါပေမဲ့ မုရုန်ထျန်းရဲ့ အရှိန်အဝါတော့ မဟုတ်ဘူး'

ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားပြီး၊ ဤသူမှာ ပေမင်ခုံ ဟုတ်မဟုတ် သူ မသေချာသေးချေ။

"ဟား..ငါကိုယ်တိုင်ပါပဲကွာ"

ပေမင်ခုံ၏ ခပ်တိုးတိုး ရယ်သံတစ်ခု ထွက်ပေါ်လာပြီး၊ ထို့နောက် သူ၏ ပုံရိပ်သည် ဖုန်းမိသားစု၏ အိမ်တော် ကောင်းကင်ယံထက်တွင် ပေါ်ထွက်လာသည်။

"ပေမင်ခုံ"

ဖုန်းဝူချန်နှင့် အခြားသူများအားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။

အမှန်ပင် ပေမင်ခုံ ဖြစ်နေသည်။

ပေမင်ခုံက ထျန်းယွမ်ဘုံ ဆဌမအလွှာကို တကယ်ကြီး တက်လှမ်းသွားခဲ့လေပြီ။

"တကယ် တကယ် သူပဲ။ သူ သူ ဆဌမအလွှာကို ရောက်သွားပြီ"

ဖုန်းချန်ယန် တစ်ယောက် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားပြီး၊ ပေမင်ခုံက ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ တက်လှမ်းသွားသည်ကို သူ လုံးဝ မယုံနိုင်အောင် ဖြစ်နေသည်။

"ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ ကျင့်ကြံနှုန်းက အရမ်း လွန်လွန်းနေပြီ မဟုတ်လား"

လျိုချင်းယန်၏ မျက်လုံးများပင် ပြူးကျယ်သွား၏။

"လဝက်တောင် မကြာသေးဘူး၊ အဆင့် ထပ်တက်သွားပြန်ပြီ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး"

ဖုန်းကျိန့်ရှုံး၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့သွားသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ် ကျင့်ကြံနှုန်းမျိုးကို မည်သူမျှ စိတ်ကူးထဲပင် ထည့်တွေးနိုင်လိမ့်မည် မဟုတ်ပေ။

ဖုန်းဝူချန်၏ ကျင့်ကြံနှုန်းသည်ပင် သူတို့အတွက် စိတ်ကူးမယဉ်နိုင်လောက်စရာ ဖြစ်နေခဲ့သည်။ ယခု ပေမင်ခုံက ဖုန်းဝူချန်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပါတော့သည်။

ဖုန်းဝူချန် ကိုယ်တိုင်ပင် ပေမင်ခုံ၏ ကျင့်ကြံအဆင့်သည် အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ တိုးတက်လာသည်ကို နားမလည်နိုင်ဘဲ၊ ၎င်းမှာ ဖုန်းဝူချန်၏ ယုံကြည်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။

'ပေမင်ခုံက ဒီလောက် ကြောက်စရာ ကောင်းတဲ့ ပါရမီမျိုး ပိုင်ဆိုင်ထားတယ် ဆိုတာတော့ ငါ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။ သူ..တစ်ခုခုတော့ လျှို့ဝှက်နည်းလမ်း တစ်ခုခု သုံးထားတာ သေချာတယ်'

ဖုန်းဝူချန်က တွေးလိုက်သည်။

'ဘယ်လို လျှို့ဝှက်နည်းလမ်းမို့လို့ ဒီလောက် ကြောက်စရာ

ကောင်းနေရတာလဲ။ ငါ့ရဲ့ စိတ်ဝိဉာဉ်

ခွဲဖြာခြင်းပညာရပ် ထက်တောင် ပိုသာနေသေးတယ်'

ဖုန်းဝူချန်က ပေမင်ခုံကို သတ်လိုက်စဉ်က၊ သူသည် ထျန်းယွမ်ဘုံ တတိယအလွှာတွင်သာ ရှိသေးသည်။ သို့သော် မကြာမီပင်၊ ထူးဆန်းစွာ ပြန်လည်ရှင်သန်လာသော ပေမင်ခုံသည် ရုတ်တရက် ပဉ္စမအလွှာ ဖြစ်လာခဲ့ပြီး၊ ယခု လဝက်ပင် မပြည့်သေးသော အချိန်တွင် သူ နောက်တစ်ကြိမ် ထပ်တက်သွားပြန်သည်။

ပေမင်ခုံသည် ဖုန်းမိသားစုဝင်များ၏ မျက်နှာထက်မှ ထိတ်လန့်တုန်လှုပ်မှုနှင့် နားမလည်နိုင်မှုများကို အလွန် နှစ်ခြိုက်နေသည်။ အထူးသဖြင့် ဖုန်းဝူချန်၏ အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရခြင်းက ပေမင်ခုံကို ပို၍ စိတ်လှုပ်ရှားစေပြီး၊ အောင်မြင်မှု ရရှိသွားသကဲ့သို့ ခံစားရစေပုံရ၏။

လွန်ခဲ့သော မကြာမီကပင်၊ ပေမင်ခုံသည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူသွားခဲ့ပြီး၊ ယခု သူ ဖုန်းမိသားစုထံ ထပ်မံ ရောက်ရှိလာပြန်သည်။

'ပေမင်ခုံ ဘာလုပ်ချင်နေတာလဲ'

"ဖုန်းဝူချန် ငါ့ကိုတွေ့လိုက်ရတာ မင်းကို တော်တော် တုန်လှုပ်သွားစေပုံပဲ။ ပြီးတော့ မင်း ငါ့ကို တော်တော် ကြောက်နေပုံလည်း ရတယ်"

ပေမင်ခုံက မောက်မာစွာ ရယ်မောရင်း ပြောလိုက်သည်။ သူသည် အရာအားလုံးကို အထက်စီးမှ ကြည့်ရှုနေသည့် ဧကရာဇ်တစ်ပါးကဲ့သို့ပင်။

"ဘာလဲ ကိုးထပ် ချန်ခွန်း မျှော်စင် မရှိတော့တာနဲ့ပဲ မင်းက ဒီလောက် အသုံးမကျ ဖြစ်သွားတာလား"

ပေမင်ခုံက လှောင်ပြောင်လိုက်ပြီး၊ ဖုန်းဝူချန်ကို သူ၏ မျက်စိထဲတွင် လုံးဝ ထည့်ထားပုံမရချေ။

'ဒီကောင် တော်တော် မာန်တက်နေပါလား'

ဤစကားကို ကြားသောအခါ၊ ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။

"ငါက မင်းကို လာမရှာရသေးဘူး၊ မင်းက ငါ့ဆီ အရောက်ပို့ပေးတာပဲ"

ပေမင်ခုံက မထီမဲ့မြင် ပြန်ရယ်လိုက်သည်။

"ဒဏ်ရာတွေ ပျောက်သွားတာနဲ့ပဲ မင်းက ငါ့ကို နိုင်ပြီလို့ ထင်နေတာလား ၊ဟမ်"

သူ၏ အမူအရာမှာ အဆုံးစွန်ထိ မောက်မာလွန်းလှ၏။

"ယုတ်ညံ့တဲ့ နည်းလမ်းတွေနဲ့ ရလာတဲ့ ကျင့်ကြံအဆင့်တ စ်ခုနဲ့များ မင်းက ဒီလောက်တောင် ရဲတင်းပြီး ကြွားလုံးထုတ်နေရဲသေးတာလား"

ဖုန်းဝူချန်က လှောင်ပြောင်သရော်ရင်း ပြန်တုံ့ပြန်လိုက်သည်။ ပေမင်ခုံ ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ တက်လှမ်းသွားသော်လည်း သူ လုံးဝ ထိတ်လန့်ခြင်းမရှိပေ။

ထျန်းယွမ်ဘုံ တတိယအလွှာသို့ တက်လှမ်းသွားခဲ့ပြီဖြစ်သော ဖုန်းဝူချန်သည် ပဉ္စမအလွှာကို အပြည့်အဝ လွှမ်းမိုးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ အဆင့်တက်တိုင်းတွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် တိုးမြင့်လာပြီး၊ သူ၏ ခန္ဓာကိုယ်မှာလည်း ပို၍ပင် ကြံ့ခိုင်လာသည်။ ပေမင်ခုံက ဆဌမအလွှာ ဖြစ်နေလျှင်ပင်၊ သူ ရှုံးနိမ့်ဖွယ် မရှိချေ။

ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှု မရှိလျှင်တောင်မှ၊ ဖုန်းဝူချန် ယုံကြည်သည်မှာ သူ၏ ကျင့်ကြံအဆင့် တိုးတက်လာပြီးနောက်၊ ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ၏ စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည် ဟူ၍။

ထို့ကြောင့်၊ ဖုန်းဝူချန်သည် ပေမင်ခုံ၏ ကျင့်ကြံနှုန်း လျင်မြန်မှုအပေါ် အံ့အားသင့်မိရုံသာ ဖြစ်ပြီး၊ ကြောက်ရွံ့ခြင်းအကြောင်း ပြောစရာ အကြောင်းမရှိပေ။

"လမ်းမတော်တဲ့ နည်းလမ်းသုံးတော့ ဘာဖြစ်လဲ။ ငါက ရလဒ်ကိုပဲ ကြည့်တယ် လုပ်ငန်းစဉ်ကို ကြည့်တာမဟုတ်ဘူး။ ဒီပြည်မကြီးမှာ အင်အားကသာ အဓိကပဲကွ"

ပေမင်ခုံက အေးစက်စွာ ပြောသည်။

အမှန်ပင်၊ ပေမင်ခုံသည် ရလဒ်ကိုသာ ဂရုစိုက်သူဖြစ်သည်။ နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းတို့အား သူ ရက်စက်စွာ သတ်ဖြတ်ခဲ့ပုံကို ကြည့်ခြင်းအားဖြင့် ပေမင်ခုံသည် အခြားအရာများကို ဘာတစ်ခုမှ ဂရုမစိုက်ကြောင်း ပြသနေသည်။

ပေမင်ခုံ၏ တစ်ခုတည်းသော ဆန္ဒမှာ အင်အားကို ရရှိရန် ဖြစ်သည်။

"ဖုန်းဝူချန်၊ မင်း အရိုက်မခံချင်ရင် ငါနဲ့ လိမ်လိမ်မာမာ လိုက်ခဲ့"

ပေမင်ခုံက အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏ ရေခဲတမျှ အေးစက်သော အသံထဲတွင် ချောက်ချားဖွယ် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

"အရိုက်ခံရမယ် ဟုတ်လား။ မင်းမှာ အဲ့ဒီ အရည်အချင်း ရှိလို့လား"

ဖုန်းဝူချန်က ခက်ထန်စွာ ပြန်ပြောလိုက်သည်။

“မင်းကတော့ 'ကောင်းကောင်းမွန်မွန် ကမ်းလှမ်းတဲ့ အရက်ခွက်ကို မသောက်ဘဲ၊ အပြစ်ပေးတဲ့ အရက်ခွက်ကိုမှ သောက်ချင်သလား”

ပေမင်ခုံက ဂရုမစိုက်စွာ ပြောလိုက်ရင်း၊ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားကာ၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်စွမ်းအင်များကို အရူးအမူး စတင်ထုတ်လွှတ်လိုက်သည်။

"ဝုန်း..ဝုန်း"

အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါး စွမ်းအား တစ်ခုသည် ပေမင်ခုံ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်စွာ ထိုးထွက်လာသည်နှင့်အမျှ၊ ၎င်းသည် လေဟာနယ်ကိုပင် တုန်ခါသွားစေပြီး၊ ပြိုင်ဘက်ကင်းရှိ လူတိုင်းကို ထိတ်လန့်တကြား ဖြစ်စေသည်။

ဖုန်းဝူချန်သည်လည်း သူ၏ အစစ်အမှန်ယွမ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး၊ လေထဲသို့ ဖြည်းညှင်းစွာ တက်သွား၏။

ဖုန်းဝူချန်၏ အရှိန်အဝါကို ခံစားမိသောအခါ၊ ဖုန်းကျိန့်ရှုံးနှင့် သူ၏ လူများ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။

"ထျန်းယွမ်ဘုံ တတိယအလွှာ"

"ချန်အာ အဆင့်တက်သွားပြီ"

"မယုံနိုင်စရာပဲ သခင်လေးလည်း အဆင့်တက်သွားတယ်"

ဖုန်းမိသားစုမှ လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်ကပါ နောက်တစ်ကြိမ် ထပ်တက်သွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။

လျိုချင်းယန်က အံ့အားသင့်လျက် ပြောလိုက်၏။

"ကိုးရက်။ ကိုးရက်တည်းနဲ့ အစ်ကိုကြီးဖုန်း အဆင့်တက်သွားပြန်ပြီ"

"အိုး ထျန်းယွမ်ဘုံ တတိယ အလွှာလား"

ပေမင်ခုံ အနည်းငယ် အံ့အားသင့်သွားပြီး ချီးကျူးလိုက်သည်။

"မင်းလည်း အဆင့်တက်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ယန်ဟော် အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်သားပဲ။ မင်း ဒီလောက် ယုံကြည်မှု ရှိနေတာ မဆန်းတော့ဘူး"

သူ၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်သော အပြုံး တစ်ခု ပေါ်ပေါက်လာ၏။

"ဒါပေမဲ့ ကိုးထပ် ချန်ခွန်း မျှော်စင် မရှိဘဲနဲ့ မင်းက တတိယအလွှာကို တက်သွားရုံနဲ့ ငါ့ကို နိုင်မယ်လို့ တကယ် ထင်နေတာလား"

ဖုန်းဝူချန်က ပြန်မဖြေချေ။ သူ၏ ခန္ဓာကိုယ်သည် မြင့်မားသော ကောင်းကင်ယံသို့ တက်သွားခဲ့ပြီး၊ ယခုအခါ သူသည် ပေမင်ခုံနှင့် တစ်တန်းတည်း အဆင့်တွင် ရပ်တန့်လိုက်ကာ၊ သူ၏ အပြင်းထန်ဆုံးသော ရပ်တည်မှုကို ပြသလိုက်သည်။

ချီလင် ချပ်ဝတ်၊ သွေးမျိုးဆက် စွမ်းအား၊ အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့် စွမ်းအား အားလုံးကို အလုံးစုံ ထုတ်ဖော်ပြသလိုက်သည်။

ထိုကြောက်မက်ဖွယ် ကြီးစိုးမှု အရှိန်အဝါသည် ထျန်းယွမ်ဘုံ ပဉ္စမအလွှာထက်ပင် ပို၍ အားကောင်းနေပေ၏။

"တကယ်ကို ကြီးမားပြီး လွှမ်းမိုးနိုင်တဲ့ စွမ်းအားပဲ။ မင်းရဲ့ အစွမ်းက လိန်ချင်းဖုန်းကိုတောင် ကျော်သွားပြီ။ ဒါက တကယ် ဂုဏ်ယူစရာပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ဒါက လုံလောက်တာထက် အများကြီး လိုနေသေးတယ်၊ ဟားဟား"

ပေမင်ခုံက အေးစက်စွာ ရယ်မောရင်း သုံးသပ်လိုက်သည်။

"ဝှစ်"

ပေမင်ခုံတစ်ယောက် မထီမဲ့မြင်ဖြင့် အေးစက်စွာ ရယ်မောနေစဉ်မှာပင်၊ ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ယ

ထို့နောက် နောက်တစ်ခဏတွင် ပြန်လည်ပေါ်ထွက်လာရာ၊ ပေမင်ခုံ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။ သို့သော် နောက်ကျသွားချေပြီ။

ဖုန်းဝူချန်သည် ပေမင်ခုံ၏ ရင်ဘတ်ကို လက်သီးတစ်ချက် အရှိန်ပြင်းပြင်း ထိုးချလိုက်ရာ၊ ထိုကြီးစိုးလွှမ်းမိုးသော စွမ်းအားကြီးကြောင့် မောက်မာနေသော ပေမင်ခုံတစ်ယောက် လွင့်စင်ထွက်သွားတော့သည်။

'ဒါ ..အရင်တစ်ခေါက်က ဖုန်းဝူချန် သုံးသွားတဲ့ အဲ့ဒီ လှုပ်ရှားမှု ပညာရပ်ပဲ'

ပေမင်ခုံ၏ နှလုံးသားထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

"ထျန်းယွမ်ဘုံ ဆဌမအလွှာက ဒီလောက်ပဲလား"

သူ၏ တုန်လှုပ်မှုကြားထဲမှာပင်၊ ဖုန်းဝူချန်၏ အေးစက်သော အသံသည် သူ၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဖုန်းဝူချန်သည် ပေမင်ခုံ၏ ဘယ်ဘက်သို့၊ သူနှင့် ပခုံးချင်းယှဉ်လျက် အနေအထားသို့၊ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပြန်၏။

All Chapters