သင်ခန်းစာ
Vol. 21 Ch. 304
~ပြင်းထန်သည့် ဖိအားကြီးက ရှောင်မုကို လွှမ်းမိုးသွားပြီး၊ သူ အကြီးအကျယ် ထိတ်လန့်သွားကာ နောက်ဆုံးတွင် အားနည်းစွာ ပြိုလဲလျက် ဒူးထောက်လိုက်ရသည်။
ရှောင်မိသားစုမှ မျိုးဆက်သစ်များသည်လည်း ကြောက်လန့်တကြား ဒူးထောက်လိုက်ကြရပြီး၊ သူတို့၏ မျက်နှာများမှာ ဖြူဖျော့ကာ အားအင်များ ကင်းမဲ့နေကြသည်။
သူ့ရဲ့ အရှိန်အဝါတစ်ခုတည်းနဲ့ ထျန်းယွမ်ဘုံ ပထမအလွှာမှာ ရှိတဲ့ တစ်ယောက်ကို ဖိနှိပ်နိုင်တယ်တဲ့။ ဒါ ဒါ ဖုန်းဝူချန်ရဲ့ အစွမ်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလဲ ဆိုတာကို ပြသနေတာပဲ။
ရှောင်မုတစ်ယောက် ကြောက်လန့်နေသလို ဒေါသလည်း ထွက်နေသည်။ 'ဒီကောင် ဖုန်းဝူချန်။ ငါ့ကို လူအများရှေ့မှာ ဒူးထောက်ခိုင်းတယ်။ ဒါ ဒါ ငါ့ဂုဏ်သိက္ခာကို နင်းခြေပြီး အရှက်ခွဲတာပဲ'
သို့သော် ရှောင်မုတွင် ခုခံနိုင်စွမ်း လုံးဝမရှိပေ။ သူ ဘယ်လောက် ဒေါသထွက်နေပါစေ၊ သူ မပေါက်ကွဲရဲသလို၊ ရှောင်မိသားစုမှ မျိုးဆက်သစ်များလည်း အသံတစ်ချက် မထွက်ရဲကြပေ။
လမ်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး၊ လူများ ပို၍ ပို၍ ဝိုင်းကြည့်လာကြသည်။ လူတိုင်း ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ဖိအားကြောင့် ကြောက်လန့်၍ အသိစိတ် လွတ်သွားမတတ်ပင်။
"ဖြောင်း"
လျိုချင်းယန်က ရှေ့သို့ လှမ်းတက်လာပြီး ရှောင်မု၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကျယ်လောင် စူးရှသော အသံကြီး ပဲ့တင်ထပ်သွားပြီး၊ ထိုရိုက်ချက်၏ အရှိန်ကြောင့် ရှောင်မု၏ ပါးပြင်ပေါ်တွင် အနီရဲရဲ လက်ဝါးရာကြီးတစ်ခု ချက်ချင်း ထင်ကျန်သွားတော့သည်။
"မင်းတို့ မင်းတို့ ခုနက တော်တော် မောက်မာနေကြတယ် မဟုတ်လား ဟမ်။ တော်တော် ကြီးစိုးလွှမ်းမိုးနေတယ် ဟုတ်လား။ အခု အခု ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ။ ပစ္စည်းတွေ လုပြီး လူတွေကို ရိုက်သွားတဲ့ မင်းတို့ရဲ့ အရှိန်အဝါတွေ ဘယ်ရောက်သွားလဲ"
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ နောက်တစ်ချက် ထပ်ရိုက်ချလိုက်သည်။
"ဖြောင်း"
ရိုက်ချက်နှင့်အတူ၊ လျိုချင်းယန်က ဒေါသတကြီး ဆက်အော်သည်။
"ရှောင်မိသားစုရဲ့ မျိုးဆက်သစ်က သိပ်ကို ထူးချွန်နေတာလား။ မင်းတို့က ကြိုက်သလို လူတွေကို အနိုင်ကျင့်လို့ ရနေတာလား။ ရှောင်မိသားစုက မင်းတို့ကို ဒီလို သင်ပေးထားတာလား ဟမ် ဒီခွေးမသားတွေ။ ခွေးတွေတောင် မင်းတို့ထက် ပို နာခံတတ်သေးတယ်။ ဒီနေ့ ငါ ရှောင်မိသားစုကိုယ်စား မင်းတို့ကို သေချာ ဆုံးမပေးမယ်။ မင်းတို့လို ခွေးတွေကို လေးစားမှုဆိုတာ ဘာလဲ ကိုယ့်နေရာကိုယ် သိအောင် သင်ပေးရမယ်"
လျိုချင်းယန်က တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ရိုက်နှက်နေသဖြင့်၊ ရှောင်မု၏ မျက်နှာတစ်ခုလုံး ဖူးယောင်လာပြီး၊ ပါးစပ်ထောင့်များမှ သွေးများ ယိုစီးကျလာသည်။
"ဖြောင်း ဖြောင်း ဖြောင်း"
လျိုချင်းယန်က ယောက်ျား မိန်းမ မခွဲခြားဘဲ၊ မည်သည့် သနားညှာတာမှုမှမရှိဘဲ ဆက်လက် ရိုက်နှက်နေသည်။ ထိုရိုက်သံများက တိတ်ဆိတ်နေသော လမ်းမကြီးတစ်လျှောက် သိပ်သည်းနေပြီး ထိုအသံမှလွဲ၍ အခြား ဘာသံမျှ မကြားရတော့ပေ။
လမ်းမပေါ်မှ ဝိုင်းကြည့်နေသူများမှာ ဝင်ရောက် စွက်ဖက်ခြင်း မပြုရဲကြ။ ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကို မသိသော ဝင်ရောက် တားဆီးရန် ပြင်နေသည့် ကျင့်ကြံသူအချို့ကိုလည်း အခြား ကျင့်ကြံသူများက အလျင်အမြန် တားဆီးလိုက်ကြသည်။
သူ..က ဖုန်း ဝူ ချန်။
ဤစကားလုံး (၅) လုံးသည် ဝင်ရောက် စွက်ဖက်လိုသော မည်သည့် ကျင့်ကြံသူကိုမဆို ပထမဆုံး ခြေလှမ်းမှာပင် ရပ်တန့်သွားစေနိုင်သည်။
ဖုန်းဝူချန်၏ ဂုဏ်သတင်းမှာ ကျိုကျိုးတစ်ခွင်လုံးတွင် သိပ်သည်းနေသည်။ ဘယ်သူက ဒီလို ကြောက်စရာ သတ်ဖြတ်ခြင်း နတ်ဘုရားကို သွားပြီး ရန်စရဲမှာလဲ။ သေချင်နေကြတာလား။
"ဖုန်းဝူချန် .. ဘာလုပ်ချင်နေတာလဲ"
ရှောင်မုက သူ၏ ကြောက်ရွံ့စိတ်ကို ကြိုးစား မျိုသိပ်ထားရင်း၊ သူ၏ ဖူးယောင်နေသော မျက်နှာမှာ မယုံနိုင်လောက်အောင် အကျည်းတန်နေလျက်၊ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ဒေါသမှာ အဆုံးစွန်ထိ ရောက်နေပြီ ဖြစ်သည်။ သူသာ ဆက်ပြီး သည်းခံနေရလျှင် ပေါက်ကွဲထွက်သွားနိုင်၏။
ဖုန်းဝူချန်ကတော့ စကားတစ်ခွန်းမှ မပြောပေ။ လျိုချင်းယန်ကို အစအဆုံး ဦးဆောင်ခွင့် ပေးထားသည်။ လျိုချင်းယန်က သူ ရိုက်ချင်သလောက် ဆက်ရိုက်နေနိုင်ပြီး၊ ရှောင်မုကို သတ်ပစ်လိုက်လျှင်တောင် ဖုန်းဝူချန် ဝင်တားမည် မဟုတ်သလို၊ ရှောင်မိသားစုကို ပြစ်မှားမိမည်ကိုလည်း မကြောက်ပေ။
"ဖြောင်း"
နောက်ထပ် ရိုက်ချက်တစ်ခုက ရှောင်မု၏ ဖူးယောင်နေသော မျက်နှာပေါ်သို့ ကျရောက်လာပြန်ပြီး၊ ဤတစ်ကြိမ်တွင်မူ သူ့ထံမှ သွေးတစ်လုတ် အန်ထွက်လာသည်။
"ဖြေစမ်း။ မင်းရဲ့ အဆင့်အတန်းနဲ့ လူတွေကို အနိုင်ကျင့်ဦးမှာလား"
လျိုချင်းယန်က အလွန် ခြိမ်းခြောက်နိုင်သော အသွင်အပြင်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း"
ရှောင်မုတစ်ယောက် ဒေါသများ ဆူပွက်လာပြီး၊ လျိုချင်းယန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
'ဒီ ဒီကောင်။ ငါ့ကို။'
ရှောင်မု ဒေါသထွက်လွန်းသဖြင့် ရူးမတတ်ပင် ဖြစ်သွားသည်။ ရှောင်မိသားစု၏ ပါရမီရှင် မျိုးဆက်သစ်တစ်ဦးအနေဖြင့် သူ ဘယ်တုန်းက ဒီလို အရှက်ခွဲခံခဲ့ရဖူးလို့လဲ။
ဘယ်တုန်းက ဒီလို မကျေနပ်စရာမျိုး ကြုံခဲ့ရဖူးလို့လဲ။
ဘယ်တုန်းက သူ့ကို တစ်စုံတစ်ယောက်က အနိုင်ယူပြီး သူ လက်တုံ့မပြန်ဘဲ နေခဲ့ရဖူးလို့လဲ။
သို့သော် အတွင်းစိတ်ထဲတွင်တော့ ရှောင်မုက သူ့ကိုယ်သူ အဆက်မပြတ် သတိပေးနေမိသည်။
'သည်းခံ သည်းခံရမယ်။ ငါ သည်းခံရမယ်။ ဒါမှမဟုတ်ရင် ငါ့အသက် ဆုံးသွားလိမ့်မယ်'
"ဖြောင်း"
ရှောင်မု၏ အကြည့်က လျိုချင်းယန်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိဘဲ၊ နောက်ထပ် ရိုက်ချက် တစ်ခုကိုသာ ဖိတ်ခေါ်လိုက်သလို ဖြစ်သွားသည်။
"အစ်ကိုလျို ကောင်းတယ်။ ပြင်းပြင်းရိုက် ..သူ့ကို ပြင်းပြင်းရိုက်ပါ"
မြောင်ချင်းချင်းက အလွန် ကျေနပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကတော့ ဘေးမှနေ၍ မည်သို့မျှ ဝင်မစွက်ဖက်ဘဲ၊ ခံစားချက်ကင်းမဲ့စွာ ကြည့်နေကြသည်။
"မင်း ငါ့ကို မဖြေဘူးဆိုရင် မင်း ဖြေတဲ့အထိ ငါ မင်းကို ဆက်ရိုက်နေမှာ"
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ သူ၏ လက်ဝါးကို မြှောက်ထားသည်။ ရှောင်မု မဖြေသည်နှင့် ချက်ချင်း ရိုက်ချရန် အသင့်ပင်။
ရှောင်မု၏ ဖူးယောင်နေသော မျက်နှာသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး၊ သူ၏ ဒေါသကို ကြိုးစား မျိုသိပ်ရင်း မလိုမပါ့တပါ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ..ကျွန်တော့် အဆင့်အတန်းနဲ့ လူတွေကို အနိုင်မကျင့်တော့ပါဘူး"
"ဖြောင်း"
လျိုချင်းယန်က နောက်တစ်ချက် ရိုက်ချလိုက်ပြန်ရာ၊ ရှောင်မုတစ်ယောက် မှင်တက်သွားသည်။ 'ငါ ငါ ဖြေပြီးတာတောင် ဘာလို့ အရိုက်ခံနေရသေးတာလဲ'
လျိုချင်းယန်က အော်ဟစ်လိုက်သည်။ "ကျယ်ကျယ်ဖြေစမ်း။ မင်း မင်းရဲ့ အဆင့်အတန်းနဲ့ လူတွေကို အနိုင်ကျင့်တုန်းက ကျယ်လောင်တဲ့ အသံ ဘယ်ရောက်သွားလဲ။ မင်း နောက်ထပ် လုပ်ရဲသေးလား"
"မ မလုပ်ရဲတော့ပါဘူး"
ရှောင်မုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဖြောင်း"
လျိုချင်းယန်ထံမှ နောက်ထပ် ရိုက်ချက်တစ်ခု ကျရောက်လာပြန်သည်။
"ဒီ လိပ်မသားလေး။ မင်းက ဘာလို့ အော်တာလဲ။ မင်း ငါ့ကို လန့်သွားအောင် လုပ်တာလား။ မင်းက ငါ့ကို လန့်ပြီး သေအောင် လုပ်ချင်နေတာလား။ ငါ မင်းကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်"
'ဘာ။ မဖြေရင်လည်း အရိုက်ခံရတယ်။ အသံတိုးတိုးနဲ့ ဖြေတော့လည်း အရိုက်ခံရတယ်။ အကျယ်ကြီး ဖြေတော့လည်း အရိုက်ခံရပြန်ရော။ ဒါ ဒါ ငါ ဘယ်လိုလုပ်ရမှာလဲ'
ရှောင်မုတစ်ယောက် သူ၏ ဆင်ခြင်တုံတရား လုံးဝ ပျောက်ဆုံးသွားပြီး၊ ဒေါသများ တောက်လောင်လျက်၊ သူ၏ မျက်လုံးများ သွေးများဖြင့် နီရဲနေကာ၊ သူ၏ သတ်ဖြတ်လိုစိတ်များ ကြောက်မက်ဖွယ်ရာ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
"ဖြောင်း"
လျိုချင်းယန်ထံမှ နောက်ထပ် ရိုက်ချက်တစ်ခု ကျရောက်လာသည်။ ဒေါသထွက်နေသော ရှောင်မုသည် လျိုချင်းယန်အား လှည့်ကြည့်ရန် သူ၏ ခေါင်းကို တစ်လက်မချင်း စတင် လှည့်လာသည်။ သူ လျိုချင်းယန်ကို အစရှာမရအောင် ဆုတ်ဖြဲပစ်ရန် သူ၏ အရိုးများကို ကြိတ်ချေပြီး လေထဲ လွင့်ပစ်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
သို့သော် ရှောင်မု၏ သတ်ဖြတ်လိုစိတ် စတင် သိပ်သည်းလာသည်နှင့် တပြိုင်နက်၊ ၎င်းသည် ဖုန်းဝူချန်ထံမှ ထွက်ပေါ်လာသော ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်တစ်ခုကြောင့် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ သူ့ကို ချက်ချင်း လက်နက်ချ အညံ့ခံသွားစေပြီး သူ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားကာ ကြောက်ရွံ့မှုသာ ကျန်ရစ်တော့သည်။
"ဟွန့်။ မင်းက ငါ့ကို သတ်ချင်တယ် ဟုတ်လား"
လျိုချင်းယန်က ကြမ်းတမ်းစွာ ဆိုလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ယွမ်စွမ်းအင်များ ထိုးထွက်လာသည်။ သူသည် ယွမ်တန်ဘုံ ဆဌမအလွှာတွင်သာ ရှိသေးသော်လည်း၊ အစစ်အမှန်ယွမ်စွမ်းအင်ဖြင့် ရိုက်နှက်ခြင်းမှာ လုံးဝ ကွဲပြားခြားနားလှသည်။ ၎င်းသည် ရှောင်မု၏ ရှေ့သွားများကို ရိုက်ချိုးပြီး သူ၏ ပါးစပ်ကို ဒဏ်ရာ ရသွားစေရန် လုံလောက်သည်။
"ဖြောင်း"
ထိုစကားများနှင့်အတူ၊ လျိုချင်းယန်သည် အစစ်အမှန်ယွမ်စွမ်းအင် ပါဝင်သော ရိုက်ချက်တစ်ခုကို ထပ်မံ ရိုက်ချလိုက်ရာ၊ ရှောင်မုထံမှ သွေးများ ပိုမို ထွက်ကျလာပြီး သူ၏ သွား (၂) ချောင်း လွင့်စင်ထွက်သွားသည်။
သူ၏ မျက်နှာပေါ်မှ မီးလောင်နေသော နာကျင်မှုသည် ရှောင်မုအတွက် မခံမရပ်နိုင် ဖြစ်နေသည်။
"အရင်လာ အရင်ရ ဆိုတဲ့ အဓိပ္ပာယ်ကို မင်း နားလည်လား" (ဘာသာပြန်သူ မှတ်ချက်: မူရင်းမှာ '先来后到' (Xian Lai Hou Dao) ဖြစ်ပြီး၊ 'အရင်လာသူ ဦးစွာ ရရှိသည်' ဟူသော ဖြစ်ပါသည်။)
လျိုချင်းယန်က သူ၏ လက်ဝါးကို မြှောက်ထားရင်း ဒေါသတကြီး မေးလိုက်သည်။ ရှောင်မုသာ မှားယွင်းစွာ ဖြေကြားပါက မဆိုင်းမတွ ရိုက်ချရန် အသင့်ပင်။
ရှောင်မုတစ်ယောက် မည်သည့် ခုခံမှုမျှ မပြုနိုင်တော့ဘဲ ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် ကျွန်တော် နားလည်ပါတယ်။ နားလည်ပါတယ်" ဟု နာခံနေတော့သည်။
"ဖြောင်း"
ရှောင်မု စကားဆုံးသည်နှင့် လျိုချင်းယန်၏ လက်က တစ်ဖန် ကျရောက်လာပြန်သည်။ ကျယ်လောင် စူးရှသော ရိုက်သံနှင့်အတူ ရှောင်မုတစ်ယောက် သွေးများ ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။
လမ်းမပေါ်မှ ဝိုင်းကြည့်နေသူများသည် လျိုချင်းယန်က သူ့အား အရူးအမူး ရိုက်နှက်နေသည်ကို မြင်သောအခါ အားလုံး ကြောက်လန့်သွားကြသည်။ ထိုရိုက်ချက်များမှာ အလွန် ပြင်းထန်လွန်းလှပြီး ရှောင်မု၏ ဖူးယောင်နေသော မျက်နှာမှာ ညိုမည်း ပွန်းပဲ့နေလေပြီ။
"ဟာ..စိတ်မကောင်းပါဘူး၊ ရိုက်တာ နည်းနည်း လွန်သွားတယ်။ မင်း .. အမှားကို နားမလည်သေးဘူး ထင်လို့လေ"
လျိုချင်းယန်က ရိုက်နှက်ရသည်မှာ အကျင့်ပါသွားသလို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ဆိုပြန်သည်။
'ဘာ။'
ကြားသေ
ဒီစကားကို ကြားသောအခါ ရှောင်မုတစ်ယောက် ဒေါသကြောင့် သွေးများပင် အန်ထွက်လုနီးပါး ဖြစ်သွားသည်။
"ဖြန်း..ဖြန်း..ဖြန်း"
လျိုချင်းယန်၏ လက်ဝါးထဲတွင် အစွမ်းထက်သော စွမ်းအားများ စုစည်းလျက်၊ လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားကာ မျက်စိတစ်မှိတ်အတွင်း ရိုက်ချက် ဒါဇင်ပေါင်းများစွာကို ထပ်မံ ပို့ဆောင်လိုက်သည်။ ရှောင်မုတစ်ယောက် ကြောင်ငေးကာ မူးဝေသွားပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"အစ်ကိုကြီး ရှောင်မု"
ရှောင်မိသားစုမှ မျိုးဆက်သစ်များ အလွန်အမင်း ထိတ်လန့်သွားကြပြီး ရှောင်မုတစ်ယောက် ထိုနေရာတွင်ပင် အရိုက်ခံရ၍ သေဆုံးသွားမည်ကို စိုးရိမ်သွားကြသည်။
"ဟွန့်။ တကယ်ပဲ ရှောင်မိသားစုကို အရှက်ရစေတဲ့ကောင်တွေ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ထားလိုက်မယ်"
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ဒေါသများ အပြည့်အဝ ပေါက်ကွဲထွက်သွားပြီ ဖြစ်သော်လည်း၊ သူ ရှောင်မုကို သတ်တော့ မသတ်ပစ်ခဲ့ပေ။
သူ၏ ပြင်းထန်သော အကြည့်များက ရှောင်မိသားစု မျိုးဆက်သစ်များထံသို့ ဝေ့ဝဲကြည့်လိုက်သည်။
လျိုချင်းယန် ဒေါသတကြီး မေးလိုက်သည်။
"မင်းတို့ရော ဟမ်"
"မ မလုပ်ရဲပါဘူး။ မလုပ်ရဲပါဘူး"
ရှောင်မိသားစု မျိုးဆက်သစ်များ ကြောက်လန့်တကြားဖြင့် ခေါင်းများ ခါယမ်း လက်များ ဝှေ့ယမ်းကာ နောက်သို့ ဆုတ်သွားကြသည်။ သူတို့ လျိုချင်းယန်က သူတို့ကိုပါ ရိုက်ချက်များ မိုးရွာသလို ရွာချမည်ကို ကြောက်ရွံ့နေကြသည်။
"အစ်ကိုကြီးဖုန်း သွားကြရအောင်"
လျိုချင်းယန်က ဖုန်းဝူချန်ကို ကြည့်ရင်း ဆိုလိုက်ပြီး သူ၏ ညာဘက်လက်ကို ခါလိုက်ကာ ရေရွတ်လိုက်သည်။
"ရိုက်ရလွန်းလို့ ငါ့လက်တောင် ညောင်းသွားပြီ"
"ဖုန်းဝူချန် မင်း စောင့်နေလိုက်။ ငါ သခင်လေးကျန်းကို မင်းကို သတ်ခိုင်းမယ်။ သခင်လေးကျန်းက မင်း ပြစ်မှားနိုင်တဲ့ လူစားမျိုး မဟုတ်ဘူး"
ရှောင်မုက ပြန်ထလာပြီး၊ ဖုန်းဝူချန်ကို အဆိပ်ပြင်းသော ဒေါသဖြင့် စိုက်ကြည့်ရင်း ကြိမ်းဝါးလိုက်သည်။
"သခင်လေးကျန်း။ ဟို ပြည်မကြီးရဲ့ ထိပ်တန်း လက်နက်ဖန်တီးခြင်း ပါရမီရှင် ပြောတာလား"
ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်သည်။ စားသောက်ဆိုင်တွင် ကြားခဲ့ရသော သခင်လေးကျန်းအား လေးစားစွာ ပြောဆိုနေကြသည့် စကားဝိုင်းများကို သူ ပြန်သတိရလိုက်မိသည်။
ဖုန်းဝူချန်သည် သခင်လေးကျန်း၏ တကယ့် ဂုဏ်ပုဒ်ကို မသိရှိသော်လည်း သူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
ဆေးပညာနှင့် လက်နက်ဖန်တီးခြင်း ကိစ္စများတွင် ဖုန်းဝူချန်သည် မည်သူ့ကိုမျှ ကြောက်ရွံ့ခဲ့ဖူးခြင်း မရှိပေ။
သို့သော် ဖုန်းဝူချန်သည် သခင်လေးကျန်း ဟူသော အမည်ကို ကျန်းကျွင့်လန်နှင့် ချက်ချင်း ဆက်စပ် မတွေးမိခဲ့ပေ။ သူတို့ လမ်းခွဲခဲ့ကြသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ပြည်မကြီးတွင် ကျန်း ဟူသော မျိုးရိုးအမည်ဖြင့် လူပေါင်းများစွာ ရှိနေသည် မဟုတ်လား။
"မင်း ပြန်သွားပြီး ရှောင်ထျန်းချန်နဲ့ တခြားလူတွေကို ငါ့ကို လာမစဖို့ သွားပြောလိုက်။ ဒါမှမဟုတ်ရင် ငါ ရက်စက်တာကို အပြစ်လာမတင်နဲ့"
ဟု ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ အသံက ကြားရသူတိုင်းကို ကြောက်ရွံ့စေလေသည်။
ဖုန်းဝူချန် ဦးဆောင်သော လူ (၄) ယောက် အဖွဲ့ ထွက်ခွာသွားပြီးမှ လမ်းမပေါ်တွင် စုရုံးနေသော လူအုပ်ကြီး အသိစိတ် ပြန်လည် ဝင်လာကြသည်။
"ရှောင်မိသားစုရဲ့ မျိုးဆက်သစ်တွေက တစ်ယောက်ထက် တစ်ယောက် ပိုဆိုးလာတာပဲ။ အမြဲတမ်း သူတို့ရဲ့ အင်အားနဲ့ တခြားသူတွေကို အနိုင်ကျင့်နေတာ"
အချို့က မနှစ်မြို့စွာ အပြစ်တင်လိုက်ကြသည်။
"ဟုတ်တယ်။ ရှောင်မိသားစုက မျိုးဆက်သစ်တွေက တကယ်ကို စက်ဆုပ်ဖို့ကောင်းတယ်။ လိန်ချင်းဖုန်းနဲ့ ယှဉ်လိုက်ရင် သူတို့က အများကြီး နိမ့်ကျလွန်းတယ်"
"ရှောင်မိသားစုက မကြာခင် သူတို့ လက်ချက်နဲ့ သူတို့ ပြုတ်ကျတော့မှာပဲ"
လမ်းမပေါ်မှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါလိုက်ကြသည်။ သူတို့ကြားတွင် မည်သည့် သနားကြင်နာမှုမျှ ရှာမတွေ့ပေ။ သူတို့အားလုံး ရှောင်မုနှင့် သူ၏ အပေါင်းအပါများ ဤအရှက်တရားကို ကိုယ်တိုင် ရှာယူခဲ့ကြသည်ဟု ခံစားနေကြသည်။
ဖုန်းဝူချန် ထွက်ခွာသွားပြီး မကြာမီပင်၊ ရှောင်မိသားစုမှ မျိုးဆက်သစ်များသည် ရိုက်နှက်ခံထားရသော ဝက်ခေါင်းတစ်လုံးနှင့် တူနေသည့် ရှောင်မုကို ထောက်ပံ့ရင်း အရှက်တကွဲဖြင့် ထွက်ခွာသွားကြရသည်။ သူတို့ နတ်ဘုရား ဆေးလုံးမြို့တော်တွင် ဆက်လက် မျက်နှာ မပြရဲတော့တော့ပေ။
ဖုန်းဝူချန်နှင့် သူ၏ အဖော်များသည် လေလံပွဲ ကျင်းပရာ အဆောက်အအုံသို့ သွားရောက်ခဲ့ကြသည်။ သူ၏ တည်ရှိမှုက ထိုနေရာမှ လူများကြားတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
ချူချန်ခုံးနှင့် နတ်ဘုရား ဆေးလုံးသခင်ကြီးတို့က သူတို့ကို ကောင်းကောင်း ညွှန်ကြားထားပုံ ရသည်။ လေလံပွဲမှ အစောင့်များနှင့် အစေခံမလေးများသည် အလွန်အမင်း ရိုသေလေးစားကြပြီး ဖုန်းဝူချန်နှင့် သူ၏ အဖော်များကို ဧကရာဇ်များသဖွယ် ဆက်ဆံကြသည်။
လေလံပွဲ၏ ကြီးမားသော ခန်းမဆောင်ကြီးထဲတွင်၊ လူများစွာ တုန်လှုပ် အားကျသွားကြသည်။ ဖုန်းဝူချန်နှင့် သူ၏ အဖော်များအပေါ် ပြသသော ရိုသေမှုကြောင့် သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို အလွန် သိချင်နေကြသည်။
"သူတို့က ဘယ်သူတွေလဲ။ လေလံပွဲက သူတို့ကို ဒီလောက် ရိုသေနေတာ"
ဟူ၍ အချို့က မေးလာကြသည်။
"ဟုတ်တယ်။ ဂိုဏ်းချုပ်လိန် ကိုယ်တိုင် ဒီမှာ ရှိနေရင်တောင် သူ ဒီလို ဆက်ဆံခံရမှာ မဟုတ်ဘူး မဟုတ်လား"
အခြားသူများကလည်း ထောက်ခံကြသည်။
"အဲ့ဒါ ဖုန်းဝူချန်လေ။ ကျိုကျိုးတစ်ခွင်လုံးမှာ ကျော်ကြားနေတဲ့ နာမည်ပဲ။ လေလံပွဲက သူ့ကို မပြစ်မှားရဲဘူးပေါ့"
"ဘာ။ အဲ့ဒါ ဖုန်းဝူချန် ဟုတ်လား"
ဖုန်းဝူချန်ကို မှတ်မိသူများကတော့ လေလံပွဲက သူ၏ အဆင့်အတန်းမျိုးကို အပြစ်မပြုရဲခြင်းမှာ အလွန် သဘာဝကျသည်ဟု ယူဆလိုက်ကြလေသည်။
လေလံပွဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဖုန်းဝူချန်ကို တုန်လှုပ်မှု ၊ကြောက်ရွံ့ရိုသေမှုများဖြင့် ကြည့်ရှုနေကြသည်။
အကယ်၍ လေလံပွဲက ဖုန်းဝူချန်ထံမှာ အညံ့ခံ လက်နက်ချခဲ့ပြီးပြီ ဖြစ်ကြောင်းသာ သူတို့ သိသွားလျှင် မည်သည့် မျက်နှာအမူအရာတွေ ဖြစ်သွားကြမလဲ မသိပါချေ။
သို့သော် ဖုန်းဝူချန်သည် ချူချန်ခုံးတို့ကို အနှောင့်အယှက် မပေးခဲ့ပေ။ သူသည် လက်နက်သန့်စင် ပစ္စည်းအချို့ကို ဝယ်ယူလိုက်ပြီးနောက် နတ်ဘုရား ဆေးလုံးမြို့တော်မှ ထွက်ခွာကာ နန်းကုန်းမိသားစု စံအိမ်တော်ဆီသို့ ဦးတည်လိုက်သည်။
မဟုတ်ရင် သူ လေလံပွဲမှ ကျင့်ကြံသူများကို ကြောက်လန့်၍ မေ့လဲသွားစေနိုင်လေသည်။
ဖုန်းဝူချန်နှင့် သူ၏ အဖော်များ၏ ရည်ရွယ်ချက်မှာ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်လည် ရယူရန် ဖြစ်၏။
"အစ်ကိုဖုန်း ၊ ကျွန်တော်တို့ နန်းကုန်းမိသားစုဆီ ဒီအတိုင်း တန်းသွားကြတော့မှာလားဗျ"
"မဟုတ်ရင် ဘယ်လို သွားချင်လို့လဲ"
ဖုန်းဝူချန်က လျိုချင်းယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"တစ်စုံတစ်ယောက်ရဲ့ အိမ်ကို အလည်သွားရင် လက်ဆောင် ယူသွားသင့်တယ် မဟုတ်လား။ မဟုတ်ရင် လူတွေက ကျွန်တော်တို့ကို အလိုက်မသိဘူးလို့ ပြောကြလိမ့်မယ်"
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း
"ဒါဆိုလည်း ခေါင်းတလား နည်းနည်း ယူသွားကြတာပေါ့။ ငါတို့ မြို့က ထွက်လာတုန်းက ခေါင်းတလားဆိုင် တစ်ဆိုင် တွေ့ခဲ့တယ်"
"ကျွန်တော်လည်း တွေ့တယ်။ အစ်ကိုဖုန်း ကျွန်တော့်ကို စောင့်ဦး"
လျိုချင်းယန်က လှည့်ထွက်ပြီး မြို့ထဲသို့ ပြန်ပြေးသွားသည်။
ခေါင်းတလားဆိုင်တွင် ဆိုင်ရှင် စကား မပြောနိုင်ခင်မှာပင် လျိုချင်းယန်က ဆ အမေညတကော ပြောလေသည်။
"ဆိုင်ရှင် ခင်ဗျားဆိုင်ထဲက ခေါင်းတလား အကုန်လုံး ကျွန်တော် ယူမယ်"
"အ အကုန်လုံး ဟုတ်လား"
ဆိုင်ရှင် အနည်းငယ် ကြောင်သွားပြီး မသေချာစွာ မေးလိုက်သည်။
"လူငယ်လေး ကျွန်တော့်ဆိုင်ထဲမှာ ခေါင်းတလား အလုံး (၃၀၀) ကျော် ရှိတယ်နော်။ ခင်ဗျား တကယ် အကုန်လုံး ယူမှာ သေချာလို့လား"
"အကုန်လုံးပါပဲ"
လျိုချင်းယန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ပါ။
'ဒီကမ္ဘာပေါ်မှာ ဘယ်သူတွေများ လူတွေ အများကြီး သေကုန်လို့လဲ'
ဆိုင်ရှင်မှာတော့ သူ့ဘာသာ ပွစိပွစိ ရေရွတ်လိုက်ပြီး လျိုချင်းယန်အတွက် ခေါင်းတလားများ ပြင်ဆင်ရန် ထွက်သွားတော့သည်။