← Chapters

ဆူးပေါ်ထိုင်နေရသကဲ့သို့ စိုးရိမ်ပူပန်ခြင်း

Vol. 21 Ch. 305

ဆူးပေါ်ထိုင်နေရသကဲ့သို့ စိုးရိမ်ပူပန်ခြင်း

Vol. 21 Ch. 305

~"အုန်း.."

ရှောင်မိသားစု၏ ပင်မခန်းမဆောင်ကြီးထဲတွင်၊ ရှောင်ရန်သည် သူ၏ လက်ဝါးကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ၊ ကြောက်မက်ဖွယ် စွမ်းအားကြောင့် စားပွဲမှာ အမှုန့်အဖြစ်သို့ ကြေမွသွားတော့သည်။

"ဖုန်းဝူချန် ဒီကောင် တော်တော် အနိုင်ကျင့်လွန်းနေပြီ"

ရှောင်ရန်တစ်ယောက် မိုးကြိုးပစ်သကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက ခန်းမဆောင်တစ်ခုလုံးသို့ သိပ်သည်းသွားသည်။

ခန်းမဆောင်ထဲတွင်၊ ရှောင်မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး၏ မျက်လုံးများထဲတွင် အေးစက်သော၊ သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်နေပြီး၊ သူတို့၏ မျက်နှာများမှာ မည်းမှောင်ကာ အလွန်တရာ အကျည်းတန်နေကြသည်။

ရှောင်မုမှာမူ ထိတ်လန့်တုန်လှုပ်နေဆဲ။ သူ၏ မျက်နှာမှာ အလွန်အမင်း ဖူးယောင်နေပြီး၊ မည်သူမှန်းပင် မမှတ်မိနိုင်တော့သဖြင့်၊ မြင်တွေ့ရသူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

"ဖုန်းဝူချန်က ရှောင်မိသားစုကို လူအများရှေ့မှာ အရှက်ခွဲသွားတာ။ သူ သူ ငါတို့ ရှောင်မိသားစုကို သူ့မျက်လုံးထဲမှာ လုံးဝ ထည့်မထားဘူး"

ဒုတိယ အကြီးအကဲက ဒေါသတကြီး ပြောလိုက်သည်။ သူ၏ အိုမင်းသော မျက်နှာမှာ မည်းမှောင်လွန်းလှသဖြင့် ရေများပင် စီးကျလာတော့မလို ထင်ရ၏။

အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးကလည်း "မိသားစုခေါင်းဆောင်၊ ဒါက ဖုန်းဝူချန်က ကျွန်တော်တို့ ရှောင်မိသားစုကို လက်စားပြန်ချေချင်နေတာ သေချာတယ်။ သူက ကျွန်တော်တို့ကို လှုပ်ရှားလာအောင် ရန်စနေတာ။ ပြီးတော့မှ အကြောင်းပြချက်ရှာပြီး ကျွန်တော်တို့ကို ရှင်းပစ်မလို့ပဲ"

ဟု ဒေါသတကြီး ဆိုလာသည်။

"အဖေ အဖေလည်း မြင်တယ်မလား။ ဖုန်းဝူချန်က ကျွန်တော်တို့ ရှောင်မိသားစုကို လုံးဝ အရေးမလုပ်တာ။ သူက အဖေ့မြေး မဟုတ်ဘူး။ သူက ကျွန်တော်တို့ ရှောင်မိသားစုရဲ့ ရန်သူ။ ချင်းချင်းကလည်း ကျွန်တော်တို့နဲ့ အဆက်ဖြတ်သွားပြီ။ အခု နောင်တရလည်း အရမ်း နောက်ကျသွားပြီဗျ"

ရှောင်ရန်က ဒေါသတကြီး ပြောလိုက်သည်။

"ငါ ဖုန်းဝူချန်အပေါ် အမှားကြီး မှားခဲ့မိတာပါ။ အဲ့ဒီတုန်းကသာ ငါ့နှလုံးသားက ဒီလောက် မမာကြောခဲ့ဘူးဆိုရင် ငါတို့ ဒီလို ဆိုးရွားတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ကြမှာ မဟုတ်ဘူး။ ဒါ..တကယ့် ကံကြမ္မာ အကျိုးပေးပဲ"

ရှောင်ထျန်းချန်က ခါးသီးသော မျက်နှာဖြင့် ညည်းညူလိုက်သည်။ သူသည် ယခင်ကထက် များစွာ ပင်ပန်းနွမ်းနယ်ပြီး အိုမင်းနေပုံ ရ၏။ ဖုန်းဝူချန်၏ ဂုဏ်သတင်းက သူ၏ နှလုံးသားကို အဆက်မပြတ် နာကျင်စေသည်။

'ဒီလောက် ထူးချွန်တဲ့ ပါရမီရှင် မြေးတစ်ယောက်ကို တခြားသူတွေဆို ရတနာတစ်ပါးလို တန်ဖိုးထားကြမှာ။ ငါ ငါကတော့ အမှိုက် တစ်ခုလို သဘောထားခဲ့မိတယ်'

ယခုတော့ နောင်တရချိန် နောက်ကျသွားခဲ့ချေပြီ။

ရှောင်ယွမ်ရှန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ၊

"အခြေအနေတွေက ဒီအထိ ရောက်မှတော့ ငါတို့ ပြောင်းလဲနိုင်စွမ်း မရှိတော့ပါဘူး။ ဖုန်းဝူချန်ရဲ့ စိတ်နေစိတ်ထားအရ ချင်းချင်းရဲ့ မျက်နှာသာ မရှိခဲ့ရင် ရှောင်မု တစ်ယောက် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့မှာတောင် မဟုတ်ဘူး"

"ကိုးထပ် ချန်ခွန်း မျှော်စင် မရှိတော့မှတော့ ဖုန်းဝူချန်ကို ကြောက်စရာ ဘာမှမရှိတော့ဘူး။ သူ့ရဲ့ အခုအစွမ်းက အလွန်ဆုံးမှ ထျန်းယွမ်ဘုံ စတုတ္ထအလွှာ အထွတ်အထိပ်ပဲ ရှိမှာ။ ငါတို့ ရှောင်မိသားစုက သူ့ကို သတ်ဖို့ဆိုတာ 'လက်ဖဝါးလှန်လိုက်သလို လွယ်ကူ'ပါတယ်"

ဟု တတိယ အကြီးအကဲက ပြင်းထန်စွာ ပြောလိုက်သည်။

"ဟွန့် ဖုန်းဝူချန် ဘယ်လောက် သန်မာသန်မာ ..သူ သိပ်ပြီး ထင်တိုင်းကြဲလို့ ရတော့မှာ မဟုတ်ဘူး။ ငါ အခု လေလံပွဲကို သွားမယ်။ သခင်လေးကျန်းကို ရှာပြီး ဖုန်းဝူချန်ကို ရှင်းပစ်ခိုင်းရမယ်"

ရှောင်ရန်က မည်းမှောင်သော မျက်နှာနှင့် ဒေါသတကြီး ပြောလိုက်သည်။

မိသားစုခေါင်းဆောက်

တစ်ယောက်အနေဖြင့်၊ ရှောင်ရန်သည် ရှောင်မိသားစုကို ခြိမ်းခြောက်ခံရခြင်းအား ဘယ်သောအခါမှ ခွင့်ပြုမည် မဟုတ်သလို၊ မည်သူမဆို ရှောင်မိသားစုအား လူအများရှေ့တွင် အရှက်ခွဲခြင်းကိုလည်း သည်းခံမည် မဟုတ်ပေ။

ထိုသို့ ပြောပြီးသည်နှင့်၊ ရှောင်ရန်သည် လေလံပွဲသို့ ဦးတည်ရန် ရုတ်ချည်းပင် ထရပ်လိုက်တော့သည်။

—--------

တစ်ဖက်၌၊ လေလံပွဲ၏ ပင်မခန်းမဆောင်ထဲတွင်၊ အစောင့်တစ်ဦးက ရှေ့သို့တက်လာပြီး ရိုသေစွာ သတင်းပို့လာ၏။

"ဥက္ကဋ္ဌကြီး ..အကြီးအကဲတို့.. ဆေးဧကရာဇ်က လေလံပွဲကနေ အခုလေးတင် ထွက်သွားပါပြီ"

"ဘာ။ ဆေးဧကရာဇ် အခုလေးတင် ထွက်သွားတယ်"

ချူချန်ခုံး၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး၊ သူ ချက်ချင်း ဒေါသတကြီး ဟစ်အော်လိုက်သည်။

" ဘာလို့ စောစော မပြောတာလဲ"

"နတ်ဘုရား ဆေးလုံးသခင်ကြီးက ကျွန်တော်တို့ကို မပြောခိုင်းလို့ပါ။ ကျွန်တော်တို့လည်း မပြောရဲပါဘူး။ သူ ထွက်သွားပြီးမှပဲ သတင်းပို့ရဲတာပါ။ ပြီးတော့ သခင်ကြီး လေလံပွဲကို မလာခင် ရှောင်မိသားစုက ရှောင်မုကို သင်ခန်းစာကောင်းကောင်း ပေးခဲ့ပါသေးတယ်"

အစောင့်လေးက ကူကယ်ရာမဲ့စွာ ဆိုသည်။

'နတ်ဘုရား ဆေးလုံးသခင်ကြီးက ဒီလောက် အလျင်စလို ထွက်သွားတာ။

မဟုတ်မှလွဲရော'

သူက မျက်မှောင်ကျုံ့ကာ တွေးဆလိုက်ပြီး၊ ရှောင်မု၏ ကိစ္စကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

ထိုစဉ်၊ လေလံမှူး မူချိုင်ယီက တစ်ထစ်ချ ပြောလာသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်က နန်းကုန်းမိသားစု လက်ထဲမှာ။ ဆေးဧကရာဇ်က..မျှော်စင်ကို ပြန်သွားယူတာ သေချာပါတယ်"

ကျောက်ယွန်ချန်က မျက်မှောင် တင်းကြပ်စွာ ကျုံ့လိုက်သည်။ "ကြည့်ရတာ စစ်ပွဲကြီးတစ်ခုကတော့ ရှောင်လွှဲလို့ မရတော့ဘူးနဲ့ တူတယ်" ဟု သူက သုံးသပ်လိုက်၏။

"ဥက္ကဋ္ဌကြီး ကျွန်မတို့ တကယ်ပဲ ဖုန်းဝူချန်ဘက်က ရပ်တည်တော့မှာလား"

မူချိုင်ယီက အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။ လေလံမှူး တစ်ယောက်အနေဖြင့် နန်းကုန်းမိသားစု၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူမ ကောင်းကောင်း သိရှိထားလေသည်။

"နောက်ထပ် စကားတွေ မလိုတော့ဘူး။ ဆေးဧကရာဇ်က ပေးတဲ့ ကြောက်ရွံ့မှုက မင်းတို့ စိတ်ကူးထားတာထက် အများကြီး သာလွန်တယ်။ နန်းကုန်းမိသားစုက သန်မာတယ် ဆိုပေမဲ့ လေလံပွဲက သူတို့ကို ကြောက်စရာမလိုဘူး။ ဒါပေမဲ့ ဆေးဧကရာဇ်ရဲ့ ကြောက်စရာ ကောင်းမှုကတော့ လေလံပွဲက ဘယ်တော့မှ မတော်လှန်နိုင်တဲ့ အရာပဲ။ ဆေးဧကရာဇ် ငါ့ရဲ့ မီးအဆိပ်ကို ကုသပေးပြီးတဲ့နောက် ငါ..ဆဌမအဆင့် ဆေးပညာရှင်ရဲ့ နယ်ပယ်ကိုတောင် ထိတွေ့ခံစားမိနေပြီ။ ဒီလို ခံစားချက်မျိုး နှစ်ပေါင်းများစွာ ငါ မခံစားခဲ့ရတာ ကြာပြီ"

ချူချန်ခုံးက လေးနက်စွာ ထုတ်ဖော်ပြောလိုက်ရာ၊ ဖုန်းဝူချန်အပေါ် သူ မည်မျှ အရေးထားနေကြောင်း ပြသနေလေသည်။

"ဆ…ဆဌမအဆင့် ဆေးပညာရှင်"

ဤစကားလုံးများကို ကြားသောအခါ၊ လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ အကြောင်းမှာ ၎င်းသည် ပြည်မကြီးရှိ မရေမတွက်နိုင်သော အင်အားစုများပင် ကြောက်ရွံ့ရသော အစွမ်းထက် ဆေးပညာရှင် တစ်ဦး ဖြစ်သောကြောင့်တည်း။

ဆေးဧကရာဇ် ကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။

'ဘာ။ ဥက္ကဋ္ဌကြီးက ငါ့ကို ကျော်တက်သွားဖို့ ကြံနေတာလား'

အကယ်၍ ချူချန်ခုံးသာ ဆဌမအဆင့် ဆေးပညာရှင် နယ်ပယ်သို့ ခြေချနိုင်ခဲ့လျှင်၊ လေလံပွဲ၏ အဆင့်အတန်းသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ မျက်စိတစ်မှိတ်အတွင်း ပြည်မကြီး၏ အဓိက အင်အားစုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။

ရေရှည် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပါက၊ ဖုန်းဝူချန်သည် နန်းကုန်းမိသားစုထက် များစွာ ကြီးမားသော အကျိုးကျေးဇူးများကို ပိုင်ဆိုင်ထားသည်မှာ သံသယရှိစရာ မလိုပေ။

မူချိုင်ယီ တစ်ယောက် ဆက်မပြောတော့ပေ။ အမှန်ပင်၊ ဖုန်းဝူချန်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ၊ အခြား အစောင့်တစ်ဦးက ခန်းမဆောင်ထဲသို့ ဝင်ရောက်လာပြီး သတင်းပို့လာ၏ ။

"ဥက္ကဋ္ဌကြီး။ ရှောင်မိသားစုရဲ့ မိသားစုခေါင်းဆောင်က သခင်လေးကျန်းနဲ့ တွေ့ခွင့်တောင်းနေပါတယ်"

"သခင်လေးကျန်းက တံခါးပိတ်ပြီး လက်နက်ဖန်တီးနေတာ။ ဘယ်သူမှ သူ့ကို အနှောင့်အယှက် မပေးရဘူး။ ဒေါသထွက်စေလို့ မဖြစ်ဘူး။ ပြန်လွှတ်လိုက်"

ဆေးဧကရာဇ်က ကြိမ်းမောင်းလိုက်သည်။

၎င်းမှာ ရှောင်မု၏ အဖြစ်အပျက်နှင့် သက်ဆိုင်ကြောင်း သူ ရှင်းလင်းစွာ ခန့်မှန်းမိလိုက်သည်။

'ရှောင်မုနဲ့ ပတ်သက်နေမှတော့ ဒါ ဆေးဧကရာဇ်နဲ့လည်း ပတ်သက်နေတာပဲ။ ဒီတော့ ငါက ရှောင်ရန်ကို ကျန်းကျွင့်လန်နဲ့ တွေ့ပြီး အနှောင့်အယှက်ပေးခွင့် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ'

အစောင့်လေးက ကူကယ်ရာမဲ့စွာ ဆိုသည်။ သူ၏ အဆင့်အတန်းအရ ရှောင်ရန်ကို တားဆီးပိုင်ခွင့် မရှိပေ။

" ရှောင် မိသားစုခေါင်းဆောင်က ဒါ အရေးတကြီး တွေ့မှ ဖြစ်မယ်လို့ ပြောပါတယ်။ ပြီးတော့ သူ အခု အပြင်ဘက်မှာ ရောက်နေပါပြီဗျ"

"ဟား.. ရှောင်မိသားစုက တကယ်ပဲ သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းနေပြီ"

ချူချန်ခုံးက ဒေါသတကြီး ဆိုရင်း ရုတ်တရက် ထရပ်လိုက်သည်။

'ဖုန်းဝူချန်က တကယ်ပဲ အဲ့ဒီလောက် ကြောက်ဖို့ကောင်းနေတာလား'

ချူချန်ခုံး အလွန် ဒေါသထွက်နေသည်ကို မြင်သောအခါ၊ မူချိုင်ယီတစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားပြီး၊ ဖုန်းဝူချန်အပေါ် ပို၍ပင် စပ်စုချင်စိတ် ပြင်းပြလာသည်။

မြေကမ္ဘာ နှလုံးသား မြင့်မြတ်ကြာပန်း လေလံပွဲအတွင်း၊ မူချိုင်ယီသည် ဖုန်းဝူချန်၏ ရဲရင့်မှုကြောင့် အံ့အားသင့်ခဲ့ရပြီး၊ ၎င်းက သူမအပေါ် အမှတ်တရ နက်ရှိုင်းစွာ စွဲကျန်ရစ်စေခဲ့သည်။

"ဘာကိစ္စမို့လို့ ဒီလောက် အရေးကြီးပြီး မစောင့်နိုင်ရတာလဲ"

ခပ်တိုးတိုး အသံတစ်ခုက ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။

ဤအသံကို ကြားသောအခါ၊ ဆေးဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး၊ အလျင်အမြန်ပင် ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ အရိုအသေပေးလိုက်ကြသည်။

"သခင်လေးကျန်းကို အရိုအသေပြုပါတယ်"

ကျန်းကျွင့်လန်က လက်ဝှေ့ယမ်းပြရင်း ဆိုသည်။

"ကျွန်တော် ပြောပြီးသားပဲ။ ဒီလို အဆောင်အယောင်တွေ မလိုပါဘူးလို့။ ခင်ဗျားတို့အားလုံးက ကျွန်တော့်ရဲ့ အကြီးအကဲတွေပါ။ ဂျူနီယာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဒီလို ကြီးကျယ်တဲ့ အရိုအသေပြုမှုကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ပြီးတော့ ဒါက ကျန်းမိသားစုရဲ့ နေအိမ်လည်း မဟုတ်ဘူးလေ"

"မိသားစုခေါင်းဆောင် ရှောင်ရန်က သခင်လေးကျန်းကို ဂါရဝပြုပါတယ်"

ကျန်းကျွင့်လန်၏ အသံကို ကြားပုံရသော ရှောင်ရန်သည် တိုက်ရိုက် ပြေးဝင်လာပြီး ကျန်းကျွင့်လန်၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ အရိုအသေပြုလိုက်သည်။

"မိသားစုခေါင်းဆောင်ရှောင်၊ ခင်ဗျား ကျွန်တော့်ကို တွေ့ဖို့ ဒီလောက် အလျင်စလို ဖြစ်နေရတဲ့ ကိစ္စက ဘာများလဲ"

ကျန်းကျွင့်လန်က ရှောင်ရန်ကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးကာ မေးလိုက်ပြီး၊ ရှောင်ရန်ကိုလည်း ထရန် အမူအရာပြလိုက်သည်။

ကျေးဇူးတင်စကား ဆိုပြီးနောက်၊ ရှောင်ရန် မတ်တပ်ထရပ်လိုက်ပြီး ဆိုသည်။

"မကြာသေးခင်က ကျိုကျိုးပြည်နယ်ကို ယန်ဟော်အင်ပါယာကနေ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပါတယ်။ သူက သူ့ရဲ့ ကြောက်မက်ဖွယ် အစွမ်းအပေါ် အားကိုးပြီး ကျန့်လင်တောင်ကြားကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တယ်။ အပြစ်မဲ့သူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ ကျိုကျိုးက လူတိုင်း သူ့ကို ကြောက်နေကြရတယ်။ အခု သူက ရှောင်မိသားစုအပေါ် လာပြီး အနိုင်ကျင့်ပြန်ပြီ။ ကျွန်တော့် မျိုးနွယ်ကို လူအများရှေ့မှာ အရှက်ခွဲတယ်။ မျိုးဆက်သစ်တွေကို ဒဏ်ရာရအောင် လုပ်တယ်။ ကျွန်တော်တို့မှာ 'ဒေါသကို မျိုချပြီး အသံတိတ်ခံနေရ'တယ်။ ဒါကြောင့် သခင်လေးကျန်းကို အကူအညီတောင်းချင်ပါတယ်။ ရှောင်မိသားစုအတွက် ရပ်တည်ပေးပြီး ဒီလူကို ရှင်းလင်းပေးပါ"

ရှောင်ရန် ပြောသည့်စကားများမှာ မမှားပေ။ ဖုန်းဝူချန်သည် အမှန်တကယ်ပင် ကျန့်လင်တောင်ကြားကို မျိုးဖြုတ်ခဲ့ပြီး မရေမတွက်နိုင်သော အပြစ်မဲ့ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။ ကျိုကျိုးရှိ လူတိုင်း သူ့ကို ကြောက်ရွံ့နေကြသည်။

'ဒါပေမဲ့။'

ရှောင်ရန်သည် အကြောင်းရင်းနှင့် အကျိုးဆက်ကိုမူ ထည့်မပြောခဲ့ပေ။

"ကျန့်လင်တောင်ကြားက အင်အားမနည်းဘူး။ ကျွန်တော် ကြားဖူးတာတော့ မြောက်ပိုင်းက ဘိုးဘေးကြီး ပေမင်က ထျန်းယွမ်ဘုံ ပဉ္စမအလွှာကို ရောက်နေပြီတဲ့။ ယန်ဟော်အင်ပါယာက ဘယ်သူက ကျန့်လင်တောင်ကြားကို မျိုးဖြုတ်နိုင်တဲ့ အစွမ်း ရှိနေလို့လဲ"

ကျန်းကျွင့်လန်က အံ့အားသင့်စွာ ဆိုသည်။ သူသည် ကျိုကျိုး၏ အဓိက အင်အားစုများနှင့် သိပ်မရင်းနှီးသော်လည်း၊ သူတို့အကြောင်း အနည်းငယ်တော့ သိထားသေးသည်။

ယန်ဟော်အင်ပါယာကဲ့သို့ နိုင်ငံငယ်လေးတစ်ခုသည် ကျန့်လင်တောင်ကြားကို ရှင်းပစ်နိုင်စွမ်းရှိသူ တစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

ကျန်းကျွင့်လန်က ဆေးဧကရာဇ်နှင့် ချူချန်ခုံးတို့ကို တစ်ချက် ကြည့်လိုက်ပြီး မေးသည်။

"ခင်ဗျားတို့ အဲ့ဒါ ဘယ်သူလဲ သိလား"

ဤသည်ကို ကြားသောအခါ၊ ဆေးဧကရာဇ်နှင့် ချူချန်ခုံးတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး၊ အလွန်အမင်း စိုးရိမ်သွားကြသည်။

'သွားပြီ။ ဖုန်းဝူချန်က အင်ပါယာသခင်ပဲ။ အရမ်း ကြောက်ဖို့ကောင်းတဲ့သူ။ ငါတို့က မီးအဆိပ်ကို ရှင်းထုတ်ဖို့ရော ဆေးပညာနဲ့ လက်နက်ဖန်တီးခြင်းပညာ လမ်းညွှန်မှုအတွက်ရော သူ့ကို အားကိုးနေရတာ'

အကယ်၍ ကျန်းကျွင့်လန်သာ ရှောင်ရန်ကို ကူညီပြီး ဖုန်းဝူချန်ကို တိုက်ခိုက်မည်ဆိုပါက၊ ကျန်းမိသားစု၏ ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ ချူချန်ခုံးနှင့် အခြားသူများမှာ ဖုန်းဝူချန် အသက်ရှင်နိုင်မည်ဟု အာမ မခံနိုင်ကြပေ။

"သွားပြီ သွားပြီ။ ဆေးဧကရာဇ်က ဘယ်လောက် သန်မာသန်မာ ကျန်းမိသားစုကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ..ဘယ်လိုလုပ်ကြမလဲ"

ချူချန်ခုံး တစ်ယောက် အလွန်အမင်း စိုးရိမ်သွားသည်။

အကယ်၍ ဖုန်းဝူချန်သာ သေဆုံးသွားပါက၊ သူတို့သည်လည်း သူတို့၏ ခန္ဓာကိုယ်ထဲမှ မီးအဆိပ်ကို မဖယ်ရှားနိုင်တော့ဘဲ၊ ၎င်း၏ ညှဉ်းပန်းနှိပ်စက်မှု ဝေဒနာကို ခံစားကြရပေတော့မည်။

ချူချန်ခုံးနှင့် အခြားသူများ အဖြေမပေးဘဲ၊ အလွန် စိုးရိမ်နေပုံရသည်ကို မြင်သောအခါ၊ ကျန်းကျွင့်လန်က ထပ်မေးလိုက်သည်။

"ခင်ဗျားတို့.. သူ့ကို သိတယ်

မဟုတ်လား။ ပြောလို့ မရတဲ့ အကြောင်းအရာ တစ်ခုခု ရှိနေလို့လား"

ချူချန်ခုံးက ခေါင်းညိတ်လိုက်ပြီး၊ ခါးသီးသော အပြုံးတစ်ခုကို အနိုင်နိုင် ဖန်တီးလိုက်သည်။

ကျန်းကျွင့်လန် ဝင်ပါတော့မည်ဟု ထင်မြင်သွားသော ရှောင်ရန်က အလျင်စလို ထပြောလိုက်သည်။

"ကျွန်တော်တို့ သူ့ကို သိပါတယ်"

"သခင်လေးကျန်း ၊ သူ့နာမည်က ဖုန်းဝူချန်။ ယန်ဟော် အင်ပါယာရဲ့ ထိပ်တန်း ပါရမီရှင်ပါ"

'ဟားဟား။ ကျန်းမိသားစုရဲ့ ကြောက်မက်ဖွယ် စွမ်းအားနဲ့ဆို ကျန်းကျွင့်လန်ရဲ့ နောက်လိုက် နှစ်ယောက်တောင် ထျန်းယွမ်ဘုံ အဋ္ဌမအလွှာမှာ ရှိနေတာ။ သူတို့ ဝင်ပါလာမှတော့ ဖုန်းဝူချန် သေမှာ သေချာနေပြီ'

"ဖုန်းဝူချန်"

ကျန်းကျွင့်လန် တစ်ယောက် အကြီးအကျယ် မှင်တက်သွားပြီး၊ ရှောင်ရန်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဟုတ်ပါတယ်။ ဖုန်းဝူချန်ပါပဲ။ အဲ့ဒီလူက ဥပဒေမဲ့ပြီး 'မျက်လုံးထဲမှာ ဘယ်သူမှ မရှိ'တဲ့ လူပါ။ သူ့ကိုသာ မရှင်းပစ်ဘူးဆိုရင် ကျွန်တော်တို့ ကျိုကျိုးပြည်နယ်က ဘယ်တော့မှ ငြိမ်းချမ်းရမှာ မဟုတ်ပါဘူး"

ရှောင်ရန်က အတွင်းစိတ်မှ ပျော်ရွှင်နေလျက် အဆက်မပြတ် ခေါင်းညိတ်ရင်း ပြောသည်။

"သခင်လေးကျန်း.. ဖုန်းဝူချန်က ကျန့်လင်တောင်ကြားကို ရှင်းပစ်ခဲ့တာ အကြောင်းရင်း ရှိပါတယ်"

ဆေးဧကရာဇ်က အလျင်စလို ရှင်းပြရန် ကြိုးစားသည်။ သူ ကျန်းကျွင့်လန် အထင်လွဲပြီး ဖုန်းဝူချန်ကို အန္တရာယ်ပေးမည်ကို မလိုလားပေ။

သို့သော် ဆေးဧကရာဇ် စကားမဆုံးခင်မှာပင်၊ ကျန်းကျွင့်လန်က ဖြတ်ပြောလိုက်ပြီး ရှောင်ရန်ကို မေးသည်။

"ဖုန်းဝူချန်က ကျိုကျိုးမှာ ရှိနေတယ် ဟုတ်လား။ သူ.. သူ အခု ဘယ်မှာလဲ"

'သွားပြီ။ သွားပြီ။' ဆေးဧကရာဇ်နှင့် ချူချန်ခုံးတို့၏ မျက်နှာများ တစ်ဖန် ချက်ချင်း ပြောင်းလဲသွားပြန်သည်။ တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။

ကြည့်ရသည်မှာ ကျန်းကျွင့်လန်သည် ရှောင်မိသားစု၏ ကိစ္စအတွက် တကယ်ပင် ရှေ့ထွက်ရပ်တည်ပေးပြီး၊ ဖုန်းဝူချန်ကို ရှင်းပစ်တော့မည်။

"ဆေးဧကရာဇ်..မြန်မြန် ထွက်ပြေးပါတော့"

ဆေးဧကရာဇ်တစ်ယောက် အလွန်အမင်း ထိတ်လန့်တကြား တွေးလိုက်မိပြီး၊ ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်သွားကာ သူ့အား ထွက်ပြေးရန် တိုက်တွန်းချင်စိတ်များ ပေါက်သွားသည်။

"ကျွန်တော် လေလံပွဲကို လာတဲ့လမ်းမှာ မေးကြည့်ပြီးပါပြီ။ ဖုန်းဝူချန်က နန်းကုန်းမိသားစုဆီ ထွက်သွားပြီတဲ့"

ရှောင်ရန်က ကျေနပ်ပီတိဖြစ်စွာဖြင့် ဆိုလိုက်သည်။

'ဖုန်းဝူချန်။ မင်း ဒီတစ်ခါ ဘယ်လို သေမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။ မင်းမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိရင်တောင် ထျန်းယွမ်ဘုံ အဋ္ဌမအလွှာကို မင်း ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကျန်းမိသားစုကိုတော့ ပြောစရာတောင် မလိုဘူး။ မင်းမှာ ဘယ်လို သိုင်းပညာတွေပဲ ရှိရှိ လက်နက်ဖန်တီးခြင်း မိသားစုကြီးတစ်ခုရဲ့ ရှေ့မှာတော့ ဘာမှ အဓိပ္ပာယ်မရှိဘူး'

ရှောင်ရန်က စိတ်ထဲမှ ယုတ်မာစွာ တွေးတောနေသည်။

"နန်းကုန်းမိသားစုဆီ သွားမယ်"

ကျန်းကျွင့်လန်က အမိန့်ပေးလိုက်သည်။ သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် တလှပ်လှပ် ခုန်နေ၏။

"ဟုတ်ကဲ့ သခင်လေးကျန်း။ ကျေးဇူးပြုပြီး ကြွပါ"

ရှောင်ရန်က အလွန်အမင်း ရိုသေစွာ ဆိုသည်။

"သခင်လေးကျန်း ..သခင်လေးကျန်း"

ချူချန်ခုံးက ထပ်မံ ငြင်းခုံရန် ကြိုးစားသေးသော်လည်း၊ ကျန်းကျွင့်လန်သည် လမ်းလျှောက်ခြင်းကို မရပ်တန့်ဘဲ ကြီးကျယ်သော ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ချူချန်ခုံးက အမီလိုက်လာပြီး အသည်းအသန် ရှင်းပြသည်။

"သခင်လေးကျန်း.. ဖုန်းဝူချန်က ကျန့်လင်တောင်ကြားကို ဖျက်ဆီးခဲ့တာ အကြောင်းရင်း ရှိပါတယ်။ သူတို့က သူ့အဖေကို ဖမ်းသွားလို့ပါ။ သခင်လေးကျန်း"

ကျန်းကျွင့်လန်သည် လုံးဝ ရပ်တန့်မသွားပေ။ သူ ကြားလျှင်ပင်၊ မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ၊ သူ၏ ခြေလှမ်းတိုင်းသည် ဖုန်းဝူချန်ကို သတ်ဖြတ်ရန်သာ ရည်ရွယ်နေပုံရသည်။

"ဥက္ကဋ္ဌကြီးချူ ..ရှင်းပြနေစရာ မလိုတော့ပါဘူး။ ဖုန်းဝူချန်က အပြစ်မဲ့သူတွေကို သတ်ခဲ့တယ်။ ဒီနေ့ သူ သေမှာ သေချာနေပြီ"

ရှောင်ရန်က အေးစက်စွာဖြင့် အောင်နိုင်သူ တစ်ဦးကဲ့သို့ ရယ်မောရင်း ပြောလိုက်သည်။

"မင်း"

ဆေးဧကရာဇ်နှင့် အခြားသူများ ဒေါသထွက်သွားကြပြီး၊ ရှောင်ရန်ကို ရက်စက်စွာ စိုက်ကြည့်လိုက်ကြသည်။ သူတို့ ရှောင်ရန်ကို ထိုနေရာတွင်ပင် ချက်ချင်း သတ်ပစ်လိုက်ချင်စိတ်များ ပေါက်သွားကြသည်။

သို့သော် သူတို့ထံတွင် ထိုသို့လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ရှောင်ရန်ကို ယှဉ်နိုင်ဖို့ မဆိုထားနှင့်၊ ကျန်းကျွင့်လန်၏ ရှေ့တွင် သူ့အား ဆန့်ကျင်ရဲခြင်းပင် မရှိကြပေ။

"မြန်မြန် လိုက်ကြစို့"

ချူချန်ခုံးက တိုက်တွန်းလိုက်ပြီး၊ လေလံပွဲမှ ထိပ်ပိုင်း ပုဂ္ဂိုလ်များအားလုံး သူ့နောက်သို့ လိုက်ပါသွားကြသည်။

'ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို ကိုင်တွယ်ဖို့ ရည်ရွယ်နေပြီ။ ဒါ ဒါကို သည်းခံနေလို့ မဖြစ်ဘူး'

အကယ်၍ ဖုန်းဝူချန်သာ သေဆုံးသွားပါက၊ ဆေးဧကရာဇ်နှင့် အခြားသူများသည်လည်း မီးအဆိပ်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေချာပေါက် သေဆုံးကြရပေလိမ့်မည်။ သူတို့မှာ စိုးရိမ်ပူပန်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

ဒါဟာ စိုးရိမ်ပူပန်ရုံသက်သက် မဟုတ်တော့။ သူတို့၏ နှလုံးသားများမှာ သူတို့၏ ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မတတ်ပင်။

All Chapters