← Chapters

ဖုန်းဝူချန်၏ တိုက်ခိုက်ခြင်း

Vol. 21 Ch. 306

ဖုန်းဝူချန်၏ တိုက်ခိုက်ခြင်း

Vol. 21 Ch. 306

~"သခင်လေးကျန်း"

လေလံပွဲ အပြင်ဘက်တွင်၊ လိန်ဝူယဲ့သည် အလျင်အမြန် ထွက်ခါနီးဖြစ်သော ကျန်းကျွင့်လန်ကို မြင်လိုက်ရပြီး၊ လေလံပွဲသို့ အတော်ကောင်း ရောက်ရှိလာခဲ့ရာ၊ သူ အလျင်အမြန် အော်ခေါ်လိုက်သည်။

သို့သော် ကျန်းကျွင့်လန်သည် မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ၊ ရှောင်ရန်၏ နောက်သို့ လိုက်ပါသွားကာ၊ နန်းကုန်းမိသားစုထံသို့ ပျံသန်းသွားခဲ့ပြီး ဖြစ်လေသည်။

"အဖေ သခင်လေးကျန်းက တော်တော် အလျင်လိုနေပုံပဲ။ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး"

လိန်ချင်းဖုန်းက မေးလိုက်သည်။

လိန်ဝူယဲ့ တစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။

"ဘာကိစ္စမို့လို့ ဒီလောက် အရေးတကြီး ဖြစ်နေရတာလဲ"

သူ ရှုပ်ထွေးနေစဉ်မှာပင်၊ နတ်ဘုရားဆေးလုံးသခင်ကြီးနှင့် ချူချန်ခုံးတို့လည်း အလျင်အမြန် ထွက်လာကြပြီး၊ အမီလိုက်ရန် ပျံသန်းတော့မည့်ဆဲဆဲ ဖြစ်သည်။

လိန်ဝူယဲ့က သူတို့ကို အလျင်အမြန် တားဆီးလိုက်ပြီး ရှုပ်ထွေးစွာ မေးလိုက်သည်။

"နတ်ဘုရားဆေးလုံးသခင်ကြီး၊ဥက္ကဋ္ဌကြီးချူ ဘာတွေ ဖြစ်ကုန်တာလဲ။ သခင်လေးကျန်းက ဘာလို့ ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ"

"ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ ကျုပ်တို့ နန်းကုန်းမိသားစုဆီ အမြန်ဆုံး သွားမှ ဖြစ်မယ်"

နတ်ဘုရားဆေးလုံးသခင်ကြီးက အရေးတကြီး ဆိုရင်း ကောင်းကင်ပေါ် ပျံတက်သွားသည်။

ချူချန်ခုံးနှင့် အခြား အစွမ်းထက် ပုဂ္ဂိုလ်များလည်း အမီလိုက်နိုင်ရန် အစွမ်းကုန် ကြိုးစားကြတော့သည်။

"အဖေ၊ ကြည့်ရတာ ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်နဲ့ တူတယ်"

ဟု လိန်ချင်းဖုန်းက လေးနက်စွာ ပြောလ်ုက်သည်။

ကာကွယ်စောင့်ရှောက်သူကလည်း လေးနက်စွာ အကြံပြုလာသည်။ "ဂိုဏ်းချုပ် ကြည့်ရတာ ကျွန်တော်တို့ရဲ့ ကိစ္စတွေကို နောက်ဆုတ်

ထားရတော့မယ်နဲ့ တူတယ်"

လိန်ဝူယဲ့နှင့် ဖုန်းလန်ဂိုဏ်းမှ အခြား အဆင့်မြင့် ပုဂ္ဂိုလ်များလည်း ကျန်းကျွင့်လန်နှင့် တွေ့ဆုံရန် တောင်းဆိုဖို့ ရည်ရွယ်ချက်ဖြင့် လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့ မဖြေရှင်းနိုင်သော ပြဿနာများမှာ ဖုန်းလန်ဂိုဏ်းကို ပြန်လည် နာလန်ထူစေရန် ကိစ္စများနှင့် သက်ဆိုင်ပုံရ၏။

"ဖုန်းလန်ဂိုဏ်းရဲ့ ကိစ္စတွေကို လောလောဆယ် ဘေးဖယ်ထားလိုက်။ လာ၊ ဘာတွေ ဖြစ်နေလဲ သွားကြည့်ကြရအောင်"

လိန်ဝူယဲ့က မျက်မှောင်အနည်းငယ် ကျုံ့ကာ ရေရွတ်လိုက်ပြီး၊ ထို့နောက် သူတို့အားလုံး နန်းကုန်းမိသားစုထံသို့ ပျံသန်းသွားကြတော့သည်။

ကျန်းကျွင့်လန် ဤမျှ အလျင်စလို ထွက်ခွာသွားသည်ကို မြင်ရခြင်း၊ ဆေးဧကရာဇ်၊ ချူချန်ခုံးနှင့် အခြားသူများလည်း ပို၍ပင် စိုးရိမ်ပူပန်နေကြပြီး ရှင်းပြရန် အချိန်ပင် မရှိကြခြင်းတို့က လိန်ဝူယဲ့နှင့် သူ၏ အဖွဲ့ကို အတော်ပင် နားမလည်နိုင် ဖြစ်သွားစေသည်။

'သူတို့ကို ဒီလောက်တောင် စိတ်မငြိမ်မသက် ဖြစ်သွားစေတဲ့ ကိစ္စက ဘာများ ဖြစ်နိုင်မှာလဲ'

အမီလိုက်လာပြီးနောက်၊ အကြိမ်ကြိမ် မေးမြန်းပြီးနောက်ဆုံးတွင်တော့ လိန်ဝူယဲ့နှင့် သူ၏ လူများ နားလည်သွားကြသည်။

ကျန်းကျွင့်လန်သည် ရှောင်မိသားစုကို ကူညီပြီး ဖုန်းဝူချန်ကို ရှင်းလင်းပစ်ရန် သွားနေခြင်း ဖြစ်သည်။

'သွားပြီ။'

ဖုန်းဝူချန်သည် 'အတွေးဖြင့် လက်နက်ဖန်တီးခြင်း' ကို စွမ်းဆောင်နိုင်သော ပဉ္စမအဆင့် လက်နက်ဖန်တီးသူ တစ်ဦးဖြစ်ပြီး၊ 'အတွေးတစ်ချက်ဖြင့် ဆေးလုံးဖော်စပ်ခြင်း'အား စွမ်းဆောင်နိုင်သော ဆေးဧကရာဇ် တစ်ပါးလည်း ဖြစ်သည်။ သူသည် ဆေးပညာနှင့် လက်နက်ဖန်တီးခြင်း နယ်ပယ်များတွင် သာမန်ထက် ကျော်လွန်သော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

နတ်ဘုရား ဆေးလုံးသခင်ကြီးနှင့် အခြားသူများ ဤမျှ စိုးရိမ်ပူပန်နေကြသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ၎င်းမှာ မိစ္ဆာ တစ်ကောင်ထက်ပင် ပို၍ ကြောက်ဖွယ် ကောင်းသော ပါရမီရှင် တစ်ဦးကို ကိုင်တွယ်ဖြေရှင်းနေရသကဲ့သို့ပင်။

ဟုတ်ပါသည်။ ဒါက လိန်ဝူယဲ့နှင့် သူ၏ လူများ နားလည်ထားသည့် အတိုင်းသာ ဖြစ်သည်။

လိန်ဝူယဲ့နှင့် အခြားသူများ မသိရှိကြသည်မှာ လေလံပွဲသည် ဖုန်းဝူချန်ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး ဖြစ်ကြောင်းကိုသော်လည်းကောင်း၊ ဖုန်းဝူချန်၏ မီးအဆိပ်ကို ဖယ်ရှားပေးနိုင်သော စွမ်းရည်ကိုသော်လည်းကောင်း မသိရှိကြပေ။

လိန်ချင်းဖုန်းက စိုးရိမ်တကြီး မှတ်ချက်ပြုလိုက်သည်။

"ဒုက္ခပဲ။ သခင်လေးကျန်းရဲ့ နောက်လိုက်က ထျန်းယွမ်ဘုံ အဋ္ဌမအလွှာမှာ ရှိနေတာ။ ဖုန်းဝူချန်တစ်ယောက် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"သခင်လေးကျန်းက ကျုပ်တို့ ရှင်းပြတာကို လုံးဝ နားထောင်မှာ မဟုတ်ဘူး"

နတ်ဘုရားဆေးလုံးသခင်ကြီးမှာ စိုးရိမ်လွန်းသဖြင့် ငိုတော့မတတ်ပင် ဖြစ်နေသည်။

လိန်ဝူယဲ့က လေးနက်စွာ ဆိုသည်။ "ရှောင်ရန်က သခင်လေးကျန်းရဲ့ လက်ကို သုံးပြီး ဖုန်းဝူချန်ကို သတ်ဖို့ ကြံနေတာ။ တကယ် ယုတ်မာလွန်းတယ်"

" နတ်ဘုရားဆေးလုံးသခင်ကြီး..,ခင်ဗျား ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ဟု ဂိုဏ်း ကာကွယ်စောင့်ရှောက်သူက မေးလိုက်သည်။

"ကျွန်တော်တို့ လုံးဝ အစွမ်းမရှိတော့ဘူး"

ဆေးဧကရာဇ်က ကူကယ်ရာမဲ့စွာ ခါးသီးသော အပြုံးဖြင့် ဆိုသည်။ ကျန်းကျွင့်လန်၏ အဆင့်အတန်းမှာ ထူးခြားမြင့်မြတ်လှပြီး၊ ကျန်းမိသားစုသည် ပြည်မကြီးတွင် အလွန် မြင့်မားသော နေရာတစ်ခု၌ ရပ်တည်နေသည့် တကယ့် ဧရာမ အင်အားစုကြီး တစ်ခု ဖြစ်သည်။ သူတို့ လုံးဝ မပြစ်မှားနိုင်ပေ။

အကယ်၍ ကျန်းကျွင့်လန်သာ ဖုန်းဝူချန်ကို သတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားပါက၊ သူတို့ထဲမှ မည်သူမျှ ဟန့်တားရဲမည် မဟုတ်ပေ။

"သခင်လေးကျန်းက ကိုယ်ပိုင် ဆင်ခြင်တုံတရား မရှိတဲ့သူတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့သာ သခင်လေးကျန်းကို အကြောင်းစုံ ရှင်းပြနိုင်ခဲ့ရင် ရန်လိုမုန်းတီးမှုကို မိတ်ဖြစ်ဆွေဖြစ် ပြောင်းလဲနိုင်သင့်ပါတယ်"

ဟု လိန်ချင်းဖုန်းက လေးနက်စွာ အကြံပြုသည်။

ထိုအခါ၊ ချူချန်ခုံးက ခါးသီးစွာဖြင့် ပြောလာသည်။ 'ရှင်းပြလို့သာ ရမယ်ဆိုရင် ငါတို့ ကျန်းကျွင့်လန်ကို စောစောကတည်းက တားနိုင်ခဲ့မှာပေါ့'

ဤအကြောင်းကြောင့်ပင်၊ သူတို့သည် မျှော်လင့်ချက် များများစားစား မထားရှိကြပေ။

"ဝှစ် ဝှစ် ဝှစ်"

ရုတ်တရက်၊ နန်းကုန်းမိသားစု၏ ခန့်ညားထည်ဝါသော နန်းတော်ကြီး အထက်တွင် လေထုကို ထိုးခွဲလာသော အသံများ ထွက်ပေါ်လာသည်။

ဤအသံများ၏ အရေအတွက်မှာ အလွန် များပြားလှပြီး၊ အလွယ်တကူပင် ရာပေါင်းများစွာ ရှိနေနိုင်သည်။

"ဘယ်သူလဲ"

သတိပေးခံလိုက်ရသော နန်းကုန်းမိသားစုဝင်များက အလျင်အမြန် မော့ကြည့်လိုက်ကြပြီး ဟစ်အော်လိုက်ကြသည်။ တစ်ဦးချင်းစီ၏ မျက်နှာအမူအရာများမှာ လေးနက် တည်ငြိမ်နေကြသည်။

'ဘာ ဘာကြီးလဲ။ လေထုကို ထိုးခွဲလာတဲ့ အသံတွေရဲ့ နောက်ကွယ်မှာ ဘာ အရှိန်အဝါမှ မရှိဘူး။ အသံပေါက်ကွဲသံတွေ ကြားမှ ငါတို့ သတိထားမိတယ်။ ဒါ ဒါ ဘယ်အဆင့်ထိ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားမျိုးလဲ'

သို့သော်၊ နန်းကုန်းမိသားစုဝင်များ မော့ကြည့်လိုက်သည့် ခဏမှာပင်၊ သူတို့၏ လေးနက်နေသော မျက်နှာများ ချက်ချင်း ဖြူဖျော့သွားကြသည်။

ဒါတွေက ဘယ်လို အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေမှ မဟုတ်ဘူး။

ရာပေါင်းများစွာသော ခေါင်းတလားတွေ။

ဟုတ်သည်။ အတိအကျပင် ရာပေါင်းများစွာသော ခေါင်းတလားများ ဖြစ်သည်။

ပြီးတော့ ကောင်းကင်ပေါ်မှာ ပျံဝဲနေသော ခေါင်းတလားတွေ။

ရာပေါင်းများစွာသော ခေါင်းတလားများသည် နန်းကုန်းမိသားစု၏ နန်းတော်ထဲသို့ ခန့်ညားထည်ဝါစွာ ပျံသန်းဝင်ရောက်လာပြီး၊ အလွန်တရာ ထူးဆန်းအံ့ဩဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။

"အဲ့ အဲ့ဒါတွေက ခေါင်းတလားတွေ"

တော်တော်လေးကြာအောင် တုန်လှုပ် မှင်တက်သွားပြီးနောက်၊ နန်းကုန်းမိသားစုဝင် တစ်ဦးက နောက်ဆုံးတွင် အော်ဟစ်ထွက်လာသည်။

"ရိုင်းစိုင်းလိုက်တာ။ ဘယ်သူက ခေါင်းတလားတွေကို ဒီကို မှားပို့ရဲတာလဲ။ နန်းကုန်းမိသားစုကို ပို့ရဲတယ် ဟုတ်လား"

လူတစ်ဦးက ဒေါသတကြီး အော်လိုက်သည်။

"ဖုန်းလန်ဂိုဏ်း ဖုန်းလန်ဂိုဏ်းပဲ နေမှာ။ မိသားစုခေါင်းဆောင်ကို မြန်မြန် သတင်းပို့ကြ"

ဟု နောက်တစ်ယောက်ကလည်း ဒေါသတကြီး ဟစ်အော်လိုက်သည်။

ရာပေါင်းများစွာသော ခေါင်းတလားများသည် နန်းတော်ထဲသို့ ပျံသန်းဝင်ရောက်လာပြီးနောက်၊ မြေပြင်ပေါ်သို့ ခိုင်ခိုင်မာမာ ကျရောက်လာကြသည်။

ကျယ်ဝန်းလှသော ရင်ပြင်ကြီးထဲတွင် သုသာန် တစ်ခုကဲ့သို့ သပ်သပ်ရပ်ရပ် စီတန်းလျက် ရှိနေ၏။

ရာနှင့်ချီသော နန်းကုန်း မိသားစုဝင်များ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားကြပြီး၊ သူတို့၏ အကြည့်များက ရင်ပြင်ထဲရှိ ရာပေါင်းများစွာသော ခေါင်းတလားများပေါ်တွင် စူးစိုက်နေကြသည်။

"ရိုင်းစိုင်းလိုက်တာ။ ဘယ်သူက ငါတို့ နန်းကုန်းမိသားစုဆီ ခေါင်းတလားတွေ ပို့ရဲတာလဲ"

ခမ်းနားသော ခန်းမဆောင်ထဲတွင် ဒဏ်ရာများကို ကုသနေသော နန်းကုန်းလီသည် ဤသတင်းကို ကြားသောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဖုန်းလန်ဂိုဏ်းလား"

နန်းကုန်းယွီဝမ်က မည်းမှောင်စွာ ဆိုလိုက်ပြီး၊ သူ၏ အေးစက်သော သတ်ဖြတ်လိုစိတ်များက လေထုထဲသို့ စတင် သိပ်သည်းလာသည်။

နန်းကုန်းလီနှင့် အခြား အဆင့်မြင့် ပုဂ္ဂိုလ်များ အလျင်အမြန် နေရာရွှေ့ပြောင်း၍ ထွက်လာကြသည်။ ရင်ပြင်ထဲရှိ ရာပေါင်းများစွာသော ခေါင်းတလားများကို မြင်သောအခါ၊ သူတို့ ဒေါသထွက်လွန်းသဖြင့် အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရသည်။

'ဘယ်တုန်းက ဘယ်တုန်းက နန်းကုန်းမိသားစုက ဒီလို ခေါင်းတလားတွေ လက်ခံရဖူးလို့လဲ။ ပြီးတော့ ဘယ်သူက နန်းကုန်းမိသားစုဆီ ခေါင်းတလားတွေ ပို့ရဲတဲ့ သတ္တိ ရှိနေတာလဲ'

"ဝှစ် ဝှစ် ဝှစ်"

မကြာမီပင်၊ အသံပေါက်ကွဲသံ အနည်းငယ် ထပ်မံ ထွက်ပေါ်လာပြီး၊ ပုံရိပ်အချို့ အလျင်အမြန် ပျံသန်းလာကြသည်။

အသစ်ရောက်ရှိလာသူများမှာ အခြားသူများ မဟုတ်ပေ။ ဖုန်းဝူချန်၊ လင်ရှောင်ရှောင်နှင့် သူတို့၏ အဖော် လေးဦးပင် ဖြစ်သည်။

"ဖုန်းဝူချန်"

ရောက်ရှိလာသူများကို မြင်သောအခါ၊ နန်းကုန်းလီနှင့် အခြားသူများ ပထမဆုံး ကြောင်အသွားကြပြီး၊ ထို့နောက် သူတို့၏ မျက်နှာအမူအရာများ တစ်ဖန် မည်းမှောင်သွားပြန်သည်။

'ဒါဆို ခေါင်းတလား ပို့တဲ့သူက ဖုန်းဝူချန်။'

"မိသားစုခေါင်းဆောင် နန်းကုန်း ..

ကျုပ် လာလည်တဲ့ လက်ဆောင်ကို ကျေနပ်ရဲ့လား"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ မေးလိုက်ပြီး၊ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ချိတ်ဆွဲထားသည်။

"ဖုန်းဝူချန် မင်း သေချင်နေတာပဲ"

နန်းကုန်းယွီဝမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ကြမ်းတမ်းပြီး အဆိပ်ပြင်းသော အကြည့်များက လင်ရှောင်ရှောင်ထံသို့ ရောက်သွားပြီး ဟိန်းဟောက်လိုက်သည်။

"ဒီငတိမလေး။ ငါ့မြေးကို သတ်ရဲတယ်။ ဒီနေ့ ငါ မင်းရဲ့ အရိုးတွေကို အမှုန့်ချေပြီး လွင့်ပစ်မယ်ကွ"

"ဒီအဘိုးကြီး ..ရှင့်မှာ စွမ်းရည်ရှိရင် ကြိုးစားကြည့်လိုက်လေ"

လင်ရှောင်ရှောင်က လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ မထီမဲ့မြင် ပြန်တုံ့ပြန်လိုက်သည်။

"ဒီလောက် ကြီးကျယ်တဲ့ နန်းကုန်းမိသားစုကြီးက ဒီလူနည်းနည်းပဲ ကျန်တော့တာလား။ သေလိုက်ကြတာ တော်တော် သနားစရာကောင်းနေပြီ"

ဟု လျိုချင်းယန်က နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်မှ အမူအရာမှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှ၏။

"အစ်ကိုကြီးဖုန်း သူတို့ ဒဏ်ရာတွေ အပြည့်အဝ မပျောက်သေးဘူး။ ကျွန်မတို့ နန်းကုန်းမိသားစုကို အခု မျိုးဖြုတ်လို့ရပြီ"

မြောင်ချင်းချင်းက အေးစက်စွာ ဆိုသည်။

"ကြွားလုံးထုတ်နေလိုက်တာ"

နန်းကုန်းဝူဟန်က ဒေါသတကြီး အော်လိုက်သည်။

ဖုန်းဝူချန်ကို မြင်သည်နှင့်၊ နန်းကုန်းမိသားစု၏ ထိပ်ပိုင်းပုဂ္ဂိုလ်များထံမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများ ထုတ်လွှတ်လာပြီး၊ ကျယ်ပြန့်သော နန်းကုန်းမိသားစု နန်းတော်ကြီးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ဖုန်းဝူချန်သည် လျိုချင်းယန်နှင့် မြောင်ချင်းချင်းကို သူနှင့်အတူ ခေါ်ဆောင်လာရင်း၊ ခေါင်းတလားတစ်ခုပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

"ဖုန်းဝူချန် ကိုးထပ် ချန်ခွန်း မျှော်စင် မရှိတော့ဘဲနဲ့ မင်းက သေလမ်းကို ကိုယ်တိုင် လာရှာတာပဲ"

နန်းကုန်းထျန်းဟန်က မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်သည်။ သူ အပြည့်အဝ မကျန်းမာသေးသော်လည်း၊ ဖုန်းဝူချန်ကို သူ၏ မျက်လုံးထဲတွင် လုံးဝ ထည့်မထားပေ။

"နန်းကုန်းမိသားစုရဲ့ အရင်းအမြစ် စွမ်းအင်တွေ အများကြီး ဆုံးရှုံးသွားတာကို ထောက်ထားပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကိုသာ ပြန်ပေးရင် မင်းတို့ အသက်ကို ငါ ချမ်းသာပေးမယ်။ ဒါမှမဟုတ်ရင် ဒီနေ့ မင်းတို့ နန်းကုန်းမိသားစု မျိုးပြုတ်သွားမယ်"

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ နန်းကုန်းမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များစွာ၏ ရှေ့တွင် ရပ်နေသော်လည်း သူ မျက်မှောင်တစ်ချက် မကျုံ့ပေ။

"မောက်မာလိုက်တာ။ မင်းမှာ ငါ့ နန်းကုန်းမိသားစုကို မျိုးဖြုတ်နိုင်တဲ့ ဘယ်လို အစွမ်းအစ ရှိလို့လဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ဒုတိယ အကြီးအကဲက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး၊ ထျန်းယွမ်ဘုံ စတုတ္ထအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာကာ၊ ဖုန်းဝူချန်ထံသို့ ရက်စက်စွာ ပြေးဝင်သွားသည်။

"ချင်းယန် ချင်းချင်း နောက်ဆုတ်နေ"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ဆိုလိုက်ပြီး၊ သူ၏ အေးစက်သော အကြည့်များက သူ့ထံ ပြေးဝင်လာသော နန်းကုန်းမိသားစု ဒုတိယ အကြီးအကဲထံတွင် စူးစိုက်နေသည်။

"အဘိုးကြီး ခင်ဗျားအသက်ကို ယူမယ်"

ဖုန်းဝူချန်က ခက်ထန်စွာ ဆိုလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ယွမ်စွမ်းအင်များ အရိုင်းအစိုင်း ထိုးထွက်လာသည်။

"ထျန်းယွမ်ဘုံ တတိယအလွှာ"

"ဖုန်းဝူချန် အဆင့်တက်သွားပြီ"

"ဒုတိယ အကြီးအကဲ သတိထားပါ"

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိသောအခါ၊ နန်းကုန်းလီနှင့် အခြားသူများ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားပြီး အားလုံး အော်ဟစ်လိုက်ကြသည်။

ဒုတိယ အကြီးအကဲသည်လည်း ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်ရာ၊ သူ၏ ဝိညာဉ်ပင် လွင့်ထွက်သွားမတတ် ထိတ်လန့်သွားသည်။

သို့သော် ထိုအချိန်တွင်၊ ဒုတိယ အကြီးအကဲမှာ နောက်ပြန်ဆုတ်ရန် မဆိုထားနှင့်၊ သူ၏ စွမ်းအားကို ရပ်တန့်ရန် အချိန်ပင် မရှိတော့ပေ။ အကြောင်းမှာ ဖုန်းဝူချန်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် သူ၏ အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့်တည်း။

ဒုတိယ အကြီးအကဲက အံကြိတ်လိုက်သည်။

'သေစမ်း၊ ငါ့မှာ နောက်ဆုတ်လမ်း မရှိတော့ဘူး။ ရင်ဆိုင်တိုက်ခိုက်ရုံပဲ။ ငါ သူ့ကို မယှဉ်နိုင်ရင်တောင် ဒီတစ်ချက်ကိုတော့ အနည်းဆုံး ခံနိုင်ရမယ်'

"မြေကမ္ဘာအဆင့် ကနဦးအဆင့် သိုင်းပညာ ရွှမ်းထျန်း မီးလျှံ လက်ဝါး"

ဒုတိယ အကြီးအကဲက ဟိန်းဟောက်လိုက်ပြီး၊ သူ၏ လက်ဝါးကို ရှေ့သို့ ရိုက်ထုတ်လိုက်သည်။

"အုန်း.."

ဖုန်းဝူချန်က ကြောက်ရွံ့ခြင်းမရှိဘဲ၊ သာမန်ဟု ထင်ရသော လက်ဝါးတစ်ချက်ဖြင့် တည့်တည့် ပိတ်ဆို့လိုက်သည်။ ထို ရိုးရှင်းပုံရသော လက်ဝါးထဲတွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။

စူးရှသော ပေါက်ကွဲသံကြီးနှင့်အတူ၊ ၎င်းသည် ဒုတိယ အကြီးအကဲအား သွေးများ အန်ထုတ်စေ၏။ သူ၏ လက်တစ်ဖက်လုံး ကြေမွသွားကာ၊ သူ၏ ခန္ဓာကိုယ်သည် ဒုံးကျည် တစ်စင်းကဲ့သို့ အော်ဟစ်ရင်း လွင့်စင်ထွက်သွား

တော့သည်။

"ဒုတိယ အကြီးအကဲ"

နန်းကုန်းလီနှင့် အခြားသူများ တုန်လှုပ်သွားကြပြီး၊ နန်းကုန်းဝူဟန်က မျက်တောင်တစ်ခတ်အတွင်း သူ့ထံသို့ လျှပ်တပြက် ရောက်ရှိသွားသည်။

ထျန်းယွမ်ဘုံ စတုတ္ထအလွှာမှ ဒုတိယ အကြီးအကဲကို ရင်ဆိုင်ရာတွင်၊ ဖုန်းဝူချန်သည် အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့်ကို အသက်သွင်းဖို့ မဆိုထားနှင့်၊ သူ၏ သွေးမျိုးဆက် စွမ်းအားကိုပင် ထုတ်ဖော်ရန် မလိုအပ်ခဲ့ပေ။ သာမန် အခြေအနေတွင်ပင်၊ သူသည် ဒုတိယ အကြီးအကဲအား လက်ဝါးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်ပေး။ မဟုတ်ရင်၊ ခင်ဗျားတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်ဖို့ ကျုပ်က ဝန်မလေးဘူး"

ဖုန်းဝူချန်က အေးစက်စွာ ဆိုသည်။

ဖုန်းဝူချန်၏ ထိုလက်ဝါးရိုက်ချက်သည် အမှန်တကယ်တွင် အနည်းငယ် ညှာတာထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက၊ ၎င်းသည် ဒုတိယ အကြီးအကဲအား ချက်ချင်း သေဆုံးစေရန် လုံလောက်ပေသည်။

"အိပ်မက်မက်နေစမ်း"

နန်းကုန်းလီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"နန်းကုန်းလီ ၊ခင်ဗျား ကျုပ်ရဲ့ ရတနာမျှော်စင်ကို တံဆိပ်ခတ်ထားနိုင်ရုံနဲ့ ကျုပ် ပြန်မယူနိုင်တော့ဘူးလို့ မထင်လိုက်နဲ့။ ခင်ဗျားကို အခွင့်အရေး ပေးနေတာ။ ကျေးဇူးကို တန်ဖိုး မထားတာမျိုး မဖြစ်စေနဲ့။ ခင်ဗျားက ကျိုကျိုးမှာ အသန်မာဆုံးထဲက တစ်ယောက်လို့ သတ်မှတ်လို့ ရနိုင်ပေမဲ့ ကျုပ်…ခင်ဗျားတို့ကို အမြစ် မဖြတ်

ချင်သေးတာက အမြစ်ဖြတ်လို့ မရဘူးလို့ မဆိုလိုဘူးနော်"

ဖုန်းဝူချန်က ထက်ရှ၍ လေးနက်သော အသံဖြင့် ပြောကြားလိုက်ပြီး၊ သူ၏ စကားလုံးတိုင်းသည် သတ်ဖြတ်လိုသော ခြိမ်းခြောက်မှုများဖြင့် လေးလံနေသည်။

ကိုးထပ် ချန်ခွန်း မျှော်စင်ကို ယူဆောင်သွားခြင်းက သူ့ကို ဒေါသထွက်စေခဲ့ပြီး ဖြစ်သည်။ အကယ်၍ နန်းကုန်းမိသားစုက ဆက်လက် ခေါင်းမာနေဦးမည်ဆိုပါက၊ သူတို့ကို ရှင်းပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

ကျိုကျိုးတွင် အင်အားစုကြီးတစ်ခု ဆုံးရှုံးသွားခြင်းက သူ့အတွက် ဘာမှ ကွာခြားမှု မရှိပေ။

သူ၏ စွမ်းရည်များနှင့်အတူ၊ အချိန်အလုံအလောက် ရှိသမျှ၊ အစွမ်းထက် တိုက်ခိုက်ရေးသမား မြောက်မြားစွာကို မွေးထုတ်ပေးနိုင်ပြီး၊ နန်းကုန်းမိသားစုကို ကျော်တက်သွားရန်မှာ လုံးဝ ပြဿနာ မဟုတ်ပေ။

နန်းကုန်းလီသည် ငါးဆားနူ တစ်ယောက် မဟုတ်သလို၊ ဖုန်းဝူချန်ကိုလည်း အမှန်တကယ် မယုံကြည်ပေ။

'ငါတို့ ကိုးထပ် ချန်ခွန်း မျှော်စင်ကိုသာ ပြန်ပေးလိုက်ရင် ဖုန်းဝူချန်ရဲ့ လက်ရှိအစွမ်းနဲ့ ဘယ်သူက သူ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ။ နန်းကုန်းကျန့် ကိုယ်တိုင် ထွက်တိုက်ရင်တောင် သူ ဖုန်းဝူချန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး'

နန်းကုန်းထျန်းဟန်က "ကိုးထပ် ချန်ခွန်း မျှော်စင်ကို လိုချင်ရင် မင်းမှာ အရည်အချင်း ရှိမရှိ အရင် ကြည့်ရသေးတာပေါ့" ဟု ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ ထျန်းယွမ်ဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ထိုးထွက်လာကာ၊ စူးရှသော သတ်ဖြတ်လိုစိတ်များဖြင့် ပေါင်းစပ်သွားသည်။

"ကြည့်ရတာ ခင်ဗျားတို့ ဆုံးဖြတ်ချက် ချပြီးပုံပဲ။ ကောင်းပြီလေ။ ဒါဆိုရင်တော့ ကျုပ်လည်း ဘာမှ ညှာတာမနေတော့ဘူး"

ဖုန်းဝူချန်က တင်းမာစွာ ဆိုလိုက်သည်။ သူ၏ အသံသည် ယခင်ကထက် ပို၍ အေးစက်သွားပြီး၊ အရိုးထဲထိ စိမ့်ဝင်သွားစေသည်။

"ဝုန်း..ဝုန်း"

ကြီးစိုးလွှမ်းမိုးပြီး ကျယ်ပြန့်လှသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် နိုးထလာသည်။

သူ၏ ခန္ဓာကိုယ်တွင် အသက်စွမ်းအင်များ တိုးပွားလာပြီး၊ သွေးများ တောက်ပလာကာ၊ သူ၏ သွေးမျိုးဆက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့် စွမ်းအားများ တစ်ချိန်တည်းတွင် တက်ကြွလာသည်။ သူ၏ အရှိန်အဝါသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် မြင့်တက်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဖုန်းဝူချန်၏ အရှိန်အဝါသည် ထျန်းယွမ်ဘုံ ပဉ္စမအလွှာ အဆင့်သို့ တဟုန်ထိုး တက်သွားခဲ့လေသည်။

"ချီလင် ချပ်ဝတ်"

ဖုန်းဝူချန်က ဟစ်အော်လိုက်ပြီး၊ ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်။ အလွန်တရာ ကြမ်းတမ်းမှုနှင့် သွေးဆာမှု အားလှိုင်းက သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံးကို လွှမ်းခြုံသွားသည်။

ထိုအခိုက်အတန့်တွင်၊ ဖုန်းဝူချန်၏ တည်ရှိမှု အရှိန်အဝါသည် တစ်ဖန် ထပ်မံ မြင့်တက်လာပြီး၊ ထျန်းယွမ်ဘုံ ဆဌမအလွှာ၏ စွမ်းအားနှင့် တန်းတူ ဖြစ်သွားတော့သည်။

All Chapters