← Chapters

ပေတို မိသားစု

Vol. 21 Ch. 311

ပေတို မိသားစု

Vol. 21 Ch. 311

~ဖုန်းဝူချန်သည် သူ၏ ပုံစံပြောင်းလဲခြင်းအတွက် လုံးဝ စိုးရိမ်နေစရာ မလိုတော့ပေ။

'ငါ အခု အဓိကထားနေတာက ငါ့သွေးကြောထဲမှာ ပုန်းကွယ်နေတဲ့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားပဲ'

ယခု၊ ဂရုစိုက်နေသည်မှာ သူ၏ သွေးကြောထဲတွင် ဖုံးကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားသာ ဖြစ်သည်။

အချိန်ကုန် သက်သာစေရန်အတွက်၊ သူသည် လက်ရှိတွင် ကိုးထပ် ချန်ခွန်း မျှော်စင်၏ သတ္တမအလွှာ နေရာလပ်တွင် ရှိနေကါသည်။

"ငါ ဒီစွမ်းအား ရှိနေတာကို ခံစားမိနေတယ်။ ဒါပေမဲ့ အခုထိ ငါ သူ့ကို ဆုပ်ကိုင်လို့ မရသေးဘူး"

ဖုန်းဝူချန် မျက်မှောင်အနည်းငယ် ကျုံ့လိုက်မိသည်။

'နည်းနည်းတော့ လက်တိုင်မမီ ဖြစ်နေသလိုပဲ'

ထိုလျှို့ဝှက် ဆန်းကြယ်သော စွမ်းအားမှာ ဖမ်းဆုပ်ရ ခက်နေသည်ဟု ခံစားမိ၏။

"ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံအဆင့်က ဒီစွမ်းအားကို ထိတွေ့နိုင်လောက်အောင် မလုံလောက်သေးဘူးနဲ့ တူတယ်"

ဖုန်းဝူချန် တိတ်တဆိတ် တွေးဆလိုက်သည်။

"ထားလိုက်တော့။ နောက် (၃) ရက်ဆို အထီးကျန် နယ်မြေလည်း ဖွင့်တော့မယ်။ ပြင်ဆင်ရမယ့် အချိန်တန်ပြီ"

ဖုန်းဝူချန် ခေါင်းခါလိုက်ပြီး၊ အချိန် ဆက်မဖြုန်းတော့ပေ။

'ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက ငါ့သွေးကြောထဲမှာပဲ ပုန်းနေတာ။ ဘယ်မှ ထွက်ပြေးမှာမှ မဟုတ်တာ။ မကြာခင် ဒါမှမဟုတ် နောင်တစ်ချိန်ချိန်မှာ ဒါ ငါ့အပိုင် ဖြစ်လာမှာပဲ'

"အထီးကျန် နယ်မြေ ဖွင့်တဲ့အခါ ပေမင်ခုံနဲ့ မုရုန်ထျန်း သေချာပေါက် လာလိမ့်မယ်။ ဒီတစ်ခါတော့ မင်းတို့နှစ်ယောက် အထီးကျန် နယ်မြေထဲမှာပဲ အဆုံးသတ်သွားစေရမယ်လို့ ငါ အာမခံတယ်"

ထိုသို့ ကြိမ်းဝါးကာ ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် အန္တရာယ်အရှိန်အဝါ ပါသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ မျက်လုံးများ အရိုးထိအောင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

ထို့နောက် သူက အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ဆင့်ခေါ်လိုက်ပြီး၊ လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံးများနှင့် အခြား ဖြည့်စွက် ပစ္စည်းအချို့ကို ထုတ်ယူလိုက်၏။

"ဝုန်း.."

အတွေးတစ်ချက်ဖြင့် စိမ်းပြာရောင် မီးတောက်များ သူ၏ လက်ဖဝါးပေါ်တွင် ချက်ချင်း ခုန်ပေါက်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သိပ်သည်းလာပြီး နေရာလပ်၏ အပူချိန် တဟုန်ထိုး မြင့်တက်လာ၏စွမ်းအား။

'ငါ အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို လက်နက်သန့်စင်တော့မယ်'

နဂါးနတ်ဘုရားဓား။ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက်။ အစွမ်းထက်လှသည်။

သန့်စင်ပြီးနောက် ၎င်း၏ စွမ်းအားက အကြီးအကျယ် အလွန် တိုးတက်လာနိုင်၏။

"အရင်ဆုံးတော့ နဂါးနတ်ဘုရားဓားကို အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်အောင် အဆင့်မြှင့်တင်လိုက်ဦးမယ်"

ဖုန်းဝူချန် တကိုယ်တည်း အစီအစဉ်ချမှတ်လိုက်သည်။

ထို့နောက် သက်တမ်းရင့် ဥက္ကာခဲ သံတုံးအချို့နှင့် ဝိညာဉ်ကျောက်တုံးများ အပါအဝင် အခြား လက်နက်ဖန်တီးခြင်း ပစ္စည်းများကို ထုတ်ယူလိုက်၏။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နဂါးနတ်ဘုရားဓား သူ၏ ရှေ့တွင် ပျံဝဲနေသည်။ နောက်ထပ် လက်ဟန်တစ်ခု ရေးဆွဲလိုက်သည်။

ထိုအခါ၊ ဥက္ကာခဲ သံတုံးနှင့် လက်နက်ဖန်တီးခြင်း ပစ္စည်းများ နဂါးနတ်ဘုရားဓား၏ ပတ်လည်တွင် မျောလွင့် ဝဲပျံနေလေသည်။

ဖုန်းဝူချန် မီးတောက်များကို ပြင်းထန်စေရန် အသင့်ပြင်လိုက်ပြီး အလွန် အစွမ်းထက်သော လက်နက်ဖန်တီးခြင်း ပညာရပ်ကို စတင် အသုံးပြုလေ၏။ သူ၏ လက်လှုပ်ရှားမှုများ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလှသည်။

ဥက္ကာခဲ သံတုံးနှင့် ဖြည့်စွက် ပစ္စည်းများ မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အရည်ပျော်ကျသွားပြီး ဖုန်းဝူချန်၏ မှော်ဆန် နက်နဲသော ထိန်းချုပ်မှုအောက်တွင် အတူတကွ ရောနှောသွားသည်။ အရည်ပျော် ရောနှောသွားသော လက်နက် ပစ္စည်းများ နဂါးနတ်ဘုရားဓား အတွင်းသို့ ဖြည်းညှင်းစွာ စိမ့်ဝင်သွား၏။

ထင်ရသည်မှာ ရိုးရှင်းသော်လည်း ကျွမ်းကျင်လှသော ဤနည်းစနစ်များကို အခြား လက်နက်ဖန်တီးသူများ အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

နတ်ဘုရားလို အရည်အချင်း ဖြစ်သည့် 'အတွေးဖြင့် လက်နက်ဖန်တီးခြင်း' သည် အလွန် နက်နဲသော နယ်ပယ် ဖြစ်ပေသည်။

အခြား ပဉ္စမအဆင့် လက်နက် ဖန်တီးသူများပင်လျှင် ဥက္ကာခဲ သံတုံးကို အရည်ကျိုသည့်အခါ အချိန် အတော်အတန် ကြာမြင့်မည် ဖြစ်ပြီး အခြား ပစ္စည်းများနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်မလား ဆိုသည်မှာပင် မေးခွန်းထုတ်စရာ ဖြစ်နေသေး၏။

လက်နက်ဖန်တီးခြင်းနှင့် ဆေးပညာ နှစ်မျိုးလုံးသည် အဆင့်တိုင်း အရေးကြီးသည်။ တစ်ချက် လွဲချော်သွားရုံဖြင့် ကျရှုံးမှုသို့ ဦးတည်သွားနိုင်၏။

တစ်မိနစ်ပင် မပြည့်သေး။ နဂါးနတ်ဘုရားဓား၏ အရှိန်အဝါ လျင်မြန်စွာ မြင့်တက်လာပြီး ပိုမို ကြီးမားသော စွမ်းအား ထုတ်လွှတ်လာသည်။

အဆင့်မြင့် ဝိညာဉ်လက်နက်…။

အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် မျက်စိတစ်မှိတ် အတွင်း အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ပါး ဖြစ်လာခဲ့သည်။

"မဆိုးဘူး"

ဖုန်းဝူချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တိုးမြှင့်လာသော နဂါးနတ်ဘုရားဓား၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် သူ မျှော်လင့်ထားသည့် အတိုင်းပင်။

နဂါးနတ်ဘုရားဓားကို ဆုပ်ကိုင်လိုက်ရာ၊ ၎င်းသည် ဝိညာဉ် ရှိသကဲ့သို့ တုန်ခါသွားပြီး အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။ သူ့ကို တုံ့ပြန်နေသကဲ့သို့ပင်။

"ဒီလို အရှိန်အဝါမျိုးနဲ့ ဒါ 'အင်မော်တယ် လက်နက်' တော့ မဟုတ်သေးဘူး။ ဒါပေမဲ့ သာမန် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်လက်နဲ့ တော့ လုံးဝ ယှဉ်လို့ ရမှာ မဟုတ်ပါဘူး"

စိတ်အား ထက်သန်လာသဖြင့်၊ သူသည် စတင် ဓားလေ့ကျင့်လိုက်သည်။

ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာကို ထုတ်ဖော်လိုက်သောအခါ၊ လွှမ်းမိုးနိုင်သော ဓားစိတ်ဆန္ဒသည် နဂါးနတ်ဘုရားဓားထံမှ သိပ်သည်းထွက်လာပြီး စိတ်ဝိညာဉ်ကို ဖမ်းစားသွားသည်။

ဓားသည် သူ၏ နှလုံးသား အတိုင်း လိုက်ပါပြီး တိမ်တိုက်များ စီးဆင်းနေသော ရေများကဲ့သို့ သဘာဝကျသော လှပမှုဖြင့် လှုပ်ရှားနေသည်။ အနုပညာ သဘောတရားမှာ နက်နဲလှပြီး လှုပ်ရှားမှုများမှာ လျှို့ဝှက်ဆန်းကြယ်လှသည်။

ရိုက်ချက်တိုင်းတွင် အနှစ်သာရနှင့် ဆွဲဆောင်မှုတို့ ပါဝင်နေသည်။ အကယ်၍ တစ်စုံတစ်ယောက် မြင်တွေ့လိုက်ပါက သူတို့ ညှို့ယူဖမ်းစားခံရပြီး မိမိကိုယ်ကို မလွတ်မြောက်နိုင်ဘဲ ဤသည်မှာ ဓားသိုင်းပညာ မဟာသခင်တစ်ဦး၏ လက်ရာ ဖြစ်ကြောင်း အံ့ဩ ချီးကျူး နေမိကြလိမ့်မည်။

ဤကဲ့သို့ နက်နဲသော နယ်ပယ်သည် ဓားသိုင်းပညာ မဟာသခင် တစ်ဦးအတွက်ပင် ခြေချရန် ခက်ခဲလှသည်။

ပညာရပ် တစ်စုံ လေ့ကျင့် ပြီးဆုံးသွားသောအခါ၊ သတ္တမအလွှာ နေရာလပ် တစ်ခုလုံး ဖမ်းစားနိုင်သော ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေဆဲ ဖြစ်၏။

နဂါးနတ်ဘုရားဓားကို စိုက်ကြည့်ရင်း ဖုန်းဝူချန် ယုံကြည်မှု အပြည့် ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"ပေမင်ခုံ မင်းနဲ့ နောက်တစ်ခါ ပြန်တွေ့ရင် ငါ မင်းအသက်ကို သေချာပေါက် ယူမယ်"

သူ၏ မျက်လုံးများ ကမ္ဘာလောကကြီးကို အထက်စီးမှ ကြည့်နေသော အရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ စိမ်းပြာရောင် မီးတောက်များ သူ၏ လက်ဖဝါးထဲတွင် ကခုန်နေပြီး နောက်ထပ် အမူအရာတစ်ခု ပြုလုပ်လိုက်သည်။ လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံးများနှင့် ဖြည့်စွက် ပစ္စည်းများ ပျံဝဲတက်လာသည်။

"နဂါးနတ်ဘုရားဓားရဲ့ စွမ်းအား တိုးတက်လာတာနဲ့အမျှ ငါ့အစွမ်းနဲ့ဆို ထျန်းယွမ်ဘုံ ဆဌမအလွှာ တစ်ယောက်ကို အလွယ်တကူ ရင်ဆိုင်နိုင်ပြီ"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ သုံးသပ်လိုက်သည်။

"အုန်း.."

စိမ်းပြာရောင် မီးတောက်များ ရုတ်တရက် ပြင်းထန်လာပြီး သန့်စင်ခြင်း ပစ္စည်းများကို နဂါးနတ်ဘုရားဓား ပတ်လည်တွင် ဝေ့ဝဲစေသည်။

ဖုန်းဝူချန် သူ၏ အစစ်အမှန်ယွမ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး လျှို့ဝှက် နက်နဲသော တံဆိပ်များကို လက်ဖြင့် ပုံဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် နဂါးနတ်ဘုရားဓား နှင့် သန့်စင်ခြင်း ပစ္စည်းများ အားလုံး မှိန်ဖျော့သော ရွှေရောင် အလင်းတန်းများ ထုတ်လွှတ် လာကြ၏။

မကြာမီ လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံးများ အဓိက ပါဝင်သော ပစ္စည်းများ စွမ်းအင် အမျှင်တန်းများ စတင် ထုတ်လွှတ်လာပြီး နဂါးနတ်ဘုရားဓားကို လျှို့ဝှက်ဆန်းကြယ် မှော်ဆန်သော ပုံစံဖြင့် ရစ်ပတ်သွားသည်။

စွမ်းအင်က သန့်စင်လှသည်။ ဤ အံ့ဖွယ် စွမ်းအင် အမျှင်တန်းများ ခေတ္တမျှ ပျံဝဲနေပြီးနောက် နဂါးနတ်ဘုရားဓား အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံး ကဲ့သို့သော ပစ္စည်းများ ဆက်လက်၍ စွမ်းအင် ထုတ်လွှတ်နေသည်နှင့်အမျှ နဂါးနတ်ဘုရားဓား ၎င်းကို စုပ်ယူလိုက်ပြီး ၎င်း၏ အရှိန်အဝါ ပိုမို ခိုင်မာ လာလေသည်။

အသက်ရှုချိန် (၁၀) ချက် ကြာပြီးနောက် လက်နက်သန့်စင် ဝိညာဉ်ကျောက်တုံး ကဲ့သို့သော ပစ္စည်းများ ကုန်ဆုံးသွားသည်။

နဂါးနတ်ဘုရားဓား၏ အရှိန်အဝါ သိသိသာသာ ကြီးထွားလာပြီး ဒုတိယအဆင့် သန့်စင်ခြင်း အရှိန်အဝါကိုပါ ထုတ်လွှတ်နေတော့သည်။

'ဒါကို လက်နက်သန့်စင် သခင်တစ်ယောက်သာ မြင်လိုက်ရင်။ ငါ့ရဲ့ ဒီ မှော်ဆန်ပြီး အစွမ်းထက်တဲ့ သန့်စင်ခြင်း စွမ်းရည်ကြောင့် လန့် တောင် လန့်သွားမှာ'

"မဆိုးဘူး။ တော်တော် မဆိုးဘူး"

ဖုန်းဝူချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး၊ သူ၏ မျက်နှာ တောက်ပသော အပြုံးဖြင့် လင်းလက်သွားသည်။

အထွတ်အထိပ် နဂါးနတ်ဘုရားဓားတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ ၎င်းတွင် သန့်စင်ခြင်း၏ အရှိန်အဝါ ရှိနေသည်မှ လွဲ၍။ ၎င်းမှာ လုပ်ငန်းစဉ်၏ သင်္ကေတ ဖြစ်သည်။

နဂါးနတ်ဘုရားဓား၏ စွမ်းအား တိုးတက်လာခြင်းသည် ဖုန်းဝူချန်၏ တိုက်ခိုက်ရေး စွမ်းရည် လည်း တိုးတက်လာသည် ဟု အဓိပ္ပာယ် ရပြီး သူ၏ ဓားသိုင်းပညာများ ထုတ်ဖော် အသုံးပြုသည့်အခါ ပို၍ အစွမ်းထက်လာမည် ဖြစ်သည်။

"ဒါသာ ကိုးဆင့် (Nine Order) သန့်စင်ခြင်း သာ ဆိုရင်။ နဂါးနတ်ဘုရားဓားက 'တစ်ဝက်တစ်ပျက် အင်မော်တယ် လက်နက်' (half-step Immortal Artifact) နဲ့တောင် ယှဉ်နိုင်လောက်တယ်"

ဖုန်းဝူချန်က သူ့ဘာသာသူ တွေးတောလိုက်သည်။

သို့သော် ကိုးဆင့် သန့်စင်ခြင်းမှာ 'ကောင်းကင်သို့ တက်သကဲ့သို့ ခက်ခဲ'သည်။ (ဘာသာပြန်သူ မှတ်ချက်: '难如登天' (Nan Ru Deng Tian) သည် ဖြစ်ပြီး၊ ကောင်းကင်သို့ တက်ရခြင်းကဲ့သို့ အလွန်တရာ ခက်ခဲခြင်းဟု အဓိပ္ပာယ်ရသည်။) ကိုးဆင့် လက်နက် သန့်စင်နိုင်ဖို့ မပြောနှင့်။ သန့်စင်ခြင်း ပစ္စည်းများ တစ်ခုတည်းကပင် အလွန် တောင်းဆိုမှု များလှသည်။ အားလုံး ကောင်းကင်ဘုံအဆင့် တည်ရှိမှုများ။ 'ကံကောင်းမှ တွေ့နိုင်ပြီး ရရှိနိုင်ခြင်း မရှိ' ပေ။ (ဘာသာပြန်သူ မှတ်ချက်: '可遇而不可求' (Ke Yu Er Bu Ke Qiu) သည် ဖြစ်ပြီး၊ ကံကောင်း၍ တွေ့ဆုံနိုင်သော်လည်း တမင်တကာ ရှာဖွေ၍ မရနိုင်သော ရှားပါးသည့် အခွင့်အရေး သို့မဟုတ် အရာဝတ္ထုဟု အဓိပ္ပာယ်ရပါသည်။)

အဆင့် (၉) လက်နက်သန့်စင် သခင်များမှာ အလွန် ရှားပါးသည်။ ပြည်မကြီးတွင် တစ်ခါမျှ မမြင်တွေ့ဖူးခဲ့။

'နဝမ အဆင့်ကို ခဏ မေ့ထားလိုက်။ အဲ့ဒီ ပစ္စည်းတွေ အတွက် ရွှေဒင်္ဂါး ဘယ်လောက် ကုန်မလဲ ဆိုတာတောင် ငါ မသိဘူး။ ပိုက်ဆံ ရှိရင်တောင် ရနိုင်မှာ မဟုတ်ဘူး'

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။ နဂါးဆိုး ကိုယ်တိုင်ပင် အဌမ အဆင့် လက်နက်သန့်စင် သခင် မျှသာ။

သူ အဆင့် (၈) သာ ဖြစ်သော်လည်း သူသည် ပြည်မကြီး၏ လက်မှုပညာသည် အားလုံး မမီနိုင်သော သူ ဖြစ်နေဆဲပင်။

ကိုးထပ် ချန်ခွန်း မျှော်စင်မှ ထွက်လာပြီးနောက်၊ ဖုန်းဝူချန်သည် လျိုချင်းယန်နှင့် အခြားသူများကို ရှာဖွေရန် စီစဉ်ထားသော်လည်း၊ စိုးရိမ်ပူပန်နေသော မော့ယန်က သူ့အား အရေးတကြီး တားဆီးလိုက်၏။

"ဆေးဧကရာဇ်။ ဆေးဧကရာဇ်"

နတ်ဘုရားဆေးလုံးသခင်ကြီး မော့ယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

မော့ယန် ဤမျှ ထိတ်လန့်နေသည်ကို မြင်သောအခါ၊ ဖုန်းဝူချန်က မေးမြန်းလိုက်သည်။

"နတ်ဘုရားဆေးလုံးသခင်ကြီး၊ ခင်ဗျားကို ဒီလောက် တုန်လှုပ်စေတဲ့ ကိစ္စ ဘာများလဲ၊ ဘာကိစ္စ ရှိလို့လဲ"

"ဆေးဧကရာဇ် ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ခန်းမဆောင်ကြီးဆီ လိုက်ခဲ့ပါ။ ဥက္ကဋ္ဌကြီးလည်း အခုလေးတင် သတင်း ရထားပါတယ်ဗျ"

မော့ယန်က အလျင်အမြန် ဆိုသည်။ သူ အခုထိ သိပ် မသေချာသေးပါ။

'နတ်ဘုရားဆေးလုံးသခင်ကြီးက စိတ်ဓာတ် ခိုင်မာပြီး လောကဓံ အတွေ့အကြုံ များတဲ့ လူ။ သူ ဒီလောက် ထိတ်လန့်နေတာ။ ဒါ သေးငယ်တဲ့ ကိစ္စ မဖြစ်နိုင်ဘူး'

ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားသည်။ သူ၏ မျက်နှာအမူအရာ ပိုမို လေးနက် လာ၏။

"သွားကြစို့"

—---

လေလံပွဲ ခန်းမဆောင်ကြီး၌၊

ချူချန်ခုံးနှင့် အခြားသူများ စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြ၏။

"ဥက္ကဋ္ဌကြီးချူ"

ခန်းမဆောင်ကြီး အပြင်ဘက်မှ လိန်ဝူယဲ့၏ စိုးရိမ်ပူပန်သော အသံ ထွက်ပေါ်လာသည်။

ဖုန်းလန်ဂိုဏ်းမှ လိန်ဝူယဲ့သည် စန်းဟွမ်နှင့် အခြား အဆင့်မြင့် အရာရှိများနှင့်အတူ ခန်းမဆောင်ကြီးထဲသို့ အလျင်စလို ဝင်ရောက်လာကြ၏။ စန်းဟွမ်၏ မျက်နှာအမူအရာမှာ အထူး လေးနက် နေသည်။

"ဥက္ကဋ္ဌကြီးချူ။ ဒီသတင်း တကယ် ဟုတ်လို့လား" ဟု လိန်ဝူယဲ့က အရေးတကြီး မေးလိုက်၏။

ချူချန်ခုံးက ကူကယ်ရာမဲ့စွာ ခါးသီးသော အပြုံးဖြင့် ပြန်ဖြေသည်။

"ဒါ မဟုတ်ဘဲ နေပါ့မလား။ ဒီလို ကိစ္စမျိုးကို ကျွန်တော်က နောက်ရဲပါ့မလား"

စန်းဟွမ်၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး၊ သူ၏ အိုမင်းသော မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ပေတို မိသားစုက တကယ် ပြန်လာတော့မှာလား"

ချူချန်ခုံးက စိုးရိမ်ပူပန်စွာ ပြန်ဖြေလာသည်။

"သတင်းက အခုလေးတင် ရတာ။ ပေတို မိသားစုက ကိုယ်စားလှယ် ကိုယ်တိုင် သတင်း လာပို့တာ။ ပေတို မိသားစု မနက်ဖြန် ပြန်လာမယ်တဲ့၊ သတင်းက ပျံ့နေလောက်ပြီ။ ပေတို မိသားစုက ညစာစားပွဲကြီး ပြင်ဆင်နေတယ်။ ကျိုကျိုးက အင်အားစုတွေ မိသားစုတွေ အားလုံးကို မနက်ဖြန် 'ချန်' နာရီ မတိုင်ခင် တက်ရောက်ဖို့ ဖိတ်ထားတယ်ဗျ" (ဘာသာပြန်သူ မှတ်ချက်: '辰' (Chen) နာရီသည် တရုတ်ရိုးရာ အချိန်ကိုးကားမှုအရ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ဖြစ်ပါသည်။)

"မနက်ဖြန်"

လိန်ဝူယဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ကျောက်ယွန်ချန်က လေးနက်စွာ ဆိုသည်။

"ကြည့်ရတာ ပေတို မိသားစုက အထီးကျန် နယ်မြေ မဖွင့်ခင် ကျိုကျိုးက အင်အားစုတွေ မိသားစုတွေ အားလုံးကို သူတို့ရဲ့ အုပ်ချုပ်မှုအောက် သွတ်သွင်းဖို့ ရည်ရွယ်နေပုံပဲ"

"ပေတို မိသားစုလား…."

ခန်းမဆောင်ကြီး အပြင်ဘက်မှ ဖုန်းဝူချန်၏ အံ့ဩသံ ထွက်ပေါ်လာခြင်စ ဖြစ်ပါသည်။

"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်"

ဖုန်းဝူချန်၏ အသံကို ကြားသောအခါ၊ ချူချန်ခုံးနှင့် အခြားသူများအားလုံး ရိုသေစွာ အရိုအသေ ပြုလိုက်ကြသည်။

"ကြည့်ရတာ တကယ် ဟုတ်နေပုံပဲ"

နတ်ဘုရားဆေးလုံးသခင်ကြီးက အနည်းငယ် တုန်ယင်စွာ ဆိုသည်။

လူတိုင်း၏ ထိတ်လန့် ကြောက်ရွံ့နေသော မျက်နှာအမူအရာများကို မြင်သောအခါ၊ ဖုန်းဝူချန်က မေးလိုက်သည်။

"ပေတို မိသားစုက အဲ့ဒီလောက် သန်မာလို့လား။ ပြောပြစမ်းပါဦး"

"ဆေးဧကရာဇ် မသိသေးလို့ပါ။ ပေတို မိသားစုက တစ်ချိန်က ကျိုကျိုးရဲ့ အသန်မာဆုံး အင်အားစု။ ကျိုကျိုးရဲ့ အရှင်သခင် ပဲ။ သူတို့ လောကကြီးကနေ ဆုတ်ခွာသွားပြီလို့ ဆယ်စုနှစ် အတော်ကြာ ကြေညာခဲ့တယ်။ ဒါပေမဲ့ ဘာ အကြောင်းရင်း ကြောင့်မှန်း မသိဘဲ ဒီနေ့ ရုတ်တရက် ပေတို မိသားစု ပြန်လာတော့မယ် ဆိုတဲ့ သတင်း ထွက်လာတာပါ"

ဟူ၍ ချူချန်ခုံးက ရိုသေစွာ ပြန်ဖြေသည်။

မော့ယန်ကလည်း ခါးသီးသော မျက်နှာဖြင့် ပြောလာသည်။

"ပေတို မိသားစုက အရမ်း အစွမ်းထက်တယ်။ ကျိုကျိုးက အဓိက အင်အားစုတွေ အားလုံး ပေါင်းလိုက်ရင်တောင် ကျွန်တော်တို့ ပေတို မိသားစုကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"အိုး။ အဲ့ဒီလောက်တောင် သန်မာတာလား"

ဖုန်းဝူချန် အနည်းငယ် အံ့ဩသွားသည်။ ကျိုကျိုးတွင် ဤမျှ အစွမ်းထက်သော မိသားစု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လေလံပွဲကပင် ပေတို မိသားစုကို ဤမျှ သတိထားနေရခြင်းသည် သူတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသရန် လုံလောက်နေသည်။

ချူချန်ခုံးက ခေါင်းညိတ်ပြီး ဆိုသည်။

"ဆယ်စုနှစ် အတော်ကြာ ကျိုကျိုးကို ကြီးစိုးခဲ့တာ။ ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက် ပေတို မိသားစုရဲ့ အစွမ်း ပိုပြီး ကြီးမားလာမှာ သေချာတယ်။ ဒီတစ်ခါ ပေတို မိသားစုက ညစာစားပွဲကြီး ကျင်းပပြီး ကျိုကျိုးက အင်အားစုတွေ မိသားစုတွေ အားလုံးကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်။ ပြီးတော့ သူတို့ ကိစ္စ တော်တော်များများ ကြေညာမယ်လို့ ပြောတယ်"

"ဘယ်လို ကိစ္စတွေ လဲ"

လိန်ချင်းဖုန်းက စပ်စုစွာ မေးလိုက်သည်။

ချူချန်ခုံးက ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။

"ဒါ မေးစရာ လိုသေးလို့လား။ ကျိုကျိုးကို ကြီးစိုးဖို့ ကိစ္စ ပေါ့"

"ကျိုကျိုးကို ကြီးစိုးမယ်"

ထိုအခါ၊ ဖုန်းဝူချန်၏ မျက်လုံးများ ထက်ရှသွားသည်။ သူ၏ အကြည့်များ ကြောက်မက်ဖွယ် စူးရှမှုများဖြင့် ပြည့်နှက်နေသည်။

'ဟ။ ငါ့ ပန်းတိုင်က ကျိုကျိုးကို သိမ်းပိုက်ဖို့။ အခု ပေတို မိသားစုက ရုတ်တရက် ဝင်ပြီး ကျိုကျိုးကို ကြီးစိုးချင်တယ်။ ငါက လွယ်လွယ် လက်လွှတ်ပေးရမှာလား'

သူက ကျန့်လင်တောင်ကြားကို မျိုးဖြုတ်၊ နန်းကုန်းမိသားစုကို ဖိနှိပ်၊ လေလံပွဲကို ထိန်းချုပ်၍ ရှီဝမ်ဂိုဏ်းနှင့် ရှောင်မိသားစု ကလွဲလျှင် ကျိုကျိုးကို သိမ်းပိုက်ပြီးသား ဖြစ်နေလေပြီ။

'ဒီအချိန်မှ ပေတို မိသားစုက ထွက်လာပြီး ပြိုင်ဆိုင်တယ် ဆိုတာ တော်တော် လွန်လွန်းနေပြီ။ ကြည့်ရတာ ငါ ဒီလောက် လုပ်ခဲ့သမျှ ပေတို မိသားစု ကျိုကျိုးရဲ့ တော်ဝင် အာဏာကို ယူဖို့ ကူညီပေးသလို ဖြစ်နေပါလား'

'ငါနဲ့ ကျိုကျိုးကို လာပြိုင်ချင်တယ် ဟုတ်လား'

ဖုန်းဝူချန်၏ နှုတ်ခမ်းများ အန္တရာယ် အရှိန်အဝါ ပါသော အကွေးအညွတ် ဖြစ်သွားသည်။

တခြားသူတွေ ပေတို မိသားစုကို ကြောက်နိုင်ပေမဲ့ ဖုန်းဝူချန်က မကြောက်ပါ။

"ငါတို့ မသွားချင်ရင် မသွားဘဲ နေလို့ ရတာပဲ။ ပေတို မိသားစုက ကျိုကျိုးကို ကြီးစိုးချင်ရင် သူတို့ အစွမ်း သူတို့ ပြရမှာပေါ့"

လိန်ချင်းဖုန်းက အေးစက်စွာ ပြောဆိုလိုက်ကာ ပေတို မိသားစု၏ လုပ်ရပ်များကို ရှုံ့ချလာသည်။

လိန်ဝူယဲ့က ခေါင်းခါလိုက်၏။

"ငါတို့ မသွားဘူး ဆိုရင် ဘယ် အင်အားစု ပဲ ဖြစ်ဖြစ် သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်"

"ဆေးဧကရာဇ် ခင်ဗျား ဘယ်လို စီစဉ်ထားလဲ။ ကျွန်တော်တို့ သွားသင့် မသွားသင့်"

မော့ယန်နှင့် ချူချန်ခုံး နှစ်ဦးလုံး ဖုန်းဝူချန်ထံသို့ ကြည့်လိုက်ကြသည်။

"သွားရမှာပေါ့။ လုံးဝ သွားရပါမယ်"

ဖုန်းဝူချန်က တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်၏။

"ပေတို မိသားစုက 'ဘာပန်းပွင့်တွေများ ကစားဦးမလဲ’ ဆိုတာ ငါ တွေ့ချင်သေးတယ်" (ဘာသာပြန်သူ မှတ်ချက်: '耍什么花样' (Shua Shenme Huayang) သည် ဖြစ်ပြီး၊ 'ဘာပန်းပွင့်တွေများ ကစားဦးမလဲ' ဟု တိုက်ရိုက် အဓိပ္ပာယ်ရကာ၊ 'ဘာ လှည့်ကွက်တွေ၊ အကြံအစည်တွေ ထုတ်သုံးမလဲ' ဟု ဆိုလိုပါသည်။)

ဖုန်းဝူချန်၏ အဖြေကို ကြားသောအခါ၊ ဆေးဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာများ အားလုံး ပြောင်းလဲသွားကြပြီး ဖုန်းဝူချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

'ဒီကောင်။ သူ ပေတို မိသားစုကို အဆုံးထိ ရင်ဆိုင်ဖို့ ပြင်ဆင်နေတာပဲ'

ဆေးဧကရာဇ်နှင့် အခြားသူများ ဘေးမှ ကျန်းကျွင့်လန်ထံသို့ ကြည့်လိုက်ကြသည်။ သို့သော် ကံဆိုးသည်မှာ ကျန်းမိသားစုသည် ပြည်မကြီးမှ လာခြင်း ဖြစ်ပြီး ကျန်းကျွင့်လန် ဝင်ရောက် စွက်ဖက်လိုလျှင်ပင် အချိန် ခွင့်ပြုမည် မဟုတ်ပေ။

'ငါ့ နယ်မြေကို လာယူချင်တယ် ဟုတ်လား။ ဟွန့်။ 'သေလမ်းရှာ' နေတာပဲ'

ဖုန်းဝူချန် သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် လှောင်ရယ်လိုက်သည်။

ပေတို မိသားစုအနေနှင့် သူ့အား မဖိနှိပ်နိုင်ပေ။

သူ၏ မျက်လုံးများ

ကောင်းကင်အောက်ရှိ အရာအားလုံးကို အထက်စီးမှ ကြည့်လျက် ဖုန်းဝူချန်က မောက်မာစွာ ဆိုလိုက်၏။

"ကျိုကျိုးကို ကြီးစိုးချင်ရင်.. သူတို့ အရင်ဆုံး ငါ သဘောတူ..မတူ လာမေးရလိမ့်မယ်”

All Chapters