ကျိုကျိုး ဆူပွက်သွားခြင်း
Vol. 21 Ch. 312
~"ပေတို မိသားစု ပြန်လာမယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပေတို မိသားစုက ဒီလောက် ကြောက်စရာကောင်းတာ ကျိုကျိုးမှာ ဘယ်သူက သူတို့ကို နိုင်မှာလဲ"
"ငါ ကြားတာ မှန်ရဲ့လား။ ပေတို မိသားစု ပြန်လာမယ်တဲ့။ သူတို့က သူတို့က ငါတို့ ကျိုကျိုးရဲ့ အရှင်သခင် အစစ်အမှန်တွေ။ ဒီသတင်းက ယုံရလို့လား"
"ကျိုကျိုးတော့ ကမောက်ကမ ဖြစ်တော့မယ်။ အရင်တော့ ဖုန်းဝူချန်။ အခု ပေတို မိသားစု ထပ်လာပြန်ပြီ"
ပေတို မိသားစု ပြန်လာမည့် သတင်းသည် ကပ်ရောဂါတစ်ခုပမာ ကျိုကျိုးရှိ အဓိက အင်အားစုများ၊ မြို့ကြီးများနှင့် မိသားစုများအားလုံးထံသို့ တစ်မုဟုတ်ချင်း ရိုက်ခတ်သွားလေ၏။
မိသားစု ခေါင်းဆောင်တစ်ဦးက အလျင်အမြန် အမိန့်ပေးနေသည်။ ပေတို မိသားစုထံ ပထမဆုံး ရောက်ရှိပြီး အထင်အမြင် ကောင်းအောင် လုပ်ဆောင်ရန် မျှော်လင့်နေ၏။
"အချိန်က အရေးကြီးတယ်။ ပေတို မိသားစုဆီ ချက်ချင်း သွား။ ငါတို့က ပေတို မိသားစုဆီ ပထမဆုံး ရောက်တဲ့သူ ဖြစ်ရမယ်"
"ပေတို မိသားစုက ဒီလောက် ကြောက်စရာကောင်းတာ။ သူတို့နဲ့သာ ဆက်ဆံရေး ကောင်းကောင်း ထူထောင်နိုင်ခဲ့ရင် ငါတို့ ဝမ်မိသားစု တိုးတက်ဖို့က လက်တစ်ကမ်းမှာပဲ"
"မြန်မြန်လုပ်။ အကောင်းဆုံး လက်ဆောင်တွေ ပြင်ဆင်ပြီး ထွက်ခွာကြ"
"ပေတို မိသားစု ရုတ်တရက် ပြန်လာတာ ကျိုကျိုးကို တစ်ဖန် ပြန်လည် ကြီးစိုးဖို့ ကြိုးစားတာ သေချာတယ်။ ငါတို့ အမြန် လှုပ်ရှားရမယ်။ ဒါ ငါတို့ ကုန်းမိသားစု ထင်ပေါ်ကျော်ကြားလာဖို့ အခွင့်အရေးပဲ"
"မိသားစုခေါင်းဆောင်။ ထိပ်တန်း အရည်အသွေး ကောင်းကင်နှင့်မြေကြီး ရတနာတွေ အားလုံး ပြင်ဆင်ပြီးပါပြီ"
"ကောင်းတယ်။ ပေတို မိသားစုဆီ ချက်ချင်း သွားမယ်"
ဤနေ့တွင် ကျိုကျိုးတစ်ခွင် စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်သွားတော့သည်။
"ကောင်းလိုက်တာ။ ပေတို မိသားစု ပြန်လာပြီ။ ငါ့ ယန်မိသားစု တိတ်ဆိတ်နေခဲ့တာ ကြာလှပြီ။ နောက်ဆုံးတော့ ငါတို့ တက်လမ်းရမယ့် နေ့ ရောက်လာပြီ"
သတင်းသည် ကျိုကျိုး၏ ထောင့်နေရာတိုင်းသို့ စိမ့်ဝင်သွားပြီး အချို့သော သန်မာသည့် မိသားစုများမှာ နောက်တစ်နေ့ကိုပင် မစောင့်တော့ဘဲ ပေတို မိသားစုထံသို့ အပြေးအလွှား သွားနေကြသည်။
ပေတို မိသားစုက အလွန် သန်မာလွန်းသည်။
သူတို့ ဆယ်စုနှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော်လည်း သူတို့၏ ဩဇာလွှမ်းမိုးမှုနှင့် ဟန့်တားနိုင်စွမ်း တို့မှာ ရှိနေဆဲ ဖြစ်၏။
ပေတို မိသားစု၏ တည်ရှိမှုက ကြားရသူတိုင်းကို ကျောချမ်းသွားစေသည်။
ဆူပွက်နေသော ကျိုကျိုးတွင် အချို့ အင်အားစုများ စိတ်လှုပ်ရှားနေကြသလို အချို့မှာ စိုးရိမ်ပူပန် နေကြသည်။
ယခင် အရှင်သခင် ပြန်လာခြင်းသည် ထီးနန်းကို ပြန်လည် သိမ်းပိုက်ရန် နှင့် ကျိုကျိုး၏ အာဏာ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ရှင်းလင်းနေသည်။
—------
ထိုအချိန်တွင်၊ ရှီဝမ်ဂိုဏ်း၏ ခန်းမဆောင်ကြီး၌၊
ဂိုဏ်းချုပ် ရှီဟွမ်၏ မျက်နှာအမူအရာ မည်းမှောင်နေသလို အကြီးအကဲများ ၏ မျက်နှာများ လည်း ထိုနည်း၎င်း။
"ဆယ်စုနှစ်တွေ ကြာအောင် ပုန်းကွယ်နေပြီးမှ ပေတို မိသားစုက နောက်ဆုံးတော့ ပြန်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ရှီဟွမ်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ သူ၏ မျက်နှာအသွင်အပြင် အလွန် အကျည်းတန်နေ၏။
"နောက် (၃) ရက်ဆို အထီးကျန် နယ်မြေ ဖွင့်တော့မယ်။ ပေတို မိသားစုက ဒီအချိန်ကို ရွေးပြီး ပြန်လာတာ။ ရှင်းနေတာပဲ။ သူတို့က ငါတို့ကို ပေတို မိသားစုဆီ အညံ့ခံဖို့ သတိပေးနေတာပဲ"
မဟာအကြီးအကဲက ဒေါသတကြီး ရှုံ့ချလေသည်။ သူ၏ အိုမင်းသော မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ကြမ်းတမ်းမှုကို မဖုံးကွယ်ထားပေ။
ရှီထျန်း မျက်မှောင်ကျုံ့လိုက်သည်။ သူ ပေတို မိသားစု တည်ရှိခြင်းအကြောင်း တစ်ခါမှ မကြားဖူးခဲ့ပါ။
"ပေတို မိသားစုက တကယ်ပဲ အဲ့ဒီလောက် သန်မာလို့လား"
ထိုအခါ တတိယ အကြီးအကဲက ခေါင်းခါရင်း အားအင်ကုန်ခန်းစွာ ရှင်းပြလိုက်သည်။
"ဂိုဏ်းချုပ်လေး.. ပေတို မိသားစုရဲ့ အစွမ်းက မင်း စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်တယ်။ ကျိုကျိုးက ကြီးမားတဲ့ အင်အားစုတွေ မိသားစုတွေ အားလုံး ပေါင်းရင်တောင် သူတို့ကို မယှဉ်နိုင်ဘူး။ ထပ်ပြီး ပြောရရင် ပေတို မိသားစုရဲ့ မိသားစုခေါင်းဆောင်က ထျန်းယွမ်ဘုံ အဋ္ဌမအလွှာကို ရောက်နေလောက်ပြီ"
'ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ။ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သနည်း။
‘ကျန်းကျွင့်လန်ရဲ့ နောက်လိုက်။ သူ အဋ္ဌမအလွှာ။ သူ ထျန်းယွမ်ဘုံ ပဉ္စမအလွှာ ရှောင်ရန်ကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာ။ ရှောင်ရန် ပြန်တောင် မတိုက်ခိုက်နိုင်လိုက်ဘူး။ ဆဌမအလွှာ သမားတွေတောင် ဒီလို ကံကြမ္မာမျိုးပဲ ရင်ဆိုင်ရမှာ'
ဖုန်းဝူချန်တောင် အဲ့ဒီ အရည်အချင်း ရှိမှာ မဟုတ်ဘူး။
"ဒီလောက်တောင် သန်မာတာလား"
ရှီထျန်း အကြီးအကျယ် တုန်လှုပ်သွားပြီး သူ၏ အမူအရာ အနည်းငယ် ကြောင်ငေးသွားသည်။
ရှီဟွမ် ဖြည်းညှင်းစွာ မျက်လုံးများကို မှိတ်လိုက်ပြီး အသက် ပြင်းပြင်း ရှူလိုက်သည်။
"'အပြောင်းအလဲတွေကို စောင့်ကြည့်' ကြတာပေါ့"
(ဘာသာပြန်သူ မှတ်ချက်: '静观其变' (Jing Guan Qi Bian) သည် ဖြစ်ပြီး၊ အခြေအနေ မည်သို့ ပြောင်းလဲလာမည်ကို တိတ်တဆိတ် ဝင်မပါဘဲ စောင့်ကြည့်ခြင်းဟု အဓိပ္ပာယ်ရပါသည်။)
—---------
နန်းကုန်းမိသားစု၏ ခန်းမဆောင်ကြီး၌။
ပြောစရာ မလိုပေ။ ၎င်းသတင်းက နန်းကုန်းမိသားစုထံ ရောက်ရှိလာ လေသည်။
နန်းကုန်းမိသားစု အကြီးအကျယ် နစ်နာခဲ့သော်လည်း နန်းကုန်းလီ ရှိနေသမျှ သူတို့က နန်းကုန်းမိသားစု ဖြစ်နေဆဲပင်။
"အဖေ ၊ ပေတို မိသားစု ပြန်လာတာနဲ့ ကျွန်တော်တို့ သူတို့ရဲ့ အစွမ်းကို အသုံးချပြီး ဖုန်းဝူချန်ကို မျိုးဖြုတ်။ ကျန့် အတွက် လက်စားပြန်ချေ နိုင်ပြီ"
နန်းကုန်းထျန်းဟန်က ခန်းမဆောင်ကြီးထဲတွင် ယုတ်မာစွာ ဆိုလိုက်သည်။
"တိတ်စမ်း"
နန်းကုန်းလီက ခက်ထန်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ ခန့်ညားထည်ဝါသော အရှိန်အဝါက ခန်းမဆောင်ကို လွှမ်းခြုံသွားသည်။
"ထျန်းဟန် အရာတွေက မင်း ထင်သလောက် မရိုးရှင်းဘူး"
နန်းကုန်းယွီဝမ်က ခေါင်းခါရင်း ဆိုသည်။
"ပေတို မိသားစု ပြန်လာတာ ကျိုကျိုးကို ပြန်လည် ထိန်းချုပ် ကြီးစိုးဖို့ ရည်ရွယ်တာ သံသယ ရှိစရာမလိုဘူး။ ဒါ ဆိုလိုတာက နန်းကုန်းမိသားစု လည်း အညံ့ခံရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါ ဘာကို ဆိုလိုလဲ မင်း နားလည်ရဲ့လား"
'နန်းကုန်းမိသားစု ကျိုကျိုးရဲ့ ထိပ်တန်း အင်အားစုတွေထဲက တစ်ခု။ ပေတို မိသားစုဆီ အညံ့ခံရမယ်။ ဒါဆို ငါတို့ မျက်နှာ ဘယ်မှာ သွားထားတော့မလဲ။ နန်းကုန်းမိသားစု အနာဂတ် ဆိုတာ ပြောစရာ ရှိပါဦးမလား'
နန်းကုန်းထျန်းဟန် မသိနားမလည် ခြင်း မဟုတ်။ သို့သော် သူ၏ စိတ် မုန်းတီးမှုဖြင့် ဖုံးလွှမ်းနေပြီး နန်းကုန်းကျန့် အတွက် လက်စားချေရန် ဖုန်းဝူချန်ကို ရှင်းလင်းပစ်ရန် တစ်ခုတည်းကိုသာ အာရုံစိုက်နေသည်။
"ပေတိုရွှမ်း ထျန်းယွမ်ဘုံ အဋ္ဌမအလွှာကို ရောက်နေလောက်ပြီ"
နန်းကုန်းဝူဟန်က မျက်မှောင် တင်းကြပ်စွာ ကျုံ့ရင်း ဆိုသည်။ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု သူ၏ မျက်လုံးများထဲ ဖြတ်ပြေးသွားသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နန်းကုန်းလီက ပြတ်သားစွာ ဆိုသည်။
"နန်းကုန်းမိသားစုက ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး"
ကျိုကျိုး၏ အင်အားစုကြီးများသည် နှစ်ပေါင်းများစွာ တိုက်ခိုက် နေကြရသည်။ အားလုံး သူတို့၏ လက်ဖြင့် တည်ဆောက်ခဲ့ကြသည်။ အားလုံး သူတို့၏ တစ်ဘဝတာ သွေး ဖြစ်သည်။
ပေတို မိသားစု ပေါ်လာသည်နှင့် သူတို့က ထိန်းချုပ်ချင်သည်။ ကျိုကျိုးရှိ အင်အားစုများ မိသားစုများ အားလုံးကို ကြီးကြပ်ချင်သည်။ ကျိုကျိုးမှ အဓိက အင်အားစုကြီး တစ်ခု အနေဖြင့် သူတို့ မည်သို့ ဆန္ဒရှိရှိ အညံ့ခံ နိုင်မည်နည်း။
'ပေတို မိသားစုဆီက ဖိတ်စာ။ ငြင်းလိုက်ရင် တိုက်ရိုက် ပြစ်မှားတာ ဖြစ်သွားမယ်။ အကျိုးဆက်။ တွေးတောင် မတွေးရဲစရာ။ သွားရင် သွားရင်လည်း ပေတို မိသားစုဆီ အညံ့ခံရဦးမယ်။ မငြင်းဘူး ဆိုရင်။ ပေတို မိသားစုက တစ်ယောက်ယောက်ကို စံနမူနာပြ လုပ်မှာ သေချာတယ်။ ကျိုကျိုးက အင်အားစုတွေ မိသားစုတွေကို ကြမ်းတမ်းတဲ့ အင်အားသုံး ဖိနှိပ်မှာ'
ကျိုကျိုးမှ အင်အားစုများ ရွေးချယ်စရာ မရှိခဲ့ပေ။
ပေတို မိသားစုက အလွန် ကြီးစိုးလွန်းသည်။ သူတို့ ခုခံ မတိုက်ခိုက်နိုင် လောက်အောင် အစွမ်းထက်လွန်းသည်။ ပေတို မိသားစုထံမှ အမိန့် တစ်ခုတည်း သူတို့၏ အင်အားစုများ မိသားစုများကို မျက်စိတစ်မှိတ် အတွင်း ဖျက်ဆီး နိုင်လေသည်။
—-------
ရှောင်မိသားစု ၌မူ။
ရှောင်ရန်၏ သေဆုံးမှုက ရှောင်မိသားစု၏ အစွမ်းကို အလွန် လျော့ကျ သွားစေပြီး သူတို့ကို ဒေါသ ဝမ်းနည်းမှုများဖြင့် ပြည့်စေသည်။
ဖုန်းဝူချန်၏ အစွမ်းက ကြီးမားလွန်းသည်။ ရှောင်မိသားစု လက်စားမချေနိုင်။ အထူးသဖြင့် ကျန်းကျွင့်လန်၏ ဆရာကို။ ရှောင်မိသားစု ဖုန်းဝူချန်ကိုပင် မနိုင်။ ကျန်းမိသားစုကို ပြောစရာ မလို။
သို့သော် ရှောင်မိသားစု၏ ဒေါသ ဝမ်းနည်းမှု အလယ်တွင် ပေတို မိသားစု ပြန်လာမည့် သတင်းက မျှော်လင့်ချက် အလင်းတန်း တစ်ခု ယူဆောင်လာသည်။
"အဖေ။ တုံ့ဆိုင်း မနေပါနဲ့တော့။ ကျွန်တော် ဒီ မကျေနပ်မှုကို မျိုချ မထားနိုင်တော့ဘူး။ ဖုန်းဝူချန်ကို သတ်နိုင်မှ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ရတော့မှာ။ သူ မသေဘဲ အစ်ကိုကြီး 'မျက်စိမှိတ်' နိုင်မှာ မဟုတ်ပါဘူး" (ဘာသာပြန်သူ မှတ်ချက်: '瞑目' (Ming Mu) သည် 'မျက်စိမှိတ်ခြင်း' ဟု တိုက်ရိုက် အဓိပ္ပာယ်ရကာ၊ သေဆုံးပြီးနောက် စိတ်ကျေနပ်စွာ သို့မဟုတ် ငြိမ်းချမ်းစွာ အနားယူနိုင်ခြင်းကို ဆိုလိုပါသည်။)
ရှောင်ချင်းရှန်က ဒေါသတကြီး အံကြိတ်ရင်း ဆိုသည်။
"ဖုန်းဝူချန်က မောက်မာပြီး ကြီးစိုးလွန်းတယ်။ ရှောင်မိသားစု ဒါကို သည်းမခံနိုင်ဘူး။ ရှောင်ရန် သေဆုံးတာကို လက်တုံ့မပြန်ဘဲ မထားနိုင်ဘူး။ ငါတို့သာ ပေတို မိသားစုရဲ့ ထောက်ခံမှုကို ရနိုင်မယ် ဆိုရင်။ အညံ့ခံရတော့ ဘာဖြစ်လဲ။ သူတို့ရဲ့ ထောက်ခံမှုနဲ့ ရှောင်မိသားစု အာဏာ ပြန်ရလာနိုင်တယ်"
ဒုတိယ အကြီးအကဲကလည်း လေးလံသော အသံဖြင့် "ငါတို့ ဖုန်းဝူချန်ကို ရှင်းပစ်ရမယ်။ မိသားစုခေါင်းဆောင် အတွက် လက်စားပြန်ချေ ရမယ်”
ဟု ကြုံးဝါးလိုက်သည်။
ရှောင်မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ လုံလောက်စွာ သည်းခံခဲ့ရပြီး ဖြစ်သည်။ ရှောင်ယွမ်ရှန်း ပင်လျှင် ဖုန်းဝူချန် အလွန် လွန်ကဲသွားသည်ဟု ခံစား နေမိသည်။
"မိသားစုခေါင်းဆောင် အတွက် လက်စားပြန်ချေ ရမယ်"
'ပေတို မိသားစုဆီ အညံ့ခံတာ။ ဒါ ဒါ ရှောင်မိသားစု ဖုန်းဝူချန်ကို ရှင်းပစ်ပြီး ရှောင်ရန် အတွက် လက်စားပြန်ချေ နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ'
ပေတို မိသားစု၏ အစွမ်းဖြင့် ဖုန်းဝူချန်ကို ဖယ်ရှားပစ်ရန် ခက်ခဲလိမ့်မည် မဟုတ်။
အဓိကနေရာတွင် ထိုင်နေသော ရှောင်ထျန်းချန် မှာ အလွန် အိုမင်း သွားခဲ့ပြီး အလွန် ပင်ပန်းနွမ်းနယ် နေပုံရသည်။ သူက နက်ရှိုင်းသော အသံဖြင့် ဆိုသည်။
"ရှောင်မိသားစုက တကယ်ပဲ ဒီလောက် နိမ့်ကျသွားရပြီလား"
ပေတို မိသားစု ပြန်လာမည့် သတင်း ကျိုကျိုးတစ်ခွင်လုံး အနှံ့အပြားဟိုးလေးတကျော် ဖြစ်နေလေ၏။
သို့သော် ဖုန်းဝူချန် အတွက်မူ ဘာမှ မဖြစ်ခဲ့သလိုပင်။ သူ လင်ရှောင်ရှောင် နှင့် အခြားသူများနှင့်အတူ နတ်ဘုရား ဆေးလုံးမြို့တော်၏ လမ်းမများပေါ်တွင် လျှောက်လှမ်းနေလေသည်။
"အစ်ကိုဖုန်း ၊ ခင်ဗျား ပေတို မိသားစု အတွက် နည်းနည်းလေး တောင် မစိုးရိမ်ဘူးလား"
လျိုချင်းယန်က နတ်ဘုရား ဆေးလုံးမြို့တော်၏ လမ်းမများပေါ်တွင် မျက်မှောင်ကျုံ့ရင်း ပြောလိုက်သည်။
ဘာမှ ဂရုမစိုက် ပေါ့ပေါ့ပါးပါး ဖြစ်နေသော ဖုန်းဝူချန်ကို ကြည့်ရင်း လျိုချင်းယန် အမှန်တကယ် စိုးရိမ် နေမိသည်။
"ပေတို မိသားစုက သိပ်သန်မာတယ်။ စိုးရိမ်နေလို့ ဘာ အသုံးကျမှာလဲ။ စိုးရိမ် နေမယ့်အစား မင်းရဲ့ ကျင့်ကြံအဆင့် ဘယ်လို ပိုမြန်အောင် တိုးတက်အောင် လုပ်မလဲ ဆိုတာ စဉ်းစားနေတာက ပို ကောင်းဦးမယ်ကွ"
ဖုန်းဝူချန်က ပခုံးတွန့်ရင်း ဂရုမစိုက် ဟန်ဖြင့် တုံ့ပြန်လိုက်သည်။
ထိုစဉ်၊ မြောင်ချင်းချင်းက "အစ်ကိုကြီးဖုန်း ကျွန်တော်တို့ ဘယ်သွားနေတာလဲ"
ဟု မေးလာသည်။
"တုန်းယွင်မြို့"
ဖုန်းဝူချန်က နတ်ဘုရား ဆေးလုံးမြို့တော်မှ မမြန်လွန်း မနှေးလွန်း ထွက်ခွာရင်း ပြန်ဖြေ လေသည်။
တုန်းယွင်မြို့သည် နတ်ဘုရား ဆေးလုံးမြို့တော်၏ တောင်ဘက်တွင် တည်ရှိပြီး၊ မဝေးလှပေ။
(၁၀) မိနစ်အတွင်း၊ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် တုန်းယွင်မြို့၏ တံခါးဝသို့ ရောက်ရှိလာသည်။
"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်"
တုန်းယွင်မြို့၏ ဝင်ပေါက်တွင် သက်လတ်ပိုင်း အရွယ် အမျိုးသား (၄) ဦး ရိုသေစွာ ဦးညွှတ် နေကြသည်။ သူတို့နောက်တွင် အကြီးအကဲ အချို့နှင့် အခြား သက်လတ်ပိုင်း အမျိုးသားများ လည်း အရိုအသေ ပေး နေကြ၏။
သူတို့သည် တုန်းယွင်မြို့၏ အဓိက မိသားစုကြီး (၄) ခု ဖြစ်သော ဟန် ဟွမ် စုန့် နှင့် လျို မိသားစုများမှ ဖြစ်ကြသည်။
ဖုန်းဝူချန် တုန်းယွင်မြို့သို့ ရောက်ရှိလာသည်ကို သိရှိသောအခါ သူတို့ အားလုံး မည်သည့် နှောင့်နှေးမှု မှ မရှိဘဲ သူ့ကို ကိုယ်တိုင် လာရောက် ကြိုဆိုကြခြင်း ဖြစ်လေသည်။
"ဟုတ်ပါပြီ"
ဖုန်းဝူချန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဆေးဧကရာဇ် ၊ ပင်းဖော့ နှင်းကြာပန်းက အလွန်အမင်း အေးခဲတဲ့ အရာ ဖြစ်ပြီး အလင်းရောင်ကို မခံနိုင်ပါဘူး။ ဆေးဧကရာဇ် ကိုယ်တိုင် လာကြည့်ရတာ ဒုက္ခ ဖြစ်စေပါတယ်"
ဟန်မိသားစု ခေါင်းဆောင်က ရိုသေစွာ ဆိုရင်း ဖုန်းဝူချန်ကို မြို့ထဲသို့ အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။
"ဘယ်လောက် ရှိပါသလဲ"
ဖုန်းဝူချန်က မေးသည်။
"မများပါဘူး။ (၁၈) ပင် ပဲ ရှိပါတယ်"
ဟန်မိသားစု ခေါင်းဆောင်က ရိုသေစွာ ပြန်ဖြေသည်။
"အင်း။ လုံလောက်ပါတယ်"
ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။
တုန်းယွင်မြို့မှ မိသားစုကြီး (၄) ခု ၏ မိသားစု ခေါင်းဆောင်များ ဖုန်းဝူချန်ကို မြို့တံခါးဝတွင် ကိုယ်တိုင် ကြိုဆိုနေခြင်းက ကြည့်ရှုသူ များစွာကို ဆွဲဆောင် နေသည်။
'ဒီလူငယ်က ဘယ်သူလဲ။ ဩဇာ ကြီးလိုက်တာ။ မိသားစု ခေါင်းဆောင် (၄) ယောက် နဲ့ အဆင့်မြင့် အဖွဲ့ဝင်တွေ ကိုယ်တိုင် လာကြိုရတယ်'
"ဟို လူငယ်လေးက တော်တော် ထင်ရှားတာပဲ။ သူ့ နောက်ခံက ဘာများလဲ။ သူနဲ့ အတူ ပါလာတဲ့ မိန်းကလေး နှစ်ယောက်က တကယ် လှတာပဲ"
"အားယိုး.. မိသားစုကြီး (၄) ခု က ကိုယ်တိုင် ကြိုဆိုရတယ်။ တော်တော် ဩဇာကြီးတာပဲ။ ဘယ်သူ များ လဲ မသိဘူး"
“သူ တုန်းယွင်မြို့က လုံးဝ မဟုတ်ဘူး။ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူးကွ”
လူအုပ်ကြီးမှာ တီးတိုး တီးတိုးနှင့် ဆွေးနွေး ပြောဆို နေကြသည်။ အမှန်တကယ်ပင် တုန်းယွင်မြို့ အတွင်း မိသားစုကြီး (၄) ခု လူငယ် တစ်ယောက်ကို ကိုယ်တိုင် ကြိုဆိုခြင်းမှာ အလွန် ရှားပါးလေ၏။
—-----
ဟန်မိသားစု အိမ်တော်..၊
နောက်ဖေးခြံ၌၊
ဟန်မိသားစု ခေါင်းဆောင် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ကို မြေအောက် ရေခဲ တိုက်ခန်း ဆီသို့ ဦးဆောင် ခေါ်သွားသည်။
ရေခဲ တိုက်ခန်း အေးခဲနေပြီး အရိုးထိအောင် အေးစိမ့်ကာ ၎င်း၏ အေးစက်သော အရှိန်အဝါ ဖိနှိပ် နေ ယူလေသည်။
ထို့အပြင် ဆေးဖက်ဝင် အပင် များစွာ၏ အနံ့များနှင့် ဝိညာဉ်စွမ်းအင်များ အထူး ထူထပ်နေ၏။
ဒါက ဟန်မိသားစု ခေါင်းဆောင် ဆေးဖက်ဝင် အပင်များ စိုက်ပျိုး ရာ နေရာ ဖြစ်သည်။
ဟန်မိသားစု ခေါင်းဆောင်သည် တတိယ အဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သည်။ သူ၏ နယ်ပယ်များ မမြင့်မား သော်လည်း သူက ဆေးဖက်ဝင် အပင်များ စိုက်ပျိုးခြင်းကို နှစ်သက်လေသည်။
"မိသားစုခေါင်းဆောင် ဟန်။ ဒီ ရေခဲ တိုက်ခန်းက နည်းနည်း မအေးလွန်းဘူးလားဟင်"
လျိုချင်းယန်က တုန်ယင်နေရင်း မေးလိုက်သည်။
ယွမ်တန်ဘုံ ဆဌမအလွှာ ပင်လျှင် ဤ အေးစက်သော လေကို မခံနိုင်ပါ။ ၎င်းမှာ သာမန် အအေးဓာတ် မဟုတ်ကြောင်း ပြသနေလေသည်။
"ပင်းဖော့ နှင်းကြာပန်းက အလွန် ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးထွား တာပါ။ သာမန် အေးစက်တဲ့ လေ က သူ့ ကြီးထွားမှုကို မထောက်ပံ့ နိုင်ပါဘူး။ ရေခဲ တိုက်ခန်း ထဲက အေးစက်တဲ့ လေ က (၄၉) ရက် တိုင်တိုင် သန့်စင် ထားတာပါ။ ဒါကြောင့် ပင်းဖော့ နှင်းကြာပန်း ကြီးထွားဖို့ အလွန် သင့်တော်ပါတယ်။ ဒါပေမဲ့ (၁၈) ပင် ပဲ ရှိပါတယ်"
ဟန်မိသားစု ခေါင်းဆောင်က စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။
ဖုန်းဝူချန်က ချီးကျူးလိုက်သည်။
"အဆင့် (၃) ဆေးပညာရှင် တစ်ယောက် ဖြစ်ရတာနဲ့ ထိုက်တန်သားပဲ။ ခင်ဗျား ပင်းဖော့ နှင်းကြာပန်း အကြောင်း တော်တော် သိတာပဲ"
"ဆေးဧကရာဇ် မြှောက်ပင့် နေပါပြီ။ ကျွန်တော့်ရဲ့ ဒီ အရည်အချင်း သေးသေးလေးက ဘာမှ မဟုတ်ပါဘူး"
ဟန်မိသားစု ခေါင်းဆောင်က ကျိုးနွံစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။ ဆေးဧကရာဇ်၏ ရှေ့တွင် ကြွားလုံးထုတ် မပြရဲ။ သူ့မှာ ထိုသို့ လုပ်ဆောင်ရန် အရည်အချင်း မရှိပါ။
"ဆေးဧကရာဇ်။ ပင်းဖော့ နှင်းကြာပန်း ကို ဘာအတွက် လိုအပ်တာလဲ ဆိုတာ မေးလို့ ရမလား"
လျိုမိသားစု ခေါင်းဆောင်က သိလိုစိတ်ကို ထုတ်မေးလိုက်သည်။
"အလွန်အမင်း အေးခဲတဲ့ အရာ က အလွန်အမင်း ပူပြင်းတဲ့ အရာ တစ်ခုကို တန်ပြန် နိုင်တယ်။ ပေါင်းစပ် လိုက်တဲ့အခါ သူတို့ကို ထိန်းညှိ နိုင်ပြီး ပို သိမ်မွေ့ သွားစေတယ်။ ကျင့်ကြံရာမှာ အသုံးပြုရင် အကျိုး အလွန် ကြီးမားတယ်လေ"
ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြုံးရင်း ဆိုသည်။
ရေခဲ တိုက်ခန်း၏ အနက်ရှိုင်းဆုံး အပိုင်း။ စတုရန်း မီတာ ဒါဇင် အနည်းငယ် ကျယ်ဝန်းသော အခန်း အတွင်း ရေခဲ ပုံဆောင်ခဲ အပင် (၁၈) ပင် ရှိနေသည်။ ဒါတွေက ပင်းဖော့ နှင်းကြာပန်း များ ဖြစ်ကြ၏။
ပင်းဖော့ နှင်းကြာပန်း ဆိုသည့်အတိုင်း နှင်းကဲ့သို့ ဖြူဖွေးသော ပွင့်ချပ်များ ရေခဲကဲ့သို့ ရှိပြီး တောက်ပ နေသည်။ အလွန် လှပလေ၏။
ပင်းဖော့ နှင်းကြာပန်းဟူသည်မှာ အလွန် ရှားပါးပြီး အဖိုးတန်သည်။ ကျယ်ပြန့် သန့်စင်သော ရေခဲ ဂုဏ်သတ္တိ စွမ်းအင် ပါဝင်ပြီး ရေခဲ အခြေပြုကျင့်ကြံသူများ အတွက် ပဉ္စမအဆင့် ကျင့်ကြံခြင်း အရင်းအမြစ် နှင့် ညီမျှ၏။
"ဆေးဧကရာဇ်၊ ဒီ (၁၈) ပင် ကြီးထွားဖို့ (၈) နှစ် ကြာခဲ့ပါတယ်။ သူတို့က တကယ့် စစ်မှန်တဲ့ ပင်းဖော့ နှင်းကြာပန်း တွေထက် အများကြီး နိမ့်ကျပါတယ်။ ပြီးတော့ ပါဝင်တဲ့ ရေခဲ ဂုဏ်သတ္တိ အစစ်အမှန်ယွမ် က သိပ် မသန်မာပါဘူး"
ဟန်မိသားစု ခေါင်းဆောင်က အမှန်အတိုင်း တင်ပြ၏။
"ကိစ္စမရှိပါဘူး။ ဘယ်လို အလွန် အေးခဲတဲ့ ဆေးဖက်ဝင် အပင် ပဲ ဖြစ်ဖြစ် ရပါတယ်"
ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် လက် ဝှေ့ယမ်းလိုက်၏။
လျိုချင်းယန်ဘက်သို့ လှည့်ကြည့်ရင်း ဖုန်းဝူချန် ပြုံးလိုက်ပြီး "ချင်းယန် မင်း အမြဲတမ်း မင်းရဲ့ ကျင့်ကြံနှုန်း နှေးတာကို မကျေမနပ် ပြောနေတာ မဟုတ်လား။ ကြောက်စရာကောင်းတဲ့ ကျင့်ကြံနှုန်း တစ်ခု စမ်းကြည့်ချင်လား"
ဟု မေးလိုက်သည်။
"ကြောက်စရာကောင်းတဲ့ ကျင့်ကြံနှုန်း"
လျိုချင်းယန်၏ မျက်လုံးများ လင်းလက်သွားပြီး သူ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။
ဖုန်းဝူချန်က သူ၏ ညာဘက် လက်ညှိုးကို ထောင်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် …
"လဝက် အတွင်း အဆင့် တစ်ဆင့် တက်မယ်"
…..လဝက် အတွင်း အဆင့် တစ်ဆင့် တက်မည်။….
ထို စကား (၆) လုံး ချက်ချင်းပင် ရှိနေသူ အားလုံးကို မှင်တက်သွားစေတော့သည်။