ငါ မင်းကို ထွက်သွားလို့ ပြောနေတယ်
Vol. 21 Ch. 314
~"သေခြင်းတရားကို မသိမမြင်ပါလား"
ဟော့လင်၏ မျက်နှာသည် မထီမဲ့မြင် အေးစက်သော လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"သခင်လေးဟော့က ပြောစရာမရှိအောင် အစွမ်းထက်တာပဲ"
"မနိုင်စရာပဲ မနိုင်စရာပဲ။ ဒီကောင်က သင်ခန်းစာ ကောင်းကောင်း ရသင့်တယ်။ လူတချို့က ပြစ်မှားလို့ မရဘူးဆိုတာ သူ သိသွားအောင်လို့"
"ဟုတ်တယ် ဟုတ်တယ်။ သခင်လေးဟော့ဆီက သတို့သမီး လာလုရဲတယ်။ ဒီကောင်စုတ်က သေလမ်းရှာနေတာပဲ"
လူအုပ်ကြီးက မျက်နှာလို မျက်နှာရဖြင့် တစ်ယောက်ပြီးတစ်ယောက် ဖားယားနေကြသည်။
လက်ဝါးတစ်ချက် ရိုက်ရုံဖြင့် လျိုဖုန်း ပြင်းထန်စွာ ဒဏ်ရာရသွားပြီး အသက် လုနေရ၏။
"လျိုဖုန်း"
ထိုအချိန်တွင် သတို့သမီး ဝေါယာဉ် အတွင်းမှ နောက်ဆုံးတွင် ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ရှိုက်ငိုသံနှင့်အတူ ထွက်ပေါ်လာတော့သည်။
'ဒီလူ.., ဒီလောက် အသဲအသန် တိုက်ခိုက်နေတာ။ ကြည့်ရတာ သူ လိမ်နေပုံ မရဘူး'
လျိုချင်းယန်က ထိုသို့ တွေးတောကာ လျိုဖုန်းကို တစ်ချက် သတို့သမီး ဝေါယာဉ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဟော့လင်၏ မောက်မာထောင်လွှားသော အမူအရာကို ကြည့်ရင်း မြောင်ချင်းချင်းက စက်ဆုပ်စွာ ရှုံ့ချလေသည်။
"သူ့ကို ကြည့်လိုက်တာနဲ့ လူကောင်း တစ်ယောက် မဟုတ်မှန်း သိသာနေတယ်”
ဟော့လင်၏ အကြည့် လမ်းမအလယ်တွင် ရပ်နေသော ဖုန်းဝူချန်ထံသို့ လှည့်သွားသည်။
'ဟမ်'
သူ အနည်းငယ် အံ့ဩသွားပုံရ၏။
အကြောင်းမှာ သူ ဖုန်းဝူချန်၏ ကျင့်ကြံအဆင့် အတိမ်အနက်ကို မခွဲခြားနိုင်နေပေ။
'ဒီလူ၊ ငါ့ထက် အစွမ်း သာနေတာလား။ မဖြစ်နိုင်ပါဘူး။ ငါက ယွမ်တန်ဘုံ သတ္တမအလွှာ။ ငါ့ရဲ့ ဒီ လက်ဝါးချက်ကို ဆဌမအလွှာသမားတောင် ဒီကောင်လေး ဖမ်းထိန်းလိုက်သလို အလွယ်တကူ တားနိုင်မှာ မဟုတ်ဘူး။ ငါ့အစွမ်းကို ငါ ယုံကြည်မှု အပြည့်ရှိတယ်။ ဒီလူက အလွန်ဆုံး ယွမ်တန်ဘုံ ဆဌမအလွှာ ပဲ ဖြစ်ရမယ်'
ဟော့လင် ဖုန်းဝူချန်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ အာရုံ လင်ရှောင်ရှောင်နှင့် မြောင်ချင်းချင်းထံ ကျရောက်သွားသည်။
အထူးသဖြင့် လင်ရှောင်ရှောင်။
သူမ၏ အလှတရားက သူ၏ မျက်လုံးများကို ချက်ချင်း လင်းလက် သွားစေ၏။
'ဝိုး။ ကောင်းကင်ဘုံက နတ်သမီး တစ်ပါးကျနေတာပဲ။ မူချိုင်ယီလောက် လှတဲ့ မိန်းမ ဒီလောကကြီးမှာ ရှိသေးတယ်။ သူတို့က ဘယ်သူတွေလဲ။ တုန်းယွင်မြို့ကတော့ မဖြစ်နိုင်ဘူး'
လူအုပ်ကြီး လမ်းခွဲသွားသည်နှင့် လူတိုင်း နောက်ဆုံးတွင် တိုင်းပြည် တုန်လှုပ် လောက်သည့် အလှတရား ပိုင်ရှင် လင်ရှောင်ရှောင်ကို သတိပြုမိ သွားကြသည်။
မျက်လုံး အစုံလိုက် လင်ရှောင်ရှောင်ထံ တည့်တည့် စိုက်ကြည့် နေကြသည်။ မျက်တောင် ပင် မခတ်။ လူ အများအပြား၏ ပါးစပ်မှ တံတွေးများ ယိုစီးကျ လျက် သားရဲ တစ်ကောင် သဖွယ် သူမအပေါ် ခုန်အုပ် လိုက်ချင် နေကြသည်။
လူတိုင်း၏ အကြည့်ထဲမှ ယုတ်မာသော ရည်ရွယ်ချက်များကို ခံစားမိ သဖြင့် လင်ရှောင်ရှောင် မျက်မှောင် အနည်းငယ် ကျုံ့လိုက်ပြီး အေးစက်သော အရှိန်အဝါ ထုတ်လွှတ် လိုက်သည်။
အေးစက် နေသည်။ အရမ်း အေးစက် နေသည်။ လူများ ထိန်းမနိုင် သိမ်းမရ တုန်လှုပ် သွားကြသည်။
"မင်း တော်တော် လက်ဆပြင်းတာပဲ။ သူ့အသက် နည်းနည်းလေး ပဲ လိုတော့တယ်" လျိုချင်းယန် မျက်မှောင်ကျုံ့ ကာ လျိုဖုန်း၏ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။
လျိုဖုန်း၏ ဒဏ်ရာများ ပြင်းထန်ပြီး သူ ယခု တစ်ဝက် သတိလစ် နေသော အခြေအနေပင် ဖြစ်၏။
လျိုချင်းယန် များများ မစဉ်းစား ဘဲ ကုသဆေးလုံး တစ်လုံး အလျင်အမြန် ထုတ်ယူ ကာ လျိုဖုန်းကို တိုက်ကျွေး လိုက်သည်။
'ငါတို့ "လျို" မျိုးရိုး နာမည် တူလို့ ပဲ ဖြစ်မယ်။ နည်းနည်း သနားသွားသလိုပဲ'
ဖုန်းဝူချန် ခေါင်းခါ လိုက်သည်။
သို့သော်၊ ဝင် မစွက်ဖက်ပါ။ လူတစ်ယောက် မျက်စိရှေ့မှာ သေနေတာ လက်ပိုက် ကြည့်နေ၍မှ မဖြစ်သည်ကိုး။
သို့သော် လျိုချင်းယန် လျိုဖုန်းကို ဆေးလုံး တိုက်ကျွေး နေစဉ် ဟော့လင် ချဉ်းကပ် လာသည်။ လင်ရှောင်ရှောင်နှင့် ဖုန်းဝူချန်ကို တစ်ချက် ကြည့် လိုက်ပြီး သူ၏ နှုတ်ခမ်းတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံး တစ်ခု ပေါ်လာသည်။
"ဟေ့ကောင်။ ဘယ်သူက မင်းကို သူ့ကို ဆေးလုံး တိုက်ကျွေးခွင့် ပြု လို့လဲ" ဟော့လင်က အေးစက်စွာ မေးသည်။
"မင်း သူ့ကို သင်ခန်းစာ ပေး ပြီးပြီပဲ။ ဘာ ထပ် ဖြစ်ချင် နေ သေး လဲ"
လျိုချင်းယန်က မျက်မှောင်ကျုံ့ရင်း ဟော့လင်ကို ကြောက်ရွံ့ခြင်းမရှိ ရင်ဆိုင် မေးလိုက်သည်။
'ဒီကောင်။ ငါ့ကို ပြန် ရန်တွေ့ နေတာလား'
ဟော့လင် လျိုချင်းယန်ကို မထီမဲ့မြင် ကြည့် လိုက်ပြီး လှောင်ရယ်လိုက်သည်။
"ငါ သူ့ကို အခွင့်အရေး ပေး ပြီးပြီ။ သူက တန်ဖိုး မထား ပဲ ငါ့ကို လာ ရန်စ ဖို့ ရွေးချယ် ခဲ့တာ။ ငါ လှုပ်ရှား ပြီးမှတော့ ဘာလို့ သူ့ကို အသက်ရှင် ခွင့် ထားရ မှာလဲ။ မင်း သူ့ကို ဆေးလုံးပေးလိုက်တာ ငါ့ကို ရန်သူ လုပ်တယ် ဆိုတဲ့ အဓိပ္ပာယ် ပဲ"
ထိုအခါ၊ လျိုချင်းယန်၏ မျက်နှာ အေးစက် သွားသည်။
"ညီလေး။ ဒီ ဘဝ မှာ မင်း ဘယ်သူ့ကို အပြစ်ပြုလို့ ရ ပြီး ဘယ်သူ့ကို ထိပါးလို့ မရ ဘူး ဆိုတာ နားလည် ရမယ်။ မတရားမှု ကို တွေ့ ရင်တောင် မင်း လမ်း ကို ဘယ်သူ ပိတ် ထား လဲ ဆိုတာ ကြည့် ပြီး ကိုယ့် အစွမ်း ကိုယ် ချိန်ဆ ရမယ်ကွ"
ဟော့လင်က လျိုချင်းယန်၏ ပခုံး ကို ပုတ် ရင်း အထက်စီး ဆန်သော ပုံစံ ဖြင့် ဆုံးမ နေသည်။
သူ၏ အကြည့် ဖုန်းဝူချန်ထံ ရွှေ့ သွားပြီး နောက်ဆုံး လင်ရှောင်ရှောင် အပေါ် အခြေချ သွားသည်။
ထို့နောက် ဟော့လင်က မောက်မာစွာ ဆိုသည်။
"မင်းတို့က တုန်းယွင်မြို့က မဟုတ်ဘူး။ ဒါကြောင့် ငါ ဘယ်သူ လဲ ဆိုတာ မသိ လောက် ဘူး။ ငါက ဟော့မိသားစုရဲ့ သခင်လေး။ ဟော့မိသားစုရဲ့ ပါရမီရှင်။ ဟော့မိသားစုက တုန်းယွင်မြို့ရဲ့ မိသားစုကြီး (၄) ခု လောက် ဂုဏ် မကြီး ပေမဲ့ အဲ့ဒီ မိသားစု (၄) ခု လုံး ငါ့ ဟော့မိသားစုကို ဂရုစိုက် ရတယ်။ ငါတို့က သာမန် မိသားစု မဟုတ်ဘူး။ ဟော့မိသားစုက တုန်းယွင်မြို့မှာ ကိုယ်ပိုင် ရပ်တည်မှု ရှိတယ်။ ဒါ အပြင် ငါက နတ်ဘုရား ဆေးလုံးမြို့တော်က ကျန်းမိသားစုရဲ့ သခင်လေး နဲ့ လည်း သိကျွမ်း တယ်။ ကျန်းမိသားစု ဆိုတာ တုန်းယွင်မြို့က မိသားစုကြီး (၄) ခု တောင် မထိရဲ တဲ့ တည်ရှိမှုမျိုးပဲ"
ဟော့လင် တတွတ်တွတ် ပြော နေသည်မှာ လင်ရှောင်ရှောင် ကို ပြောပြနေ သလိုပင်။
သူ ဘယ်လောက် အစွမ်းထက် ကြောင်း ဟော့မိသားစု ဘယ်လောက် ဩဇာ လွှမ်းမိုးကြောင်း ကြွားဝါနေလေ၏။
"သခင်လေးဟော့က သခင်လေးကျန်း နဲ့တောင် သိတယ်။ အံ့ဩစရာပဲ"
"ကျန်းမိသားစုက နတ်ဘုရား ဆေးလုံးမြို့တော်က အဓိက မိသားစု (၅) ခု မှာ ဒုတိယ အသန်မာဆုံး ပဲ။ သူတို့ နောက်မှာ လေလံပွဲ တောင် ရှိသေးတယ် လေ"
"ဒါ ဒါဆို သခင်လေးဟော့ နောက်ကွယ်မှာ လေလံပွဲ ရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ် ပေါ့"
လူအုပ်ကြီး အံ့အားသင့်စွာ ကြွေးကြော် လိုက်ကြသည်။ ဟော့လင်ထံတွင် ဤမျှ သန်မာသော နောက်ခံ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြ ပေ။
ဖုန်းဝူချန်နှင့် အခြားသူများ တုံ့ပြန် မလာ သည်ကို တွေ့ သောအခါ ဟော့လင် သူတို့ ရင်သပ်ရှုမော ဖြစ်သွားပြီဟု ယူဆလိုက်၏။ သူ့ စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ် သွားသည်။
'ဟားဟား။ ကြောက်သွားကြပြီ။ ဒီလောက် ကြီးမားတဲ့ ဩဇာနဲ့ သန်မာတဲ့ နောက်ခံ နဲ့ ဆို ဘယ် မိန်းမ က ဒီ သွေးဆောင်မှုကို ငြင်းဆန်နိုင်မှာလဲ။ ငါ့ နောက်လိုက်ရင် ဘဝမှာ ဘာမှ ပူစရာ မလိုတော့ဘူး။ ပိုကောင်းတဲ့ ကျင့်ကြံခြင်း အခြေအနေတွေ၊အရင်းအမြစ်တွေလည်း ရမှာလေ…'
"ဒီနေ့ ငါ့ မင်္ဂလာ နေ့ ဖြစ်တာကို ထောက်ထား ပြီး။း.. ငါ့ မိသားစုမှာ တခြား လေးစားရတဲ့ ဧည့်သည် တွေကို ဖျော်ဖြေ ရဦးမယ်။ ငါ မင်းတို့ကို အရေး မယူတော့ဘူး။ ဒါ အပြင် မင်းတို့ကို ငါ့ အိမ်တော်မှာ ဧည့်သည် အဖြစ် ဖိတ်ခေါ် မယ်လေ၊ အဲ့ဒီမှာ အရေးကြီး ပုဂ္ဂိုလ် တွေ နဲ့ မိတ်ဆက်ပေးမယ်"
ဟော့လင်က သူ၏ အကြည့်ကို လင်ရှောင်ရှောင် အပေါ် စူးစိုက် ထား ရင်း ဂုဏ်ယူစွာ ဆိုသည်။
အေးစက်သော အကြည့်ဖြင့် လင်ရှောင်ရှောင်က ထိုမောက်မာနေသော ဟော့လင်ကို ကြည့်လိုက်ပြီး အေးစက်စွာ ရေရွတ်လိုက်သည်။
"အသိဉာဏ် မရှိတဲ့ လူ"
လင်ရှောင်ရှောင်ထံမှ ထို စကားလုံး နှစ်လုံးကို ကြား လိုက်ရသောအခါ ဟော့လင်၏ ဂုဏ်ယူနေသော မျက်နှာ ချက်ချင်း တောင့်တင်းသွားသည်။
"မင်း ပြောပြီးပြီလား။ ပြီးရင် ထွက်သွား တော့" ဖုန်းဝူချန်က အေးစက်စွာ ဆိုသည်။
တစ်စုံတစ်ယောက်က လင်ရှောင်ရှောင်ကို တပ်မက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို သူ အလွန် မကျေမနပ်ဖြစ်နေလေ၏။
ဖုန်းဝူချန်၏ စကားများက ဟော့လင်၏ မျက်နှာကို ပိုမို မည်းမှောင် သွားစေသည်။
"သောက်ကောင်စုတ်။ မင်း ဘာပြော လိုက်တယ်။ မင်း သတ္တိရှိရင် နောက် တစ်ခေါက် ထပ်ပြောကြည့်စမ်း" ဟော့လင်က ဒေါသတကြီး အံကြိတ်ရင်း မေးလိုက်၏။
"မင်း နားပင်းနေတာလား။ ငါ မင်းကို ထွက်သွားလို့ ပြောနေတယ်" ဖုန်းဝူချန်က အေးစက်စွာ ငေါက်ငမ်းလိုက်သည်။ သူ၏ လေသံက အနည်းငယ် ပိုအေးစက် သွားသည်။
လျိုချင်းယန်၏ မျက်နှာ မထီမဲ့မြင် အမူအရာဖြင့် ပြည့်နှက်နေသည်။
"ကိုယ့်ကိုယ်ကို.. အထင်ကြီး နေလိုက်တာ"
ဟော့လင်၏ မျက်နှာပေါ်မှ ကြွက်သားများ ပြင်းထန်စွာ တုန်လှုပ် သွား၏။ သူ လုံးဝ မယုံနိုင်ပေ။
သူ့နောက်ခံကို ထုတ်ဖော်ပြီးတာတောင် သူ့ ရှေ့က လူတွေက ဒီလောက် မောက်မာ ရဲသေးသည်လား။
ဟော့မိသားစု၏ အစောင့်များလည်း
ကြောင်ငေး သွားကြသည်။
'သခင်လေး ကို ထွက်သွား လို့ ပြော ရဲ တယ် ဟုတ်လား'
လမ်းမပေါ်မှ လူအုပ်ကြီးလည်း မှင်တက် သွားကြသည်။
"အဲ့ဒီ ကောင်လေး တော်တော် မောက်မာတာပဲ။ သခင်လေးဟော့က ကြင်ကြင်နာနာ ဖိတ်ခေါ် နေတာ။ ငြင်း ရင် ငြင်း လိုက် ပေါ့။ သခင်လေးဟော့ ကို ထွက်သွား လို့ ပြော ရဲ တယ်"
"အဲ့ဒီ မိန်းမကလည်း သခင်လေးဟော့ ကို အသိဉာဏ်မရှိဘဲ စော်ကား ရဲတယ်။ သူတို့ ရူးနေကြပြီလား။ သေလမ်း ရှာ နေတာပဲ"
"သခင်လေးဟော့ကို ပစ်မှားမိမှတော့ သူတို့ သေ တော် မယ်။ သူတို့ တုန်းယွင်မြို့ကနေ အရှင် ထွက်သွား နိုင်မှာ မဟုတ်ဘူး"
လူအုပ်ကြီး တုန်လှုပ်နေကြသည်။ ဟော့လင်၏ ရှေ့တွင် တစ်စုံတစ်ယောက် ဤမျှ မောက်မာရဲပြီး သခင်လေးဟော့ ကို စော်ကားရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
"သူတို့ နားပင်း နေတာလား။ သခင်လေးဟော့ ခုနက ပြောတာ မကြား ဘူး လား။ သခင်လေးဟော့က ကျန်းမိသားစုရဲ့ သခင်လေး နဲ့ သိတယ်။ ဒါ လေလံပွဲက သခင်လေးဟော့ ရဲ့ နောက်ခံ ဖြစ်နေသလိုပဲ ဆိုတဲ့ အဓိပ္ပာယ် ပဲ" သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက ဖုန်းဝူချန် နှင့် သူ၏ အဖွဲ့ကို အရူးများ ကြည့်သလို ကြည့်ရင်း ဆိုသည်။
"အရူးတွေ။ လုံးဝ ရယ်စရာ ကောင်းတယ်။ သခင်လေးဟော့ ကို ပြစ်မှားတာ 'သေလမ်းရှာ' နေတာပဲ"
လူများ တစ်ယောက်ပြီးတစ်ယောက် စိတ်ပျက်လက်ပျက် ခေါင်းခါ လိုက်ကြသည်။ အချို့က မထီမဲ့မြင်။ အချို့က 'သူများ ဒုက္ခရောက်တာ ကြည့်ပြီး ပျော်' နေကြသည်။
အားလုံးက ဖုန်းဝူချန် နှင့် သူ၏ အဖော်များ 'သေလမ်းရှာ' နေကြသည်ဟု ထင်နေကြလေသည်။
"ဒါ ဒါ သူ ပဲ။ ဖုန်း…"
သို့သော် တစ်စုံတစ်ယောက် နောက်ဆုံးတွင် ဖုန်းဝူချန်ကို မှတ်မိ သွားသည်။
ထိုလူက သူ့ကို အလွန်အမင်း ထိတ်လန့် တကြား ကြည့် လိုက်ပြီး တုန်လှုပ် ခြောက်ခြား စွာ နောက်ဆုတ် သွားကာ နောက်ဆုံး အလျင်စလို ထွက်ပြေး ရင်း လမ်းဘေးဆိုင် တစ်ဆိုင်ကို ဝင်တိုက် မိသည်။
'ဟာ။'
ထိုအခါ လူအုပ်ထဲမှ လူ အများအပြား ဖုန်းဝူချန်ကို မှတ်မိ သွားကြသည်။ သို့သော် မည်သူမျှ ဆက် မနေ ရဲ။
သူတို့ အားလုံး ပထမဆုံး အခွင့်အရေး တွင်ပင် ထိတ်လန့်တကြား အလျင်အမြန် ထွက်ပြေးကြတော့သည်။
'ဟမ်။' အခြား လူများ သခင်လေးဟော့ တကယ် ဒီလောက် ကြောက်ဖို့ ကောင်း နေလို့ လူတွေ ဒီလောက် ထိတ်လန့် တကြား ထွက်ပြေးနေကြတာ လား ဟု တိတ်တဆိတ် တွေးနေကြ၏။
"သောက် ကောင်လေး.. 'သေလမ်းရှာ' နေတာ"
ဟော့လင် ဒေါသတို့ ဆူပွက် နေသည်။
သူ၏ ခြိမ်းခြောက်နေသော မျက်နှာက ကြောက်မက်ဖွယ် ကောင်းလှသည်။
ဒေါသ ထွက်နေသော ဟော့လင်သည် ထိတ်လန့် တကြား ထွက်ပြေး နေသော လူများကို သတိမထားမိပေ။
သွေးဆာနေသည့် အရှိန်အဝါ ဖြစ်တည်လာသည်။ ဟော့လင် ထို နေရာ တွင်ပင် ဖုန်းဝူချန် နှင့် လျိုချင်းယန်ကို သတ်ပစ် ရန် လင်ရှောင်ရှောင် နှင့် မြောင်ချင်းချင်းကို အရှင် ဖမ်းဆီး ပြီး သူမတို့နှင့် မသေမချင်း ကစားရန် ဆုံးဖြတ်လိုက်သည်။
သူ့ကို စော်ကားသူများအား ဟော့လင်က ဘယ်တော့မှ လွယ်လွယ် အလွတ် မပေးတတ်ပါ။
"ဘုန်း"
ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ဟော့လင် မြေပြင်ကို ဆောင့်နင်း လိုက်ပြီး ဖုန်းဝူချန်ထံသို့ အရူးအမူး ပြေးဝင် သွားသည်။
ဖုန်းဝူချန်၏ မျက်နှာအမူအရာက မလှုပ်မယှက်။ မတုန်မလှုပ်ပင်။
လျိုချင်းယန်၏ မျက်လုံးများ အေးစက် နေ၏။
ဟော့လင် လှုပ်ရှား လိုက်သည့် မျက်စိတစ်မှိတ် အတွင်း လျိုချင်းယန်၏ ပုံရိပ် ရုတ်တရက် ပျောက်ကွယ် သွားသည်။
လျိုချင်းယန် မျက်စိတစ်မှိတ်အတွင်း ပေါ်လာသည်။
သူ၏ အမြန်နှုန်း အလွန် မြန်ဆန် လှသဖြင့် ဟော့လင် ဘာမှ သတိ မထား မိ။
"အုန်း..”
လက်သီးတစ်လုံး ပစ်ထုတ်လိုက်ခြင်းပါ။
ဟော့လင်၏ ဝမ်းဗိုက်ထဲသို့ ပေါက်ကွဲသံ နှင့် အတူ ထိုးစိုက်ဝင်သွား သည်။
"အား”
ဟော့လင် အော်ဟစ် လိုက်ပြီး နောက်သို့ လွင့်စင် ထွက်သွား သည်။ မင်္ဂလာ လှည့်လည်ပွဲ ထဲသို့ ထိုးကျ သွားပြီး လူ အများအပြား လဲကျ သွားစေသည်။
လျိုချင်းယန် လျှို့ဝှက်ဆန်းကြယ်စွာ ပြန်ပေါ်လာသည်။ သူ၏ လက်သီးက ဟော့လင်ကို လွင့်စင် သွားစေသည်။ ပြီးပြည့်စုံသော လှုပ်ရှားမှုပင်။
သန်မာနေသည်။ မယုံနိုင်လောက်အောင် သန်မာနေသည်။
ယွမ်တန်ဘုံ ဆဌမအလွှာ၏ အစွမ်း ဖြင့် လျိုချင်းယန် ယွမ်တန်ဘုံ သတ္တမအလွှာ မှ ဟော့လင်ကို လက်သီး တစ်ချက် တည်း ဖြင့် လွင့်စင် သွားအောင် ထိုးနှက် လိုက်၏။
"ဒါ ဒါ"
လူအုပ်ကြီး မှင်သက် သွားကြသည်။ သူတို့ ဟော့လင်၏ အစွမ်းကို ကြောက်မက်ဖွယ် ကောင်းသည်ဟု သတ်မှတ်ထားခဲ့ကြသော်လည်း ယခုအခါ၊ သူသည် ယွမ်တန်ဘုံ ဆဌမအလွှာ လူငယ် တစ်ယောက်၏ လက်ချက်ဖြင့် အဟုန်ပြင်းစွာ လွင့်ထွက်သွားခဲ့၏။
'ဒါ ဘယ်လို အစွမ်း မျိုး လဲ'
လမ်းမပေါ်မှ လူအုပ်ကြီး တုန်လှုပ် နေကြသည်။ သူတို့၏ ပြူးကျယ် နေသော မျက်လုံးများ အားလုံး လျိုချင်းယန်ထံ ကြည့် နေကြ၏။
"ဒါ ဟော့မိသားစု ပါရမီရှင် တစ်ယောက်ရဲ့ အစွမ်း လား" လျိုချင်းယန်၏ မျက်နှာ မထီမဲ့မြင် အမူအရာ ဖြင့် ပြည့်နှက်နေသည်။
"ရိုင်းစိုင်းလိုက်တာ။ ငါ၊ သခင်လေးဟော့ ကို အလစ် ဝင်တိုက်ရဲ တယ်"
ဟော့လင် ဒေါသတကြီး ခုန်ထ လိုက်သည်။ ယွမ်တန်ဘုံ သတ္တမအလွှာ၏ အစွမ်း အားလုံး ထုတ်လွှတ် လိုက်ပြီး သူ၏ ကြမ်းတမ်းသော အစွမ်း ကြောင့် လမ်းမ မျက်နှာပြင် ပေါ်တွင် အက်ကွဲ ကြောင်း များ ပေါက်ကွဲ ထွက်လာ သည်။
"သူ့မှာ အစွမ်း မရှိ တော့ 'တိတ်တဆိတ် ဝင်တိုက်' တာ ပေါ့။ သူ တကယ် သခင်လေးဟော့ ကို ရင်ဆိုင် နိုင်မယ် ထင်လို့လား"
"ဟုတ်တယ်။ 'တိတ်တဆိတ် ဝင်တိုက်' တာ။ မဟုတ်ရင် သခင်လေးဟော့ က ထျန်းယွမ်ဘုံ ဆဌမအလွှာ တစ်ယောက် လက်ချက် နဲ့ ထိခိုက် ခံရမှာ မဟုတ်ဘူး"
"သခင်လေးဟော့။ သူ့ကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးလိုက်ပါ။ ပိုကောင်းတာက အသေ သတ်ပစ်လိုက်ပါ။ ဒီလောက် ယုတ်မာအရှက်မရှိတဲ့ လူတစ်ယောက်ကို အသက်ရှင်ထားလို့ ဘာအသုံးကျမှာလဲ"
လူများ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြရာ မြင်ကွင်းတစ်ခုလုံး၏ အရှိန်အဝါကို ချက်ချင်း မီးထိုးလိုက်သလို ဖြစ်သွားလေ၏။
"သေပေတော့"
ဟော့လင် ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တစ်ဖန် ပြေးဝင်သွားလေသည်။
လျိုချင်းယန်၏ ပုံရိပ်သည် တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။
"ဝှစ်"
"ဖြောင်း”
သူ ပြန်ပေါ်လာသည့်အခါတွင်တော့ ကျယ်လောင်စူးရှသော ရိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မှင်တက်နေသော လူအုပ်ကြီးသည် ပြေးဝင်သွားသော ဟော့လင် တစ်ဖန် နောက်သို့ ဗိုင်းခနဲ လွင့်ထွက်သွားသည်ကို မြင်လိုက်ကြရပြန်သည်။
လျိုချင်းယန်သည် ယွမ်တန်ဘုံ ဆဌမအလွှာတွင်သာ ရှိနေသော်လည်း သူ၏ အစွမ်းအစမှာ အလွန်အမင်း အစွမ်းထက်လှ၏။
အထွတ်အထိပ် ခန္ဓာ ကျင့်ကြံပြီးသည့်အပြင် ဖုန်းဝူချန်၏ လေ့ကျင့်ပေးမှု အောက်တွင် လျိုချင်းယန်၏ ရုပ်ခန္ဓာသည်လည်း အလွန်တရာ အစွမ်းထက်နေပြီး၊ ယွမ်တန်ဘုံ သတ္တမအလွှာနှင့် ယှဉ်ပြိုင်၍ မရှုံးနိမ့်နိုင်ရန်ပင် လုံလောက်နေလေသည်
မြေပြင်ပေါ် လဲကျနေသော ဟော့လင်မှာ လုံးဝ ကြောင်ငေးသွားခဲ့သည်။
'ဒါ၊ ဒါ အလစ် ဝင်တိုက်တာ မဟုတ်ဘူး။ ဒါ သူ့ အမြန်နှုန်း။ ငါ လုံးဝ သတိမထားမိလိုက်လောက်အောင် မြန်နေတာ
နောက်တစ်စက္ကန့်တွင် လျိုချင်းယန်သည် တစ်ဖန် ပေါ်လာပြီး အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။
"ငါ မင်းပါးစပ်ကို တကယ် မကြိုက်ဘူး"
“ဖြောင်း ဖြောင်း ဖြောင်း”
ထိုစကားနှင့်အတူ လျိုချင်းယန်သည် သနားညှာတာမှု လုံးဝမရှိတော့။ ဟော့လင်၏ မျက်နှာကို ဆယ်ချက်မကသော ရိုက်ချက်များဖြင့် ရိုက်ချလိုက်ရာ ဝက်ခေါင်း တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"မင်း မင်း ငါ့ကို စော်ကားရဲတယ်"
ဟော့လင်သည် ဒေါသဖြင့် တုန်ယင်နေ၏။ ဖုန်းဝူချန်နှင့် သူ၏ အဖော်များက သူ့ကို ပြစ်မှားရဲလောက်အောင် သတ္တိရှိနေလိမ့်မည်ဟု သူ မယုံနိုင်အောင် ဖြစ်နေသည်။
"အား။ မင်းတို့ အားလုံး သေမှ ဖြစ်မယ်"
ဟော့လင် အရူးအမူး ဟိန်းဟောက်လိုက်သည်။ ထို့နောက် သားရဲတစ်ကောင်သဖွယ် ကြွေးကြော်လိုက်လေ၏။