← Chapters

မင်းအသက်ကို လာပေးတော့

Vol. 21 Ch. 315

မင်းအသက်ကို လာပေးတော့

Vol. 21 Ch. 315

~"ဘုန်း"

ဟော့လင်၏ ဟိန်းဟောက်သံကို လျိုချင်းယန်၏ ပြင်းထန်သော လက်သီး တစ်လုံးက ပစ်ထုတ် ကြိုဆိုလိုက်သည်။

ဘုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဟော့လင်တစ်ယောက် သွေးတစ်လုတ် အပြည့် အန်ချလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ (၁၀) မီတာ ကျော်အထိ လွင့်စင်ထွက်သွားရ၏။

"သခင်လေး"

ဟော့မိသားစု၏ အစောင့်များ မလုပ်တတ်၊ မကိုင်တတ် ဖြစ်သွားကြသည်။ မင်္ဂလာ လှည့်လည်ပွဲကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့သည်။

'သေစမ်း။ သတို့သား ဒဏ်ရာရသွားမှတော့ မင်္ဂလာ အခမ်းအနား ဘယ်လို ဆက်လုပ်တော့မလဲ'

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလိုက်တာ။ မင်းက 'ရေတွင်းထဲက ဖား' တစ်ကောင် ပဲ ဆိုတာ မင်း မသိဘူး" လျိုချင်းယန်က အေးစက်စက် ဆိုလိုက်သည်။

လမ်းမပေါ်မှ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

'ဒီ ဒီကောင်။ သူ ဟော့လင်ကို ရိုက်ရဲရုံတင် မကဘူး။ လူအများရှေ့မှာ သူ့ကို စော်ကား လိုက်သေးတယ်'

"တော်တော် မောက်မာရဲတာပဲ။ သခင်လေးဟော့ ကို ရိုက်ရုံတင်မကဘူး ဒီလို စော်ကား ရဲသေးတယ်"

"မောက်မာလွန်းတယ်။ တော်တော် မောက်မာလွန်းတယ်။ သခင်လေးဟော့ ကို 'ရေတွင်းထဲက ဖား' လို့ ခေါ်တယ်"

"သူတို့ 'သေ' ဆိုတဲ့ စကားလုံး ဘယ်လိုရေးလဲ တကယ် မသိဘူး နဲ့ တူတယ်။ သူတို့ ဟော့မိသားစုရဲ့ အစွမ်းကို မသိဘူးလား။ တုန်းယွင်မြို့က မိသားစုကြီး (၄) ခု ရဲ့ အာဏာကို မသိကြဘူးလား"

လမ်းမပေါ်မှ လူအုပ်ကြီးမှာ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့၏ ရဲတင်းမှု အပေါ် မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့၏ မျက်နှာများ ထိတ်လန့်မှု ပြသနေကြသည်။ အကြောင်းမှာ ဟော့မိသားစုကို ပြစ်မှားခြင်း၏ ကြောက်မက်ဖွယ် အကျိုးဆက်များကို သူတို့ သိရှိ နေသောကြောင့် ဖြစ်သည်။

'ဟော့လင် အမိန့် ပေးလိုက် ရုံ ပဲ။ ဖုန်းဝူချန် နဲ့ သူ့ သူငယ်ချင်းတွေ တုန်းယွင်မြို့မှာ မြေမြှုပ် ခံ ရ တော့ မှာ'

"မင်းတို့ ဘာ ကြည့် နေ တာ လဲ။ အမြန် ပြန်ပြီး လူ ခေါ်လေ" ဒဏ်ရာရနေသော ဟော့လင်ခမျာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဟော့လင်ကို အေးစက်စွာ စိုက်ကြည့်ရင်း လျိုချင်းယန် မဲ့ပြုံး ပြုံးလိုက်သည်။

"မင်း တော်တော် သတ္တိ ရှိသားပဲ"

"ဒီ ကောင်စုတ် တွေ။ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင် ရမယ် မထင်နဲ့။ မြို့ကို ပိတ် လိုက်" ဟော့လင် လက်စားချေလိုစိတ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာ ကြောက်မက်ဖွယ် ရက်စက် နေပြီး ဒေါသကြောင့် သွေးကြောများ ထောင်ထ နေသည်။

"အဟွတ်၊ အဟွတ် "

လျိုဖုန်း ညင်သာစွာချောင်း ဆိုး လိုက်သည်။ သူ စတင် ပြန်သက်သာလာ ပေပြီ။

"ခင်ဗျား အဆင်ပြေရဲ့လား" လျိုချင်းယန်က တဖြည်းဖြည်း သတိ ဝင် လာ သော လျိုဖုန်းကို ထောက်ပံ့ ရင်း မေးလိုက်သည်။

"ခင်ဗျားတို့က ဘယ်သူ တွေ လဲ"

လျိုဖုန်း လျိုချင်းယန်နှင့် အခြားသူများကို ရှုပ်ထွေးစွာ ကြည့် လိုက်သည်။

လျိုဖုန်းအ‌နေနှင့် ထိုလူတို့ အနက် မည်သူ့ကိုမျှ မသိကျွမ်းကြောင်း သေချာပါသည်။

"လမ်း သွား လမ်း လာ တွေ ပါ" လျိုချင်းယန်က နောက်ပြောင် လိုက်သည်။

ထိုအခိုက်၊

"လျိုဖုန်း"

အမျိုးသမီး တစ်ဦး၏ စိုးရိမ် ပူပန် သော အသံ သတို့သမီး ဝေါယာဉ် အတွင်းမှ ထွက်ပေါ် လာသည်။

"ရုံအာ"

သူမ၏ စကား ကြောင့် လျိုဖုန်း ချက်ချင်း စွမ်းအင် ပြည့် သွားသည်။ သို့သော် သူ လှုပ်ရှား ရန် ကြိုးစား လိုက် သည့်အခါ ပြင်းထန်သော နာကျင်မှု သူ၏ တစ်ကိုယ်လုံး ပျံ့နှံ့ သွားသည်။

လျိုဖုန်း၏ ဒဏ်ရာများ အလွန် ပြင်းထန် လှသည်။ ဆေးလုံး၏ ကုသမှု သာ မရှိ ခဲ့ လျှင် သူ လှုပ်ရှားနိုင်ဖို့ မပြော နှင့်၊ နိုးထ လာနိုင်မည်ပင် မဟုတ်ပါ။

"ခင်ဗျား ဒဏ်ရာ ပြင်းတယ် နော်။ မဆင်မခြင် မလှုပ်နဲ့" လျိုချင်းယန် အလျင်အမြန် ဝင် တား လိုက်ပြီး သူ၏ လက်ဝါးကို လျိုဖုန်း၏ ပခုံးပေါ် ဖိ ကာ သူ့အား ငြိမ်ငြိမ်နေရန် အချက် ပြ လိုက်သည်။

"အစ်ကိုကြီးဖုန်း၊ ဒီ သတို့သမီး ဝေါယာဉ် တစ်ခုခု မှား နေတယ်။ ယွမ်တန်ဘုံ တတိယအလွှာ တစ်ယောက် ကို ဘယ်လို လုပ် ထောင်ချောက်ဆင် ဖမ်း ထား နိုင် မှာ လဲ " လင်ရှောင်ရှောင်က မျက်မှောင် ကျုံ့ ကာ ဆိုသည်။

ဖုန်းဝူချန် ခေါင်းညိတ် လိုက်သည်။ ထို့နောက် လျိုဖုန်းကို တစ်ချက် ထပ် ကြည့် လိုက်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"သူ လိမ် နေ တာ မဟုတ်ဘူး။ ကြည့်ရတာ သူ့ ချစ်သူက တခြား တစ်ယောကရဲ့ အတင်းအကျပ် ခေါ် ခံ လိုက်ရပုံ ပဲ။ အသက်ကို မငဲ့ ပဲ တိုက်ခိုက် နေတာ မဆန်းတော့ပါဘူး"

"အရှက်မရှိတဲ့ အကောင်စုတ်" မြောင်ချင်းချင်းက ဒေါပွကာ ကျိန်ဆဲလိုက်သည်။

"သူတို့ တကယ် သေ မှာ မ ကြောက် ဘူး လား" ဟော့မိသားစု၏ အစောင့်များ လူ ခေါ် ရန် သွားကြလေသည်။ ဖုန်းဝူချန် နှင့် သူ၏ အဖွဲ့ ထွက်မသွားသည်ကို တွေ့ရ သဖြင့် လမ်းမပေါ် မှ လူအုပ်ကြီးမှာ တစ်ခုခုကို နားလည်သွားပုံ ရသည်။

ဤ အချိန် တွင် သတင်းက ဟော့မိသားစုထံ ရောက်ရှိ သွား ခဲ့ ပြီ ဖြစ်သည်။

သတို့သား အရိုက် ခံ ရ ပြီး တစ်စုံတစ်ယောက် မင်္ဂလာပွဲကို နှောင့်ယှက် နေ သည် ဟု ကြား လိုက်ရ သောအခါ လူတိုင်း တုန်လှုပ် သွားကြ၏။

"ရိုင်းစိုင်း လိုက်တာ"

မိသားစုခေါင်းဆောင် ဟော့ယန်အန်း ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ သူ၏ မျက်နှာမှာ အလွန် အကျည်းတန် နေသည်။

ဟော့လင်ကို လူအများ ရှေ့တွင် စော်ကား ပြီး ဒဏ်ရာ ရ အောင် လုပ်ခြင်း သည် ဟော့မိသားစုကို လုံးဝ အလေးမထား ကြောင်း ပြသ နေ ခြင်း ဖြစ်၏။

ဟော့လင်၏ ပျော်ရွှင်ဖွယ် နေ့တွင် ဟော့မိသားစုက မိသားစုကြီး (၄) ခု ကို ဖိတ်ကြား ထားပြီး နတ်ဘုရား ဆေးလုံးမြို့တော်မှ သခင်လေး ကျန်းခွေ ပင် ဧည့်သည်များ ထဲတွင် ပါဝင် နေသည်။ ဤ အဖြစ်အပျက် ဟော့မိသားစု အတွက် ကြီးမားသော မျက်နှာ ပျက်ယွင်း မှု လူအများ လှောင်ပြောင် ဖွယ်ရာ ဖြစ်စေ ခဲ့ သည်မှာ သံသယ ရှိစရာ မလို ပေ။

"သခင်လေးဟော့ ရဲ့ နေ့ မြတ် နေ့ လာ မှာ ပြဿနာ လာ ရှာ ရဲ လောက်အောင် ဘယ်သူက ဒီလောက် သတ္တိ ရှိ နေ တာ လဲ။ သူတို့ တကယ် 'သေလမ်းရှာ' နေတာပဲ"

"ဘယ်သူ လဲ ဆိုတာ တကယ် သိချင် လိုက် တာ။ ဟော့မိသားစု တောင် မ နိုင် တဲ့ လူ တစ်ယောက်"

"သွား ကြည့် ရအောင်။ ဘယ်သူ ဒီလောက် မောက်မာ နေ လဲ ဆိုတာ။ သူတို့ ဘာ ဖြစ် မလဲ ကြည့် ကြ ရ အောင်"

လူတိုင်း အံ့အား သင့် နေကြပြီး မည်သူ ဤမျှ မဆင်မခြင် ရဲတင်း နေသည်ကို သိ ရန် အော်ဟစ် တောင်းဆို နေကြသည်။

လူများ အိမ်တော် ထဲမှ ပြေးထွက် လာကြ သောကြောင့်..အချိန် မကြာမီ ပင် ဟော့မိသားစု၏ ပွဲတော် "စည်ကား" လာသည်။

"မိသားစု ခေါင်းဆောင် (၄) ဦး။ ကျွန်တော့်ကို ခွင့်လွှတ် ပါ။ ကျွန်တော် ဒီ ကိစ္စ ကို သွား ကြည့် ရ ဦး မယ်။ နားလည် ပေး ကြ ပါ လို့ မျှော်လင့် ပါတယ်"

ဟော့ယန်အန်းက မိသားစု ခေါင်းဆောင် (၄) ဦးကို ယဉ်ကျေးသော အပြုံး ဖြင့် ပြော ပြီး အလျင်အမြန် ထွက်ခွာ သွားသည်။

မိသားစု ခေါင်းဆောင် (၄) ဦးကဘအနည်းငယ် ခေါင်းညိတ် ပြ လိုက်သည်။ သိသိသာသာ ပင် ဂရုမစိုက် ဟန်တည်း။

"ဒါ စိတ်ဝင်စားစရာ ပဲ။ တုန်းယွင်မြို့မှာ ပြဿနာ ရှာ ရဲ လောက်အောင် ဘယ်သူ ဒီလောက် သတ္တိ ရှိ နေ လဲ ဆိုတာ ငါ လည်း ကြည့် ချင် တယ်"

သခင်လေး ကျန်းခွေက အနည်းငယ် ပျော်ရွှင် သလို ပြော ပြီး ထ ရပ် ကာ လမ်း လျှောက် ထွက် သွားသည်။ သူ့ နောက်မှ အစွမ်းထက် နောက်လိုက် အချို့ လိုက်ပါ သွားသည်။

အခါသင့် ဖိတ်ကြား ထားသော ဧည့်သည်များ စိတ်လှုပ်ရှား ဖွယ်ရာ အဖြစ်အပျက် ကို ကြည့်ရှု ရန် ပြေးထွက် သွားကြသောကြောင့် စည်ကား နေသော ဟော့မိသားစုပွဲ လျင်မြန်စွာ လူရှင်း သွားသည်။ ကျယ်ဝန်းသော လမ်းမကြီး လူများ ဖြင့် ပြည့်ကျပ်နေသည်။ ပတ်ဝန်းကျင် အဆောက်အအုံ တိုင်း ကြည့်ရှု သူများ ဖြင့် အပြည့်နှင့်..။

သခင်လေးဟော့ ၏ တုန်းယွင်မြို့ မင်္ဂလာပွဲ စည်ကား နေပြီး ဖြစ်သော်လည်း သူ၏ နေ့ ကြီး ရက် ကြီး တွင် လူအများ ရှေ့ အရှက် ခွဲ ခံ ရ ခြင်း ပို များသော ကျင့်ကြံသူများ ကို ကြည့်ရှု ရန် ဆွဲဆောင် လိုက်သည်။

"သူတို့ သတ္တိ ကို ငါ လေးစား ရ မယ်။ အစွမ်း နည်းနည်း ရှိ တာ နဲ့ တုန်းယွင်မြို့မှာ ထင်တိုင်း ကြဲ ပြီး သခင်လေးဟော့ ကို လူအများ ရှေ့ စော်ကား ရဲ တယ်။ ဒီ ကောင်လေး သာ ဒီနေ့ အသက်ရှင်ရက် ထွက် သွား ရင် ငါ့ ခေါင်း ငါ ဖြတ် ပေး မယ်"

"လောက ကြီး က ပြောင်းလဲ နေပြီ။ လူ အမျိုးမျိုး ရှိ နေတယ်။ သေ လမ်း ရှာ နေ တဲ့ လူ တွေ အပါအဝင် ပေါ့။ ဒါပေမဲ့ ဒီလောက် သေ ချင် နေ တဲ့ လူ မျိုး တွေ့ ရ တာ ရှားတယ်"

"သူတို့ သခင်လေးဟော့ကို စော်ကားရဲ လောက်တဲ့ အထိ ဖြစ်သွားသလား။ မယုံနိုင်စရာ ပဲ"

ကြည့်ရှုရန် ရောက်လာသော ကျင့်ကြံသူအားလုံး ဖုန်းဝူချန်နှင့် သူ၏ အဖော်တစ်သိုက် 'သေလမ်းရှာ' နေကြသည်ဟုသာ တွက်ဆနေကြ လေသည်။

"ဟိုမှာ…ဟော့မိသားစု ခေါင်းဆောင် လာ နေပြီ"

စည်ကားနေသော လမ်းမကြီး ရုတ်တရက် ဆူညံသွားသည်။ တစ်စုံတစ်ယောက် အော် လိုက် သဖြင့် လူတိုင်း၏ မျက်လုံးများ ထို အရပ် သို့ လျင်မြန်စွာ လှည့် သွားကြသည်။

ဟော့မိသားစု အစောင့် အုပ်စုကြီး တစ်စု ပြေး လာ ကြသည်။ ဟော့ယန်အန်းနှင့် အခြား အဆင့်မြင့် ဟော့မိသားစု အဖွဲ့ဝင်များ..အလွန် မနှစ်မြို့ ဖွယ် မျက်နှာ အမူအရာများဖြင့် အလျင်အမြန် ချဉ်းကပ်လာသည်ကို လမ်းဖယ်ပေး နေကြသည်။

"ဟော့မိသားစု ခေါင်းဆောင် ရောက်လာ ပြီ။ ဟော့မိသားစု အကြီးအကဲ တွေ လည်း ပါ တယ်"

"မိသားစု ခေါင်းဆောင် ဟော့က ယွမ်တန်ဘုံ နဝမအလွှာ။ မိသားစုကြီး (၄) ခုက ခေါင်းဆောင်တွေ ပြီးရင် ဒုတိယ အသန်မာဆုံးပဲ။ သူတို့ လွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ ဘူး။ သေလူတွေ.."

"သခင်လေးဟော့ ကို လူအများ ရှေ့ စော်ကား မင်္ဂလာပွဲ နှောင့်ယှက် ဒဏ်ရာ ရ အောင်လုပ်တာက ဟော့မိသားစု ကို နင်း ခြေ ပြီး သူတို့ ဂုဏ်သိက္ခာကို ကြမ်းပြင် ပေါ် လှည်းချလိုက်တာပဲ။ ဟော့မိသားစုကို ပြစ်မှားမိမှတော့ ဒီနေ့ ဘယ်သူမှ သူတို့ကို မကယ်နိုင်တော့ဘူး"

ဒေါသထွက်နေသော ဟော့မိသားစု အဆင့်မြင့် အဖွဲ့ဝင်များ ရောက်ရှိလာ သည်နှင့် လူအုပ်ကြီးက သူတို့၏ ကံဆိုး မိုးမှောင်ကျမှုကို စိတ်အားထက်သန် စွာ မျှော်လင့်နေကြလေသည်။

"ဒီ ကောင်စုတ်။ မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ့ကို စော်ကား ငါ့ ဟော့မိသားစုကို ပြစ်မှားရဲမှတော့ ဒီနေ့ မင်း လုံးဝ ပြာကျသွားအောင် ငါ လုပ်မယ်" ဟော့လင်က လျိုချင်းယန်ကို မီးတောက်မတတ် စိုက်ကြည့် လိုက်သည်။

သူ၏ ဒေါသက သူ့ကို ပို၍ ရက်စက် သွား စေပြီး သူ၏ သတ်ဖြတ်

လိုသော အရှိန်အဝါက ပြင်းထန် လွန်း သဖြင့် လက်ဖြင့် ထိ တွေ့ နိုင် တော့ မတတ်ပင်။

ဖုန်းဝူချန်နှင့် သူ၏ အဖော်များကတော့ ဟော့လင်ကို လျစ်လျူရှု လိုက်ကြသည်။ သူတို့ အစား ဟော့ယန်အန်းနှင့် အခြားသူများ သူတို့ထံ ဒေါသတကြီး ချီတက်လာသည်ကို ကြည့်လိုက်ကြ သည်။

မိသားစု အစောင့် တစ်ရာ ကျော်.. ဖုန်းဝူချန် နှင့် သူ့အဖော်များကို ဝန်းရံ လိုက်ကြ သည်။

ဟော့ယန်အန်းနှင့် အခြားသူများ ရောက်ရှိလာသည်နှင့် နေရာ တစ်ခုလုံး တိတ်ဆိတ်သွားပြီး 'သူများ ဒုက္ခရောက်တာ ကြည့်ပြီး ပျော်' သော အကြည့်များက ဖုန်းဝူချန် နှင့် သူ၏ အဖော်များအပေါ် တစ်ဖန် ကျရောက် သွားပြန်သည်။

"အဖေ ၊ သူတို့ကို သတ်လိုက်ပါ" ဟော့လင်က ဒေါသဖြင့် ဟိန်းဟောက် လိုက်သည်။

ထိုအခါ၊ ဟော့ယန်အန်း၏ ယုတ်မာသော အကြည့် က ဖုန်းဝူချန် နှင့် သူ၏ အဖော်များ အပေါ် စူးစိုက်နေပြီး ခြိမ်းခြောက်သံဖြင့် ပြောလိုက်၏။

"မင်းတို့ လူငယ်တွေ။ 'ကောင်းကင်နှင့် မြေကြီး၏ ကြီးမားကျယ်ပြန့်မှုကို မသိ' ဘဲ ငါ့ရဲ့ ဟော့မိသားစုကို စော်ကား ရဲ တယ်။ လုံးဝ 'သေခြင်းတရားကို မသိမမြင်' တဲ့ ကောင်တွေ"

စကားပြောပြီးနောက် ဟော့ယန်အန်း သူ၏ ကျင့်ကြံအဆင့်

ဖြင့် ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အတိမ်အနက်ကို မခန့်မှန်း နိုင် ကြောင်း တွေ့ရှိသွားသည်။

'ဟမ်။ ဒီကောင်။ ဒါပေမဲ့။' ဟော့ယန်အန်း သိပ် အရေးမထား လိုက်။

'အသက် (၁၈) (၁၉) နှစ် အရွယ် လူငယ် တစ်ယောက် ဘယ်လောက် အစွမ်း ထက် နိုင် မှာ လဲ'

"'သေခြင်းတရားကို မသိမမြင်' တာ ဟုတ်လား" လျိုချင်းယန် ရယ်ချလိုက်၏။

"မိသားစုခေါင်းဆောင် ဟော့။ ခင်ဗျား စကား မ ပြော ခင် အခြေအနေ ကို နားလည် အောင် လုပ် သင့် တယ် မဟုတ်လား" ဖုန်းဝူချန် ခပ်ပေါ့ပေါ့ မေးလိုက်ကာ သူ၏ မျက်နှာ အမူအရာက ထိတ်လန့်မှု အရိပ်အယောင် မပြချေ။

စကား ပြော နေစဉ်တွင်၊ ဖုန်းဝူချန်က လက်ကို အသာ ဝှေ့ယမ်း လိုက်သည်။

"ဘုန်း" ခနဲ အသံ နှင့် အတူ သတို့သမီး ဝေါယာဉ်၏ တံခါး ပေါက်ကွဲ ပွင့်ထွက် သွား ပြီး သတ္တုမြည်သံ ထွက်ပေါ် လာသည်။

ဤ သတ္တု အသံ ကြောင့် လမ်းမ ပေါ် မှ လူအုပ်ကြီး ချက်ချင်း မှင်တက် သွားသည်။

'သတို့သမီး ဝေါယာဉ်က သတ္တု အသံ တွေ ထွက်နေတယ်။ ဘာဖြစ်နေတာလဲ။ သတို့သမီး ဝေါယာဉ်က သစ်သားနဲ့ လုပ်ထားတာ မဟုတ်ဘူးလား။ ဘာလို့ သတ္တု အသံ ထွက်‌နေတာလဲ'

" ဒီ သတို့သမီး ဝေါယာဉ်က ဘာဖြစ်နေ တာလဲ"

"ဒါ သစ်သား သတို့သမီး ဝေါယာဉ် မဟုတ်ဘူး။ သံနဲ့ လုပ်ထားတာ"

"သခင်လေးဟော့ တကယ် သံ နဲ့ လုပ် ထားတဲ့ သတို့သမီး ဝေါယာဉ်ကို သုံး တာ"

လူအုပ်ကြီး အံ့အားသင့် သွားပြီး သတို့သမီး ဝေါယာဉ်ကို ကြောင်၍ ကြည့် နေကြသည်။

ဖုန်းဝူချန်က တည်ငြိမ်စွာ မေးလိုက်သည်။ "မိသားစုခေါင်းဆောင် ဟော့။ သတို့သမီး ဝေါယာဉ် ဘာဖြစ်နေ လဲဆိုတာ ရှင်းပြ နိုင်မလား"

ထိုအခါ၊ ဟော့ယန်အန်း၏ မျက်ခုံးများ ပိုမို တွန့်ချိုးသွားပြီး သူ၏ မျက်နှာမှာ ပို၍ပင် အကျည်းတန် လာသည်။

"အဖေ။ သူတို့ နဲ့ စကားအပိုတွေ မပြော မ နေပါနဲ့တော့။ သူတို့ကို သတ် လိုက်ပါ"

သတို့သမီး ဝေါယာဉ်၏ သံ တံခါး ရုတ်တရက် ပွင့်သွားသည်ကို မြင် သောအခါ ဟော့လင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသတကြီး ဟစ်အော်လိုက်သည်။

"ဟော့မိသားစုရဲ့ မင်္ဂလာ ယူနေတဲ့ နေ့မှာ ထင်တိုင်း ကြဲ ရဲ တယ် ဟုတ်လား။ ငါ့ ဟော့မိသားစုကို ပြစ်မှား တာ မင်းတို့ အသက်ကို စွန့်လွှတ်လိုက်တာပဲ" ဟော့ယန်အန်း ဒေါသတကြီး အော်ဟစ် လိုက်သည်။

"ခင်ဗျား နိုင်ရင် လာယူလေ" လျိုချင်းယန်က အေးစက်စွာ တုံ့ပြန် လိုက်သည်။

'ဘာ။ မိသားစုခေါင်းဆောင် ဟော့ ကိုယ်တိုင် ရှေ့ ထွက် လာ တာ တောင် သူတို့ က သည်လောက် ရဲတင်း နေသည်လား။ ထိုသူတို့ ဘယ်လောက်တောင် မောက်မာနိုင်သေး သနည်း။

ထိုအခါ၊

အကြီးအကဲ တစ်ဦးက မည်းမှောင်စွာ ကြုံးဝါးလိုက်သည်။

"ငါ ကိုယ်တိုင် ကြည့်ရမယ်။ မင်းတို့မှာ ဘယ်လို အရည်အချင်းတွေ ရှိလို့ ငါတို့ ဟော့မိသားစုကို ပြစ်မှားရဲတဲ့ သတ္တိတွေ ရှိနေလဲ ဆိုတာ"

ယွမ်တန်ဘုံ အဋ္ဌမအလွှာ ကျင့်ကြံသူ တစ်ဦး၏ စွမ်းအား ပေါက်ကွဲထွက်လာ ကာ သူ၏ အိုမင်းသော မျက်လုံးများတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဖြင့် ပြည့်နှက်နေသည်။

“ဝုန်း..”

ယွမ်တန်ဘုံ အဋ္ဌမအလွှာ၏ အစွမ်းထက် စွမ်းအား ပေါက်ကွဲ ထွက်လာစဥ်၊ လမ်းမပေါ်မှ မြေပြင် တုန်ခါသွား သည်။

အကြီးအကဲ၏ ခြေဖဝါးအောက်မှ အက်ကွဲကြောင်းများ ပေါ်ထွက်လာ လေသည်။

"အုန်း.."

အကြီးအကဲက မြေပြင်ကို ဆောင့်နင်းလိုက်ကာ မဆိုင်းမတွ အရှေ့သို့ တိုးဝင်လာ၏။

မျက်စိတစ်မှိတ်အတွင်း သူက ဖုန်းဝူချန်ရှေ့သို့ ရောက်လာလေသည်။

လက်သီးတစ်လုံး ပစ်ထုတ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ၊ ပြင်းထန်သော စွမ်းအားများ အထိန်းအကွပ်မဲ့ ထွက်လာ၏။

သို့သော် ထိုစွမ်းအားက ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှ နောက်ဆုတ် မသွား စေ။

ဖုန်းဝူချန်က တစ်လက်မမျှ မရွေ့ချေ။

သူ နေရာမှာတင် ရပ်နေ၏။

အကြီးအကဲ၏ အစွမ်းကုန် တိုက်ခိုက်မှု ဖုန်းဝူချန်ကို နောက်သို့ တစ်ဝက် တစ်လှမ်းမျှပင် မရွေ့စေနိုင်ပေ။

ထို လွှမ်းမိုး နေသော စွမ်းအားသည် 'ကျောက်တုံးကလေး တစ်တုံး ပင်လယ်ထဲ နစ်မြုပ်သွားသလို' ဖြစ်သွားပြီး အသေးငယ်ဆုံး လှိုင်းလေး တစ်ချက်တောင် မဖြစ်ပေါ်စေခဲ့ပေ။

"ဒါ"

အကြီးအကဲ အလွန်အမင်း တုန်လှုပ် သွားပြီး ဖုန်းဝူချန်ကို မယုံကြည်နိုင် သည့် မျက်လုံးများဖြင့် ကြောင်အမ်းစွာ ကြည့်လိုက်မိသည်။

'ယွမ်တန်ဘုံ ..အဋ္ဌမအလွှာ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ အစွမ်းကုန် ထိုးနှက်ချက် က သူ့ကို နောက်ဆုတ်သွားအောင် မလုပ်နိုင်ဘူးတဲ့ '

“ဘုရား..ဘုရား”

ပတ်ဝန်းကျင်မှ လူအုပ်ကြီး တုန်လှုပ် မှု ဖြင့် ပင့်သက်ရှိုက်မိကြသည်။ သူတို့၏ မျက်နှာများ အံ့အားသင့် မှုကို ထင်ဟပ် နေ၏။

'သူတို့ ထဲမှာ အားအကြီးဆုံးက ခုထိ တစ်ချက်မှ မလှုပ်သေးတဲ့ ဒီလူငယ်ပဲ'

"ဒီလောက် ကြောက်စရာ ကောင်းတဲ့ အစွမ်း။ ဟော့မိသားစုရဲ့ မဟာအကြီးအကဲတောင် သူ့ကို နည်းနည်းလေးမှ

မထိခိုက်စေနိုင်ဘူး"

"မယုံနိုင်စရာ ပဲ။ ဒီ လူငယ်ရဲ့ အစွမ်း က အရမ်း ကြောက်ဖို့ ကောင်းတယ်"

"ယွမ်တန်ဘုံ အဋ္ဌမအလွှာ ကျင့်ကြံသူ ဒီ လူငယ် ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းနဲ့ မိသားစုခေါင်းဆောင် းဟော့ တောင် သူ့ကို ဒဏ်ရာ ရအောင် လုပ်နိုင် ပါ့မလား မသိဘူး"

လူအုပ်ကြီးမှာ ပို၍ပင် ဆူညံသွားကြပြီး တုန်လှုပ်မှုဖြင့် လွှမ်းမိုးသွားသည်။

အကြီးအကဲ မှင်သက်နေစဉ်မှာပင်၊

ဖုန်းဝူချန်က ရုတ်တရက် လက်သီး တစ်လုံး ပစ်သွင်းလိုက်၏။

“ဘုန်း”

ကျယ်လောင်သော အသံ ဟိန်းညံသွား၏။

သူ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် အကြီးအကဲ သွေးများ အန်ထုတ်လိုက်ရသည်။ အကြီးအကဲ၏ ခန္ဓာကိုယ်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် နောက်သို့ လွင့်စင်ထွက်သွားတော့၏။

ယွမ်တန်ဘုံ အဋ္ဌမအလွှာမှ ကျွမ်းကျင်သူတစ်ဦး ထိုလူငယ်၏ လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

"မဟာအကြီးအကဲတောင် သူ့လက်သီးတစ်ချက်ကို မခံနိုင်ဘူး" ဟော့ယန်အန်း မျက်မှောင်ကျုံ့ကာ တွေးလိုက်သည်။ သူ၏ မျက်နှာအမူအရာ အလွန်တရာ လေးနက်သွား၏။

"အရမ်းသန်မာတယ်။ အရမ်းသန်မာလွန်းတယ်။ ဒီလူငယ်လေးက ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းကို ဖုံးကွယ်ထားခဲ့တာ"

"ယွမ်တန်ဘုံ အဋ္ဌမအလွှာ ကျင့်ကြံသူတစ်ယောက် သူ့တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ဒီလူငယ် ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ များလား"

"မဖြစ်နိုင်ဘူး။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ ထျန်းယွမ်ဘုံကို ခြေချနိုင်မှာ မဟုတ်ဘူး"

လမ်းမပေါ်မှ လူအုပ်ကြီးသည် တစ်ဖန် တုန်လှုပ်မှုဖြင့် ပေါက်ကွဲထွက်သွားပြန်သည်။ သူတို့၏ မျက်နှာပေါ်မှ ထိတ်လန့်မှုကို လုံးဝ မဖုံးကွယ်နိုင်ကြတော့ပေ။

ဤအခိုက်အတန့်တွင် နေရာတစ်ခုလုံးသည် တစ်ဖန် သေမတတ် တိတ်ဆိတ်သွားပြန်သည်။

"သခင်လေးကျန်း ရောက်လာပြီ"

ရုတ်တရက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ ခေတ္တ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"နတ်ဘုရား ဆေးလုံးမြို့တော်က ကျန်းမိသားစုရဲ့ သခင်လေး" လူများ၏ မျက်လုံးများ ကျန်းခွေထံသို့ လျင်မြန်စွာ လှည့်သွားကြသည်။

"အစ်ကိုကြီးကျန်း ကျေးဇူးပြုပြီး ကျွန်တော့်အတွက် လက်စားချေပေးပါ" ကျန်းခွေ ပေါ်လာသည်ကို မြင်သောအခါ ဟော့လင် အတိုင်းမသိ ဝမ်းသာသွားပြီး အကျယ်ကြီး အော်ဟစ်လိုက်၏။

လမ်းမ၏ အခြားတစ်ဖက်မှ လူတစ်ယောက်၏ မောက်မာသော ရယ်သံအေးစက်စက် ထွက်ပေါ်လာ လေသည်။

"တကယ် သတ္တိရှိတာပဲ။ ဟော့မိသားစု မဂ်လာ ယူနေတဲ့ နေ့မှာ ပြဿနာ လာရှာရဲတယ်။ ကြည့်ရတာ မင်းတို့အားလုံး အသက်ရှင်ချင်ပုံ မရဘူးပဲ၊ ဟားဟား"

All Chapters