← Chapters

ထူးဆန်းလှသည့် ထျန်းချန်ကမ္ဘာ

Vol. 76 Ch. 1127

ထူးဆန်းလှသည့် ထျန်းချန်ကမ္ဘာ

Vol. 76 Ch. 1127

ခန်းမဆောင်ကြီး၏ အလယ်ဗဟို၌ ရွှေဝါရောင် သံချပ်ကာကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မတ်တပ်ရပ်လျက်ရှိသည်။ သူ၏ မျက်နှာတွင် ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ယှက်သန်းနေပြီး လေ ဧကရာဇ်အား

“မင်းကြီး။ ကျွန်တော့်ကို ခေါ်တဲ့ အကြောင်းသိပါရစေ”

လေပိုဝမ်သည် နတ်ဘဝ ပြောင်းလဲခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ရန် တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ မကြာသေးလှပေ။ အရေးတကြီး ကိစ္စသာ မရှိပါက သူ့ကို

လေဧကရာဇ်က ဆင့်ခေါ်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လေရန်ကမ္ဘာသည် ဖရိုဖရဲ ကြယ်ပင်လယ်ထဲတွင် တည်ရှိနေပြီး နတ်ဘဝပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူ လေဟောင်ရန် ရှိနေသဖြင့် နှစ်ပေါင်းထောင်ချီ ကြာသည်အထိ ထူးခြားမှုတစ်ခုခု ဖြစ်လာနိုင်ခြေက မဖြစ်နိုင်သလောက်ပင်။

လေ ဧကရာဇ်က လေပိုဝမ်ကို ကြည့်ကာ

“လတ်တလောမှာ ကျိယန်ကမ္ဘာကလို့ ပြောတဲ့ ကျင့်ကြံသူတစ်ယောက် ရောက်လာပြီး ထျန်းချန်ကမ္ဘာနဲ့ ကျိယန်ကမ္ဘာမှာ သက်ရှိတွေ ရှိတယ်လို့ လာပြောတယ်... ထျန်းချန်ကမ္ဘာမှာ နတ်ဘဝပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးတောင် ပေါ်လာတယ်လို့ ဆိုတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ လေပိုဝမ် အံ့အားသင့်သွားသည်။

ထျန်းချန်ကမ္ဘာ...

ထို့နောက် သူက

“သမိုင်းမှတ်တမ်းတွေအရ ဖရိုဖရဲ ကြယ်ပင်လယ်ထဲမှာ လေရန်ကမ္ဘာတစ်ခုတည်း သီးသန့်ရှိတာ မဟုတ်ဘူးလား... ဘာလို့ တခြားကမ္ဘာတွေမှာ သက်ရှိတွေ ရှိနေရတာလဲ”

“မင်းကြီး... အဲဒီလူက မင်းကြီးကို လှည့်စားနေတာများလား”

ဖရိုဖရဲ ကြယ်ပင်လယ်ထဲရှိ ကမ္ဘာများကို သူတို့၏ ဘိုးဘေးများက ရှာဖွေစူးစမ်းခဲ့ပြီး ဖြစ်သည်။ အခြား သက်ရှိကမ္ဘာများသာ ရှိခဲ့လျှင် အခုမှ တစ်စုံတစ်ယောက်က လာပြောသည်ကို စောင့်မနေပဲ အတော်ကြာကြာ ကတည်းက သူတို့ သိမ်းပိုက်ပြီးလောက်ပြီ ဖြစ်သည်။

လေဧကရာဇ်က ပြန်ရှင်းပြလိုက်သည်။

“ကျုပ်အမြင်အရဆိုရင် အဲဒီလူက အနီးနားကမ္ဘာက ကျင့်ကြံသူ ဖြစ်ဖို့များတယ်... သူရောက်လာတုန်းက လေရန်ကမ္ဘာမှာ အာကာသ ဝင်ပေါက်တစ်ခု ပေါ်လာခဲ့တယ်”

ဥပဒေ နိယာမ အလုံးစုံနယ်ပယ် ကျင့်ကြံသူတစ်ဦး ကမ္ဘာနှစ်ခုကြား လမ်းကြောင်းတစ်ခု တည်ဆောက်သည့်အခါ သက်ဆိုင်ရာ ဟင်းလင်းပြင် ဝင်ပေါက်တစ်ခု ပေါ်လာမည်ဖြစ်ပြီး ထိုကမ္ဘာ၏ ကမ္ဘာသခင်က ချက်ချင်း အာရုံခံမိမည် ဖြစ်သည်။

လေရန်ကမ္ဘာသို့ ကုန်းရယ်လျှံဖုန်း ရောက်လာသည့်အချိန်က သူ့အငွေ့အသက်ကို လေ့ဟောင်ယန် ချက်ချင်း သတိထားမိခဲ့သည်။ လေရန်ကမ္ဘာဆီသို့ အာကာသ လမ်းကြောင်းတစ်ခု ကုန်းရယ်လျှံဖုန်း ဖန်တီးနိုင်ခြင်းက အနီးအနားတွင် သက်ရှိကမ္ဘာများ ရှိနိုင်ကြောင်း ပြသနေသည်။

နိယာမ အလုံးစုံနယ်ပယ် ကျင့်ကြံသူ ဖြစ်သည့် ကုန်းရယ်လျှံဖုန်းအနေနှင့် အလွန်ဝေးကွာသော ကမ္ဘာတစ်ခုမှ လာရောက်ရန် မဖြစ်နိုင်ပေ။ ခရီးအကွာအဝေး ဝေးလေလေ ကမ္ဘာနှစ်ခုကြားရှိ တံတားကို တည်ငြိမ်အောင် ထိန်းထားရန် ခက်ခဲလေလေ ဖြစ်သည်။

အကယ်၍ ကုန်းရယ်လျှံဖုန်းထံတွင် နတ်လှေတစ်စင်း ပါလာပြီး ထိုနတ်လှေဖြင့် ဖရိုဖရဲ ကြယ်ပင်လယ်ထဲသို့ လာခဲ့တာ ဆိုလျှင်တော့ တစ်မျိုးတစ်ဖုံ တွေးဆရမည် ဖြစ်သာ်။ ကုန်းရယ်လျှံဖုန်းသာ နတ်လှေတစ်စင်း ပိုင်ဆိုင်ထားပါက သူသည် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်ကြောင်း ပြသနေသည်။

နတ်လှေပိုင်ဆိုင်ထားသူ တစ်ယောက်က ပျင်းနေရုံသက်သက်ဖြင့် သေမင်းကြယ်နယ်မြေ ဖြစ်သည့် ဖရိုဖရဲ ကြယ်ပင်လယ်လို နေရာမျိုးတွင် အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကုန်းရယ်လျှံဖုန်း ပြောသည်က အမှန်ဖြစ်နိုင်ကြောင်း လေ့ဟောင်ရန် ယုံကြည်သည်။

သူလိမ်ပြောနေလျှင်တောင် ကိစ္စမရှိပေ။ ဖရိုဖရဲ ကြယ်ပင်လယ်က အတိုင်းအတာတစ်ခုအထိသာ ကျယ်ဝန်းလှသည်။ ကုန်းရယ်လျှံဖုန်း၏ စကား မှန်မမှန် စစ်ဆေးရန်က ရိုးရှင်းလှ၏။ လူလွှတ်၍ သွားကြည့်ခိုင်းလိုက်ရုံသာ ဖြစ်သည်။

ထိုအချိန်တွင် လေပိုဝမ်က

“မင်းကြီး။ ကျွန်တော်တို့ ဘိုးဘေးတွေက ဖရိုဖရဲ ကြယ်ပင်လယ်ကို တစ်ခါမက ကင်းလှည့်ခဲ့ပေမဲ့ သက်ရှိကမ္ဘာ တစ်ခုမှ မတွေ့ခဲ့ပါဘူး။ နှစ်ပေါင်းများစွာ ကြာမှ သက်ရှိတွေ ရုတ်တရက် ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။”

လေဟောင်ရန်က

“မသေချာဘူး။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ထျန်းချန်ကမ္ဘာအနီးမှာ အာကာသ လှိုင်းတံပိုးတွေ ပေါ်လာခဲ့တယ်... အဲဒီ အာကာသ လှိုင်းတံပိုးတွေက ဖရိုဖရဲ ကြယ်ပင်လယ်ထဲကို သက်ရှိအများအပြား သယ်ဆောင်လာတာ ဖြစ်နိုင်တယ်။”

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ထျန်းချန်ကမ္ဘာကို ကျုပ် စောင့်ကြည့်ခဲ့ဖူးတယ်။ အဲဒီတုန်းက တစ်ခုခု ဖုံးကွယ်ထားသလို ဖြစ်နေပြီး သက်ရှိရှိမရှိ လုံးဝ မသဲကွဲခဲ့ဘူး။ ဒါက အာကာသ လှိုင်းတံပိုးကြောင့်လို့ ယူဆပြီး ကျုပ်လျစ်လျူရှုထားခဲ့တာ။”

“ခင်ဗျား နတ်လှေတစ်စင်း ယူပြီး သွားကြည့်ချေ။ ထျန်းချန်ကမ္ဘာမှာ သက်ရှိတွေ တကယ်ရှိရင် ချက်ချင်းပြန်လာပြီး သတင်းပို့ပါ။”

လေဧကရာဇ်၏ အမိန့်စကားကြောင့် လေပိုဝမ် ဘာမှဆက်မပြောတော့ပဲ ချက်ချင်း ဦးညွတ်ကာ

“ဟုတ်ကဲ့ပါ မင်းကြီး... ထျန်းချန်ကမ္ဘာကို ကျွန်တော် ချက်ချင်း ထွက်သွားပါ့မယ်။”

လေဟောင်ရန်က ဆက်လက်၍

“ထျန်းချန်ကမ္ဘာနဲ့ ကျိယန်ကမ္ဘာမှာ သက်ရှိရှိမရှိ အတည်ပြုရုံပဲ လုပ်ရမယ်။ သက်ရှိတွေကို မလန့်သွားစေနဲ့။ အန္တရာယ် တစ်စုံတစ်ခု ကြုံလာရင် ထျန်းချန်ကမ္ဘာကနေ ချက်ချင်း ထွက်လာခဲ့။”

လေပိုဝမ်က

“အမိန့်အတိုင်းပါ မင်းကြီး”

ထို့နောက် လေဧကရာဇ်က လက်ကို ဝှေ့ယမ်းကာ

“ကောင်းပြီ... သွားပြင်ဆင်တော့”

“ကျွန်တော့်ကို ခွင့်ပြုပါဦး”

စကားဆုံးသည်နှင့် ခန်းမဆောင်ထဲမှ လေပိုဝမ် လှည့်ထွက်သွားလေတော့သည်။

……..

ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက်။

ထျန်းချန်ကမ္ဘာ၏ အပြင်ဘက် ဟင်းလင်းပြင်ကျယ်ထဲတွင် နတ်လှေတစ်စင်းသည် ထျန်းချန်ကမ္ဘာဆီသို့ ဖြည်းညှင်းစွာ ဦးတည်ရွေ့လျားလာနေသည်။

ထိုအချိန်၌ နတ်လှေကုန်းပတ်ပေါ်တွင် လေပိုဝမ် ရပ်နေပြီး အဝေးမှ ထျန်းချန်ကမ္ဘာကို လှမ်းမျှော်ကြည့်နေသည်။ အဝေးမှ လှမ်းကြည့်လိုက်ရာ သက်ရှိမရှိသော ကမ္ဘာတစ်ခုသာ ဖြစ်ကြောင်း သူ တွေးတောမိလိုက်ကာ အဲ့ဒီလူက မင်းကြီးကို လှည့်စားခဲ့တာ သေချာနေပြီဟု သူ မှတ်ယူလိုက်၏။

ဒါပေမဲ့ အဲဒီလူက ဘာလို့ အဲ့ဒီလို လုပ်ရမှာလဲ။

မင်းကြီးကို လှည့်စားလို့ ဘာအကျိုးမှ မရှိပေ။ ဖရိုဖရဲ ကြယ်ပင်လယ်က ကျယ်ဝန်းလှသည့်တိုင် ကမ္ဘာတစ်ခုမှာ သက်ရှိရှိမရှိ စစ်ဆေးဖို့က အလွန်လွယ်ကူသည်။

အဲဒီလူက မင်းကြီး ဒေါသထွက်မှာကို မကြောက်ဘူးလား။

လေ့ပိုဝမ် အတွေးများ နေစဉ်မှာပင် ရုတ်တရက် စစ်သည်တစ်ဦးက သတိပေးလိုက်သည်။

“ဗိုလ်ချုပ်။ တစ်ခုခုတော့ မှားနေပြီ”

လေ့ဘိုဝမ်က မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

စစ်သည်က

“အဝေးတစ်နေရာမှာ စိတ်ဝိညာဉ်စွမ်းအား အတော်များများ ရှိနေသလိုပဲ။”

ထိုစကားကို ကြားသောအခါ လေပိုဝမ်က သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး စကြဝဠာ ဟင်းလင်းပြင် အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်ရာ စစ်သည်ပြောသလိုပင် ဟင်းလင်းပြင်ထဲတွင် စိတ်ဝိညာဉ်စွမ်းအား အကြွင်းအကျန် အများအပြား ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ဟင်းလင်းပြင်ထဲမှာ တစ်စုံတစ်ယောက် တိုက်ခိုက်ခဲ့တာလား။

ဒါက...

ထျန်းချန်ကမ္ဘာမှာ လူတွေ တကယ်ရှိတာလား။ သို့သော် ထျန်းချန်ကမ္ဘာက မည်းမှောင်နေ၏။

သက်ရှိမရှိသော ဂြိုဟ်များသာ ဤသို့ မည်းမှောင်နေလေ့ ရှိသည်။

ထျန်းချန်ကမ္ဘာကို အနီးကပ် သွားရောက်ကြည့်ရှုရန် လေပိုဝမ် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ထျန်းချန်ကမ္ဘာဆီသို့ ဆက်လက်ပျံသန်းရန် နတ်လှေကို သူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်လိုက်သည်။ နတ်လှေ ထျန်းချန်ကမ္ဘာနှင့် နီးကပ်လာသည်နှင့် တပြိုင်နက် အတားအဆီးတစ်ခုနှင့် တိုက်မိသလို ဖြစ်သွားပြီး ချက်ချင်းပင် တုန်ခါသွားသည်။

တစ်ခုခု မှားယွင်းနေကြောင်း လေပိုဝမ် အာရုံခံမိလိုက်ပြီး နတ်လှေပေါ်ရှိ စစ်သည်များကို လှမ်းအော်ပြောလိုက်သည်။

“နတ်လှေကို ငြိမ်အောင်ထိန်းထား”

သူ့အသံ ဆုံးသည်နှင့် နတ်လှေပေါ်ရှိ နေမင်းတပ်မတော် စစ်သည်များက နတ်လှေ ရှေ့ဆက်သွားနိုင်စေရန် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို နတ်လှေထဲသို့ ပြိုင်တူ ထည့်သွင်းလိုက်ကြသည်။

ရှေ့သို့ တိုးဝင်သွားနေစဉ်အတွင်း ထျန်းချန်ကမ္ဘာသို့ နတ်လှေ မကပ်နိုင်အောင် တားဆီးထားသော ကန့်သတ်ချက်များ ရှိနေသကဲ့သို့ နတ်လှေ၏ အရှိန်က သိသိသာသာ နှေးကွေးသွားသည်။

ထျန်းချန်ကမ္ဘာ ပတ်လည်တွင် ဤကဲ့သို့သော ကန့်သတ်ချက်များ ချထားနိုင်သူသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားရမည် ဖြစ်သဖြင့် လေပိုဝမ် မျက်မှောင်ကြုတ်သွားမိသည်။

ထျန်းချန်ကမ္ဘာက တကယ်ပဲ ထူးဆန်းနေသည်။

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားပြီးနောက် နောက်ဆုံး နှစ်နာရီခန့်အကြာ၌ သူတို့၏ နတ်လှေ ငြိမ်သက်သွားလေသည်။

နတ်လှေ ငြိမ်သက်သွားသည်နှင့် တပြိုင်နက် မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ အနက်ရောင်ကမ္ဘာ မဟုတ်တော့ပေ။ အပြာရောင်အလင်းများ ဖြာထွက်နေသော ကမ္ဘာတစ်ခု ဖြစ်လာသည်။ ထျန်းချန်ကမ္ဘာဘေးတွင် ခရမ်းရောင် အလင်းဖျော့ဖျော့ ထွက်နေသော အခြားကမ္ဘာတစ်ခု ရှိနေသေးသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လေပိုဝမ်နှင့် နေမင်းတပ်မတော် စစ်သည်များ အံ့အားသင့် မှင်သက်သွားကြသည်။ ဖရိုဖရဲ ကြယ်ပင်လယ်ထဲတွင် လေရန်ကမ္ဘာတစ်ခုတည်းသာ သီးသန့်တည်ရှိပြီး အခြားကမ္ဘာများ၏ ကောင်းကင်ဘုံ လမ်းစဉ်မှာ ပျက်စီးသွားပြီ ဖြစ်သဖြင့် သက်ရှိများ ပေါ်ပေါက်လာရန် မဖြစ်နိုင်ဟု သူတို့ အမြဲ ယုံကြည်ထားခဲ့ကြသည်။

မထင်မှတ်ထားပဲ သူတို့နှင့် အလွန်နီးကပ်သော နေရာတွင် သက်ရှိများဖြင့် ပြည့်နှက်နေသော ကမ္ဘာနှစ်ခု တည်ရှိနေပြီး ထိုကမ္ဘာနှစ်ခုမှာ ပေါင်းစပ်လုနီးပါး ဖြစ်နေသည်။

ကမ္ဘာနှစ်ခု ပေါင်းစပ်မှု ပြီးစီးသွားပါက ၎င်းတို့၏ ပမာဏသည် လေရန်ကမ္ဘာ၏ အရွယ်အစားကို မီလာနိုင်သည်။

ထိုအချိန်၌ လေပိုဝမ်၏ ဘေးမှ ဒုဗိုလ်ချုပ်က မေးလိုက်သည်။

“ဗိုလ်ချုပ်။ ကျွန်တော်တို့ ဆက်သွားကြမလား”

လေပိုဝမ် သတိပြန်ဝင်လာပြီး စစ်သည်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“ချက်ချင်း ပြန်ဆုတ်မယ်... ဒီကိစ္စကို မင်းကြီးဆီ အမြန်ဆုံး သတင်းပို့ရမယ်”

ထိုကိစ္စသည် အလွန်အရေးကြီးသဖြင့် လေပိုဝမ်လည်း တွန့်ဆုတ်မနေပဲ နတ်လှေကို ပြန်လှည့်ရန် တိုက်ရိုက် ထိန်းချုပ်လိုက်သည်။ သူ့တာဝန်မှာ ထျန်းချန်ကမ္ဘာ၌ သက်ရှိရှိမရှိ အတည်ပြုရန်သာ ဖြစ်သည်။ ထျန်းချန်ကမ္ဘာထဲသို့ သူ မဝင်ရောက်ခဲ့သော်လည်း ယခုတွေ့ကြုံခဲ့ရသော တားဆီးပိတ်ပင်မှုများနှင့် ထျန်းချန်ကမ္ဘာ၏ အရောင်ကို ကြည့်ခြင်းအားဖြင့် ထျန်းချန်ကမ္ဘာတွင် သက်ရှိများ ရှိနေတာ သေချာကြောင်း အတည်ပြုနိုင်သည်။

သက်ရှိများ ရှိရုံသာမကပဲ စွမ်းအားကြီးမားသော ဖြစ်တည်မှုများလည်း ရှိနေနိုင်သည်။

All Chapters