ဉာဏ်နည်းသော ကျင့်ကြံသူ
Vol. 76 Ch. 1130
လုချန်း ရှေ့သို့ ထွက်၍ လမ်းပိတ်ရပ်လိုက်သည်ကို မြင်သောအခါ ကျန်းချန်ရဲနှင့် အပေါင်းအပါများ၏ မျက်နှာများသည် ချက်ချင်း ပြာနှမ်းသွားကြသည်။
ထို့နောက် ကျန်းချန်ရဲ အလျင်အမြန်ပင် သတိပြန်ဝင်လာပြီး လေရန်ကမ္ဘာဆီသို့ စိတ်အာရုံမှတစ်ဆင့် သတင်းပို့လိုက်သည်။
ကျန်းချန်ရဲ၏ မသိမသာ လှုပ်ရှားမှုကို မြင်သောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်၏။ စိတ်အာရုံမှတစ်ဆင့် သတင်းပို့ခြင်းကို တားဆီးရန်အတွက် ထိရောက်သော နည်းလမ်း သူ့တွင် မရှိသေးပေ။
သတင်းပို့ပြီးနောက် ကျန်းချန်ရဲက သူ့ဘေးရှိလူများကို
“ထျန်းချန်ကမ္ဘာမှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူဆိုလို့ ဆွမ်ဧကရာဇ် တစ်ယောက်တည်း ရှိတာပါ။ ငါတို့အားလုံး ဝိုင်းတိုက်ပြီး သူ့ကို ထိန်းထားနိုင်ရင် မင်းကြီးက ငါတို့ကို ကယ်ဖို့ လူတွေ လွှတ်လိုက်လိမ့်မယ်”
ဟု အားပေးစကား ပြောလိုက်သည်။
လုချန်းကို မယှဉ်နိုင်မှန်း ကျန်းချန်ရဲ သိသော်လည်း ခံစစ်ပုံစံ ပြုလုပ်ပြီး ခဏတာ တားဆီးထားရန်က ပြဿနာမရှိဟု သူတို့ ယူဆထားကြခြင်း ဖြစ်၏။
ကျန်းချန်ရဲသည် လေဧကရာဇ်ကို စိတ်အာရုံမှတစ်ဆင့် အကြောင်းကြားပြီး ဖြစ်သည်။ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်အနှစ်သာရ တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ အခြားကမ္ဘာတစ်ခုသို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။
ထို့ကြောင့် လေရန်နိုင်ငံမှ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ၏ ဝိညာဉ်အနှစ်သာရ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိလာသည်အထိ သူတို့ ဆွဲထားနိုင်ပါက လွတ်မြောက်ရန် လွယ်ကူပေလိမ့်မည်။
ကျန်းချန်ရဲ၏ စကားကို ကြားသောအခါ လေရန်နိုင်ငံမှ ကျင့်ကြံသူများ ချက်ချင်း စုပေါင်းရပ်လိုက်ကြသည်။
ထို့နောက် လူတိုင်းက သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။
နေမင်း နည်းဗျူဟာ။
ကျန်းချန်ရဲနှင့် အခြားသူများ၏ ခြေအောက်တွင် အင်းကွက်များ ပေါ်လာပြီး ဧရာမ နည်းဗျူဟာ ပုံစံတစ်ခု ဖြစ်လာရန် လျင်မြန်စွာ ချိတ်ဆက်သွားသည်။
နောက်တစ်ခဏတွင် နည်းဗျူဟာ၏ အထက်၌ ကျားတစ်ကောင်၏ ပုံရိပ် ပေါ်လာသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လုချန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
လက်ရှိ သူ၏ စွမ်းအားအရ ကျန်းချန်ရဲနှင့် အဖွဲ့ကို အနိုင်ယူရန်မှာ လက်ဝါးမှောက်လိုက်သလို လွယ်ကူလှ၏။ ရှန်ဟွေချပ်ဝတ်၏ အားဖြည့်ပေးမှုအောက်တွင် သူ၏ စွမ်းအားသည် ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
ကျန်းချန်ရဲတို့၏ နေမင်းနည်းဗျူဟာသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှိသော်လည်း လုချန်း၏ ရှေ့တွင် လုံးဝ မလုံလောက်ပေ။ သို့သော် လုချန်းအနေနှင့် ယခုအချိန်တွင် အလွယ်တကူ တိုက်ခိုက်၍ မရနိုင်သေးပေ။
သူသာ အင်အားအကုန် ထုတ်သုံးလိုက်ပါက ထျန်းချန်ကမ္ဘာ မလွဲမသွေ ပျက်စီးသွားပေလိမ့်မည်။ ထျန်းချန်ကမ္ဘာသည် အဆင့်နိမ့်ကမ္ဘာတစ်ခုသာ ဖြစ်ပြီး နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပေ။ လုချန်း၏ စွမ်းအားက ပြန်လည်ပျက်စီးခြင်းအဆင့်သို့ နီးကပ်နေသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။
ယခု ထိုနည်းလမ်းကို အသုံးပြုရမည့်ပုံ ပေါက်နေသည်။
လုချန်း တိုက်ခိုက်ခြင်း မရှိသည်ကို မြင်သောအခါ နေမင်း နည်းဗျူဟာ၏ ကြောက်မက်ဖွယ် စွမ်းအားကို သတိပြုမိသွားပြီး မတိုက်ခိုက်ရဲခြင်း ဖြစ်မည်ဟု ကျန်းချန်ရဲတို့ ထင်မှတ်သွားကြသည်။
ဟောင်ယွမ်ဝေက ပြုံး၍
“နေမင်း နည်းဗျူဟာက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် နံပါတ်ငါးအလွှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို တောင့်ခံနိုင်တယ်။ ဆွမ်ဧကရာဇ် မလှုပ်ရှားပုံထောက်ရင် ကျုပ်တို့ကို မယှဉ်နိုင်မှန်း သိသွားတဲ့ပုံပဲ။”
ထိုအချိန်တွင် ကျန်းချန်ရဲတို့၏ စိတ်ဓာတ်များ အကြီးအကျယ် တက်ကြွလာသည်။ နေမင်း နည်းဗျူဟာကို ထိန်းထားနိုင်သရွေ့ လေရန်ကမ္ဘာမှ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ၏ ဝိညာဉ်အနှစ်သာရ သို့မဟုတ် ကိုယ်ပွား ရောက်ရှိလာမည်ကို စောင့်ဆိုင်းနိုင်သည်။
သို့သော် ကျန်းချန်ရဲက
“မပေါ့ဆကြနဲ့။ ဆွမ်ဧကရာဇ်က ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားအောင် အချိန်ဆွဲနေတာ ဖြစ်နိုင်တယ်”
ဟု သတိပေးလိုက်သည်။
ထျန်းချန်ကမ္ဘာထဲသို့ ဝင်ရောက်လာကတည်းက ဤကမ္ဘာသည် စိတ်ဝိညာဉ်စွမ်းအား အလွန်နည်းပါးပြီး လေရန်ကမ္ဘာနှင့် လုံးဝ မယှဉ်နိုင်သည်ကို သူတို့ သတိပြုမိပြီး ဖြစ်သည်။
ထိုကဲ့သို့ အဆင့်နိမ့်ကမ္ဘာတွင် ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအားကို အချိန်မီ ပြန်လည်ဖြည့်တင်းရန် အလွန် ခက်ခဲလှပေသည်။
ကျန်းချန်ရဲ၏ စကားကို ကြားသောအခါ ဟောင်ယွမ်ဝေက
“စိတ်မပူပါနဲ့... မင်းကြီး လူလွှတ်လိုက်တဲ့အထိ နည်းဗျူဟာကို ထောက်ပံ့ပေးဖို့ လုံလောက်တဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် ယူလာပါတယ်။”
ထိုသို့ ပြောပြီးနောက် ဟောင်ယွမ်ဝေက သူ၏ အာကာသလက်စွပ်ထဲမှ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာကို ထုတ်ယူလိုက်ပြီး နေမင်း နည်းဗျူဟာသို့ စိတ်ဝိညာဉ်စွမ်းအား ဆက်လက် ထောက်ပံ့ပေးရန် လေထဲသို့ ပစ်တင်လိုက်သည်။
ထိုအရာကို မြင်သော်လည်း လုချန်း စိတ်ဝင်စားခြင်း မရှိပေ။ ထိုအချိန်တွင် သူ၏ မျက်လုံးများမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ကျန်းချန်ရဲတို့သည် လုချန်းကို စိုက်ကြည့်နေကြသဖြင့် သူတို့၏ မျက်လုံးများနှင့် ထိုခရမ်းရောင်အလင်းတန်းများ အမှတ်မထင် ဆုံမိသွားကြ၏။
နောက်တစ်ခဏတွင် သူတို့ ငရဲပြည်သို့ ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။ သူတို့၏ ခန္ဓာကိုယ် ဘေးပတ်လည်တွင် အရိုးစုများနှင့် မိစ္ဆာကောင်များ နေရာအနှံ့ ရှိနေပြီး ထိုအရိုးစု သတ္တဝါများသည် သူတို့ဆီသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။
သို့သော် သူတို့သည် အလယ်အလတ်တန်းစား ကျင့်စဉ်ကမ္ဘာမှ ဗဟုသုတ ကြွယ်ဝသော ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့ စိတ်ကူးယဉ်နယ်မြေထဲသို့ ရောက်ရှိနေကြောင်း ချက်ချင်း သိလိုက်ကြသည်။
စိတ်နှလုံး ထိန်းချုပ်ခြင်း ကျင့်စဉ်သည် အလွန်အမင်း စွမ်းအားကြီးမားခြင်း မရှိပေ။ လုချန်းက ကျွမ်းကျင်စွာ အသုံးပြုနိုင်သော်လည်း ကျန်းချန်ရဲနှင့် အခြားသူများကို လုံးဝ ထိန်းချုပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
သို့သော် လုချန်း သူတို့ကို အကြာကြီး ဖမ်းထားရန် မလိုအပ်ပေ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ထိုလူများကို ထျန်းချန်ကမ္ဘာအပြင်ဘက်သို့ တိုက်ထုတ်ရန် ဖြစ်သည်။
ထိုလူများကို ထျန်းချန်ကမ္ဘာအပြင်ဘက်သို့ တိုက်ထုတ်နိုင်သည်နှင့် သူ အစွမ်းကုန် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ကျန်းချန်ရဲနှင့် အပေါင်းအပါများ တွေဝေသွားသည့် အချိန်၌ နေမင်း နည်းဗျူဟာ အထက်ရှိ ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအခွင့်အရေးကို အသုံးချ၍ လုချန်းက ချက်ချင်း လှုပ်ရှားလိုက်ပြီး ထိုလူများကို ထျန်းချန်ကမ္ဘာ အပြင်ဘက်သို့ လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ထုတ်လိုက်တော့သည်။
ကျန်းချန်ရဲတို့ အာကာသထဲသို့ ရောက်ရှိသွားချိန်တွင် စိတ်ကူးယဉ်နယ်မြေထဲမှထွက်သွားပြီး ချက်ချင်း သတိပြန်ဝင်လာကြသည်။ သူတို့ လေဟာနယ်ထဲသို့ ရောက်ရှိနေသည်ကို မြင်သောအခါ ကျန်းချန်ရဲက နတ်လှေကို ချက်ချင်း ထုတ်ယူပြီး အကာအကွယ်ကို ဖွင့်လိုက်သည်။
ထို့နောက် ကျန်းချန်ရဲနှင့် ဟောင်ယွမ်ဝေတို့က နတ်လှေကို ပြိုင်တူ ထိန်းချုပ်ပြီး လေရန်နိုင်ငံ ရှိရာအရပ်သို့ အမြန်ဆုံးနှုန်းဖြင့် မောင်းနှင်လိုက်ကြသည်။
တဖြည်းဖြည်း ဝေးကွာသွားသော နတ်လှေကို ကြည့်ရင်း လုချန်း အလျင်လိုခြင်း မရှိပေ။ ထို့နောက် စနစ်မှ နတ်သတ်ဓားကို ဖြည်းညှင်းစွာ ထုတ်ယူပြီး ဝှေ့ယမ်းလိုက်သည်။
ရေခဲရှစ်ဆင့် ဓားသိုင်း။
ချက်ချင်းဆိုသလိုပင် အေးစက်သော ဓားအလင်းတန်း ရှစ်ခုသည် နတ်လှေကို ဖြတ်သန်းသွားပြီး နတ်လှေကို အပိုင်းပိုင်းအစစ ဖြစ်ကာ ပေါက်ကွဲသွားစေသည်။
အာကာသ ဟင်းလင်းပြင်ထဲ လွင့်မျောနေသော နတ်လှေ အပိုင်းအစများကို ကြည့်ရင်း ထိုလူများ သေဆုံးသွားပြီလားဟု လုချန်း တွေးလိုက်မိသည်။
လေရန်ကမ္ဘာ အကြောင်းကို မေးမြန်းရန် လူတစ်ယောက် နှစ်ယောက်လောက် ဖမ်းဆီးထားချင်သဖြင့် စောစောက သူ အင်အားအကုန် မသုံးခဲ့ပေ။
နတ်လှေ ပေါက်ကွဲပြီးနောက် အပျက်အစီးများ ရှိရာသို့ လုချန်း ချက်ချင်း သွားလိုက်သည်။ ထိုနေရာတွင် ထွက်ပြေးရန် ကြိုးစားနေသော အရိပ်တစ်ခုကို အမှန်တကယ် တွေ့လိုက်ရ၏။
လုချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ဖိအားတစ်ခုက ထိုလူဆီသို့ တိုးဝင်သွားသည်။ ဟောင်ယွမ်ဝေ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ရွှေရောင်မျှော်စင်ငယ်လေး တစ်ခုကို အလျင်အမြန် ထုတ်ယူကာ ၎င်းအတွင်းသို့ ဝင်ရောက် ပုန်းခိုလိုက်သည်။
လုချန်းက သူ၏ လက်ထဲမှ နတ်သတ်ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်အဆင့် စိတ်ဝိညာဉ်ဓား ဖြစ်သော နတ်သတ်ဓားကို ဟောင်ယွမ်ဝေ၏ ရွှေရောင်မျှော်စင်က မခုခံနိုင်ပဲ ချက်ချင်း နှစ်ပိုင်းပြတ်သွားသည်။
အလင်းတန်းတစ်ချက် လက်သွားပြီးနောက် ဟောင်ယွမ်ဝေ၏ ရှေ့တွင် လုချန်း ပေါ်လာပြီး အပြုံးဖြင့်
“ထပ်ပြေးကြည့်လေ။ ကျွန်တော် ခင်ဗျားကို သတ်နိုင် မသတ်နိုင် ကြည့်ရအောင်။”
ထိုစကားကို ကြားသောအခါ ဆက်ပြေးနေပါက သေလမ်းသာ ရှိကြောင်း သိရှိသွားသဖြင့် ဟောင်ယွမ်ဝေလည်း ထိုနေရာ၌ပင် တောင့်တင်းသွားသည်။
ဆွမ်ဧကရာဇ်က တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် နတ်လှေကို ဖျက်ဆီးခဲ့သည်။ ထိုစွမ်းအားက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ပထမအလွှာ စွမ်းအား ကျော်လွန်နေကြောင်း ထင်ရှားလှသည် မဟုတ်ပါလား။
ထိုအရာကို တွေးမိပြီးနောက် ဟောင်ယွမ်ဝေက
“ကျွန်တော်က လေရန်ကမ္ဘာက လူတစ်ယောက်ပါ။ ခင်ဗျား ကျွန်တော့်ကို သတ်ရဲရင် လေဧကရာဇ်ရဲ့ အငြိုးကို ခံရမှာ မကြောက်ဘူးလား။”
လုချန်းက ရယ်မောပြီး
“ခင်ဗျားတို့ လေရန်ကမ္ဘာက ကျွန်တော့်ရဲ့ ထျန်းချန်ကမ္ဘာကို လာကျူးကျော်တာလေ။ ခင်ဗျားကို သတ်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ။”
စကားပြောနေရင်း လုချန်းက ဖိအားကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်ရာ ဟောင်ယွမ်ဝေ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မယုံနိုင်လောက်အောင် လေးလံသော အလေးချိန်ကို ချက်ချင်း ခံစားလိုက်ရသည်။
ဟောင်ယွမ်ဝေက
“ခင်ဗျား... ခင်ဗျား သိချင်တာ မှန်သမျှ ကျွန်တော် ပြောပြပါ့မယ်။ ကျွန်တော့်ကို လွှတ်ပေးပါ”
ဟု အလျင်အမြန် ပြောလိုက်သည်။
ကျန်းချန်ရဲက စိတ်အာရုံ သတင်းစကား ပေးပို့ပြီးဖြစ်ရာ လေရန်ကမ္ဘာမှ လူများ ရောက်လာရန် မကြာတော့ဟု ဟောင်ယွမ်ဝေ တွေးတောနေခြင်း ဖြစ်၏။ လေရန်ကမ္ဘာမှ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်များ လာရောက် ကယ်တင်သည်အထိ တောင့်ခံထားနိုင်လျှင် သူ အဆင်ပြေပေလိမ့်မည်။
ဟောင်ယွမ်ဝေ၏ အချိန်ဆွဲသည့် နည်းဗျူဟာကို လုချန်း သိမြင်သော်လည်း သိပ်ဂရုမစိုက်ပေ။ ထို့နောက်
“ခင်ဗျားရဲ့ စိတ်အာရုံကို ဖွင့်ထား။ ကျွန်တော် မေးတာကို ဖြေ။”
စကားပြောနေစဉ် လုချန်း၏ မျက်လုံးများမှ ခရမ်းရောင်အလင်းတန်းများ ထပ်မံ ထွက်ပေါ်လာပြီး ဟောင်ယွမ်ဝေ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
ဟောင်ယွမ်ဝေ ခုခံရန် အခွင့်အရေး မရလိုက်ခင်မှာပင် သူ၏ မျက်လုံးများ ဗလာဖြစ်သွား၏။ ထို့နောက် လုချန်းက
“ခင်ဗျားတို့ လေရန်ကမ္ဘာ ဘယ်နေရာမှာ ရှိလဲဆိုတာ လမ်းညွှန်ပြပါ။”