← Chapters

ကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများ ညီလာခံ

Vol. 76 Ch. 1132

ကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများ ညီလာခံ

Vol. 76 Ch. 1132

လေဟောင်ရန်၏ စကားကို ကြားလိုက်သောအခါ ခန်းမကြီးအတွင်းရှိ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် တုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း အရိပ်အယောင်များ ယှက်သန်းနေကြ၏။

အဆင့်နိမ့်ကမ္ဘာနှစ်ခုကို ကန့်သတ်ချက်ဖြင့် ဖုံးကွယ်ထားနိုင်သော အင်အားစုသည် သူတော်စင် သို့မဟုတ် မဟာဧကရာဇ်တို့၏ လက်ရာဖြစ်ပြီး အလွန်စွမ်းအားကြီးမားမည်မှန်း သူတို့ ကောင်းစွာ သိကြသည်။

ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာတို့တွင် အဖိုးတန် ရတနာများသာ မရှိခဲ့လျှင် ဖရိုဖရဲ ကြယ်ပင်လယ်ကဲ့သို့ စကြဝဠာထောင့်စွန်းလေးတွင် ထိုကဲ့သို့သော စွမ်းအားရှင်က အကြောင်းမဲ့သက်သက် ကန့်သတ်ချက်များ လာလုပ်ထားမည် မဟုတ်ပေ။

ထိုနေရာတွင် မဟာဧကရာဇ် ဂူသင်္ချိုင်းကဲ့သို့ အရာများ ရှိနေနိုင်သည်။

ထျန်းချန်ကမ္ဘာတွင် မဟာဧကရာဇ် ဂူသင်္ချိုင်း ရှိနိုင်ကြောင်း တွေးမိရုံဖြင့် ခန်းမရှိ လူတိုင်း၏ မျက်လုံးများတွင် လိုချင်တပ်မက်သော အရောင်များ တောက်ပလာသည်။

မဟာဧကရာဇ် ဂူသင်္ချိုင်းသာ အမှန်တကယ် ရှိနေပါက အတွင်းရှိ ရတနာများနှင့် အခွင့်အလမ်းများကို အသုံးပြု၍ ပြန်လည်ပျက်စီးခြင်းအဆင့်သို့ သူတို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

ပါရမီနှင့် အရည်အချင်း နည်းပါးသော ကျင့်ကြံသူများသည် ကျင့်စဉ်ရင်းမြစ် လုံလောက်မှု မရှိလျှင် သို့မဟုတ် အခွင့်အလမ်းများ မရရှိလျှင် အလယ်အလတ်တန်းစား ကမ္ဘာ၊ အဆင့်မြင့် ကမ္ဘာ သို့မဟုတ် စွမ်းအားကြီး သန့်ရှင်းသော နယ်မြေများတွင်ပင် ဖြစ်စေ နတ်ဘဝ ပြောင်းလဲခြင်းအဆင့်သည် သူတို့အတွက် နောက်ဆုံးအဆင့် ဖြစ်သွားတတ်သည်။

လေဟောင်ရန် အပါအဝင် လေရန်နိုင်ငံမှ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည် ပါရမီ သို့မဟုတ် အရည်အချင်း အလွန်ကောင်းမွန်ခြင်း မရှိပေ။ ထိုသို့သာ ကောင်းမွန်ပါကလည်း စကြဝဠာ၏ ဤထောင့်စွန်းလေးတွင် ပုန်းအောင်းနေကြမည် မဟုတ်ချေ။

ယခုအခါ ထိုအချုပ်အနှောင်များကို ချိုးဖျက်ရန် မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့ အလွန် ဝမ်းမြောက်နေကြသည်။

ထိုအချိန်တွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက စိတ်မရှည်စွာ မေးလိုက်သည်။

“မင်းကြီး။ ထျန်းချန်ကမ္ဘာကို ဘယ်အချိန် တိုက်ခိုက်ဖို့ စီစဉ်ထားပါလဲ။ ကျွန်တော့်ရဲ့ ဂိုဏ်းသားတွေကို အခုချက်ချင်း စုစည်းလိုက်ပါ့မယ်။”

ရောက်ရှိနေသူများ၏ စိတ်အားထက်သန်နေသော မျက်နှာထားများကို မြင်သောအခါ လေဟောင်ရန်က စကားအပို မပြောတော့ပဲ

“နောက်ငါးရက်နေရင် ထျန်းချန်ကမ္ဘာကို သွားဖို့ စီစဉ်ထားတယ်”

ဟု တိုက်ရိုက် ပြောလိုက်သည်။

လေဟောင်ရန်အနေနှင့် လုချန်းကို အလေးမထားသော်လည်း ထျန်းချန်ကမ္ဘာရှိ ရတနာများကို ရှာဖွေရန် လူအင်အား လိုအပ်နေသေးသည်။

ဆွမ်ဧကရာဇ် ထွက်ပြေးသွားပြီး မဟာဧကရာဇ် ဂူသင်္ချိုင်း တည်နေရာကို သူတစ်ယောက်တည်းသာ သိသည်ဆိုပါက ထိုနေရာကို ရှာဖွေရန် အချိန်အများကြီး ကုန်ဆုံးသွားမည်ဟု လေဟောင်ရန် တွက်ဆမိသည်။

လူအင်အား များ‌လေလေ ရှာဖွေရ လွယ်ကူလေလေ ဖြစ်သည်။

ထို့ပြင် ထျန်းချန်ကမ္ဘာကို ကျူးကျော်ပြီး ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာ နှစ်ခုလုံးကို လေရန်နိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန် လေဟောင်ရန် စီစဉ်ထားသည်။

ဖရိုဖရဲ ကြယ်ပင်လယ်တွင် သက်ရှိကမ္ဘာများ ရှားပါးလွန်းပြီး လေရန်ကမ္ဘာတွင် လူဦးရေ ထူထပ်ကာ အရင်းအမြစ်များ နည်းပါးနေသည်။ ထိုကမ္ဘာနှစ်ခုသည် အဆင့်နိမ့်ကမ္ဘာများ ဖြစ်သော်လည်း လေရန်နိုင်ငံအတွက် လူဦးရေ ဖိအားအချို့ကို လျှော့ချပေးနိုင်လိမ့်မည်။

လေဟောင်ရန်၏ စကားကို ကြားသောအခါ ရောက်ရှိနေသူများ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာပြီး အချို့မှာ ထျန်းချန်ကမ္ဘာသို့ ကြိုတင် သွားရောက်ရန်ပင် စဉ်းစားနေကြသည်။

ထိုအချိန်တွင် လေဟောင်ရန်က

“အဲဒီ ဆွမ်ဧကရာဇ်က ကြောက်စရာ မလိုပေမဲ့ မဟာဧကရာဇ် အမွေအနှစ် ရရှိထားသူ ဖြစ်နိုင်တယ်။ သူ့ရဲ့ စွမ်းအားက မသေးလှဘူး။ ချီမင်းသားရဲ့ ကိုယ်ပွားလည်း သူ့လက်ချက်နဲ့ ပျက်စီးခဲ့ရတယ်။”

ထိုအရာကို ကြားသောအခါ လေဧကရာဇ်က မဆင်မခြင် မလုပ်ဆောင်ရန် သတိပေးနေခြင်းဖြစ်ကြောင်း လူတိုင်း နားလည်လိုက်သည်။

လူများ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လေဟောင်ရန်က

“ကဲ။ ခင်ဗျားတို့ ပြန်ပြီး ပြင်ဆင်ကြတော့။”

လေဟောင်ရန် စကားဆုံးသည်နှင့် လူတိုင်းက

“အမိန့်အတိုင်းပါ မင်းကြီး”

ဟု ပြိုင်တူ ပြောဆိုကာ ဦးညွှတ်၍ ထွက်ခွာသွားကြသည်။

ထို နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် စစ်တပ်ကို စုစည်းရန် လေဟောင်ရန်က အမိန့်ထုတ်ပြန်လိုက်သည်။

ထျန်းချန်ကမ္ဘာသတင်းသည် လေရန်ကမ္ဘာ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လေဧကရာဇ်ကဲ့သို့ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ရှိနေသဖြင့် လေရန်ကမ္ဘာသည် ငြိမ်းချမ်းနေခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားခဲသည်။ ရုတ်တရက် စစ်တပ် စုဆောင်းခြင်းက ကြီးကျယ်သော ကိစ္စရပ်တစ်ခု ဖြစ်ပွားတော့မည်ကို ပြသနေပြီး ထျန်းချန်ကမ္ဘာ သတင်းကို ဖုံးကွယ်၍ မရနိုင်တော့ပေ။

အထူးသဖြင့် အလယ်အလတ်တန်းစား ကျင့်စဉ်ကမ္ဘာတွင် မနေလိုသူများ ရှိနေသဖြင့် လေဟောင်ရန်လည်း ဤသတင်းကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။

အဆင့်နိမ့် ကျင့်စဉ်ကမ္ဘာများ ရှိကြောင်း လူများ သိပါက ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာသို့ ပြောင်းရွှေ့သူများ ရှိလာမည်ဖြစ်ပြီး လေရန်ကမ္ဘာ၏ လူဦးရေ ဖိအားကို များစွာ သက်သာစေမည် ဖြစ်သည်။

ထိုအချိန်တွင် လုချန်းသည် ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်နေပြီဖြစ်သည်။ လေရန်နိုင်ငံ၏ ကိစ္စရပ်များကို ဇနီးသည်များအား အသိပေးရန် သူ၏ ရုပ်သေးရုပ်များကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ထို့နောက် ကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများ ညီလာခံကို ချက်ချင်း ကျင်းပလိုက်သည်။

နောက်တစ်နေ့ နံနက်တွင် ကျိယန်ကမ္ဘာမှ မရေမတွက်နိုင်သော မိုးပျံလှေများသည် ကမ္ဘာနှစ်ခုကြားရှိ အက်ကွဲကြောင်းမှတစ်ဆင့် ထျန်းချန်ကမ္ဘာထဲသို့ ဝင်ရောက်လာကြသည်။

ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအား အခြေအနေကို ကျိယန်ကမ္ဘာမှ အင်အားကြီးအဖွဲ့အစည်းများ၏ ခေါင်းဆောင်ပိုင်းများ မြင်တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားကြသည်။ ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအားသည် ကျိယန်ကမ္ဘာထက် ပိုမိုကြွယ်ဝလိမ့်မည်ဟု မူလက သူတို့ ထင်ထားခဲ့ကြသည်။ ထိုသို့ မဟုတ်ပါက ဆွမ်ဧကရာဇ်ကဲ့သို့ စွမ်းအားရှင် ပေါ်ထွက်လာနိုင်မည် မဟုတ်ပေ။

လက်တွေ့တွင်မူ ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအားသည် ကျိယန်ကမ္ဘာထက်ပင် ပိုမို ရှားပါးနေသည်။

ဤကဲ့သို့ ရှားပါးသော စိတ်ဝိညာဉ်စွမ်းအားဖြင့် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်ကို မည်သို့ မွေးထုတ်ပေးနိုင်မည်နည်း။

ဆွမ်ဧကရာဇ်သည် ထျန်းချန်ကမ္ဘာ ဇာတိမဟုတ်ပဲ အခြားကမ္ဘာမှ လာရောက်ခြင်း ဖြစ်နိုင်လား။

မိုးပျံလှေ ဦးပိုင်းတွင် ရပ်နေသော နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့သည်လည်း ကျင့်ကြံသူ အများစုကဲ့သို့ပင် တွေးတောနေကြသည်။ ဤကဲ့သို့ စိတ်ဝိညာဉ်စွမ်းအား ရှားပါးသော အဆင့်နိမ့်ကမ္ဘာတွင် ဆွမ်ဧကရာဇ် နတ်ဘဝ ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနိုင်ခြင်းမှာ ထူးကဲသော ပါရမီ ရှိ၍ သို့မဟုတ် ဤကမ္ဘာမှ မဟုတ်၍ ဖြစ်နိုင်သည်။

အဆင့်မြင့်ကမ္ဘာမှ ကျင့်ကြံသူများ အတွေ့အကြုံယူရန် အဆင့်နိမ့်ကမ္ဘာသို့ လာရောက်ခြင်းက မဖြစ်နိုင်သောကိစ္စ မဟုတ်ပေ။

လုချန်း ပေးခဲ့သော ကျင့်စဉ်ကို နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ သတိရသွားကြသည်။ သူတော်စင်အဆင့် ကျင့်စဉ်ကို ပေးနိုင်သူတွင် အင်အားကြီး အဖွဲ့အစည်းတစ်ခု ကျောထောက်နောက်ခံ ရှိရမည်ဖြစ်ပြီး ဤကမ္ဘာမှ လူတစ်ယောက် မဖြစ်နိုင်ပေ။

လုချန်းသည် အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ ဆက်ခံသူဖြစ်ပြီး အတွေ့အကြုံယူရန် ထျန်းချန်ကမ္ဘာသို့ လာရောက်ခြင်း ဖြစ်ဖို့များသည်။

လုချန်း၏ ဖြစ်နိုင်ခြေရှိသော ဇစ်မြစ်ကို တွေးတောရင်း သူတို့ လူမှန် ရွေးချယ်မိပြီဟု နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ စိတ်ထဲ တွေးမိလိုက်ကြသည်။

လုချန်းသည် အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ ဆက်ခံသူ မဟုတ်လျှင်တောင် သူတို့ နောင်တရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် လုချန်း၏ ထိန်းချုပ်မှုအောက်မှ သူတို့ မလွတ်မြောက်နိုင်တော့ကြောင်း ရှင်းလင်းစွာ သိရှိထားကြ‌ သောကြောင့်ဖြစ်သည်။

မကြာမီ ကျိယန်ကမ္ဘာ အင်အားကြီး အဖွဲ့အစည်းများမှ မိုးပျံလှေများသည် နဂါးနက်မြို့ အထက်သို့ ရောက်ရှိလာကြသည်။ ရန်ခရိုင်အစား နဂါးနက်မြို့ကို လုချန်း ရွေးချယ်ခဲ့ခြင်းမှာ ကျိယန်ကမ္ဘာမှ အဖွဲ့အစည်းများကို သူ သိပ်မယုံကြည်သောကြောင့် ဖြစ်သည်။

သူ၏ ဇနီးသည်များနှင့် သားသမီး အများစုမှာ ရန်ခရိုင်တွင် ရှိနေပြီး ထိုနေရာရှိ ဇနီးသည်များသည် အင်အား အတော်အတန် နည်းပါးကြသည်။ မသမာသော ရည်ရွယ်ချက်ရှိသူများ ရန်ခရိုင်သို့ ဝင်ရောက်လာပါက မိသားစုအတွက် ပြဿနာ ဖြစ်လာနိုင်သည်။

နဂါးနက်မြို့မှာမူ ကွာခြားသည်။ ထိုနေရာရှိ ဇနီးသည်များမှာ အတော်အတန် စွမ်းအားကြီးကြပြီး ကျိယန်ကမ္ဘာမှ လူအချို့က ရန်ပြုချင်လျှင်ပင် သူတို့ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည်။

လုချန်း၏ တွေးခေါ်မှု မမှားပေ။ ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအားသည် ကျိယန်ကမ္ဘာထက် ရှားပါးသည်ကို တွေ့မြင်ရသောအခါ ကျိယန်ကမ္ဘာမှ ကျင့်ကြံသူအချို့တွင် ရှနိုင်ငံတော်နှင့် လုချန်းအပေါ် အထင်သေးသောစိတ်များ ဖြစ်ပေါ်လာသည်။

သို့သော် သန့်ရှင်းသော နဂါးနက် နယ်မြေမှ စွမ်းအားရှင်များကြောင့် မကြာမီ သူတို့ ကြောက်ရွံ့သွားကြသည်။

ကျိယန်ကမ္ဘာ၏ အင်အားကြီး အဖွဲ့အစည်းများမှ မိုးပျံလှေများ နဂါးနက်မြို့ အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများ ထုတ်လွှတ်နိုင်သော စွမ်းအားထက် များစွာကျော်လွန်သည့် စွမ်းအားကြီး အငွေ့အသက် ဒါဇင်ပေါင်းများစွာကို သူတို့ အာရုံခံမိလိုက်ကြသည်။

ကျိယန်ကမ္ဘာမှ ကျင့်ကြံသူများလည်း ကြောက်လန့်၍ မျက်နှာများ ဖြူဖျော့သွားကြသည်။

ဘုရားရေ...

ထျန်းချန်ကမ္ဘာမှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်တွေ ဒီလောက်တောင် များတာလား။

ဒါက တကယ်ပဲ အဆင့်နိမ့်ကမ္ဘာ ဟုတ်ရဲ့လား။

စိတ်ဝိညာဉ်စွမ်းအား ရှားပါးတဲ့ အဆင့်နိမ့်ကမ္ဘာမှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင် အများကြီး ဘယ်လို ပေါ်ထွက်လာတာလဲ။

ဆွမ်ဧကရာဇ်က ဒီကမ္ဘာက ကျင့်ကြံသူ မဟုတ်တာ သေချာတယ်။

သူက အင်အားကြီး အဖွဲ့အစည်းတစ်ခုရဲ့ ဆက်ခံသူ ဖြစ်ရမယ်။

All Chapters