ရှနိုင်ငံတော်ဆီ အညံ့ခံပါ့မယ်
Vol. 76 Ch. 1139
လေဟောင်ရန် အေးစက်စက် ပြုံးလိုက်သည်။ ဤနေရာရှိ ပုံရိပ်သည် သူ၏ ကိုယ်ပွားတစ်ခုသာဖြစ်၏။
သို့သော်...
သူ၏ ကိုယ်ပွားမှာ သာမန်ကိုယ်ပွားများနှင့် မတူပေ။ ပင်မခန္ဓာနှင့် ဒုတိယခန္ဓာဟူ၍ ခွဲခြားထားခြင်း မရှိသော ဝိညာဉ်ခွဲခြင်း အထူးနည်းစနစ်ကို အသုံးပြုထားသည့် ကိုယ်ပွားဖြစ်သည်။ သူ၏ ဝိညာဉ်ကို နှစ်ပိုင်းသာ ခွဲကာ ခန္ဓာကိုယ်အသစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဤကိုယ်ပွား သေဆုံးသွားပါက သူ များစွာ အားနည်းသွားမည်ဖြစ်သည်။ ဒဏ်ရာပြင်းပြင်းထန်ထန်ပင် ရရှိလိမ့်မည်။
လေဟောင်ရန်က ဆက်လက်၍
“မင်းတို့ရဲ့ စွမ်းအားနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား။ ရယ်စရာ ကောင်းလိုက်တာ”
ဆွမ်ဧကရာဇ်တွင် ကောင်းကင်အဆင့် ဝိညာဉ်ဓား ရှိနေသည်။ ထို့ပြင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူကို လေဟောင်ရန် အမှန်တကယ် မယှဉ်နိုင်ပေ။ သို့သော် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်ကို ဖြေရှင်းရန်က သူ့အတွက် ပြဿနာ မဟုတ်သေးပေ။
သူ့ဘဝတွင် အမုန်းဆုံးအရာမှာ သစ္စာဖောက်များပင် ဖြစ်သည်။ ဤကိုယ်ပွား ပျက်စီးသွားလျှင်ပင် သစ္စာဖောက် ရှောက်လျန်ကျိကို သတ်ရန် သူ ဆုံးဖြတ်ထားသည်။
ထိုအချိန်တွင် လက်နက်တစ်ခုကို လေဟောင်ရန် ရုတ်တရက် ထုတ်လိုက်သည်။
ကျောက်စိမ်းတံဆိပ်တုံးတစ်ခုဖြစ်သည်။
“ကျောက်စိမ်းရွှေတံဆိပ်တုံး...”
နောက်တစ်ခဏတွင် ထိုလက်နက်သည် ကြီးမားသော အရွယ်အစားသို့ ပြောင်းလဲသွားကာ ရှောက်လျန်ကျိထံသို့ တိုက်ရိုက် လှိမ့်ဝင်သွားသည်။ ဤမြင်ကွင်းကို မြင်သောအခါ ရှောက်လျန်ကျိ လုံးဝ ကြောင်အသွားသည်။
ဘာတွေ ဖြစ်နေတာလဲ။
လေဟောင်ရန်က သူ့လက်ချက်ဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး ဖြစ်သည်။ ကျောက်စိမ်းရွှေတံဆိပ်တုံးကို မည်သို့ မောင်းနှင်နိုင်သေးသနည်း။
သူတို့သည် မြေပြင်မရှိသော လေဟာနယ်ထဲတွင် ရှိနေကြခြင်း ဖြစ်သည်။ သဘောတရား အရ ရှောက်လျန်ကျိသည် လေဟာနယ်အောက်ဘက်သို့ တိုက်ရိုက် ထွက်ပြေးနိုင်သည်။ သို့သော် ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်အား ချုပ်နှောင်ခံထားရသကဲ့သို့ ဖြစ်နေသည်။
သူ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ကြီးမားသော ကျောက်စိမ်းရွှေတံဆိပ်တုံးကြီး နီးကပ်လာသဖြင့် လုချန်းရှိရာသို့ ကူကယ်ရာမဲ့စွာဖြင့် ရှောက်လျန်ကျိ လှမ်းကြည့်လိုက်သည်။
“ဆွမ်ဧကရာဇ်... ကယ်ပါဦး”
သို့သော် လုချန်းက လှုပ်ရှားခြင်း မရှိပေ။ ရှောက်လျန်ကျိ၏ ဦးခေါင်းအထက်မှ သစ္စာရှိမှုပမာဏမှာ အနုတ်လက္ခဏာ ဖြစ်နေသည်ကို သူ မြင်ထားပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ရှောက်လျန်ကျိ၏ ကိုယ်ပွားတစ်ခုကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။
သူက လုချန်းအပေါ် မည်သို့ ချစ်ခင်နိုင်မည်နည်း။ ထိုသို့သော လူစားမျိုးသည် နောက်ဆုံးတွင် သစ္စာဖောက်မည်သာ ဖြစ်သည်။ လေဟောင်ရန် သူ့ကို သတ်လျှင်လည်း လွှတ်ထားလိုက်ခြင်းက ပိုကောင်းပေသည်။
လုချန်း မလှုပ်ရှားသည်ကို မြင်သောအခါ လေဟောင်ရန်က အားပါးတရ ရယ်မောလိုက်သည်။
“ရှောက်လျန်ကျိ... ဒါကို မင်း မထင်ထားဘူး မဟုတ်လား။ သခင်သစ်ဆီမှာ သစ္စာခံချင်ပေမယ့် ကံမကောင်းစွာနဲ့ သူက မင်းကို လုံးဝ ဂရုမစိုက်ဘူးကွ။”
ထို့နောက် လေဟောင်ရန်က ဟိန်းဟောက်လိုက်သည်။
“သေစမ်း”
နောက်တစ်ခဏတွင် ကျောက်စိမ်းရွှေတံဆိပ်တုံးသည် ရှောက်လျန်ကျိအပေါ်သို့ တိုက်ရိုက် ပြုတ်ကျလာသည်။ ကျောက်စိမ်းရွှေတံဆိပ်တုံးကို တားဆီးရန် သူ၏ နတ်ဝိညာဉ်ကို ရှောက်လျန်ကျိက ချက်ချင်း လောင်ကျွမ်းစေလိုက်သည်။ သို့သော် သူ၏ ဝိညာဉ်ခွဲတစ်ခု ဆုံးရှုံးထားသည်မှာ မကြာသေးသဖြင့် သူ၏ အင်အားမှာ လေဟောင်ရန်၏ အစွမ်းကုန်တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
ကျောက်စိမ်းရွှေတံဆိပ်တုံးသည် ကာကွယ်ထားသော စိတ်ဝိညာဉ်ဒိုင်းကို လျင်မြန်စွာ ချိုးဖျက်ကာ ရှောက်လျန်ကျိ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ တစ်ချိန်တည်းမှာပင် ရှောက်လျန်ကျိ၏ ခြေထောက်အောက်တွင် သူ၏ ဆုတ်လမ်းကို ပိတ်ဆို့ထားသကဲ့သို့ မြေပြင်တစ်ခု ပေါ်လာသည်။
မကြာမီ ရှောက်လျန်ကျိလည်း ကျောက်စိမ်းရွှေတံဆိပ်တုံးပိ၍ သွေးအိုင်အဖြစ် ပြောင်းလဲသွားတော့သည်။
သို့သော် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် အလွယ်တကူ မသေဆုံးနိုင်ပေ။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် နတ်ဝိညာဉ် ဆက်ရှိနေနိုင်သည်။ နတ်ဝိညာဉ် မသေဆုံးသရွေ့ သေဆုံးသည်ဟု မသတ်မှတ်နိုင်ပေ။
သူ၏ ရုပ်ခန္ဓာ ကြေမွသွားပြီးနောက် ရှောက်လျန်ကျိ၏ နတ်ဝိညာဉ်သည် အဝေးသို့ ချက်ချင်း ထွက်ပြေးသွားသည်။ ရှောက်လျန်ကျိ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ လေဟောင်ရန်က ကျောက်စိမ်းရွှေတံဆိပ်တုံးကို ထပ်မံ အသက်သွင်းလိုက်သည်။
ထိုအခါ ကြီးမားသော တံဆိပ်စာလုံးကြီး ပျံထွက်လာပြီး ရှောက်လျန်ကျိ၏ နတ်ဝိညာဉ်ကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။
ရှောက်လျန်ကျိကို ရှင်းလင်းပြီးနောက် လေဟောင်ရန် သွေးတစ်ပွက် ထပ်အန်လိုက်ပြန်သည်။ ကျန်ရှိနေသော အခြား နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။
ယခုအချိန် လေဟောင်ရန်ကို သစ္စာဖောက်လျှင် ရှောက်လျန်ကျိကဲ့သို့ ကံကြမ္မာမျိုး ကြုံရမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။ ထို့ပြင် သူတို့၏ ဆွေစဉ်မျိုးဆက်များလည်း အသတ်ခံရဖွယ် ရှိနေသည်။
သို့သော် ယခုအချိန် လေဟောင်ရန်ဘက်မှ ခိုင်မာစွာ ရပ်တည်နေလျှင်ပင် လေဟောင်ရန်သည် သေခါနီး ဖြစ်နေပြီဖြစ်သည်။ သူ ကျဆုံးရန် အချိန်အတိုင်းအတာတစ်ခုသာ လိုတော့သည်။
သူတို့ ရှုံးနိမ့်သွားသည်နှင့် သူတို့၏ ဆွေမျိုးများကို ဆွမ်ဧကရာဇ်က သတ်ဖြတ်ပစ်ရန် အလားအလာ များနေသည်။
ထိုအချိန်တွင် သူတို့ တစ်ဦးကိုတစ်ဦး ထပ်မံ ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မမျှော်လင့်ထားသော အခြေအနေ ပြောင်းလဲမှုများကို စိတ်အာရုံမှတဆင့် သတင်းပေးပို့ကာ ၎င်းတို့၏ ဆွေမျိုးများအား အကြောင်းကြားထားပြီးဖြစ်သည်။ လေရန်နိုင်ငံကို သတိထားရန်နှင့် အမြန်ဆုံး ပုန်းခိုစရာ နေရာရှာရန် အကြံပေးထားခဲ့သည်။
သို့သော် ထိုသို့လုပ်ရန် အချိန်အလုံအလောက် ရှိမရှိကိုတော့ သူတို့ မသေချာနိုင်ပေ။
ထိုအချိန်တွင် လေဟောင်ရန် သွေးတစ်ပွက် ထပ်အန်လိုက်သည်။ ပြီးနောက် အဝေးရှိ လုချန်းကို ကြည့်ကာ
“ငါ သေရမယ်ဆိုရင်တောင် မင်း သက်သောင့်သက်သာ မနေစေရဘူး။”
ထိုသို့ ပြောပြီးသည်နှင့် လေဟောင်ရန်က ကျောက်စိမ်းရွှေတံဆိပ်တုံးကို ထပ်မံ အသက်သွင်းလိုက်သည်။ ကြီးမားသော တံဆိပ်တုံးကြီးကို လုချန်း ကြည့်လိုက်ပြီး မည်သည့် ဝိညာဉ်လက်နက်မျိုး ဖြစ်ကြောင်း စနစ်ကို ထပ်မေးလိုက်သည်။
စနစ်က
“ဒါက ကျင့်ကြံသူရဲ့ အသက်သွေးနဲ့ မွေးမြူထားတဲ့ အသက်ဆက်နွယ် ဝိညာဉ်လက်နက် ဖြစ်ပြီး မြေအဆင့် ဝိညာဉ်လက်နက် စွမ်းအားရှိပါတယ်။”
မြေအဆင့် ဝိညာဉ်လက်နက်သာ ဖြစ်သည်။ သူ၏ ဓားချက်တစ်ချက်ကိုပင် တားဆီးနိုင်မည် မဟုတ်ပေ။ ထို့ကြောငိ့ အဆုံးသတ်လိုက်ခြင်းက ပိုကောင်းမည်ဟု လုချန်း တွေးလိုက်သည်။
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အနှံ့ စိတ်ဝိညာဉ်စွမ်းအားများကို လုချန်း လှည့်ပတ်လိုက်ပြီး နတ်သတ်ဓားကို အသက်သွင်းလိုက်ရာ နောက်တစ်ခဏတွင် ကြီးမားသော နေလုံး ပုံရိပ်များစွာ သူ၏ အနောက်တွင် ပေါ်လာသည်။
ကြယ်ရွှေ့ ဓားတစ်ထောင် ကျင့်စဉ်...
ထို့နောက် ရေတွက်၍ မရနိုင်သော ရွှေရောင်ဓားကြီးများ လေဟောင်ရန်ထံသို့ တိုးဝင်သွားသည်။ လေဟောင်ရန်က ကျောက်စိမ်းရွှေတံဆိပ်တုံးကို အလျင်အမြန် မောင်းနှင်ပြီး လုချန်း၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် ထိုရွှေရောင်ဓားကြီးများက ကျောက်စိမ်းရွှေတံဆိပ်တုံးနှင့် ထိတွေ့သောအခါ ချက်ချင်းပင် ထိုးဖောက်သွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ ထိုအချိန်တွင် လေဟောင်ရန်လည်း ရွှေရောင်ဓားများ၏ တိုက်ရိုက် ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ၏ နတ်ဝိညာဉ်ပင် ချက်ချင်းပျက်စီးသွားတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဟင်းလင်းပြင်ထဲ ကျန်ရှိနေသော နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ လေးဦးလည်း လုံးဝ ကြောင်အသွားကြသည်။
စွမ်းအားကြီးလွန်းတယ်။
မြေအဆင့် ဝိညာဉ်လက်နက်ကို အားကိုးလျှင်ပင် လေဟောင်ရန်က ဆွမ်ဧကရာဇ်၏ ပြိုင်ဘက် မဟုတ်ပေ။ လေဟောင်ရန်ပင် မယှဉ်နိုင်လျှင် ဆွမ်ဧကရာဇ်ကို သူတို့ မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
သူတို့ အချင်းချင်း တဖန် ကြည့်လိုက်ကြပြန်သည်။ သူတို့သည် အလွန် ခက်ခဲသော အနေအထားသို့ ရောက်ရှိနေကြသည်။ အညံ့မခံလျှင် သေချာပေါက် သေဆုံးရမည်။ အညံ့ခံလျှင်လည်း လေရန်နိုင်ငံသို့ ပြန်ရောက်ချိန်တွင် သူတို့၏ ဆွေမျိုးများ အသတ်ခံရပြီး ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထိုနတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ ခေါင်းအထက်ရှိ သစ္စာရှိမှုကို လုချန်း ကြည့်လိုက်သည်။ ၎င်းတို့၏ သစ္စာရှိမှုမှာ ခုနစ်ဆယ်အထိ ရောက်ရှိနေပြီဖြစ်သည်။ သူတို့၌ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေပြီဖြစ်ကြောင်း ပြသနေသည်။
ထို့နောက် လုချန်း
“ကျွန်တော်က လူသတ်ရတာကို နှစ်သက်တဲ့သူ မဟုတ်ဘူး။ ခင်ဗျားတို့သာ အညံ့ခံချင်ရင် အသက်ရှင်ခွင့် ပေးနိုင်တယ်။ ခင်ဗျားတို့ရဲ့ ဆွေမျိုးတွေကို ချမ်းသာပေးမယ်။”
ဆွမ်ဧကရာဇ် သူတို့ကို သတ်ချင်လျှင် လွယ်ကူကြောင်း သူတို့ နားလည်ကြသည်။ သို့သော် သူတို့ အမှန်တကယ် အညံ့ခံလိုက်ပါက သူတို့၏ ဆွေမျိုးများ ဘေးအန္တရာယ်နှင့် ရုတ်တရက် ကြုံတွေ့ရနိုင်သည်။
သူတို့ ထိုသို့ တွေးနေစဉ် လုချန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
“ခင်ဗျားတို့ စောစော အညံ့ခံရင် လေ ဧကရာဇ်ရဲ့ ကိုယ်ပွားက ခင်ဗျားတို့ရဲ့ အဖွဲ့တွေကို မရှင်းလင်းခင် ကျွန်တော် လေရန်ကမ္ဘာကို အချိန်မီ ရောက်နိုင်ကောင်း ရောက်နိုင်မှာပါ။”
ထိုစကားကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြကာ ပြိုင်တူ လျင်မြန်စွာ ပြန်လည် ဖြေကြားလိုက်ကြသည်။
“ကျွန်တော်တို့ ရှနိုင်ငံတော်ဆီ အညံ့ခံပါ့မယ်... ဒီတစ်သက် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”
ထိုစကားကို ကြားသောအခါ လုချန်း ချက်ချင်း ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ နတ်လှေတွေက နှေးလွန်းတယ်။ ရှနိုင်ငံတော်ရဲ့ နတ်လှေပေါ် တက်ကြပါ။”
ထိုအခါ လူတိုင်း ထပ်မံ တွေးတောမနေကြတော့ပေ။ လေရန်ကမ္ဘာမှ ကျင့်ကြံသူ အများစုသည် ထျန်းချန်ကမ္ဘာ၏ နတ်လှေပေါ်သို့ ချက်ချင်းတက်လိုက်ကြသည်။
လေရန်ကမ္ဘာတွင် ပြုလုပ်သော နတ်လှေများသည် သန့်ရှင်းသော နဂါးနက် နယ်မြေမှ ယင်ကျန်းယဲ့ ယူဆောင်လာသော နတ်လှေများကို နှိုင်းယှဉ်၍ မရနိုင်ပေ။
အထင်ရှားဆုံး အချက်မှာ အမြန်နှုန်းဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဖေးဟုန် နတ်လှေသည် အခြား နတ်လှေများကို ဦးဆောင်ကာ လေရန်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
……
ထိုအချိန်တွင်။
လေရန်နိုင်ငံ။
နန်းတော်။
နန်းတော်အောက်ရှိ အခန်းတစ်ခုအတွင်း လူငယ်တစ်ဦးသည် မျက်လုံးများကို ရုတ်တရက် ပြူးကျယ်စွာ ဖွင့်လိုက်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
ထိုစဉ် သူ၏ မျက်လုံးများတွင် ရက်စက်သော အကြည့်တစ်ချက် ဖြတ်ခနဲ ပေါ်လာသည်။ ပြီးနောက် သူက
“တစ်ယောက်ယောက် လာစမ်း”
မကြာမီ စစ်သည်တစ်ဦး အခန်းထဲသို့ ဝင်လာကာ ထိုလူကို ဂါရဝပြုကာ ပြောလိုက်သည်။
“အိမ်ရှေ့မင်းသား”
လေဟောင်ရန် ပြောလိုက်သည်။
“ငါ့အမိန့်ကို ထုတ်ပြန်လိုက်... ရှောက်လျန်ကျိက လေရန်ကမ္ဘာကို သစ္စာဖောက်သွားပြီ... ရှောက်မိသားစုကို ချက်ချင်း သုတ်သင်ပစ်”
လေဟောင်ရန်၏ ကိုယ်ပွားသည် လေရန်နိုင်ငံ၏ အိမ်ရှေ့မင်းသားဖြစ်သည်။ လေဟောင်ရန်သည် အာဏာကို မြဲမြံစွာ ဆုပ်ကိုင်ထားရန် ဤနည်းဗျူဟာကို အသုံးပြုထားသည်။ သူ မရှိသည့်အချိန်တွင် အိမ်ရှေ့မင်းသား၏ အမိန့်များသည် သူ၏ အမိန့်များ ဖြစ်ကြောင်း သူ မကြာခဏ ပြောလေ့ရှိသည်။