ရေစီးကြောင်းကို ပြောင်းပြန်လှန်ပစ်ခြင်း
Vol. 22 Ch. 316
~လူအုပ်ကြီး၏ အကြည့်များက လမ်း၏ အခြားတစ်ဖက်ဆီသို့ တစ်ညီတစ်ညွတ်တည်း စုပြုံကျရောက်သွားကြ၏။
လူငယ်တစ်ယောက်က မျက်နှာထက်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူ့ပုံစံက လူကြီးလူကောင်းဆန်သော အရှိန်အဝါတို့ပင် ထွက်ပေါ်နေသေးသည်။
ထိုလူမှာ တခြားသူမဟုတ် နတ်ဘုရားဆေးလုံး မြို့တော်နတ်ဘုရား ဆေးလုံး မှ ကျန်းမိသားစု၏ သခင်လေး ကျန်းခွေ့ ပင် ဖြစ်တော့သည်။
"သောက်ကောင်စုတ်.. မင်း ဘယ်လိုသေမလဲဆိုတာ ငါ ကောင်းကောင်းကြီး ကြည့်ရသေးတာပေါ့" ဟော့လင်က ဖုန်းဝူချန်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ရက်စက်စွာ ကြိမ်းဝါးလိုက်လေသည်။
ကျန်းမိသားစု၏ သခင်လေးဖြစ်သော ကျန်းခွေ့သည် တုန်း တုန်းယွင်မြို့မှာသာမက နတ်ဘုရားဆေးလုံး မြို့တော်နတ်ဘုရားဆေးလုံး၌ပင် ဘုရင်တစ်ဆူလို လျှောက်လှမ်းနိုင်သူ ဖြစ်သည်။ သူ၏ ဂုဏ်ပုဒ်မှာ အဓိက အင်အားကြီးအဖွဲ့အစည်းများ၏ သခင်လေးများထက် တစ်ဆင့်သာ နိမ့်လေ၏။
"သခင်လေးကျန်းက တကယ့်ကို ကျန်းမိသားစုရဲ့ ပါရမီရှင်ပဲ၊ ယွမ်တန်ဘုံ နဝမအလွှာကိုတောင် ရောက်နေပြီ"
"ဒီ ဖိအားပေးနိုင်တဲ့ အရှိန်အဝါက ဟော့မိသားစုခေါင်းဆောင်ထက်တောင် ကြောက်ဖို့ကောင်းသေးတယ်"
"ဟိုကောင်က ဟော့မိသားစုကို သွားစော်ကားမိတာ၊ ဒါ သေဒဏ်ပဲ။ အခု သခင်လေးကျန်း ဝင်ပါလာပြီဆိုတော့ သူတို့ တုန်းတုန်းယွင်ကနေ အရှင်ထွက်သွားဖို့ လမ်းမမြင်တော့ဘူး၊.. ဟိုမိန်းကလေး နှစ်ယောက်အတွက်တော့ နှမြောစရာပဲ။"
"ကျန်းမိသားစုက နတ်ဘုရားဆေးလုံး မြို့တော်နတ်ဘုရားဆေးလုံးမှာ ဒုတိယ အင်အားအကြီးဆုံးပဲ လေ။ ဟိုကောင့်မှာ အရည်အချင်းနည်းနည်း ရှိပုံရပေမယ့် သူလည်း ယွမ်တန်ဘုံ နဝမအလွှာပဲ ရှိတာ။ သခင်လေးကျန်းသာ ဝင်ပါလိုက်ရင် သေဖို့ပဲ ရှိတော့တယ်။"
"သခင်လေးကျန်း ဝင်ပါစရာတောင် လိုမယ်မထင်ပါဘူး၊ ဟော့မိသားစုခေါင်းဆောင် တစ်ယောက်တည်းနဲ့တင် သူတို့ကို သတ်ပစ်လိုက်လို့ ရတယ်"
ကျန်းခွေ့ ရောက်ရှိလာခြင်းက လူအုပ်ကြီးကို နောက်တစ်ကြိမ် စိတ်လှုပ်ရှားစေပြန်သည်။ သူတို့အားလုံးက ကျန်းမိသားစုကို မော့ကြည့် အားကျနေကြရသူများ မဟုတ်ပါလား။
"သခင်လေးကျန်း" ဟော့ယန်အန်းက လေးစားစွာ ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
"အစ်ကိုအစ်ကိုကျန်း လာတာ အချိန်ကိုက်ပဲ" ဟော့လင်က စိတ်လှုပ်ရှားစွာဖြင့် မျက်နှာကြီးနီရဲကာ ပြေးသွားလေ၏။
သို့သော် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးက ကျန်းခွေ့၏ မူလ ဂုဏ်ယူနေသော အပြုံးသည် ထိုနေရာတွင်ပင် တောင့်ခဲသွားခဲ့ပြီး သူ၏စကားကို ဆက်မပြောရဲ
တော့သည်ကို သတိမထားမိလိုက်ကြချေ။
တောင့်တင်းသွားသော ကျန်းခွေ့၏ အပြုံးနှင့်အတူ သူ၏ မျက်ဝန်းနက်ရှိုင်းသော နေရာတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။
ကျန်းခွေ့၏ နောက်လိုက်များ မျက်နှာထက်တွင်လည်း ကြောက်ရွံ့မှုများ အထင်းသား။
ထိုအမူအရာများကို မြင်လိုက်ရသည့်အခါ ဟော့ယန်အန်းက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ ကျန်းခွေ့၏ တောင့်တင်းနေသော ပုံစံကို မြင်ပြီး သူ၏ ရင်ထဲတွင် စနိုးစနောင့် ဖြစ်လာခဲ့သည်။
ဟော့လင်ကမူ ကျန်းခွေ့၏ တောင့်ခဲသွားသော မျက်နှာအမူအရာကို သတိမထားမိသည့်ပုံဖြင့် ဖုန်းဝူချန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ "အစ်ကိုကျန်း၊ ဒီကောင်စုတ်နှစ်ကောင် သူတို့က ကျွန်တော့်ကို လူပုံအလယ်မှာ အရှက်ခွဲတယ်၊ ဒဏ်ရာရအောင် လုပ်တယ်၊ ပြီးတော့ လျိုဖုန်းကို သတို့သမီး လုခိုင်းဖို့တောင် ကြိုးစားနေတာ ပါ၊အစ်ကိုကျန်း၊ မြန်မြန် သူတို့ကို သတ်လိုက်ပါ"
"ဖြောင်း"
ဟော့လင်၏ စကားမဆုံးမီမှာပင် ကျန်းခွေ့က ရုတ်တရက် ဟော့လင်၏ မျက်နှာကို အားကုန် လွှဲရိုက်လိုက်သည်။ 'ဖြောင်း' ခနဲ အသံနက်ကြီး ထွက်ပေါ်လာပြီး ဟော့လင်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကာ သူ၏ သွားနှစ်ချောင်းပင် ကျိုးထွက်သွားတော့၏။
ကျယ်လောင်ပြတ်သားသော ပါးရိုက်သံကြီးကြောင့် လူတိုင်း ကြက်သေသေသွားကြပြီး လူအုပ်ကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
အားလုံးက ကျန်းခွေ့ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြောင်ကြည့်နေကြ၏။
ဟော့လင်ကတော့ မြေပြင်ပေါ်တွင် လဲကျရင်း ဘာဖြစ်သွားမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။
ဟော့ယန်အန်း၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များက တစ်ခဏအတွင်း ပြိုကျသွားခဲ့ရသည်။ သူ၏ စိုးရိမ်သောကများ ပိုမိုအားကောင်းလာပြီး သူ တစ်ခုခုကို သဘောပေါက်သွားသလို ခံစားလိုက်ရလေသည်။
"အစ်..အစ်ကိုကျန်း၊ ခင်ဗျား ခင်ဗျား ဘာလုပ်လိုက်တာလဲ" ဟော့လင်က ဖြူဖျော့သော မျက်နှာဖြင့် ထိတ်လန့်တကြား မေးလိုက်သည်။
"သ သခင်လေးကျန်း လူမှားရိုက်မိတာလား။ ဘာလို့ သခင်လေးဟော့ကို ရိုက်လိုက်တာလဲ။"
ပွဲကြည့်နေသော လူအုပ်ကြီးမှာ လုံးဝ နားမလည်နိုင်တော့ဘဲ ရှုပ်ထွေးသွားကြ၏။
အလွန်အမင်း ကြောက်ရွံ့နေသော ကျန်းခွေ့၏ ပုံစံကို မြင်လိုက်ရသည်။ သူက ရှေ့သို့ အလျင်အမြန် လျှောက်သွားပြီး လူအုပ်ကြီး၏ တုန်လှုပ်ခြောက်ခြားနေသော မျက်လုံးများအောက်မှာပင် ဒူးထောက်ချလိုက်လေသည်။
"အစ်ကိုကြီးဖုန်း ..ကျွန် ကျွန်တော် ခင်ဗျား ..ရောက်နေမှန်း မသိလို့ပါ၊ကျွန်တော် မှားသွားပါတယ် ကျွန်တော် မှားသွားပါတယ် ၊ ကျေးဇူးပြုပြီး အစ်ကိုကြီးဖုန်း.. ကျွန်တော့်ကို အသက်ချမ်းသာပေးပါ"
'သောက်@#$ ဟော့လင်.. မင်းက ငါ့ကို သေတွင်းထဲ တွန်းပို့နေတာလား' ကျန်းခွေ့တစ်ယောက် နောင်တရလွန်းလို့ အူတွေပါ စိမ်းသွားမတတ် ခံစားလိုက်ရပြီး ဟော့လင်ကို သူ့စိတ်ထဲမှ အားမလိုအားမရ ကျိန်ဆဲနေမိတော့သည်။
ကျန်းခွေ့က ဖုန်းဝူချန်ကို တစ်ချက်တည်းနှင့် မှတ်မိသွားခဲ့သည်။ အစတုန်းက သူ မျက်စိမှားနေသည်ဟု ထင်လိုက်မိသေးသော်လည်း ကြည့်လေကြည့်လေ ပိုသေချာလာလေ ဖြစ်ပြီး ဖုန်းဝူချန်အပေါ် သူခံစားနေရသော ကြောက်ရွံ့မှုကို မတွန်းလှန်နိုင်တော့ပေ။
ကျန်းခွေ့က ဒူးထောက်လိုက်ပြီး ဖုန်းဝူချန်ကို "အစ်ကိုကြီးဖုန်း" ဟုပင် ခေါ်လိုက်ပါတကား
ကျန်းခွေ့၏ ထိုဒူးတစ်ချက် ထောက်လိုက်မှုနှင့်အတူ ဟော့ယန်အန်း၊ ဟော့လင်နှင့် အခြားသူများအားလုံး သွေးပျက်မတတ် ကြောက်လန့်သွားကြရသည်။
"ဒါ" ဟော့လင်တစ်ယောက် ကြောက်လွန်းသဖြင့် စကားပင် ဆက်မပြောနိုင်တော့။
နတ်ဘုရားဆေးလုံး မြို့တော်နတ်ဘုရားဆေးလုံးတွင်တောင် ဘုရင်တစ်ဆူလို နေခဲ့သော ကျန်းခွေ့က လူငယ်တစ်ယောက်ရှေ့မှာ တကယ်ကြီး ဒူးထောက်လိုက်သည်တဲ့။
"အစ်ကိုကြီးဖုန်း" လူအုပ်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
"ကျန်း သခင်လေးကျန်းက ဟိုလူရှေ့မှာ တကယ်ကြီး ဒူးထောက်လိုက်တာ ငါ ငါ မျက်စိမှားနေတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"သူက ဘယ်သူလဲ၊ သခင်လေးကျန်းတောင် သူ့ကိုတွေ့တာနဲ့ ဒူးထောက်ရလောက်အောင် ကြောက်နေရတယ်"
"သူ့ရဲ့ နောက်ခံအင်အားက သခင်လေးကျန်းထက်တောင် ကြောက်ဖို့ကောင်းနေရမယ် ဟော့မိသားစုကို အလေးမထားတာ မဆန်းတော့ဘူး"
လူအုပ်ကြီးမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး နောက်ဆုံးတော့ သူတို့အားလုံး သဘောပေါက်သွားကြလေပြီ။
ဖုန်းဝူချန် ဦးဆောင်သော ဒီလူလေးယောက်က သေလမ်းရှာနေခြင်း မဟုတ်၊ သူတို့ အရူးတွေ၊ ငတုံးတွေလည်း မဟုတ်။
အကြောင်းရင်းမှာ သူတို့တွင် ကျန်းခွေ့ပင် ကြောက်ရွံ့တုန်လှုပ်ရလောက်သော ဂုဏ်ပုဒ်နှင့် အင်အားကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
ကျန်းခွေ့ပင် မစော်ကားရဲမှတော့ ဟော့မိသားစုက ပိုလို့တောင် အရည်အချင်း မရှိတော့ပေ။
"သူ.. သူတို့က ဘယ်သူတွေလဲ" ဟော့လင်တစ်ယောက် စိတ်ရှုပ်ထွေးကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။
ဤအချိန်ရောက်မှသာ ဟော့လင်တစ်ယောက် သူသည် အလွန်တရာ ကြီးမားသော၊ ကျန်းခွေ့ပင် ဒူးထောက် တောင်းပန်ရလောက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးကို သွားရောက် စော်ကားမိကြောင်း တကယ်တမ်း သဘောပေါက်သွားတော့သည်။
"ကျန်းခွေ့" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်သည်။
"ဟုတ် ဟုတ်ကဲ့၊ ဟုတ်ကဲ့" ကျန်းခွေ့က ခေါင်းကို အဆက်မပြတ် ညိတ်ပြရင်း နဖူးမှ ချွေးစေးများ ပျံလာသည်။ သူ မတ်တပ်ရပ်ဖို့ မဝံ့ရဲသလို ရပ်နိုင်သည့် အင်အားလည်း မရှိတော့ပါ။
"မင်း ခုနက ဘာပြောလိုက်တာ" ဖုန်းဝူချန်က မေး၏။
'ငါတော့ သေပြီ' ကျန်းခွေ့၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ "မဟုတ်ပါဘူး ၊ဘာမှမဟုတ်ပါဘူး၊ ဟော့လင်.. အဲ့ကောင်စုတ်က သတ္တိတွေ သိပ်ကောင်းနေတာ၊ အစ်ကိုကြီးဖုန်းကိုတောင် စော်ကားရဲတယ်၊ကျွန်တော် သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"
"ငါသိတယ်" ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကျန်းခွေ့ကို ဆွဲထူရန် ကိုယ်တိုင် ကိုယ်ကိုင်းလိုက်သည်။
"အစ်ကိုကြီးဖုန်း ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ၊ကျွန်တော်သာ ခင်ဗျား ရောက်နေမှန်း သိခဲ့ရင် သတ္တိ အဆတစ်သောင်း ရှိရင်တောင် အစ်ကိုကြီးဖုန်းကို လာစော်ကားရဲမှာ မဟုတ်ပါဘူး။"
ဖုန်းဝူချန်၏ ထိုအပြုအမူက ကျန်းခွေ့ကို လိပ်ပြာလွင့်မတတ် ကြောက်သွားစေပြီး သူက မြေပြင်နှင့် ဦးခေါင်းကို ဆောင့်ကာ အသနားခံ တောင်းပန်နေတော့သည်။
ကျန်းခွေ့၏ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေသော၊ အသက်လု တောင်းပန်နေသော ပုံစံကို မြင်လိုက်ရသည့်အခါ အခြားသူများအားလုံးလည်း သွေးပျက်မတတ် ဖြစ်သွားကြရပြန်သည်။
ဒီလူငယ်က ဘယ်သူတုန်း။ ကျန်းခွေ့လို နောက်ခံအင်အားကြီးမားသူ တစ်ယောက်ကိုတောင် ဒူးထောက် တောင်းပန်ခိုင်းရလောက်အောင် သူက ဘယ်သူလဲ။
"ယောက်ျားတစ်ယောက်ရဲ့ ဒူးက ရွှေနဲ့လုပ်ထားတာ၊ ဒီလို လျှောက်ဒူးထောက်နေပြီး ပျက်စီးသွားအောင် မလုပ်နဲ့" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ပြောရင်း ကြောက်ရွံ့နေသော ကျန်းခွေ့ကို အတင်း ဆွဲထူလိုက်သည်။
"အစ်ကိုကြီးဖုန်း၊ ကျွန်တော် မှားမှန်းသိပါပြီ ၊ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော် မသေချင်သေးပါဘူး" ကျန်းခွေ့က စက္ကူတစ်ရွက်လို ဖြူဖျော့နေသော မျက်နှာဖြင့် ငိုယို တောင်းပန်လေသည်။
'ဟော့လင်၊ ဒီတစ်ခါ ငါသာ အသက်ရှင်ခွင့်ရခဲ့ရင် မင်းကို မခွာဘဲ အရေခွံစုပ်ပစ်မယ်' ကျန်းခွေ့က သူ့စိတ်ထဲမှ အံကြိတ်ကာ ကျိန်ဆဲနေမိ၏။
နေရာတစ်ခုလုံးတွင် ကျန်းခွေ့၏ ငိုယိုတောင်းပန်သံများမှလွဲ၍ အခြားမည်သူမျှ စကားတစ်ခွန်း မဟရဲကြပေ။
ဖုန်းဝူချန်က အစွမ်းထက်လွန်းလှသည်။ ကျန်းခွေ့တွင် ခုခံကာကွယ်လိုသော အတွေးလေး တစ်စွန်းတစ်စပင် မရှိတော့။
အကယ်၍ ဖုန်းဝူချန်က သူ့ကို သတ်ရန် ဆုံးဖြတ်လိုက်ပါက ကျန်းမိသားစုဝင် တစ်ယောက်မျှ 'အ' ဟုပင် မဟရဲဘဲ ဖုန်းဝူချန်၏ အမိန့်တစ်ခွန်းတည်းဖြင့် ကျန်းမိသားစုတစ်ခုလုံး နတ်ဘုရားဆေးလုံး မြို့တော်နတ်ဘုရားဆေးလုံးမှ ချက်ချင်း ပျောက်ကွယ်သွားနိုင်လေသည်။
အင်အား။ ဒါဟာ အင်အားရဲ့ စွမ်းပကားပါပဲ။
အင်အားက အရာအားလုံးကို လွှမ်းမိုးသွားနိုင်သည့်အခါ ကျန်းခွေ့ကဲ့သို့ပင် မည်သူမျှ ပြန်လည် ခုခံရန် မဝံ့ရဲကြတော့ပေ။
ကျန်းခွေ့၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ရင်း လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ လက်လျှော့ အရှုံးပေးသည့် အနေဖြင့် ခေါင်းသာ ခါယမ်းနေနိုင်တော့သည်။
ဒဏ်ရာအပြင်းအထန် ရထားသော လျိုဖုန်းကတော့ ဖုန်းဝူချန်ကို အံ့ဩတကြီး စိုက်ကြည့်နေမိ၏။
အရာအားလုံးက ရုတ်တရက်ကြီး ဖြစ်ပျက်သွားခဲ့ပြီး ဤမျှ ပြင်းထန်သော အပြောင်းအလဲကြီးကို မယုံနိုင်စရာ ကောင်းလှသည်။
"မင်းကို သတ်မယ်လို့.. ငါ မပြောမိပါဘူး" ဖုန်းဝူချန်က ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဖုန်း၊ ကျေးဇူးတင်ပါတယ် ..စိတ်ချပါ ..အစ်ကိုကြီးဖုန်း ကျေနပ်လောက်မယ့် ဖြေရှင်းချက်တစ်ခုကို ကျွန်တော် ပေးနိုင်အောင် လုပ်ပါ့မယ်" ကျန်းခွေ့က အရှက်တရားကို မျိုချလျက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ထပ်ခါထပ်ခါ ဦးညွှတ်လိုက်သည်။
ကျန်းခွေ့တစ်ယောက် လှည့်လိုက်သည်နှင့် သူ၏ မျက်နှာက ဒေါသတကြီး ရှုံ့တွသွားပြီး သားရဲကောင်တစ်ကောင်လို ဟော့လင်ဆီသို့ လျှောက်သွားတော့သည်။
"ဟော့လင် မအေ@#$ .. မင်းကို ဘယ်ကောင်က သတ္တိတွေ ပေးလိုက်တာလဲ"
ကျန်းခွေ့၏ ကျယ်လောင်သော ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါတို့က မုန်တိုင်းတစ်ခုလို တိုက်ခတ်ထွက်ပေါ်လာ၏။
ဒေါသထွက်နေသော ကျန်းခွေ့ကို မြင်လိုက်ရသည့်အခါ ဟော့ယန်အန်းနှင့် ဟော့မိသားစု အကြီးအကဲများ၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားပြီး အလွန်အမင်း ထိတ်လန့်သွားကြသည်။
"အစ်..အစ်ကိုကျန်း မလုပ်ပါနဲ့ ၊ကျေးဇူးပြုပြီး မလုပ်ပါနဲ့" ဟော့လင်တစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သွားပြီး ကြောက်လန့်တကြားဖြင့် နောက်သို့ တွားသွားတော့သည်။
သူ မစော်ကားသင့်သော လူတစ်ယောက်၊ သူ မစော်ကားနိုင်သော အဆင့်အတန်းမြင့်မားလွန်းသူ တစ်ယောက်ကို သွားထိမိကြောင်း ဟော့လင်တစ်ယောက် သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ အပြုအမူက ကျန်းခွေ့ကိုပါ သေလုမျောပါး ဖြစ်စေခဲ့သည် မဟုတ်ပါလား။
"မင်းက အစ်ကိုကြီးဖုန်းကိုတောင် စော်ကားရဲတယ်ပေါ့ ၊ငါ မင်းကို သတ်ပစ်မယ်" ကျန်းခွေ့က ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်စွမ်းအင်များကို လက်ဖဝါးထဲတွင် စုစည်းရင်း အော်ဟစ်လိုက်သည်။
"မလုပ်ပါနဲ့ ၊အစ်ကိုကျန်း ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ၊ကျွန်တော် မှားသွားပါတယ် ကျွန်တော်က ရုန်အာကို ခြိမ်းခြောက်ခဲ့တာပါ ၊ဒါကြောင့် သူက ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူခဲ့တာပါ ၊ကျွန်တော် မှားပါတယ် အစ်ကိုကျန်း၊ အသက်ချမ်းသာပေးပါ ၊အစ်ကိုကြီးဖုန်း ကျွန်တော် မှားပါတယ် ၊ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ" ဟော့လင်က ဒူးထောက်ကာ မြေကြီးနှင့် ဦးခေါင်းဆောင့်ရင်း အသနားခံ တောင်းပန်နေတော့သည်။
ဖုန်းဝူချန်ကတော့ ဘေးမှနေ၍ အေးစက်စွာ ကြည့်နေရင်း လုံးဝ စိတ်မဝင်စားသည့်ဟန် ပေါက်နေ၏။
"အစ်ကိုကြီးဖုန်းကို စော်ကားပြီးမှ မင်းက အသက်ရှင်ခွင့် တောင်းနေတာလား" ကျန်းခွေ့က ဟော့လင်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် ပြင်းထန်နေသည်။
"သူ့ကို ချမ်းသာပေးပါ သခင်လေးကျန်း" ဟော့ယန်အန်းကလည်း ထိတ်လန့်တကြား အော်ဟစ် တောင်းပန်လိုက်သည်။
"ဖယ်စမ်း" ကျန်းခွေ့က လုံးဝ သနားညှာတာမှုမရှိဘဲ အော်ဟစ်လိုက်၏။
"ဘုန်း"
"ဝေါ့"
ဒေါသတကြီးဖြင့် ကျန်းခွေ့က လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ဟော့လင်၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသည်။ ကြီးမားသော စွမ်းအင်ကြောင့် ဟော့လင်တစ်ယောက် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အမှောင်မျဉ်းတစ်ကြောင်းလို လွင့်ထွက်သွားကာ အဆောက်အအုံပေါင်းများစွာကို ဝင်တိုက်ဖျက်ဆီးသွားတော့သည်။
ဖုန်းဝူချန်က သူ့ကို အသက်ချမ်းသာပေးခဲ့ခြင်းမှာ သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့ခြင်းဖြစ်ကြောင်း ကျန်းခွေ့တစ်ယောက် ကောင်းကောင်း သဘောပေါက်ပါ၏။
"လင်အာ" ဟော့ယန်အန်းက ပြိုကျသွားသော တန်ဆောင်းထဲသို့ ထိတ်လန့်တကြား ပြေးဝင်သွားသည်။
ဟော့မိသားစု၏ အကြီးအကဲများနှင့် အစောင့်များမှာ သူတို့ရှေ့မှ လူငယ်ကို ကြည့်ရင်း မျှော်လင့်ချက်ကင်းမဲ့စွာ တုန်ယင်နေကြသည်။
ထိုအချိန်မှာပင် ဟော့မိသားစု အိမ်တော်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ဟန်မိသားစုမှ လူလေးယောက်က စိတ်မရှည်နိုင်တော့ဘဲ ထွက်လာခဲ့ကြသည်။ သူတို့ ရောက်ရှိလာပြီး ဖုန်းဝူချန်ကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။
"မိသားစုခေါင်းဆောင်ကြီး လေးယောက်လုံး ရောက်လာကြပြီ" တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။
ဟန်မိသားစုမှ ခေါင်းဆောင်ကြီး လေးယောက်က ဖုန်းဝူချန်ဆီသို့ ပြေးလာကြပြီး လေးစားစွာ ဦးညွှတ်လိုက်ကြသည်။ "ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်"
"တပည့် နောက်ကျသွားပါတယ်၊ ဆေးဧကရာဇ် ခွင့်လွှတ်ပေးပါ" ဟန်မိသားစုခေါင်းဆောင်က ဟော့မိသားစုဝင်များကို ကြည့်ရင်း အဖြစ်အပျက်တစ်ချို့ကို ခန့်မှန်းမိသွားကာ စိုးရိမ်တကြီး ပြောလိုက်သည်။
ဖုန်းဝူချန်က အပြစ်တင်လိုသည့် အရိပ်အယောင်မရှိဘဲ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ထပ်မံ တုန်လှုပ်သွားကြရပြန်သည်။ မိသားစုခေါင်းဆောင်ကြီး လေးယောက်က ဒီလူငယ်ကို "ဆေးဧကရာဇ်" ဟု ခေါ်ဝေါ်သုံးနှုန်းနေကြပြီး ဟန်မိသားစုခေါင်းဆောင်က သူ့ကိုယ်သူ "တပည့်" ဟုပင် သုံးနှုန်းလိုက်သည်။
"ဒါ ဒါ ဆေးဧကရာဇ် ၊သူက.. သူက ဆေးဧကရာဇ် ဖုန်းဝူချန်ပဲ"
"သူက တကယ်ကြီး ဖုန်းဝူချန် ဖြစ်နေတာ"
"သခင်လေးဟော့ သွားစော်ကားမိတဲ့သူက ဆေးဧကရာဇ် ဖြစ်နေခဲ့တာပဲ"
လူအုပ်ကြီးက အာမေဋိတ်သံများဖြင့် အုံကြွသွားသည်။ သူတို့၏ စိတ်ထဲတွင် ကျန့်လင်တောင်ကြား ဖြစ်ရပ်တုန်းက ဖြန့်ဝေခဲ့သော ပုံတူပန်းချီကားကို ချက်ချင်း ပြန်မြင်ယောင်လာကြသည်။ ဖုန်းဝူချန်က ကောင်းကင်အရိပ် မြင်းသည်တော်တပ်နှင့် အလံနက်တပ်တော်ကို ဦးဆောင်ကာ ကျန်းလင်တောင်ကြားကို သွေးချောင်းစီး သတ်ဖြတ်ခဲ့သည့် ပုံရိပ်ကို ပြန်လည် မြင်ယောင်လာကြ၏။
ပေမင်ဘိုးဘေးကို သတ်ဖြတ်ခဲ့သော ထိုလူငယ်ကို သတိရသွားကြသည်။
ကောင်းကင်ယံတွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်တည်နေခဲ့သော ထိုလူငယ်ကို သတိရသွားကြသည်။
သူတို့ရှေ့မှ လူငယ်မှာ ဖုန်းဝူချန် ဖြစ်ကြောင်း သိလိုက်ရသည့်အခါ လူတစ်စုမှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း ထွက်ပြေးကြတော့သည်။ အထူးသဖြင့် အစောပိုင်းက ဟော့မိသားစုကို မျက်နှာလုပ်ချင်ဇောဖြင့် ဖုန်းဝူချန်ကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့သူများမှာ ကြောက်လန့်တကြား ထွက်ပြေး ပျောက်ကွယ်သွားကြ၏။
ဖုန်းဝူချန် မသေသေးပါက သူ့ခေါင်းသူ ဖြတ်မည်ဟု ကြိမ်းဝါးခဲ့သောသူမှာ ယခုအခါ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။
"ကျန်းခွေ့၊ ခေါင်းဆောင်ဟန် ဒီကိစ္စကို ဖြေရှင်းလိုက်ပါ။ ကျုပ်ကို စိတ်မပျက်စေနဲ့ ၊ မဟုတ်ရင် ဘာဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ သိပါတယ်" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
"ဟုတ်… ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ စိတ်ချပါ ဆေးဧကရာဇ်၊ တပည့် သေချာပေါက် စုံစမ်းစစ်ဆေးပါ့မယ်" ဟန်မိသားစုခေါင်းဆောင်က ခေါင်းကို အဆက်မပြတ် ညိတ်ပြသည်။
"စိတ်ချပါ အစ်ကိုကြီးဖုန်း.. ကိစ္စတွေ ပြီးသွားတာနဲ့ ကျွန်တော် ကိုယ်တိုင် အစ်ကိုကြီးဖုန်းဆီကို သတင်းပို့ပါ့မယ်" ကျန်းခွေ့ကလည်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
ကျန်းခွေ့နှင့် မိသားစုခေါင်းဆောင် လေးယောက်မှာ သက်ပြင်းတစ်ချက်ကို မသိမသာ ချနိုင်ကြတော့သည်။
လမ်းမများပေါ်တွင် ကြောက်ရွံ့နေသော လူများက ချက်ချင်းပင် လမ်းဖယ်ပေးကြ၏။
အစပိုင်းတွင် ဟော့လင်က မောက်မာစွာ အော်ဟစ်နေခဲ့ပြီး လူတိုင်းက ဖုန်းဝူချန်တို့ သေလူများဟုသာ သတ်မှတ်ခဲ့ကြသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေက သုံးရာ့ခြောက်ဆယ်ဒီဂရီ အပြည့်အဝ ပြောင်းပြန်လှန်သွားခဲ့သည်။
ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်
နေရာတစ်ခုလုံးကို အပြည့်အဝ လွှမ်းမိုးသွားနိုင်ခဲ့ပါတကား။