ပေတိုယန့်ခုံ
Vol. 22 Ch. 318
~"အကြီးအကဲ ပေတို ကြွပါ"
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက ခပ်ရေးရေး ပြုံးရင်း ပေတိုယန့်ခုံကို ခန်းမဆောင်ကြီးထဲသို့ ဖိတ်ခေါ်လိုက်၏။
ပေတိုယန့်ခုံက "ဟွန့်" ခနဲ နှာခေါင်းတစ်ချက်ရှုံ့ကာ ဘာယဉ်ကျေးမှုမှ မပြဘဲ ဝင်သွားလေသည်။ သူ၏ ဒေါသကို ထုတ်ဖော်ပြသခွင့် ရသည့်အလားပင်။
'ငါ့အဆင့်က သူတို့ထက် သိသိသာသာ မြင့်နေတာတောင် ဘာလို့ မော့ယန်နဲ့ ချူချန်ခုံးရဲ့ ဝိညာဉ်စွမ်းအားက ဒီလောက် ထူထဲနေရတာလဲ…'
ပေတိုယန့်ခုံက သူ့စိတ်ထဲတွင် သံသယဖြင့် တွေးနေမိသည်။
မော့ယန်နှင့် ချူချန်ခုံးတို့ ဘေးမှ ဖြတ်သွားစဉ် အကြီးအကဲ ပေတို၏ မျက်နှာက မသိမသာ ပြောင်းလဲသွားရ၏။
'သူတို့ကိုယ်ထဲက မီးအဆိပ်တွေ ဘယ်ရောက်သွားတာလဲ။ ဖယ်ရှားခံလိုက်ရတာလား။ ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ' ပေတိုယန့်ခုံတစ်ယောက် အတွင်းစိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
သို့သော် သူ၏ တုန်လှုပ်မှုက မျက်နှာပေါ်တွင် လုံးဝ မပေါ်လွင်ခဲ့ပေ။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့က ခန်းမဆောင်ကြီးထဲသို့ နောက်ဆုံးမှ ဝင်လာကြသည်။ ဖုန်းဝူချန်က ပေတိုယန့်ခုံကို အဆက်မပြတ် အကဲခတ်နေပြီး သူ၏ မျက်နှာအမူအရာမှာတော့ ဘာမှ ပြောင်းလဲခြင်း မရှိချေ။
"အစ်ကိုကြီးဖုန်း၊ ဒီအဘိုးကြီးက မာနကြီးလိုက်တာ။ သူက ဆဌမ အဆင့် ပညာရှင်လား" လင်ရှောင်ရှောင်က တိုးတိုးလေး မေးလိုက်သည်။
"ပဉ္စမ အဆင့် အထွတ်အထိပ်ပဲ"ဟု ဖုန်းဝူချန်က ခပ်တိုးတိုး ဖြေလိုက်၏။
ခန်းမဆောင်ကြီးထဲတွင် ပေတိုယန့်ခုံက လေလံရုံကို သူ၏ ကိုယ်ပိုင်အိမ်လို သဘောထားကာ နေရာတစ်ခုကို ဖြစ်သလို ရွေးချယ် ထိုင်ချလိုက်ပုံမှာ အလွန်ပင် မောက်မာလှသည်။
ပေတိုယန့်ခုံသည် ဆဌမ အဆင့် ဆေးပညာရှင် အဆင့်သို့ မရောက်သေးလျှင်တောင်မှ ထိုအဆင့်နှင့် သိပ်မဝေးတော့သည်မှာ သေချာသည်။ ဤအချက်ကပင် နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့ နှစ်ဦးလုံးကို ဖိနှိပ်ထားရန် လုံလောက်နေပြီ ဖြစ်သည်။
ပေတိုယန့်ခုံက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်များက ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့အပေါ် ခဏမျှ ရောက်သွားသည်။ ထို့နောက် သူက ချူချန်ခုံးအား အပြစ်တင်လိုက်၏။ "ဥက္ကဌချူ လေလံရုံက ဘယ်တုန်းက ဒီလောက် ပေါ့ပျက်ပျက် ဖြစ်သွားတာလဲ။ လူငယ်လေးတွေတောင် ဝင်ထွက်ခွင့် ပြုထားရတယ်လို့။ သူတို့တွေက အစဉ်အလာတွေကို နားလည်ရဲ့လား"
ပေတိုယန့်ခုံက ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့အား ရိုင်းစိုင်းသူများဟု သွယ်ဝိုက် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ပေတိုယန့်ခုံ၏ စကားကို ကြားလိုက်ရသောအခါ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
"ကျွန်တော်လည်း ဆေးပညာရှင်တစ်ယောက်ပါ။ အကြီးအကဲ ပေတိုက ဆေးပညာမှာ ဘယ်လောက် ကျွမ်းကျင်တယ်ဆိုတာ ဥက္ကဌချူဆီက ခဏခဏ ကြားဖူးလို့ပါ။ စိတ်လှုပ်ရှားပြီး လိုက်ဝင်လာတာက နည်းနည်းပါးပါး လေ့လာသင်ယူချင်လို့ပါ။ အကြီးအကဲ စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်" ဟု ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
ဖုန်းဝူချန်၏ မြှောက်ပင့်မှုက ပေတိုယန့်ခုံကို အတော်လေး သဘောကျသွားစေပြီး သူ၏ မျက်နှာအိုကြီးထက်တွင် အပြုံးရေးရေးတစ်ခု ပေါ်လာ၏။
'တော်တဲ့ကောင်လေးပဲ ၊သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားတာ၊ ငါတောင် သူ့ရဲ့ ကျင့်ကြံအဆင့်ကို မမြင်နိုင်သလို သူ့ရဲ့ ဝိညာဉ်စွမ်းအားကိုလည်း အာရုံမခံမိဘူး'
သို့သော် ဖုန်းဝူချန်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သောအခါ ပေတိုယန့်ခုံ တစ်ယောက် စိတ်ထဲတွင် အံ့ဩသွားသည်။
ပေတိုယန့်ခုံသည် ထျန်းယွမ်ဘုံ ဆဌမ အဆင့် (၆) အဆင့် ရှိပြီး သူ၏ ကျွမ်းကျင်မှုမှာ အလွန် နက်ရှိုင်းသော်လည်း ဖုန်းဝူချန်၏ အတိမ်အနက်ကိုမူ သူ မခန့်မှန်းနိုင်ခဲ့ပေ။
ပေတိုယန့်ခုံက ထိုအကြောင်းကို ခေါင်းထဲ ထည့်မတွေးတော့ပေ။ လူငယ်လေးတစ်ယောက်က သူ့ထက် ကျင့်ကြံအဆင့် မြင့်နေစရာ အကြောင်းမရှိဟု သူ တွေးလိုက်သည်။
"ဆေးပညာဆိုတာ အဆင့်အတန်း စိတ်အခြေအနေ ဆေးပင်တိုင်းရဲ့ သဘာဝကို နားလည်မှုပဲ။ ဆေးပညာက ကျင့်ကြံခြင်းပညာရပ်ထက် အများကြီး ပိုခက်ခဲတယ်။ လူငယ်လေး မင်း လေ့လာချင်စိတ် ပြင်းပြတာ ကောင်းတယ်၊ ဒါပေမဲ့ ကိုယ့်အဆင့်ကိုယ်တော့ သိရမယ်။ ငါ ဆေးဖော်တဲ့အခါ မင်းတို့လို လူငယ်လေးတွေ နားလည်နိုင်တဲ့ အဆင့်ထက် ကျော်လွန်တယ်…" ပေတိုယန့်ခုံက ဆရာ တစ်ယောက်က တပည့်ကို သင်ကြားနေသည့်ဟန်ဖြင့် မောက်မာစွာ ဆိုလိုက်သည်။
ရှင်းရှင်းပြောရလျှင် ပေတိုယန့်ခုံ၏ စကားများက ဖုန်းဝူချန်သည် ထိုအဆင့်သို့ မရောက်သေးကြောင်း လေ့လာရန် အရည်အချင်း မမီသေးကြောင်း နားလည်နိုင်စွမ်း မရှိကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။
ပို၍ တိတိကျကျ ပြောရလျှင် သူက ဖုန်းဝူချန်ကို အထင်သေးနေခြင်း ဖြစ်၏။
ဘေးမှ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့မှာ ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းထားကြရသည်။
ပေတိုယန့်ခုံက 'ကျိုကျိုး' ကိုးပြည်ထောင်မှ ဆေးပညာရှင်အားလုံးကို သူ လွှမ်းမိုးနိုင်ပြီဟု ထင်မှတ်နေပုံဖြင့် ဖုန်းဝူချန်ကို ပညာပြ ဟောပြောနေပါတကား။
ဖုန်းဝူချန်က ဆေးပညာတွင် "ဧကရာဇ်" အဆင့် ရောက်နေသူ ဖြစ်သည်။ ပေတိုယန့်ခုံက ဆဌမ အဆင့် (၆) ဆေးပညာရှင်ပင် မဟုတ်သေးဘဲ သူ့ရှေ့တွင် လာရောက် ကြွားဝါနေခြင်းမှာ အလွန်ပင် ရယ်ဖွယ်ကောင်းလှသည်။
"အကြီးအကဲ ပေတို ပြောတာ မှန်ကန်လွန်းပါတယ်" ဖုန်းဝူချန်က ပေတိုယန့်ခုံကို နှိမ့်ချလိုသော အမူအရာ မပြဘဲ ခပ်ဖျော့ဖျော့ ပြုံးရင်း ထောက်ခံလိုက်သည်။
ပေတိုယန့်ခုံက ဖုန်းဝူချန်ကို ဆက်ပြီး အာရုံမစိုက်တော့ပေ။ သူ့အမြင်တွင် ဤလူငယ်မှာ နာမည်မရှိသော ထည့်သွင်းစဉ်းစားစရာ မလိုသော လူတစ်ယောက်သာ ဖြစ်သည်။
"နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး စလိုက်ကြရအောင်" ပေတိုယန့်ခုံက ယုံကြည်မှုရှိသော အပြုံးဖြင့် တိုက်ရိုက် ဖိတ်ခေါ်လိုက်သည်။
စကားပြောရင်း ပေတိုယန့်ခုံက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ဆေးဖော်ဖို တစ်လုံးက ခန်းမဆောင်ကြီးထဲတွင် လေဟာနယ်မှ ပေါ်ထွက်လာပြီး အစွမ်းထက်သော အရှိန်အဝါတို့ ထုတ်လွှတ်နေ၏။
"အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဆေးဖော်ဖို" နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
ဖုန်းဝူချန်ကဲ့သို့ "တစ်ချက်တည်းသော အတွေးဖြင့် ဆေးဖော်စပ်ခြင်း" ကို မပြုလုပ်နိုင်သော သူတို့အတွက် ဆေးဖော်စပ်ရာတွင် ဆေးဖော်ဖိုကို အားကိုးကြရသည်။ ဆေးဖော်ဖို၏ အဆင့် မြင့်မားလေ ထုတ်လုပ်လိုက်သော ဆေးလုံးများ၏ အရည်အသွေးက ပိုမို မြင့်မားလေ ဖြစ်သည်။
ပေတိုယန့်ခုံက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဆေးဖော်ဖို တစ်လုံးကို ထုတ်ယူလိုက်ပြီး သူ၏ မျက်နှာထက်မှ ဂုဏ်ယူသော အပြုံးက ပို၍ပင် ထင်ရှားလာသည်။ သူ၏ အစွမ်းထက် လက်နက်ကို ထုတ်ကြွားနေသည့်အလားပင်။
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးကလည်း လက်ဝှေ့ယမ်းကာ အဆင့်နိမ့် ဝိညာဉ်လက်နက် ဆေးဖော်ဖို တစ်လုံးကို ထုတ်လိုက်၏။
မြင်သာသော မျက်နှာပြင်ပေါ်တွင်တော့ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက သိသိသာသာ အရေးနိမ့်နေလေပြီ။
"နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး ဒီလောက် နှစ်တွေ ကြာတာတောင် လေလံရုံက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဆေးဖော်ဖို တစ်လုံးတောင် မထုတ်လုပ်နိုင်သေးဘူးလား။ ကြည့်ရတာ အကြီးအကဲ ကျောက်ရဲ့ အဆင့်ကလည်း သိပ်တိုးတက်မလာဘူး ထင်တယ်" ပေတိုယန့်ခုံက ခပ်ဖျော့ဖျော့ ပြုံးရင်း ကျောက်ယွင်ချန်းကိုပါ တစ်ပါတည်း အထင်သေးစွာ ဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ ကျောက်ယွင်ချန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး ပေတိုယန့်ခုံကို သူ့စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ကြည့်ရပုံအရ ပေတိုယန့်ခုံက လေလံရုံမှ လူအားလုံးကို တစ်ယောက်မကျန် စော်ကားပြီးမှ ရပ်မည့်ပုံ ပေါက်နေသည်။
"ဆေးဖော်ဖို ကောင်းတိုင်းလည်း အစွမ်းထက်တဲ့ ဆေးလုံးတွေ ထုတ်နိုင်မယ်လို့ အာမ မခံနိုင်ပါဘူး" နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက ချူချန်ခုံးကဲ့သို့ပင် မီးအဆိပ်၏ အနှောင့်အယှက် ကင်းဝေးသွားပြီ ဖြစ်၍ အရည်အသွေးမြင့် ဆေးလုံးများ ထုတ်လုပ်နိုင်မည်ဟု ယုံကြည်မှု ရှိနေကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဖြစ်နိုင်တာပေါ့လေ။ ဒါပေမဲ့ အစွမ်းထက်တဲ့ ဆေးဖော်ဖို မရှိဘဲနဲ့တော့ အရည်အသွေးမြင့် ဆေးလုံးတွေ လုံးဝ မဖော်စပ်နိုင်တာ သေချာတယ်။ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး ကြည့်ရတာ 'ကျိုကျိုး' ကိုးပြည်ထောင်ရဲ့ နံပါတ်တစ် ဆေးပညာရှင် ဆိုတဲ့ ခင်ဗျားရဲ့ နေရာက အန္တရာယ် ရှိနေပုံပဲ" ပေတိုယန့်ခုံက ယုံကြည်မှုရှိစွာ ရယ်မောလိုက်သည်။
"ကျွန်တော်တို့ ဆေးတောင် မဖော်ရသေးဘူးလေ။ အကြီးအကဲ ပေတိုက ဘာလို့ ဒီလောက် သေချာနေရတာလဲ။ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးကလည်း ဆေးပညာမှာ အလွန် ကျွမ်းကျင်ပါတယ်" ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း မေးလိုက်သည်။
"ဘာမှမသိတဲ့ လူငယ်လေး၊ မင်းက ဘာနားလည်မှာလဲ" ပေတိုယန့်ခုံက ဖုန်းဝူချန်ကို မျက်လုံးစွေကြည့်ရင်း ကြိမ်းမောင်းလိုက်သည်။
တဆက်တည်း၌၊ သူ၏ ခြောက်သွေ့သော လက်ဖဝါးကို လှန်လိုက်သည်နှင့် ဆေးပင် ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာသည်။ ထိုရနံ့များက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရှိနေသူများကို တုန်လှုပ်သွားစေ၏။
ဤဆေးပင်များထဲမှ တစ်ပင်ချင်းစီတိုင်းသည် အလွန် တန်ဖိုးကြီးမားလှပြီး တစ်ပင်စီတိုင်းကပင် ကံကြမ္မာတစ်ခုကို ပြောင်းလဲစေနိုင်စွမ်း ရှိသည်။
ပေတိုယန့်ခုံ ထုတ်ယူလိုက်သော ဆေးပင်များကို မြင်လိုက်ရသောအခါ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး ချူချန်ခုံးနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
"ဒါ ဒါက ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ဖော်ဖို့အတွက် ဆေးပင်တွေပဲ" နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက အော်ဟစ်လိုက်မိပြီး သူ၏ မျက်နှာအိုကြီးထက်တွင် တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာသည်။
"အကြီးအကဲ ပေတိုက ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို တကယ် ဖော်နိုင်တာလား" ချူချန်ခုံးက အံ့ဩတကြီး မေးလိုက်သည်။
ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး သည် အလွန် အစွမ်းထက်သော အာနိသင် ရှိပြီး ထျန်းယွမ်ဘုံ ကျင့်ကြံသူများကို အဆင့်တစ်ဆင့် တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည်။ ဆေးတစ်လုံးတည်းကပင် ထျန်းယွမ်ဘုံ သိုင်းသမားအားလုံးကို အငမ်းမရ တပ်မက်စေရန် လုံလောက်လှသည်။
ပဉ္စမ အဆင့် ဆေးလုံးများ အားလုံးထဲတွင် ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး သည် ဖော်စပ်ရန် အခက်ခဲဆုံး ဖြစ်သည်။ လုပ်ငန်းစဉ်မှာ အလွန် ရှုပ်ထွေးပြီး အသေးအဖွဲ အမှားအယွင်း တစ်ခုကပင် ဆေးဖော်စပ်မှုကို ကျရှုံးစေနိုင်ကာ တန်ဖိုးကြီးသော ဆေးပင်များကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားစေနိုင်သည်။
ဖော်စပ်ရန် ဤမျှ ခက်ခဲသောကြောင့်ပင် နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့ နှစ်ဦးစလုံး အောင်မြင်စွာ ဖော်စပ်နိုင်ဖို့ မပြောနှင့် ကြိုးစားရန်ပင် မဝံ့ရဲခဲ့ကြပေ။
'ကျိုကျိုး' ကိုးပြည်ထောင်တွင် ထူးခြားဖြစ်တည်မှုတစ်ခု ဖြစ်သော ဖုန်းဝူချန်မှလွဲ၍ အခြားမည်သူမျှ ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို ဖော်စပ်နိုင်မည် မဟုတ်ဟု သူတို့ ယုံကြည်ထားခဲ့ကြသည်။ မထင်မှတ်ဘဲ ပေတိုယန့်ခုံက လုပ်နိုင်လိမ့်မည်တဲ့။
အကယ်၍သာ ပေတိုယန့်ခုံက ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို အမှန်တကယ် ဖော်စပ်နိုင်ခဲ့ပါက ပေတိုမိသားစုတွင် ဤမျှ ကြောက်မက်ဖွယ် အင်အားမျိုး ပိုင်ဆိုင်ထားခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
'ဒီအဘိုးကြီး တကယ် အရည်အချင်း နည်းနည်းပါးပါး ရှိသားပဲ' ဖုန်းဝူချန်ပင်လျှင် ပေတိုယန့်ခုံက ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို ဖော်စပ်နိုင်သည်ကို အတော်လေး အံ့ဩသွားကာ ခေါင်းညိတ်လိုက်မိသည်။
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့၏ မှင်တက်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ ပေတိုယန့်ခုံတစ်ယောက် အလွန် ကျေနပ်သွားပြီး သူ၏ ဂုဏ်ယူသော အပြုံးက ပို၍ပင် ပြင်းထန်လာတော့သည်။
"ဒါပေါ့" ပေတိုယန့်ခုံက ဂုဏ်ယူစွာ ဆိုသည်။ "ငါ ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို ဖော်နေတာ နှစ်တွေကြာပြီ။ ဒီဆေးလုံးအကြောင်းကို ငါ တော်တော်လေး သိနေပြီ။ ငါ့အတွက် ဒါကို လုပ်ရတာ မခက်ခဲတော့ဘူး။ ပေတိုမိသားစုကလည်း ဒီဆေးလုံးကို အားကိုးပြီးတော့ပဲ အခုလက်ရှိ အင်အားကို တည်ဆောက်နိုင်ခဲ့တာ"
"နတ်ဘုရားဆေးလုံးသခင်ကြီး၊နတ်ဘုရားဆေးလုံး မင်းကရော ဘယ်ဆေးလုံး ဖော်မှာလဲ" ပေတိုယန့်ခုံက အလွန် ပျော်ရွှင်နေဟန်ဖြင့် ပြုံးရင်း မေးလိုက်သည်။
ထိုစကားကြောင့် နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး တိတ်ဆိတ်သွားသည်။
'ကျိုကျိုး' ကိုးပြည်ထောင်၏ နံပါတ်တစ် ဆေးပညာရှင် ဖြစ်သော်လည်း နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးတွင် ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို ဖော်စပ်ရန် ယုံကြည်မှု မရှိသလို သူ မဖော်စပ်နိုင်ခဲ့ပေ။
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး၏ မျက်နှာက လေးနက်သွားပြီး သူက ဖုန်းဝူချန်ထံသို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။
ဖုန်းဝူချန်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်ပြီး နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးအား ပေတိုယန့်ခုံနှင့် ဆေးပညာပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ရန် သဘောတူလိုက်သည်။
"ကျွန်တော် 'ထျန်းယွမ် ဆေးလုံး ကို ဖော်မယ်" နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက ဖြည်းညှင်းစွာ ဆိုလိုက်သည်။
'ထျန်းယွမ် ဆေးလုံး ကလည်း ထျန်းယွမ်ဘုံ ကျင့်ကြံသူများ၏ ကျင့်ကြံအဆင့်ကို တိုးတက်စေရန် ကူညီပေးနိုင်သော်လည်း ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး နှင့် ယှဉ်လျှင် အများကြီး ကွာခြားလှသည်။
"'ထျန်းယွမ် ဆေးလုံး" ပေတိုယန့်ခုံက တစ်ခဏမျှ ကြောင်သွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။ "နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး 'ထျန်းယွမ် ဆေးလုံး ကို ဖော်မယ်ဆိုရင်တော့ အခုကတည်းက အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ သာမန် 'ထျန်းယွမ် ဆေးလုံး တစ်လုံးလောက်တော့ ငါ အချိန်မရွေး ဖော်စပ်နိုင်တယ်။ မင်းမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိဘူး"
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး၏ မျက်ခုံးများ ပိုမို စုကျုံ့သွားပြီး သူ၏ မျက်နှာမှာ အေးစက်လာသည်။ ပေတိုယန့်ခုံက လေလံရုံကို အလေးမထားသလို သူ့ကိုလည်း အလေးမထားခဲ့ပေ။
ထို အထင်သေးမှုက လူတိုင်း မြင်နိုင်လောက်အောင်ပင် ထင်ရှားလွန်းလှသည်။
လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အဆင့်နိမ့် ဝိညာဉ်လက်နက် ဆေးဖော်ဖို တစ်လုံး ပေါ်ထွက်လာသည်။ လက်တစ်ဖက်ကို ဖျစ်လိုက်သည်နှင့် နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက ဖိုထဲတွင် ပြင်းထန်သော မီးတောက်တစ်ခုကို မွှေးလိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ရင်း နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက တန်ဖိုးကြီး ဆေးပင်များကို ဖိုထဲသို့ တစ်ခုပြီးတစ်ခု ဆက်တိုက် ထည့်သွင်းလိုက်သည်။ 'လျန့်ချိကျွယ်' (လက်နက်သွန်းလောင်း) ပညာရပ်ကို လည်ပတ်စေလျက် သူ၏ လက်များက ဆန်းကြယ်သော လက်ကွက်များကို စတင် ဖော်ဆောင်နေလေသည်။
ဆေးပင် ဒါဇင်ပေါင်းများစွာကို လျင်မြန်စွာ အရည်ကျိုနေစဉ် နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက သူ၏ ဆေးဖော်စပ်မှုအပေါ် အာရုံ အပြည့်အဝ စိုက်ထားသည်။
'ကျိုကျိုး' ကိုးပြည်ထောင်၏ နံပါတ်တစ် ဆေးပညာရှင်ဟု အသိအမှတ်ပြု ခံထားရသည့်အတိုင်း သူ၏ ဆေးပညာစွမ်းရည်များက အမှန်တကယ်ပင် မြင့်မားလှသည်။
"နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး ..ဆေးလုံးရဲ့ အရည်အသွေးပဲ ဖြစ်ဖြစ် ၊ ဆေးရဲ့ အာနိသင်ပဲ ဖြစ်ဖြစ် မင်းက အများကြီး နောက်ကျကျန်နေခဲ့ပြီ" ပေတိုယန့်ခုံက ဆေးဖော်နေသော နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးကို ကြည့်ရင်း ခေါင်းခါလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
"အကြီးအကဲ ပေတို ဆေးလုံးတွေက မဖော်ရသေးဘူးလေ။ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး ရှုံးမယ်လို့ ခင်ဗျား ဘယ်လိုလုပ် သိနိုင်မှာလဲ။ ခင်ဗျားကိုယ်တိုင်လည်း ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို မဖော်နိုင်တာမျိုး ဖြစ်နိုင်တာပဲ" ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
"မင်းလို လူငယ်လေးက ဘာနားလည်မှာလဲ" ပေတိုယန့်ခုံက ထပ်မံ ခေါင်းခါလိုက်သည်။ "လူငယ်လေး 'ထျန်းယွမ် ဆေးလုံး က ဘယ်လောက် အစွမ်းထက်ထက် ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ထက် အများကြီး နိမ့်ကျတယ်။ ရလဒ်က ရှင်းရှင်းလေး မြင်နေရတာပဲ"
"နားမလည်ရင် ဝင်မပြောနဲ့။ မင်း ပါးစပ်ပိတ်ထားလို့ ဘယ်သူကမှ မင်းကို အအ' လို့ ထင်မှာ မဟုတ်ဘူး။ မဟာ အကြီးအကဲ ဆေးဖော်နေတုန်း မင်း ဝင်ပြောခွင့် မရှိဘူး။ မဟာ အကြီးအကဲကို စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်နဲ့ ..မဟုတ်ရင် ငါကိုယ်တိုင် မင်းကို အမှုန့်ကြိတ်ပစ်မယ်" ပေတိုယန့်ခုံ၏ နောက်မှ လူလတ်ပိုင်း တစ်ယောက်က အေးစက်စွာ မာန်မဲလိုက်သည်။
ထိုစကားက နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့၏ မျက်နှာများကို ချက်ချင်း မည်းမှောင်သွားစေသည်။
မောက်မာလှသည်။ တကယ်ကို အလွန်အမင်း မောက်မာလှသည်။
"အမှုန့်ကြိတ်ပစ်မယ် ဟုတ်လား" ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ကစားသလို ပြုံးလိုက်သည်။ "အကြီးအကဲ ပေတိုက ဒီလောက် အစွမ်းထက်နေမှတော့ ဒီလို လုပ်ကြရအောင်။ ခင်ဗျား ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို ဖော်နိုင်ခဲ့ရင် ခင်ဗျား နိုင်တယ်။ ''ကျိုကျိုး' ကိုးပြည်ထောင်ရဲ့ နံပါတ်တစ် ဆေးပညာရှင်' ဘွဲ့က ခင်ဗျားအတွက်ပဲ။ ဒါပေမဲ့ ခင်ဗျား မဖော်နိုင်ခဲ့ရင်တော့ ခင်ဗျား ရှုံးတယ်။ အဲ့ဒီအပြင် ခုနက ကျွန်တော့်ကို အမှုန့် ကြိတ်ပစ်မယ် ပြောတဲ့လူရဲ့ အသက်ကိုပါ လောင်းကြေးအဖြစ် ထပ်ထည့်ရမယ်"
သူက ထိုလူလတ်ပိုင်းကို ညွှန်ပြရင်း ဆိုလိုက်သည်။
လူလတ်ပိုင်း၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူ စကား မပြောခဲ့ပေ။
ပေတိုယန့်ခုံက မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး သူ၏ မျက်လုံးအိုကြီးများဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ကာ မထီမဲ့မြင် ဆိုလိုက်သည်။ "မင်းမှာ ဝင်ပြောခွင့် မရှိဘူး"
"သူ့မှာ ရှိတယ်" ချူချန်ခုံးက အလွန် မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် အခိုင်အမာ ဆိုလိုက်၏။
ပေတိုယန့်ခုံက ဖုန်းဝူချန်ကို ထပ်ခါတလဲလဲ စော်ကားနေခြင်းက သူတို့ကို ဒေါသထွက်စေခဲ့ပြီ ဖြစ်သည်။
ပေတိုယန့်ခုံက တစ်ခဏမျှ ကြောင်သွားပြီး ချူချန်ခုံးကို တစ်လှည့် ဖုန်းဝူချန်ကို တစ်လှည့် ကြည့်ကာ အလွန် အံ့ဩသွားပုံ ပေါက်နေသည်။
"စီနီယာ ပေတိုက မလုပ်ရဲမှာ ကြောက်နေတယ် ဆိုရင်တော့လည်း "
"ဒီအတိုင်းပဲ ထားလိုက်ပါတော့"
ဖုန်းဝူချန်က ပေတိုယန့်ခုံကို စိုက်ကြည့်ရင်း 'ခင်ဗျား တော်တာ သိပ်ဟုတ်နေတာလား။ ဒါဆို သက်သေပြလေ' ဟူသော အကြည့်ဖြင့် ပျော်ရွှင်စွာ ပြုံးရင်း ဆိုလိုက်လေတော့သည်။