← Chapters

လူသတ်မှု

Vol. 22 Ch. 320

လူသတ်မှု

Vol. 22 Ch. 320

~ဆေးဖော်စပ်မှု နှစ်ကြိမ်တိုင်တိုင် ကျရှုံးသွားပြီးနောက် ဤထူးဆန်းသော ဖြစ်ရပ်ဆန်းများက ပေတိုယန့်ခုံ၏ သံသယကို နှိုးဆွလိုက်လေသည်။

သူ၏ စိတ်ထဲ၌ တစ်စုံတစ်ရာ ချွတ်ချော်တိမ်းစောင်းနေသည်ဟု ထင်နေမိ၏။

သို့သော် သူက ဖုန်းဝူချန်ကို သံသယ မဝင်ခဲ့ပေ။

ဖုန်းဝူချန်ဆိုသည်မှာ ဘာမှ ထူးထူးခြားခြား မရှိသော လူငယ်တစ်ယောက်မျှသာ ဖြစ်ပြီး တိတ်တဆိတ် ဒုက္ခပေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်။

ပေတိုယန့်ခုံက ဖုန်းဝူချန်တွင် ဤမျှ ကြောက်မက်ဖွယ် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။

မီးအဆိပ်က အကြောင်းပြချက်မရှိဘဲ ထကြွလာစရာ အကြောင်းမရှိ။ သို့သော် မည်သူက ဤမျှ ကြောက်မက်ဖွယ် နတ်ဘုရားတမျှ စွမ်းသော ပညာရပ်ကို ပိုင်ဆိုင်ထားနိုင်မည်နည်း။

အခြေအနေက အလွန် ထူးဆန်းနေသောကြောင့် ဤအဖြစ်အပျက်မှာ လူတစ်ယောက်၏ လက်ချက် ဖြစ်နိုင်ခြေကိုလည်း သူ လုံးဝ ပယ်မထုတ်နိုင်ခဲ့ပေ။

"ဆေးပညာမှာ အနိုင်ရချင်ရင် 'ထျန်းယွမ် ဆေးလုံး ကိုပဲ ရိုးရိုးသားသား ဖော်စပ်ပြီး အရည်အသွေးနဲ့ ယှဉ်ပြိုင်သင့်တာ။ ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို ဖော်ပြီး ကြွားဝါချင်လို့ မဟုတ်ဘူး။ အခု ကြည့်လေ နှစ်ခါ (၂) တောင် ကျရှုံးသွားပြီ။" ဖုန်းဝူချန်က ပခုံးတွန့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။

ပေတိုယန့်ခုံ၏ မျက်နှာအိုကြီးမှာ အလွန်တရာ ပုပ်သိုးသွားပြီး ဖုန်းဝူချန်အား အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်လောက်အောင် သွေးဆာသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်လေသည်။

'အတွင်းထဲက မီးအဆိပ်က တကယ်တမ်း ဘာဖြစ်နေတာလဲ။ ဒါ လူလုပ်တာ မဟုတ်ရင် ဘာလို့ မီးအဆိပ်က နှစ်ခါ စလုံး ချက်ချင်း ပြန်ငြိမ်ကျသွားရတာလဲ။' ပေတိုယန့်ခုံတစ်ယောက် ခေါင်းခဲမတတ် စဉ်းစားနေရသည်။

"အကြီးအကဲ ပေတို ဒီမီးအဆိပ်က ဘာဖြစ်တာလဲ။ ခင်ဗျား ဆေးလုံး ပြီးခါနီးနေပြီကို ဘာလို့ မီးအဆိပ်က ရုတ်တရက် ထကြွလာရတာလဲ။" ချူချန်ခုံးက အံ့ဩတကြီး စူးစမ်းသလို မေးလိုက်သည်။

ပေတိုယန့်ခုံ နှစ်ကြိမ်တိုင်တိုင် ကျရှုံးပြီးနောက် ချူချန်ခုံးနှင့် အခြားသူများမှာ သည်ကိစ္စက ဖုန်းဝူချန်၏ လက်ချက်ဖြစ်ကြောင်း ပို၍ သေချာသွားကြသည်။

ဤနေရာတွင် ရှိသော လူတိုင်းအနက် ဖုန်းဝူချန် တစ်ယောက်တည်းသာ ဤသို့ ပြုလုပ်နိုင်စွမ်း ရှိသည်ဟု သူတို့ ယုံကြည်ကြ၏။

ချူချန်ခုံးက အဖြစ်မှန်ကို သိသော်လည်း ပေတိုယန့်ခုံအား မျက်နှာမပျက်ရလေအောင် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ဤသို့ အသိမရှိဟန်ဆောင်ခြင်းဖြင့် ပေတိုယန့်ခုံ၏ သံသယများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည် မဟုတ်ပါလား။

"ငါလည်း တကယ် မသိဘူး။" ပေတိုယန့်ခုံက ခေါင်းခါရင်း ဆိုသည်။

"အကြီးအကဲ ပေတို ခင်ဗျားမှာ နောက်ထပ် တစ်ကြိမ် ပဲ အခွင့်အရေး ကျန်တော့တယ်။" ဖုန်းဝူချန်က သတိပေးလိုက်သည်။

"ဟွန့်။" ပေတိုယန့်ခုံက ဖုန်းဝူချန်ကို စူးစိုက်ကြည့်လိုက်ပြီး "အခွင့်အရေး တစ်ကြိမ် (၁) တည်းနဲ့ လုံလောက်တယ်။" ဟု ဆို၏။

"သိပ်ပြီး ကြွားမနေနဲ့ဦး။ မဟုတ်ရင် ကိုယ့်ပါးကိုယ် ပြန်ရိုက်သလို ဖြစ်နေလိမ့်မယ်။ အဲ့အခါကျမှ စီနီယာ ပေတို မျက်နှာ သွားထားစရာ ရှိမှာ မဟုတ်တော့ဘူး။" ဖုန်းဝူချန်က ပေတိုယန့်ခုံ၏ ဒေါသထွက်နေသော အကြည့်ကို လုံးဝ မကြောက်ရွံ့ဘဲ ခနဲ့လိုက်သည်။

"မင်း။" ပေတိုယန့်ခုံ၏ ဒေါသများက ကောင်းကင်သို့ ပေါက်ကွဲထွက်မတတ် ဖြစ်သွားသော်လည်း ဆေးဖော်စပ်ရာတွင် မည်သည့် ခံစားချက်မျှ မပါဝင်ရသည်ကို သိသဖြင့် သူ၏ ဒေါသကို အတင်းအကျပ် ပြန်လည် ဖိနှိပ်လိုက်ရသည်။

ပေတိုယန့်ခုံက သူ၏ ရင်ထဲမှ ဒေါသကို အတင်း ဖိနှိပ်လိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ဆေးဖော်ဖိုကို စတင် သန့်စင်လိုက်သည်။

ဤသည်မှာ ပေတိုယန့်ခုံ၏ နောက်ဆုံး အခွင့်အရေး ဖြစ်သည်။ သူ အလေးအနက် ထားရပေတော့မည်။

"အစ်ကိုကြီးဖုန်း ဒီမှာ။" လင်ရှောင်ရှောင်က ဖုန်းဝူချန်အား ဓားမကြီးတစ်ချောင်းကို ရုတ်တရက် ကမ်းပေးလိုက်သည်။

ထိုဓားမကြီးမှာ အလွန် ကြီးမားလှပြီး ဓားသွားမှာ ရေပုံးတစ်လုံးစာမျှ ထူထဲရာ ဖုန်းဝူချန်ပင် ကြောင်သွားသည်။

"ဒီအဘိုးကြီး နောက်တစ်ခါ ထပ်ရှုံးရင် ဒီဓားမနဲ့ သူ့ကို သတ်လိုက်။" ဟု လင်ရှောင်ရှောင်က ပြောလလိုက်သည်။

"ကောင်းပြီ။ဟားဟား" ဖုန်းဝူချန်က ရယ်မောလိုက်ပြီး ဓားမကြီးကို ကိုင်ကာ ထိုလူလတ်ပိုင်း၏ လည်ပင်းပေါ်သို့ ချက်ချင်း တင်လိုက်၏။

ပေတိုယန့်ခုံသာ တတိယအကြိမ် ကျရှုံးပါက ဖုန်းဝူချန်က ဤလူလတ်ပိုင်းကို သတ်ရန် လုံးဝ ဝန်လေးနေမည် မဟုတ်ပေ။

"မင်း မင်း သူတောင်းစားလေး။ ဘာလုပ်တာလဲ။ အကြီးအကဲက မရှုံးသေးဘူး။" လူလတ်ပိုင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ကျစ်နေအောင် ဆုပ်ထားပုံမှာ ဖုန်းဝူချန်ကို ထိုးသတ်ပစ်တော့မည့်အလားပင်။

ပေတိုယန့်ခုံတွင် နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ကျန်သေးသည်။ ဆေးပင် မဖော်ရသေးခင်မှာပင် ဖုန်းဝူချန်က ဓားမကြီးကို သူ၏ လည်ပင်းပေါ် တင်လိုက်ခြင်းမှာ သူ့ကို သေဒဏ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

"မကြာခင် ရှုံးတော့မှာပါ။" ဖုန်းဝူချန်က ပေတိုယန့်ခုံ၏ ကျရှုံးမှုကို ကြိုတင် မြင်ယောင်နေသည့်အလား ခနဲ့ပြုံးဖြင့် ဆိုလိုက်သည်။

" ကောင်စုတ်လေး သိပ်ပြီး မောက်မာထောင်လွှား မနေနဲ့။ ငါ ဆေးဖော်ပြီးတာနဲ့ မင်းကို မြေမြှုပ်စရာ နေရာတောင် မရှိအောင် လုပ်ပစ်မယ်။" ပေတိုယန့်ခုံက ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း သတိပေးလိုက်သည်။

နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့၏ မျက်နှာများ မည်းမှောင်သွားသည်။ ပေတိုယန့်ခုံ၏ ခြိမ်းခြောက်မှုများက ဖုန်းဝူချန်ကို မထိခိုက်နိုင်သော်လည်း ဖုန်းဝူချန်အပေါ် ဤသို့ မလေးမစား ပြုမူသည်ကိုတော့ သူတို့ လက်မခံနိုင်ပေ။

"စီနီယာ ပေတို၊ ကိုယ့်အတွက်ကိုယ်သာ အရင် စိတ်ပူသင့်တယ်။ သူ့သေရေးက ကိစ္စမရှိပေမယ့် ခင်ဗျား ကျရှုံးသွားတာကမှ ကိစ္စကြီး။ သတင်းကသာ 'ကျိုကျိုး' ကိုးပြည်ထောင်ကို ပျံ့သွားရင် ဟင်း ဟင်း ၊ခင်ဗျားတို့ ပေတိုမိသားစုရဲ့ ဂုဏ်သတင်းက ကြွေကျ မြေခသွားလိမ့်မယ်။" ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်စဉ် အပြာရောင် မီးတောက်တစ်ခုက သူ၏ ဓားမပေါ်သို့ ပျံ့နှံ့သွားသည်။

ထိုအပြာရောင် မီးတောက်က ထူးဆန်းစွာ တဖျပ်ဖျပ် လောင်ကျွမ်းနေသည်။

ထို မထင်မရှား အားနည်းသော မီးတောက်လေးက တကယ့် တရားခံ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

ဖုန်းဝူချန်က ပေတိုယန့်ခုံ၏ မီးအဆိပ်ကို ထိန်းချုပ်ရန် ဤမီးတောက် သဲ့သဲ့လေးကိုပင် အသုံးပြုနေခြင်း ဖြစ်သည်။

ထိုအပြာရောင် မီးတောက်က မီးအဆိပ်ကို ထိန်းချုပ်နိုင်စွမ်း ရှိမှန်း ဖုန်းဝူချန်က နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးတို့၏ မီးအဆိပ်ကို ဖယ်ရှားပေးရင်း မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"မင်း အဲ့ဒီနေ့ကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး။" ပေတိုယန့်ခုံက မည်းမှောင်စွာ ဆိုလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်စွမ်းအင်ကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်ထဲမှ မီးအဆိပ်ကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။ သူက မီးအဆိပ်ကို အချိန်မရွေး နှိမ်နင်းနိုင်ရန် အစွမ်းထက်သော စွမ်းအင်တစ်ခုကို အတွင်းထဲ၌ ချန်ထားလိုက်၏။

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုသည်။ "ခင်ဗျားရဲ့ စွမ်းအင်ကသာ မီးအဆိပ်ကို ဖိနှိပ်နိုင်မယ် ဆိုရင် ခင်ဗျား အစောကြီးကတည်းက အဲ့ဒါကို ဖယ်ရှားပစ်လိုက်လောက်ပြီ။ ခင်ဗျား ကြိုးစားသမျှ အလကားပဲ။"

ပေတိုယန့်ခုံက ပြန်မပြောတော့ဘဲ သူ၏ တတိယအကြိမ်မြောက် ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။

ပေတိုယန့်ခုံက 'ဆေးပညာ ဆုံးဖြတ်ချက်' ပညာရပ်ကို လည်ပတ်စေလျက် ဝိညာဉ်စွမ်းအားကို အသုံးချကာ ဆေးပင်များကို တစ်ခုပြီးတစ်ခု မီးဖုတ်၍ ဆေးဖော်ဖိုထဲသို့ ထည့်သွင်းလိုက်သည်။

ခန်းမဆောင်တစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်၏။ မျက်လုံးအားလုံးက ပေတိုယန့်ခုံနှင့် သူ၏ ဆေးဖော်ဖိုထံသို့ နောက်တစ်ကြိမ် ကျရောက်လာသည်။

လူလတ်ပိုင်းမှာ အလွန်အမင်း တင်းမာနေပြီး သူ့ကျောမှ ချွေးများ စိုရွှဲနေသည်။ ပေတိုယန့်ခုံ နောက်တစ်ကြိမ် ထပ်မံ ကျရှုံးမည်ကို သူ စိုးရိမ်နေမိသည်။

တစ်ဖက်တွင်တော့ ဖုန်းဝူချန်က စိုးရိမ်ပူပန်မှု တစ်စိုးတစ်စိမျှ မရှိ။

ဖုန်းဝူချန်က ပို၍ တည်ငြိမ်လေ လူလတ်ပိုင်းမှာ ပို၍ ထိတ်လန့်လာလေ ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားပြီး ပေတိုယန့်ခုံသည် ဆေးလုံးကို ခဲအောင် ပြုလုပ်သည့် အဆင့်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ ဆေးဖော်စပ်သည့် အကြိမ် သုံးကြိမ်လုံးတွင် ဆေးလုံး ခဲအောင် ပြုလုပ်နိုင်ခြင်းက ပေတိုယန့်ခုံ၏ ဆေးပညာ စွမ်းရည် မြင့်မားပုံကို ပြသနေ၏။

ဆေးလုံး ခဲအောင် ပြုလုပ်သည့် အဆင့်မှာ ပြီးစီးသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အစွမ်းထက်သော စွမ်းအင်တစ်ခုက မီးအဆိပ်ကို အချိန်မရွေး ဖိနှိပ်ရန် အသင့်ရှိနေသဖြင့် ပေတိုယန့်ခုံ အလွန် ယုံကြည်မှု ရှိနေ၏။

ဆေးလုံး ဖြစ်ပေါ်ခါနီး အခိုက်အတန့်အထိ မီးအဆိပ်က မထကြွလာသောကြောင့် ပေတိုယန့်ခုံ တစ်ယောက် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

"နတ်ဘုရားဆေးလုံးသခင်ကြီး..နတ်ဘုရားဆေးလုံး ကြည့်ရတာ ငါ နိုင်သွားပုံပဲ။" ပေတိုယန့်ခုံက ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး သူ၏ ရက်စက်သော မျက်လုံးများက ဖုန်းဝူချန်ထံသို့ ဝေ့ကြည့်လိုက်သည်။

နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး၏ မျက်နှာမှာ လေးနက်နေသော်လည်း သူက ဖုန်းဝူချန်ကို ယုံကြည်သောကြောင့် သိပ်မစိုးရိမ်ပေ။

တင်းမာသော အရှိန်အဝါတို့က ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူတိုင်း မမှိတ်မသုန် စောင့်ကြည့်နေကြသည်။

ဤတစ်ကြိမ်တွင် ပေတိုယန့်ခုံက ဟော့ရန် ခရမ်းဝိဉာဉ် ဆေးလုံး ကို အမှန်တကယ် ဖော်စပ်နိုင်မည်လော။

မီးအဆိပ်က နောက်တစ်ကြိမ် ပေါ်လာဦးမည်လော။

ငါးမိနစ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ဆေးလုံးမှာ ယခု ဖြစ်ပေါ်လာနိုင်ပြီ ဖြစ်သည်။

ပေတိုယန့်ခုံ၏ လက်များက စတင် လှုပ်ရှားလာပြီး သူက ရုတ်တရက် ဟိန်းဟောက်လိုက်၏။ "ဆေးလုံး ခဲစေ။"

ဖုန်းဝူချန်၏ အတွေးတစ်ချက် လှုပ်ရှားသွားသည်နှင့် အပြာရောင် မီးတောက်က ပေတိုယန့်ခုံ၏ ကိုယ်ထဲမှ မီးအဆိပ်ကို ရုတ်တရက် ထိန်းချုပ်လိုက်သည်။

"ဟွန့်။ တကယ်ပဲ အမှောင်ထဲကနေ လက်သရမ်းနေတဲ့ကောင် ရှိနေတာကိုး။" သူ၏ ကိုယ်ထဲမှ မီးအဆိပ်များ ရုတ်တရက် ကြမ်းတမ်းလာသည်ကို ခံစားလိုက်ရသောအခါ ပေတိုယန့်ခုံ တစ်ယောက် အတွင်းစိတ်ထဲတွင် ဒေါသထွက်သွားသော်လည်း ကံကောင်းစွာပင် သူ ကြိုတင် ပြင်ဆင်ထားခဲ့သည်။

မီးအဆိပ် ထကြွလာသည်နှင့် ပေတိုယန့်ခုံ၏ ကိုယ်တွင်းမှ စွမ်းအင်များက ၎င်းကို ဖိနှိပ်ရန် တိုးထွက်လာသည်။

ထို ကြောက်မက်ဖွယ် စွမ်းအားက မီးအဆိပ်ကို မတိုက်ခိုက်နိုင်သည့်တိုင် အနည်းဆုံးတော့ ခဏမျှ ဖိနှိပ်ထားနိုင်လိမ့်မည်။ ဆေးလုံးက ချောမွေ့စွာ ခဲသွားသရွေ့ သူ နိုင်ပြီ ဖြစ်သည်။

သို့သော် ပေတိုယန့်ခုံက သူ့ကိုယ်သူ အထင်ကြီးလွန်းသွားခဲ့ပြီး မီးအဆိပ်ကို အထင်သေးလွန်းသွားခဲ့သည်။

ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ပေတိုယန့်ခုံ၏ ကိုယ်ထဲမှ မီးအဆိပ်က တစ်ခဏအတွင်း ပေါက်ကွဲ ထကြွလာပြီး သူ၏ အတွင်းထဲမှ စွမ်းအင်များမှာ ၎င်းကို လုံးဝ မတားဆီးနိုင်ဘဲ ချက်ချင်းပင် ကြေမွသွားတော့သည်။

"ဒါ ဒါ မဖြစ်နိုင်ဘူး။" ပေတိုယန့်ခုံ၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး သူ၏ ခန္ဓာကိုယ်မှ မီးခိုးနက်များ လိပ်တက်လာကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မီးအဆိပ်များ ထွက်ပေါ်လာတော့သည်။

ပေတိုယန့်ခုံထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် မီးအဆိပ်ကို ခံစားလိုက်ရသောအခါ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် အခြားသူများမှာ အလွန် တုန်လှုပ်သွားကြပြီး ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားကြသည်။

မီးအဆိပ်က အလွန် ကြောက်စရာကောင်းလှသဖြင့် မည်သူမျှ အနား မကပ်ဝံ့ကြပေ။

"ပြီးဆုံးသွားပြီ။ အားလုံး ပြီးဆုံးသွားပြီ။" ပေတိုယန့်ခုံ၏ ခန္ဓာကိုယ်မှ မီးခိုးနက်များ ထွက်ပေါ်လာပြီး မျက်နှာတစ်ခုလုံး အမည်းရောင် အလွှာများ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသောအခါ လူလတ်ပိုင်းမှာ မျှော်လင့်ချက်ကင်းမဲ့သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတော့သည်။

ပေတိုယန့်ခုံတစ်ယောက် ဆေးဖော်စပ်မှု သုံးကြိမ်လုံးလုံး ကျရှုံးလိမ့်မည်ဟု လူလတ်ပိုင်း မယုံကြည်နိုင်ခဲ့ပေ။

ပေတိုမိသားစုတွင် ဤသို့သော အဖြစ်အပျက်မျိုး ဘယ်သောအခါမှ မဖြစ်ပေါ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပေတိုယန့်ခုံ၏ ဆေးဖော်စပ် အောင်မြင်နှုန်းမှာ အလွန် မြင့်မားသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ပေတိုယန့်ခုံမှာ ဆေးဖော်စပ်ခြင်းကို လက်လျှော့ပြီး သူ၏ အစစ်အမှန်ယွမ်စွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်ကာ ဖိနှိပ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

"ဘုန်း”

သို့သော် သူ ရပ်တန့်လိုက်သည့် အခိုက်အတန့်မှာပင် ဆေးလုံး ပေါက်ကွဲသံကြီးတစ်ချက် ထွက်ပေါ်လာသည်။ ဆေးလုံးအဖြစ် ပုံပေါ်ခါနီး ဖြစ်နေသော ဆေးမှာ ပေါက်ကွဲသွားပြီး မီးခိုးနက်များက ဆေးဖော်ဖိုထဲမှ လွင့်စင် ထွက်ပေါ်လာသည်။

တတိယအကြိမ်မြောက် ဆေးဖော်စပ်မှုမှာ ကျရှုံးသွားခဲ့လေပြီ။

ပေါက်ကွဲသံနှင့်အတူ ပေတိုယန့်ခုံတစ်ယောက် ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်ခဲသွားတော့သည်။

ထိုပေါက်ကွဲသံကို ကြားလိုက်ရသည့်အခါ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် အခြားသူများမှာ လုံးဝ စိတ်အေးသွားကြတော့သည်။

ဖုန်းဝူချန်က သူတို့ကို စိတ်မပျက်စေခဲ့ပေ။

"သူ သူ ရှုံးသွားပြီ" လူလတ်ပိုင်းမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားသည်။

"ဒါ တရားလွန်တယ်။ ဘယ်ကောင်က အမှောင်ထဲကနေ လက်သရမ်းနေတာလဲ။" ပေတိုယန့်ခုံက စိတ်ဆိုးမာန်ဆိုးဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ အော်သံက ခန်းမဆောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါတို့က အခန်းတစ်ခုလုံးကို ရိုက်ခတ်သွားသည်။

ပေတိုယန့်ခုံတစ်ယောက် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး သူ၏ မျက်နှာမှာ ရက်စက်စွာ ရှုံ့တွသွားတော့သည်။

"ကိုယ် အရည်အချင်း မရှိရင် တခြားလူကို လက်သရမ်းတယ်လို့ စွပ်စွဲတော့တာပဲ။" ဖုန်းဝူချန်က မထီမဲ့မြင် ဆိုသည်။ "စီနီယာ ပေတို ခင်ဗျား အခွင့်အရေး သုံးကြိမ်စလုံး ကုန်သွားပြီ။ ဆေးတစ်လုံးတောင် မဖော်နိုင်ခဲ့ဘူး ခင်ဗျား ရှုံးပြီ။"

"ဟွန့်။ ငါက မော့ယန်ကို ရှုံးစရာလား။ အမှောင်ထဲက တစ်ယောက်ယောက် ဝင်မနှောင့်ယှက်ရင် ငါ့ကိုယ်ထဲက မီးအဆိပ်တွေ ထမကြွလာရင် ငါ ရှုံးစရာလား။" ပေတိုယန့်ခုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဆင်ခြေတွေ လာမပေးနဲ့။ ဘယ်သူကများ ဒီလောက် ကြောက်စရာကောင်းတဲ့ မီးအဆိပ်ကို ထိန်းချုပ်နိုင်စွမ်း ရှိမှာလဲ။ ဒီလိုစကားမျိုးကို ဘယ်သူက ယုံမှာလဲ။ စီနီယာ ပေတို ခင်ဗျား အရှုံးကို ဝန်မခံနိုင်တာလား။ ဥက္ကဌချူ ခင်ဗျားရော ယုံသလား။" ဖုန်းဝူချန်က အေးစက်စွာ ရယ်မောရင်း မေးလိုက်သည်။

ချူချန်ခုံးက ခေါင်းခါလိုက်ပြီး "မီးအဆိပ်က အလွန်တရာ ကြောက်ဖို့ကောင်းတယ်။ ထိန်းချုပ်ဖို့ မပြောနဲ့ အနားကပ်ဖို့တောင် မဝံ့ရဲဘူး။ ထျန်းယွမ်ဘုံ အဋ္ဌမလွှာ ၊ဒါမှမဟုတ် ၊ နဝမလွှာ ပညာရှင်တွေတောင် မီးအဆိပ်ကို ဖယ်ရှားနိုင်တယ်လို့ အာမမခံရဲဘူး။" ဟု ပြောလိုက်သည်။

"မင်း။" ပေတိုယန့်ခုံတစ်ယောက် ဒေါသများဖြင့် လောင်ကျွမ်းနေသော်လည်း ချူချန်ခုံးကို စူးစိုက်ကြည့်ရင်း တုံ့ပြန်စရာ စကားလုံး မရှိတော့ပေ။

ဤသို့သော အဓိပ္ပာယ်မရှိသည့် စကားမျိုးမှာ အပြင်သို့ ပေါက်ကြားသွားလျှင်လည်း မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။ လူအများက ပေတိုယန့်ခုံတစ်ယောက် အရှုံးကို ဝန်မခံနိုင်ဟုသာ ထင်ကြလိမ့်မည်။

"အကြီးအကဲ ပေတို ၊လောင်းကြေးက လောင်းကြေးပဲ။ ကျွန်တော် ဒီလူ့အသက်ကို ယူလိုက်တော့မယ်။" ဖုန်းဝူချန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ရေခဲတမျှ အေးစက်သော အကြည့်က မျှော်လင့်ချက် ကင်းမဲ့နေသော လူလတ်ပိုင်းထံသို့ ရိပ်ခနဲ ရောက်သွားသည်။

"မင်း မင်း မလုပ်ရဲပါဘူး။" ပေတိုယန့်ခုံက ဖုန်းဝူချန်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်း သူတောင်းစားလေး။ မင်းက ပေတိုမိသားစုကို စော်ကားရဲတယ်။ မင်း တကယ် သေချင်နေတာပဲ။" လူလတ်ပိုင်းက သူ၏ မျှော်လင့်ချက်မဲ့နေသော စိတ်ကို အတင်း ဖိနှိပ်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။

ပေတိုယန့်ခုံက ဝင်ပြောလိုက်သဖြင့် လူလတ်ပိုင်းမှာ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။

"ကျွန်တော် ပေတိုမိသားစုကို စော်ကားမိလို့လား။ အကြီးအကဲ ပေတို ရှုံးသွားပြီ။ ကျွန်တော် ခင်ဗျားကို သတ်တာ ဘာမှားလို့လဲ။" ဖုန်းဝူချန်က ခနဲ့လိုက်သည်။

"လူငယ်လေး သိပ် မမောက်မာထောင်လွှားစမ်းနဲ့။" ပေတိုယန့်ခုံ၏ မျက်လုံးအိုကြီးများထဲတွင် ရက်စက်သော လူသတ်စိတ်ဆန္ဒ ရိပ်ခနဲ ထင်သွားသည်။

"ဘာဖြစ်လဲ။ အကြီးအကဲ ပေတို ခင်ဗျား ဆေးပညာမှာ ရှုံးသွားပြီ။ အခု လောင်းကြေးကို မပေးချင်တော့ဘူးလား။ ပေတိုမိသားစုက အင်အားသုံးပြီး တခြားလူတွေကို အနိုင်ကျင့်ချင်နေတာလား။" ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

"ရှုံးတာကို ဝန်မခံနိုင်ဘဲနဲ့ လာစိန်ခေါ်နေသေးတယ်။ တကယ့်ကို အရှက်မရှိတဲ့ လူတွေ နော်။" လင်ရှောင်ရှောင်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"အကြီးအကဲ ပေတို ဆေးပညာမှာ ရှုံးသွားတယ်၊ ပြီးတော့ လောင်းကြေးကိုလည်း မပေးဘူး ဆိုတဲ့ သတင်းသာ ပြင်ပကို ထွက်သွားရင် ဘယ်လိုထင်လဲ။" ဖုန်းဝူချန်က အေးစက်စွာ ပြုံးရင်း ပေတိုယန့်ခုံကို ကြောက်ရွံ့ခြင်းမရှိဘဲ မေးလိုက်သည်။

ရုတ်ချည်းပင် ၊ သူ၏ လက်ကောက်ဝတ်က ရုတ်တရက် လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်း ဓားမကြီးက ထိတ်လန့်တကြား ဖြစ်နေသော လူလတ်ပိုင်း၏ လည်ပင်းကို ဖြတ်ပြေးသွားရာ သွေးများ "ဝေါ့ခနဲ" ပန်းထွက်သွားတော့သည်။

"ရှီလျို"

ပေတိုယန့်ခုံတစ်ယောက် တုန်လှုပ်သွားသည်။

ဖုန်းဝူချန်က ပေတို မိသားစုဝင် တစ်ယောက်ကို သတ်ရဲလိမ့်မည်ဟု သူ အမှန်တကယ် မယုံကြည်နိုင်ခဲ့ပေ။

"မင်း မင်း ငါ့ကို သတ်ရဲတယ်" လူလတ်ပိုင်းက ဖုန်းဝူချန်ကို မျှော်လင့်ချက်ကင်းမဲ့စွာ ကြည့်ရင်း ညည်းညူကာ အားအင်မဲ့စွာ လဲကျသွားတော့သည်။

နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့အားလုံး ရင်ထဲ၌ တစ်ချက် လှုပ်ခါသွားသည်။

ဖုန်းဝူချန်က ပေတိုမိသားစုမှ လူတစ်ယောက်ကို တကယ်ပင် သတ်ရဲခဲ့ပါလား။

All Chapters