အစွမ်းထက်သော အင်အား
Vol. 22 Ch. 321
~လောင်းဝံ့ရင် ရှုံးဝံ့ရမည်။
ဖုန်းဝူချန်က သူ မှားယွင်းနေသည်ဟု မထင်မိပေ။
ပေတိုမိသားစု ဖြစ်တော့ ဘာဖြစ်သနည်း။
ရှုံးတာက ရှုံးတာပင်။ လောင်းကြေးတစ်ခု ထပ်ခဲ့ပြီးမှတော့ ၎င်းကို လေးစား လိုက်နာရမည် ဖြစ်သည်။
“အကြီးအကဲ ပေတို ဒီကိစ္စအတွက် ခင်ဗျား ကျွန်တော့်ကို အပြစ်တင်လို့ မရဘူး။ ဘယ်သူက ခင်ဗျားကို ရှုံးခိုင်းလို့လဲ။ ခင်ဗျားသာ နိုင်ခဲ့ရင် ခင်ဗျားလည်း ကျွန်တော့်ကို သတ်မှာပဲ မဟုတ်လား" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်သည်။
“မင်း သူတောင်းစားလေး။ မင်း သေချင်နေပြီလား" ပေတိုမိသားစုမှ နောက်ထပ် လူလတ်ပိုင်းတစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်၏။
ပေတိုယန့်ခုံက သူ့အား လက်ဖြင့် တားလိုက်သည်။ သူက ဖုန်းဝူချန်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်ချင်သော စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး ဒေါသတကြီး ဆိုလိုက်သည်။ “လောင်းဝံ့ရင် ရှုံးဝံ့ရမယ်။ မင်း မနက်ဖြန်ထိ အသက်ရှင်ခွင့်ရမှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်”
“ဒါဆိုရင်တော့ အကြီးအကဲ ပေတိုမှာ အဲ့ဒီ အရည်အချင်း ရှိမရှိ ကြည့်ကြသေးတာပေါ့။ ကျွန်တော်လည်း ပေတိုမိသားစုရဲ့ အစွမ်းကို အရမ်း တွေ့မြင်ချင်နေတာ" ဖုန်းဝူချန်က နေရာမှ မရွေ့ဘဲ မီးနှင့်မီး ပြန်လည် တုံ့ပြန်လိုက်သည်။
“ကောင်းတယ် ကောင်းတယ်။ မောက်မာလိုက်တဲ့ အကောင်စုတ်" ပေတိုယန့်ခုံက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဤမျှ မခန့်လေးစားနိုင်သော လူငယ်မျိုးကို သူ အမှန်တကယ် မတွေ့ခဲ့ဖူးပေ။
ပေတိုမိသားစုသည် 'ကျိုကျိုး' ကိုးပြည်ထောင်၏ အရှင်သခင် ဖြစ်ပြီး ဒေသအနှံ့မှ အင်အားစု အသီးသီးမှာ သူတို့၏ နာမည်ကို ကြားရုံမျှဖြင့် တုန်လှုပ်ခြောက်ခြားကြရသည်။ မည်သူမျှ ပေတိုမိသားစုကို ရန်သူအဖြစ် မသတ်မှတ်ဝံ့ကြပေ။
နန်းကုန်းမိသားစု မဝံ့ရဲသလို ဖုန်းလန်ဂိုဏ်းကလည်း မဝံ့ရဲခဲ့ပေ။
သို့သော် ဖုန်းဝူချန်က ပေတိုမိသားစုကို ပြန်လည် ဆန့်ကျင်ဝံ့ခဲ့သည်။
“ကျွန်တော်က မောက်မာနေတာ မဟုတ်ဘူး။ ခင်ဗျားတို့ ပေတိုမိသားစုက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီး လေလံရုံကို အလေးမထားတာ။ ခင်ဗျား လေလံရုံထဲကို ဝင်လာတဲ့ အချိန်ကတည်းက ခင်ဗျားရဲ့ မခံချင်အောင် ကောင်းလွန်းလှတဲ့ အထက်စီးဆန်မှုက တစိမ့်စိမ့် ထွက်နေခဲ့တာ။ အထင်သေးတာကိုတော့ ပြောမနေနဲ့တော့။ မောက်မာတယ်လို့ ပြောရရင် အဲ့ဒါ ခင်ဗျားတို့ ပေတိုမိသားစုပဲ" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
“ပေတိုမိသားစုက တကယ် အင်အားကြီးတာ မှန်တယ်။ တစ်ချိန်က 'ကျိုကျိုး' ကိုးပြည်ထောင်ရဲ့ အရှင်သခင် ဖြစ်ခဲ့တာကိုလည်း ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ အင်အားကြီးတဲ့သူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်အပေါ် ကိုယ် ပြန်သုံးသပ်သင့်တယ် မဟုတ်ဘူးလား။ အရည်အချင်း နည်းနည်းပါးပါး ရှိရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား။ ကိုယ့်ထက်သာတဲ့ ကောင်းကင် ရှိသလို ကိုယ့်ထက်သာတဲ့ လူတွေလည်း ရှိသေးတယ်ဆိုတာ ခင်ဗျား မသိဘူးလား။ တကယ့် အင်အားကြီး ပုဂ္ဂိုလ်အစစ်အမှန်တွေက ခင်ဗျားတို့ ပေတိုမိသားစုလို တခြားသူတွေကို အထင်သေး မနေဘူး”
“အကြီးအကဲ ပေတို.. ခင်ဗျားတို့ ပေတိုမိသားစုရဲ့ လုပ်ရပ်တွေက တကယ်ကို မှားယွင်းနေတယ်”
ဖုန်းဝူချန်၏ စကားများကို ကြားသောအခါ ပေတိုယန့်ခုံ တစ်ယောက် ဒေါသထွက်သွားသော်လည်း သူက မလှုပ်ရှားရဲဘဲ သည်းခံနေရသည်။ ဤသည်မှာ ပို၍ပင် မခံမရပ်နိုင်စရာ ကောင်းသော ခံစားချက် ဖြစ်သည်။
ပေတိုယန့်ခုံက လေလံရုံကို ကြောက်ရွံ့နေခြင်း မဟုတ်ပေ။ သို့သော် ဆေးပညာတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သူသာ ယခု လက်ပါလိုက်ပါက သတင်း အပြင်သို့ ထွက်သွားသည်နှင့် ပေတိုမိသားစုသည် 'ကျိုကျိုး' ကိုးပြည်ထောင်မှ အင်အားစု အသီးသီး၏ လူထုအမြင်ကို ဖိနှိပ်ရန် ခက်ခဲသွားပေလိမ့်မည်။
ပေတိုမိသားစု၏ အကြီးအကဲက နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးကို ရှုံးနိမ့်သွားပြီး ဒေါသတကြီးဖြင့် လူသတ်ခဲ့သည်ဟူသော သတင်းသာ ထွက်ပေါ်သွားခဲ့လျှင် ပေတိုမိသားစု၏ မျက်နှာကို ဘယ်မှာ သွားထားတော့မည်နည်း။
“မင်း သူတောင်းစားလေး။ မင်းက ငါ့ ပေတိုမိသားစုကို စော်ကားရဲတယ်။ မင်းကို ဘယ်လို အကျိုးဆက်မျိုးက စောင့်ကြိုနေလဲ ဆိုတာ မင်း သိရဲ့လား" လူလတ်ပိုင်းတစ်ဦးက ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကျွန်တော် ပြောတာ အမှန်တရားပဲ။ ပေတိုမိသားစုရဲ့ လုပ်ရပ်က တကယ့်ကို စက်ဆုပ်ဖို့ကောင်းတယ်" ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။
“ချူချန်ခုံး ၊ဒါ မင်းရဲ့ လေလံရုံက ပိုင်ဆိုင်ထားတဲ့ ယုံကြည်မှုလား။ ကောင်းပြီ။ မနက်ဖြန်ကျရင် မင်းရဲ့ လေလံရုံက ငါ့ ပေတိုမိသားစုကို ဘယ်လို ရှင်းပြမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" ပေတိုယန့်ခုံက လေးနက်စွာ ဒေါသတကြီး ဆိုလိုက်သည်။
ပေတိုယန့်ခုံ တစ်ယောက် ဥက္ကဌ ဖြစ်သော ချူချန်ခုံးက ဖုန်းဝူချန်အား ပေတိုမိသားစုကို စော်ကားခွင့် ပေးထားသည်ကို သဘောပေါက်သွားလေသည်။
“သွားမယ်" ပေတိုယန့်ခုံက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လက်စကို ဝှေ့ယမ်းကာ ချာခနဲ လှည့်ထွက်သွားတော့၏။
“သူတောင်းစားလေး။ မနက်ဖြန်ကျရင် ပေတိုမိသားစုကို စော်ကားမိတဲ့ အကျိုးဆက်ကို မင်း သိစေရမယ်။ အဲ့အခါကျမှ ကြောက်လန့်ပြီး မျက်နှာ မပြရဲ မဖြစ်နဲ့" နောက်ထပ် လူလတ်ပိုင်းတစ်ဦးက ဖုန်းဝူချန်ကို လက်ညှိုးထိုးရင်း ယုတ်မာသော လေသံဖြင့် ဆိုလိုက်သည်။
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ အေးစက်စွာ ရယ်မောလိုက်သည်။
“ကျွန်တော်လည်း အဲ့ဒီ အကျိုးဆက်တွေက ဘာဖြစ်မလဲ ဆိုတာ သိချင်နေတာ”
—------
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် ချူချန်ခုံးတို့၏ မျက်နှာများ တင်းမာနေသည်။ ယနေ့ သူတို့သည် ပေတိုမိသားစုနှင့် အမှန်တကယ် ပြတ်စဲသွားခဲ့လေပြီ။
“ဆေးဧကရာဇ် ..အခု ကျွန်တော်တို့ ပေတိုမိသားစုနဲ့ ပြတ်စဲသွားပြီ။ နောက် ဘယ်လို ဆက်လုပ်ကြမလဲ" ကျောက်ယွင်ချန်က ဖုန်းဝူချန်အား မေးလိုက်သည်။
ပေတိုမိသားစု၏ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိဘဲ ဖုန်းဝူချန်ကိုသာ အားကိုးနိုင်တော့သည်။
“စိတ်မပူပါနဲ့။ ပေတိုမိသားစုက 'ကျိုကျိုး' ကိုးပြည်ထောင်က အဓိက အင်အားစု အားလုံးကို လက်အောက်ခံစေချင်နေတာ။ ဒါပေမဲ့ ပေတိုမိသားစုကို မှီခိုပြီး အင်အားကြီးချင်တဲ့ အဖွဲ့အစည်းတွေကလွဲရင် ဘယ်သူက သူတို့လက်အောက်ကို ဝင်ပြီး သူတို့ရဲ့ သနားညှာတာမှုနဲ့ အသက်ရှင်ချင်မှာလဲ" ဖုန်းဝူချန်က အမှုမထားဘဲ ပြောလိုက်သည်။
“ပေတိုယန့်ခုံက နတ်ဘုရားဆေးလုံး သခင်ကြီးနတ်ဘုရားဆေးလုံးကို ရှုံးသွားတဲ့ သတင်းကို ဖြန့်လိုက်။ ပြတ်စဲမှတော့ ဘာမှ စိတ်ပူစရာ မရှိတော့ဘူး" ဖုန်းဝူချန်က ထပ်ပြောလိုက်သည်။
ချူချန်ခုံးက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ မှတ်ချက်ချသည်။
“ဖုန်းလန်ဂိုဏ်း ၊နန်းကုန်းမိသားစုနဲ့ ရှီဟွမ်ဂိုဏ်းတို့ကတော့ သေချာပေါက် လက်အောက်ခံမှာ မဟုတ်ဘူး”
“ဆေးဧကရာဇ် ၊ ခုနက ပေတိုယန့်ခုံ အတွင်းထဲက မီးအဆိပ်က ခင်ဗျား ထိန်းချုပ်လိုက်တာလား" နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက မေးလိုက်ခြင်းပါ။
ဖုန်းဝူချန်၏ လက်ချက်ဖြစ်မည်ဟု သံသယ ရှိနေသည့်တိုင် ဖုန်းဝူချန်တွင် ဤမျှ ကြောက်မက်ဖွယ် နတ်ဘုရားတမျှ စွမ်းသော ပညာရပ် ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပေ။
“ဟုတ်တယ်။ ကျွန်တော် မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်" ဖုန်းဝူချန်က အပြုံးမပျက် ပြောလိုက်သည်။
“မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်"
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးတို့ လူစုမှာ လုံးဝ တုန်လှုပ် မှင်သက်သွားကြသည်။
မီးအဆိပ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဆိုလျှင် ဤတိုက်ကြီးပေါ်မှ ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ အားလုံး၏ အသက်မှာ ဖုန်းဝူချန်၏ လက်ထဲတွင် ရှိနေသည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
သူတို့သည် သတ္တမ အဆင့် ဆေးပညာရှင် သို့မဟုတ် အဋ္ဌမ အဆင့် ဆေးပညာရှင် ဖြစ်နေပါစေ မည်မျှပင် အစွမ်းထက်ပြီး ကြောက်မက်ဖွယ် ကောင်းနေပါစေ သူတို့၏ အသက်များမှာ ဖုန်းဝူချန်၏ လက်ထဲတွင် ရှိနေသည်။
ချူချန်ခုံးနှင့် အခြားသူများမှာ တွေးလေလေ ကြောက်ရွံ့လာလေ ဖြစ်သည်။ သူတို့၏ အသက်များမှာ သူ၏ လက်ထဲတွင် ရှိနေသဖြင့် ဖုန်းဝူချန်အား အလွန်အမင်း သတိထား စောင့်ကြည့်နေမိသည်။
ကံကောင်းစွာပင် သူတို့သည် ဖုန်းဝူချန်၏ လက်အောက်သို့ ခိုဝင်ခဲ့ပြီး သူ၏ ရန်သူများ မဖြစ်ခဲ့ကြပေ။ မဟုတ်ပါက သူတို့ ယခုအချိန်ထိ အကြိမ် မည်မျှ သေဆုံးခဲ့ရမည်ကို မသိနိုင်တော့ပေ။
ထိုစဉ်၊ ဖုန်းဝူချန်က သူ၏ လက်ဖဝါးကို လှန်လိုက်သည်နှင့် စာလိပ် နှစ်လိပ် ပေါ်ထွက်လာပြီး ၎င်းတို့ကို နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးထံသို့ ကမ်းပေးလိုက်သည်။
“ဒါက 'ဆေးပညာ ဆုံးဖြတ်ချက်' နဲ့ 'လျန့်ချိကျွယ်' ပညာရပ်တွေပဲ။ ကောင်းကောင်း ကျင့်ကြံကြ။ အဆင့်တက်ဖို့က လုံးဝ ပြဿနာ မရှိစေရဘူး။ ပေတိုယန့်ခုံကို ကျော်တက်ဖို့က ကလေးကစားစရာလို ဖြစ်သွားလိမ့်မယ်။ နောက်မှ ကျွန်တော် အချိန်ရရင် ခင်ဗျားတို့ကို လမ်းညွှန်ပေးပါမယ်"
“ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်။ ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်" ထိုစကားကို ကြားလိုက်ရသည်နှင့် နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးနှင့် သူ၏ လူများမှာ အလွန်အမင်း ဝမ်းမြောက်သွားပြီး အဆက်မပြတ် ကျေးဇူးတင်စကား ဆိုနေကြတော့သည်။
ဆေးဧကရာဇ် ချီးမြှင့်သော ပညာရပ်များမှာ အစွမ်းထက်သည်မှာ သေချာလှသည်။
ပေတိုယန့်ခုံက နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးကို ရှုံးနိမ့်သွားသည့် သတင်းမှာ နတ်ဘုရားဆေးလုံး မြို့တော်နတ်ဘုရားဆေးလုံးမှ လျင်မြန်စွာ ပေါက်ကြားသွားပြီး လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ရှီဟွမ်ဂိုဏ်း ဖုန်းလန်ဂိုဏ်း နန်းကုန်းမိသားစုနှင့် အခြားသော အဓိက အင်အားစုများ ထို့အပြင် များစွာသော အင်အားစုငယ်များနှင့် မိသားစုများမှာ သူတို့၏ အတွင်းစိတ်ထဲထိ တုန်လှုပ်သွားကြရသည်။
နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက ပေတိုယန့်ခုံကို အနိုင်ရရှိခဲ့ခြင်းက 'ကျိုကျိုး' ကိုးပြည်ထောင်ကို တုန်လှုပ်စေခဲ့ပြီး 'ကျိုကျိုး' ကိုးပြည်ထောင်၏ နံပါတ်တစ် ဆေးပညာရှင် ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။
ထိုသတင်းက ပေတိုမိသားစုထံ ရောက်ရှိသွားသောအခါ ပေတိုယန့်ခုံတစ်ယောက် ဒေါသတကြီး ဖြစ်နေပြီး အဆင့်မြင့် အဖွဲ့ဝင်များမှာလည်း အလားတူ ဒေါသထွက်နေကြသည်။
“ချူချန်ခုံး။ ကြည့်ရတာ မင်းရဲ့ လေလံရုံကို မင်း ဂရုမစိုက်တော့ဘူး ထင်တယ်။ မနက်ဖြန် မင်းကို အလာသာရှိပြီး အပြန်မရှိအောင် ငါ လုပ်ပစ်မယ်" ပေတိုယန့်ခုံ၏ မျက်နှာမှာ သွေးဆာနေသည့် အရှိန်အဝါတို့ဖြင့် ရက်စက်စွာ ရှုံ့တွနေသည်။
“သူတို့က ပေတိုမိသားစုကို ဆန့်ကျင်ရဲတယ်။ သူတို့ သေမလား ရှင်မလားတောင် မသိကြဘူးပဲ" ဒုတိယ အကြီးအကဲက ရက်စက်စွာ မှတ်ချက်ပြုလေသည်။
အဆင့်မြင့် အဖွဲ့ဝင်တစ်ဦးကလည်း အေးစက်စွာ ဆိုသည်။
“ငါတို့ ပေတိုမိသားစုဝင်ကို သတ်ရဲတဲ့ သတ္တိ ရှိတယ်။ သူတို့ရဲ့ သတ္တိတွေနဲ့ သေလမ်းရှာနေတာပဲ”
လက်အောက်ခံထားသော အင်အားစုများအားလုံးကလည်း တစ်သဘောတည်း ထောက်ခံကြသည်။
“ဒီလေလံရုံက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ။ ပေတိုမိသားစုကို စော်ကားတာက သေလမ်းရှာတာပဲ”
“မနက်ဖြန်ကျရင် လေလံရုံကို ချေမှုန်းပစ်မယ်။ အမှောင်ထဲက တစ်ယောက်ယောက် ဝင်မနှောင့်ယှက်ရင် ပေတိုမိသားစုရဲ့ အကြီးအကဲက ဆေးပညာရှင် တစ်ယောက်ကို ရှုံးစရာလား”
“ဟုတ်တယ်။ တစ်ယောက်ယောက်က ကစားကွက်တွေ သုံးနေတာ သေချာတယ်။ ဒီလူကို ငါတို့ ရှာဖွေရမယ်။ လေလံရုံက သူ့နေရာသူ မသိဘူး။ သူတို့ကို ချေမှုန်းပစ် ပြီးရင် လေလံရုံကို ပေတိုမိသားစုက သိမ်းပိုက်ရမယ်”
—----------
နောက်တစ်နေ့တွင် တတိယတန်းစား အင်အားစုများနှင့် မိသားစုများမှလွဲ၍ 'ကျိုကျိုး' ကိုးပြည်ထောင်မှ အရွယ်အစား အမျိုးမျိုးရှိသော အင်အားစု အသီးသီးနှင့် များစွာသော မိသားစုများအားလုံး ပေတိုမိသားစုထံ အလျင်စလို ရောက်ရှိလာကြသည်။
ပေတိုမိသားစု၏ ကြီးကျယ် ခမ်းနားလှသော အိမ်တော်ကြီးမှာ အင်အားစု အသီးသီးမှ အဆင့်မြင့် ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသည်။ စားပွဲတန်းရှည်များမှာ ကျင့်ကြံသူများဖြင့် ပြည့်ကျပ်နေပြီး ထိပ်သီးပညာရှင်များမှာ တိမ်တိုက်များသဖွယ် များပြားလှ၏။
ပေတိုမိသားစုသည် ကြီးမြတ်သော မိသားစုကြီးတစ်စု ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပြီး နန်းကုန်းမိသားစုထက် များစွာ ပိုမို ကြီးကျယ်ခမ်းနားလှသည်။
အဓိက အင်အားစု အားလုံးမှာ ပေတိုမိသားစု၏ အင်အားကို မအံ့ဩဘဲ မနေနိုင်ကြပေ။
“ပေတိုမိသားစုက ဆယ်စုနှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တာ။ သူတို့ရဲ့ အင်အားက အဆမတန် ကြီးထွားလာခဲ့တယ်။ ငါတို့ ထင်ထားတာထက် အများကြီးပဲ" ဟု လိန်ဝူယဲ့က လေးနက်စွာ ဆိုသည်။
စန်းဟွမ်က ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။ “သူတို့ မိသားစုဝင် အများစုက ယွမ်တန်ဘုံ တတိယလွှာ ဒါမှမဟုတ် စတုတ္ထလွှာမှာ ရှိနေကြတယ်။ တစ်စိတ်တစ်ပိုင်းက ယွမ်တန်ဘုံ ပဉ္စမ အဆင့်နဲ့ အထက်ကို ရောက်နေကြပြီ။ ဟွာရှန်းဘုံက လူကိုတောင် ငါတို့ မတွေ့ရသလောက်ပဲ။ တကယ် ကြောက်ဖို့ကောင်းတယ်”
“ဆေးဧကရာဇ် မရောက်သေးဘူးလား"
ဧည့်သည်များအားလုံး နီးပါး ရောက်ရှိနေပြီ ဖြစ်သော်လည်း ဖုန်းဝူချန်၏ အရိပ်အယောင်ကို မတွေ့ရသေးသဖြင့် နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံးက အနည်းငယ် အလျင်လိုစွာ မေးလိုက်သည်။
“စိတ်မပူပါနဲ့။ ဆေးဧကရာဇ် သေချာပေါက် ပြန်လာမှာပါ" ချူချန်ခုံးက အာမခံလေသည်။
ဧည့်သည်များ အားလုံး ရောက်ရှိလာသည်နှင့် ပေတိုမိသားစု၏ ခေါင်းဆောင် ပေတိုရွှမ်းနှင့် ပေတိုမိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များမှာ ခမ်းနားထည်ဝါသော စံအိမ် တစ်ခု အနီး၌ ထွက်ပေါ်လာကြသည်။
“မိသားစုခေါင်းဆောင် ကြွလာပြီ"
မိသားစုဝင်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မျက်လုံးအားလုံးမှာ တစ်ခဏအတွင်း လှည့်ကြည့်လာကြပြီး များစွာသော သူတို့၏ အကြည့်များထဲတွင် သတိထားမှု အရိပ်အယောင်များ ပါဝင်နေသည်။
ပေတိုမိသားစု၏ ထိပ်တန်း ပုဂ္ဂိုလ်များမှာ ကြောက်မက်ဖွယ် တည်ရှိမှုများ ဖြစ်ကြသည်။ သူတို့၏ အင်အားဖြင့် 'ကျိုကျိုး' ကိုးပြည်ထောင် တစ်ခုလုံးကို တိုက်ခတ် ရှင်းလင်းသွားနိုင်သည်။
“ထျန်းယွမ်ဘုံ အဋ္ဌမလွှာ။ ဒီအဘိုးကြီး တကယ်ပဲ ထျန်းယွမ်ဘုံ အဋ္ဌမလွှာကို ရောက်နေတာပဲ" စန်းဟွမ်က မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး သူ၏ အမူအရာမှာ ပို၍ လေးနက်လာသည်။
“အားကောင်းလိုက်တဲ့ အရှိန်အဝါပဲ" ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ရင်း အံ့ဩတကြီး ဆိုလိုက်သည်။ သူက နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ပေတိုရွှမ်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါက ရှိနေသူ အားလုံးကို အသက်ရှူ ရပ်တန့်သွားစေသည်။ မိသားစုခေါင်းဆောင်၏ သြဇာအာဏာနှင့် လွှမ်းမိုးမှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
“ပေတိုမိသားစုရဲ့ ခေါင်းဆောင်က တကယ် အစွမ်းထက်တာပဲ။ 'ကျိုကျိုး' ကိုးပြည်ထောင်ကို လွှမ်းမိုးဖို့က ဘာ ပြဿနာမှ မရှိလောက်ဘူး”
“ထျန်းယွမ်ဘုံ အဋ္ဌမလွှာ။ တကယ် ကြောက်ဖို့ကောင်းတယ်”
“ဆဌမလွှာ နှစ်ယောက်။ ပဉ္စမလွှာ လေးယောက်။ တတိယလွှာ ခုနစ်ယောက်။ ပထမလွှာ ဆယ့်သုံးယောက်။ ဘုရားရေ… ပေတိုမိသားစုမှာ ထျန်းယွမ်ဘုံ ပညာရှင် အယောက် သုံးဆယ် နီးပါး ရှိနေတာပဲ”
ပေတိုမိသားစု၏ တန်းစီရပ်နားပုံမှာ အလွန်တရာ ကြီးမားလှသည်။
အဓိက အင်အားစုများမှ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ တုန်လှုပ်ပြီး ကြောက်ရွံ့သွားကြသည်။ ပေတိုမိသားစုက ပြသလိုက်သော အင်အားမှာ သူတို့ မျှော်လင့်နိုင်သည့်အရာထက် ကျော်လွန်နေပြီး သူတို့၏ ကျောရိုးထဲထိ ချမ်းစိမ့်သွားစေသည်။
ပေတိုမိသားစုသည် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေပြီး ပေတိုမိသားစုနှင့် ယှဉ်ပြိုင်ရန် အင်အားမဲ့သွားစေသည့်အထိ အလွန် အစွမ်းထက်လှသည်။
ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ အယောက် သုံးဆယ် နီးပါး။
ဒါ ဘယ်လို သဘောတရားမျိုးလဲ။
နန်းကုန်းမိသားစု အထွတ်အထိပ် အချိန်တွင် ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ ဆယ့်ငါးယောက် ဝန်းကျင်သာ ရှိခဲ့ပြီး ဖုန်းလန်ဂိုဏ်းတွင်လည်း ဆယ်ယောက် ကျော်ကျော်သာ ရှိခဲ့သည်။
ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာထဲတွင် အများစုမှာ လူလတ်ပိုင်းများနှင့် လူငယ် မျိုးဆက်သစ်များ ဖြစ်ကြသည်။
ပေတိုမိသားစုသည် ထူးချွန်သော ပါရမီရှင်များစွာကို မွေးထုတ်နိုင်ခဲ့သည်မှာ ထင်ရှားလှသည်။
ရှိနေသော ကျင့်ကြံသူများစွာမှာ ကြောက်လန့်တကြား မျက်နှာများ ဖြူဖျော့ကာ တစ်ကိုယ်လုံး တုန်ယင်နေကြသည်။
ပေတိုမိသားစုက အလွန် အင်အားကြီးလွန်းလှသည်။
ထိုနေရာတွင် ရပ်နေသော အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ၏ ခံ့ညားသော အရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သည့်အလားပင်။
“ဒီလို ကြောက်စရာကောင်းတဲ့ မိသားစုကို ရန်သူအဖြစ် ရင်ဆိုင်ရတာက သေလမ်းရှာတာနဲ့ အတူတူပဲ" များစွာသော ကျင့်ကြံသူများ၏ စိတ်ထဲတွင် ခုခံလိုစိတ်များ ပျောက်ကွယ်သွားပြီး သူတို့၏ သံန္နိဋ္ဌာန်မှာ လုံးဝ ကြေမွသွားခဲ့သည်။
“အားလုံးပဲ ပေတိုမိသားစုကို ကြွရောက်လာကြတဲ့အတွက် ကြိုဆိုပါတယ်" ပေတိုရွှမ်းက ကျယ်လောင်စွာ ရယ်မောရင်း တောက်ပစွာ ပြုံးလျက် ဆိုလိုက်သည်။
ပေတိုရွှမ်းသည် အဖြူရောင် ဝတ်ရုံကိုသာ ဝတ်ဆင်ထား၏။ ဆံပင်ဖြူများနှင့် မျက်နှာအပြည့် ဇရာ အရေးအကြောင်းများ ထင်နေကာ အားနည်းသော အဘိုးအို တစ်ဦးဟု ထင်ရသော်လည်း သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော… ပေတိုမိသားစုတွင် ‘အစွမ်းအထက်ဆုံး’.. ပုဂ္ဂိုလ် ဖြစ်သည်။
“ပေတိုမိသားစု ခေါင်းဆောင်ကို တွေ့ခွင့်ရတာ ဂုဏ်ယူပါတယ်" လူအုပ်ကြီးမှာ မတ်တပ်ထရပ်ကြပြီး တစ်ညီတစ်ညွတ်တည်း အရိုအသေ ပေးလိုက်ကြသည်။
“အားလုံး ထိုင်ကြပါ" ပေတိုရွှမ်းက ပျော်ရွှင်စွာ ဆိုလိုက်ပြီး အားလုံးကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။
“ဒီနေ့ ခင်ဗျားတို့ အားလုံးကို ဒီကို ဖိတ်ကြားတာက ကိစ္စ သုံးခု ကို ကြေညာချင်လို့ပဲ၊ ဟားဟား" ပေတိုရွှမ်းက ဆိုလိုက်ရာ ပျော်ရွှင်သော သူ၏ ရယ်သံက လေထဲတွင် ပြည့်နှက်သွားပြီး နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
“ပထမ တစ်ခုက ဒီနေ့ကစပြီး ပေတိုမိသားစုက ပြန်လည် ထွက်ပေါ်လာပြီး 'ကျိုကျိုး' ကိုးပြည်ထောင်ရဲ့ အရှင်သခင် နေရာကို ပြန်လည် ရယူတော့မယ်”
“ဒုတိယ တစ်ခုက 'ကျိုကျိုး' ကိုးပြည်ထောင်က အင်အားစု အကြီးအသေးတိုင်း သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် နှစ်စဉ် ဂါရဝပြု လက်ဆောင်ကို ပေတိုမိသားစုဆီ ပေးဆက်ရမယ်”
“တတိယ တစ်ခုက 'ကျိုကျိုး' ကိုးပြည်ထောင်က အင်အားစု အကြီးအသေး အားလုံး ပေတိုမိသားစု လက်အောက်ကို ဝင်ရောက်ပြီး 'ကျိုကျိုး' ကိုးပြည်ထောင်ကို အားကောင်းလာအောင် ငါတို့နဲ့အတူ ကြီးထွားရမယ်”
ပေတိုရွှမ်း ကြေညာလိုက်သော ကိစ္စ သုံးခု ကို ကြားလိုက်ရသောအခါ ရှိနေသူ အားလုံး၏ မျက်နှာများမှာ ကွက်ခနဲ ပျက်သွားကြ၏။
ပေတိုမိသားစု၏ ရည်မှန်းချက်နှင့် လောဘများမှာ အတိုင်းအဆ မရှိပါလား။ သူတို့သည် အင်အားစုတိုင်းထံမှ လက်ဆောင်များ ပေးဆက်ရန် အတင်းအကျပ် တောင်းဆိုနေပြီး ပေတိုမိသားစု လက်အောက်သို့ ခိုဝင်ရန် အမိန့်ပေးနေခြင်း ဖြစ်သည်။