← Chapters

ပေတိုယန်နှင့် တိုက်ခိုက်ခြင်း (၂)

Vol. 22 Ch. 327

ပေတိုယန်နှင့် တိုက်ခိုက်ခြင်း (၂)

Vol. 22 Ch. 327

~"ဝင်္ကပါ ပျက်သုဉ်းခြင်း ဓားသိုင်းပညာ။ ကောင်းကင်နှင့် မြေကြီး၏ ဝင်္ကပါ ပျက်သုဉ်းခြင်း။"

အရှိန်ပြင်းစွာ ဝဲလည်နေစဉ် အဓိပတိ နဂါးနတ်ဘုရားဓားမှ သွေးရောင်အလင်းများ ပေါက်ကွဲ ထွက်ပေါ်လာ၏။ လွှမ်းမိုးနိုင်သော ဓားစိတ်ဆန္ဒများ ပျံ့နှံ့သွားပြီး ဝိညာဉ်ကိုပင် ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသည်။ ဖုန်းဝူချန်၏ အရှိန်အဝါမှာ တိုးဝှေ့လာသော ဒီလှိုင်းတစ်ခုနှယ် မည်သူမျှ တားဆီးနိုင်စွမ်း မရှိတော့ပေ။

"မြေကမ္ဘာ အဆင့် ဓားသိုင်းပညာ။"

ပေတိုမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ ပို၍ပင် လေးနက် တင်းမာသွားကြသည်။ ဖုန်းဝူချန်၏ အစွမ်းက သူတို့ကို စတင် စိုးရိမ်ပူပန်စေခဲ့လေပြီ။

ပေတိုယန်၏ မျက်နှာထားမှာ လေးနက်သွားကာ အစစ်အမှန်ယွမ်စွမ်းအင်ကို အစွမ်းကုန် ထုတ်လွှတ်လိုက်လေ၏။ တောက်ပသော အဖြူရောင် အလင်းများ ပေါက်ကွဲ ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။

"ဒီဓားသိုင်းပညာရဲ့ အစွမ်းက တကယ် မဆိုးဘူးပဲ။" ပေတိုယန်က အေးစက်စွာ ဆိုလိုက်ပြီး ကြောက်ရွံ့ခြင်း အရိပ်အယောင် မပြပေ။

တိုးဝှေ့လာသော အရှိန်အဝါမှာ လျင်မြန်စွာ တိုးမြင့်လာပြီး ပေတိုယန်၏ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ မီးတောက်လောင်ကျွမ်းလာသည်။

"တောင့်တခြင်း နတ်ဘုရား ဆွဲကြိုး။"

ပေတိုယန်က ခပ်တိုးတိုး ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ် အတွင်းမှ အပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းမှာ အဆင့်မြင့် ဝိညာဉ်လက်နက် ကျောက်စိမ်းဆွဲကြိုး တစ်ခု ဖြစ်လေသည်။

ပေတိုယန်၏ အရှိန်အဝါမှာ တစ်ဖန် ထိုးတက်သွားပြန်တော့၏။

"မြေကမ္ဘာ အဆင့် အစောပိုင်း သိုင်းပညာ။ မြေကြီးကို တုန်ခါစေသော မိုးကြိုး လက်ဝါး။"

ပေတိုယန်က သူ၏ လက်များကို ပူးယှက်၍ လက်ကွက်ဖော်လိုက်သည်။ ထို့နောက် လက်ဝါးများကို ပူးကပ်လိုက်ပြီး သူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ အစွမ်းထက်သော စွမ်းအင်များ သူတို့ ကြားတွင် ဖြစ်ပေါ်လာ၏။

"ဝှီး။"

"ဝှီ.."

သူ၏ ညာဘက် လက်ဝါးက တောင်များကို လှန်ပစ်ပြီး ပင်လယ်များကို မှောက်လှန်ပစ်နိုင်သည့် အလား အင်အားဖြင့် ဟိန်းဟောက် ထွက်ပေါ်လာ၏။ မီတာ ဒါဇင်ပေါင်းများစွာ ကြီးမားသော ဧရာမ အဖြူရောင် လက်ဝါးပုံရိပ်ကြီး ပေါက်ကွဲ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်တော့သည်။

"ဘုန်း။"

"ဝှီ.."

ကြည့်ရှုနေသူများ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများအောက်တွင် ဖျက်ဆီးခြင်း စွမ်းအင် နှစ်ခုတို့ ဝင်တိုက်မိလေသည်။ ထိုအခါ စွမ်းအင် လှိုင်းဂယက်များက အတားအဆီးအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ဧရာမ ကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခုအသွင် ပျံ့နှံ့သွား၏။

တိုက်ပွဲကို ကြည့်ရှုနေသော ကျင့်ကြံသူများစွာမှာ ကြောက်လွန်းသဖြင့် မျက်နှာများ ဖြူဖျော့သွားပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည်။

"ဖောက်ထွက်မယ်။"

ကြောက်မက်ဖွယ် စွမ်းအား နှစ်ခုတို့ တစ်ခဏမျှ ဝင်တိုက်မိစဉ် ဖုန်းဝူချန်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ လျှပ်စီးကဲ့သို့ လျင်မြန်သော အဆိပ် နဂါးလွန်တစ်ခုအလား သူ၏ လျင်မြန်စွာ ဝဲလည်နေသော ခန္ဓာကိုယ်က စွမ်းအင် လက်ဝါးပုံရိပ်ကို တိုက်ရိုက် ထိုးဖောက်သွားတော့သည်။

"ဝှီး။"

လက်ဝါးပုံရိပ်ကို ထိုးဖောက်ပြီးနောက် ဖုန်းဝူချန်က ပေတိုယန်ထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဆက်လက် တိုးဝင်သွားဆဲ ဖြစ်ပြီး သူ၏ နောက်တွင် သွေးရောင် အလင်းတန်းရှည်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

"အချိန်ကိုက်ပဲ။" ပေတိုယန်က အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိ။ လက်များကို နောက်တစ်ကြိမ် ပူးယှက်၍ လက်ကွက်ဖော်လိုက်သည်။ မိုးကြိုး ဓာတ်မှာ အရိုင်းအစိုင်း အသက်ဝင်လာပြီး တိုးဝှေ့နေသော စွမ်းအားများက မကုန်ခမ်းနိုင်သော ရင်းမြစ်တစ်ခုအလား ဆက်လက် စီးဆင်းနေ၏။

"မြေကမ္ဘာ အဆင့် အစောပိုင်း သိုင်းပညာ။ ဦးသျှောင်ကို ထိမှန်သော မိုးကြိုး ငါးချက်။"

ပေတိုယန်၏ အော်ဟစ်သံ ကုန်ဆုံးသွားသည်နှင့် ကောင်းကင်ယံ မြင့်မားသော နေရာ၌ ချက်ချင်းပင် တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားပြီး လေပြင်းများ တိုက်ခတ်လာသည်။ နေရာတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း မှောင်မည်းသွားတော့၏။ တိမ်မည်းများ အတွင်းတွင် လျှပ်စီးများ လင်းလက်နေပြီး ကြောက်မက်ဖွယ် စွမ်းအားများကို မွေးဖွား ချက်လုပ်နေလေသည်။

"ဘုန်း ဘုန်း ဘုန်း။"

ဖုန်းဝူချန် တိုးဝင်နေစဉ်မှာပင် ကြောက်မက်ဖွယ် မိုးကြိုးတန်းများက တစ်ခုပြီးတစ်ခု ကောင်းကင်ကို ခွဲခြမ်းကာ မှောင်မည်းနေသော နေရာကို လင်းထိန်စေသည့် လျှပ်စစ် နဂါးများအလား ကျဆင်းလာသည်။

ကြောက်မက်ဖွယ် မိုးကြိုးများက ဆက်တိုက် ကျဆင်းလာ၏။ ဒါဇင်ပေါင်းများစွာသော မိုးကြိုးများမှာ အလွန် တုန်လှုပ်စရာ ကောင်းလှသည်။

ဖုန်းဝူချန်တစ်ယောက် တိုက်ခိုက်မှုကို အတင်းအကျပ် ရပ်တန့်လိုက်ရပြီး သူ၏ မျက်နှာထားမှာ လေးနက်သွားသည်။ ကိုယ်ဖော့ပညာဖြင့် မိုးကြိုးများကို ရှောင်တိမ်းနေစဉ် 'နဂါးနတ်ဘုရားဓား' မှာလည်း ဝင်လာသော မိုးကြိုးများကို ဆက်တိုက် ခုတ်ဖြတ်နေရပြီး အနက်ရောင် အတောင်ပံများကလည်း တစ်ဖက်မှ ခုခံနေရလေသည်။

တစ်ခဏမျှ ဖုန်းဝူချန်မှာ နောက်သို့ ဆုတ်ခွာသွားရတော့သည်။ မိုးကြိုး၏ စွမ်းအားမှာ အလွန် ပြင်းထန်လှပြီး သူ၏ သန်မာသော ရုပ်ခန္ဓာ ရှိသည့်တိုင် မိုးကြိုးများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်ဟု သူ မပြောဝံ့တော့ပေ။

"ဝှီး ဝှီး ဝှီး။"

ဖုန်းဝူချန်က ဆက်တိုက် နောက်ဆုတ်နေစဉ် ပေတိုယန်မှာ ဘယ်ညာ ရွေ့လျားကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဖုန်းဝူချန်ထံသို့ တိုးဝင်လာသည်။

"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ။ ရေတွင်း ရေခဲ ဝိညာဉ်ဓား။"

ပေတိုယန်က ဖုန်းဝူချန်၏ နောက်ဘက် မီတာ ဒါဇင်ပေါင်းများစွာ အကွာသို့ နေရာရွှေ့ပြောင်းလိုက်ပြီး ဟိန်းဟောက်လိုက်၏။ ရေခဲ ဒြပ်စင်ကို အသက်သွင်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင် ရေခဲဓား ဒါဇင်ပေါင်းများစွာကို စုစည်းလိုက်သည်။

"ဝှီး ဝှီး ဝှီး။"

ဖုန်းဝူချန် မိုးကြိုးများကို ခုခံနေရသည်ကို အခွင့်ကောင်းယူ၍ ပေတိုယန်က လက်ဝှေ့ယမ်းလိုက်ရာ အစွမ်းထက် ရေခဲဓား ဒါဇင်ပေါင်းများစွာမှာ စူးရှသော အသံများ မြည်ဟည်းလျက် ပစ်ထွက်သွားတော့သည်။

"

တစ်စုံတစ်ရာကို အတပ်သိလိုက်သဖြင့် ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွား၏။ နောက်ဆုံး မိုးကြိုးတန်းကို တားဆီးပြီးနောက် သူက 'နဂါးနတ်ဘုရားဓား' ကို သူ၏ ခြေအောက်ရှိ လေဟာနယ်ထဲသို့ စိုက်ချလိုက်သည်။

"ဝင်္ကပါ ဖျက်ဆီးခြင်း ဓားသိုင်းပညာ။ နဝမ ကောင်းကင်၏ ဝင်္ကပါ ပျက်သုဉ်းခြင်း။"

ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ရာ သူ၏ အရှိန်အဝါမှာ အရိုင်းအစိုင်း ထိုးတက်လာပြီး သွေးရောင် အခင်းအကျင်း တစ်ခု သူ၏ ခြေအောက်တွင် ပေါ်လာသည်။ ကြီးမားလှသော ဓားစိတ်ဆန္ဒများ လေထုတွင်း စိမ့်ဝင်သွား၏။ ထူးဆန်းသော သင်္ကေတများက သွေးရောင် အခင်းအကျင်းပေါ်တွင် ထွက်ပေါ်လာပြီး ဧရာမ သွေးရောင် အလင်းတန်းကြီး တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

"ဝှီး။"

ဖျက်ဆီးခြင်း အငွေ့အသက်ကို သယ်ဆောင်ထားသော ဧရာမ သွေးရောင် စွမ်းအင်ဓားကြီးတစ်ခု သွေးရောင် လျှပ်စီးတန်းတစ်ခုအလား ပေါက်ကွဲ ထွက်ပေါ်လာသည်။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းမှ လေဟာနယ်မှာ ပြင်းထန်စွာ တုန်ခါ လိပ်တက်သွား၏။

"ဘုန်း ဘုန်း ဘုန်း။"

ရေခဲဓား ဒါဇင်ပေါင်းများစွာတို့မှာ တစ်ခုပြီးတစ်ခု ဝင်တိုက် ပေါက်ကွဲသွားကြသော်လည်း သွေးရောင် စွမ်းအင်ဓားကြီးကို တုန်ခါသွားစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

"ဒီဓားအလင်းတန်းက အရင်တစ်ခါထက် ပို အစွမ်းထက်နေတယ်။ နက်နဲခြင်းအဆင့် သိုင်းပညာတွေ လုံးဝ ယှဉ်မနိုင်ဘူး။" ပေတိုယန်က မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး သူ၏ မျက်နှာထားမှာ လေးနက်သွားသည်။

"ပေတိုယန် ၊ မင်းမှာ တခြား မြေကမ္ဘာ အဆင့် သိုင်းပညာတွေ ရှိသေးလား။ ထုတ်လိုက်စမ်း။" ဖုန်းဝူချန်က ဟိန်းဟောက်လိုက်၏။

"ဟွန့်။ မင်းဆီ ပြန်ပို့ပေးမယ်။" ပေတိုယန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်များကို ပူးယှက်ကာ "ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်ခြင်း။" ဟု ကျယ်လောင်စွာ ထပ်မံ တိုက်ကွက်ဖော်လိုက်သည်။

နောက်တစ်ခဏတွင် ဖုန်းဝူချန်၏ သွေးရောင် စွမ်းအင်ဓားကြီးမှာ ထူးဆန်းစွာပင် ပြောင်းပြန်လှည့်ကာ သူ့ထံသို့ ပြန်လည် ပစ်ထွက်လာတော့သည်။

သွေးရောင်ဓားကြီး ပြန်ပစ်ထွက်လာသည်ကို မြင်သောအခါ ဖုန်းဝူချန်တစ်ယောက် အစပိုင်းတွင် တုံ့ခနဲ ရပ်လိုက်မိပြီး အလွန် အံ့အားသင့်သွားသည်။

"ဖုန်းဝူချန် ၊ စမင်းရဲ့ ကိုယ်ပိုင် ဓားသိုင်းပညာ အစွမ်းကို ပြန် မြည်းစမ်းကြည့်ဖူးလား။" ပေတိုယန်က ခပ်ဖျော့ဖျော့ ခနဲ့ပြုံးဖြင့် မေးလိုက်၏။

ထိုအခါ၌၊ ဖုန်းဝူချန်၏ မျက်လုံးများက စူးရှစွာ လင်းလက်သွားသည်။ သူက သူ၏ အစစ်အမှန်ယွမ်စွမ်းအင်ကို ထပ်မံ အသက်သွင်းလိုက်ပြီး ဘယ်ဘက်လက်မှ လက်ညှိုးကို ဆန့်တန်းကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခု ထပ်မံ ပေါ်ထွက်လာ၏။

"နတ်သတ် ဝိညာဉ်ဖြတ် လက်ညှိုး။"

‘မြေကမ္ဘာ အဆင့် သိုင်းပညာ နောက်တစ်ခု’

ပေတိုယန် တစ်ယောက် စိတ်ထဲ၌ တုန်လှုပ်သွားသည်။ ဖုန်းဝူချန်၏ လက်နက်တိုက်မှာ မည်မျှ အစွမ်းထက်သည်ကို သူ အံ့ဩသွား၏။ မြေကမ္ဘာ အဆင့် သိုင်းပညာများမှာ အဆုံးအဆ မရှိသကဲ့သို့ပင်။

"ဝှီး။"

"ဒုန်း ဒုန်း ဒုန်း။"

"ဝှီ.."

လက်မောင်းတစ်ဖက်စာမျှ ထူထဲသော သွေးရောင် အလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး သွေးရောင်ဓားကြီးနှင့် ချက်ချင်း ဝင်တိုက်မိသည်။ ထိတိုက်မိသည်နှင့် ၎င်းတို့ ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအင်များက တိုးဝှေ့ သောင်းကျန်းကာ ဧရာမ မုန်တိုင်းကြီးတစ်ခုအဖြစ် စုစည်းသွားတော့သည်။

မုန်တိုင်းအတွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်များသာ မြေပြင်ပေါ်သို့ ရိုက်ခတ်သွားပါက ဖြစ်ပေါ်လာမည့် ဖျက်ဆီးမှု ပမာဏမှာ စိတ်ကူးပင် မယဉ်နိုင်စရာ ကောင်းလှ၏။

ပျံ့နှံ့လာသော စွမ်းအင် လှိုင်းဂယက်များက ဖုန်းဝူချန်နှင့် ပေတိုယန်တို့အား မီတာ ရာပေါင်းများစွာ အကွာသို့ နောက်သို့ ဆုတ်သွားစေသည်။

ကြည့်ရှုနေသူများမှာ တိတ်ဆိတ်သွားကြပြီး လူတိုင်း အသက်စောင့် ကြည့်နေကြ၏။

ဤအခိုက်အတန့်တွင် ပေတိုမိသားစု တစ်ခုလုံးမှာ လုံးဝ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဖုန်းဝူချန်၏ အစွမ်းမှာ သူတို့၏ စိတ်ကူးနှင့် နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့လေပြီ။

ပြင်းထန်သော တိုက်ပွဲကြီးမှာ နောက်ဆုံးတွင် ရပ်တန့်သွား၏။ ဖုန်းဝူချန်နှင့် ပေတိုယန်တို့မှာ အစွမ်းချင်း တူညီနေပြီး မည်သူကမျှ အခြားတစ်ယောက်၏ စွမ်းအားကို မဖိနှိပ်နိုင်ခဲ့ပေ။

"ပေတိုယန် ၊ မင်းမှာ ဒီထက် ပိုအစွမ်းထက်တဲ့ မြေကမ္ဘာ အဆင့် သိုင်းပညာ မရှိတော့ဘူးဆိုရင် ငါ အားမနာတော့ဘူး။" ပေတိုယန်ကို အေးစက်စွာ စူးစိုက်ကြည့်ရင်း ဖုန်းဝူချန်က ခနဲ့ပြုံးဖြင့် အေးစက်စွာ ဆိုလိုက်သည်။

"ဝှီ.."

သူ၏ သွေးကြောစွမ်းအားကို အတွင်းထဲမှ အပြည့်အဝ ထုတ်လွှတ်လိုက်ရာ သူ၏ အသက်သွေးကြောများ ပြင်းထန်စွာ တိုးဝှေ့လာသည်။ သွေးရောင်အလင်းတန်းက လေဟာနယ်ကို လွှမ်းခြုံသွားပြီး ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ဖုန်းဝူချန်ထံမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။

"ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ။ နတ်ငို သရဲ အော်သံ။"

ဖုန်းဝူချန်၏ အရှိန်အဝါမှာ ကြီးမားစွာ ပြောင်းလဲသွားပြီး လွှမ်းမိုးနိုင်ကာ ပြင်းထန်လှသည်။ 'နဂါးနတ်ဘုရားဓား' က လှုပ်ရှားသွားပြီး ဓားအရိပ်များ ဝေဝါးလာကာ ပညာရပ်မှာ နတ်ဘုရား အဆင့်သို့ပင် ရောက်ရှိသွားသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒများ တိုက်ခတ် ထွက်ပေါ်လာစဉ် ဖုန်းဝူချန်က ရုတ်တရက် မိုးကြိုးထစ်ချုန်းသံကဲ့သို့ ဟိန်းဟောက်လိုက်၏။

'နဂါးနတ်ဘုရားဓား' ၏ သွေးရောင်အလင်းတန်းမှာ တစ်ဖန် လင်းလက်လာပြန်သည်။ ပို၍ ထက်ရှသော ဓားချီများ ပျံ့နှံ့လာပြီး ကြည့်ရှုနေသူများကို အသက်ရှူ မှားသွားစေသည်။

"ဒါ ဒါက အဆင့်မြင့် မြေကမ္ဘာ အဆင့် ဓားသိုင်းပညာလား။" ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒကို ခံစားလိုက်ရသောအခါ ပေတိုယန်၏ မျက်နှာအမူအရာမှာ ကွက်ခနဲ ပျက်သွားတော့သည်။

"ဖုန်းဝူချန်မှာ ဒီထက် ပိုပြင်းတဲ့ ဓားသိုင်း ရှိနေသေးတယ်။" ပေတိုရွှမ်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာအိုကြီးမှာ တည်ငြိမ်မှု ပျောက်ဆုံးသွား၏။

ပေတိုယန့်ခုံမှာ ကြောင်ငေး မှင်သက်သွားသည်။

"ဒီကောင်လေးက တကယ်တော့ ဘယ်သူလဲ။ သူက မြေကမ္ဘာ အဆင့် သိုင်းပညာတွေ ဒီလောက် အများကြီး ဘယ်က ရနေတာလဲ။ တစ်ခုပြီးတစ်ခုက ပိုပို အစွမ်းထက်လာတယ်။"

"ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်းပညာ။ ယန်အာအတွက် စိုးရိမ်မိတယ်" ပေတိုယွင်ဖုန်းတစ်ယောက် ပေတိုယန်၏ ဘေးကင်းလုံခြုံမှုအတွက် စတင် ပူပန်လာလေသည်။

"သူက တကယ့် နတ်ဆိုးတစ်ကောင်ပဲ။" ပေတိုထျန်းယဲ့နှင့် ပေတိုရှုံတို့မှာ သွေးပျက်မတတ် ကြောက်လန့်သွားကြ၏။

တစ်ခဏမျှပင် တုံ့ဆိုင်းမနေဘဲ ဖုန်းဝူချန်က 'နဂါးနတ်ဘုရားဓား' ဖြင့် ဝှေ့ယမ်း ဖြတ်တောက်လိုက်ရာ တောင်များကို ပြိုလဲစေပြီး ပင်လယ်များကို မှောက်လှန်ပစ်နိုင်သည့် အရှိန်အဟုန်မျိုး ပါဝင်နေသည်။

"ဝှီး။"

"ဝှီ.."

ပေ ဒါဇင်များစွာ ကြီးမားသော သွေးရောင် ဓားအလင်းတန်းကြီးတစ်ခု သက်တံတစ်ခု၏ အင်အားဖြင့် လေထုကို ဆွဲခွဲကာ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေတော့၏။

ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးမှာ လွှမ်းမိုးနိုင်သော ဖိအားများဖြင့် ပြည့်နှက်နေပြီး လူအုပ်ကြီးကို အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။

"ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" ပေတိုယန်တစ်ယောက် ကြောင်ငေးကြည့်နေမိသည်။ ဓားအလင်းတန်း၏ ကြောက်မက်ဖွယ် အငွေ့အသက်က သူ၏ အတွင်းထဲထိ နက်ရှိုင်းသော ကြောက်ရွံ့မှုများကို သွင်းပေးလိုက်၏။

ဖုန်းဝူချန်၏ ခြိမ်းခြောက်နိုင်သော စွမ်းအားကလည်း ပေတိုယန်အား အလွန်အမင်း သတိထားသွားစေသည်။

"ယန်အာ။ သတိထား။" ပေတိုရွှမ်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤမျှ ကြောက်မက်ဖွယ် ဓားအလင်းတန်းက သတ္တမလွှာ ထျန်းယွမ်နယ်ပယ်၏ စွမ်းဆောင်နိုင်ရည်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ပေတိုယန်မှာ 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ဖိနှိပ်ခြင်းကို ခံနေရဆဲ ဖြစ်ရာ သူ၏ လက်ရှိ အစွမ်းဖြင့် ဤဓားအလင်းတန်းကို မတားဆီးနိုင်ပေ။

ပေတိုရွှမ်း၏ ကျယ်လောင်သော အော်ဟစ်သံက ပေတိုယန်ကို လက်တွေ့ ကမ္ဘာသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။

ပေတိုယန်တစ်ယောက် ပြတ်သားစွာ နောက်ဆုတ်လိုက်၏။ သွေးရောင် ဓားအလင်းတန်းက သူ့နောက်သို့ လိုက်ပါလာသည်။ ၎င်း၏ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အမြန်နှုန်းမှာ ပေတိုယန်ထက် မနိမ့်ကျခဲ့ပေ။

ပေတိုယန်၏ ခန္ဓာကိုယ်က အခင်းအကျင်း၏ အပြင်ဘက်သို့ ရိပ်ခနဲ ရောက်ရှိသွားပြီး ဖိနှိပ်ထားသော စွမ်းအားများမှ လွတ်မြောက်သွားသောအခါ သူ၏ စွမ်းအားမှာ အဋ္ဌမလွှာ ထျန်းယွမ်နယ်ပယ်သို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားသည်။

"မြေကြီးကို တုန်ခါစေသော မိုးကြိုး လက်ဝါး။"

ပေတိုယန်တစ်ယောက် စဉ်းစားချိန် မရလိုက်ပေ။ သူက အဋ္ဌမလွှာ၏ စွမ်းအားကို အလျင်အမြန် ထုတ်လွှတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်ကာ နောက်ဆုံးတွင် ဟိန်းဟောက်လိုက်တော့သည်။

"ဝှီး။"

"ဝှီ.."

ပေတိုယန်က လက်ဝါးချက်တစ်ချက်ကို အလျင်စလို ပစ်ထုတ်လိုက်၏။ အဋ္ဌမလွှာ အစွမ်းဖြင့် ဖျော်ဖြေတင်ဆက်လိုက်သော မြေကမ္ဘာ အဆင့် သိုင်းပညာ၏ အစွမ်းမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဒုန်း ဒုန်း ဒုန်း။"

"ဝေါ့ ဝေါ့။"

ဓားအလင်းတန်းနှင့် လက်ဝါးပုံရိပ်တို့ ချက်ချင်း ဝင်တိုက်မိပြီး ထိတိုက်မိသည်နှင့် ပေါက်ကွဲသွားသည်။ စွမ်းအင် လှိုင်းဂယက်များက ဒီရေတစ်ခုအလား အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားပြီး ဖုန်းဝူချန်နှင့် ပေတိုယန် နှစ်ဦးစလုံးကို သွေးများ အန်ထုတ်မိသည်အထိ တုန်ခါသွားစေကာ နောက်သို့ လွင့်စင်သွားစေ၏။

"လူယုတ်မာ။ တစ်လှမ်း နောက်ကျသွားတယ်။" ပေတိုယန်တစ်ယောက် စိတ်ထဲမှ ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ အကယ်၍သာ သူ အနည်းငယ် ပိုမြန်ခဲ့ပြီး အဋ္ဌမလွှာ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်ရန် အချိန်အလုံအလောက် ရခဲ့ပါက ဖုန်းဝူချန်၏ ဓားအလင်းတန်းကို ကျော်လွှားနိုင်မည်ဟု သူ ယုံကြည်ခဲ့၏။

သို့သော်ငြားလည်း သူ တစ်လှမ်း နောက်ကျသွားခဲ့သည်။

ကောင်းကင်ယံ အမြင့်မှ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို မြင်တွေ့လိုက်ရသောအခါ 'ကျိုကျိုး' ကိုးပြည်ထောင်မှ အင်အားစု အသီးသီးမှ ထိပ်သီးပညာရှင်များမှာ ကြောက်လန့်လွန်းသဖြင့် သူတို့၏ ဝိညာဉ်များပင် လွင့်ပြယ်သွားမတတ် ဖြစ်သွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်ကြတော့ပေ။

"ဝှီ.."

ဖျက်ဆီးခြင်း စွမ်းအင်များက အောက်ဘက်သို့ ပျံ့နှံ့လာပြီး ကြီးမားလှသော အိမ်တော်ကြီးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ခမ်းနားထည်ဝါသော မျှော်စင်များမှာ အက်ကွဲမှုများစွာဖြင့် ပြည့်နှက်သွားကာ မည်သည့်အချိန်မဆို ပြိုကျသွားနိုင်သည့်အလား ဖြစ်နေလေသည်။

ထိတ်လန့်တုန်လှုပ်နေသော ကျင့်ကြံအဆင့် နိမ့်ပါးသူများမှာ လုံခြုံသော နေရာကို ရှာဖွေရန် အိမ်တော်ကြီးမှ အလျင်အမြန် ထွက်ပြေးကြသည်။

အကြောက်တရား ဝါးမြိုခံလိုက်ရသော သူတို့မှာ လုံးဝ ဖရိုဖရဲ ဖြစ်နေကြ၏။ ဤနေရာတွင် သူတို့အတွက် လုံခြုံမှုက မည်သည့်နေရာ၌ ရှိနိုင်မည်နည်း။

ပျံ့နှံ့လာသော စွမ်းအားမှာ မည်သူ့ကိုမျှ ထိခိုက်စေရန် မလုံလောက်သော်လည်း ထွက်ပြေးခြင်းမှာ အလိုအလျောက် တုံ့ပြန်မှုတစ်ခုမျှသာ ဖြစ်သည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်နှင့်အမျှ ကောင်းကင်ယံမှ စွမ်းအင် လှိုင်းဂယက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နေရာတစ်ခုလုံး တည်ငြိမ်မှုသို့ ပြန်ရောက်သွားလေ၏။

လူအုပ်ကြီး၏ တင်းမာပြီး ကြောက်ရွံ့နေသော မျက်လုံးများမှာ အပေါ်မှ ကောင်းကင်ယံတွင် စူးစိုက်နေကြဆဲ ဖြစ်သည်။

ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုအပြီးတွင် ပေတိုယန်၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်လှပြီး သူ၏ အသက်ရှုသံမှာ အားနည်းကာ မျက်နှာမှာ အလောင်းကောင် ပမာ ဖြူဖျော့နေတော့သည်။

ဖုန်းဝူချန်ကို ကြည့်လိုက်သောအခါ အဋ္ဌမလွှာ၏ စွမ်းအားကို ရင်ဆိုင်ခဲ့ရသဖြင့် သူလည်း အပြင်းအထန် ဒဏ်ရာရရှိထား၏။ ကံကောင်းစွာပင် ပေတိုယန်က အဋ္ဌမလွှာ အစွမ်း အပြည့်အဝကို အသက်မသွင်းနိုင်ခဲ့ပေ။ သို့မဟုတ်ပါက ဖုန်းဝူချန် တစ်ယောက် သံသယမရှိဘဲ ရှုံးနိမ့်သွားမည်မှာ သေချာလေသည်။

ဖုန်းဝူချန်နှင့် ပေတိုယန်တို့၏ ပြင်းထန်သော တိုက်ပွဲကြီးမှာ အသက်ရှူမှားလောက်အောင် ကောင်းလှသည်။

ဤတိုက်ပွဲက 'ကျိုကျိုး' ကိုးပြည်ထောင်မှ မရေမတွက်နိုင်သော ထိပ်သီးပညာရှင်များ၏ နှလုံးသားများကို ထိခတ်သွားစေခဲ့သည်။ သူတို့ လက်အောက်ခံရန် ဆန္ဒ မရှိကြဘဲ ဖုန်းဝူချန် နိုင်စေရန် ဆုတောင်းနေခဲ့ကြ၏။ သို့သော် အဆုံးသတ်တွင် ဖုန်းဝူချန်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။

"ဖုန်းဝူချန် မင်းမှာ အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူး။ ငါ့ရဲ့ အဋ္ဌမလွှာ ကျင့်ကြံဆင့်နဲ့ မင်းကို သတ်ဖို့က လက်တစ်ဖက် လှန်လိုက်သလို လွယ်တယ်။" အပြင်းအထန် ဒဏ်ရာရနေသော ပေတိုယန်က သူ၏ အတွင်းထဲမှ တိုးဝှေ့နေသော အသက်သွေးကြောများကို ဖိနှိပ်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ဖိနှိပ်မှု မရှိဘဲ ပေတိုယန်သည် ဖုန်းဝူချန်ကို သတ်နိုင်မည်ဟု လုံးဝ ယုံကြည်မှု ရှိနေ၏။ အပြင်းအထန် ဒဏ်ရာရနေသည့်တိုင် သူ၌ ဤယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

သူ၏ ဖြူဖျော့နေသော မျက်နှာထက်တွင် နားမလည်နိုင်သော အေးစက်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဖုန်းဝူချန်က တုံ့ပြန်လိုက်၏။

"အဲ့ဒါကတော့ စောင့်ကြည့်ရဦးမှာပေါ့။”

All Chapters