← Chapters

လက်အောက်ခံ သို့မဟုတ် သေ

Vol. 22 Ch. 329

လက်အောက်ခံ သို့မဟုတ် သေ

Vol. 22 Ch. 329

~ကောင်းကင်ယံ အမြင့်မှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထိုးဆင်း ကျရောက်လာရာ လူတိုင်း၏ မျက်နှာ ကြွက်သားများ တုန်လှုပ်သွားကြ၏။

သောင်းကျန်းထကြွနေသော ပေတိုယွင်ဖုန်းပင်လျှင် ဤလွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် ဖိနှိပ်ခံလိုက်ရပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။

"အဋ္ဌမလွှာ ထျန်းယွမ်နယ်ပယ်။" ပေတိုရွှမ်းက ကောင်းကင်သို့ ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးအိုကြီးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

"ဒီအရှိန်အဝါက သခင်လေးထက်တောင် ပို ကြောက်ဖို့ကောင်းတယ်။"

"အဋ္ဌမလွှာ ထျန်းယွမ်နယ်ပယ်က နှစ်ယောက်တောင်။"

ပေတိုမိသားစုဝင်များ စတင် ထိတ်လန့်လာကြသည်။ ဤကြောက်မက်ဖွယ် ဖိအားမှာ ပေတိုယန်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလှပြီး သူတို့ ပေတိုမိသားစု လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။

"ဝှီး ဝှီး ဝှီး။"

လေထုကို ဆွဲခွဲသံများ နီးကပ်လာပြီး မျက်စိတစ်မှိတ်အတွင်း အရိပ် ခြောက်ခုမှာ အိမ်တော်ကြီး အပေါ်သို့ ပျံလွှား ရောက်ရှိလာကြ၏။

လာသူများမှာ ကျန်းကျွင့်လန်နှင့်အတူ အဋ္ဌမလွှာ ထျန်းယွမ်နယ်ပယ်မှ အစောင့် နှစ်ဦးတို့ ပါဝင်သည်။ ထိုအစောင့် နှစ်ဦးမှာ ကျန်းမိသားစုသို့ သတင်းပြန်ပို့ပြီးနောက် ကျန်းကျွင့်လန်၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန် သူတို့၏ တာဝန်ကို ဖြည့်ဆည်းရန် အလျင်အမြန် ပြန်လာခဲ့ကြခြင်း ဖြစ်ပါ၏။

ထို အဋ္ဌမလွှာ ထျန်းယွမ်နယ်ပယ် အစောင့် နှစ်ဦးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားက လူတိုင်း၏ နှလုံးသားများကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ကျန် သုံးဦးမှာ လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ဖြစ်ကြသည်။

"တော်သေးတာပေါ့ ၊နောက်ဆုံးတော့ မီလိုက်ပြီ။" ဖုန်းဝူချန် အန္တရာယ်မှ လွတ်ကင်းနေသည်ကို မြင်မှ လင်ရှောင်ရှောင် ချက်ချင်းပင် သက်ပြင်းချလိုက်မိတော့သည်။

"အစ်ကိုဖုန်း။" လျိုချင်းယန်က စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြ၏။

ဖုန်းဝူချန်က အနည်းငယ် လှည့်ကြည့်ရင်း ဖြူဖျော့နေသော မျက်နှာဖြင့် ပြုံးပြလိုက်သည်။

"အစ်ကိုကြီးဖုန်း အဆင်ပြေရဲ့လားဟင်။" လင်ရှောင်ရှောင်က ရိပ်ခနဲ ရောက်ရှိလာပြီး စိုးရိမ်တကြီး မေးလိုက်၏။

ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး "ငါ အဆင်ပြေပါတယ်။" ဟု ဆိုလိုက်သည်။

လျိုချင်းယန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"ခင်ဗျား အပြင်းအထန် ဒဏ်ရာရနေပြီးတော့များ။"

"ကြည့်ရတာ အစ်ကိုဖုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့လူက တော်တော် အစွမ်းထက်ပုံပဲ။"

"အရမ်း အစွမ်းထက်တယ်။ ထျန်းယွမ်နယ်ပယ် သတ္တမလွှာ ..ပေတိုမိသားစုရဲ့ ထိပ်သီး ပါရမီရှင်ပဲ။ သူ သေသွားပြီ။" ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြုံးရင်း ဆိုသည်။

"သေ သေသွားပြီ။" လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ချက်ချင်းပင် မှင်တက်သွားကြသည်။

" သေတာ ဖြစ်နိုင်တာပေါ့။" ဖုန်းဝူချန်က ထိုသို့ ဆိုကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

ပေတိုမိသားစု၏ ထိပ်သီး ပါရမီရှင် ထျန်းယွမ်နယ်ပယ် သတ္တမလွှာက အမှန်တကယ်ပင် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

"သခင်လေး ကျန်း။ ကျန်းမိသားစုက သခင်လေး ကျန်းပဲ။ ငါတို့ အသက်ရှင်ပြီ။ ငါတို့ အသက်ရှင်ပြီ။"

"ဟုတ်တယ်။ ကျန်းမိသားစုက သခင်လေး ကျန်းပဲ။ သူ 'ကျိုကျိုး' ကိုးပြည်ထောင်မှာ ရှိနေသေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါ တကယ့်ကို အံ့ဩစရာပဲ။ သခင်လေး ကျန်း ဝင်ပါမှတော့ ပေတိုမိသားစုက ငါတို့ကို လက်အောက်ခံခိုင်းရဲတော့မှာ မဟုတ်ဘူး။"

"သခင်လေး ကျန်း ပြောလိုက်တဲ့ 'ဆရာ' က ဘယ်သူလဲ။ ဖုန်းဝူချန် ဖြစ်နိုင်မလား။"

ကျန်းကျွင့်လန် ရောက်ရှိလာမှုနှင့်အတူ အစွမ်းထက် ပုဂ္ဂိုလ် နှစ်ဦး ပါလာသည်ကို 'ကျိုကျိုး' ကိုးပြည်ထောင်မှ အင်အားစုကြီးများစွာမှ လူများက ချက်ချင်း မှတ်မိသွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"သခင်လေး ကျန်းကို ဂါရဝပြုပါတယ်။" လိန်ဝူယဲ့နှင့် 'ကျိုကျိုး' ကိုးပြည်ထောင်မှ အင်အားစုကြီးများမှ အခြား အစွမ်းထက် ပုဂ္ဂိုလ်များက လေးစားစွာ ဦးညွှတ်လိုက်ကြ၏။

"သခင်လေး ကျန်း။ သူက ဘယ်သူလဲ။ သူက ဖုန်းဝူချန်ကို 'ဆရာ' လို့ ရည်ညွှန်းလိုက်တာလား။"

'ကျိုကျိုး' ကိုးပြည်ထောင်မှ အစွမ်းထက် ပုဂ္ဂိုလ်များ၏ လေးစားစွာ ပြုမူပုံကို မြင်သောအခါ ပေတိုယန့်ခုံက မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး သူ၏ မျက်လုံးအိုကြီးများဖြင့် ကျန်းကျွင့်လန်ကို အကဲခတ်လိုက်သည်။

ပေတိုမိသားစုဝင်များမှာ ကျန်းကျွင့်လန်ကို ရှုပ်ထွေးစွာ ကြည့်နေကြ၏။ အကြောင်းမူကား သူတို့သည် ကျန်းကျွင့်လန်၏ ဂုဏ်ပုဒ်ကို မသိရှိကြသလို သူ့ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြသောကြောင့်တည်း။

ထိုအခိုက် "ပဉ္စမ အဆင့် လက်နက်သန့်စင်သူ။" ပေတိုမိသားစု၏ ဒုတိယ အကြီးအကဲ ပေတိုယန်ချုံ၏ မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များ ထင်ပေါ်လာသည်။

ကျန်းကျွင့်လန်သည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ပဉ္စမ အဆင့် လက်နက်သန့်စင်သူ အဆင့်သို့ ရောက်ရှိနေပြီး အဋ္ဌမလွှာ ထျန်းယွမ်နယ်ပယ် အစောင့် နှစ်ဦးပင် ရှိနေသည်။ သူ၏ နောက်ခံအင်အားမှာ ရှင်းလင်းစွာပင် ကြီးမားလှပေသည်။

ဖုန်းဝူချန်ကိုယ်တိုင်က "တစ်ချက်တည်းသော အတွေးဖြင့်" ပဉ္စမ အဆင့် လက်နက်သန့်စင်သူ ဖြစ်နေခြင်း ထိုအချက်တစ်ခုတည်းကပင် ပေတိုယန်ချုံကို သတိထားသွားစေရန် လုံလောက်နေခဲ့သည်။ ယခု နောက်ထပ် တစ်ယောက် ပေါ်လာပြန်ပြီ။ ထိုသူ၏ ဆရာမှာ ဖုန်းဝူချန် ဖြစ်နေပုံရပါ၏။

ထင်ထားသည့်အတိုင်းပင်၊ ကျန်းကျွင့်လန် ပေါ်လာသည်နှင့် သူက ဖုန်းဝူချန်အား လေးစားစွာ ဦးညွှတ်လိုက်ပြီး "ဆရာ" ဟု ခေါ်လိုက်သည်။

"မင်း သန့်စင်တာ အောင်မြင်သွားပြီလား။" ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ မေးလိုက်၏။

ကျန်းကျွင့်လန်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့။ ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့်ပါ။ မဟုတ်ရင် ကျွန်တော် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုကို သန့်စင်နိုင်မှာ မဟုတ်ပါဘူး။" ဟု ပြန်ဖြေလေ၏။

"မင်းရဲ့ ပါရမီက တကယ် မဆိုးဘူး။ နားလည်နိုင်စွမ်းလည်း အရမ်း မြင့်မားတယ်။" ဖုန်းဝူချန်က ခေါင်းညိတ်လိုက်၏။

ဤ ရက်အနည်းငယ်အတွင်း ကျန်းကျွင့်လန်သည် လက်နက်သန့်စင်ခြင်းကို ကြိုးစားပမ်းစား လေ့လာခဲ့ပြီး ဖုန်းဝူချန်၏ လမ်းညွှန်မှုအောက်တွင် ရက်အနည်းငယ်အတွင်းမှာပင် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေပြီ။

ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့၏ တိုတောင်းသော စကားဝိုင်းကို ကြားလိုက်ရသောအခါ လူအုပ်ကြီး၏ မျက်နှာများမှာ နောက်တစ်ကြိမ် အုံ့မှိုင်းသွားကြပြန်သည်။

အဆင့်မြင့် ဝိညာဉ်လက်နက်။ သူက အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုကို အမှန်တကယ် သန့်စင်နိုင်ခဲ့သည်တဲ့။

သို့သော် သူတို့ကို ပို၍ တုန်လှုပ်စေသည့်အရာမှာ ကျန်းကျွင့်လန်က ဖုန်းဝူချန်အား "ဆရာ" ဟု တကယ်ကြီး ခေါ်ဝေါ်လိုက်ခြင်းပင် ဖြစ်သည်။

သခင်လေး ကျန်း၏ ဂုဏ်ပုဒ်က ဘာလဲ။ ပြည်မကြီးတွင် သူတို့၏ အဆင့်အတန်းက ဘယ်လို ရှိသလဲ။ သို့သော် ထို သခင်လေး ကျန်းက ဖုန်းဝူချန်ကို 'ဆရာ' ဟု ခေါ်ဝေါ်လိုက်ပါလား။

"ဆရာ။ ငါ .. ငါ အကြားမှားတာ မဟုတ်ဘူးမလား။"

"ဖုန်းဝူချန်က သခင်လေး ကျန်းရဲ့ ဆရာ။ ဒါက .."

"သခင်လေး ကျန်းရဲ့ ဆရာ။ ဖုန်းဝူချန်မှာ ဒီလောက် မယုံနိုင်စရာကောင်းတဲ့ နောက်ခံအင်အား ရှိနေတာလား။ သူ တကယ် ဘယ်သူလဲ။"

'ကျိုကျိုး' ကိုးပြည်ထောင်မှ အဓိက အင်အားစုကြီးများအားလုံး တုန်လှုပ်သွားကြသည်။ ဖုန်းဝူချန်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်ပုဒ်မျိုး ရှိနေလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ကြပေ။

သူ့တွင် ယုံကြည်မှု ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ ပေတိုမိသားစုကို မကြောက်ရွံ့ခြင်းမှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။

သို့သော် တဖန် ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ သဘာဝကျလှ၏။ ဖုန်းဝူချန်သည် ပဉ္စမ အဆင့် "တစ်ချက်တည်းသော အတွေးဖြင့်" ဆေးပညာရှင် တစ်ဦး ဖြစ်ပြီး ဤသို့ နတ်ဘုရားတမျှ စွမ်းသော ပညာရပ်များဖြင့် သူသည် ကျန်းကျွင့်လန်၏ ဆရာ ဖြစ်ရန် အမှန်တကယ် အရည်အချင်း ပြည့်မီပါ၏။

ကျန်းကျွင့်လန်ကို ထားလိုက်ဦး။ ကျန်းမိသားစု၏ ခေါင်းဆောင်ပင်လျှင် ဖုန်းဝူချန်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော နတ်ဘုရားတမျှ စွမ်းသည့် လက်နက် သန့်စင်ခြင်း ပညာရပ်များကို ပိုင်ဆိုင်ထားမည် မဟုတ်ပေ။

"ဒီလူငယ်လေးမှာ ကြီးမားတဲ့ နောက်ခံအင်အား ရှိတယ်။ ပြီးတော့ သူက ဖုန်းဝူချန်ရဲ့ တပည့်။" ပေတိုယွင်ဖုန်းက မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်သည်။

"ပဉ္စမ အဆင့် လက်နက်သန့်စင်သူ။ ကျန်းမိသားစု။ ဖြစ်နိုင်မလား" ပေတိုယန်ချုံတစ်ယောက် စဉ်းစားလေလေ ပို၍ ထိတ်လန့်လာလေ ဖြစ်ပြီး ကျန်းကျွင့်လန်၏ ဂုဏ်ပုဒ်ကို ခန့်မှန်းမိသွားပုံ ရသည်။

ပေတိုယန်ချုံ၏ မျက်နှာထက်မှ သွေးပျက်နေပုံကို မြင်သောအခါ ပေတိုရွှမ်းက "ဒုတိယ အကြီးအကဲ ခင်ဗျား သူတို့ရဲ့ ဂုဏ်ပုဒ်ကို သိလို့လား။" ဟု မေးလိုက်၏။

"မိသားစုခေါင်းဆောင်၊ သူက ပဉ္စမ အဆင့် လက်နက် သန့်စင်သူပါ။ သူက… သူက ပြည်မကြီး လက်နက်သန့်စင်ခြင်း မျိုးနွယ်စု .ကျန်းမိသားစုက သခင်လေး ဖြစ်လိမ့်မယ်။" ပေတိုယန်ချုံက သူ၏ အရိုးအိုကြီးများ တုန်ယင်လာသည်အထိ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ပြည်မကြီးတွင် လက်နက်သန့်စင်ခြင်း၌ သာလွန်ထူးကဲသော အင်အားစု နှစ်ခုသာ ရှိသည်။ တစ်ခုမှာ ကျန်းမိသားစု ဖြစ်ပြီး နောက်တစ်ခုမှာ အင်မော်တယ် လက်နက် စံအိမ် ဖြစ်လေ၏။

ကျန်းကျွင့်လန်သည် သူ၏ ငယ်ရွယ်သော အသက်အရွယ်ဖြင့် လက်နက်သန့်စင်ခြင်း နယ်ပယ်တွင် ဤမျှ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနေပြီး မျိုးရိုးနာမည်မှာလည်း 'ကျန်း' ဖြစ်နေသဖြင့် ပေတိုယန်ချုံအတွက် သူသည် ကျန်းမိသားစုမှ ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲတော့ပေ။

"ဘာ။ လက်နက်သန့်စင်ခြင်း မျိုးနွယ်စု.. ကျန်းမိသားစု" ပေတိုရွှမ်းနှင့် ပေတိုယွင်ဖုန်းတို့၏ မျက်နှာအမူအရာများမှာ ကွက်ခနဲ ပျက်သွားကြပြီး ကျန်းကျွင့်လန်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။

"လက်နက်သန့်စင်ခြင်း မျိုးနွယ်စု…ကျန်းမိသားစု။" ပေတိုမိသားစု အထက်ပိုင်း လူကြီးများ၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။

'ကျိုကျိုး' ကိုးပြည်ထောင်၏ ယခင် အရှင်သခင်များ ဖြစ်ခဲ့သည့်အလျောက် သူတို့သည် ပြည်မကြီးမှ သာလွန်ထူးကဲသော အင်အားစုများ အကြောင်းကို သဘာဝကျကျ နားလည်ထားကြ၏။ ကျန်းမိသားစု၏ တည်ရှိမှုမှာ ဧရာမ သားရဲကြီး တစ်ကောင်သဖွယ် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဘယ်သူက ငါ့ဆရာကို သတ်ချင်တယ်လို့ ပြောတာလဲ။ ရှေ့ထွက်ခဲ့။" ကျန်းကျွင့်လန်၏ ရေခဲတမျှ အေးစက်သော အကြည့်များက ပေတိုမိသားစုဝင်များအပေါ်သို့ စူးရှစွာ ကျရောက်သွားပြီး အေးစက်စွာ မေးလိုက်၏။

ပေတိုမိသားစုဝင်များမှာ ကြောက်ရွံ့မှုဖြင့် လွှမ်းမိုးသွားကြပြီး မည်သူမျှ စကား မပြောဝံ့ကြတော့ပေ။ ပေတိုရွှမ်းနှင့် ပေတိုယွင်ဖုန်းတို့ပင် ထိတ်လန့်လွန်း၍ စကားတစ်ခွန်းမျှ မဟရဲကြတော့။

"မင်းလား။ ဒါမှမဟုတ် မင်းလား။" ကျန်းကျွင့်လန်၏ အေးစက်သော အကြည့်များက သူတို့အပေါ် တစ်ယောက်ချင်း ဝေ့ကြည့်သွားရာ ထိုသူများအားလုံး တုန်ယင်လာပြီး ချွေးစေးများ ပျံလာကြသည်။

ဖုန်းဝူချန်တွင် ဤမျှ အထင်ကြီးဖွယ် တပည့်တစ်ဦး ရှိနေလိမ့်မည်ဟု ပေတိုမိသားစု လုံးဝ မသိခဲ့ပေ။ အကယ်၍သာ သူတို့ ကြိုတင် သိရှိခဲ့ပါက သတ္တိ အဆ တစ်သိန်း ရှိသည့်တိုင် ဖုန်းဝူချန်ကို သတ်ဖြတ်ရန် ကြိုးပမ်းခြင်း မပြောနှင့်၊ စော်ကားရန်ပင် ဝံ့ရဲကြမည် မဟုတ်ပေ။

ကျန်းကျွင့်လန် ပေါ်ထွက်လာသည်နှင့် တစ်ချိန်က မောက်မာထောင်လွှားပြီး အာဏာရှင်ဆန်ခဲ့သော ပေတိုမိသားစုမှာ လုံးဝ လေလျော့သွားတော့သည်။

သေမတတ် တိတ်ဆိတ်မှုက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မည်သူမျှ စကား မပြောဝံ့ကြဘဲ အသက်ပင် ဖြည်းညှင်းစွာ ရှူနေကြရ၏။

"ငါ့ဆရာကို စော်ကားတဲ့ အကျိုးဆက်ကို မင်းတို့ သိရဲ့လား။ ပြောလေ။ မဟုတ်ရင် ပေတိုမိသားစု ချက်ချင်း ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်။" ကျန်းကျွင့်လန်က သူ၏ လေသံကို ပို၍ လေးနက်စေလျက် လူသတ်စိတ်ဆန္ဒဖြင့် မေးလိုက်၏။

"ကျန်း သခင်လေး …ကျွန်.. ကျွန်တော်တို့ ဖုန်းဝူချန်က ခင်ဗျားရဲ့ ဆရာမှန်း မသိခဲ့လို့ပါ" ပေတိုယွင်ဖုန်းက ဗလုံးဗထွေး ဆိုလိုက်သည်။ သူ၏ ဒေါသများ ပျောက်ကွယ်သွားပြီး ခုခံလိုသော အတွေးအနည်းငယ်မျှပင် မရှိဝံ့တော့ပေ။

ပေတိုယန့်ခုံကလည်း ကြောက်ရွံ့တကြား တောင်းပန်လိုက်သည်။

"သခင်လေး ကျန်း … ပေတိုမိသားစုက ဆယ်စုနှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တာပါ။ အပြင်လောက အကြောင်း သိပ်မသိသလို ဖုန်းဝူချန်ရဲ့ ဂုဏ်ပုဒ်ကိုလည်း မသိခဲ့ပါဘူး။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။"

"ဒါဆို မင်းတို့ အခု သိပြီပေါ့။" ကျန်းကျွင့်လန်က အေးစက်စွာ မေးသည်။

"သိပါပြီ သိပါပြီ။" ပေတိုရွှမ်းနှင့် အခြားသူများမှာ အဆက်မပြတ် ခေါင်းညိတ်လိုက်ကြပြီး မလေးမစား မပြုဝံ့ကြတော့။

အဋ္ဌမလွှာ ထျန်းယွမ်နယ်ပယ် ပညာရှင် နှစ်ဦးမှာ ကစားစရာ မဟုတ်ပေ။ အကယ်၍သာ သူတို့ ကျန်းကျွင့်လန်ကို ဒေါသထွက်စေခဲ့ပါက ထို ပညာရှင်များက ပေတို မိသားစုကို သေချာပေါက် ချေမှုန်းပစ်ပေလိမ့်မည်။

"ဒူးထောက်။ ငါ့ဆရာကို တောင်းပန်။" ကျန်းကျွင့်လန်က အေးစက်စွာ အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့။" ပေတိုမိသားစုဝင်များ အားလုံး တစ်ခဏအတွင်း ဒူးထောက်လိုက်ကြသည်။ သူတို့ ဆန္ဒမပါဘဲ ပြုလုပ်ရသည့်တိုင် လိုက်နာရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

"ကျွန်တော်တို့ မျက်စိကန်းခဲ့ပါတယ်။ ဆေးဧကရာဇ်ကို စော်ကားမိပါတယ်။ အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်"

ပေတိုရွှမ်းနှင့် အခြားသူများမှာ မဆင်မခြင် မလုပ်ဝံ့ကြတော့ဘဲ ပေတိုယန် သေဆုံးသွားသည့်တိုင် ဤအခိုက်အတန့်တွင် လက်စားချေရန် မတွေးဝံ့ကြတော့ပေ။

'ကျိုကျိုး' ကိုးပြည်ထောင်မှ အင်အားစု အကြီးအသေးများမှာ အလွန်တရာ စိတ်လှုပ်ရှားသွားကြသည်။ ရှုံးနိမ့်ဖွယ်မရှိဟု ထင်ရသော ပေတိုမိသားစုက ကျန်းကျွင့်လန်၏ စကား အနည်းငယ်မျှဖြင့် ဒူးထောက်လိုက်ကြရပြီး အနည်းငယ်မျှပင် ပြန်လည် ခုခံရန် မဝံ့ရဲကြပါတကား။

ယင်းကား…အစွမ်းထက်သော အင်အားစုများ၏ ပြယုဂ် ဖြစ်သည်။ မည်သူမျှ စော်ကားရန် မဝံ့ရဲကြပေ။

ထိုအခါ ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်၏။

"လက်အောက်ခံမလား။ ဒါမှမဟုတ် သေမလား။ တစ်ခုရွေး။" "ပေတိုမိသားစု လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်။ ဆန္ဒရှိပါတယ်။ ဆေးဧကရာဇ် အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်" ပေတိုရွှမ်းနှင့် အခြား အဆင့်မြင့် အရာရှိများမှာ ထပ်ခါတလဲလဲ ဦးခိုက် တောင်းပန်ကြတော့သည်။

ကျန်းမိသားစုမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပေတိုမိသားစုသာ လက်အောက်မခံပါက သူတို့၏ ကံကြမ္မာမှာ မျိုးသုဉ်း ပျောက်ကွယ်သွားရန်သာ ရှိတော့သည်။

"ကျန်းကျွင့်လန် တကယ် လေးစားစရာပဲ။" လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ရယ်မောရင်း ဆိုသည်။

"ဟဲဟဲ. ငါက ပုံမှန် ဒီလို မဟုတ်ပါဘူး။ ကိုယ့်ဂုဏ်ပုဒ်သုံးပြီး တခြားလူတွေကို ဘယ်တော့မှ အနိုင်မကျင့်ဘူး။ ဒါပေမဲ့ ဆရာ့အတွက် အားပေးရမယ်ဆိုရင်တော့ ဒါ တခြားကိစ္စပေါ့။" ကျန်းကျွင့်လန်က ခပ်တိုးတိုး ရယ်မောလိုက်၏။

မြောင်ချင်းချင်းက စပ်စုစွာ မေးလိုက်သည်။

"အစ်ကိုကျန်း ..ရှင်တို့ မိသားစုရဲ့ ဩဇာက ဒီလောက်ထိ ကြောက်ဖို့ ကောင်းတာလားဟင်။"

"အဲ"

ကျန်းကျွင့်လန် တစ်ခဏမျှ ကြောင်သွားပြီး လင်ရှောင်ရှောင်ကို တစ်ချက် ကြည့်လိုက်ကာ မလုံမလဲ ရယ်သံဖြင့် ဆိုသည်။

"ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းကောင်း ၊ အစ်မလေး ရှောင်ရှောင်ရဲ့ နောက်က အင်အားစုလောက် ကြောက်ဖို့မကောင်းပါဘူး။"

ကျန်းကျွင့်လန်သည် လင်ရှောင်ရှောင်၏ ဂုဏ်ပုဒ်ကို အမြဲ စပ်စုနေခဲ့သော်လည်း သဲလွန်စ တစ်ခုမျှ မတွေ့ရှိခဲ့ပေ။

လင်ရှောင်ရှောင်ကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမျှ မပြောခဲ့ပေ။

"ကျန်းခွေ့ ..ပေတိုယန်ကို‌ ခေါ်လာခဲ့။" ဖုန်းဝူချန်က အောက်မှ ကျန်းခွေ့ကို ကြည့်ရင်း ဆိုလိုက်သည်။

"ဟုတ် ဟုတ်ကဲ့။ အစ်ကိုကြီးဖုန်း။" ကျန်းခွေ့တစ်ယောက် ဝမ်းသာလွန်း၍ အော်ဟစ်လိုက်မိသည်။ ဖုန်းဝူချန်က သူ့အား တာဝန်တစ်ခု ပေးလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။

ဖုန်းဝူချန်က သူ့အား ညီငယ်တစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်ဟု ကျန်းခွေ့ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးပေ။

ကျန်းမိသားစု ခေါင်းဆောင်မှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် စိတ်ထဲ၌ အလွန် ဝမ်းမြောက်သွားသည်။

'ဒီကောင်လေး တော်တော် မျက်စိရှင်တာပဲ။ ဖုန်းဝူချန်နဲ့ ပေါင်းသင်းနေတာ။ ဒီတစ်ခါတော့ ငါ့ ကျန်းမိသားစု နာမည် တက်ပြီ။'

'ကျိုကျိုး' ကိုးပြည်ထောင်မှ အင်အားစုများမှာ မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

ဖုန်းဝူချန်၏ စကားတစ်ခွန်းတည်းကြောင့် ကျန်းခွေ့၏ ဂုဏ်ပုဒ်မှာ တစ်ခဏအတွင်း ထိုးတက်သွားတော့သည်။ "အစ်ကိုကြီးဖုန်း" ဟု ခေါ်ဝေါ်လိုက်ခြင်းကလည်း သူ၏ အဆင့်အတန်းကို နေ့ချင်းညချင်း ပြောင်းလဲသွားစေခဲ့ပြီး 'ကျိုကျိုး' ကိုးပြည်ထောင်မှ မည်သည့် အဓိက အင်အားစုထက်မျှ မနိမ့်ကျတော့ပေ။

ပေတိုမိသားစုဝင်များမှာ ဖုန်းဝူချန် ဘာကြံစည်နေသည်ကို နားမလည်ဘဲ ရှုပ်ထွေးနေကြသော်လည်း မေးခွန်းထုတ်ရန် မဝံ့ရဲကြပေ။

"အစ်ကိုကြီးဖုန်း။ သူ ဒီမှာပါ။" ကျန်းခွေ့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ဖုန်းဝူချန်က သူ၏ ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပေတိုယန်၏ ရုပ်ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ခန္ဓာကိုယ်ကို အံ့ဩဖွယ် ဆွဲထုတ်လိုက်လေတော့သည်။

All Chapters