← Chapters

အစ်မ.. ကျွန်တော် အစ်မကိုကာကွယ်ပေးမယ်

Vol. 12 Ch. 171

အစ်မ.. ကျွန်တော် အစ်မကိုကာကွယ်ပေးမယ်

Vol. 12 Ch. 171

လင်းဝမ်ယို၏မျက်နှာမှာ ရှက်သွေးဖြာသွားလေသည်။

"သခင်လေး.."

ယဲ့ချန်းက ဘဝမှတ်တမ်းကြည့်ရှုခြင်းစနစ်မှတစ်ဆင့် လင်းဝမ်ယို၏စိတ်ကို ဖတ်လိုက်သည်။

သူ(မ)၏နှလုံးသားထဲတွင် ယဲ့ချန်းကို သဘောကျနေသော်ငြား သူ(မ)က သာမန်အိမ်အကူတစ်ယောက်မျှသာဖြစ်သောကြောင့် မထိုက်တန်ဘူးဟု ခံစားနေချေသည်။

တုံးအလိုက်တဲ့ကောင်မလေး!

ယဲ့ချန်းက သူ့ရင်ခွင်ထဲရှိ လင်းဝမ်ယိုကိုကြည့်၍ ပြောလိုက်လေသည်။

"ဝမ်ယို..မှတ်ထားနော်။ မင်းက ကိုယ့်အမျိုးသမီးပဲ။ အိမ်အကူမဟုတ်ဘူး။ နောက်နောင်ဆိုရင် အတွေးမလွန်မိစေနဲ့"

"သခင်လေး"

လင်းဝမ်ယိုခမျာ ရှက်သွေးဖြာသွားရသည်။ ယဲ့ချန်းက သူ(မ)၏စိတ်ကို နားလည်နေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။

ယဲ့ချန်းက လင်းဝမ်ယိုကိုဖက်ထားရင်း အိပ်ခန်းထဲသို့ ဦးတည်လိုက်လေသည်။

…

နောက်တစ်နေ့တွင် ယဲ့ချန်းနိုးလာသောအခါ လင်းဝမ်ယိုက မနက်စာပြင်ထားပြီးဖြစ်၏။ ဤမိန်းကလေးမှာ မနေ့တုန်းက အလွန်ပင်ပန်းထားသည့်တိုင် မနက်စောစောထနေဆဲပင်။

ယဲ့ချန်းလည်း လင်းဝမ်ယိုကို လေးစားသွားရသည်။

မနက်စာစားပြီးနောက် လင်းယောင်ယောင်ထံမှ ဖုန်းဝင်လာသည်။ သဘောတူစာချုပ်တွင် လက်မှတ်ထိုးရန်အတွက် သူ့ကို ကုမ္ပဏိသို့ လာခိုင်းခြင်းပင်။

လင်းယောင်ယောင်က ကုမ္ပဏီရေးရာကိစ္စများကို စီမံခန့်ခွဲနေသော်ငြား အရေးကြီးစာရွက်စာတမ်းများမှာ ယဲ့ချန်း၏လက်မှတ်ကို လိုနေဆဲပင်။

ယဲ့ချန်းလည်း စီးပွားရေးလမ်းမသို့ မောင်းလာခဲ့လိုက်၏။

အထဲသို့ဝင်လိုက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသမီးတစ်ယောက်က အလောတကြီးထွက်လာတာကို မြင်လိုက်ရ၏။

"အစ်မဟိုင်ယန်ပါလား။ သူက ဒီကိုဘာလာလုပ်တာလဲ"

ကျောက်ဟိုင်ယန်က ယဲ့ချန်း၏အိမ်နီးချင်းဖြစ်သည်။ သူတို့နှစ်ယောက်က ငယ်စဉ်ကတည်းက အတူကြီးပြင်းလာခဲ့ကြသည်။

သူ ငယ်ရွယ်စဉ်တုန်းက ကျောက်ဟိုင်ယန်က တကယ့်အစ်မအရင်းတစ်ယောက်လို ပြုမူခဲ့သည်။ သူ့ကို အနိုင်ကျင့်သည့်လူများရှိလျှင် ကျောက်ဟိုင်ယန်က သူ့ဘက်က ရပ်တည်ပေးသည်။

သူတို့ အလယ်တန်းတက်ချိန်တုန်းက ကျောက်ဟိုင်ယန်က အိမ်ပြောင်းသွားသဖြင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

သို့သော် ကလေးဘဝတုန်းက အမှတ်တရများကြောင့် ယဲ့ချန်း၏စိတ်ထဲ ကျောက်ဟိုင်ယန်အပေါ် နက်နဲသောခံစားချက်များ ရှိနေလေသည်။

ကျောက်ဟိုင်ယန်ခမျာ အလျင်လိုနေဟန်ပင်။ သူ(မ)၏မျက်နှာမှာ အလွန်ပျက်ယွင်းနေချေသည်။ ယဲ့ချန်းလည်း သူ(မ)နောက်သို့ လိုက်သွားလိုက်၏။

ထိုအချိန်မှာပင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ကျောက်ဟိုင်ယန်၏လမ်းကြောင်းကို ပိတ်ထားလိုက်သည်။

"ဟိုင်ယန်.. ဒီနေရာမှာ မင်းနဲ့တွေ့ရတာ ရေစက်ပဲ။ ကိုယ့်ကောင်မလေးဖြစ်ပေးပါ။ ကိုယ် မင်းကို တစ်သက်လုံးချစ်သွားမှာပါ"

သူ(မ)ရှေ့ရှိ အမျိုးသားကိုမြင်သောအခါ ကျောက်ဟိုင်ယန်၏အမူအရာကား ပိုဆိုးသွားသည်။ ထို့နောက် စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်၏။

"ရွှီထောင်.. ကျွန်မကို လိုက်မနှောင့်ယှက်လို့ရမလား။ ကျွန်မတို့က မသင့်တော်ပါဘူးလို့ ပြောပြီးပြီလေ။ ကျွန်မကို လိုက်ကပ်တွယ်နေလည်း အလကားပဲ"

"ရပါတယ် ဟိုင်ယန်.. မင်း ကိုယ့်ကို မကြိုက်ချင်လည်းမကြိုက်ဘူးပေါ့။ ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုသဘောကျတယ်။ တစ်နေ့ကျရင် ကိုယ် မင်းကို စိတ်လှုပ်ရှားလာအောင် လုပ်နိုင်မှာပါ"

ကျောက်ဟိုင်ယန် : “…”

ရွှီထောင်၏အရှက်ကင်းမဲ့မှုကြောင့် သူ(မ) ကူကယ်ရာမဲ့သွားလေသည်။

ကျောက်ဟိုင်ယန်က ကုမ္ပဏီတစ်ခုတွင် အမှုဆောင်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။ သို့သော် သူဌေးက သူ(မ)ကို ကိုယ်ထိလက်ရောက်ထိပါးခဲ့သည်။

ရွေးချယ်စရာမရှိသည့်အဆုံးမှာတော့ ကျောက်ဟိုင်ယန်လည်း အလုပ်မှ နှုတ်ထွက်ပြီး ယနေ့ အခြားကုမ္ပဏီတစ်ခုတွင် အင်တာဗျူးဖြေရန်အတွက် ရောက်လာခဲ့သော်ငြား ရွှီထောင်နှင့် ပက်ပင်းတိုးရလေသည်။

ရွှီထောင်က သူ(မ)ကို တက္ကသိုလ်ကတည်းက လိုက်ပိုးနေခဲ့ခြင်းပင်။ ဤတစ်ခေါက်တွင်မူ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက အင်တာဗျူးသူဖြစ်နေချေသည်။

အင်တာဗျူးလုပ်ပြီးနောက် ကျောက်ဟိုင်ယန် အလုပ်ရလိုက်သော်ငြား ရွှီထောင်က သူ(မ)ကို လိုက်ကပ်နေပေသည်။

ရွှီထောင်က ဆိုလိုက်သည်။

"ဟိုင်ယန်.. မင်းရဲ့ရာထူးတိုးအတွက် ကိုယ် အဆုံးအဖြတ်ပေးနိုင်တယ်။ ကိုယ့်ကောင်မလေး ဖြစ်ပေးပါ။ ဒါဆိုရင် ကိုယ်တို့ကုမ္ပဏီရဲ့မားကတ်တင်းဌာနမှာ လက်ထောက်ဒါရိုက်တာရာထူးအဖြစ် ချက်ချင်းရာထူးတိုးပေးမယ်"

ကျောက်ဟိုင်ယန်ကတော့ အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

"ရွှီထောင်.. ကျွန်မ ရာထူးတိုးလိုချင်ရင်တောင် ကျွန်မရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ရတာကိုပဲ လိုချင်တယ်။ ရှင့်ကို လက်မခံနိုင်ဘူး။ ကျွန်မကို ဘော့စ်ရာထူးပေးရင်တောင် မရဘူး"

ယဲ့ချန်းက ကျောက်ဟိုင်ယန်၏ဘေးနားသို့ ရောက်နေပြီဖြစ်ရာ သူတို့ပြောနေသည့်စကားများကို ပြတ်ပြတ်သားသားကြားလိုက်ရသည်။

ယခင်တုန်းက ကျောက်ဟိုင်ယန်က သူ့ကို အမြဲကာကွယ်ပေးခဲ့သည်။ ယခု သူ့အစ်မ အနိုင်ကျင့်ခံနေရတာကို မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း ဒေါသမထွက်ဘဲ မနေနိုင်ချေ။

ယဲ့ချန်း ပြုံးလိုက်မိ၏။

"အစ်မဟိုင်ယန်.. ကျွန်တော့်ကိုမှတ်မိသေးလား"

ကျောက်ဟိုင်ယန်က ယဲ့ချန်းကိုမြင်သောအခါ ချက်ချင်းအမူအရာပြောင်းသွားသည်။ သူ(မ)က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ယဲ့ချန်းထံသို့ အပြေးသွားပြီး ပွေ့ဖက်လိုက်သည်။

"ဘုရားရေ..ရှောင်ချန်းပါလား။ ငါ့မောင်လေး..နင် အရပ်လည်းပိုရှည်လာပြီ။ ပိုလည်းချောလာတယ်နော်"

ကျောက်ဟိုင်ယန်က အခြားယောကျ်ားတစ်ယောက်ကို ပိုဖော်ရွေပြနေတာကို မြင်သောအခါ ရွှီထောင်လည်း မနာလိုဖြစ်ကာ ဒေါသထွက်မိသည်။

သို့သော် ကျောက်ဟိုင်ယန်က ယဲ့ချန်းကို မောင်လေးဟု ခေါ်လိုက်တာကို ကြားသောအခါ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ထို့နောက် အနားသို့ရောက်လာပြီး လက်ဆန့်တန်းကာ ပြုံးပြလိုက်၏။

"မင်္ဂလာပါ။ မင်းက ဟိုင်ယန်ရဲ့မောင်လေးပဲဖြစ်ရမယ်။ ငါက မင်းအစ်မရဲ့ချစ်သူ ရွှီထောင်ပါ။ ကျုံးယွမ်စက်မှုကုမ္ပဏီရဲ့လက်ထောက်အထွေထွေမန်နေဂျာပေါ့"

ယဲ့ချန်းကမူ ထိုလူ့အပေါ်ထားသော အစ်မဟိုင်ယန်၏သဘောထားကို သိထားပြီးဖြစ်သောကြောင့် တစ်ဖက်လူကို လုံးဝလျစ်လျူရှုထားလိုက်သည်။

ယဲ့ချန်းက သူ့အား မျက်နှာသာမပေးတာကို မြင်သောအခါ ရွှီထောင်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

ကျောက်ဟိုင်ယန်က အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

"ရွှီထောင်.. ရှင်က ဘယ်သူ့ချစ်သူလဲ။ ကျွန်မတို့က ကောင်းကောင်းရောသိကြလို့လား။ ကျွန်မမှာ ရှင့်လိုအသိမိတ်ဆွေမျိုးမရှိဘူး။ ပေါက်ကရတွေ ပြောမနေနဲ့။ ကျွန်မမောင်လေးနဲ့ စကားပြောဦးမှာမို့ အခုချက်ချင်းထွက်သွားပေးပါ။ ကျွန်မပြောလိုက်မယ်။ ရှင်က ဟွားနိုင်ငံမှာ အချမ်းသာဆုံးလူဖြစ်နေရင်တောင် ကျွန်မ ရှင့်ကိုလက်ခံမှာမဟုတ်ဘူး"

ဤစကားကိုကြားသောအခါ ရွှီထောင်၏မျက်လုံးများမှာ အေးစက်သွားရချေသည်။ သို့သော် မျက်နှာထက်တွင် အပြုံးကို ဆက်လက်ထိန်းသိမ်းထားပြီး အရှက်မရှိပြောလိုက်၏။

"မင်းရဲ့မောင်လေးတဲ့လား။ မင်းက တစ်ဦးတည်းသောသမီးဆိုတာကို ငါမသိဘူးများ ထင်နေတာလား။ ဒီကောင်လေးက ငါ့ထက် နည်းနည်းလေးပဲ ပိုချောတာပါ။ ငါ့အလုပ်အကိုင်ကလည်း အောင်မြင်နေတာလေ။ သူ့ထက် ဘာများချို့တဲ့နေလို့လဲ"

ရွှီထောင်က ကရားရေလွှတ်ပြောနေဆဲဖြစ်ကြောင်း မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း ဒေါသထွက်သွားသည်။

"ချာတိတ်.. မင်း ကန်းနေတာလား။ ငါ့အစ်မက မင်းကို ထွက်သွားခိုင်းနေတယ်လေ။ ဒါတောင် မသွားသေးဘူးပေါ့"

ယဲ့ချန်းက သူ့ကို မာန်မဲလာလိမ့်မည်ဟု ရွှီထောင် ထင်မထားသည့်အတွက် ရုတ်တရက်ဒေါသထွက်သွားလေသည်။

"ဟေ့ကောင်.. မင်းက ဘယ်သူ့ကို ထွက်သွားခိုင်းနေတာလဲ။ သတ္တိရှိရင် ထပ်ပြောလိုက်စမ်း"

ယဲ့ချန်းက ပြောလိုက်၏။

"မင်းကို ထွက်သွားဖို့ပြောနေတာ။ ငါ့အစ်မ ဘယ်သူ့ကိုကြိုက်မလဲဆိုတာ သူ့ရဲ့ရွေးချယ်မှုပဲ။ မင်းက ဘယ်သူမို့လို့လဲ။ ပေါက်ကရတွေ မပြောစမ်းနဲ့"

ယဲ့ချန်းက ရွှီထောင်ကို နည်းနည်းမှယဉ်ကျေးမနေပေ။ သူငယ်ငယ်တုန်းက ကျောက်ဟိုင်ယန်က သူ့ကို ကာကွယ်ပေးခဲ့သည်။ ယခု ယဲ့ချန်း အရွယ်ရောက်လာပြီဖြစ်သောကြောင့် သူ့အစ်မကို ပြန်ကာကွယ်ပေးရမည့်အလှည့်ပင်။

"ကောင်းပြီလေ။ အစတုန်းကတော့ ဟိုင်ယန့်မျက်နှာနဲ့ ငါ မင်းကို လွှတ်ပေးမလို့ပဲ။ ဒါပေမဲ့ မင်းကိုယ်တိုင် တောင်းဆိုတာနော်။ ငါ့ကို အဆိုးမဆိုနဲ့"

ရွှီထောင်ကလည်း ယဉ်ကျေးမနေတော့ဘဲ ဖုန်းထုတ်၍ ဖုန်းဆက်လိုက်သည်။ ဖုန်းချိတ်သွားသည်နှင့် ရွှီထောင်က ဒေါသတကြီးပြောလိုက်၏။

"ဥက္ကဋ္ဌချန်းလား။ ကျွန်တော် ရွှီထောင်ပါ။ ကျုံးယွမ်ကုမ္ပဏီရဲ့လက်ထောက်အထွေထွေမန်နေဂျာလေ"

"ဘာလိုအပ်လို့လဲ မစ္စတာရွှီ"

စီးပွားရေးလမ်းမထက်ရှိ လုံခြုံရေးအပိုင်းကို တာဝန်ယူထားရသော အထွေထွေမန်နေဂျာချန်းသုန်းက ယခင်က ရွှီထောင်နှင့် ညစာစားဖူးသည်ဖြစ်ရာ ယဉ်ကျေးပျူငှာစွာ ပြောလိုက်၏။

"ဥက္ကဋ္ဌချန်း.. ခင်ဗျား ကျွန်တော့်ဆီကို လူနည်းနည်းလောက်လွှတ်ပေးလို့ရလား။ ကျွန်တော် ဒီမှာ ပြဿနာနည်းနည်းတက်နေလို့"

ဤစကားကိုကြားသော် ချန်းသုန်းလည်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"မစ္စတာရွှီ.. ဘာပြဿနာတက်တာလဲ။ တစ်ယောက်ယောက်က လာနှောင့်ယှက်လို့လား။ ဒါပေမဲ့ ခင်ဗျား တစ်ယောက်ယောက်ကို အရင်သွားရန်စထားတာဆိုရင်တော့ ကျွန်တော်လည်း မကူညီနိုင်ဘူးနော်"

ရွှီထောင်က ပြောလိုက်လေသည်။

"ကောင်စုတ်လေးတစ်ကောင်က ကျွန်တော့်ကို လူကြားထဲမှာ စော်ကားလို့ပါ။ ခင်ဗျားရဲ့လူတွေကို လွှတ်ပေးပါဦး"

ချန်းသုန်းလည်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ။ စီးပွားရေးစင်တာမှာ ပြဿနာရှာတဲ့လူတစ်ယောက်ရှိနေတယ်ဆိုမှတော့ ကျွန်တော် သေချာဖြေရှင်းပေးပါ့မယ်"

ဖုန်းချလိုက်ပြီးနောက် ရွှီထောင်က ဘဝင်ခိုက်လေဟန်အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်သည်။

"ချာတိတ်.. မင်း တအားတွေကြမ်းပြနေတာမဟုတ်ဘူးလား။ ငါ ဘယ်လောက်အာဏာရှိလဲဆိုတာ မင်း မကြာခင်သိရတော့မှာပါ"

ရွှီထောင်က လူတွေလှမ်းခေါ်တာကို ကြားလိုက်ရသောအခါ ကျောက်ဟိုင်ယန်လည်း ယဲ့ချန်းကို အမြန်ဆွဲထားလိုက်သည်။

"ရှောင်ချန်း...သွားရအောင်။ သူနဲ့ မပတ်သက်နဲ့တော့"

သို့သော် ယဲ့ချန်းက နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးလိုက်လေသည်။

"ဟင့်အင်း။ ဒီနေ့တော့ ကျွန်တော် ပတ်သက်မှဖြစ်မယ်။ သူ ဘယ်သူ့ကိုခေါ်နိုင်လဲဆိုတာ ကြည့်ချင်သေးတယ်"

ရွှီထောင်က လှောင်ရယ်လျက် ပြောလိုက်သည်။

"ငါ မင်းကိုပြောမယ်။ ဒီနေရာမှာ လုံခြုံရေးပိုင်းကို တာဝန်ယူထားတဲ့မန်နေဂျာက ငါ့မိတ်ဆွေပဲ။ မင်းက ငါ့ကို ဒီနေရာမှာ လာဆဲရဲတယ်ဆိုတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့ အတူတူပဲ။ မင်း အခုချက်ချင်း ငါ့ကို ဒူးထောက်တောင်းပန်ဖို့ အကြံပေးချင်တယ်။ မဟုတ်လို့ကတော့ မင်း သေပြီသာမှတ်"

ထိုအချိန်မှာပင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယေောက်က လုံခြုံရေးခုနစ်ယောက်ရှစ်ယောက်နှင့်အတူ အဝင်ပေါက်မှ အပြေးအလွှားရောက်ချလာသည်။

ရွှီထောင်ကလည်း ကယ်တင်ရှင်တစ်ယောက်ကို မြင်လိုက်ရသည့်အလား ဖြစ်သွားချေသည်။

"ဥက္ကဋ္ဌချန်း.. ကျွန်တော့်ကိုစော်ကားနေတာ ဒီကောင်လေးပါပဲ။ ခင်ဗျားရဲ့လူတွေကို မြန်မြန်ဆုံးမခိုင်းလိုက်တော့"

သို့သော် ယဲ့ချန်းကိုမြင်လိုက်ရချိန်ဝယ် ချန်းသုန်းက မလှုပ်မယှက်ဖြစ်သွားပြီး နောက်ကျောတွင် ချွေးစေးများ ရွှဲစိုသွားလေတော့သည်။

သူ့ခမျာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျားဖြစ်နေတာကိုး။ ကျွန်တော်က လုံခြုံရေးတာဝန်ခံ အထွေထွေမန်နေဂျာအသစ် ချန်းသုန်းပါ"

•••••••••••••

All Chapters