စုရှောင်ယာ ဟွားအိမ်တော်သို့ ရောက်လာခြင်း
Vol. 12 Ch. 177
ဝူပေါင်လည်း ဝိုင်ပုလင်းကိုသယ်ကာ အနားသို့ မြန်မြန်လျှောက်သွားလိုက်၏။
"မင်္ဂလာပါ မစ္စတာယဲ့"
ယဲ့ချန်းက တုံ့ခနဲရပ်၍ သူ့အနောက်ရှိ လူငယ်လေးကိုကြည့်လိုက်သည်။ ဝူပေါင်ကမူ ကိုးရိုးကားရားပြုံးလိုက်မိသည်။
"မင်္ဂလာပါ ရှောင်ယာ..ကိုယ်က ပေါင်ဇီပါ"
"ပေါင်ဇီလား"
စုရှောင်ယာလည်း ကြက်သေသေသွားလေသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များမှာ ရုတ်တရက်ကြီး အော်ရယ်ကြလေတော့သည်။
"ဟားဟား.. ပေါင်ဇီတော့ ပါးဖြတ်ရိုက်ခံလိုက်ရပြီ"
"တက္ကစီဒရိုင်ဘာက ဟွားအိမ်တော်ရဲ့ ဗီလာနံပါတ်တစ်ပိုင်ရှင် ဖြစ်နေတာကိုး"
"တက္ကစီမောင်းတာက ဒီလောက်တောင်အမြတ်ထွက်တာလား။ ငါလည်း တက္ကစီစမောင်းသင့်နေပြီ"
"ဘော့စ်.. ချိတ်လေးတစ်ခုလောက်များ လိုလား။ ကျွန်မ ရှင့်ပေါင်မှာ တွယ်ချိတ်နေချင်လို့"
ဝူပေါင်က ယဲ့ချန်းအနားသို့ ချဉ်းကပ်လိုက်၏။
"မစ္စတာယဲ့.. တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ကျွန်တော်ရိုင်းပျခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ"
"ဟားဟား ရပါတယ်။ ငါက အဲဒီလောက်သဘောထားမသေးသိမ်ပါဘူး"
ဝူပေါင်က ယဲ့ချန်းအား ဝိုင်ပုလင်းကမ်းပေးလိုက်သည်။
"မစ္စတာယဲ့ ဒါက ကျွန်တော့်ရဲ့လက်ဆောင်ပါ။ ၁၉၄၅ခုနစ်ထုတ် ရိုမန်နီကန်တီတစ်ပုလင်းပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
"ဝိုး.. ၁၉၅ခုနစ်ထုတ် ရိုမန်နီကွန်တီတဲ့။ မိုက်လိုက်တာ"
"အစ်ကိုပေါင်က အရမ်းရက်ရောတာပဲ။ ဒီလောက်ဈေးကြီးတဲ့ဝိုင်ကိုတောင် လက်ဆောင်ပေးတာ"
"ကြည့်ရတာတော့ ရှောင်ယာရဲ့ချစ်သူက တော်တော်အံ့ဩဖို့ကောင်းတာပဲ။ အစ်ကိုပေါင်ကတောင် လက်ဆောင်ပေးရတယ်ဆိုတော့"
…
"ငါတို့က အိမ်နီးချင်းတွေပဲ။ တအားယဉ်ကျေးနေစရာမလိုပါဘူး"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"မစ္စတာယဲ့လို ဘော့စ်တစ်ယောက်နဲ့ သိခွင့်ရတာ ဂုဏ်ယူစရာပါပဲ"
ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရပြီးနောက် ဝူပေါင်လည်း အလွန်ရိုသေသွားချေသည်။
ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။
"အထဲဝင်ပြီး ခဏလောက်ထိုင်ပါဦး"
သို့သော် ဝူပေါင်ကတော့ ခပ်မြန်မြန်ခေါင်းခါယမ်းလိုက်သည်။
"ရပါတယ်။ ခင်ဗျားနဲ့ မိန်းကလေးရှောင်ယာလည်း အလုပ်များနေမှာပေါ့"
ယဲ့ချန်းက ခေါင်းတညိတ်ညိတ်လုပ်ရင်း ဝူပေါင်၏ဗျူဟာကို အသိအမှတ်ပြုလိုက်သည်။ မိတ်ဆွေကောင်းစစ်စစ်တစ်ယောက်ပင်။
ဗီလာထဲသို့ဝင်ရန် ဓာတ်လှေကားစီးလိုက်သည်နှင့် လင်းဝမ်ယိုက ဓာတ်လှေကားနားတွင် ရပ်စောင့်နေလေသည်။ ဓာတ်လှေကားတံခါးပွင့်သွားပြီးနောက် ယဲ့ချန်းဘေးရှိ စုရှောင်ယာကို မြင်လိုက်ရချိန်ဝယ် သူ(မ) တဒင်္ဂမျှတုံ့ဆိုင်းသွားသည်။
ယဲ့ချန်းက အိမ်ကို တစ်ယောက်တည်းသာ ပြန်လာတတ်သည်။ သို့သော် ယနေ့တော့ မိန်းကလေးတစ်ယောက်ကိုပါ ခေါ်လာခဲ့သည်။
သို့သော် လင်းဝမ်ယိုက ကောင်းစွာလေ့ကျင့်ထားသူဖြစ်သောကြောင့် ညင်သာစွာပြုံးလိုက်လေသည်။
"ကြိုဆိုပါတယ် သခင်လေး.. ဒီကမိန်းကလေးကိုလည်း ယဲ့အိမ်တော်က ကြိုဆိုပါတယ်"
ဤမိန်းကလေးက သူ့အနာဂတ်သခင်မလေးဖြစ်နေမလားဟု တွေးရင်း လင်းဝမ်ယိုက စုရှောင်ယာကို ကြည့်လိုက်မိသည်။
သို့သော် ထိုအတွေးကို ခပ်မြန်မြန်ပယ်ချလိုက်၏။ သူ(မ)တွင် အာရုံတစ်ခုရှိ၏။ စုရှောင်ယာက လှပသော်ငြား အပြုအမူတချို့တော့ ချို့တဲ့နေဆဲပင်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ယဲ့ချန်းက မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် ခေါ်လာဖူးခြင်းဖြစ်သည့်အပြင် ထိုမိန်းကလေးက အလွန်လှပပြီး ဆွဲဆောင်မှုရှိ၏။
လင်းဝမ်ယို သဝန်မတိုမိပေ။ သူ(မ)က ယဲ့ချန်း၏အိမ်အကူတစ်ယောက်သက်သက်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။
သူ(မ)၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာရှိ၏။ ယဲ့ချန်း၏အိမ်ကိုစောင့်ရှောက်ပေးပြီး သူ့ကို သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမည်။ သူ(မ)တွင် အခြားမိန်းမများကို သဝန်တိုပိုင်ခွင့်မရှိပေ။
လင်းဝမ်ယိုက သူ(မ)ကိုယ်သူ(မ) ယုံကြည်မှုအပြည့်ရှိ၏။ သူ(မ) တကယ်သဝန်တိုမိမည်မဟုတ်။
"ဝိုး အစ်ကိုချန်း..ရှင့်အိမ်က အရမ်းလှတာပဲ။ ရှေးခတ်ကို ရောက်သွားသလိုပဲ။ ဒီမိန်းကလေးက ရှင့်ရဲ့အိမ်အကူထင်တယ်။ ဟုတ်လား။ မိန်းကလေးက အရမ်းလှတာပဲ။ ကျွန်မက စုရှောင်ယာပါ။ ယဲ့ချန်းရဲ့ချစ်သူသဘောပါပဲ"
"မင်္ဂလာပါ ကျွန်မက လင်းဝမ်ယိုပါ။ သခင်လေးယဲ့ရဲ့အိမ်အကူပါ။ တွေ့ရတာဝမ်းသာပါတယ်"
စုရှောင်ယာလည်း လင်းဝမ်ယိုကို မြင်လိုက်ရချိန်တွင် အံ့ဩမှင်တက်သွားရသည်။
အိမ်တွင် အိမ်အကူတစ်ယောက်ရှိကြောင်း ယဲ့ချန်းက ပြောထားသော်ငြား ဤအိမ်အကူက အလွန်လှပနေလိမ့်မည်ဟု သူ(မ) ထင်မထားချေ။
စုရှောင်ယာ ချက်ချင်းနားလည်လိုက်သည်။ သူတို့က အိမ်အကူဟု ပြောနေသော်ငြား တစ်အိမ်တည်းမှာနေနေသည်ဖြစ်ရာ ဤအစ်မက ယဲ့ချန်း၏အမျိုးသမီးဖြစ်ဟန်တူသည်။
ထို့ပြင် ဤမိန်းကလေးက ယဲ့ချန်းနှင့်အတူရှိလာခဲ့သည်မှာ သူ(မ)ထက် ပိုကြာကြောင်း စုရှောင်ယာသိသည်။
စုရှောင်ယာလည်း ဤမိန်းကလေးကို မြဲနေအောင်ကပ်ထားရန် ဆုံးဖြတ်လိုက်သည်။
လင်းဝမ်ယိုက ပြုံးလိုက်၏။
"ကျွန်မ ရှင်တို့အတွက် လက်ဖက်ရည်ဖျော်ပေးပါ့မယ်။ မိန်းကလေးစု ဗီလာထဲကို အရင်ပတ်ကြည့်လိုက်ပါဦး"
စုရှောင်ယာနှင့် ယဲ့ချန်းတို့လည်း ဗီလာထဲသို့ လှည့်လည်ကြည့်ရှုလေတော့သည်။
ဗီလာ၏စတိုင်လ်မှာ ရှေးဟောင်းစတို်ငလ်ဖြစ်လေရာ ခေတ်နှင့်အာကာသကူးပြောင်းသွားရသလို စုရှောင်ယာ ခံစားလိုက်ရသည်။
တီဗီထဲတွင် ဇိမ်ခံအိမ်ပေါင်းများစွာကို သူ(မ) မြင်ဖူးသည်။ သို့သော် ယဲ့ချန်း၏အိမ်နှင့်ယှဉ်လိုက်သောအခါ ထိုဗီလာများမှာ ဘာမှမဟုတ်တော့ပေ။
"အစ်ကိုယဲ့ချန်း.. ရှင့်အိမ်က အရမ်းခမ်းနားတာပဲ။ ရေကူးကန်နဲ့ အားကစားရုံလည်းပါတယ်။ ရှင် ကျွန်မကို ဒီနေရာကို မကြာခဏအလည်ခေါ်ရမယ်နော်"
"ကိစ္စမရှိဘူး။ မင်းလာချင်တဲ့အချိန် လာလို့ရတယ်"
ဗီလာကို လှည့်ပတ်ကြည့်ပြီးနောက် လင်းဝမ်ယိုက လက်ဖက်ရည်ယူလာပေးသည်။
သူတို့နှစ်ယောက်က အပြင်က ပြန်လာသည်ဖြစ်ရာ ပူနေမည်စိုးသဖြင့် လင်းဝမ်ယိုက သူတို့အတွက် အသီးအရွက်သုပ်ကိုပါ လုပ်လာခဲ့သည်။
"အစ်မဝမ်ယို.. ရှင်က အရမ်းတော်တာပဲ။ လက်ဖက်ရည်က မွှေးကြိုင်ပြီး အသီးသုပ်ကလည်း အရသာရှိတယ်။ ရှင် တစ်ရက်ကျရင် ကျွန်မကို သင်ပေးရမယ်နော်"
လင်းဝမ်ယို ပြုံးလိုက်မိသည်။
"ရတာပေါ့။ အခွင့်ကြုံရင် သင်ပေးပါ့မယ်"
"ဟီးဟီး အစ်မဝမ်ယိုက အကောင်းဆုံးပဲ"
သူတို့သုံးယောက်သား စားသောက်ရင်း စကားပြောဆိုနေစဉ်တစ်လျှောက်လုံး လင်းဝမ်ယိုက ယဲ့ချန်းနှင့် စုရှောင်ယာတို့ သူ(မ)လုပ်ပေးထားသော အသီးသုပ်ကို သဘောကျနေသည့်အတွက် ဝမ်းသာနေချေသည်။
စားပွဲပေါ်ရှိ အသီးသုပ်များမှာ သူတို့နှစ်ယောက်ကြောင့် ချက်ချင်းကုန်သွားသည်။ လင်းဝမ်ယိုလည်း ပန်းကန်များကို ရှင်းလိုက်လေတော့သည်။
လင်းဝမ်ယိုတစ်ယောက် ပန်းကန်များကိုသယ်၍ မီးဖိုချောင်ထဲသို့ ဝင်သွားတာကိုမြင်သောအခါ စုရှောင်ယာလည်း ခပ်မြူးမြူးပြုံးလိုက်မိသည်။
သူ(မ)က ယဲ့ချန်းအနားသို့ တိုးကပ်လိုက်ပြီးနောက် သူ(မ)၏လက်နှစ်ဖက်က ဟိုဟိုသည်သည်စတင်ရွေ့လျားလေတော့သည်။
ယဲ့ချန်းလည်း မီးဖိုချောင်ဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး ပင့်သက်ရှိုက်လိုက်မိသည်။
ဤကလေးမလေးက အလွန်ရဲတင်းလာသည်။
မီးဖိုချောင်ထဲတွင် လင်းဝမ်ယိုက ပန်းကန်ဆေးရင်း အခန်းထဲမှ မူမမှန်သော ညည်းညူသံများကို ရုတ်တရက်ကြားလိုက်ရသည်။
သူ(မ)မျက်နှာကား နီမြန်းသွားချေသည်။
သခင်လေးက တကယ့်ကို…
လင်းဝမ်ယိုလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်လေသည်။ ယနေ့ခေတ်လူငယ်မာျးက အလွန်ရဲတင်းလှပေသည်။
သို့သော် ထိုအကြောင်းကို ခဏမျှသာ တွေးပြီး ပန်းကန်းဆေးခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။
…
လင်းဝမ်ယိုက မီးဖိုချောင်ထဲတွင် တမင်အချိန်ဆွဲနေပြီးမှ ထွက်လာခဲ့သည်။
စုရှောင်ယာက နာရီကိုတစ်ချက်ကြည့်ပြီးနောက် ပြောလာလေသည်။
"အမလေး.. နောက်ကျနေပြီပဲ။ အစ်ကိုယဲ့ချန်း.. ကျွန်မ ဒီည အရေးကြီးတဲ့တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု လုပ်ရဦးမှာမို့ အိမ်ပြန်မှဖြစ်မယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ ကိုယ် မင်းကို ပြန်ပို့ပေးမယ်"
စုရှောင်ယာက မေးကြည့်လိုက်သည်။
"အစ်မ..ကျွန်မအိမ်ကို လိုက်လည်ချင်လား"
လင်းဝမ်ယိုလည်း ခေါင်းခါယမ်းလိုက်၏။
"တော်ပါပြီ။ ကျွန်မမှာ လုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်"
ယဲ့ချန်းကတော့ အပြစ်ရှိသလိုခံစားလိုက်ရသည်။
"ဝမ်ယို..အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ"
လင်းဝမ်ယိုမှာ ယဲ့ချန်းကို ပို၍ပင်လေးစားသွားရသည်။ အဆုံးမှာတော့ ယဲ့ချန်းတွင် သရုပ်မှန်အများကြီးရှိကြောင်း သူ(မ) သဘောပေါက်လိုက်သည်။
လင်းဝမ်ယိုလည်း ခေါင်းခါယမ်းလိုက်သည်။
"သခင်လေးအတွက် လုပ်ပေးရတာပဲ။ မပြောပလောက်ပါဘူး"
စုရှောင်ယာက ဘေးနားမှနေ၍ မနာလိုဖြစ်ပြီး ဝင်ပြောလေသည်။
"အစ်ကိုချန်း..ကျွန်မလည်း အစ်မဝမ်ယိုလိုမျိုး ရှင့်ကို ကူညီပေးချင်တယ်"
ယဲ့ချန်းက ပြုံး၏။
"ရတာပေါ့။ မင်း ဒီကိုမကြာမကြာလာပြီး ဝမ်ယိုဆီက သင်ယူလိုက်လေ။ သူ မင်းကို ရိုးရှင်းတဲ့တာဝန်တချို့ ချပေးလိမ့်မယ်"
"တကယ်လား။ ကောင်းသားပဲ။ မဟုတ်ရင် အိမ်မှာပဲ တစ်ချိန်လုံးနေရတာ ပျင်းစရာကြီး"
လင်းဝမ်ယိုက သူတို့ကို ဓာတ်လှေကားနားအထိ လိုက်ပို့ပေးလေရာ စုရှောင်ယာက ပြုံးလိုက်မိသည်။
"အစ်မဝမ်ယို.. ရှင်က အကောင်းဆုံးပဲ။ ကျွန်မ ရှင့်ဆီကို လာလည်မယ်နော်"
"အမြဲကြိုဆိုနေပါတယ်"
လင်းဝမ်ယိုကလည်း ညင်သာစွာပြုံးလျက် ပြောလိုက်လေသည်။
သူတို့နှစ်ယောက် သင့်မြတ်နေတာကို မြင်သောအခါ ယဲ့ချန်း ကျေနပ်သွားသည်။ ယဲ့ချန်းက စုရှောင်ယာကို အိမ်ပြန်ပို့ပေးလိုက်ပြီးနောက် စုကျန့်ထံမှ ဖုန်းဝင်လာသည်။
"ယဲ့ချန်း.. ငါတို့ရဲ့ပုသုန်းပရောဂျက်က ပြဿနာတက်နေလို့"
"ဘာဖြစ်တာလဲ"
ယဲ့ချန်း ပြန်မေးလိုက်၏။
စုကျန့်က ဆိုလေသည်။
"ဖုန်းနဲ့ပြောရတာ အဆင်မပြေဘူး။ လူချင်းတွေ့ရအောင်"
ယဲ့ချန်းလည်း သဘောတူလိုက်ပြီးနောက် စုမိသားစုထံသို့ တန်းတန်းမတ်မတ်မောင်းသွားလိုက်သည်။
••••••••••••••