← Chapters

မရဏတိုက်ပွဲ စိန်ခေါ်မှု

Vol. 58 Ch. 858

မရဏတိုက်ပွဲ စိန်ခေါ်မှု

Vol. 58 Ch. 858

ညနေခင်းရောက်ရှိလာလေရာ၊ တော်ဝင်နန်းတော်တစ်ခုလုံးကို တောက်ပစွာ ထွန်းညှိထားပြီး မရေတွက်နိုင်သော အစေခံများသည် သပ်ရပ်စွာ အရောင်တင်ထားသည့် လက်ရာမြောက်သော ပန်းကန်ခွက်ယောက်များကို အစီအစဉ်တကျ ခင်းကျင်းနေကြသည်။ ထိုအချိန်တွင် နန်းတော်​၏ ယာဉ်ရပ်နားရာနေရာ၌ မြို့တွင်းရှိ ထိပ်တန်းဧည့်သည်တော်များ စောစောရောက်ရှိလာကြသောကြောင့် နေရာတစ်ခုလုံးပြည့်နှက်နေပြီဖြစ်သည်။ ဝတ်ကောင်းစားလှဝတ်ထားသော အမျိုးသားများ၊ အမျိုးသမီးများသည် အုပ်စုဖွဲ့၍ ယနေ့ည ညစာစားပွဲအကြောင်း စိမ်ပြေနပြေ ဆွေးနွေးနေကြသည်။

"ဘုရင်မင်းမြတ်နဲ့ အရှင်လီကျွင်းတို့ အရေးကြီး ဧည့်သည်တော်တစ်ဦးကို ကြိုဆိုဖို့ နယ်စပ်ကို ထွက်သွားကြတယ်လို့ ကျုပ် ကြားထားတယ်"

“ကျုပ်လည်း ဒီသတင်း ကြားလိုက်တယ်၊ ဒါပေမယ့် ဘုရင်မင်းမြတ်နဲ့ သိုင်းသူတော်စင်တို့တောင် ဒီလိုတခမ်းတနား ပြုမူရအောင် ဒီဧည့်သည်မှာ ဘယ်လိုနောက်ခံမျိုးရှိနေလို့လဲ”

“အခြားတိုင်းပြည်က လာရောက်လည်ပတ်တဲ့ ဘုရင်တစ်ပါးများလား”

“ကျုပ်တော့ မထင်ဘူး အထူးခြားဆုံးဆိုတဲ့ ဘုရင်တွေတောင် ကျုပ်တို့ဘုရင်ကို ဒီလိုစိတ်ပူပန်စေမှာ မဟုတ်ဘူး”

“ကောင်းပြီ၊ ကျုပ်တို့တစ်နေ့လုံး ခန့်မှန်းပြီးတာတောင် အခုထိ မတွက်ဆနိုင်သေးဘူးဆိုတော့ ဘုရင်မင်းမြတ် ပြန်လာတဲ့အချိန်အထိ စောင့်လိုက်တာ ပိုကောင်းပါတယ်။ ဒါဆိုအဖြေက သဘာဝအတိုင်း ရှင်းသွားလိမ့်မယ်"

“အတိအကျပဲ"

လူအုပ်ကြီးက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။

ထိုအချိန် တစ်စုံတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။

“ဒါပေမယ့် ဒီနေ့ နောက်ထပ်ရှားပါးတဲ့ အဖြစ်အပျက်တစ်ခုရှိသေးတယ်နော်။ လူတိုင်းကြားမိလားတော့ မသိဘူး ကျုပ်တို့ရဲ့ မင်းသမီး လီနာက အဆိပ်မြူရွှံ့ညွန့်ကနေ အစားကြူးပုတ်သင်တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားအတွက် အစီအရင်တွေ ပြီးမြောက်သွားတယ်လေ”

အခြေအနေကို သိပ်မသိနားမလည်သော ဧည့်သည်အများစုသည် ယင်းဖြစ်စဉ်ကို ကြားသောအခါ အံ့အားသင့်သွားကြသည်။

“အဲဒါကို ကျုပ် တကယ်မကြားမိဘူး။ ဒါပေမယ့် ကျုပ်တို့မင်းသမီး လီနာက ငယ်ငယ်ရွယ်ရွယ်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်တွေကို ထိန်းချုပ်နိုင်တဲ့ မှော်ဆရာတစ်ယောက်ဆိုတော့ ဒီလိုစွမ်းဆောင်ချက်မျိုး ပြီးမြောက်နိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး”

“ဒါက ဒုတိယအချက်၊ ဒါပေမယ့် အဓိကအချက်က ကျုပ်တို့မင်းသမီးလီနာက အဆိပ်မြူရွှံ့ညွန့်ကနေ အစွမ်းထက်တဲ့ ဆာမူရိုင်းတစ်ယောက်ကို ပြန်ခေါ်လာတယ်ဆိုတာပဲ" အနောက်မြီးကွဲကုတ်အင်္ကျီနှင့် ဆံပင်ကို သပ်ရပ်စွာ လိမ်းကျံထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက လှောင်ပြောင်သည့်လေသံဖြင့် ပြောလာသည်။

“အစွမ်းထက်တဲ့ ဆာမူရိုင်းတစ်ယောက်ကို ပြန်ခေါ်လာတာတဲ့လား” အနီးနားရှိ လူအုပ်ကြီးက အနည်းငယ် အံ့အားသင့်သွားသည်။

“ဟုတ်တယ်။ သူ့ကို ပြန်ခေါ်လာတဲ့အချိန် ဒီအစွမ်းထက်တဲ့ ဆာမူရိုင်းလို့ခေါ်တဲ့ အမျိုးသားက အရှင်ယာ့ကောနဲ့တွေ့ခဲ့တဲ့အပြင် သိုင်းသူတော်စင်ဆိုတာ သူ့ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူးလို့ အရှင်ယာ့ကောအရှေ့မှာ ကြွားဝါရဲခဲ့တယ်ဆိုပဲ”

ထိုစကားများပြီးဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်း မှင်သက်သွားပြီးနောက် ရယ်မောသံများ ထွက်ပေါ်လာသည်။

“မောက်မာလှချည်လား”

“အတိအကျပြောရရင် ဒီလိုမှတ်ချက်မျိုးဆိုတာ ကမ္ဘာကြီးအကြောင်း ဘာမှမသိတဲ့ တောသားတစ်ယောက်ဆီက လာတာပဲဖြစ်မယ်”

“သူတော်စင်လီကျွင်းရဲ့ ချစ်တပည့် အရှင်ယာ့ကောအရှေ့မှာ ဒီလိုပြောရဲတာ သေကြောင်းကြံစည်နေတာနဲ့ မတူဘူးလား”

“အဲဒါပြီးတော့ ဘာဖြစ်သွားလဲ” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“အိမ်ရှေ့မင်းသမီး ရောက်လာတာကြောင့်မဟုတ်ရင် အရှင်ယာ့ကောက ဒီစစ်သည်ကို အဲဒီနေရာမှာ သင်ခန်းစာ ပေးပြီးလောက်ရောပေါ့” သပ်ရပ်စွာ ဝတ်ဆင်ထားသော အထက်တန်းလွှာ အမျိုးသားက ပြောလိုက်သည်။

လူအုပ်ကြီးက ခေါင်းညိတ်ပြပြီးနောက် တစ်စုံတစ်ယောက်က မထိန်းချုပ်နိုင်ဘဲ မြည်တမ်းလိုက်မိသည်။

“ကျုပ်မင်းသမီးလီနာက ပုံမှန်ဆိုရင် အရည်အချင်းရှိပေမယ့် တစ်ခါတစ်ရံလည်း တော်တော်လည်း နုံအလွန်းတယ်။ သေချာတာကတော့ ဒီမကောင်းစိတ်ရှိတဲ့လူဆီမှာ လှည့်စားခံရတာပဲဖြစ်ရမယ်”

“မှန်တယ်၊ အိမ်ရှေ့မင်းသမီးနဲ့ နှိုင်းယှဉ်ရင် ကျုပ်တို့မင်းသမီးလီနာက တော်တော်လေး လိုအပ်နေသေးတယ်”

လူတိုင်းက ၎င်းတို့​၏ အတွေးများကို ဝေမျှနေစဉ် ညနေခင်းပွံတက်ဂါဝန် ၀တ်ဆင်ထားသော မင်းသမီးလီနာသည် ဧည့်ခံပွဲအတွင်း ပေါ်လာသည်။ သူမ​၏ အသွင်အပြင်သည် ခန်းမအတွင်း ချက်ချင်းပင် လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။ လူငယ်များအားလုံး စိတ်လှုပ်ရှားမှုအရိပ်အမြွက်များပြသလာကာ ထုံးစံအတိုင်း လက်ဖမိုးကို နမ်းရှိုက်နှုတ်ဆက်မှုမျိုး ပြုလုပ်ရန် ချဉ်းကပ်လာကြသည်။

သို့သော် ယနေ့တွင် လီနာသည် ဤနှုတ်ဆက်မှုဓလေ့ကို ငြင်းဆိုပြီးနောက် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ ဘေးဘက်သို့ အနည်းငယ် လှည့်ကြည့်နေသည်။ အထက်တန်းလွှာပုဂ္ဂိုလ်တို့သည်လည်း သူမအနောက်သို့ ငေးကြည့်နေကြသည်။ မကြာမီတွင် အလွန်ထူးခြားသော အဝတ်အစားများ ဝတ်ဆင်ထားကာ အနက်ရောင်မျက်လုံးများ အနက်ရောင်ဆံပင်များရှိသည့် ထူးကဲသောကိုယ်ရည်ကိုယ်သွေးနှင့် လူငယ်တစ်ဦးသည် လိုက်ကာများကြားမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။

ဤလူငယ်၏ အသွင်အပြင်သည် တက်ရောက်လာသူများကြားတွင် တခဏတာ တုန်လှုပ်မှုများ ဖြစ်ပွားစေသည်။ ဤမြို့တော်၌ ဤညစာစားပွဲသို့ လူပေါင်း နှစ်ရာမှ သုံးရာခန့်သာ လာရောက်နိုင်သောကြောင့် ၎င်းတို့အားလုံး အချင်းချင်း ရင်းနှီးကြသည်။ သို့သော် ဤလူငယ်၏မျက်နှာသည် အနည်းငယ်မျှ ရင်းနှီးမှုမရှိပေ။ ထိုအချိန်တွင် လျင်မြန်စွာ တုံ့ပြန်လာသူများသည် မှင်သက်သွားပြီးနောက် ရွှယ်အန်း​၏ အထောက်အထားကို စတင်ခန့်မှန်းလာကာ ၎င်းတို့ကြားတွင် တိတ်တဆိတ် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။

“ဒါက မင်းသမီးလီနာ အပြင်ကနေ ခေါ်လာတယ်ဆိုတဲ့ အင်အားကြီးဆာမူရိုင်းပဲဖြစ်ရမယ်”

“ဟုတ်တယ် သူပဲဖြစ်ရမယ်”

“ကျွတ်၊ သူက အတော်လေး ကြည့်ကောင်းပေမယ့် သူ့အရောင်အဝါနဲ့ ကိုယ်လုံးကိုယ်ပေါက်အရ တကယ်အင်အားကြီးတဲ့ ဆာမူရိုင်းတစ်ယောက် မဖြစ်နိုင်ဘူးနော်" တစ်စုံတစ်ယောက်က ခေါင်းယမ်း၍ အထင်အမြင်သေးစွာ ဆိုလိုက်သည်။

“ဟားဟား၊ ခင်ဗျား သတိမထားမိသေးဘူးလား။ ကျုပ်တို့ မင်းသမီးလေးလီနာက အခုမှအရွယ်ရောက်တာဆိုတော့ မိန်းကလေးငယ်တစ်ယောက်ရဲ့ နှလုံးသားက အချစ်ကိုတောင်းတခါစလေ၊ ဒီလူငယ်က တည်လည်းချောမောတာကို။ ဒီတော့ အပြင်မှာတွေ့လာတဲ့ ချစ်သူလေးတစ်ယောက်ဖြစ်မှာပေါ့” တစ်စုံတစ်ယောက်က လိမ္မာပါးနပ်သော အမူအရာဖြင့် ပြောလိုက်သည်။

အချိန်တိုအတွင်းမှာပင် နေရာတစ်ခုလုံး၌ အမျိုးမျိုးသော ထင်ကြေးပေးမှုများနှင့် အတင်းအဖျင်းစကားများဖြင့် ဆူပွက်နေခဲ့သည်။ သို့သော် ရွှယ်အန်းသည် အမှန်တကယ် သန်မာသော ဆာမူရိုင်းတစ်ဦးဖြစ်နိုင်သည်ဟု မည်သူမျှ မထင်မှတ်ကြပေ။

လီနာသည် အနည်းငယ် အားတုံ့အားနာစွာဖြင့် ရွှယ်အန်းကို တီးတိုးပြောလိုက်သည်။

“လူကြီးမင်းရွှယ် ဒီလူတွေအတွက် ကျွန်မ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့”

ရွှယ်အန်းက ထူးမခြားနားစွာ ပြုံးလိုက်သည်။ မှန်သည်၊ သူသည် ဤလူများ​၏စကားများကို အလေးအနက်ထားနေမည် မဟုတ်ပေ။ သူ​၏အမြင်တွင် ဤအထက်တန်းလွှာ ပုဂ္ဂိုလ်များဟူသည် ဟာသတစ်ခုသာဖြစ်သည်။ ၎င်းတို့သည် အခြားသူများအပေါ် အုပ်စိုး၍ ၎င်းတို့၏အခွင့်ထူးများကို ခံစားကာ ၎င်းတို့၏ အာဏာနှင့် ရာထူးများကို အသုံးပြုနေသူများသာဖြစ်ကြသည်။ ဤလူများတင်မကဘဲ၊ ကြယ်ရောင်ကောင်းကင်တွင် နှစ်ထောင်ပေါင်းများစွာကြာ တည်ရှိခဲ့သည့် ရှေးဟောင်း အထက်တန်းလွှာမိသားစုများ သို့မဟုတ် ရှေးဟောင်း သွေးမျိုးဆက်ပါရှိသည့် အထက်တန်းလွှာမိသားစုများကိုပင် ရွှယ်အန်း အလေးအနက်မထားခဲ့ပေ။ သူ့အမြင်အရ၊ အဓိပ္ပါယ်မဲ့သည့် အထက်တန်းလွှာဟူသည့် သူ့ထံမှ လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် လီနာနှင့် ရွှယ်အန်းအကြား ဤ “သီးသန့်စကားပြောဆိုမှု” သည် ဤအထက်တန်းလွှာအုပ်စု၏ ပျင်းရိဖွယ်ထင်ကြေးများကို ထပ်မံအတည်ပြုလိုက်သည်။ လူအများအပြားသည် ရွှယ်အန်းကို လက်ညိုးထိုး၍ တီးတိုးပြောလာကြသည်။ လီနာအပေါ် ကာလကြာရှည်စွာ ခံစားချက်ရှိခဲ့ကြသော အထက်တန်းလွှာမိသားစု​ရှိ သခင်လေးများ​၏ အမူအရာများ အကျည်းတန်သွားကြသည်။

ဤကြီးကျယ်သော သခင်လေးများအတွက် မင်းသမီးလီနာသည် တော်ဝင်နှင်းဆီတစ်ပွင့်ဖြစ်သည်။ သို့သော် ပန်းလေးသည် လျှို့ဝှက်ဆန်းကြယ်သူစိမ်းတစ်ဦး​၏ လှည့်စားမှုအောက်တွင် နစ်မြုပ်နေရန်မဟုတ်ဘဲ ၎င်းတို့အတွက်သာဖြစ်လေသည်။ ထို့ကြောင့် ခဏအကြာတွင် ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည် အရှေ့သို့တိုးလာ၍ လီနာကို ကြော့ရှင်းစွာ ဦးညွှတ်ပြီးနောက် ၎င်းတို့၏ ထူးခြားသော အထက်တန်းလွှာ လေယူလေသိမ်းဖြင့် စကားပြောလိုက်သည်။

“ပထမဆုံးအနေနဲ့ အရွယ်ရောက်လာတာကို ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ဒီလူက မင်းသမီးကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်တာဆိုတဲ့အကြောင်းကိုတော့ ကျွန်တော်ပြောရလိမ့်မယ်။ သူ့ဆီမှာ အလှည့်စားမခံပါနဲ့ မင်းသမီး"

ရွှေရောင်ဆံပင်နှင့် လူငယ်ကိုမြင်ရသောအခါ လီနာ၏အမူအရာသည် အနည်းငယ် နက်မှောင်သွားသည်။

“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မူးမတ်ဘစ်စ်။ ဒါပေမယ့် လူကြီးမင်းရွှယ်က ကျွန်မရဲ့ ဂုဏ်အသရေရှိမိတ်ဆွေပါ၊ သူ့ကို ဒီလိုအရှက်ရအောင်လုပ်တဲ့အပြုအမူကို ကျွန်မ ခွင့်မပြုနိုင်ဘူး"

“ဒါပေမယ့် ကျွန်တော်က အရှင်မင်းသမီးရဲ့ ကောင်းကျိုးအတွက် လုပ်နေတာ...”

“မလိုပါဘူး”

မူးမတ်ဘစ်စ်သည် အလွန်ဆွံ့အသွားပြီးနောက် မျက်ခွံများ ရူးသွပ်စွာ လှုပ်ယမ်းနေသည်။

သူ​၏စိတ်ထဲတွင် နူးညံ့သိမ်မွေ့သော မင်းသမီးလီနာ​၏ပြောင်းလဲမှုသည် ရွှယ်အန်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော အရှက်တရားနှင့် ဒေါသစိတ်အောက်တွင် သူ​၏ ဘယ်ဘက်လက်အိတ်ကို ပြင်းထန်စွာ ဆုတ်ဖြဲ၍ ရွှယ်အန်းအရှေ့သို့ ပစ်ပေါက်လိုက်သည်။

“ကျုပ် ခင်ဗျားကို စိန်ခေါ်တယ်”

ဤဖြစ်စဉ်သည် တက်ရောက်သူတိုင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားစေသည်။ လက်အိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြောင်း လူအများ မြင်လိုက်ရသောအခါ ၎င်းတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။ အကြောင်းမူကား၊ ကျဲ့တိုင်းပြည်၌ လက်ဝဲလက်အိတ်ကို အခြားလူအရှေ့သို့ ပစ်ချလိုက်ခြင်းသည် ကြီးလေးသော စော်ကားမှုဟု မှတ်ယူကြ၏။ ပြီးသည်နှင့်၊ မရဏတိုက်ပွဲမျိုး စတင်မည်ဟု ဆိုလိုသည်။

All Chapters