ခင်ဗျား ဘယ်လိုပဲဆုံးဖြတ်ပါစေ ကျုပ်က အဆင်ပြေတယ်
Vol. 58 Ch. 859
တစ်ချိန်တည်းမှာပင် လူအများအပြားသည် ၎င်းတို့အချင်းချင်း တီးတိုးပြောလာကြသည်။
“မူးမတ်ဘစ်စ်က တော်တော်လေး ယုံကြည်မှုရှိပုံပဲ”
“ဒါပေါ့၊ ခင်ဗျား မကြားမိဘူးလား။ မူးမတ်ဘစ်စ်က မကြာသေးခင်ကမှ အရှင်ယာ့ကောရဲ့ တပည့်ဖြစ်လာတာ၊ သူ့ရဲ့ဓားပညာရော သိုင်းပညာရော သိသိသာသာ တိုးတက်လာတယ်လို့ ဆိုကြတယ်”
“ဒီလူငယ်တော့ ကံဆိုးတာပဲ၊ စိန်ခေါ်မှုကို သူ လက်ခံဝံ့သလား ကြည့်ကြတာပေါ့”
“ဟားဟား၊ သူ မတိုက်ဝံ့ရင် ဒီဧည့်ခံပွဲမှာ ဆက်နေဖို့ ထိုက်တန်မှာ မဟုတ်တော့ဘူး”
ရွှယ်အန်းသည် လူအုပ်ကြီး၏ စကားသံများကြာတွင် ဆန့်ကျင်ဘက် ထိုလူငယ်ကို လေ့လာပြီးနောက် ရယ်မောလိုက်သည်။
“ခင်ဗျားက... ကျုပ်ကို စိန်ခေါ်ချင်တာလား”
“ဟုတ်တယ်၊ မရဏတိုက်ပွဲမျိုး” ဘစ်စ်သည် ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်သည်။ ဤတုံ့ပြန်မှုကြောင့် ရွှယ်အန်း ကြောက်ရွံ့နေသည်ဟု လူအများကို နားလည်မှုလွဲစေခဲ့သည်။
အခြားတစ်ဖက်တွင် ဘစ်စ်သည် ဘဝင်ခိုက်၍ ကျေနပ်မှုအသွင်အပြင်မျိုး ဆင်မြန်း၍ ဘာသိဘာသာ ပြောလိုက်သည်။
“ဒါပေါ့ ခင်ဗျား ကြောက်တယ်ဆိုရင်လည်း အခုရှုံးနိမ့်ကြောင်း ဝန်ခံလို့ရပါတယ်။ ဒါပေမယ့် အရင်ဆုံး မင်းသမီးလီနာ အနားကနေ ထွက်သွားပြီး ကျဲ့တိုင်းပြည်ကနေလည်း ထွက်သွားရမယ်"
“မဟုတ်ဘူး မဟုတ်ဘူး၊ ခင်ဗျား မှားနေပြီထင်တယ်” ရွှယ်အန်း၏ အသံသည် ရယ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
“ကျုပ် ရုတ်တရက်ကြီး ရယ်ချင်သလို ခံစားရရုံပါ၊ ဒါပါပဲ”
“ခင်ဗျားက ကျုပ်ကို စိန်ခေါ်ချင်နေမှတော့ ကျုပ်ကလည်း ဝင်ကစားပေးရတာပေါ့"
ဘစ်စ်၏ မျက်လုံးများ ပို၍အေးစက်လာသည်။
“ခင်ဗျားက ဒီလိုလုပ်ချင်နေမှတော့ ကောင်းပြီလေ။ နောက်တော့မှ ထိခိုက်ဒဏ်ရာရတာတို့ သေရတာတို့ ဖြစ်လာရင် သနားညှာတာမှု ကင်းမဲ့လို့ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့”
ရွှယ်အန်း၏အပြုံးများ ပို၍ ကောက်ကျစ်လာသော်လည်း သူသည် ခေါင်းညိတ်ပြလိုက်ဆဲဖြစ်သည်။
“ဟုတ်ပါတယ်၊ ကျုပ် ရှုံးရင် ခင်ဗျားဘက်မှ ဘာမှပြောစရာ မလိုဘူး၊ ကျုပ်ဘာသာ အရင်ဆုံး လည်ပင်းညှစ်ပစ်မယ်။ ဘယ်လိုလဲ”
ခန်းမတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေ၍ လီနာသည်လည်း အနည်းငယ် ဂနာမငြိမ်ဖြစ်လာသည်။
“လူကြီးမင်းရွှယ်”
“စိတ်မပူနဲ့၊ ကျုပ် ဘာလုပ်နေလဲဆိုတာ ကျုပ် သိတယ်” ရွှယ်အန်းက လက်ကို ဝှေ့ယမ်း၍ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
ထိုအချိန်တွင် ဘစ်စ်သည် အေးစက်စွာ သရော်လိုက်သည်။
“လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေပြန်ပြီ။ အရှုံးကို စိတ်နှလုံးအကြွင်းမဲ့လက်ခံဖို့၊ ဒီတစ်ကြိမ် ကျုပ် ခင်ဗျားကို ရွေးချယ်ခွင့်ပေးလိုက်မယ်။ ကျုပ်ကို ယှဉ်ပြိုင်မှာ ဓားပညာနဲ့လား သိုင်းပညာနဲ့ လား”
ရွှယ်အန်းသည် မျက်လုံးများကွေးညွတ်သည်အထိ ပြုံးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်”
“ဘာ၊ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ကျုပ် ခင်ဗျားကို ပြောနေတယ်နော် ဒါက ရှုံးရင် အသက်နဲ့ပေးဆပ်ရမယ့် တိုက်ပွဲမျိုး၊ ဒါကြောင့် အလေးအနက်ထားပြုမူဖို့ ကျုပ် မျှော်လင့်တယ်။ ခင်ဗျား နားလည်ရဲ့လား” ဘစ်စ်သည် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ပြင်းပြင်းထန်ထန် ဟိန်းဟောက်လာသည်။
ဤတစ်ကြိမ်တွင် ရွှယ်အန်းသည် အံသွားများပေါ်သည်အထိ ရယ်မောလိုက်သည်။
“ကျုပ် အစကတည်းက လေးလေးနက်နက် ပြောနေတာပါ။ ကျုပ် ဘာနဲ့ပဲဖြစ်ဖြစ် တကယ် အဆင်ပြေတယ်။ ခင်ဗျား ကြိုက်တာရွေးပါ၊ ပိုသက်တောင့်သက်သာရှိမယ့် လှုပ်ရှားမှုမျိုး သုံးပေါ့။ ဒါမှမဟုတ်ရင်လည်း လက်သီးရော ဓားသိုင်းပညာရော နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း သုံးနိုင်ပါတယ်”
ဤစကားလုံးများသည် မှူးမတ်ဘစ်စ်ကို လုံးလုံးလျားလျား ဒေါသထွက်သွားစေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အခြားသော ငယ်ရွယ်သည့် မှူးမတ်အများစုကဲ့သို့ မဟုတ်ခဲ့ပေ။ သူသည် စစ်တပ်အသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်၍ စစ်မြေပြင်တွင် အမှန်တကယ် တိုက်ပွဲဝင်ခဲ့သူဖြစ်သည့်အပြင် နောက်ပိုင်းတွင် ယာ့ကော၏ တပည့်ဖြစ်လာသောအခါ သူ၏ ဓားပညာနှင့် သိုင်းပညာကို အလွန်လုံ့လစိုက်ထုတ်ခဲ့သည်။
ယခုအခါ မြို့တော်၏ မှူးမတ်ငယ်များကြားတွင် သူ၏ ခွန်အားသည် ပထမဟု မပြောနိုင်သော်လည်း ထူးချွန်နေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ရွှယ်အန်းကို စိန်ခေါ်ရာတွင် အလွန်ယုံကြည်မှုရှိခဲ့သည်။ သို့သော် ရွှယ်အန်းသည် ကနဦးမှ နိဂုံးအထိ သူ့ကို အလေးအနက်မထားဘဲ ရယ်ပြုံးနေမည်ဟု သူ မမျှော်လင့်ထားပေ။
ဤဖြစ်စဉ်သည် သူ့ကို ဒေါသများဖြင့် ပြည့်နှက်စေသည်။
“ခင်ဗျား ကိုယ်တိုင်ကိုက သေကြောင်းကြံစည်နေမှတော့ တခြားလူကို အပြစ်မတင်နဲ့ပေါ့” ဘစ်စ်သည် အံကြိတ်၍ ထိုသို့ပြောပြီးနောက် သူ၏ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
တိုက်ပွဲများအတွင်း နှစ်ပေါင်းများစွာကြာ သူ့ကို အဖော်ပြုခဲ့သော ဓားသွားသည် ဓားအိမ်မှ ထွက်လာသည်နှင့် ခန်းမတစ်ခုလုံးကို ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များဖြင့် ချက်ချင်း ဖုံးလွှမ်းလာသည်။ အထက်တန်းလွှာ အမျိုးသမီးများသည် ပြင်းထန်စွာ အော်ဟစ်လိုက်ကြသည်။ တချို့သည် မူးမေ့လဲလုနီးပါးပင် ပြုမူလာကြသည်။
အထက်တန်းလွှာ လူငယ်များသည် ၎င်းတို့အချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားကြသော်လည်း ယခုအချိန်တွင် စည်းလုံးညီညွတ်စွာဖြင့် ဘစ်စ်ကို အားပေးနေကြသည်။ ရွှယ်အန်းသည် ၎င်းတို့ အသိုင်းအဝိုင်းမှ ဆင်းသက်လာသူ မဟုတ်သည့်အတွက် ဤအထက်တန်းလွှာ အမျိုးသားများနှင့် အမျိုးသမီးငယ်များကို တူညီသောရန်ငြိုးဖွဲ့မှုမျိုး ခံစားနေကြသည်။
ထို့ကြောင့် ခန်းမသည် အော်ဟစ်အားပေးသံများဖြင့် ပဲ့တင်ထပ်နေသည်။
“မူးမတ်ဘစ်စ်က အရမ်းခန့်ညားတာပဲ”
“ဒီမောက်မာတဲ့ကောင်လေးကို မသေခင်မှာ ပညာပေးလိုက်ပါ မူးမတ်။ ဒါမှ ကျုပ်တို့ရဲ့အင်အားကို သူ သိသွားမှာ”
ဤအားပေးမှုများသည် မူးမတ်ဘစ်စ်ကို ဂုဏ်ယူဝမ်းမြောက်မှုများဖြင့် ပြည့်နှက်စေသည်။ ပြီးနောက် သူသည် သူ၏ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ရွှယ်အန်းကို မောက်မာစွာ မေ့ငေါ့၍ ပြောလိုက်သည်။
“ကောင်လေး၊ ဓားကိုဆွဲထုတ်လိုက်”
ရွှယ်အန်းက ပြုံး၍ ခေါင်းခါလိုက်သည်။
“မလိုပါဘူး။ ခင်ဗျားကို ဖြေရှင်းဖို့အတွက် ကျုပ်ဓားကို ဆွဲထုတ်ရမယ်ဆိုရင် ကျုပ် ကိုယ့်လည်ချောင်းကိုယ် လှီးဖြတ်လိုက်တာပိုကောင်းလိမ့်မယ်”
ထိုစကားများကို ကြားသောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤစကားများသည် ရိုးရှင်းသော ရှုတ်ချမှု စော်ကားမှုများမျှသာ မဟုတ်ဘဲ လုံးလုံးလျားလျား ဂရုမစိုက်ခြင်းဖြစ်သည်။ မူးမတ်ဘစ်စ်သည် အလွန်ဒေါသထွက်လာသောကြောင့် သူ၏နဖူးတွင် သွေးပြန်ကြောများပင် ထိုးထောင်လာသည်။
သို့သော် ရွှယ်အန်း၏ နောက်စကားများသည် သူ့ကို ရူးသွပ်သွားစေသည်။ ရွှယ်အန်းသည် သူ့လက်များကို နောက်ကျောဘက်တွင် ထား၍ ဘာသိဘာသာ ပြောလိုက်သည်။
“ကျုပ် ဓားကို ဆွဲမထုတ်ရုံတင်မကဘူး၊ ကျုပ် လက်နှစ်ဖက်လုံးကိုတောင် သုံးမှာမဟုတ်ဘူး။ ဒါ့အပြင်၊ ဓားချက်တစ်ချက်တည်းနဲ့ ကျုပ်ကို နည်းနည်းပဲ လှုပ်ရှားအောင်လုပ်နိုင်ရင် ကျုပ် ရှုံးတယ်လို့ သတ်မှတ်မယ်။ ဘယ်လိုလဲ”
လီနာလျှင်ပင် မထိန်းချုပ်နိုင်ဘဲ ဝင်ပြောလာသည်။
“လူကြီးမင်းရွှယ်၊ ရှင်...”
သူမသည် သာမန်အထက်တန်းလွှာများနှင့် မတူညီသော မူးမတ်ဘစ်စ်ကို လျှော့မတွက်ရန် ပြောချင်ခဲ့သည်။ သို့သော် အလွန်နောက်ကျသွားလေသည်။ မူးမတ်ဘစ်စ်သည် ထိုအချိန်တွင် ရုတ်တရက် တည်ငြိမ်သွားပြီးနောက် လှောင်ရယ်လိုက်သည်။
“ကောင်းပြီ။ ဒီနေ့တော့ သေခြင်းတရားက ဘာလဲဆိုတာ ခင်ဗျားကို မြည်းစမ်းခွင့် ပေးလိုက်မယ်”
ဤသို့ဖြင့် မူးမတ်ဘစ်စ်သည် သူ၏ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်၍ ခြေကွက်များ ပြောင်းလဲပြီးနောက် ရွှယ်အန်းထံ ဒေါသတကြီး ချီတက်ကာ ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ဓားသည် လေထုကို အလွန်ပြင်းထန်စွာ ဖြတ်တောက်သွားသဖြင့် ပတ်ဝန်းကျင်ရှိ အထက်တန်းလွှာများကိုပင် ဖျော့တော့သွားစေသည်။ သို့သော် ရွှယ်အန်းသည် ဓားသွား ရောက်ရှိလာခြင်းကို မမြင်သည့်ဟန်ဖြင့် ထိုနေရာတွင် မျက်တောင်မခတ်ဘဲ တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။
မူးမတ်ဘစ်စ်သည် ရွှယ်အန်းသည် အလွန်ကြောက်လန့်နေသော တောင့်တင်းစွာ ရပ်နေနေခြင်းဖြစ်သည်ဟု ဝမ်းသာအားရစွာ တွေးလိုက်သည်။ ကနဦးအခိုက်အတန့်တွင် ရွှယ်အန်းသည် အလွန်ဟိတ်ဟန်ကြီးပုံပေါ်သော်လည်း ယခုအခါ တိုက်ခိုက်မှုတစ်ခုကိုပင် ရှောင်တိမ်းနိုင်ခြင်းမရှိပေ။ ရွှယ်အန်းသည် အမှန်တကယ် အဆုံးသတ်တော့မည်ဟု ထင်မှတ်နေသောကြောင့် လူများစွာက တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
သို့သော် ဓားချက်သည် သူ့နဖူးနားသို့ ရောက်ရှိရန်တစ်လက်မအလိုတွင် ရွှယ်အန်းက ရုတ်တရက် ငြီးငွေ့စွာ သမ်းဝေလိုက်သည်။
“ခင်ဗျား သိလား၊ အဲလောက်နှေးကွေးတဲ့ဓားချက်မျိုး တစ်ခါမှမမြင်ဖူးဘူး၊ နှေးကွေးလွန်းလို့ အိပ်တောင်အိပ်ချင်လာပြီ”
ရွှယ်အန်း၏ သမ်းဝေမှုနောက်တွင် မူးမတ်ဘစ်စ်၏ဓားချက်သည် တိတ်တဆိတ် ပြိုကျကာ ဖုန်မှုန့်အဖြစ် ပြန့်ကျဲသွားခဲ့သည်။
“ဘာလဲဟ”
စောင့်ကြည့်နေသော အထက်တန်းလွှာ အမျိုးကောင်းသားများအားလုံး အံ့အားသင့်သွားကြသည်။ မူးမတ်ဘစ်စ်သည် ဓားရိုးသာ ကျန်ရစ်ခဲ့သော သူ၏ ဓားသွားကို စိတ်ရှုပ်ထွေးစွာ ငုံ့ကြည့်လျက် လုံးလုံးလျားလျား တုန်လှုပ်သွားသည်။
“ဘာလဲ... ဘာတွေဖြစ်နေတာလဲ။ ခင်ဗျား ဘယ်လိုမှော်ပညာကို သုံးလိုက်တာလဲ” မူးမတ်ဘစ်စ်က တုန်လှုပ်ချောက်ချားသော လေသံဖြင့် အော်ဟစ်လိုက်သည်။
ရွှယ်အန်းသည် အနည်းငယ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“အမှန်တိုင်းပြောရရင် ကျုပ်လည်း သေချာတော့ မသိဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ဓားက အားနည်းလွန်းလို့ ကျုပ်သမ်းလိုက်တော့ ပျက်စီးသွားတာဖြစ်မှာပေါ့"
“ခင်ဗျား လိမ်နေတာ ကျုပ် လုံးဝမယုံဘူး” မူးမတ်ဘစ်စ်သည် ကျန်ရစ်သော ဓားရိုးများကို ပစ်ချပြီးနောက် ရွှယ်အန်းကို လက်သီးဖြင့် ထိုးနှက်လျက် ဒေါသူပုန်ထကာ ဟိန်းဟောက်လိုက်သည်။
မူးမတ်ဘစ်စ်လက်သီးချက်သည် သူ၏ဓားကျွမ်းကျင်မှုထက် အနည်းငယ် သန်မာသည်ဟု ဆိုရမည်ဖြစ်သည်။ အနည်းဆုံးလျှင် သူသည် လက်သီးသိုင်းပညာတွင် ကျွမ်းကျင်ပုံရသည်။
သို့သော် ရွှယ်အန်းအရှေ့တွင် သန်မာမှုများနှင့် အားနည်းမှုများ၏ ခြားနားမှုသည် အဓိပ္ပါယ်မဲ့နေသည်။
“ကောင်းပြီ၊ လူတွေ ရောက်လာကြပြီဆိုတော့ ကျုပ် ခင်ဗျားနဲ့ မကစားတော့ပါဘူး” ရွှယ်အန်းသည် အနည်းငယ် မျက်လွှာချ၍ ပြောလိုက်သည်။
ထိုစကားဖြင့် ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေသည့် မူးမတ်ဘစ်စ်သည် ဧရာမသတ္တဝါတစ်ကောင်နှင့် ထိပ်တိုက် ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ထိုအခါ လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျကာ သတိလစ်သွားလေသည်။