← Chapters

စကားပြောနေတာ လုံလောက်ပြီ၊ သတ်စရာရှိတာ သတ်

Vol. 58 Ch. 861

စကားပြောနေတာ လုံလောက်ပြီ၊ သတ်စရာရှိတာ သတ်

Vol. 58 Ch. 861

“မသန့်စင်ဘူးလား...” ကျဲ့တိုင်းပြည်ဘုရင်က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

သွေးတမန်တော်က ခေါင်းညိတ်ပြပြီးနောက် စက်ဆုပ်ရွံရှာနေသည့် အရိပ်အမြွက်ဖြင့် ပြောလိုက်သည်။

“ကျုပ် အမုန်းဆုံးအရာက ဒီလိုညစ်ညမ်းတဲ့အနံ့မျိုးပဲ”

“ဒါပေမယ့်...” ကျဲ့တိုင်းပြည်ရဲ့ဘုရင်က တစ်စုံတစ်ခုပြောချင်နေဟန်ရှိသည်။

သွေးတမန်တော်က ခေါင်းခါလိုက်သည်။

"ဆက်မပြောနဲ့တော့”

ပြီးနောက် သူသည် မလှမ်းမကမ်းတွင်ရှိနေသည့် လိုယာကို ညွှန်ပြ၍ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကို ထောက်ခံထားတဲ့ အမျိုးသမီးက အပြစ်မကင်းစင်တော့ဘူး။ သူ ဒီနေ့တောင် မနှစ်မြို့ဖွယ် လုပ်ရပ်မျိုး ပြုမူခဲ့သေးတယ်။ ကျုပ် ဒီလိုကုန်ပစ္စည်းများကို လက်မခံနိုင်ဘူး”

ဤစကားများကြောင့် တော်ဝင်မင်းသမီး၏မျက်နှာ အရောင်သည် လျင်မြန်သော အရှိန်အဟုန်ဖြင့် သိသိသာသာ ဖြူဖျော့လာသည်။ သူမသည် ထိုကဲ့သို့ ဇီဇာကြောင်သော သွေးတမန်တော်တစ်ဦးနှင့် တွေ့ဆုံရန် မမျှော်လင့်ထားပေ။ အစဉ်အလာအရ ဒဏ္ဍာရီများအရ သွေးတမန်တော်များသည် ဤသို့သော ကိစ္စများကို မည်သောအခါမျှ ဂရုမစိုက်ခဲ့ပေ။ ထို့အပြင် ကျဲ့တိုင်းပြည်​၏ ဓလေ့ထုံးတမ်းများသည် အလွန်လွတ်လပ်သည်၊ အထူးသဖြင့် စိတ်လှုပ်ရှားမှုများ ရှာဖွေတတ်သော အထက်တန်းလွှာ အမျိုးသမီးငယ်များသည် ပို၍ပင် လွတ်လပ်ကြသည်။ ဤအခြေအနေများအောက်တွင် လိုယာ​၏ အပြုအမူသည်လည်း သာမန်ကျပေသည်။ သို့သော် ဤသည်မှာ သူမ ငြင်းပယ်ခံရသည့် အကြောင်းရင်းဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမသည် အဆုံးမဲ့နောင်တများနှင့် နာကျင်မှုများနှင့် ပြည့်နှက်နေစဉ် သွေးတမန်တော်က အဝေးတွင် ရပ်နေသည့် လီနာကို လက်ညှိုးထိုးပြလာသည်။

“ဒါပေမယ့် ဒီအမျိုးသမီးက အပြစ်အနာအဆာကင်းရုံသာမကဘဲ ထူးခြားတဲ့ ဝိညာဉ်ရေးဆိုင်ရာ နှီးနွှယ်မှုလည်းရှိတယ်။ ဒီတစ်ခါ သူ့ကို ရွေးလိုက်မယ်”

ဤစကားကြောင့် လူအများ​၏ မျက်လုံးများ လီနာဘက်သို့ ရောက်ရှိသွားကြသည်။ အထက်တန်းလွှာအမျိုးသမီးများ၏ မျက်လုံးများ မနာလိုမှုများဖြင့် စိမ်းဖန့်သွားလေသည်။ ပြီးနောက် လိုယာသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ သူ​၏ညီမဖြစ်သူ လီနာကို စိုက်ကြည့်လိုက်သည်။ သူမသည် မနာလိုစိတ်ဖြင့် ရူးသွပ်လုနီးပါးဖြစ်နေသည်။ ငယ်စဉ်ကလေးဘဝကတည်းက သူမ အမြဲသာလွန်နိုင်ခဲ့သော ညီမဖြစ်သူကို လေးစားထိုက်သော သွေးတမန်တော်က တန်ဖိုးထားနေခြင်းကို လုံးလုံးလျားလျား လက်မခံနိုင်ဖြစ်နေသည်။

သူမသည် မနာလိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်ခဲ့သည် အဘယ်ကြောင့်ဆိုသော် စကားပြောနေသူသည် လေးစားထိုက်သော သွေးတမန်တော်ဖြစ်နေသောကြောင့်ဖြစ်​၏။ သူမသည် မည်မျှမကျေမနပ်ဖြစ်နေပါစေ၊ ထိုမကျေနပ်မှုများကို စိတ်ထဲ၌သာ သိမ်းဆည်းထားခဲ့ရသည်။ သို့သော် သွေးတမန်တော်က သူ၏သမီးငယ်ကို ရွေးချယ်လိုက်ကြောင်း တွေ့လိုက်ရသဖြင့် ကျဲ့တိုင်းပြည်၏ဘုရင်က သက်ပြင်းချလိုက်သည်။ ရွေးချယ်ခံရသူသည် သူ​၏ ကျဲ့တော်ဝင်မိသားစုမှ ဆင်းသက်လာသူဖြစ်သရွေ့ မည်သည့်ပြဿနာမျှ မရှိနိုင်ပေ။

ထို့ကြောင့် သူသည် လီနာကို ပြုံး၍ ပြောလိုက်သည်။

“လီနာ၊ သွေးတမန်တော်ကို ကျေးဇူးတင်ကြောင်း မြန်မြန်ပြောလိုက်မယ်”

လီနာသည် လူအများ​၏ အကြည့်အောက်တွင် စိတ်လှုပ်ရှားမှုကြောင့် ဖျော့တော့သွားသည်။ သူမဖခင်​၏ စကားကို ကြားလိုက်ရသောအခါ ပို၍ တုန်လှုပ်သွားကာ အနည်းငယ် ဆွံ့အစွာ မော့ကြည့်လိုက်သည်။

“ဘာတွေ တုံ့ဆိုင်းနေတာလဲ၊ သွေးတမန်တော်ကို အမြန်ကျေးဇူးတင်လိုက်လေ” ကျဲ့တိုင်းပြည်ဘုရင်က ညင်သာစွာ ပြောလိုက်သည်။

ယခုအချိန်သည် သူ​၏သမီးငယ်ကို ကြင်နာရမည့်အချိန်ဖြစ်သည်၊ မည်သို့ဆိုသော် ကျဲ့တိုင်းပြည်၏အနာဂတ်သည် သူမအပေါ်တွင် မူတည်နေသောကြောင့်ဖြစ်သည်။ လီနာ​၏နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာ၍ သူမသည် ခက်ခက်ခဲခဲ ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်မ သွေးကျွန် မဖြစ်ချင်ဘူး၊ ခမည်းတော်”

ထိုစကားများကြောင့် အခန်းတစ်ခုလုံး တုန်လှုပ်သွားသည်။ ကျဲ့တိုင်းပြည်၏ဘုရင်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွား၍ လီနာကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

“မင်း ဘာတွေပြောနေတာလဲ”

“ခမည်းတော်၊ ကျွန်မ မှော်ပညာကို အခုမှစလေ့လာနေတာပါ၊ ဒါကြောင့် မှော်ပညာကိုပဲ ဆက်ပြီး နက်နက်နဲနဲ စူးစမ်းချင်တယ်” လီနာက ထစ်ငေါ့စွာ ပြောလိုက်သည်။

ထိုသို့ပြောသောအခါ သွေးတမန်တော်က ရယ်မောလိုက်သည်။ ကျဲ့တိုင်းပြည်၏ဘုရင်က ခက်ထန်စွာ ပြောလိုက်သည်။

“မိုက်မဲလိုက်တာ၊ မင်း လုံ့လစိုက်ထုတ်ပြီး လေ့လာနေတဲ့ မှော်ပညာတွေကို သွေးမျိုးနွယ်စုရဲ့ လေးစားရတဲ့အဖွဲ့ဝင်တွေက သင်ကြားပေးခဲ့တာ။ မင်း ဒီလိုဆက်လက်လေ့လာချင်တယ်ဆိုရင် ဒီလေးစားထိုက်သူတွေကို အစေခံအဖြစ် ခစားသင့်တာပေါ့”

လီနာ​၏ မျက်နှာသည် ရုန်းကန်မှုများ တုံ့ဆိုင်းမှုများနှင့် ပြည့်နှက်နေကာ လဲကျတော့မည့်ဟန်ဖြင့် ယိမ်းယိုင်သွားလေသည်။ သို့သော် ထိုအချိန်တွင် လက်တစ်ဖက်က လီနာ၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်၊ ပြီးနောက် ရယ်သံတချို့ ကြားလိုက်ရသည်။

“ရှိနေပြီးသား မှော်ပညာတွေကို ကိုယ်ပိုင်အရာလို့ ပြောရဲရလောက်အောင် တော်တော်သတ္တိရှိလှပါလား"

အခန်းတစ်ခုလုံး အံ့အားသင့်သွားသည်။ အကြည့်များ အသံလာရာသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လာသည်။ စကားပြောခဲ့သူသည် မားမတ်စွာ မတ်တက်ရပ်နေ၍ သူ​၏မျက်နှာသည် အပြုံးများဖြင့် ဆင်မြန်းထားသည်။ဤလူမှာ အမှန်တကယ်ပင် ရွှယ်အန်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျဲ့ဘုရင်​၏ အမူအရာ ရုတ်တရက် နက်မှောင်သွားသည်။

“မင်းက ဘယ်သူလဲ”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ “ခင်ဗျား သမီးရဲ့မိတ်ဆွေလို့ ယူဆလို့ရမယ်ထင်တာပဲ”

“မိတ်ဆွေတဲ့လား” ကျဲ့ဘုရင်​၏အမူအရာသည် အလွန်နက်မှောင်လာသည်။

“ဟုတ်တယ်၊ မိတ်ဆွေ”ရွှယ်အန်းက ထိုသို့ပြောပြီးနောက် လီနာကို မျက်လုံးမှိတ်ပြလိုက်သည်။ လီနာသည် အစပိုင်းတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်လည်း ရွှယ်အန်း၏ အပြုံးကိုမြင်၍ သူ့အသံကိုကြားသောအခါ တဖြည်းဖြည်း ငြိမ်သက်လာသည်။

“လီနာ၊ အခု ခမည်းတော်ရဲ့ စကားကိုတောင် နားမထောင်တော့ဘူးလား” ကျဲ့ဘုရင်က အေးစက်စွာ မေးမြန်းလိုက်သည်။

လီနာသည် တုန်လှုပ်၍ အနည်းငယ် ထစ်ငေါ့နေဆဲဖြစ်သည်။

“ကျွန်မ တကယ် သွေးကျွန် မဖြစ်ချင်တာပါ ခမည်းတော်။ ကျေးဇူးပြုပြီး..."

သူမသည် အများအားဖြင့် ချစ်ခင်ကြင်နာတတ်သော ဖခင်ကို တောင်းဆိုရန် ပြုမူခဲ့သော်လည်း ကျဲ့ဘုရင်သည် စိတ်မရှည်စွာဖြင့် သူမ​၏ စကားကို ဖြတ်ပြောလိုက်သည်။

“သူ့ကို ဖမ်းလိုက်စမ်း”

“ဟုတ်ကဲ့”

ယာ့ကောသည် ချက်ချင်းတုံ့ပြန်၍ အရှေ့သို့ ဦးစွာ ချီတက်လာသူဖြစ်သည်။ မူးမတ်ဘစ်စ်သည် ရွှယ်အန်းကြောင့် သတိလစ်သွားခြင်းကို ကြားသိပြီးကတည်းက သူ​၏ဒေါသစိတ်ကို ချုပ်နှောင်နေခြင်းဖြစ်သည်။ သူသည် အခွင့်အလမ်းကိုမြင်သောအခါ သဘာဝအတိုင်း ဦးစွာ တိုက်ခိုက်လိုက်သည်။ ထို့အပြင် သွေးမျိုးနွယ်စု၏ သံတမန်သည် မင်းသမီးလိုယာအစား မင်းသမီးလီနာကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤဖြစ်စဉ်သည် ယာ့ကောကို အနည်းငယ် မတင်မကျ ခံစားရစေသည်။ ထို့ကြောင့် ဤအခွင့်အရေးကိုမြင်သောအခါ အခြေအနေကို လှုံ့ဆော်ရန် မျှော်လင့်ချက်ဖြင့် စတင်လှုပ်ရှားလိုက်သည်။

“အရှင်မင်းသမီး၊ ဒါက ဘုရင်မင်းမြတ်ရဲ့ အမိန့်ပါ။ ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်မတင်ပါနဲ့” ယာ့ကောသည် အရှေ့သို့ လှမ်းလာစဉ် ရယ်မောလိုက်သည်။

ရွှယ်အန်းသည် လီနာကို သူ့အနောက်သို့ ပို့ပြီးနောက် အရှေ့သို့ လှမ်း၍ ယာ့ကောကို အနည်းငယ် ပြုံးပြလိုက်သည်။

“လီနာက ကျုပ်ရဲ့မိတ်ဆွေပဲ။ ပြီးတော့ သူ့မှာဆန္ဒမရှိမှတော့ ဘယ်သူမှ တွန်းအားမပေးသင့်ဘူး”

ယာ့ကောသည် ရွှယ်အန်းနှင့်ပတ်သက်၍ ယခင်ကတည်း မကျေမနပ်ဖြစ်နေသူဖြစ်သည်။ ထို့ကြောင့် ဤစကားများကို ကြားလိုက်ရသောအခါ သူ​၏မျက်နှာသည် သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေသည်။

“ကောင်လေး၊ ကျုပ် မင်းနဲ့ စာရင်းမရှင်းရသေးတာတောင် မင်းကိုယ်တိုင် သေကြောင်းကြံစည်ဖို့ စဉ်းစားနေရင် ဒါအတွက် ကျုပ်ကို အပြစ်မတင်နဲ့...”

သူ​၏စကားများ မပြီးဆုံးမီတွင် ရွှယ်အန်းက လက်ကို ဆန့်လိုက်၍ လက်ချောင်းများကို ပေါ့ဆစွာ တောက်ထုတ်လိုက်သည်။ ယာ့ကောသည် ပြင်းထန်သော အင်အားဖြင့် ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ခုခံရန်ပင် အခွင့်အရေးမရှိဘဲ လွင့်ထွက်သွားခဲ့ရာ၊ နောက်ဆုံးတွင် နံရံနှင့် ဝင်တိုက်မိချိန်၌ ရပ်တန့်သွားသည်။

“အဓိပ္ပါယ်မဲ့တာတွေ မပြောနဲ့တော့ ကျုပ် ဒါတွေကြားရတာ ငြီးငွေ့လာပြီ” ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျဲ့ဘုရင်နောက်တွင် မတ်တတ်ရပ်၍ အရာအားလုံးကို အေးစက်စွာ ကြည့်နေသော သိုင်းသူတော်စင်လီကျွင်းသည် သူ​၏တပည့်ဖြစ်သူ တိုက်ခိုက်ခံလိုက်ရကြောင်း မြင်လိုက်ရသောအခါ ဒေါသတကြီး သရော်တိုက်၍ ခန်းမအလည်သို့ ရောက်ရှိလာသည်။

“လူငယ်လေး၊ မင်းရဲ့ခွန်အားက ချီးကျူးစရာကောင်းပေမယ့် မင်းက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ ဒီနေ့ ကောင်းကင်ထက်မှာ နတ်ပြည်တွေရှိပြီး လူတွေအထက်မှာ ပိုပြီးသန်မာတဲ့လူတွေ အမြဲရှိတယ်ဆိုတဲ့အကြောင်း ကျုပ် မင်းကို ပြောပြမယ်” လီကျွင်းက ထိုသို့ဂုဏ်ယူစွာပြောပြီးနောက် ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။

နူးညံ့သိမ်မွေ့သော်လည်း ကြီးမားသော စွမ်းအင်လှိုင်းများ မြေပြင်ကို ဖြတ်သန်းသွားကာ ရွှယ်အန်းကို ဝင်တိုက်တော့မည့်ဟန်ဖြင့် ရောက်ရှိလာသည်။ ဤသည်မှာ လီကျွင်း၏ နာမည်ကြီး လှုပ်ရှားမှုဖြစ်သည်။ သို့သော် ဤပြိုင်ဘက်ကင်းသော လှုပ်ရှားမှုသည် ရွှယ်အန်းအပေါ် လုံးလုံးလျားလျား သက်ရောက်မှုမရှိခဲ့ပေ။ ရွှယ်အန်းသည် လှိုင်းထန်နေသော မြေပြင်ပေါ်တွင် ရပ်တန့်နေ၍ သူ့ခြေထောက်များသည် အမြစ်တွယ်နေသကဲ့သို့ တည်မြဲနေသည်။ ပြီးနောက် သူသည် မလှမ်းမကမ်းရှိ လီကျွင်းကို အနည်းငယ် ပြုံးပြလိုက်သည်။

“ကျုပ် ပြောဖူးတယ်လေ၊ ခင်ဗျားတို့သိုင်းသူတော်စင်တွေက ကျုပ် ဖိနပ်ကို သယ်ဖို့တောင် အရည်အချင်းမပြည့်မီဘူးလို့”

“မောက်မာတဲ့ ငမိုက်သား” လီကျွင်းသည် ဒေါသပုံထတော့မည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

ရွှယ်အန်းသည် ထိုအချိန်တွင် သူ​၏ခြေထောက်ကို ရုတ်တရက် ဆောင့်နင်းလိုက်သည်။

“ခင်ဗျားကို ပြန်ပေးလိုက်မယ်”

လီကျွင်းက အေးစက်စွာ သရော်တိုက်လိုက်သည်။ တူညီသော လှုပ်ရှားမှုဖြင့် သူ့ကို အနိုင်ယူနိုင်မည်ဟု ထင်မှတ်နေပါက၊ တုံးအလွန်းရာကျပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် သူ၏ခြေထောက်ခွန်အားကို နှစ်ပေါင်းတစ်ရာကျော် လေ့ကျင့်ခဲ့သည်။ သူ​၏ ခြေလှမ်းများသည် အလွန်တည်ငြိမ်နေသောကြောင့် မည်သူမျှ သူ့ကို မဖြိုလဲနိုင်ပေ။ လီကျွင်းက ထိုသို့ဘဝင်ခိုက်စွာ တွေးတောနေစဉ် သူ​၏ခြေထောက်အောက်တွင် ပြင်းထန်သော တွန်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် အနောက်သို့ လွင့်ထွက်ကာ သွေးများ အန်ထွက်လာသည်။

All Chapters